ထ = ထိန်းထားတဲ့ ကြားက. ပြောမိတဲ ့စကား.( တိုင်းပြည်အကြောင်း နည်းနည်းပြောဦးမယ်)

alinsettSeptember 25, 20121min37826



ငါကတော့……

ဒီနိုင်ငံမှာပဲ..ဆက်ရှိနေမယ်..နှင်း…..။

အချိန် မမှန်တဲ ့မြို ့ပတ်ရထားတွေ..ပေါ်မှာ… ဆက်ရှိနေမယ် ။

လူတန်းစေ ့ မနေရတဲ ့…. ဘဝတွေကြားမှာ…. ဆက်ရှိနေမယ် ။

မသေသင့်တဲ ့ရောဂါလေးတွေနဲ ့… သေနေရတဲ ့ ဆင်းရဲသား တွေကြားမှာ…..ဆက်ရှိနေမယ် ။

ပညာ မသင်ရပဲ… လမ်းဘေးရောက်နေတဲ ့……

ကလေးငယ်တွေ အတွက်..ပူဆွေးသောကရောက်ရင်.း…

သူ တို ့ကို…ဘယ်လို ကူညီပေးနိုင်မလဲ…. လို ့..နည်းလမ်းတွေ…ရှာပေးရင်း…..ဆက်ရှိနေမယ် ဟာ..။

ရှေ ့က..ပြင်…………

နောက်က ပျက်တဲ ့ လမ်းတွေ.ပေါ်မှာ….ဆက်ရှိနေမယ်

ဝင်ငွေနဲ ့ ထွက်ငွေ မမျှတ တဲ ့ ဘဝတွေ…ထဲမှာ..ဆက်ရှိနေမယ်

တစ်ရက် အလုပ် မလုပ်နိုင်ရင်..တစ်ရက် ထမင်း ငတ်တဲ ့….အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှာ တဲ ့ အလုပ်သမားတွေကြားမှာ…ဆက်ရှိနေမယ် ။

အူမ မတောင့်လို ့… သီလ မစောင့်နိင်တော့တဲ ့……… ချို ့တဲ ့နွမ်းပါးသူတွေ….ကြားမှာ…ဆက်ရှိနေမယ်

ရေစီးရေလာ..ပိတ်ဆို ့နေတဲ ့….. မြောင်းတွေ… ကြောင့်.. မသန် ့ရှင်းတော့တဲ ့ မြို ့တော်မှာ…..

စည်းကမ်း ထိန်းသိမ်းမှု နဲ ့ လာဘ်ပေး..လာဘ်ယူ မှု တွေ …….ရောထွေးနေလို ့…

မလှပတော့တဲ ့ မြို ့တော်မှာ…………….

ပြော ရေး ဆို ခွင့် ဆိုတာတွေ..နည်းပါးလို ့……

မွဲပြာ ပုဆိုးက…. တက်မလာတဲ ့…

ဖန်တီးမှုတွေ.နဲ ့ ဒီမြို့တော်မှာ….

ငါ………………….

ဆက်ရှိနေမယ် ချစ်သူ..။

*****************************************************************************************8

သို ့….

ချစ်သော..နှင်း….

ခံစားချက် ပြင်းထန်စွာနဲ ့…

ဒီစာကို..ငါရေးလိုက်တယ် ။

မြန်မာ ့ဆက်သွယ်ရေး..စာတိုက် ပုံး ကလေးထဲ… ထည့်လိုက်ရင်…

ဒီစာက မင်းဆီ..ဘယ်အချိန်လောက်မှ ရောက်မလဲ..ဆိုတာ…မခန့်မှန်း နိုင်ဘူး ။ ကြားမှာ..ပျောက်ခြင်း မလှလည်း..ပျောက်သွား နိုင်သေးတယ်လေ ။

ဒါကြောင့်….

မနက်ဖြန်မှာ… ဒီ နိုင်ငံက အချိန် အတော်ကြိီးကြာအောင်… ထွက်သွားတော့မယ့်… မင်းဆီ…

G Mail နဲ ့ပဲ..ပို့လိုက်တယ် ။ ( ဒါတောင်မှ… အင်တာနက် လိုင်းတွေက ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေလို ့.. အတော်လေး စိတ်ရှည်ရှည်ထားပြိး..ပို ့လိုက်ရတာ )

ချစ်သော……နှင်း…..

ငါ့က်ို…..
ထားခဲ့ပါ ။

ဒီနိုင်ငံ ဒီ လူမျိုး… ၊ဒီ ဘာသာ နဲ ့ ဒီ သာသနာကို မှ….

ချစ်မြတ် ကျွမ်း ဝင်..တွယ်တာ …နစ်ဝင်လွန်းသူ..ငါ့က်ို.. ထားခဲ ့ပါ ။

ငါ ချစ်တဲ ့…မင်း က…

မင်း ချစ်တဲ ့ ငါ..ကိုပဲ.. ချစ်တတ်တာပါ ။

မင်းချစ်တဲ ့..ငါ..က တိုင်းပြည် တစ်ခု လုံ့း ကို ချစ်နေတာ..ဟ။

ငါ ချစ်တာ..မင်း တစ်ယောက်ထဲ… မဟုတ်ဘူး ။

ငါ့ရင်ထဲမှာက..မင်း…တစ်ယောက်ထဲ.ကို… ချစ်တဲ ့အချစ်တွေ…. င်္သီးသန် ့..ရှိ မနေဘူး ။

ငါ……

ဒီ နိုုင်ငံ ချစ်တယ် ။

ဒီ လူမျိုး.. ဒီ ဘာသာ..ဒီ သာသနာကို.ချစ်တယ် ။

ငါ ချစ်တဲ ့ မင်း…… အပါအဝင်..ဒီ တိုင်းပြည်က….. ပြည်သူ ပြည်သားတွေ..အားလုံးကို.. ငါ….ချစ်တယ် ။

အဲဒါ…..

အပြစ်တစ်ခုလား ။

========================================================================================

မင်း… ခေါ်ရာကို…..

ငါ..မလိုက်နိုင်ဘူး ။

မင်းက…ပညာ တွေ..သိပ် တတ် လွန်းတဲ ့ မိန်းမ တစ်ယောက်ပါ ။

( ဒါပေမယ့်..မင်း တတ်ထားတဲ ့ပညာ ဆိုတာတွေက… ငါတို ့..တိုင်းပြည် အတွက် မဟုတ်တော့ဘူးနော် ။ )

မင်းတတ်တဲ ့ပညာနဲ ့…ထိုက်တန်တဲ ့… အကျိုးရလဒ်တွေ…ရမယ့်..အခြားသော နိုင်ငံတွေ..ဆီ… မင်းသွားတော့မယ်ပေါ ့ ။

အေးလေ…………… ငါ မင်းကို အပြစ် မဆိုပါဘူး ။

ငါတို ့တိုင်းပြည်မှာက……

ပညာနဲ ့ ထိုက်တန်တဲ ့အကျိုးရလဒ် တွေ.ပြန်ရဖို ့.ဆိုတာ….

အခွင့်အရေးတွေ..နည်းပါးတာကိုး…။

( ပညာ နဲ ့ ထိုက်တန်တဲ ့အကျိုးရလဒ် ဆိုတာကို..ငွေကြေးဥစ္စာ အတိုင်းအတာတွေနဲ ့ တိုင်းတာရင်ပေါ့လေ..။)

မင်း…. တတ်ထားတဲ ့ပညာနဲ ့… ဒီနိုင်ငံမှာ… လုပ်ကိုင် စားသောက်ရင်…..

မင်း ဘဝ က..တောက်ပြောင်မှာတော့ မဟုတ်ဘူးပေါ့ ။

င်္ဒီတော့……

မင်း ဘဝ ကောင်းစားဖို ့…..

ထိုက်တန်တာတွေ..ပြန်ရမယ်… လို ့..မင်း ထင်တဲ ့တိုင်းပြည် တွေဆီ… သွားပါ ။

သွား ပါ တော့ ဟာ…..။

တစ်ခုပဲ… ငါ..ဝမ်းနည်းတယ် ။

မင်းလို..ပညာရှင်တစ်ယောက်…

ဒီတိုင်းပြည် က…. ထွက်ခွါ သွားတာ… ဒီ တိုင်းပြည် ရဲ ့ ဆုတ်ယုတ်မှု တစ်ခုပါပဲ ။

လူ ့စွမ်းအား ဆုတ်ယုတ်မှု လို ့.. ခေါင်းစဉ်ကြိးကြီး..တပ်လို ့ရမယ် ထင်တယ်နော့ ။

မင်းလို…တိုင်းပြည်ကို…စွန့်ခါွ သူတွေ..များလာတဲ ့အခါ……

ဒီတိုင်းပြည် ရဲ ့ လူ စွမ်းအား… ဆုတ်ယုတ်မှုု ကလည်း ပို သိသာ လာမှာပေါ့ ။

============================

မင်းက………

ငါ့က်ို ခေါ်တယ် ။

လိုက်ခဲ့ ပါလား…. တဲ ့။

ထပ်ပြောပါ့မယ် ။

ငါ……

မလိုက်နိုင်ဘူး ။

ထပ်ပြောရင်လည်း…ဒီ စကားပါပဲ..။

*********************************************************************

ငါ….

ပညာတွေ…

သိပ်မတတ်ပါဘူး ။

ငါက… အသက်မွေးဝမ်းကျောင်း ပညာလေး တစ်ခု ပဲ… တတ်ထားတာပါ ။

ဒါပေမယ့်…… အဲဒီ တတ်သလောက်လေးနဲ ့ပဲ ….

ငါ…နေခဲ့မယ် ။

ငါ…စာတွေ..ရေးနေပြီ ။

စာပေ အနုပညာကိုလည်း..အသက် လို … ချစ်တတ်နေပြီ ။

စာပေအနုပညာရယ်……. ငါရယ်… ဒီတိုင်းပြည် ရယ်…

ဘယ်လိုမှ ခွဲခြားလို ့မရအောင်လည်း..ပေါင်းစပ်….တွယ်ငြ်ိ ခဲ့ပါပြီ ။

ငါ…စာတွေ ရေးမယ် ။

ငါ ရေးသမျှ စာတွေထဲမှာ….

ဒီတိုင်းပြည်..ဒီလူမျိုး..ဒီဘာသာ သာသနာ အတွက်….

ကောင်းသည်ထက်ကောင်းစေချင်တဲ ့ စေတနာတွေ….

ထည့်ရေးမယ်…။

ငါ..စကားတွေ…. ပြောမယ် ။

ငါ ပြောသမျှ စကားတိုင်းမှာ………

ငါ့တိုင်းပြည်…../ ငါ့ လူမျိုး..ဘာသာ သာသနာ..အတွက်….

ဒီ ထက် ပိုကောင်းလာစေချင်တဲ ့… စေတနာ …ပါ စေ ရပါ့မယ် ။

ငါ..ပြောသမျှ စကားလုံးပေါင်း များစွာ….

ငါရေးသမျှ… စာသားများစွာ….ကို ဖတ်ပြီး….

တစ်ယောက်လောက်ပဲ.ဖြစ်ဖြစ်…..

အကျိုးရှိသွားမယ်..ဆိုရင်တောင်…. ငါ မရှုံးဘူး ။

ငါ..ရေးရ / ပြောရ တာ တန်မှာပါ ။

င်္ဒီလို………………….

ရူး တဲ့ ကောင်လေးကို….

မင်း…..

ထားခဲ့လိုက်ပါတော့ကွာ….။

***************************************************

စာရေးဆရာ လုပ်ရင်….

ထမင်း ငတ်မှာပေါ့….. လို ့…

မင်းပြောခဲ့တယ်နော် ။

ဟုတ်တယ်လေ ။

ဒီနိုင်ငံမှာ..စာရေး ဆရာ ….လုပ်ရင်…ငတ်မှာပဲ ။

ဒါပေမယ့် …..

ငါ…. စာတွေ..ဆက်ရေးနေဦူးမယ် ။.

တခြားနိုင်ငံတွေမှာ…ဆို….

စာရေးဆရာ တစ်ယောက် ဖြစ်ရင်…

လူချမ်းသာ စာရင်း ဝင်ပါတယ် ။

ဂျေကေရိုလင်း လို ဟယ်ရီပေါ်တာဇာတ်လမ်းတွဲ..စာအုပ်မျိုးတွေ…. ငါတို ့နိုင်ငံမှာ..ရေးနိုင်တဲ ့ သူတွေ ရှိပါတယ် ။ ။

ဒါပေမယ့်….ရေး ရင်… ဖတ်မယ့်သူ…. သန်းနဲ ့ ချီ မရှိဘူး ။

ဒီတော့ ဂျေကေရိုလင်းလို… သန်းကြွယ် သူဋ္ဌေး မဖြစ်နိုင်ဘူး ။

ပြီးတော့….

ငါတို ့ စာပေ သမားတွေ…ရေးချင်တာကို လွတ်လပ်စွာ…ရေးသားပြောဆိုခွင့်……

………………………………………………………။

ထားပါတော့ဟာ……။

ငါတို ့ တိုင်ပြည်မှာ…. စာရေးဆရာဖြစ်ရင်..အလွန်ဆုံး… ကားစုတ်စုတ်ကလေး တစ်စီးလောက် စီးနိုင် ရုံပါပဲ ။

ဒါတောင်.. သေတဲ ့အထိ..လိုင်းကား. ကျပ်ကျပ်ကို တိုးစီး သွားရတဲ ့ စာရေးဆရာ ကြီးတွေ… အများကြီးရှိခဲ့တယ် ။

ဟိုတလောကတောင်…………………

ကာတွန်းလေးတစ်ကွက် ဖတ်လိုက်ရသေးတယ် ။

ယောကျာ်းလုပ်သူက သတင်းစာ ဖတ်နေတာ…။

မိန်းမ လုပ်သူကို… သတင်းစာထဲမှာ ပါတဲ ့သတင်းလေးကို..လှမ်းအော်..ပြောလိုက်တဲ ့ပုံလေး..။

သတင်းက တိုတ်ိုလေးပါ ။

” ကဗျာဆရာ မောင်မွဲပြာ….

ကြက်ရိုး.စူးလို ့..သေပြီ….တဲ ့ “

အဲဒါပါပဲ ။

ကာတွန်းလေးက အဲဒါပဲ ။

ဒါပေမယ့်… ငါတို ့တိုင်းပြည်က ကဗျာဆရာလေးတွေရဲ ့အခြေအနေ… ပေါ်သွားတယ် ။

ဒါက..စကားကြုံလို ့ပြောပြတာပါ ။

ငါတို ့တိုင်းပြည်မှာ…..

စာမူခ နဲ ့…………………

အသက်ရှင်လို ့.. မရ ဘူး ။

စာ မူ ခ နဲ ့ အသက် ရှင် လို ့…. မ ရ ဘူး ။

ဒါပေမယ့်……………………………

ငါ..စာတွေပဲ…ဆက်ရေးနေမယ်ကွာ….။

**************************************************************************

ငါလေးစား. မြတ်နိုးတဲ ့ စာရေးဆရာ ကြီးတစ်ယောက်ရှိ တယ် ။

သူ ့ကို မင်း..သိမှာ ပါ ။

စာရေးဆရာကြီး..ပီမိုးနင်း…. လေ ။

ငါကတော့……

ဆရာကြိး ပီမိုးနင်းကို…

ငါ့ရဲ ့ကျေးဇူးရှင် မြန်မာ ပညာရှိကြီး လို ့ သတ်မှတ်တယ် ။

သူဟာ…..

ဒီတိုင်းပြည်က… လူငယ်တွေက်ို…. တိုးတက်အောင်မြင်စေချင်လွန်းလို ့…..

လမ်းညွှန်ဆုံးမတဲ ့ အောင်မြင်ရေး တက်ကျမ်းတွေ…..

အများကြီး..ရေးသားပြုစုခဲ့တယ် ။

သူ ကိုယ်တိုင်ကတော့……..

ဆင်းရဲ ချို ့တဲ ့စွာ…နေထိုင် အသက်ရှင်ပြီး…

မလှမပ ပဲ..သေဆုံးသွားခဲ့တယ် ။

ဆရာကြီး ပီမိုးနင်းကို….

ငါ…. လေးစားတယ် ။

ငါ..ဘယ်လို..သေသေ….

ငါရေးတဲ ့စာတွေ….

မသေစေရဘူး ။

***************************************************************************

ထားခဲ့ပါ…. နှင်းရယ်……

ငါ..မျက်ရည်မကျပါဘူး ။

ထိန်းမနိုင် သိမ်းမရ…. မျက်ရည် နည်းနည်းပါးပါး.ကျမိရင်တောင်…..

ခေါင်းငုံ ့ ချတတ်အောင်..ငါ..သင်ယူ ထားပါတယ် ။

ငါကတော့……

ဒီနိုင်ငံမှာပဲ..ဆက်ရှိနေမယ်..နှင်း…..။

အချိန်မမှန်တဲ ့မြို ့ပတ်ရထားတွေ..ပေါ်မှာ… ဆက်ရှိနေမယ် ။

လူတန်းစေ ့ မနေရတဲ ့…. ဘဝတွေကြားမှာ…. ဆက်ရှိနေမယ် ။

မသေသင့်တဲ ့ရောဂါလေးတွေနဲ ့… သေနေရတဲ ့ ဆင်းရဲသား တွေကြားမှာ…..ဆက်ရှိနေမယ် ။

ပညာ မသင်ရပဲ… လမ်းဘေးရောက်နေတဲ ့……

ကလေးငယ်တွေ အတွက်..ပူဆွေးသောကရောက်ရင်.း…

သူ တို ့ကို…ဘယ်လို ကူညီပေးနိုင်မလဲ…. လို ့..နည်းလမ်းတွေ…ရှာပေးရင်း…..ဆက်ရှိနေမယ် ဟာ..။

ရှေ ့က..ပြင်…………

နောက်က ပျက်တဲ ့ လမ်းတွေ.ပေါ်မှာ….ဆက်ရှိနေမယ်

ဝင်ငွေနဲ ့ ထွက်ငွေ မမျှတ တဲ ့ ဘဝတွေ…ထဲမှာ..ဆက်ရှိနေမယ်

တစ်ရက် အလုပ် မလုပ်နိုင်ရင်..တစ်ရက် ထမင်း ငတ်တဲ ့….အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှာ တဲ ့ အလုပ်သမားတွေကြားမှာ…ဆက်ရှိနေမယ် ။

အူမ မတောင့်လို ့… သီလ မစောင့်နိင်တော့တဲ ့……… ချို ့တဲ ့နွမ်းပါးသူတွေ….ကြားမှာ…ဆက်ရှိနေမယ်

ရေစီးရေလာ..ပိတ်ဆို ့နေတဲ ့….. မြောင်းတွေ… ကြောင့်.. မသန် ့ရှင်းတော့တဲ ့ မြို ့တော်မှာ…..

စည်းကမ်း ထိန်းသိမ်းမှု နဲ ့ လာဘ်ပေး..လာဘ် ယူ မှု တွေ …….ရောထွေးနေလို ့…

မလှပတော့တဲ ့ မြို ့တော်မှာ……

ပြောရေးဆိုခွင့်ဆိုတာတွေ..နည်းပါးလို ့……

မွဲပြာ ပုဆိုးက…. တက်မလာတဲ ့…

ဖန်တီးမှုတွေ.နဲ ့ ဒီမြို့တော်မှာ….

ငါ………………….

ဆက်ရှိနေမယ် ချစ်သူ..။


***********************

ဘတ်စ်ကား ကျပ်ကျပ်ကို…… ငါ တိုးစီးနေဥှီးမယ် ။

မသန် ့ရှင်း မလတ်ဆက်တော့တဲ ့….

အစားအစာတွေ ကို…. ငါ.စားနေဥိီးမယ် ။

သတင်းမှား တွေကိ်ု…. ငါ..ဖတ်နေဦးမယ် ။

မတရား../ မမျှတ တဲ ့…. လူနေမှုု ဘဝ ထဲမှာ…. ငါ ဆက်..ရပ်တည်နေဦးမယ် ။

ဖွင့်ကြည့်လို ့.. ဘယ်တုန်းကမှ မရတဲ ့.( ရပါပြိီ လို ့..သူတို ့ပြောနေတဲ ့…)

အင်တာနက် ဝက်ဘ်ဆိုက်တွေက်ို…ရ နိုးနိုးနဲ ့….. ငါ…ဖွင့်ကြည့်ဖြစ်ဥးိမယ် ။

ငါပြောချင်တဲ ့……..

အဓိပ္မါယ် ဆီရောက်အောင်….

သွယ် ဝိုက် ပြီး….. ငါ..စာတွေ…ရေးနေဥိီးမယ် ။

တည့်တည့်ရေးရင်… ဘေးဖြစ်တတ်တဲ ့အကြောင်း… ငါ..သိ နေဥိီးမယ် ။

လူတွေ..မပြောင်း/ မူတွေ မပြောင်းပဲ…. စကားလုံးလေးတွေ.ပြောင်းသွား ရုံ နဲ ့….

ကောင်းလာပါပြီ….လို ့…. ( မကောင်းမှန်းလည်း.သိ သိကြိးနဲ ့…. ) ကိုယ် ့စိတ်ကိုယ်..ဖြေသိမ့်နေရဦးမယ် ။

ဟော…တွေ ့လား….

ငါ..ဘာတွေ..ပြောမိပြီလဲ…..။

မင်းကတော့…………………

လှပ သန် ့ရှင်းပြီး..နေပျော် တဲ ့ နေရာ တစ်ခု ဆီ..သွားရတော့မယ် ။

မင်း…….

ငါ့က်ု်ိ……

ချစ်မှန်း..ငါ သိပါတယ် ။

မင်းနဲ ့ အတူ………

ဇိမ်ရှိရှိ နေနိုင်မယ့်… နေရာ ကို..လိုက်ခဲ့ပါ…လို ့.. ခေါ်နေကတည်းက…ငါ သိပါတယ် ။

မင်းငါ့ကို ချစ်မှန်းငါသိတယ် ။

ဒါပေမယ့်………

ငါ ..တစ်ခုတော့ပြောမယ်..ဟာ..။

******************************************************************************

မင်းက……………

ငါ့ကု်ိ ပဲ…ချစ်တာ…။

ငါ့ လူမျိုး… ငါ့ ဘာသာ သာသနာကို… မင်း..သိပ်မချစ်တတ်သေးပါဘူး ။

ငါ့လူမျိုး..ဘာသာ သာသနာ ဟာ… မင်းရဲ ့ လူမျိုး..ဘာသာ သာသနာလည်းဖြစ်တယ် ။

ဒါပေမယ့်… မင်း…..ချစ်တဲ ့အချစ်နဲ ့…….

ငါ ချစ်တဲ ့အချစ်တွေက….

မတူညီကြဘူး…။

*******************************************************************************

ငါ..မင်းကို…… ချစ်ပါတယ် ။

ပြောမပြ တတ်အောင်… ချစ်ပါတယ်ကွာ..။

ဒါပေမယ့်……

ငါ…ဒီမှာပဲ… နေဦးမယ် ။

ဒီနိုင်ငံ../ ဒီလူမျိုး./ ဒီဘာသာ/ သာသနာ အတွက်….

သဲတစ်ပွင့်နေရာက ပဲ..ဖြစ်ဖြစ်../ အုတ် တစ်ချပ်နေရာကပဲ.ဖြစ်ဖြစ်…..

ငါ…တာဝန်ကျေချင်သေးတယ် ။

ငါ့မြေ… ငါ့ရေ..ငါ့ တိုင်းပြည်ကို…..

ငါ ………………….

ချစ်တယ် ။

ငါ့ လူမျိုး…..

ငါ့ ဘာသာ…

ငါ့ သာသာနာ…ကို….

ငါ့ အသက်လောက်..ထိ ချစ်တယ် ။

အဲဒါ…မင်း..ယုံ.။

*********************************************************************************88

နှင်းရေ…………..

မင်းကို…. ငါ…

တစ်ခုတော့….. ပြောချင်ပါတယ် ။

မင်း…အဲဒီကို ထွက်သွားပြီး….တဲ ့နောက်….

အဲဒီ မှာ……… နေပြီး……………

ရလာတဲ ့ အကျိုးရလဒ်တွေကို……… စုစည်းပါ ။

ပြီးရင်တော့…..

တစ်နေ ့နေ ့မှာ..ဒီကို….

ပြန်လာပါကွာ…။

ဒီလူမျိုး..ဒီဘာသာ / သာသနာ အတွက်……………..

မင်း…တတ်နိုင်တဲ ့….. တစ်ခုခုကို….

တစ်နေရာရာကနေ…..

တာဝန် ယူ ပေးပါကွာ…။

မင်းဘဝ…………..

လှပ လုံခြုံ သွားတဲ ့အချိန် အထိ….. မင်းရဲ ့ ပညာတွေကို…….

အဲဒီ နိုင်ငံ အတွက်…. ပေးဝေ..ပြီးရင်……

ဒီကို………………………..

ပြန်လာပါနော် ။

ဒီနေရာမှာ…..

ဒီတိုင်းပြည်မှာ……….

မင်းလို..ပညာရှင်တွေ…. လိုနေပါတယ် ။

အနစ်နာခံပြီး….. တိုင်းပြည် အကျိုးကို… ပညာပါပါ ဖြေရှင်း…တည်ဆောက်ပေးနိုင်မယ့်….

မင်းလို..ပညာရှင် လူငယ်တွေ…လိုအပ်နေတယ် ။

ဒီ တိုင်းပြည်မှာ……. ပညာရှင် လူငယ်တွေ….

လို အပ်နေတယ်…။

******************************************************************

ထိန်းထားတဲ ့ကြားက…….

စကားလေး တစ်ခွန်းတော့……

ထပ်ပြောပါရစေ….။

ငါတို ့ရဲ ့ ဗမာပြည်ကြီး…..

သာယာကောင်းမွန်…… လာတဲ ့တစ်နေ ့နေ ့ကို……

သွေးရူးသွေးတန်း…မျှော်လင့် တောင့်တ မိသလိုမျိုး………

မင်း…………………ပြန်လာမယ့်..နေ ့ကို…….

ငါတို ့………………………

မျှော်…နေ….မယ် ….။

———————————

မင်းရဲ ့…….

ချစ်သော……..

အလင်းဆက်

25 . 9 .2012

26 comments

  • အလင်းဆက်

    September 25, 2012 at 7:30 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities
    ဇ= http://myanmargazette.net/147491/arts-humanities
    ဈ = http://myanmargazette.net/147883/creative-writing
    ည= http://myanmargazette.net/148098/arts-humanities
    တ =http://myanmargazette.net/149512/arts-humanities
    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • may flowers

    September 25, 2012 at 8:09 pm

    အင်း………ပြောချင်တာတွေတော့ များကြီးပဲ..ဒါပေမဲ့ ထိန်းထားလိုက်ပါတော့မယ် :ha:

    ခံစားဖတ်ရှု သွားပါတယ်အလင်းဆက်ရေ ဒီပိုစ့်လေးထဲ အလင်းဆက်ရဲ့ စေတနာတွေထဲ့ထားတယ်ထင်ရဲ့။

  • ကြောင်လေး

    September 25, 2012 at 8:53 pm

    ထိမ်းထားရတာတွေများလို့လားမသိ…ပြောမဲ့ပြောတော့ အိတ်သွန်ဖာမှောက်၊ ပုံးဖောက် အိုးလှန် ၊တစ်ခုမကျန် အမှန်တွေကြီးပါပဲလားဆရာလေးရယ်……..

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 9:08 pm

    စာရေးဆရာ လုပ်ရင်…
    ထမင်း ငတ်မှာပေါ့….. လို ့…
    မင်းပြောခဲ့တယ်နော် ။
    ဟုတ်တယ်လေ ။
    ဒီနိုင်ငံမှာ..စာရေး ဆရာ ….လုပ်ရင်…ငတ်မှာပဲ ။
    ဒါပေမယ့် …..
    ငါ…. စာတွေ..ဆက်ရေးနေဦူးမယ် ။

    ဟုတ်တယ် ..
    ကျုပ်လည်း ဆက်ရေးနေဦးမယ် …
    ဒါဘဲ …

  • တေလေ

    September 25, 2012 at 9:10 pm

    စိတ်ရှည်လက်ရှည်နဲ့ရေးထားတဲ့ပို့စ်လေးကို အားပေးသွားပါတယ် ၊

    ပြောရေးဆိုခွင့်ဆိုတာတွေ..နည်းပါးလို ့……

    မွဲပြာ ပုဆိုးက…. တက်မလာတဲ ့…

    ဖန်တီးမှုတွေ.နဲ ့ ဒီမြို့တော်မှ

    ခင်တဲ့

    တေလေ

  • မောင်ပေ

    September 25, 2012 at 9:40 pm

    သို ့
    ချစ်သောလင်း
    ယပလက်မှာ ဟိုဟာလုပ်ဖို ့ဆိုပြီး
    မင်းသွားခဲ့တာ ၁လကျော်ကြာခဲ့ပြီမို ့
    အခုလောက်ဆိုရင် အနာကျက်ပြီး အသားကျနေလောက်ရောပေါ့
    အခုဆိုရင် တရုတ်ပြည်ကြီးမှာ ၊ ဦးရေနည်းလို ့လုနေကြတယ်လို ့အသံတွေကြားနေရတယ်
    မင်းတစ်ယောက် ဘယ်မှမရောက်ပဲ
    တို ့နိုင်ငံကို တန်းတန်းမတ်မတ်
    ပြန်လာ လုပ်ကျွေး ပြုစုနိုင်ပါစေလို ့
    မင်းကြီးရဲ ့
    ချစ်သော
    ပေ….။
    ဟီဟိ
    ညီငယ် အလင်းစက် ရေ ၊ ပေါ့ပေါ့ပါးပါးမန် ့ခဲ့လိုက်ပါတယ်

  • ကိုခင်ခ

    September 25, 2012 at 10:56 pm

    ထိန်ချန်
    ထားတဲ့စကားတွေကို ပြောလိုက်တော့မယ်ဆိုပြီး
    ထပြီးပြောမယ်လုပ်တော့ မင်းကစိန်ခေါ်တာလားတဲ့ ဒါနဲ့ဘဲ
    ထိုင်ပြောမယ်ဆိုပြန်တော့ မင်းကမလေးစားတဲ့သဘောလားတဲ့ ဒီလိုနဲ့ဘဲ
    ထားလိုက်တော့မယ် ပြောမနေတော့ဘူးလို့နေလိုက်ပြန်တော့
    ထိန်ချန်ထားတယ်ဖြစ်ရပြန်ရော၊ ကဲအဲဒီတော့
    ထပြောလို့လဲမရ
    ထိုင်ပြောလို့လဲမဖြစ်
    ထားလိုက်တော့မယ်ဆိုလဲမဟုတ်နဲ့ ကိုအလင်းဆက်ရေ ဘယ်လိုပြောရင်ရမလဲ
    စဉ်စားကြရအောင် ဒို့တွေ ဒ ကို သာ ဒိုး ကြပါစို့ဗျာ။

  • pazflor

    September 26, 2012 at 2:12 am

    ကိုအလင်းဆက်ခင်ဗျာ…တိုင်းပြည်အတွက်ထားတဲ့စိတ်ဓါတ်ကိုလေးစားပါတယ်။
    နိုင်ဂံဂျားထွက်တာလည်း loss မဟုတ်ပါဗျာ။ gain ပါ။

  • kai

    September 26, 2012 at 4:05 am

    “တစ်ခုပဲ… ငါ..ဝမ်းနည်းတယ် ။
    မင်းလို..ပညာရှင်တစ်ယောက်…
    ဒီကမ္ဘာက…. ထွက်ခွါ သွားတာ… ဒီကမ္ဘာ ရဲ ့ ဆုတ်ယုတ်မှု တစ်ခုပါပဲ ။

    လူ ့စွမ်းအား ဆုတ်ယုတ်မှု လို ့.. ခေါင်းစဉ်ကြီးကြီး..တပ်လို ့ရမယ် ထင်တယ်နော့ ။
    မင်းလို…ကမ္ဘာကို…စွန့်ခါွ သူတွေ..များလာတဲ ့အခါ……
    ဒီကမ္ဘာရဲ ့ လူ စွမ်းအား… ဆုတ်ယုတ်မှုု ကလည်း ပို သိသာ လာမှာပေါ့ ။

    မင်းကို ဒီကမ္ဘာမြေရဲ့.. အင်မတန်လှတဲ့.. အုန်းပင်တွေနဲ့ပင်လယ်ကမ်းခြေရွာကလေးတရွာမှာ.. မွေးခဲ့တယ်.။
    တတိယကမ္ဘာစစ်ဖြစ်ပြိးတဲ့အခါ.. အနုုမြူမှုန်တွေ.. အနုမြူဆောင်းတွေရဲ့ဒဏ်တွေကြား.. ကြံ ့ကြံ့ခံရင်း. တဖုတ်ဖုတ်သေကုန်ကြတဲ့.. ရောင်ခြည်သင့်သူတွေကို မကူ..မစောင့်ရှောက်ပဲ.. မင်းက.. ဟိုး…ရောင်ခြည်လွတ်ရာ. မြောက်ဝင်ရိုးစွန်းတွင်းနက်ထဲ.. သုတေသနတွေလုပ်နေခဲ့တယ်.
    အခုတော့.. မင်းက ကမ္ဘာမြေကိုစွန့်.. အင်္ဂါဂြိုလ်ဆီ သွားပြီပေါ့..

    ပျော်နိုင်ပါစေလေ..
    ခလုပ်တချက်နှိပ်ယုံနဲ့.. လိုချင်တာရနိုင်တဲ့.. မြေနီတွေနဲ့ စိန်ပေါ.. ရွှေပေါ.. အကုန်ပေါတဲ့.. မြေနီကမာ္ဘတုမှာ.. မင်းပျော်ပါစေ..။”

    “ငါ…ဒီကမ္ဘာမှာပဲ… နေဦးမယ် ။
    ဒီကမ္ဘာ../ ဒီလူသားမျိုုးနွယ်./ ဒီဘာသာစကား အတွက်….

    သဲတစ်ပွင့်နေရာက ပဲ..ဖြစ်ဖြစ်../ အုတ် တစ်ချပ်နေရာကပဲ.ဖြစ်ဖြစ်…..
    ငါ…တာဝန်ကျေချင်သေးတယ် ။

    ငါ့မြေ… ငါ့ရေ..ငါ့ ကမ္ဘာကို…..
    ငါ ………………….
    ချစ်တယ် ။

    ငါ့ လူမျိုးနွယ်…..
    ငါ့ ဘာသာစကား…
    ငါ့ အသက်လောက်..ထိ ချစ်တယ် ။
    အဲဒါ…မင်း..ယုံ.။”

    “စကားအတင်းစပ်..
    လူ့အသက် နှစ် ၁၀၀ဝ ဆွဲဆန့်လို့ရတဲ့ နည်းပညာ အင်္ဂါဂြိုလ်မှာ.. အသစ်ပေါ်နေပြီကြားတယ်..။ ငါအဲဒါ.. ရနိုင်မလား.. ” :harr:

    မှတ်ချက်။ ။ ခရစ်နှစ် ၂၁၅ဝ တွင် လူတို့ပျမ်းမျှအသက် ၅၀ဝ နှစ်ရှိ၍.. တတိယကမ္ဘာစစ်ဖြစ်ပြီး.. မြေကမ္ဘာပျက်ကာ.. အလွန်တိုးတက်နေသော အင်္ဂ ါဂြိုလ်တွင်.. တခြားစင်္ကြာဝဌာမှ အေလီယံများနှင့် လူသားတို့မျိုုးစပ်ပြီး. “လူယန်”မျိုးနွယ်စုရှိခဲ့သည်..။
    ထိုကမ္ဘာနီ(အင်္ဂ ါဂြိုလ်)သို့.. “သူမ” သွားခဲ့ခြင်းဖြစ်ကြောင်း.. ) :kwi:

  • MaMa

    September 26, 2012 at 8:16 am

    ထွက်သွားပါနှင်း။
    ပညာပြည့်ဝ နှလုံးလှပြီး ပြန်လာမယ့်နေ့ကို ငါစောင့်မျှော်နေပါတယ်လို့… :harr:

  • ကြောင်ကြီး

    September 26, 2012 at 8:27 am

    ထ..ထုတ် ထုတ်
    ဝက်နားရွက်သုပ်
    သောက်တုပ်ပလုပ်
    ကြောင်ဖြတ်ခုတ်
    ရုတ်ရုတ် ရုတ်ရုတ်
    ပြည်ရွှာရှုပ်
    ဟုတ်ဟုတ် မဟုတ်ဟုတ်
    ဝါးရင်ဒုတ်..။

  • ရွှေ ကြည်

    September 26, 2012 at 11:05 am

    အလက်ဆင်းတယောက်တော့ နှင်းပျောက်တဲ့နွေဖြစ်တော့မှာပေါ့နော်..။
    ခံယူချက်ကတော့ပြင်းပါပေ့တော်..။

  • ပန်းစံပါယ်

    September 26, 2012 at 12:45 pm

    ” ငါ ချစ်တဲ ့…မင်း က…

    မင်း ချစ်တဲ ့ ငါ..ကိုပဲ.. ချစ်တတ်တာပါ ။

    မင်းချစ်တဲ ့..ငါ..က တိုင်းပြည် တစ်ခု လုံ့း ကို ချစ်နေတာ..ဟ။

    ငါ ချစ်တာ..မင်း တစ်ယောက်ထဲ… မဟုတ်ဘူး ။

    ငါ့ရင်ထဲမှာက..မင်း…တစ်ယောက်ထဲ.ကို… ချစ်တဲ ့အချစ်တွေ…. င်္သီးသန် ့..ရှိ မနေဘူး ။

    ငါ……

    ဒီ နိုုင်ငံ ချစ်တယ် ။

    ဒီ လူမျိုး.. ဒီ ဘာသာ..ဒီ သာသနာကို.ချစ်တယ် ။

    ငါ ချစ်တဲ ့ မင်း…… အပါအဝင်..ဒီ တိုင်းပြည်က….. ပြည်သူ ပြည်သားတွေ..အားလုံးကို.. ငါ….ချစ်တယ် ။ “

  • ကထူးဆန်း

    September 26, 2012 at 1:10 pm

    သူကြီး လက်မ ပြန်မရတော့ ဘူးလား ခင်ဗျ ။ ထောင်စရာ မရှိဖြစ်နေပြီ ။ :kwi: ဘယာဘဲ ကြော်ခိုင်းရတော့မယ် ။ :hee:
    အလင်းဆက် ရေ .. ဘယာကြော်ပါ ။

  • kyeemite

    September 26, 2012 at 1:31 pm

    သဂျီးတင်ထားတဲ့ “လူယန်”မလေးအချိုးအဆစ်လှသနော်… :harr:

  • စိန်ဗိုက်ဗိုက်

    September 26, 2012 at 2:43 pm

    ထိန်းထားတဲ့ကြားက ထွက်သွားတဲ့မင်း ထမင်းငတ်ရင်တောင် ထမီ ခါးတောင်းကျိုက်ပြီး ပြန်လာမယ်မကြံနဲ ့
    ထွက်ပြီး စလစ်နံပတ်တစ်..ဗျစ်စ်..ဗျစ်စ်..ဗျစ်..စ်..

  • အလင်းဆက်

    September 26, 2012 at 7:15 pm

    may flowers ရေ…
    ကျွန်တော်တို ့… ထိန်းထား ရတဲ ့စကားတွေ/ ခံစားချက်တွေ…ကို
    တစ်နေ့နေ့တော့ ပြောပြခွင့်ရလာနိုး…နိုး…နဲ ့
    အင်း..ထိန်းထားတဲ့ကြားက….
    သက်ပြင်းချမိတယ် ။
    သူကြီးပြောပြောနေသလို…
    နှစ်1000 ကျိန်စာ..သာ..ဆိုရင်….

    🙂
    ——————————–
    ကြောင်လေး…ရေ…
    ထိန်းထားရတာတွေက်ို….
    တည့်တည့်မပြောရဲသေးလို ့…
    ထိ်န်း…ပြိးပြောလိုက်ရတာပါ ။
    အဟိ ။
    ကျွန်တော့်ကို မထိန်းသိမ်းကြပါနဲ ့ဦးနော် ။
    🙂
    —————————————–

    ်မဟာ..အံစာကြီးရေ….

    ခံယူချက်ချင်း တူညီကြပြီပေါ့နော် ။
    တူတူ ငတ်ကြစို ့…။ ( စာရေးဆရာ လုပ်ရင်..ပြောပါတယ် ။ )
    ဒါပေမမယ့်… ထမင်းမငတ် ..အောင် ရေးဦးမယ့် အလင်းဆက်..ပါကွယ်…
    အဟိ ။
    🙂
    —————————————
    တေလေ…လေးရေ..
    စိတ်ရှည်ရှည်နဲ ့ရေးထားတဲ ့ ပိုစ့်ပါ ။
    စိတ်ရှည်ရှည်နဲ ့… ခံစားဖတ်ရှု သွားလို ့..
    ရေးရကျိုးလေး..နပ်ပါပြီ ။
    ကျေးဇူး..နော် ။
    🙂
    —————————————-
    ကိုကြီး…ပေ...
    ပေးစာလေးက..တညိုး…နော် ။
    အဟိ ။
    ဘာ ..လိုလို… ညာလိုလို…..
    ထပ်ရီလိုက်ဥိးမယ် ။
    အဟိ ။

    ဖတ်ရှု..ခံစားပြီး.. မန် ့သွားလို ့ကျေးဇူး..ကိုကြီးပေ….
    နောက်လာမယ့်… အက္ခရာများနဲ ့…..
    ခရီ းတစ်ခု အတူ သွားကြဦး စို ့နော် .

    🙂
    —————————————

    ကိုခင်ခင်ခခ.

    က မှ… အ ထိ အမှီလိုက်ပါ…ပြီး..
    အပီအပြင် ခံစား..ဖတ်ရှု.ပေးနေတာလေးတွေ ့တော့….
    ပြောမပြ တတ်အောင်…ကျေးဇူးတင်..ရပါတယ် ။

    ဒီတစ်ခါ……က -= မှ အ = အထိ ပြီးသွားလို ့…
    နောက်တစ်ခေါက်…. က = ကနေ..ပြန်… စ ဖြစ်ရင်….
    ခ = မှာ….
    ကိုခင်ခ ကို… ခင်ခင်မင်မင် ..ချစ်ခင်တဲ ့ အကြောင်း…ရေးမယ်ဗျာ.။
    အဟိ ။
    🙂
    ——————————-
    pazflor..ရေ
    အဲဒလိုလည်း… ယူဆလို ့ရဒါပေါ့နော် ။
    🙂
    ———————————
    သူကြီး..ခညာ…
    အဲဒါ…
    သိပ္မံ ဝတ္ထုတိုလား..ဟင် ။

    ပုံထဲက… ကောင်မလေးက..တားတားရဲ ့ နှင်း…မဟုတ်တာတော့သေချာပါပေ့ ။

    ဒါရှို…..အဲဒါ…က…
    တဂျိီးရဲ ့..နှင်း…. လား။
    ဟင်…….
    🙂
    ———————————————

    အန်တီမမ….

    ဖတ်ရှု.ခံစား လာလို ့…
    အနော်..ရေးအားတွေ..ရှိပြီးရင်း..ရှိရင်း….

    ဆက်လက်…ပြီး..
    အက္ခရာများနဲ ့ခရီးသွားခြင်းကို….
    လိုက်ပါ…ခံစားပေးပါဥင်္ီး ခညာ..။
    မ = မှာ….
    အန်တီမမ…. အကြောင်း… ဖြစ်လာ ../မလာ..ဆိုတာလေးတော့….
    မျှော်……ဟော် ဟော်…

    🙂
    ————————————-

    ဦးကြောင်....
    ထူးပေါင်…
    ရူးပေါင်….
    ကူး ယောင်..
    ဘူး..ဆောင်…

    အဲ.. ဘာတွေမှန်းလည် မသိ ။
    အဟိ ။
    🙂
    ——————————

    မမရွှေကြည်...

    တားတားက ခံယူချက်ပြင်း ထန်ပုံတော့…
    ပြောမနေနဲ ့တော့…
    ရေးချင်တိုင်းသာ…ချရေး မိရင်….

    ထ = မှာ..တားတား…အရင်ဆုံးရေးထားတာက.. တစ်ပုဒ်ပါ ။
    အဲဒီ တစ်ပုဒ်ကို…. မတင်ပြဖြစ်ပဲ….
    အခု..ပေးစာ.ဆန်တဲ ့
    ဝတ္ထုတို… လေး အဖြစ်..ပဲ..ပြန်လည် ရေးသား တင်ပြလိုက်ရတာပါ ။

    အခွင့်များ..သာ ခဲ့ရင်…

    အရင်တုန်းက.. ထ=…… ကို..
    တင်ပြ ချင်ပါသေးတယ် ။
    ဟယ် ..ဟယ်…..
    🙂
    ———————————–
    ပန်းစပါယ်..ရေ…………

    ဖတ်ရှု ခံစားပေးလို ့..
    ကျေးဇူးနော် ။

    ဆက်လက် အားပေးပါဥိးလို ့….
    🙂

    ——————————–

    ကထူးဆန်းကြီး..ရေ..

    ဟုတ်ကဲ ့..
    ဗယာကြော်ပါ…။

    ကျေးဇူးပါ ။
    ဗယာကြော်ပါ ။

    ပြောရင်းတောင်..စားချင်လာပြီ ။

    ရွာထဲက..ချက်တတ်ပြုတ် တဲ ့..
    ရွာသူများ…
    ဗယာကြော် နည်းလမ်းလေးများ..တင်ပြ ကြပါဦး ။

    🙂
    ___________________________-

    ဦးကြီး…မိုက်….

    အမြင်တွေ..မှန် နေ ပါလား ။ ။

    အချိုးအဆစ်တော့..တယ်လှ သကိုး..ဟိုးဟိုး…

    သိုေ့သာ်…..
    သတ္တု..ကိုယ်ထည်ကြိး ဖြစ်မယ်ဗျို ့… ဟို ့ဟို ့…
    အေးစက်စက်ကြီးနေမယ် ။
    အဟိ ။
    🙂
    ————————————

    စိန်ဗိုက်….

    ဗျစ်…ဗျစ်..ဆိုတာတွေက ဘာတုန်းဗျ ။

    ထိန်းထားတဲ ့ကြားက..ထွက်..ကျ ကုန်ပြီလား…။

    အဟိ ။
    🙂

    —————————————

    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

    ခင်မင်တွယ်တာသော…

    အလက်ဆင်း
    alinsett.art@gmail.com

  • ရဲစည်

    September 26, 2012 at 10:26 pm

    ဗရာဘိုပါ အူးလေး အလင်းဆက်ရေ…
    အလွန်ကောင်းပီး လက်ရာမြောက်တဲ့ အတွေးတွေ အတွက် အားကျမိပါကြောင်း….။

  • ဝင့်ပြုံးမြင့်

    September 26, 2012 at 11:22 pm

    ကိုသူရရဲ့စာတွေထဲ အနုပညာရဲ့ ရိုးသားမှုလေးတွေ တွေ့နေရတယ်။ နောင်ဆက်လက်ပြီး ဦးနှောက်ပေါက်ကွဲမှု အားကောင်းဦးမှာပါ။ ပြုံးတို့ကတော့ အဖွားကြီးဖြစ်ပြီး ဉာဏ်တွေလည်း ထိုင်းနေပြီဆိုတော့ ဆန်းသစ်တဲ့စာလုံးလေးတွေ ထုတ်လုပ်မှုအားကောင်းနေတဲ့ ကိုသူရကို မနာလိုဘူး၊ ဒါပဲ။

  • YE YINT HLAING

    September 27, 2012 at 1:30 am

    ကိုအလင်းဆက် ရေ ! ခုတလော အိပ်ချိန်ထဲ က စာဖတ်နေရတာမို့ သိပ်မမန့်ဖြစ်ဘူးဗျ ! အားလုံးကို ဖတ်ပြီး ကြိုက်နှစ်သက် အားကျမိပါတယ် ။ အကြော်စုံ ပါဗျို့ !

  • အလင်းဆက်

    September 27, 2012 at 6:11 pm

    အားကျ သွားတယ်..ဆိုတဲ ့..
    ဦးရဲ စည်.… ။

    အလွန်ကောင်းပြီး.. လက်ရာမြောက်တဲ ့ အတွေးတွေ...လို ့.
    အသိ်အမှတ် ပြုပေးလိုက်တော့…
    တားတား..ပျော်လိုက်တာ ဂျာ.။
    🙂
    ————————————

    မမပြုံး...
    မမပြုံးကျတော့ရော…
    ဘာသာပြန်တာမှာ…
    ဘုရင်မကြိးပဲ….ကို…
    တားတား..ဘာသာပြန်ထားတဲ ့ စာပိုဒ်လေးတွေ…ရှိတယ် ။
    အဲဒါလေးတွေ..တစ်နေ့နေ့..တင်ပြ ဥိးမယ် ။
    အဲဒီ အခါ…
    တားတား… ဘာသာပြန် စွမ်းရည်..ဘယ်လောက် …. စိတ်ပျက်ဖွယ်ကောင်းကြောင်း…..
    ရှု…..။

    မမပြုံးလို …. စာရေးဆရာမ တစ်ယောက်က…
    ချီးကျုူးစကားလေးတွေ..ပေးတော့….
    ဝမ်းသာရပါတယ်ဗျာ.။
    ဂယ် ။
    🙂
    ——————————————-
    ကိုရဲရင့်လှိုင်ရေ....

    မအားတဲ ့ကြားက…
    ကျွန်တော်ရေးတာလေးတွေကို…
    ဖတ်နေတယ်..ဆိုလို ့..
    ကျေးဇူးလည်းတင်တယ် ။
    ဝမ်းလည်း..သာ မိပါတယ် ဗျာ.။
    ကျေးဇူး..ထာဝရ….နော် ။
    နောက်လည်း..အားတဲ ့အချိန်လေးများမှာ…
    ကျွန်တော်… နဲ ့အက္ခရာများ..ခရီးသွားခြင်း…မှာ…
    လိုက်ပါ ခံစားပေးပါဥိးနော့ ။

    🙂

    အားလုံးကို….

    ထာဝရ ကျေးဇူးတင်လျက်….

    အလက်ဆင်း
    အဲ..

    အလင်းဆက်
    🙂

  • nature

    September 28, 2012 at 12:04 am

    ရသမြောက် အဓိပါယ်ပြည့်ဝတဲ့ အက္ခရာများနဲ့ ခရီးသွားခြင်း ကိုအားပေးလျှက်ပါ။ မြို့ပတ်ရထားနဲ့ခရီးသွားရင်တော့သတိထား။ ဂျပိုးကိုက်တယ်နာမည်ကြီးနေတယ်။ 🙂

  • အလင်းဆက်

    September 28, 2012 at 5:49 pm

    nature …ရေ…

    မြို့ပတ်ရထားမှာ.ဂျပိုးရော…
    ကြွက်တွေရော… ပေါမှပေါ..နော ့။
    အင်း…မြိုးပတ်ရထားခတွေ ..ဈေးကြိးသွားတဲ ့နေ့နောက်ပိုင်း…မှာ..
    ကျွန်တော်လည်း…. အက္ခရာများနဲ ့ပဲ..ခရီးသွားတော့တယ် .။
    မြို ့ပတ်ရထားနဲ့ မသွားတော့ဘူး။

    ဘတ်စ်ကားကိုတိုးစီးရတာလည်းမလွယ်ပါဘူးဗျာ.။
    စက်သံ ဆူလွန်း ညံလွန်း.။ စက်အပူရှိန် ပူလ၊ွန်း…
    အချိန်ကြာလွန်း….
    ဈေးကြီး လွန်း ( အထူးကားဆို ပိုတောာင်ကြီးသေး..)
    အဲဒီလို ဒုက္ခတွေ.ဘယ်တော့များမှ ကျွတ်ပါ့မလဲ….

    ———————-

    ခရီးသွားခြင်းကို..လိုက်ပါ…စီးမျော… ခံစားပေးလာလို ့..
    ကျေးကျေးနော့် ။

    ခင်မင်လေးစားစွာ..
    🙂

  • htet way

    September 28, 2012 at 8:33 pm

    ဆရာလေး
    ကဗျာက သိပ်ကောင်းပါတယ် ရင်ထဲကို ထိရှ ခံစားလိုက်ရတယ် ဆရာအောင်ချိမ့် ကို
    သတိရမိပါတယ်။ဒါမျိုးကဗျာပုံစံတွေ တွေ ရယ်စရာမဂ္ဂဇင်းမှာ ဖတ်ရမြင်ရတယ်။
    ကျွန်တော် လေးစားပါတယ်။

  • surmi

    September 29, 2012 at 9:36 am

    နောက်ကျနေမိပြီ အလင်းဆက်ရေ
    ကျုပ်လည်းး
    ရောဂါနဲ ့မတဲ ့လို ့စားချင်တိုင်းစားမရတဲ ့ဘဝမှာ
    အသက်ရှင်အောင်ကြိုးစားရဦမယ်
    ခါးနာတတ်လို ့ မွေ ့ယာနဲ ့မအိပ်ရပဲ ဖျာကြမ်းပေါ်မှာလှဲရင်း
    ဂျပိုး အကိုက်ခံ ရဦးမယ် ။
    ရေးချင်တာတွေများပြီး ကိုရင့်လိုမရေးတတ်လေတော ့
    ဂဇက်မှာပဲ စောင် ့ဖတ်နေဦးမယ် ။

    :528:

  • အလင်းဆက်

    September 29, 2012 at 6:35 pm

    ဆရာထက်ရေ…
    အားပေးလို ့ ကျေးဇူးပါဗျာ.။
    ———————

    ဥိးဆာဆာ…
    ဒ = ဒီ ည ပဲ..တင်လိုက်မယ်..နော် ။

    အားပေးပါဦးရှင့် ။
    အဲ..လေ
    ဗျ ။
    🙂

Leave a Reply