သင်္ဘောသီးဟာသစာစုများ (၁)
ကျွန်တော်တို့ ကိုရီးယား Costal သဘောင်္လိုက်တုန်းကပေါ့။ သဘောင်္တစ်စီးမှာ မြန်မာ တစ်ယောက်စ နှစ်ယောက်စရှိပါတယ်။ သုံးယောက်ဆိုတာအလွန်ဆုံးဘဲလေ။ ကျွန်တော်ကတော့ထုံးစံအတိုင်း တစ်ယောက်တည်းဘဲလေ။ ဒီတော့လည်း မြန်မာစကားပြောချင်တာတို့ မြန်မာစာလေးစားချင်တာတို့ ဖြစ်မိတာပေါ့။ ဒါကလည်းမြန်မာပါတဲ့ သဘောင်္ချင်းတွေ့မှ အဆင်ပြေတာမဟုတ်လား ဒီတော့လည်း မြန်မာပါတဲ့ သဘောင်္တွေကိုမျှော်ရတာပေါ့။
ကိုရီးယားက ယိုဆူး ဆိုတဲ့မြို ့ က Tanker ဆိပ်ကမ်းတစ်ခုကိုရောက်ရင်တော့ မြန်မာပါတဲ့ သဘောင်္တွေ အမြဲတွေ့ရတတ်တယ်လေ။ တစ်ခါတစ်လေဆိုရင် တစ်ခြားနိုင်ငံကလာတဲ့ သဘောင်္တွေမှာမြန်မာတွေပါလာရင် မုန့်ဟင်းခါးတို့ ဘာတို့ စားရတတ်တယ်။ အဲဒီဆိပ်ကမ်းရောက်ရင်တော့ ကျွန်တော်မှာ နားချိန်မရှိတော့ဘူး သဘောင်္တွေလိုက်လည် ပြီးရင် စာအုပ်တွေလိုက်လဲနဲ့ အလုပ်ကိုဖြစ်နေတာပါဘဲ။ တစ်နေ့ ကျွန်တော်ဆီကို တစ်ခြားသဘောင်္က ကိုအောင်နိုင်ဆိုတဲ့လူရောက်လာတယ်။ ကျွန်တော်နဲ့လည်း တော်တော်ခင်ပါတယ်။ ညကို သူ့ဆီမှာ ထမင်းလာစားဖို့ လာခေါ်တာပါ။ ဒါနဲ့ ကျွန်တော်ဂျူတီပြီးတော့သူ့ဆီထွက်လာလိုက်တယ် အချိန်ကတော့ ညဆယ့်နှစ်နာရီကျော်ပါပြီ။ သူများတွေအဖို့ကတော့ အိပ်ချိန်ပေါ့ ကျွန်တော်တို့ အတွက်ကတော့ အဲဒီအချိန်မှ အားကြတာလေ။ ကိုအောင်နိုင်က ခရမ်းချဉ်သီးငါးပိချက်နဲ့ ဝက်သားပြုတ်ကြော် ချက်ထားတာ အတို့ အမြုပ်လေးလည်းပါတယ်ဆိုတော့ တကယ့်ကိုမြန်မာပြည်ပြန်ရောက်သွားသလိုပါဘဲ။ ကျွန်တော်တို့လည်း ကိုရီးယားဆိုဂျူးလေးရယ် ငါးပိချက်လေးရယ်ဆိုတော့ စားလို့ကောင်း သောက်လို့ကောင်းပေါ့။ ဒီအခိ်ျိန်မှာ သူ့သဘောင်္က ကိုရီးယားတစ်ယောက်ရောက်လာပြီး ကျွန်တော်တို့နဲ့ ဝင်ဝိုင်းပါရောလေ။ ကျွန်တော်တို့မှာလည်း သူ့ဧည့်ခံနေရတာနဲ့ စကားတောင် ကောင်းကောင်းပြောလို့မရတော့ဘူး။
ကျွန်တော်တို့နဲ့ ကိုရီးယားတွေရဲ ့ ပြောဆိုဆက်ဆံနေပုံကိုလည်းပြောပြရဦးမယ်။ ကိုရီးယား Costal မှာက ကိုရီးယားအဘိုးကြီးတွေများပါတယ်။ ဒီတော့ အင်္ဂလိပ်လို မပြောတတ်ကြတာကများပါတယ်။ ကျွန်တော်တို့ကလည်း ကိုရီးယားလိုမတတ်ကြတော့ ပြောဆိုဆက်ဆံရတာ တော်တော်လက်ပေါက်ကပ်ပါတယ်။ နိုင်ငံတကာ ဘာသာစကားဖြစ်တဲ့ လက်ဟန်ခြေဟန်နဲ့ပဲ ပြောဆိုလုပ်ကိုင်နေရတာပါ။ အဲဒါပေမယ့် အင်္ဂလိပ်လို မတတ်တခေါက်လောက်တတ်တဲ့ လူဆိုရင်တော့ ကျွန်တော်တို့နဲ့ သိပ်ကိုစကားပြောချင်တာလေ။ ခုနက ကျွန်တော်တို့ ထမင်းဝိုင်းရောက်လာတဲ့ ကိုရီးယားက ထမင်းစားရေသောက်လောက်တော ့ပြောတတ်တယ်ဆိုပါတော့။ ထုံးစံအတိုင်းပေါ့ မင်းတို့တိုင်းပြည် လူဦးရေဘယ်လောက်ရှိလဲတို့ ဘာတို့ပေါ့နော်။ နောက်တော့ မြန်မာပြည်မှာ ဝင်ငွေအကောင်းဆုံးက ဘာအလုပ်လဲမေးတော့ ကျွန်တော်တို့လည်း စစ်သားလို့ ပြီးရင် အင်ဂျင်နီယာ၊ ဆရာဝန်၊ သဘောင်္သား စသည်ဖြင့်ပေါ့နော် လျှောက်ပြောကြတာပေါ့။ သူကဘာပြောလဲဆိုတော့ ငါတို့ဆီမှာကဆိုပြီး သူစဉ်းစားသွားတယ်။ ဘာလိုပြောရမှန်းမသိတော့လို့ဆိုတာတော့ ကျွန်တော်တို့က သဘောပေါက်ပြီးသားဆိုတော့ ဘယ်လိုပြောမလဲ ဆိုတာစောင့်နေတာပေါ့နော်။ နောက်တော့ တော်တော်စဉ်းစားပြီး “ Wooden hammer and tan tan tan office” ( ဝူးဒန်းဟန်းမား အန် တန်တန်တန် အော့ဖစ်) ဆိုပြီးပြောချလိုက်ရောလေ။ အစတော့ကျွန်တော်တို့လည်း ဘာပြောမှန်းမသိလို့ သူ့ပြန်မေးရတာပေါ့။ ဒီတော့မှ ဆရာက ပုံစံပါလုပ်ပြမှ ကျွန်တော်တို့ သဘောပေါက်တော့တယ်။ သူပြောချင်တာက တရားသူကြီး ကိုဆိုလိုချင်တာပါ။ သူတို့ဆီမှာ တရားသူကြီးက ဝင်ငွေအကောင်းဆုံးဆိုတာကို သူပြောတတ်သလို ပြောချလိုက်တာဟာ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ ပြောစရာ စကားတစ်ခုရလိုက်တာပါဘဲလေ။
Ref : facebook Myanmar Mercantile Marine college or Institute of Marine Technology
21 comments
မောင်ပေ
September 26, 2012 at 12:10 pm
ကိုရင်ရေ တရားသူကြီး နဲ ့ရှေ ့နေကြီး တွေသာ တစ်ကမ္ဘာလုံးမှာ ဝင်ငွေအကောင်းဆုံးပါပဲ
ဒီကလူတွေကပိုဆိုးတယ် ။ ဝင်ငွေခွန် တွေ ဘက်ကီးရိုက်တဲ့နေရာမှာ ခရိုနီကြီးတွေ နဲ ့လယ်ဗယ်တူ ပြေးမယ် ထင်ပါရဲ ့။ ကျုပ်တို ့နိုင်ငံမှာလဲ သိပ်မကြာခင် တစ်ဘက်နဲ ့တစ်ဘက် အပြန်အလှန် တရားစွဲ ၊ နစ်နာကြေး လျော်ကြေးတောင်းတာတွေကို အဆက်မပြတ် တွေ ့ရမှာ မလွဲဧကန်အမှန် ပါပဲ
အခုတစ်ပတ်ထွက်တဲ့ ကားဂျာနယ်တစ်စောင်ထဲမှာကို ၊ အဆိုတော်သရုပ်ဆောင် ဖိုးသောကြာ ( ဆရာသုမောင်သား ) နဲ ့သူ ့အိမ်နီးချင်းတို ့အပြန်အလှန် အမှုဖွင့်ထားကြတယ်ဆိုပဲ ။
စိန်ဗိုက်ဗိုက်
September 26, 2012 at 12:11 pm
ဒီလိုမှန်းသိ ကြုတ်လဲ ဝူးဒန်းဟန်းမား အန် တန်တန်တန် အော့ဖစ် ကြီးဖြစ်အောင် ကြိုးစားပါတယ်ဗျာ
ကိုရင်စည်သူ
September 26, 2012 at 1:52 pm
အူးပေ ပထမဆုံးကွန့်မန့်ချီးမြင့်ပေးတဲ့အတွက် ကျေးဇူးပါဗျာ..
ရွှေပြည်က မတရားလူကြီးတွေလည်း မကြာခင်ဝင်ငွေကောင်းလာတော့မယ်..
မြင်မိဒါပဲ… “ Wooden hammer and tan tan tan office” မှာ
လုပ်တဲ့သူများ ရွာထဲမှာ ချိသလားဗျ… ခုထဲက ဖားထားမရိုးဘာ… :kwi:
အူးဗိုက် နောက်မကျသေးပါဝူးဗျာ… ဝူးဒန်းမဖြစ်လည်း
ပါတီခေါင်းဆောင်တော့ အူးဘိုက်ရုပ်ခံနဲ့ ဖြစ်လောက်ပါဒယ်… 😛
Khaing Khaing
September 26, 2012 at 12:47 pm
ကိုရင်စည်သူတောင် ဘာလိုလိုနဲ့ သင်္ဘောတက်တာ တော်တော်ကြာလာပီ …… ဒီလိုစာစုလေးတွေတွေ့ရတော့ သင်္ဘောမှာ အဆင်ပြေနေရဲ့ထင်ပါတယ် ….
ကိုရင်စည်သူ
September 26, 2012 at 1:26 pm
ဒီလိုပါပဲ မကြီးမခိုင့်တခိုင်ရယ်… ပြေတယ်လည်းမဟုတ်ပါဘူး..
လုပ်ကိုင်စားသောက်နေရဒါဘာဘဲ…
ဘိုင်ဒယ်ဝေလ်းးး
အူးပင်လယ်ပျော့ကော ဘောဘောတက်သွားပီလား.. 🙄
ဘယ်ဘက်သွားမှားရဲ… တွေ့ရင်ခေါ်နော်လို့… 😛
Khaing Khaing
September 26, 2012 at 1:49 pm
ပင်လယ်ပျော့ကတော့ ပြီးခဲ့တဲ့လက တရုတ်ပြည်ဘက်ကိုသွားလေရဲ့ …. သူဒီနေ့ Sign-On one month ပြည့်တယ်လေ … သူ့သင်္ဘောကတော့ မလေးရှားကမ်းရိုးတန်းဘက်ကိုပဲသွားမှာ ကိုရင်စည်သူရဲ့ …. ကိုရင်တို့ သင်္ဘောနဲ့တော့ တွေ့မယ်မထင်ဘူး ……. ကိုရင့် ကန်ထရိုက်ဘယ်လောက်လဲ (1 year) (or) (9 months) ….. ကိုရင် Sign-off လုပ်ချိန်နဲ့ ပင်လယ်ပျော့နဲ့ သိပ်မကွာလောက်ဘူးထင်တယ် ………
ကိုရင်စည်သူ
September 26, 2012 at 2:21 pm
အဲ့ဘက်က ကောင်းဒလယ်ဗျ… အနော်က အဲ့ဘက်တွားချင်ဒါ
ဘောဘောက အော်ဒါက အဲ့ဘက်မရဘူး ဖြစ်နေဒယ်… 🙁 🙁
တားတား ကန်ထရိုက်က တစ်နှစ်ယူထားဘာဒယ်…
အဲ့ထက်ကြာကြာ အိတ်စတန်းရှင်းဆွဲပီး နေဖို့စဉ်းစားထားဘာဒယ်…
အဲ့ဒါမှ လုပ်သက်ပြည့်လို့ ချာမေးပွဲဖြေမှာမို့ရို့ဘာ..
အူးလေးပျော့ကြည့် ပီး အူးစည် မိန်းမ မယူရဲသေးဘူး..
အဟိ.. ရဲစားဘဲထားတော့မယ်.. ကောင်းဝူးလား မခိုင်တခိုင်… 😳 😳
ကြည်ဆောင်း
September 26, 2012 at 12:57 pm
ပန်းကုံး စွပ်ခံနေတာ ကိုရင်တော့မဟုတ်ဘူးမို့လား …
ေ့ရှနေဆို ငိုစားရယ်စားပြောတော့
တရားသူကြီးဆို ဘယ်လိုများပြောမယ်မသိ..
ကိုရင်စည်သူ
September 26, 2012 at 1:47 pm
အူးကြည်ဆောင်း အဲ့ရို ပန်းကုံးစွတ် ခံချင်လို့ အပင်ပန်းခံ
ညှစ်နေပါဒယ်ချိုမှ….
အခုဒေါ့ ကမ်းဆင်းရင် ပန်းဂုံးစွတ်မယ့်လူမရှိဘူး
စစ်ဆေးရေးတွေ Coast guard တွေရှာသမျှ နှိုက်သမျှ
ခံနေရဒါပဲ… 😳 😳
may flowers
September 26, 2012 at 1:54 pm
မြန်မာပြည်က ဟန်းမားနဲ့ တန်တန် ထုတဲ့ အော့ဖစ် ကလည်းဝင်ငွေကောင်းပါတယ်နော်..အထင်သေးလို့
:harr:
kyeemite
September 26, 2012 at 3:39 pm
“ Wooden hammer and tan tan tan office” ကိုအဂုသွားမယ်ဗျာ..
သားကျောင်းက မတရားကောက်ခံတဲ့ ဓါးပြအလှူကိစ္စ သွားတိုင်မလို့..
အဲ..အဲ..အဲဒီရုံးသွားရင်ပိုကုန်မယ်ထင်တယ်နော်…
ကျောင်းကိုလှူ..အဲ..ဆက်ကြေးပေးလိုက်တာဘဲကောင်းမယ်ထင်ရဲ့.. 😳 😳
pooch
September 26, 2012 at 3:44 pm
အခုလည်း ရှေ့နေတွေ ခေတ်ကောင်းပါတယ်။ အသိသူငယ်ချင်းဆို အိမ်တောင်ဆောက်ပြီး ရုံးခန်းအသစ်တောင် ဖွင့်ပြီးနေပါပြီ။ သူကလည်း သူ့ကိုယ် သူ အမြဲ update လုပ်တဲ့သူ ဖြစ်တာမို့ သူ့အရွယ်နဲ့တောင် မလိုုက်အောင် တော်ပါတယ်။ နာမည်ကောင်းလည်း ထွက်ပါတယ်။
ဘယ်နေရာမဆို ကောင်းသူဆိုးသူရှိတာမို့ ဒီမှာက လက်ရှိတော့ ရှေ့နေဆိုရင် နာမည်ဆိုးနဲ့ နာမည်ကြီးလေ့ရှိပါတယ်။ ရှေ့နေ ရွှေခေတ်ရောက်ဖို့ကတော့ သိပ်မဝေးတော့သလို နာမည်ကောင်းနဲ့ အားကိုးအားထား ပြုနိုင်တဲ့ ရှေ့နေများ ပေါ်ထွက်လာဖို့လည်း မဝေးသော ကာလတခု ရောက်လာနိုင်ကောင်းပါရဲ့။
etone
September 26, 2012 at 3:46 pm
မြန်မာပြည်ဖွား .. သဘောင်္သားကြီး ၊ ကိုရီးယားလည်း ရောက်ရော .. ကိုရီးယားကား လို … တိခနဲ ဖြတ်သွားပါလား …. ဒုတိယပိုင်းဖတ်မယ်အေ …
Ma Ei
September 26, 2012 at 3:58 pm
ပြုံးပြုံးကြီး ပန်းခွေစွပ်ခံနေပုံက
ကိုရင်များလားလို့…
:harr:
အပိုင်း (၂) မျှော်နေမယ်နော်…
ပန်းစံပါယ်
September 26, 2012 at 4:19 pm
ပုံထဲကလို ဒီလိုအရာရှိတွေ မြန်မာပြည်ဖွားထဲမှ များများပေါ်ထွက်ပြီး မိသားစုအတွက်၊ ပတ်ဝန်ကျင်အတွက်၊ နိုင်ငံအတွက် ဝင်ငွေတွေများများရမှ မိမိအကျိုး အများအကျိုးပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မယ်။
MaMa
September 26, 2012 at 6:01 pm
ကိုရင်ရဲ့ သင်္ဘောသီးဟာသကို ကြားရတော့ ဘကြီးတစ်ယောက်ပြောဖူးတဲ့ ဟာသလေး ပြန်လက်ဆောင်ပေးချင်မိတယ်။
အင်္ဂလိပ်ခေတ်တုန်းက ရန်ကုန်မှာ ချယ်ဂါလီဆွဲတဲ့ ကုလားတွေက မြန်မာလို မတတ်ဘူး။
အဲဒါကြောင့် ရန်ကုန်မှာနေတဲ့သူတွေက ကုလားလို တည့်တည့်သွား၊ နောက်ဆုတ်၊ ဘယ်ကွေ့၊ ညာကွေ့ဆိုတဲ့ ကုလားစကား ၄လုံးတော့ တတ်ကြရတယ်တဲ့။
ဒါပေမယ့် တောကတက်လာတဲ့ဘကြီးက ကုလားလို မတတ်ဘူး။
တစ်နေ့တော့ သူ့အဖော်တစ်ယောက်နဲ့ ရုပ်ရှင်သွားကြည့်ဖို့ ချယ်ဂါလီကိုခေါ်ပြီး တုန်းတုန်းချန် ဂျောင်း လို့ ပြောလိုက်တယ်။
သူက ရုပ်ရှင်ရုံကို တီးမှုတ်ကခုန်နေကြတဲ့အသံနဲ့ ကိုယ်စားပြုလိုက်တာ။
အဲဒီ သူတို့ကို တရုတ်သင်္ချိုင်းကို လိုက်ပို့တယ်တဲ့လေ။
အဲဒီတော့ သူတို့လည်း အံ့ဩသွားကြတယ်။
နောက်မှသိလိုက်တာက တရုတ်အသုဘတွေမှာ တီးမှုတ်ကြတာကိုးးးးးးးးးး :harr:
ကြောင်ကြီး
September 27, 2012 at 9:09 am
တရားသူဂျီး
မစားသူငြီး
ဖလားယူပြီး
တပါးလူတီး
ကားဖြူစီး
နွားအူမြည်း
ဝါးထူခရီး
ပျားခြူသီး..။
ahnyartamar
September 27, 2012 at 3:37 pm
ပြုံးမိပါ၏။
ကျတော် တို့ဆီမှာလဲရှိပါတယ်… traffic light (မီးပွိုင့်) ကို fire light လို့ပြောတာ ကျတော့ နားနဲ့ကြားခဲ့ရတာပါ။
buu kyoa
September 27, 2012 at 4:25 pm
မှန်တာပေါ့ နိင်ငံတိုင်းမှာလားတော့မသိဘူး မြန်မာနိင်ငံကတော့ တရားသူကြီးကတော့ ဝင်ငွေအကောင်းဆုံးပဲ ဘာဖြစ်လို့လဲဆိုတာကိုတော့ အားလုံးသိကြပြီးဖြစ်ပါတယ်နော်
Shwe Ei
September 27, 2012 at 9:06 pm
ပေါ်မလာ အတော်ကြာတဲ့ ကိုရင်ရေ သတိရပါဒလယ်။ ကိုရင့် ပို့စ်တွေကိုပြောတာပါ :harr:
မောင်သုည
September 28, 2012 at 12:31 am
ကရင် စည်သူရေ…ကျုပ်က ၁၉၉၀-၁၉၉၁လောက် က သဘောင်္သီးပေါ့ဗျာ…
ကျုပ်ဘဝရဲ့ ပထမဦးဆုံး အလုပ်လို့ပြောလို့ရတဲ့ အလုပ်ပါပဲ…သူကြီးက(ဦးခိုင်မဟုပ်ပါ) ခေါသူကြီး သဘောင်္သီးမှန်ရင်သိပါတယ်…ကျုပ်သဘောင်္ပေါ်ရောက်ပြီး..နောက်နေ့တွေမှာ အဲဒီ ခေါ သူကြီးက လူကို တွေ့တိုင်း…(မာလာကာ ဂါမိုသို)..ပြောတယ်…နောက်သုံးရက်လောက်ကြာ တော့ ကျုပ်က သူကို တွေ့တာနဲ့ အရင်ဦးဆုံး (မာလာကာ..ဂါမိုသို) ဆိုပြီးနုတ်ဆက် လိုက်တာ …ကျုပ် သုံးရက်လောက် နေပူထဲမှာ သံချေးခေါက်ရပါတော့တယ်…
(ခေါ စကား ..မလာကာ ဂါ..မိုသို) ဆိုတာ ..ဆဲတာပါတဲ့ဗျာ…(ခေါ…ဂရိ လူမျိုး)