Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထောင်ထွက်ကြီးမိုက်…Ex-convict

http://www.news-eleven.com/….မှာဖတ်လိုက်ရတာ..

နိုင်ငံတော်သမ္မတက စတုတ္ထ အကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အဖြစ် နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁ရ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုMonday, 17 September 2012 17:21

ဒီသတင်းကိုဖတ်လိုက်ရတော့ တော်တော်ဝမ်းသာမိပါတယ်…စိတ်ထဲကလည်း ပြန်လွတ်လာသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဘယ်လောက်ဝမ်းသာကြလေမလဲ

လို့လည်းတွေးမိပါရဲ့…တွေးနေရင်း စိတ်ထဲမှာဖြတ်ကနဲ…ကြီးမိုက်ရဲ့ အတိတ်က

ပုံရိပ်ဟောင်းလေးတွေ…တရွေ့ရွေ့…အစီအရီပေါ်လာပါတော့တယ်….

***************************************************************

ကြီးမိုက်ငယ်ငယ် အလယ်တန်းနဲ့အထက်တန်းကျောင်းသားဘဝက မန်းလေးမြို့ တံခွန်တိုင် နဲ့ အမရပူရကြားက တောင်သမံအင်းစောင်းပေါ်က ပလစ-၂ လို့ခေါ်တဲ့

အမှတ်-၂ ပင်မအလုပ်ရုံ( လျှပ်/စက်) တပ်ထဲမှာနေခဲ့ပါတယ်..အဖေက အဲဒီတပ်က စစ်သားကိုး..တပ်ဆိုလို့ ပြောရအုံးမယ်..အဲဒီအချိန်တုံးက အမရပူရနဲ့ တံခွန်တိုင်တစ်ဝိုက်မှာ

ပလစ-၂ ကနာမည်ကြီးတယ်..ဘာကြောင့်လဲဆိုတော့ တစ်ပါတ်ကို ရုပ်ရှင် သုံးခါပြတယ်

သံစူးကြိုးခတ်ကာထားတဲ့ ဝန်းကြီးထဲမှာ ပိတ်ကားထောင်ပြီးပြတာပါ..ရုပ်ရှင်ရုံလိုခေတ်မမှီပေမဲ့

တပ်ပါတ်ဝန်းကျင်မှာရှိတဲ့ ပါတ်ဝန်းကျင်ကအခြားစစ်တပ်တွေ ၊ ရွာနီးချုပ်စပ် တံခွန်တိုင်ရွာ၊ ကျည်ကုန်းရွာ၊ နန်းတော်ရာစံပြကွက်သစ်၊ ရဲဘော်ကွက်သစ်၊ တမ်ပဝတီ၊ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ တပ်နဲ့မလှမ်းမကမ်းက ရပ်ကွက်ကျေးရွာတွေ ကလူတွေဟာ

ဒီရုပ်ရှင်ရုံကိုပဲ အားကိုးပီး တကူးတက လာကြည့်ကြရတာ..ရုံဝင်ခကလဲ ကလေးတစ်မတ်၊ လူကြီးငါးမူး ဆိုတော့ သက်သာတယ်လေ…နောက်ထပ်နာမည်ကြီးတဲ့အကြောင်းကတော့ ခေတ်မှီရေကူးကန်တစ်ခုရှိတယ်..အပြင်ကလူတွေလာကူးရင်တော့ ပိုက်ဆံနဲ့ပေါ့..တပ်မိသားစု

ဝင်တွေကတော့ဖရီး..ကြီးမိုက်နဲ့ အပေါင်းအသင်းတစ်စုဆို အားချိန်တိုင်း ရေကူးကန်မှာချည်းပဲ

နောက်တစ်ခုထူးတာရှိသေးတယ်…အဲဒါကတော့ တပ်တည်နေရာက ဟိုးရှေးရှေးတုန်းက မန်းလေးနန်းတော်ကြီးမတည်ဆောက်ခင် ကုန်းဘောင်မင်းဆက်

ယာယီ နန်းစိုက်ခဲ့တဲ့ အမရပူရ နန်းနေရာတဲ့တဲ့မှာ တည်ထားတာပဲ..ဒါကြောင့် ရန်ကုန်မန်းလေး လမ်းမကြီးဘက်က EPC မရောက်ခင်…(ကိုပေါက်(မန်း) တစ်ခါဓါတ်ပုံရိုက်တင်ဖူးတဲ့ ) “တမာတန်း”ကဝင်လာခဲ့ရင်..တပ်အဝင်ဂိတ်နားရောက်တာနဲ့..

မြို့ပါတ်ကျုံးဟောင်းကြီးကိုတွေ့နိုင်တယ်ဗျာ..အကျယ်က ပေတစ်ရာလောက်တော့ရှိတယ်…

အခုအခါမှာတော့ အဲဒီမြို့ပါတ်ကျုံးရိုးကို တစ်ဖြတ်စီ တာပိတ်ပီး တပ်တွင်းသက်သာချောင်ချိရေးအတွက် ငါးမွေးမြူရေးကန်တွေလုပ်ထားတယ်ဗျာ…

တစ်နှစ်တစ်ခါ ငါးကန်တွေဖေါ်တယ်..တပ်မိသားစုတွေကိုလည်း ဈေးနှုံးသက်သာစွာနဲ့..

အကြွေး ရောင်းချပေးတယ်ဗျာ…ဒီနေရာမှာ..ဝယ်စားနိုင်သူတွေဝယ်စားပေါ့..သက်သာပါတယ်

ကြီးမိုက်တို့မိသားစုကတော့ မိသားစုကများ..အဖေ့ ဝင်ငွေကနဲတော့ ဘယ်တော့မှ ဝယ်မစားဘူး…ဘာလို့လဲဆိုတော့…ငါးကန်တွေဖေါ်ပီဆိုရင်…တပ်ထဲက ရှိသမျှကလေးတွေ

မနက်မိုးမလင်းခင်ထဲက ငါးကန်ဘောင်ပေါ်ရောက်နေပြီ…ငါးကန်ဖေါ်တဲ့ လူတွေကလဲ

ငါးကန်ထဲ ပိုက်လေး ငါးခါ ဆွဲ လို့ ကျေနပ်ပြီဆိုရင် “ဖမ်းကြတော့ဟေ့”လို့ အော်လိုက်တာနဲ့

ကန်ဘောင်ပေါ်ရောက်နှင့်ပီးသားကလေးတွေအားလုံး ရေဒူးစပ်ပဲ ကျန်တော့တဲ့

ငါးကန်ထဲကို စက္ကန့် ပိုင်းအတွင်းဒိုင်ဗင်ထိုးပြီး ရောက်ကုန်ပါလေရော…

လူဦးရေနဲ့ ကန်ပမာဏ မမျှတော့ ခဏလေး ဗွက်အိုင်ကြီးဖြစ်သွားတော့တာပဲ…

မိနစ်၂ဝ လောက်အတွင်း ဖမ်းနိုင်သမျှဖမ်းလိုက်ကြတာ…ငါးကန်ကြီးထဲဗွက်ပဲကျန်တယ်…

ဒီနေရာမှာနှိင်းယှဉ်ရမယ်ဆိုရင်တော့…ကြီးမိုက်ကိုဘယ်ကောင်မှမယှဉ်နိုင်ဘူး..

အမြဲတန်း အားလုံးထက်ငါးပိုရတယ်..ရတဲ့ငါးကလည်း ရှယ်ကြီးတွေပဲ…

ငါးမြစ်ချင်း  လေးငါးကောင်လောက်တော့အသာလေး ရပီးသား..ကျန်သူတွေကတော့

ငါးဖြင်းသလက်ပါမကျန်အလုအယက် ဖမ်းနေကြတာ ကြီးမိုက်က ကန်ပေါင်ပေါ်က

မိန့်မိန့်ကြီး ထိုင်ကြည့်နေခဲ့တာ…ကျွမ်းတယ်လေ…တောင်သမံအင်းလို ငါးမွေးကန်

မဟုတ်တဲ့အင်းကျယ်ကြီးထဲ ကငါးတောင် နည်းမျိုးစုံနဲ့ဖမ်းစားလာတဲ့ကောင်ပဲ…..

 

**************************************************************

 

ကြီးမိုက်တို့ ငယ်ငယ်ကတော်တော်ချို့ငဲ့ခဲ့ပါတယ်…ကျောင်းကပြန်လာပြီ

ဆိုတာနဲ့ ငွေရမဲ့ အလုပ်တစ်ခုမဟုတ်တစ်ခု လုပ်ရပါတယ်၊ များသောအားဖြင့်တော့ အနီးနား

မှာရှိနေတဲ့ တောင်သမန်အင်းကြီးကိုပဲ အားကိုးနေခဲ့ရတာပေါ့…အဲဒီအချိန်အခါတုန်းက

တောင်သမန်အင်းကြီးက ငါးမျိုးစုံတော်တော်ပေါတဲ့အင်းကြီးပါ..ကြီးမိုက်တို့လို ဆင်းရဲတဲ့

မိသားစုတွေ အဖို့တော့ တကယ့် ရိက္ခာအင်းကြီးပေါ့…နေ့စဉ် နည်းလမ်းမျိုးစုံသုံးပီး ငါးရှာကြတာပဲ…ငါးမျှားတာရယ် လက်နဲ့ဒီတိုင်းစမ်းဖမ်းတာရယ်က တရားဝင်ခွင့်ပြုထားတာ

ဆိုလိုတာက အင်းလေလံရထားတဲ့ အင်းသူကြီးက ခွင့်ပြုထားတာ..အဲဒီနည်းတွေက ဟင်းစား

လောက်ပဲရှာလို့ရတဲ့နည်းတွေကိုး…အဲ..ငါးမွေထိုးချိတ်တာတို့ ပိုက်ဆင်းတန်းတာတို့တော့

ခွင့်မပြုဘူး..တွေ့ရင် လိုက်ဖမ်းပီး ပိုက်ရော ငါးရောသိမ်းသွားရော..ငါးမွေထိုးချိတ်ရင်လည်း

ချိတ်ရော မိထားတဲ့ငါးရောသိမ်းတာပဲ..ဒါပေမဲ့ ကြီးမိုက်တို့ကလည်း ငါးပိုရချင်တယ်၊ အိမ်စားဖို့

ချန်ပီးကျန်တာ မြို့ဟောင်းဈေးမှာသွားသွင်းရင် ဆန်ဖိုးလေး ဆီဖိုးလေးရတော့ ညနေညနေ

ဆို ငါမွေထိုးသွားချိတ်တာပဲ၊ ညနေလေးနာရီလောက်ကနေ ညနေ ခြောက်နာရီ

လောက်ထိချိတ်လိုက်ရင်တပိသာခွဲတော့အသာလေးပဲ..ဒါကြောင့်လည်း အင်းသူကြီးတွေက

ခွင့်မပြုတာပေါ့…ငါးမွေထိုးချိတ်ရင်း မျက်လုံးကလည်း ကျီးကန်းတောင်းမှောက်

ကြည့်နေရတယ် အင်းထဲလှေနဲ့ပါတ်ပါတ်လာတတ်တဲ့ အင်းစောင့်တွေကိုပေါ့…

ခပ်လှမ်းလှမ်းမှာလှေတွေ့တာနဲ့ ငါးမွေထိုးချိတ်နဲ့ ငါးသီတံကို ကို နုံးထဲနှစ်ထား

ပီးမရောင်မလည်နဲ့ ရေထဲထိုင်ပီး ငါးစမ်းချင်ရောင်ဆောင်နေလိုက်ကြတာပဲ..

သူတို့လည်းသိပါတယ်လေ..အတင်းကြီးလိုက်မဖမ်းပါဘူး ..ဗျောင်ကျကျမလုပ်အောင်

ဟန့်တဲ့သဘောနဲ့ အင်းကိုပါတ်နေတာပါ…လှေဝေးသွားမှ ချိတ်နဲ့ ငါးသီတံပြန်စမ်းရှာရတယ်

တစ်ခါတော့ ကိုယ့်ငါးသီတံ ကိုယ်ပြန်ရှာမတွေ့ တော့လိုု့ စိတ်ပျက်ပီး လက်ချည်းဗလာပြန်

ခဲ့ရဖူးတယ်. ငါးသီတံဆိုလို့ပြောရအုံးမယ်ဗျ..ငါးမွေထိုးသီဖို့အကောင်းဆုံးကတော့ ဂီတာနံပါတ်သုံးကြိုးပဲ အောက်ဆုံးမှာ ဖေါ့တုံးလေးခံပီးထုံးထားလိုက်ရင်ပြီးပီ..

.ငါးချိတ်ထဲမိလာပီဆို တဆတ်ဆတ်လူးခါနေတာ…လက်မနဲ့ ချိတ်အရင်းဘက်ကို ဖိပေးထားပီး ခါးလယ်ကို ဂီတာကြိုးနဲ့ စွပ်ဆိုထိုးပီးသီလိုက်တာပဲ…ခုနေခါပြန်စဉ်းစားတော့ စိတ်မကောင်းပါဘူး..ငါ့ဝမ်းပူဆာမနေသာလို့ပဲပြောရမှာပဲဗျ…

သူတို့ကိုမှအဲလိုဖမ်းမစားရင် ကြီးမိုက်တို့မိသားစု အဟာရပြတ်ပီးသေမှာလေ…

အင်းလုပ်သားတွေကတော့ ငါးမွေထိုးချိတ်ရင် ငါးထည့်ဖို့ ညောင်ရေအိုး လိုအိုးလေးကို လယ်ပင်းကြိုးချည် ခါးမှာချိတ်ပီးမျှောထားလိုက်တာပဲ…

.အဲ တစ်ခါတော့တော်တော်ကံဆိုးတဲ့နေ့ရောက်လာပါလေရော…

အဲနေ့က ငါးကလည်းချိတ်လို့ကောင်းနေတာနဲ့ နဲနဲမှောင်တဲ့အထိ လောဘ တက်ပီးချိတ်နေမိတယ်… အာရုံက ငါးချိတ်တဲ့ဆီပဲရောက်နေတော့ နောက်နားကို

အင်းပါတ်လှေ အသာလေးကပ်လာတာမသိလိုက်ဖူး…အနားရောက်မှ ဟေ့ကောင်လေးဆိုပီး

ချိတ်ကိုလက်ထဲကဖမ်းဆွဲတာခံလိုက်ရမှ လူလည်းလန့်ပီးလှည့်ကြည်မိတော့တယ်..

အတန်တန်တောင်းပန်သေးပေမဲ့ မိပီးပြီဆိုတော့ မရတော့ဘူးဗျို့…ချိတ်ကော ရှာထားပီးသား ငါးတပိသာကျော်ကျော်လောက် ရှိတဲ့ ငါးတွဲပါ သိမ်းသွားပါလေရော…

အဲဒီနေ့အိမ်အပြန်ကတော့ လက်ချည်းဗလာနဲ့ ကြီးမိုက်တစ်ယောက်

စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြန်ခဲ့ရတယ်..မှောင်နေပီ လက်ထဲငါးလည်းမပါ ချိတ်လည်းမပါလာ ဆိုတော့ အိမ်ရောက်တော့ အဖေ့အဆူခံလိုက်ရသေးတယ်..

ဟုတ်တယ်လေ..အဲဒီငါးမွေထိုးချိတ်က အဖေကိုယ်တိုင်

လေးသံကိုထုပီး တပ်ကဝပ်ရှော့ထဲမှာလုပ်ပေးထားတာကလား…ခုတော့ ကြီးမိုက်တစ်ယောက်

လက်နက်မဲ့ ဘဝရောက်သွားပီပေါ့……..

ရေကြီးနေတဲ့ အချိန်ဆို ဒီလိုရေထဲဆင်းစိမ်ပြီး မျှားရတာပေါ့

ဒါနဲ့ပဲ နောက်နေ့ကစပြီး ထုံးစံအတိုင်း ငါးမျှားတံပြန်ကိုင်ငါးရှာရတော့တာပေါ့…

ဒါပေမဲ့သိတဲ့အတိုင်း ငါးကအိမ်စားဖို့တောင်အနိုင်နိုင်ရယ်…အင်းရေတက်နေတဲ့

အချိန်တွေမှာဆိုရင်တော့ အင်းထဲကို ခါးလယ်လောက်ထိဆင်းပီး မျှားရတယ်..

.အင်း.အခုလို ငါးမွေထိုးချိတ်ချိန်(အင်းရေအကျဆုံးအချိန်)ဆိုတော့ ငါးမျှားချင်ရင်

အင်းအလယ်ကောင်မှာကန့်လန့်ဖြတ် စီးဝင်နေတဲ့ ချောင်းကိုသွားမျှားရတယ်…

ဒီလိုရာသီဆိုတာ လူနိုင်သွားပြီးချိန်ဆိုတော့ ငါးသိပ်မရပဲ ပြန်ရတာများတယ်..

တစ်ရက်တော့ အင်းကပြန်တက်လာတဲ့အချိန်

ငါးကလည်းမရခဲ့ ၊ စိတ်ကလဲညစ် ၊ အိမ်ပြန်မျက်နှာပန်းလဲလှချင်..

အချိန်ကလည်းမှောင်ရီဖြိုးဖျ..တပ်နားလည်းရောက်ရော..စိတ်ကူးတစ်မျိုးပေါ်လာတယ်

ငါးတော့ ပါသွားမှဖြစ်မယ်လို့တွေးမိပြီး..တပ်က မွေမြူရေးကန်နား ခြုံစပ်အသာခိုပြီး

မျှားပါတော့တယ်..သိတဲ့အတိုင်း မွေးမြူရေးကန်ဆိုတော့ ငါးကလည်းချဆွဲပဲ..ငါးမိနစ်လောက်မှာကို လူကြီးလက်တစ်ဝါးလောက်ရှိတဲ့ တီလားဗီးယား

နှစ်ကောင်ရလိုက်တယ်..အဲလိုနဲ့ ငါးကိုအာရုံစိုက်မျှားနေတုံး တပ်ကို လမ်းလျှောက်ပါတ်နေတဲ့

တပ်ရင်းအရာခံဗိုလ်ကြီး နောက်ကိုရောက်လာပီး ဂုတ်ကိုဆွဲပါလေရော…အဲဒီပုဂ္ဂိုလ်ကလည်း

တပ်ကိုပြောင်းလာတာမကြာသေးဘူး..ကြီးမိုက်ကိုလည်းမသိဘူး..အတန်တန်ရှင်းပြတောင်း

ပန်တယ်..မရဘူးဗျို့..ကန်တစ်ဖက်ထောင့်မှာရှိတဲ့ ကန်စောင့် ရဲဘော်ကိုလှမ်းအော်ခေါ်ပြီး

ကျုပ်ကို ကွာတားလို့ခေါ်တဲ့ (တပ်တွင်းအချုပ်ခန်း)ထဲထည့်ခိုင်းတော့တာပဲ..

အဲဒီရဲဘော်လက်ထဲပါသွားပြီးတော့လည်း  ကြီးမိုက် ငိုယိုပီးတောင်းပန်သေးတယ်…

သူက ကျုပ်ကိုတောင်အပြစ်တင်နေသေး…

“မင်းကိုကညံ့တာ…ဟိုကအဖိုးကြီးပဲကွာ..တစ်ချက်ဆောင့်တွန်းပီးထွက်ပြေးရင်မင်းလွတ်တာ

ပေါ့ကွ…တခြားတပ်က ကလေးတွေ နေ့တိုင်းခိုးမျှားနေကြတာပဲ..မင်းကျမှ မိရတယ်လို့ကွာ

..မင်းအဖေ ငါ့ဆရာကြီးကိုငါတောင် ဘယ်လိုပြောရမှန်းမသိတော့ဘူး..တောက်”

ဒီလိုနဲ့ပဲ ကြီးမိုက်တစ်ယောက် တပ်ရင်းအချုပ်ခန်းထဲရောက်ခဲ့ရပါတော့တယ်..

ရောက်တော့လည်း အဲဒီ တပ်ရင်းဂတ်မှာ ဂျုတီကျနေသူအားလုံးက ကြီးမိုက်

ကိုရော အဖေ့ကိုပါ သိနေသူချည်းပဲ…အားလုံးကပြုံးစိစိနဲ့ ကြည့်ပီး“စိတ်မညစ်ပါနဲ့ကလေးရာ…

ဒီ တပ်ရင်းအရာခံဗိုလ်ကြီးက လူသစ်မို့ပါကွာ…မင်းကိုတော်နေကြာပြန်လွှတ်မှာပါ..

အေးအေးဆေးဆေးနားနေကလေးရေ..” တဲ့…

ကျုပ်မှာတော့ မျက်ရေတွေတွေကျပြီး အကြီးအကျယ်စိတ်ဆင်းရဲနေရတာပေါ့..

အဖေကသိပ်စိတ်ကြီးတာ..ခုနေသတင်းကြားပီးအရှက်ရ ဒေါသထွက်နေလောက်ပြီ..

ငါအိမ်ပြန်လို့ကတော့ငါ့ကိုမုချသတ်တော့မှာပဲ…အဖေက သားသမီးများလို့ဆင်းရဲပေမဲ့

အကျင့်စာရိတ္တနဲ့ပါတ်သက်ရင် နဲနဲမှချွင်းချက်မပေးဘူး…အပြင်းအထန်ဆုံးမထားတာ..

ရိုးသားစွာရှာစားတာမရှက်ဖို့…မရိုးသားတဲ့နည်းလမ်းနဲ့ ဝမ်းစာမရှာဖို့..ဆုံးမထားတဲ့ကြားက

ကျုပ်ဒီလိုအမှု့ နဲ့ တစ်တပ်လုံးဟိုးလေးတကျော်ကျော် ဖြစ်ရတယ်ဆိုတော့….ကျုပ်ဆက်မစဉ်းစားရဲတော့ဘူး…အချုပ်ခန်းထဲကထောင့်မှာထိုင်ပီး

ငိုနေမိတော့တာပါပဲ…အပြင်ကရဲဘော်တွေက သံတံခါးလဲပိတ်မထားပါဘူး..ကျုပ်ကိုတောင်ချော့မော့ပီး အပြင်လာထိုင်နေဖို့၊ လဘက်ရည်

သောက်ဖို့ခေါ်နေကြပါသေးတယ်..ကျုပ်ဆိုတဲ့ အမိုက်ကောင်မှာသာ…

ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို …ရင်ဆိုင်ရမဲ့ အဖေနဲ့ မိသားစုတွေအကြောင်းတွေးပီး..

အမှောင်ထောင့်မှာငိုနေခဲ့မိတယ်…

သိပ်မကြာပါဘူး..ကြီးမိုက် ရဲ့အစ်ကိုလတ်နဲ့ အိမ်ဘေးအိမ်က အဖေ့ တပည့်ရောက်လာပါတယ်…ထမင်းချိုင့်နဲ့ အိပ်ရာလိပ်လာပို့တာပါ…

ကျုပ်ကိုခေါ်တော့ ကျုပ်နေရာကတုတ်တုတ်မှမလှုပ်ပါဘူး…ထွက်လဲမတွေ့ရဲပါဘူး..

ဘယ်လိုမျက်နှာပြရမှန်းလည်းမသိပါဘူး…နာရီဝက်လောက်ကြာတော့ ကိုလတ်က

ကျနော့နားလာပီး..“ဟေ့ကောင်..မင်းကြောက်နေတာငါသိပါတယ်..ဖြစ်ပီးတော့မှ

ဘာတတ်နိုင်မလဲ…ငါတို့ပြန်မယ်..မင်းတော်ကြာရင် ထမင်းထွက်စားပီး

အိပ်လိုက်ကွာ..မနက်ကျ မင်းကိုပြန်လွှတ်မယ်လို့ပြောလိုက်တယ်..

ကျန်တဲ့တပ်ထဲကကလေးတွေ မလုပ်ရဲအောင်စံပြလုပ်ပြတာတဲ့ဟေ့..

မင်းကံဆိုးတာပေါ့ကွာ…သွားပီဟေ့.” ဆိုပီး ကျောတစ်ချက်ပုတ်ပီးပြန်သွား

ပါတော့တယ်…

ကျနော့ဘဝမှာ အဲဒီညဟာအရှည်ကြာဆုံးနဲ့ စိတ်အဆင်းရဲရဆုံးညတစ်ညပါပဲ

ဒီနေ့အထိလဲမမေ့နိုင်သေးတဲ့ သင်္ခန်းစာ ကြီးစွာရသောနေ့တစ်နေ့ပါ…

…ကျနော့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ တစ်သက်စာအမာရွတ်ကြီးနှလုံးသား

ပေါ်ထင်ခဲ့ရတဲ့နေ့ပါပဲ …အဲဒီအချိန်က ကျနော့အသက် ၁၄နှစ်ပါ ရှစ်တန်းစာမေးပွဲဖြေထားပီးသားပူပူနွေးနွေးပါ ………ကျနော်နောက်ဆုံးတော့…ဆုံးဖြတ်ချက်ချလိုက်

ပါတယ်..မနက်ဒီကလွှတ်တာနဲ့ အိမ်မပြန်တော့ပဲ..ခြေဦးတဲ့ရာ

ထွက်သွားလိုက်တော့မယ်လို့..ဖြစ်ချင်ရာဖြစ်စေတော့ …..

တပ်ထဲကဘယ်သူ့မျက်နှာမှလဲမကြည့်လိုတော့ပါ….

စဉ်းစားရင်း ငိုရင်းနဲ့ ..ဘယ်အချိန်တွေရှိနေပြီလဲမသိ…ကျနော်မှေးကနဲ

အိပ်ပျော်သွားတယ်ထင်ပါတယ်…….

စစ်သားကြီးတစ်ယောက်ကျနော့ကိုလာပွေ့မှ လန့်ပီးမျက်လုံးဖွင့်ကြည့်မိတော့..

“မင်းပင်ပန်းသွားပီ ကလေးရ..အိမ်ပြန်ကြရအောင်..”

ကျနော်အလန့်တကြားအော်ပြောမိပါတယ်….

“ဦး..ကျနော့ကိုအိမ်ပြန်မပို့ပါနဲ့ဗျာ…ကျနော့်ဖါသာသွားပါရစေ..”

“မဟုတ်ဘူးကလေးရ..မကြောက်ပါနဲ့ကွာ…မင်းကိုလာခေါ်တာ မင်းအဖေကိုယ်တိုင်ပါ..”

“ဗျာ”…ကျနော်ခေါင်းမွှေးတွေထောင်သွားသလို..အရမ်းလန့်သွားတယ်..

ကျနော်လှမ်းကြည်လိုက်တော့…အဖေ ကျနော့ကိုပြုံးပြပါတယ်…အဖေက ယူနီဖေါင်းအပြည့်နဲ့

ကျနော်ချက်ချင်းပြေးသွားပြီး အဖေ့ ခြေဖမိုးပေါ် နဖူးနဲ့တိုက်ပြီး ငိုရင်းတောင်းပန်လိုက်ပါတယ်.

အဖေက “ကဲကဲ.. အဖေလည်း ရုံးတက်ရအုံးမယ်…သွားရအောင်သားရေ..”

အဖေနင်းတဲ့ စက်ဘီးနောက်မှာ အိပ်ယာလိပ် ဖက်ပီး ထိုင်လိုက်လာရင်း..လမ်းကျတော့..

အဖေက..“သတင်းကြားကြားချင်းတော့ အဖေတော်တော်ဒေါသထွက်သွားတယ်ကွ..

ဒါပေမဲ့ သားရယ် ပြသနာကဖြစ်ပီးနေပီ..ဒီပေါ်မှာဘယ်လိုဖြေရှင်းရမလဲ..ဒါပဲ..

သား…သားကလူကောင်းပါကွာ..အဖေသိပါတယ်…သားအိမ်အတွက်

စဉ်းစားပြီး မှားခဲ့တာလဲအဖေသိပါတယ်ကွ…အဖေလည်း သားအတွက်ပဲစဉ်းစားနေခဲ့တာ…

ညကတည်းက အဖေ တပ်ရင်းအရာခံဗိုလ်ကြီး နဲ့တွေ့ပီးပါပြီ…သူက သားကိုညကတည်းက

အဖေ့ကို ပြန်ခေါ်သွားခိုင်းပါတယ်…အပြစ်ကလည်း ဘာမှကြီးတာမှမဟုတ်တာ…

အဖေကတမင် ထားလိုက်တာ..ငါ့သားကိုတစ်သက်လုံးလူကောင်းဖြစ်စေချင်လို့

အခုလိုသေးငယ်တဲ့အမှား ရဲ့ဒဏ်တောင်ဘယ်လောက်စိတ်ဆင်းရဲရသလဲ…ဆိုတာ

သားကိုရင်ထဲအထိ မှတ်မှတ်သားသားရှိသွားအောင် အဖေထားလိုက်တာပါ..

သားကိုပြောရအုံးမယ်.. မနေ့က တာဝန်မှုးကျတဲ့ ဆရာနိုင်မန်းနဲ့ အဖေတွေ့ပီး

သေသေချာချာမှာထားခဲ့တယ်…မနက်ကို အဖေကိုယ်တိုင်လာခေါ်မှသားကိုလွှတ်ပါလို့…

သားစိတ်ထဲမှာ အကြောက်လွန်ပီး အိမ်ကိုဖြောင့်ဖြောင့် ပြန်မလာမှာစိုးလို့…ခုတော့ ပြီးသွားပါပြီ..” အဖေ့စကားဆုံးတော့…ကျနော်ထပ်ငိုမိပါတယ်…ဒီတစ်ခါကတော့..

အဖေ့ခွင့်လွှတ်မှု့ကြောင့် ဝမ်းသာလို့ပါ…….

အဲဒီကစလို့..အဖေ့ကိုပိုချစ်သွားပါတယ်…အဖေ့မေတ္တာစေတနာကိုလည်းသဘောပေါက်ခဲ့ရပါတယ်..

ကျနော်လည်း ငတ်လို့ လျှာပေါ်မျက်ပေါက်ပါစေ မကောင်းတဲ့အသက်မွေးမှု့မလုပ်ဘူး

ငါ့ဘဝအောင်မြင်ရေးအတွက် ရိုးရိုးသားသားနဲ့အပြင်းအထန်ကြိုးစားမယ်လို့…..

 

စာဖတ်သူအားလုံးကိုလေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၁၈၊၉၊၁၂

57 comments

  • Wow

    September 19, 2012 at 1:53 pm

    ဟီး… နေရာလာဦးဒါ… :mrgreen:
    အရဂါးစဒါ.. ငယ်ဘဝလေးကို ဖတ်သွားပါဂျောင်း :harr:

  • အိမ်လွမ်းသူ

    September 19, 2012 at 1:57 pm

    အရမ်း မှတ်သားစရာ ကောင်းတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ပါပဲ ဦးကြီးမိုက်ရေ။ လက်မ ထောင်ပြီးအားပေး သွားပါတယ်။

  • garuda

    September 19, 2012 at 1:59 pm

    အမဲလိုက်…ငါးဖမ်း..အလုပ်က..လုပ်မိရင် တကယ်စွဲတာပဲ… ဖျောက်ရအတော်ခက်တယ်ဗျ။ အခုလိုနောင်တရတာ..
    ဝမ်းသာပါတယ်ဗျာ…ဟဲဟဲ။ ဖတ်လို့ကောင်းပါသည်။ ကျေးဇူး။

  • nozomi

    September 19, 2012 at 2:16 pm

    ဖတ်ရင်းနဲ့ အဖေ့မျက်နှာကိုတောင် မြင်ယောင်သွားမိတယ်
    ဦးမိုက် ဘဝမှာ အခုလို အောင်မြင်နေတာ ဦးမိုက် အဖေကြောင့်ဆိုရင် မှားမယ်တော့ မထင်
    သားသမီး ကို ထိန်းကျောင်းတဲ့ အနုပညာ ပညာလေးပါ ရလိုက်ပါရဲ့
    ကျေးဇူးပါ

  • Ma Ei

    September 19, 2012 at 2:17 pm

    ကျနော်ထပ်ငိုမိပါတယ်…ဒီတစ်ခါကတော့..
    အဖေ့ခွင့်လွှတ်မှု့ကြောင့် ဝမ်းသာလို့ပါ…….
    အဲဒီကစလို့..အဖေ့ကိုပိုချစ်သွားပါတယ်…
    :byae:

  • ဦး ကျောက်ခဲ

    September 19, 2012 at 2:18 pm

    အကိုကြီး ခင်ဗျား၊

    ဘယ်လို စကားလုံးနဲ့ ဖော်ပြရမှန်း မသိတဲ့ ရသ မျိုးစုံ ပေးသွားတာ ပညာပါလိုက်တာဗျာ၊
    မျက်လုံးကလေး ပြူးပြီး ဖတ်ယုံကလွဲလို့ ကွန်မန့်ပေးဖို့ မစွမ်းတာမို့…….

    လေးစားစွာဖြင့်
    မောင်ကျောက်

  • ရွှေ ကြည်

    September 19, 2012 at 2:22 pm

    ဦးကြိုက်မီးရေ ဦးကြိုက်မီးအဖေကတော်လိုက်တာ

    သားစိတ်ထဲမှာ အကြောက်လွန်ပီး အိမ်ကိုဖြောင့်ဖြောင့် ပြန်မလာမှာစိုးလို့…တဲ့

    လူငယ်စိတ်ကိုနားလည်ပေးတယ်နော်..။

    • Shwe Tike Soe

      September 19, 2012 at 3:15 pm

      မရွှေကြည့်ရေ. အခုလဲ ဦးမိုက်ကြီးဆိုတာ သူအဖေ လို ပဲ သားသမီးတွေကို ဆိုဆုံးမနေတဲ့ ဖခင်ကောင်းဗျ သူ.သားသမီးတွေက ခေတ်မှီနေတဲ့ လိမ္မာတဲ့ ကလေးတွေဗျားးးးးးးး

  • Shwe Tike Soe

    September 19, 2012 at 2:57 pm

    ကောင်းသဗျာ ဦးမိုက်ရေ မျက်ရည်စမ်းစမ်းနဲ.တောင် ဖြစ်ရတယ်ဗျာ…. အချုပ်ခန်းက ထွက်ပြီး ယူနီဖောင်းအပြည့်အစုံနဲ. သားကို ပြုံးကြည့်နေတဲ့ အဖေ……အဲဒီနေရာလေးကို အကြိုက်ဆုံးပဲ…… ကျွန်တော်အဖေကိုသတိရလိုက်တာဗျာ……. ကျွန်တော်အဖေကလေ အဲဒီ ယူနီဖောင်းကို အရမ်းကို ကြိုက်တာ… မချွတ်တမ်းကို ဝတ်ခဲ့တာ.. သူဝတ်ရင် စမတ်ပဲ..အဲဒါကြောင့် ကျွန်တော်ငယ်ငယ်ထဲက အဖေလို စစ်ဗိုလ်ကြီး ဖြစ်ချင်ခဲ့တာ…………အင်းးးးးးးးးးးဒါပေမယ့်……….

    မပြောတော့ဘူးးးးးးးးးးးးးးမပြောတော့ဘူးးးးးးးးး ပြောာာာာာာာာကိုမပြောချင်ဘူးးးးးးးးးးးး :harr:

    • နွယ်ပင်

      September 20, 2012 at 12:47 pm

      လေးမိုက်ရဲ့ ရင်ဘတ်ထဲက ခံစားချက် အစ်အမှန်တွေကို ဖတ်ရှုအားပေးသွားပါတယ်
      ငါးဖမ်းတဲ့ အကြောင်းကို ဖတ်ရတော့ တကယ့်ကို ပျော်စရာကြီးပါပဲလားလို့တွေးမိတယ် ..

    • နွယ်ပင်

      September 20, 2012 at 12:56 pm

      မပြောနဲ့တော့ ………… မပြောနဲ့တော့ ……….. ပြောကို မပြောနဲ့တော့ ……….
      :harr: …….. စစ်ဗိုလ်ကြီး ဖြစ်ချင်ပါရက်နဲ့ အကုန်လုံးလဲ ပြည့်စုံပါရက်နဲ့
      ဒီ အရပ်လေးက လာလာဖျက်နေတယ် …. ခိခိ

      • etone

        September 20, 2012 at 1:20 pm

        ချစ်သောမောင်ကလည်းနော် … ဘယ်နှာ ဒီ အရက် .. အဲ မွှားလို့ .. ဒီအရပ်ကိုပဲ ခဏခဏ .. ခလုတ်တိုက်ရတာတုန်း …. ။ သူ့ခမျာ ပုပုလေးမို့ အရွယ်တင်တာဆိုပြီး …. အိုးမော်ဒယ်လ်ကို …ဗားရှင်းအသစ်တင်ရတာ ခဏခဏ …. သဲကြိုးလဲရတာ .. ခဏခဏ …. ။ ခွိခွိ ။ :kwi:

        ပုပုလေးမို့ ခြစ်တာ .. ခြေတိုလေးမို့ ခြစ်တာ … အတီးလေးကွဲဖို့ ခြစ်လိုက်ဒါ မဟုတ်ပါ … ။ 😆

        • Shwe Tike Soe

          September 20, 2012 at 1:43 pm

          တွေ.လား မေ့မေ့ က မှ သများဘက်ပါသေး……. ဒါပေမယ့် မေ့မေ့ ရယ် တစ်တသက် ဒီအရပ်နဲ.
          မဖြစ်နိုင်မှန်းသိပါရက်နဲ. ပု ကိုပင် ခြေတို မင်းသားလေးကို မှ တုံ က လိုချင်……………………… ခိခိခိ :harr:

        • ဒဿ ဖွတ်ကျား

          September 20, 2012 at 1:51 pm

          ချစ်တောမောင် ကို မနောက်ကြပါနဲ့ဂျာ…
          ကိုရင်ဂ တယောက် သူ့ရဲ့ အင်မတန်ဆူဖြိုးလှတဲ့
          ဝမ်းဗိုက်ကြီးကို ပွတ်ပွတ်ပီး အရှက်သည်းနေမှာ…
          မြင်ယောင်သေးတော့တယ်…

          အာ.ဟိ

          :harr:

          :kwi:

          :chit:

      • Shwe Tike Soe

        September 20, 2012 at 1:41 pm

        လာပြန်ပီ ဒီအရပ် ကိစ္စ အရပ်ကိစ္စကို ရပ်ကွက်ရုံးမှာ သွားပြောပါလား……….
        လပုလေး အမွှာပူး မွေးပါစေတော်……………. :saut:

  • surmi

    September 19, 2012 at 3:07 pm

    ဦးမိုက်
    ထောင်စရာလက်မပျောက်နေလို ့ ရင်ထဲကပဲထောင်သွားပါကြောင်း
    ရေးမဲ ့ရေးတော ့လည်း အနှစ်ချည်းပါပဲလား ။ ဦးမိုက် အဖေရဲ ့နည်းလေး
    အတုယူရမယ် ။ တခါတလေ ဒီလိုဆုံးမတာလေးတွေက ရိုက်လိုက်
    တာထက်ပိုထိရောက်တယ်လို ့ မြင်မိတယ် ။
    အတွေအကြုံကနေ ပညာယူသွားပါကြောင်း

  • mayjuly

    September 19, 2012 at 3:11 pm

    အဖေ့စကားကြောင့် မျက်ရည်တောင် လည်ခဲ့ရတယ် ….

    မိဘဆိုတာ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြ ပဲပေါ့ဗျာ ..

  • Shwe Ei

    September 19, 2012 at 3:16 pm

    အောင်မငီး ငိုတောင် ငိုချင်ဒလယ် အန်ကယ်မိုက်ရယ်။ ခံစားချက်အစစ်တွေ ထုတ်ပြထားတာကိုး။
    အခုတော့ အဖေ့ကျေးဇူးနဲ့ ရိုးသားကြိုးစားလွန်းလို့ သထိန်းကြီးဖြစ်နေတာ သိဒလယ်နော်။ 😀

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 3:21 pm

      မကြည်ပြာ ပြောသလိုပါပဲ ဦးမိုက်ရယ်..
      ရင်ဘတ် ဂျက်ပင် ထိုး ခံစားသွားပါကြောင်း..

      :hee:

  • ahnyartamar

    September 19, 2012 at 3:24 pm

    ကိုကြီးမိုက်ရေ…. ကိုကြီးမိုက်ရဲ့ ဘဝ တစိတ်တပိုင်းဖြစ်မယ်၊ ရေးသားချက်တွေက ရင်ဘတ်ထဲကထွက်လာတဲ့ စကားလုံးတွေမို့ထင်တယ်… ဖတ်ရင်း၊ ဖတ်ရင်းတော်တော်ခံစားလိုက်ရတယ်။
    ဖတ်ရင်းနဲ့လဲ လောလောလတ်လတ် ဖတ်လိုက်ရတဲ့ ရုပ်ပြောင်လေး တခုကိုလဲ သွားသတိရလိုက်တယ်၊ ဘာတဲ့

    မင်းထောင်ကျဖူးပြီလား၊ အေး… မင်းထောင်ကျဖူးပြီဆိုရင် မင်းဝတ္ထု ရုပ်ရှင်ရိုက်ဖို့ လာဝယ်လိမ့်မယ်

    တဲ့။ (မည့်သူ့ကိုမှမရည်ရွယ်ပါ၊ ဖတ်မိတာကိုပြောပြခြင်းပါ)
    ကိုကြီးမိုက်က အချုပ်ပဲ ကျတာဆိုတော့ ဈေးတော့နဲမှာပေါ့။

  • Mon Kit

    September 19, 2012 at 3:25 pm

    ဦးကြီးမိုက်ရေ….
    ရင်ဘတ်ကြီးနဲ့ ခံစားသွားရပါတယ်…
    အချုပ်ခန်းထောင့်လေးမှာ တွေးရင်း တွေးရင်း ငိုနေတဲ့ ဦးကြီးမိုက် ပုံစံလေး မျက်လုံးထဲမှာ မြင်နေမိလို့ပါ….
    🙁

  • ကြောင်ဝတုတ်

    September 19, 2012 at 3:26 pm

    ဦးမိုက်ရေ…

    ဘာပြောရမှန်းမသိလောက်အောင်ဖြစ်မိပါတယ်ဗျာ…
    တကယ်လို့ ကျွန်တော်လဲ အဲဒီလိုအနေအထားမှာဆို ဦးမိုက်လိုပဲတွေးမိမှာပဲ… ဦးမိုက်လိုပဲတွေးမိမှာပဲ…
    ဒါပေမယ့် ဦးမိုက်အဖေလိုနေရာမှာဆိုရင် ကျွန်တော်ဘယ်လိုတွေးမလဲတော့ စဉ်းစားလို့မရသေးဘူးဗျာ…
    ဘဝကြမ်းကြမ်းဖြတ်ခဲ့ရတဲ့သူမို့ ကြီးမှမိုက်လို့ရတယ်ဆိုတဲ့စကားရဲ့ပိုမိုလေးနက်မှုကိုပိုပြီး အားဖြည့်လိုက်သလိုပါဘဲ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • MaMa

    September 19, 2012 at 3:54 pm

    ထောင်ထွက်ကြီးဆိုပါလား။
    ဟိုလူကြီးလို နှုတ်ဆက်ရမယ်။
    အားကိုဂျီး နေကန်းလား။
    မန်းချားပြီးပြီလားးးးးးး
    :harr:

  • ဦးဦးပါလေရာ

    September 19, 2012 at 3:55 pm

    ကိုမိုက်ရေ
    ဒီစာလေးဖတ်ရတော့
    ကျွန်တော့်ငယ်ဘဝကိုလဲ သတိရသွားတယ်။
    တောင်သမန်အင်းကိုလဲ သတိရသွားတယ်။
    အမရပူရကိုလဲ သတိရသွားမိတယ်…..။

    ကိုမိုက်ဖခင်လို ဖခင်ကောင်းတယောက်ရဲ့ မိသားစုက
    ကိုမိုက်လို စိတ်ဓါတ်ရှိသူမျိုးထွက်ပေါ်လာတာ သဘာဝကျပါတယ်။
    လေးစားမိတယ်ဗျာ…..။

  • etone

    September 19, 2012 at 4:17 pm

    ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်း၊ သားသမီးကို ကောင်းစေချင်လို့ ရင်အနာခံပြီး အချုပ်ထဲထည့်တဲ့ အဖေ့ရဲ့ မေတ္တာ၊ ကိုယ့်ကျင့်တရားနဲ့ပတ်သတ်ပြီး ပြုပြင်ထိန်းကျောင်းပေးပုံတွေကိုဖတ်ပြီး … နှစ်သက်အားကျမိပါတယ် ဦးမိုက်ရေ … ။
    သမီးဆို … အဖေ့ချဉ်ဖတ်ပါ … ဟီးဟီး …. အမှန်တရား တစ်ခုအတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြတာ လက်မခံပဲ … လူကို အပြစ်သားလို …လျှောက်လွဲချက်လက်မခံပဲ … အဗျင်းခံရပြီးကတည်းက ၊ စိတ်ကောက်ပြီးစကားမပြောတော့သလို .. သူ့ဘက်ကလည်း နာနာကျဉ်ကျဉ်းနဲ့ ငါ့ကို အဖေမခေါ်နဲ့ တွေ ဘာတွေ ဖြစ်လာခဲ့တာ… စကားမပြောတာ… နှစ်နှစ်လောက်ကို ရှိပြီး .. အဟီး ။ သားသမီးမို့ လျော့ပြီး ချော့ပါသေးတယ်..မရတာနဲ့ ဒီအတိုင်း သူ့အရှိန်နဲ့ သူ .. လွှတ်ထားပေးရတော့တယ် .. အခုတော့ … ပြန်ချော့လို့လည်း မရတော့ဘူး .. အဖေက .. အဝေးကြီးမှာရောက်နေပြီလေ … ။ :byae:

    ဦးမိုက်တို့ ငယ်ငယ်က ငါးဖမ်းတဲ့အကြောင်းပြောပြတာ …. အရေးကောင်းလွန်းလို့ … မျက်စိထဲမြင်ယောင်လာသလိုတောင် ဖြစ်မိတယ် …. ။
    နောက်တခါ … ထပ်တွေ့လျှင် … နောက်လို့ ရပြီ …. ဟီးဟီး :kwi:

  • pooch

    September 19, 2012 at 4:17 pm

    ဦးမိုက် ကျမကို မျက်ရည်ဝဲစေမိတာ ဒါပါနဲ့ဆို ၂ ကြိမ်ရှိပြီ။ အဖေ့ကို အစောကြီး ဆုံးရှုံးခဲ့ရတာမို့ ဖခင်မေတ္တာအကြောင်းဖွဲ့ရင် ကျမမနေတတ်မထိုင်တတ်နဲ့ ဘာကို ဝမ်းနည်းလို့ ဝမ်းနည်းမိမှန်းမသိဘူး ။ အဲ့ဒီ ဝမ်းနည်းစိတ်က တော်တော်နဲ့လည်း မပြေနိုင်ဘူး ။ 🙁

    အကယ်၍များ ပြောခွင့်ရှိခဲ့မယ် ဆိုရင် လူဖြစ်ခွင့်သာ ထပ်ရမယ်ဆို ဘဝအဆက်ဆက်မှာ မိစုံဖစုံကို အိုမင်းမစွမ်းတဲ့ အချိန်ထိ လုပ်ကြွေးပြုစုခွင့်ရပါစေလို့…

  • R Ga

    September 19, 2012 at 4:47 pm

    အရမ်းလှတဲ့ ပြကွက်လေးကလေးပါ။ ငါးရှာတဲ့ အခန်းကိုဖတ်မိတော့.။ ကျွန်တော်ငယ်ငယ်က ငါးမျှား။ ဒိုက်ဆွဲ၊ အိုင်ပက်တာကိုသတိရမိတယ်။ အချုပ်ထဲကနေ ထွက်တဲ့ အခါ လေးမိုက်ရဲ့ အဖေနဲကတွေ့တဲ့အခန်းက တော့ ဘယ်လိုပြောရမှန်းမသိတဲ့ ရသ တစ်မျိုးခံစားမိတယ်။…။

  • char too lan

    September 19, 2012 at 4:54 pm

    ပျော်စရာကောင်းတယ် ဦးမိုက်ရေ………….
    ကျနော်တို့ငယ်ငယ်ကနေ တော်တော်ကြီးတဲ့အထိ ရပ်ကွက်ထဲ ပြေးလွှားဆော့ကစားနေခဲ့ရပီး
    ကျနော်တို့ တက်ကတိုတက်ချိန်လောက်မှာ ရပ်ကွက်ထဲတိုက်သစ်တွေဆောက်အပီး လူနေထူထပ်လာတော့ ပါလာတဲ့ကားကောင်းတွေထိမှာစိုးလို့ ကလေးတွေဆော့ရင် ဆူရင် မိဘတွေကိုတိုင် ဘောလုံးကန်ရင် ရပ်ကွက်ရုံးကိုတိုင် တစ်ချိန်လုံးအတိုင်ခံနေရရှာတဲ့ အရွယ်ရောက်လာတဲ့ကလေးတွေရပ်ကွက်ထဲမဆော့ရ မဆော့ကြတော့တာကိုကြည့်ပီး သနားနေတာ…
    ဦးမိုက်ပြောတဲ့ ဗွီဒီယိုရော၊ ရေကူးကန်ရော၊ ငါးကန်ရော…. အရင်လိုဘဲ အရင်အတိုင်းဘဲလားဟင် ???
    လွမ့်ထှာ…………… 🙁

  • မောင်ပေ

    September 19, 2012 at 5:15 pm

    ကိုကြီးမိုက် အဖေ ကိုကြီးမိုက်ကို ဆုံးမတဲ့ ဒဿနကို ကြိုက်တယ်ဗျို့

  • ကိုရင်မောင်

    September 19, 2012 at 5:33 pm

    ငယ်ငယ်ကမိုက်ခဲ့ဆိုးခဲ့တာကို..ဘယ့်နဲ့ကြောင့် ကြီးမိုက် လို့နာမည်ပေးရတာတုန်းဗျာ..
    တကယ်ဆို ကြီးလိမ္မာ လို့ပေးရမှာကို…….လွမ်းဆွတ်ဘွယ် ငယ်ဘဝလေးကို မျှဝေခံစားသွားပါတယ်
    ကို ကြီးလိမ္မာကြီး ရေ……………..

  • အလင်းဆက်

    September 19, 2012 at 7:43 pm

    အယူအဆလေးကို…..လေးစားဦးခိုက်မိ ပါတယ်… ။

    ဒီလို..ဘဝ ကို ကွက်ကွက် ကွင်းကွင်း.. မြင်သာအောင်..ရေးသွားနိုင်တဲ ့
    ပါရမီ..ကိုလည်း… အားကျ..မိပါကြောင်း….

    လေးစားစွာ..ခင်မင်သော…
    😀

  • padonmar

    September 19, 2012 at 9:25 pm

    ဦးမိုက်
    ဆိတ်မကြီးနဲ့ တုံးကလည်း မျက်ရည်ကျအောင်လုပ်တယ်။
    အဖေဆေးရုံတက်တုံးကလည်း မျက်ရည်ကျအောင်လုပ်တယ်။
    ခုလည်း မျက်ရည်ကျအောင် ကောင်းပြန်ပြီ။

  • ကိုပေါက်(မန္တလေး)

    September 19, 2012 at 10:28 pm

    ကိုမိုက်ရေးတာဖတ် ဓါတ်ပုံလေးကြည့်ပြီး ခံစားသွားပါကြောင်း။
    မန်းလေးမှာဆုံချင်ပါကြောင်း။
    ကိုမိုက်ကျင်လည်ခဲ့တဲ့နေရာက ကျုံးဟောင်းကြီးနဲ့ နန်းတော်ရာကိုဓါတ်ပုံရိုက်ဘို့ ကြံစည်ထားပါကြောင်း
    ဆောင်းတွင်းမှာရိုက်မယ် သစ်ပင်ရိပ်နဲ့နေအကျလှအောင်လို့။
    အမရပူရ နုန်းမြို့ရဲ့ကျုံးဟောင်းတွေကို မှတ်တမ်းတင်နို်င်ဘို့ လိုက်လံမေးမြန်းနေပါကြောင်း

  • အရီးခင်လတ်

    September 20, 2012 at 3:08 am

    ကကြီးမိုက်ရှင့်

    အများတကာ လို မျက်ရည်စမ်းစမ်း နဲ့ ဖတ်သွားပါတယ်။
    ကိုယ်က မိဘ နေရာ ရောက်နေတော့ သားသမီး ကို ဘယ်လို ထိန်းကျောင်းသင့်တယ် ဆိုတဲ့ အသိလေးတစ်ချက် ကကြီးမိုက် ရဲ့ ဖခင်ကြီး ဆီကနေ ရခဲ့ပါတယ်။
    သားသမီး တွေ အိမ်က ပြေးတာ မိဘ စနက် မကင်းပါဘူး။
    ဒီလို အသိလေး ရစေတဲ့ အတွက် တကယ် ကျေးဇူးတင်ပါတယ်။
    ကျွန်မတို့ ဆင်ခြင်စရာပေါ့။
    ကကြီးမိုက် ဖခင်ကြီး ကိုရော၊ ကကြီးမိုက်ကို ပါ အင်မတန် လေးစားကြောင်း လဲ ပြောလိုက်ပါရစေရှင်။
    ကကြီးမိုက် တကယ် စာရေးကောင်းတာဘဲနော်။

    ဒါထက် ကလေး လက်ထဲ က ငါးတွေ ယူသွားတဲ့ လူတွေကိုတော့ ခဲနဲ့ပေါက်ချင်တယ်။ :buu:

  • ကြောင်ကြီး

    September 20, 2012 at 7:07 am

    အချုပ်ဆိုလို့ ငယ်ငယ်တုန်းက ဒို့အရေးလုပ်လို့ အဖမ်းခံရဖူးတယ်။ အိမ်လာခေါ်သွားပြီး စစ်ကြောရေးပို့၊ စစ်ဆေးပြီးတဲ့အခါ ရဲစခန်းအချုပ်မှာ ခဏထားပြီး အမှုဖွင့်၊ တရားရုံးမှာ ရမန်ယူ၊ အင်းစိန်ထောင်ကိုပို့တယ်။ တရားရုံးမပို့ခင် ရဲအချုပ်က အထွက်မှာ ဘာလုပ်တယ်မှတ်သလဲ၊ ဖိနပ်တွေ ယူထားလိုက်သဗျား။ ခြေဗလာနဲ့ ရှေ့ခရီးဆက်ရတာပေါ့။ လက်ပတ်နာရီတို့ဆိုတာတော့ ပြောမနေနဲ့။ အဲ ရက်ပိုင်းနဲ့ ပြန်လွတ်ခဲ့ရင်တော့ တောင်းနို်င်ရင် ပြန်ရလမ်းရှိတယ်။ ကြာသွားလို့ကတော့ ဆောရီးပဲဗျို့။ အဲဒီလုပ်ရပ်ကို တွေးလိုက်တိုင်း အစာမကြေဘူး။ နောက်တော့မှ အတွေးပေါ်တယ်။ ထောင်ရောက်ရင် သားရေဖိနပ်စီးခွင့်မှ မရှိတာ၊ ဟိုရောက်လဲ ထောင်ဝါဒါတွေက ချွတ်ယူထားမှာပဲ။ ဒီတော့ ထောင်ပို့ဖို့ သေချာတယ်ဆိုရင် အဦးဆုံးလုပ်ခွင့်ရှိသူက ယူထားလိုက်တာပေါ့။ သဂျီးတို့အမျိုး ကိုရွှေရဲတွေကပဲ ဆိုးသလား၊ တရားဥပဒေဆိုတဲ့ စနစ်ကြီးကပဲ ပျက်နေသလား သိတော့ပါဘူးဗျာ…။

    • ဦး ကျောက်ခဲ

      September 20, 2012 at 12:44 pm

      ကိုကြောင်

      အဲဒီခေတ်က “ဝင်” ဘူးတယ်ဆိုတော့ လေးစားသွားပြီဗျာ!
      စာအုပ်ရေးလေဗျာ……
      ခေတ်စားနေတယ်ဗျ၊ ထုတ်ဝေသူတွေလဲ ပေါပါ့….
      “အကျဉ်းစံ ကြောင်ကြီး” ဆိုပြီး
      :harr:

  • kyeemite

    September 20, 2012 at 8:33 am

    ဝိုင်းဝန်းဖတ်ရှု့အားပေးသူ ရွာသူားအားလုံးကို ကျေးဇူးတင်ပါဂျောင်း..
    တစ်ဦးချင်းတစ်ယောက်ချင်းကိုအကြောင်းမပြန်နိုင်တာကိုခွင့်လွှတ်စေချင်ပါဂျောင်း…
    ကျနော့ကိုဆိုဆုံးမ လမ်းကောင်းညွှန်ပြခဲ့သူ အဖေအား ငယ်စဉ်ကတော့ စည်းကမ်း
    ပြင်းထန်လွန်းလို့ မကြိုက်ခဲ့ပါဂျောင်းနဲ့ သူများတကာလိုလွတ်လပ်ပေါ့ပါးဆော့ကစားကာနေခဲ့ချင်ပါဂျောင်း…
    ယခုကြီးမှ မိခင် ဖခင်တို့၏ကျေးဇူးကို နက်နက်နဲနဲ သတိပြုမိပြီး ကျေးဇူးတင်မဝ ဖြစ်ရပါဂျောင်း…
    အခုအခါ ကျနော်မုန်းခဲ့၊ချစ်ခဲ့သော ဖခင်ကြီးမှာ မီးစာကုန် ဆီခမ်း လုလုအခြေအနေရောက်နေပြီ
    ဖြစ်၍ ဒီပို့စ်လေးကို ရေးပီး အဖေ့ကိုဂုဏ်ပြုရခြင်းဖြစ်ပါဂျောင်း….
    လေးလေးစားစားကွန်မင့်ပေးကြပါသောရွာသူား မိတ်ဆွေအားလုံးကိုကြီးမိုက်က လေးစားချစ်ခင်ပါဂျောင်းး

  • pyopyo may

    September 20, 2012 at 9:09 am

    ကိုမိုက်ရေ …

    ” … ကျွန်တော်ထပ်ငိုမိပါတယ် ….ဒီတစ်ခါတော့ အဖေ့ခွင့်လွှတ်မှုကြောင့်
    ဝမ်းသာလို့ပါ …..”

    အဖေနဲ့ပါတ်သက်ပြီး ခံစားချက်ရှိခဲ့သူမို့
    စါဖတ်ပြီး မျက်ရည်ဝိုင်း သွားပါကြောင်း

  • Crystalline

    September 20, 2012 at 9:18 am

    ဖခင်ကောင်းကိုရခဲ့ပြီး လက်ရှိလည်းဖခင်ကောင်းဖြစ်နေတဲ့ ဦးကြီးမိုက်အတွက်ဂုဏ်ယူပါတယ်.

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 20, 2012 at 9:59 am

    အမေကမွေးထောင်ကကြွေး ဆိုလား
    ထောင်………….ဆိုဒါ ထမင်းအလကားစားရတယ် အခန်းခ ရေခ မီးခ အကုန်သက်သာတယ်
    ပတ်ဝန်းကျင်ကို ကူးလားဆက်သွယ်လို့ မရတဲ့အတွက် လောက ကိလေသာအချို့ ဆိတ်သုန်းတယ်
    တရားအားထုတ်ဘို့ စိတ်သန်ရင် တရားအားထုတ်လို့ရတယ်
    တရားသားပိုတက်တယ် ( ကိလေသာတွေနဲ့ဝေးတာကိုး )
    စာပေတွေကို အေးအေးဆေးဆေးဖတ်ဘို့အချိန်ရတယ်
    လေ့လာရင်လေ့လာသလောက် လောကဗဟုသုတတွေ ရဒယ်
    ထောင်ထဲရောက်ပြီးလေ့လာလိုက်ရင် နေရင်းထိုင်ရင်း ဥပဒေတွေကို အရည်ကျိုသောက်ပြီးသားဖြစ်သွားတဲ့အတွက်
    တော်ယုံဥပဒေလောက်လာမပြောနဲ့ လူသစ်တစ်ယောက်ဝင်လာတာနဲ့ နည်းနည်းချက်ကင်လုပ်လိုက်ရင်
    ဥပမာ
    သေနတ်မှု့နဲ့ဝင်လာတဲ့လူတစ်ယောက်ဆိုပါတော့
    သေနတ်က ဘယ်ကရတယ် ကျဉ်ဆံဘယ်နှစ်တောက်ပါတယ် ဘယ်လောက်ခိုင်းထားတယ်
    ဘာညာ ကွိကွမေးမြန်းပြီး တရားသူကြီးဆိုတဲ့ သတ္တဝါက နောက်မှ အမိန့်ချတာ
    အထဲက ဥပဒေပညာရှင်တွေက ဘယ်နှစ်နှစ်လောက်ကျမယ် ဘယ်ခလုပ်ကိုနှိပ်လိုက်ရင် ဘာဖြစ်မယ်
    ကွက်တိဘဲ
    ဒါကတော့ တိုးတက်တဲ့နိုင်ငံတွေထဲက မြို့ပြ ထောင်တွေကိုရောက်ရင်ပြောတာ
    မြန်မာထောင်ကတော့ သိဘူး
    အထူးသဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုပြီး ရဲဘက်ဆိုလား အဲ့ဒါကြီးကတော့ အတော်ဆိုးတယ်ဆိုဘဲ
    တစ်ခါတောင် အတွေးပေါက်မိသေးတယ်
    ကျွန်ုပ်ထောင်ကျခြင်း ဆိုပြီး ရေးမလားလို့ ကြံစည်မိကာမှ ဘယ်ကစရေးရမလဲမသိလို့ရေးတော့ပါဘူး
    ( ဘာဘဲဖြစ်ဖြစ် ထောင်ဆိုတာကတော့ ဘယ်တော့မှ မရောက်အပ်တဲ့နေရာလို့ဆိုခြင်ပါတယ် )

  • နွယ်ပင်

    September 20, 2012 at 12:51 pm

    လေးမိုက်ရဲ့ ရင်ဘတ်ထဲက ခံစားချက် အစ်အမှန်တွေကို ဖတ်ရှုအားပေးသွားပါတယ်နော်
    လေးမိုက်ရဲ့ စာအရေးအသား ကောင်းမူကြောင့် ငါးဖမ်းတဲ့ အကြောင်းကို ဖတ်ရတာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းကို မြင်ရတဲ့ အထိပါပဲ ….

  • မိုချို

    September 20, 2012 at 2:47 pm

    ဦးကြီး မိုက်ရေ သား တစ်ယောက်ရဲ့ မိဘ အပေါ် တဖက်တလမ်း က ကူညီချင်တဲ့ စိတ် ရယ်၊ ဖခင်တစ်ယောက်ရဲ့ မေတ္တာ ရယ် ၂ မျိုး လုံး ပေါ်လွင် စေတဲ့ အဖြစ်အပျက် လေး မို့ လို့ ဖတ်ရင်း နဲ့ မျက်ရည် ဝဲ သွား ပါကြောင်း။

  • ဦး ကျောက်ခဲ

    October 9, 2012 at 7:13 pm

    ဟီးဟိ၊ မှန်းတဲ့ အတိုင်းဘဲ! အကိုကြီးမိုက်ရေ “ဗရာဗိုပါ”၊ “ကွန်ဂရက်ကျူလေးရှင်း”…..

    မောင်ကျောက်

  • အရီးခင်လတ်

    October 9, 2012 at 7:15 pm

    “ဖတ်ရွေး အဖွဲ့ ကိုယ်စား”

    ဖခင်ကောင်း တစ်ယောက်ရဲ့ သားတစ်ယောက်အပေါ် စနစ်ကျတဲ့ ဆုံမမှု၊
    လူတစ်ယောက်ရဲ့ ရိုးသားမှု အရေးပါမှု တွေ မိဘနှင့် သားသမီးတိုင်း သတိထားသင့်တဲ့ပို ့စ်မို ့ ကြိုက်မိပါတယ်။
    ~~~~~~~~~~~~~~~
    အပြစ်လုပ်ထားတဲ့ သားတစ်ယောက် ကို ဖခင်ကောင်းတစ်ယောက်အနေနဲ. သားစိုးရိမ်နေတဲ့စိတ်ကို ဉာဏ်အမျှော်အမြင်ကြီးစွာ နွေးထွေးစွာ ပြန်လာခေါ်တဲ့ ဖခင်ရဲ. စိတ်ဓာတ် ….
    သားတစ်ယောက် စိတ်ထဲမှာ အပြစ်အတွက် အရှက်ရပြီး အိမ်မပြန်ချင်ပဲ နစ်မွန်းတော့မယ့် ဘဝ ကို ပြန်လည် ကယ်တင်ခဲ့တဲ့ အဖေ……
    သားဘာကြောင့် အဲလို လုပ်ရသလဲ ဆိုတာကို နားလည်ပေးနိုင်စွမ်းသော ဖခင်တစ်ယောက်ရဲ. သားအပေါ်နားလည်မှု
    အဲဒါတွေ အားလုံး ဖခင်တွေဖြစ်မယ့်ကျွန်တော်တို. ၊ ဖခင်ဖြစ်နေကြတဲ့ ဖခင်တွေ အားလုံး လေးစား အတုယူ သားသမီး ဆုံးမနည်း လေး ကို ကြိုက်နှစ်သက်မိပါကြောင်း
    ~~~~~~~~~~~~~~~
    ကိုယ်တိုင် ဖြောင့်မတ်ရိုးသားစွာ နေထိုင်ခဲ့သလို သားသမီးကိုလည်း လမ်းမှန်ရောက်အောင် ဆိုဆုံးမနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ရဲ့ ဂုဏ်ကို ပေါ်လွင်စေပါတယ်။
    မိသားစုအပေါ်ကို သိတတ်လိမ္မာစွာနဲ့ ့ပြုခဲ့မိတဲ့အပြစ်ကို ဖခင်ကြီးရဲ့ တုန့်ပြန်မှုက ဘဝတစ်သက်စာ သင်ခန်းစာကိုပေးပြီး ဘဝလမ်းကြောင်းကို ဖြောင့်ဖြူးသွားစေတယ်လို့ ထင်မိပါတယ်။
    မိကောင်းဖခင်သားသမီးကနေ သားကောင်းမိခင်ဖခင်တွေကို မွေးထုတ်ပေးနိုင်ပြီး လောကကြီးကို အလှဆင်နိုင်ခဲ့ပါပြီ။
    ~~~~~~~~~~~~~~~~~~
    စစ်တပ်မိသားစုတစ်ခု၏ ဘဝကို သရုပ်ဖော်ရေးသားထားပါသည်။ ရုန်းကန်နေရသည့် ဘဝများနှင့် မိဘမေတ္တာကို ပီပြင်အောင် ရေးသားနိုင်ခဲ့ပါသည်။ စာဖတ်သူတွေကို သင်ခန်းစာပေးနိုင်သော အရေးအသားဖြစ်ပါသည်။
    ~~~~~~~~~~~~~~~~~~~
    ငယ်စဉ်အခါကြုံတွေ့ရသော အခက်အခဲများနှင့် ဖခင်အပေါ် ခံစားချက်များကို ထိမိစွာရေးဖွဲ့ထားသောကြောင့်

    • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

      October 9, 2012 at 7:26 pm

      ( စစ်တပ်မိသားစုတစ်ခု၏ ဘဝကို သရုပ်ဖော်ရေးသားထားပါသည်။ )
      တပ်ရင်းအရာခံဗိုလ်ဂျီး ဂ ချာတိတ်လေးတစ်ယောက် ငါးခိုးမျှားနေတာကို
      ဂုတ်ဆွဲပီး အချုပ်ထဲ ထည့်လိုက်လေသဒီး
      ရည်ညွှန်း
      ဥပဒေ
      အသိပညာ
      စားဝတ်နေရေး
      ဘာ
      ညာ
      ကွိ
      ကွ

  • padonmar

    October 10, 2012 at 4:26 am

    ဦးမိုက်
    ဘရာကြော်ပါ။
    ထိုက်ထိုက်တန်တန်ရသင့်ရထိုက်လို့ကို အများဆန္ဒအရ ရတာဖြစ်လို့ ဂုဏ်ပြုပါတယ်။

    • MaMa

      October 10, 2012 at 7:18 am

      ပဒုမ္မာရေ-
      ဒီတခါတော့ ဘရာကြော်က ကျွေးစရာမလိုဘူး။
      ဦးမိုက်ကြီးကို ကျွေးခိုင်းရမယ်။
      :kwi:

  • Crystalline

    October 10, 2012 at 8:09 am

    Uncle Mike,
    Congratulations!
    မှန်းတဲ့အတိုင်းရသွားလို့..ထိုက်လည်းထိုက်တန်တဲ့အတွက်ထပ်တူဝမ်းသာပါတယ်.

  • မှော်ဆရာ

    October 10, 2012 at 8:29 am

    ကြုံတောင့် ကြုံခဲ ရွာထဲကို တစ်ပတ်လောက် ရောက်တုန်း
    ဖတ်လိုက်ရတဲ့ စာလေးက တန်လိုက်တာဗျာ
    ဦးမိုက်ရေ ဗရာဘို ပါဗျို့ …..

  • kyeemite

    October 10, 2012 at 8:48 am

    :byae: :byae: :byae:

    အခုအခါ ကျနော်မုန်းခဲ့၊ချစ်ခဲ့သော ဖခင်ကြီးမှာ မီးစာကုန် ဆီခမ်း လုလုအခြေအနေရောက်နေပြီ
    ဖြစ်၍ ဒီပို့စ်လေးကို ရေးပီး အဖေ့ကိုဂုဏ်ပြုရခြင်းဖြစ်ပါဂျောင်း……
    အခုလိုရွေးချယ်ခံရတာလည်း မိဘမေတ္တာကြောင့်လို့ယုံကြည်ပါတယ်…
    ကျနော် ဒီတစ်ပါတ်အိမ်ပြန်ရင် အဖေ့ကိုပြောပြအုံးမယ်…အဖေရော အမေရော
    ဝမ်းသာကြမှာမြင်ယောင်သေး….
    ကွန်မန့်တွေနဲ့ အားပေးချီးမြှင့်ကြတဲ့ စာဖတ်သူမိတ်ဆွေအပေါင်းအား
    အထူးကျေးဇူးတင်ပါတယ်ဗျာ….
    အားလုံးကို အကြော်ကျွေးချင်နေတဲ့..
    အကြော်သည်.
    .ဒေါ်ကြီးမိုက် ။

  • Green Rose

    October 10, 2012 at 10:37 am

    “Congradulation Ko Kyeemite”

    You are marvellous.

    With respect
    (Green Rose)

Leave a Reply