ဒ = ဒီလိုအရွယ်မို ့.. ဒီလိုစာတွေလည်း.ရေးမိသေးတယ် ။
တစ်စုံတစ်ယောက်ကို လွမ်းနေရတဲ ့ အဖြစ်ဆိုတာ..သိပ် မုန်းစရာကောင်းတယ် ။
ဒီလို..ညမျိုး….. နောက်ထပ် မကြံ ု ပါရစေနဲ ့ဗျာ.။
ဒါပေမယ့်………… ဝေးကွာခြင်း တစ်ခု ကို အစ ပြု င်္ပြီးပြီ ဆိုမှတော့…..
အလွမ်းရဲ ့… ခုတ်ထစ်မှု ဒဏ်ကို….
ခံလိုက်ပေ.ဦးတော့….
အသေအကျေ…။
အပြင်ကို လှမ်းကြည့်လိုက်တော့……
နှင်းတွေ..နှင်းတွေ…… အုံ ့ သည်းဖြာဝေ..လို ့….။
အေးသလား….။
ဟင့်အင်း….။
ရင်ထဲမှာ..ပုူနေပါတယ် ။
နှင်းတွေ..စိုလက် လှပပြီး….. ည ပီသတဲ ့ညတစ်ည ဟာ….
အချစ်နဲ ့မတွေ ့ဖူးသေးတဲ ့ ( ဒါမှ မဟုတ်..) အလွမ်းနဲ ့ မတွေ ့ဖူးသေးတဲ ့လူငယ်တွေ အတ၊ွက်တော့….
သိပ်..လှတဲ ့ည…ေ ပါ့ ။
ဒါပေမယ့်….ကျွန်တော်……ကတော့… နှင်းသည်းည ဟာ……
အတိတ်ကောင်းကင်ကြီး… ပြို ဆင်းတဲ ့ည။
ဒဏ်ရာ ဒဏ်ချက်တွေ..ကို ပြန် အတူးဆွ ခံရတဲ ့ည ။
ကျွန်တော့် နှလုံးသား…. ကို မီးရှို ့ဖျက်ဆီးပြီး…ပယ်ပယ်နယ်နယ်…ရက်စက်မယ့် ည….။
ကျွန်တော့် ဒဏ်ရာတွေ….
သွေး စိမ်းရှင်ရှင် ထွက်ပြီး….
ကျွန်တော်ကိုယ်တိုင်… ဒူးထောက်..လဲ..ကျ .သွား….တဲ ့ ည……။
**********************************************************************************
ကြည့်စမ်းပါဦး ။
ကျွန်တော် ချစ်တဲ ့…နှင်းကို…. လွမ်းဆွတ် တမ်းတ…. အိပ်မရတဲ့ ည မှာမှ…
နှင်းတွေ..က….. ဝေဆာနေလိုက်တာ ။
နှင်းစက် ဖြူဖြူတွေ.. ့ရဲရင့် တည်ငြ်ိမ်ခြင်းအပြည့်…. ကမ္ဘာမြေပေါ်..ခုန်ဆင်းချလာတဲ ့….. ဟန် ကိုကြည့်ရင်း….
ကျွန်တော်….. အံ တင်းတင်းကြိတ် လိုက်ရပါပြီ ။
ဟုတ်ပါတယ် ။
ကျွန်တော်..ရှုံး ခဲ့ပါပြီ ။
လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်..ဆုတ်ရင်း….
အခန်းထောင့်က…..
စာရေးစားပွဲလေးပေါ်ကို..လှမ်းကြည့်လိုက်မ်ိတော့…………………………….
တွေ ့လား….။
အဲဒီ…စာရေးစားပွဲပေါ်မှာ…..
ရှိနေတဲ ့……
ကြွေ ပန်းအိုးကလေး…။
ခြောက်သွေ့ပြီး…. ကြွေတောင် ကျနေတဲ ့ နှင်းဆီပန်း…. နီနီတွေ…ထိုးစိုက် လျက်သား…..။
အဲဒါ………………………
ကျွန်တော်..ချစ်သော..နှင်း……
ပြင်ဆင်ပေးခဲ့တဲ ့အမှတ်တရပေါ့ .။
ချစ်သောနှင်း…..
အိုး… ကျွန်တော့်ရဲ ့ ချစ်သော နှင်း…..
နှင်းရေ…..
သတိရလိုက်တာ..နှင်းရယ်….။
**********************************************************************
“” ကိုလင်းရယ်…။ . ကိုလင်းရဲ ့စာရေးစားပွဲကလည်း….
ရှုပ် ပွ နေတာပဲ..။
ကိုလင်း ဟာလေ…. သိပ် ဖြစ်သလိုနေတတ်တာပဲ. ။
ဒီ ပုံစံ အတိုင်းဆို… ကိုလင်းဆီကို… တစ်ပါတ်တစ်ခါ..လာပြိး.ရှင်းပေးနေရမလိုဖြစ်နေပြီ ။ “”
တကယ်လည်း……. နှင်း..ကျွန်တော့် ဆီ.. တနင်္ဂနွေနေ ့ ညနေတိုင်း..ရောက်လာတတ်ပါတယ် ။
နှင်း… လာတဲ ့ညနေတွေ ဆို..
ကျွန်တော့် အခန်းလေးထဲမှာ…..
အကောင်းစားရေမွှေးနံ ့ ရှိတယ် ။
ချမ်းချမ်း..ဆိုထားတဲ ့… တကယ်ဆိုရင် အချစ်ပဲ..လိုတယ် ဆိုတဲ ့သီချင်းလေးရှိတယ် ။
စာရေးစားပွဲပေါ်မှာ.. ဂျူး ရဲ ့စာအုပ် တစ်အုပ်လောက်လည်း .ရှိနေမယ် ။
ပြီးတော့………………….
ပျော်ရွှင်လွန်းလို ့.. မြူးကြွနေတဲ ့…
ကျွန်တော့်ရင်ခုန်သံတွေ..လည်း..ရှိနေတယ် ။
နှင်းရယ်……။
နှင်းရောက်လာတဲ့ ညနေတွေမှာ….. ကျွန်တော့်ရင်ခုန်သံ မိုင်နှုုန်းက…. အရှန် လွန် လောက်အောင်… ပြင်းထန်လာတတ်တယ် ။
ကျွန်တော်….
တစ်ခုခု လွန် သွားမှာ..စိုးရိမ်တယ်…နှင်းရယ် ။
**************************************************************************
တစ်ယောက်ထဲ..နေတဲ ့
ချစ်သူယောက်ျား…တစ်ယောက် နေတဲ ့အခန်းထဲကို….
ရောက်လာတတ်တဲ ့ နှင်း…။
ကျွန်တော်…အထင်မသေးရက်ပါဘူး ။
နှင်းရဲ ့ စရိုက်သဘာဝ ကိုက….. ပွင့်လင်းတယ် ။ ဟန်ဆောင်မှု ကင်းတယ် ။
မော်ဒန်ခေတ်ရဲ ့သမီးပျိုတစ်ယောက်ပီပီ……. ရဲတင်း သွက်လက်တယ် ။
ဒါပေမယ့်… နှင်းဟာ… အိန္ဒြေ မမဲ့ဘူး ။
ထိန်းချုပ်နိုင်စွမ်းလည်း…. ရှိ မှာပါ ။
အဖြစ်အပျက်တစ်ခု… ဖြစ်ပျက်မသွားခင်… ရလဒ်ကို ကြိုတင်..မှန်းဆ ကြည့်နိုင်တဲ ့… မိန်းကလေးတစ်ယောက် လို ့..ကျွန်တော်…ထင်ပါတယ် ။
ဒါပေမယ့် နှင်းရယ်…..
ခက်နေတာက ကျွန်တော်……
ကျွန်တော့်ကိုယ် ကျွန်တော်..မယုံဘူး ။
တစ်ခုခု ဖြစ်ပျက်မသွားပါဘူး..လို ့…
ကျွန်တော့် ဘက်က အာမ မခံနိုင်ဘူး နှင်း….ရယ် ။
့ပြီးတော့…. အချစ် စိတ်….။
အချစ် စိတ်ဟာ……..သာမန် အခြေအနေတစ်ခုကနေ….. ထူးခြားသွားနိုင်တယ်… မဟုတ်လား ။
**************************************************************************************
နှစ်ဆယ့် ငါးနှစ် အရွယ် ယောက်ျား တစ်ယောက် အနေနဲ ့…
ကျွန်တော့်မှာ..ကောင်းတာတွေရော… မကောင်းတာတွေပါ အတော်များများ .ရှိနေပါပြီ ။
အဲဒီ ထဲမှာ…. ကျွန်တော့်ကိုယ် ကျွန်တော်..မကြိုက်ဆုံး အချက်က………
ထိန်းချုပ် မျိုသိပ် နိုင်စွမ်း နည်းတာပဲ…။
စိတ်ခံစားချက်ရဲ ့အလိုကို……
ရဲရဲကြီး..လိုက်ပါ သွားတတ်တာပဲ. ။
အဲဒီ……
ညနေ..ကလည်း………………….
*************************************************************************************************
ညနေ ခင်းတစ်ခုဟာ……………….
ထောင်ချောက်တစ်ခု လား ။
ဒါမှမဟုတ်…….
ယောကျာ်း တစ်ယောက်နဲ ့ မိန်းမ တစ်ယောက် ချစ်မြတ်နိုးခြင်းဟာ….
ထောင်ချောက် တစ်ခုလား..။
အဲဒီ ညနေမှာ…………………….
ထောင်ချောက် တစ်ခုခု ရှိခဲ့တယ်..ဆိုရင်…….
နှင်းရဲ ့ထောင်ချောက်ထဲ…..
ကျွန်တော်..မိ သွား တာလား ။
ကျွန်တော့်ရဲ ့ ထောင်ချောက်ထဲမှာ… နှင်း…မိ သွားတာလား…။
ဘာမှ….. အသေအချာ မပြောနိုင်တော့ပါဘူး..နှင်း ရယ်။
နှင်းနဲ ့အနီးကပ်ဆုံး…အထိ..တိုးကပ်လာမိတာ..နှင်းကို… ချစ်လို့ပါ ။
နှင်းရဲ ့နဖူးပြင်လေးကို….. နမ်းရှိုက်လိုက်မိတာလည်း..နှင်းကို..ချစ်လို ့ပါ ။
ကျွန်တော့်ရင်ခွင်ထဲ..ဆွဲ ကပ်ပြီး…. နှင်းကိုူ….. ပွေ့ဖက်မိတာလည်း… နှင်းကို..ချစ်လို ့ပါ ။
နှင်းနဲ ့ကျွန်တော်……………..
ရင်ခုန်သံတွေ…တဒိန်းဒိန်း..မြန်ကြ တာလည်း..နှင်းနဲ ့ကျွန်တော်……
တစ်ယောက်ကို တစ်ယောက်..ချစ်လို ့ပါပဲ ။
အဲဒီ ညနေမှာ……………….
အချစ်ဟာ…………..
ချိုလွန်းတယ် ။
အဲဒီညနေမှာ…… အချစ်ရဲ ့အသံဟာ….
သာယာလွန်းတယ် ။
အဲဒီ ညနေမှာ…….. အချစ်ရဲ ့အငွေ့အသက်ဟာ……နွေးထွေးလွန်းတယ် ။
အဲဒီ..ညနေဟာ……..
ထောင်ချောက် တစ်ခုခု မှာ.တစ်ယောက်ယောက် မိသွားတဲ ့ည..ဆိုရင်..တောင်…….
အဲဒီထောင်ချောက်ထဲ……..
မက်မက်မောမော..တ်ိုး ဝင်သွားမိတဲ ့….. ည..ပါ ……. နှင်း ။
ချစ်သော…. နှင်း….။
ကျွန်တော့်ကို…. ခွင့်လွှတ်ပါနော် ။
**************************************************************************8
အဲဒီ ညနေရဲ ့…. နောက်ပိုင်း… နှင်းရောက်လာတဲ ့… ညနေတိုင်းမှာလည်း….
ကျွန်တော့် ရင် ခုန်သံဟာ….
မြန်လွန်းမက မြန် ခဲ့ပါတယ် ။
အဲဒီ..ညနေတွေဟာ…….
မှန် လွန်းတဲ ့ညနေတွေလား….
မှား လွန်းတဲ ့ညနေတွေ..လား ။
ကျွန်တော်… အဲင်္ဒီတုန်းက…. မတွေးးတတ်ခဲ့ပါဘူး ။
အဲဒီ..ညနေတွေမှာ………….
နှင်းနဲ ့ကျွန်တော်…….
အချစ်မြစ်ထဲမှာ…..
ကူးလူးပျော်မြူး….. / အချစ် ဝိုင်တွေ..မူးပြီး… ရူးချင်တိုင်း ရူးခဲ့ကြပါတယ် ။
*******************************************************************************************
တနင်္ဂနွေ..တစ်ညနေမှာတော့……………………………..
“ ကိုလင်း…. နှင်းမှာလေ…..
ကိုလင်းနဲ ့…..ရတဲ ့…………………………………….။ ”
“ ဗျာ….”
ကျွန်တော့်ရင်…. ဒိန်းခနဲ… ခုန် / ကျွန်တော့် ကိုယ် ဟာ….. မြောက်ခနဲ… လွင့်ပါး………သွား သလိုပါပဲ ။
ကောင်းပြီလေ…. ။
ကျွန်တော်..ယောကျာ်း ပဲ….။ …
တာဝန် ယူရမှာပေါ့ ။
နှင်းရယ်……… ကျွန်တော်လေ…..
နှင်းကိုူ…အရမ်းချစ်တယ် ။
ဒီ အခြေအနေထိလည်း…..
ကျွန်တော်..ပျော်နေခဲ့သေးတယ် ။
***************************************************************************
နောက် တစ်ပါတ် တနင်္ဂနွေ မှာတော့…..
ကျွန်တော့်ဆီ..နှင်း ရောက် မလာတော့ပါဘူး ။
အဲဒီနောက်….
ဘယ်တော့မှ လည်း..နှင်း ရောက်မလာတော့ဘူး ။
နှင်းရဲ ့ အိမ်ကို လိုက်သွားပြီး..စုံစမ်းတော့လည်း….
“ နှင်း..ဒီ အိမ်မှာ..မရှိတော့ဘူး ” ဆိုတဲ ့ အဖြေ ပဲ…ရတယ် ။
တခြားလည်း… ဘာမှ ကို မေးလို ့မရ ဘူး ။
ဒါ….ဘာ သဘော လဲ…။
ဘာဖြစ်တာလဲ….။
နှင်း ကျွန်တော့်ကို … မုန်း တာမဟုတ်ဘူး ။
နောက်ဆုူံးတွေ ့ခဲ့ချိန် အထ်ိ……… ချစ်မြတ်နိုး / တွယ်တာ မက်မောခဲ့တုန်းပဲ..လေ ။
နှင်း……။
နှင်းကို… ကျွန်တော်..မခွဲနိုင်ဘူး ။
ပြီးတော့….. နှင်းကို… ပြန်..ရှာတွေ ့မှ..ဖြစ်မယ်လေ ။
နှင်း ဆီမှာ……………
ကျွန်တော် နဲ ့ရတဲ ့ ရင်သွေးလေး…. ရှိနေတယ်လေ ။
နှင်းရယ်….
အဲသလို..အကြောင်းပြချက်..ဘာမှ မရှိပဲ…..
ပျောက်မသွား ပါနဲ ့….နှင်းရယ်….။
****************************************************************************************
နှင်းကိုရော…..
နှင်းနဲ့အတူ ပါသွားတဲ ့ ကျွန်တော်..သေချာ မမြင်တွေ့ / မသိ လို်က် ရတဲ ့ရင်သွေးလေးကိုရော…..
ကျွန်တော်..အရမ်းတွေ ့ချင်မိတယ် ။
အရမ်း လွမ်းတယ်..နှင်းရယ်…။
ကျွန်တော့် ဆီ..ပြန်လာပါ…နှင်း….။
*********************************************************************************
အဖြေရှာ မရသော…ပုစ္ဆာ တစ်ပုဒ်လို…..
နှင်း ရယ်..ကျွန်တော့်ကို……. လုပ် ရက်လိုက်တာ..ဗျာ ။
နှင်း..ဘာဖြစ် နေပြီလဲ..။
ကျွန်တော့်ရင်သွေးလေး..ဆိုတာရော..ဘယ်မှာလဲ…
ဘယ်လိုနေသလဲ…..။
ကျွန်တော်… ဘာမှ မသိ လိုက်ပဲ….
အဲဒီလိုကြီးတော့… ပျောက် မသွားသင့်ပါဘူး ။
နှင်း..ရာ……။
ကျွန်တော်…တောက် တစ်ချက် ခေါက်ပြီး….
အခန်းနံ ရံ ကို လက်သီး နဲ ့… တအား…ထိုး နေမိတယ် ။
နာကျင်မှု နဲ ့အတူ………
တဒုန်းဒုန်း မြည်သံတွေ….. ဆူညံနေပါတယ် ။
***************************************************************************************
တဒုန်းဒုန်း…မြည်သံတွေ…. ဆူညံနေလို ့…..
ကျွန်တော်..အိပ်ရာက လန် ့နိုး လာတယ် ။
အိပ်မက်……။
အော်.. အိပ်မက်ကိုး….။
ကျွန်တော်…အာခေါင်တွေ ခြောက်ကပ်လာလို ့…….. ရေ တစ်ခွက် ထသောက်လိုက်တယ် ။
ဘယ်လို အိပ်မက်ကြီးပါလိမ် ့လို ……. ကျွန်တော်.. စဉ်းစားနေမိတယ် ။
အိပ်မက်က ဆိုးလိုက်တာ…….. ။ တော်တော်ဆိုးတဲ ့အိပ်မက် ။
ရင်သွေးလေး… ရနေပြီ..ဆိုတာ… သိရမှ ပဲ…. အကြောင်း ပြချက် ဘာမှ မရှိပဲ…..
ဝေး သွား ရတယ်လို ့ ။ နှင်းဆိုတာ ကြီးက… ပျောက်သွား ရတယ်လို ့.။
“ တော်ပါသေးရဲ ့…. ။ အိပ်မက် မို ့လို ့… ပေါ့ ။ တကယ်သာ. ဆိုရင် မလွယ်ဘူး…။ ”
ကျွန်တော် တစ်ယောက်ထဲ…ရေရွတ်နေတုန်း……..မှာပဲ…..
စောစောက တဒုန်းဒုန်း မြည်သံက ဆူညံ လာပြန်တယ် ။
အခန်းတံခါးကို…. တဒုန်းဒုန်း..ထုရိုက်နေသံပါလား….။
ကျွန်တော်………………………………………………
အခန်းတံခါးကို……………………………
သွား……ဖွင့် ….လိုက်……တယ် ။
အပြင်မှာ….
ရပ်နေတာက……………………………………….
**********************************************************************************8
“ နှင်း………………….. ”
နှင်းက…
ကျွန်တော့် အခန်းထဲ….. ဝင်လာပြီး……
ကျွန်တော့်ကို….
မျက်နှာချင်းဆိုင် ပြီး.ကြည့်တယ် ။
ကျွန်တော်…..
ရင်တွေ…တဒိန်းဒိန်း…ခုန်လာတယ် ။
“ ဘာ…၊ ဘာပြောမလို ့လဲ… နှင်း….”
*****************************************
“ ကိုလင်း………. ။ နှင်းမှာ..လေ……
ကိုလင်းနဲ ့ ရတဲ ့……………”
“ ဗျာ……………………
…………………….
………………………
…………………….
………………………….. ”
******************************************************************************************************
ဝတ္ထုတိုလေးတစ်ပုဒ်အဖြစ် တင်ပြခြင်းပါနော် ။
======================================
ဒီ ဝတ္ထုတိုလေးက…..
ရေး ထားတာ ကြာပါပြီ။ ရေးပြီး…ဘယ်သူ ့ကိုမှ..မပြ ရဲ လို ့ သိမ်းထားတာပါ ။
အခု… စာအုပ် အဟောင်း ကြားက..ပြန်တွေ ့တော့…..
ဒ = မှာ..ဘာရေးရမှန်း မသိသေးဖြစ်နေတာနဲ ့အတော်ပဲ..ဖြစ်သွားပြီး….
အခု.လို တင်ပြလိုက်ရခြင်းပါ ။
လူငယ်တစ်ယောက်ရေးတဲ ့
လူငယ် ဆန် လွန်းတဲ ့ဝတ္ထုတိုလေး..တစ်ပုဒ်လို ့.. သတ်မှတ်ပေးကြပါနော် ။
ရေးပြီး…သားကို.. နည်းနည်း..ပြန် ပြင်ဆင်ပြီး…
အခုလို… စာစီလိုက်ပြီး.မှ….
ပြန် ဖတ်ကြည့်လိုက်တာ…..
ရှက် လိုက် တာ…ဗျာ..။ 🙂
==================================================================
ဓ =….. လေး…ဆက်ပါရစေဦး ။
===================================================================
လေးစားစွာဖြင့်….
အလင်းဆက်
25 comments
အလင်းဆက်
September 29, 2012 at 7:48 pm
က = http://myanmargazette.net/141855/arts-humanities
ခ = http://myanmargazette.net/143018/arts-humanities
ဂ = http://myanmargazette.net/143588/arts-humanities
ဃ = http://myanmargazette.net/144518/arts-humanities
င = http://myanmargazette.net/145317/arts-humanities
စ= http://myanmargazette.net/145905/arts-humanities
ဆ= http://myanmargazette.net/146558/arts-humanities
ဇ= http://myanmargazette.net/147491/arts-humanities
ဈ = http://myanmargazette.net/147883/creative-writing
ည= http://myanmargazette.net/148098/arts-humanities
တ =http://myanmargazette.net/149512/arts-humanities
ထ=http://myanmargazette.net/149925/arts-humanities
===========================
ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
ဝေဖန် အကြံပြု.ကြသော..
ကျွန်တော်ချစ်သော စာချစ်သူများကို…
လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။
ကိုခင်ခ
September 29, 2012 at 7:55 pm
ဒီမိုရွာမှာ
ဒီလိုစာတွေရေးတဲ့
ဒို့တွေခင်ရပါသော ကိုအလင်းဆက်ရေ
ဒို့ကတော့
ဒန့်တလွန်သီးနဲ့ ကျန်းမာရေးဆက်စပ်ပုံတို့
ဒါန့်ကျွဲပင်ရဲ့ အကျိုးအာနိသင်တို့ကို ရေးခဲ့တဲ့ ခင်ခပါ။
အလင်းဆက်
September 29, 2012 at 8:02 pm
အော့်အော်….
ဒန့်ဒဒွန်ဒိး.ဒို့..ဘာညာ သလကာတို ့ရေးတဲ ့ခင်ရသော..ခခ လား ။
ဒီလို..စာလေးတွေ.ကို.. မျက်နှာပူပူနဲ ့ဖတ်သွားတယ် ထင်ပါ့ ။
တားတားတော့..အခု ဖတ်..အခု မျက်နှာ ပူတယ် အဟုတ် ။
ဒါပေမယ့်…..
မျက်နှာပြောင် တိုက်ပြီး.တင်လိုက်ပြီ ။
အဟိ ။ ချက်လိုက်တာ…။
အားပေးကြပါဦးနော် ။
🙂
အလင်းဆက်
September 29, 2012 at 8:23 pm
ဆ= http://myanmargazette.net/146558/arts-humanities
နဲ ့ တွဲ ဖတ်ကြည့်ပေးကြပါလား..ခညာ ။
နော ့
🙂
မဟာရာဇာ အံစာတုံး
September 29, 2012 at 8:28 pm
ခညားလေးက သားသား လို့ဒါ ပြောဒယ် ..
ခုထဲကအတိုင်းဆိုရင် ခလေးဖေတောင် ဖစ်နေဘော့ဘဲ …
ဒီစာ ရေးထားဒါ ကြာပီဆိုတော့ ..
ခုဆို နှစ်ယောက်လောက်တောင် ရလောက်ရောပေါ့နော် …
ကွီ … ကွိ …
( ကိုင်း … မှတ်ကရော )
မောင်ပေ
September 29, 2012 at 8:31 pm
ကိုလင်း
နှင်းလေ
ကိုလင်းကျွေးတဲ့
ဒိန်ညင်းသီးတွေစားပြီး
ရှုရှုပေါက်တိုင်း နံနေလို ့
ဟီဟိ
ကိုခင်ခ
September 29, 2012 at 9:12 pm
ကိုအလင်းဆက်ရေးသားတဲ့ ဒီ ဝတ္တုတိုလေးက ဖတ်ရတာကောင်းပါတယ်၊
အရေးအသားလည်း သူနေရာနဲ့သူ အကွက်စေ့ပ၊
ပထမကွန်မန့်မှာ ဒ ပိုစ့်မို့ ဒ တွေနဲ့မန့်တာပါ မျက်နှာပူစွာ မဖတ်ခဲ့ကြောင်းပါ။
ခင်တဲ့ – ခင်ခ။
ကြောင်ကြီး
September 29, 2012 at 9:48 pm
ဒေါင့်မကျိုးဒဲ့ ဒေါက်တာကို ဒါဘာပွဲမှာ ဒီလို ဒေါက်ခနဲ ဒုတ်တိုဒင်နဲ့ ဒိန်းဆိုပြီး ဒေါင်းလိုက်တာ ဒင်း ဒိန်ခဲဒတ်လိုက်သလို ဒွန့်သွားဒယ်…. ဒုံးအီးပေါဒါ… ဒန့်တန့်တန့်တန်။ :kwi:
အရီးခင်လတ်
September 29, 2012 at 10:59 pm
ဒီ အရွယ်မို့ ဒီလို မန့်တယ် ပြောပြော
ဖိုးချို ရဲ့ “ချစ်သူ ကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ်။ အလှလေး ပွန်းပဲ့ သွားရင် ကို ရင်ကျိုးရချည်ရဲ့” လို့ ဆိုထားတာရှိတယ်။
ဒီလို စိတ်ထားမျိုး ရှိတဲ့ သူကိုမှ
ဒီလို ယောကျာင်္းတော်ခဲ့တာ။ :kwi:
ဒီ အရွယ်ကြီး နဲ့ ဒီလို ကြွားလို့ သိပ်တော့မကောင်းဘူး။ 😆
pooch
September 30, 2012 at 12:14 am
အားကျမခံကြွားမယ် အရီး အနော်လည်း တွေ့ဖူးကြောင်းပါ။ ပြောရင်းလွမ်းသွားပြီ old flame ကြီးကို 🙁
ဟီး လျှောက်ပြောတာ လူအထင်ကြီးအောင် 😆
Mလုလင်
September 30, 2012 at 11:29 am
ဒီလို ပြောတာ ကို . ဒီလို ယုံခဲ့တယ် ပေါ့ 😆
amatmin
October 2, 2012 at 12:51 pm
ဒီလူဒွေ စကားအရဆို…
ဒီလိုမျိုး လက်ဖျား နဲ့တောင် မထိပဲ စောင့်ထိန်းခဲ့လိုက်မိလို့..
ဒီအရွယ်အထိ
ဒီလိုလူပျိုကြီး ဖြစ်ကျန်နေခဲ့တာ..
ဒီပို့စ် ဖတ်ပီး ဒီကွန်မန့်တွေ မြင်လိုက်မှ..
ဒီကောင် ညံ့ခဲ့မှန်း သိတော့တယ်.. 🙂
ကိုအလင်းဆက်ရေ.. “ဓ” ကိုမျှော်နေပါ့မယ်ဗျ..
Crystalline
September 30, 2012 at 10:51 am
သားလေးမွေးလားသမီးလေးမွေးလား ကိုအလင်းဆက် ?
ကိုပေါက်(မန္တလေး)
September 30, 2012 at 11:23 pm
ဒီလိုအရွယ် ဒီလိုရေးပြီး
ဟိုလိုအရွယ်မှာ ဟိုလိုမရေးလို့ကတော့ နော်
အပျံသင်စငှက်ကလေးတွေ ဖလန်းဖလန်းထတာ သဘာဝ
ကြီးမှ ဝက်သက်ပေါက်ပြတာကတော့
???????????????????????????????????????????????????????????????
surmi
October 1, 2012 at 12:27 am
ဒီအချိန်ကျမှ
ဒီစာကိုဖတ်မိတာ
ဒီလိုမှန်းသိရင်
ဒိထက်စောစောက
ဒုတ်ထိုးဆိုင်မသွားတော့ပါဘူး
ဒါကိုဖတ်ပြီး
ဒိန်တလိန်းနတ်ဖမ်းပစ်လိုက်မယ် ဟွင်း ဟွင်း
YE YINT HLAING
October 1, 2012 at 1:02 pm
ဒို့ ကတော့
ဒါ ကိုဖတ်ပြီး
ဒီ ထက်မက ခံစားသွားပါတယ် ။ငှဲငှဲငှဲ ။။.
အလင်းဆက်
October 1, 2012 at 6:31 pm
ဦးဦးအံချာတုံး…ရာ…
တားတားက ခေးပါဆို….
ဟီ ဟိ ။
_____________________
ဦးပေ…
တယ်နောက်သကိုး….
အားပေး….ဖတ်ရှု.လို ့ ကျေးဇူးပါ…နော့် ့
🙂
======================
ခင်တဲ ့..ခခရေ…
ကျေးဇူးပါနော် ။
———————————
ဦးကြောင်….
အရီးလတ်
pooch
Mလုလင်…
ကျေးဇူး အထူးတင်ိပါတယ်နော်
အဆက်မပြတ်…ဖတ်ရှု ခံစား.လာကြသူများ…မို ့..ပြောမပြတတ်အောင် ကျေးဇူး….။
==================
Crystalline…ရေ
ဘာလေးမွေးလဲ.တော့မသိ ဘူးဗျာ ။
ဝတ္ထုက အဲဒီလိုကြီးပဲ…. ပြီး.သွား တယ်..လေ ။
ကျွန်တော်..အလင်းဆက်သာ….
ဝတ္ထုလေးထဲက ကိုလင်း..ဖြစ်ခဲ့မယ်ဆိုရင်……
သားလေး ပဲ..လိုချင်မိလိ်မ့်မယ် ။
အခုတော့… သားသား အလင်းဆက်က..ကလေး..ဆိုတော့..လေ…
🙂
========================
လေးပေါက်ရေ…
ဟိုလိုအရွယ်မှာ..ဟိုလိုရေးကြည့်ဦးမယ်.နော် ။
အဲဒီအရွယ်မှာ..ရေးမယ့် အဲဒါ..တွေကိုလည်း…
လေးပေါက် ခံစားပေးဥိးနော် ။
ဒါနဲ ့… ဘယ်လိုရေး ရမှာကိုပြောတာလဲ….
ဟဲ ဟဲ…:)
=====================
ဦးဦးဆာမိ….
နောက်တစ်ခါ..စောစော လာဗျာ.။
တားတား..မျှော်နေမှာ….
ဖတ်ရှု ခံစားပေးနေကျ…ဦးဦး..ဆာမိအား…
အထုူး.ခင်မင်ကျေးဇူးတင်လျက်….ပါ ။
===================
ကိုရဲရင့်လှိုင်ရေ…
ဒီ ့ထက်မက…ခံစား သွားတယ်..ဆိုတော့…..
အင်း….
အင်းပေါ့နော်..။
🙂
=================
ဖတ်ရှု ခံစားပေးကြလို ့ကျေးဇူးပါဗျာ.။
ဓ = အလှည့်မှာ..ဘာလာ မလဲ…မျှော်လင့် ပေးကြပါဥိီး..နော် ။
——————————-
လေးစားစွာ
ရွှေ ကြည်
October 2, 2012 at 10:48 am
ဒီလိုလား ဝင်ရောက်ဖတ်ရှုသွားပါတယ် အလက်ဆင်းရေ..။
ဝတ္ထုရှည်ရေးပါလား..။
mayjuly
October 2, 2012 at 1:42 pm
ဒီအချိန် … ဒီနေရာမှာ
ဒီလိုစာတွေကို ဒီလို ဖတ်ရတော့လည်း ..
ဒီလို :kwi: ဒီလို ဖြစ်ပြီး
ဒီလိုပဲ မန့်ခဲ့တယ်အေ …. :hee:
kyeemite
October 2, 2012 at 4:26 pm
ဒင်းတို့ကဒီလိုလား..
ဒါဆိုရင်ဒို့ပြောချင်သေးတယ်
ဒို့ငယ်ငယ်ကလည်း
ဒင်းတို့လို ခံစားချက်လှလှလေးတွေရှိခဲ့ပါ့..
ဒို့ချမရေးနိုင်သေးလို့
ဒင်းတို့အံ့ဩသွားအောင်ရေးပြအုံးမယ်…
ဒဏ်ရာတွေပြအုံးမဲ့…
ကြိုက်မီး။
padonmar
October 2, 2012 at 10:47 pm
ဒို့ကတော့ ဘာပဲပြောပြော
ဒွေးမရှိတော့ကတည်းက
ဒီလို ကိုယ့်စိတ်ကိုပူလောင်
ဒုက္ခပေးတတ်တဲ့
ဒါရိုက်တာတွေ ဆင်တဲ့ ဇာတ်လမ်းတွေ မကြည့်တော့ဘူး။
ဒါပဲ။
အလင်းဆက်
October 3, 2012 at 8:17 pm
မမရွှေကြည်…
အတိုတောင် ဒီလောက်..ပေါချာနေတာ ။အရည်သာ ဆိုရင်တော့…
သားသား စာမူကို ဘယ်တူ ဖတ်မလဲ..
မမရွှေကြည်က ပင်တိုင်ပလိတ်သတ် လုပ်မလား…ဟင်..။
🙂
————————————–
mayjuly ..ရေ
ဒီလိုလေး..မန် ့သွားတော့လည်း…
ဒီလိုပဲ..ပေါ့အေ….
အဟိ ။
ကျေးကျေး..နော် ။:)
=====================
ဦးကြီး…. မိုက်…
အားကျ မခံ ရေးပြလိုက်ပါဂျာ…..
သားသားကတော့..အားပေးဒယ်..။
🙂
======================
‘
ဒို ့… အန်တီ ပဒုပ္မာကြီးက…လည်း..
ဒွေး မရှိတာနဲ ့….
ဒီလို..ဇာတ်လမ်းတွေ.. ကို
ဒဲ ့ပဲ.. လမ်းခွဲတော့မလို ့လား…
ဒီလိုတော့..လုပ်ပါနဲ ့ဂျာ….
ဒီလို ဇာတ်လမ်းလေးတွေကို
ဒီလို အန်တီကြီးက….အားပေးမှ…
ဒီလို..သားသားတို ့က….
ဒီ ့ထက်ကောင်းတာလေးတွေ…ဆက်ရေးနိုင်မှာမို ့…ပါနော် ။
ဒီ ပို့်စ် ့ကို
ဒီလိုလေး..ဖတ်ပြိီး..
ခံစား အားပေး..လို ့ကျေးဇူးပါ…ဂျာ ။
🙂
အားလုံးကိူ…လေးစားခင်မင်..စွာ…
ကျေးဇူးတင်လျက်
အလက်ဆင်း
စိန်ဗိုက်ဗိုက်
October 4, 2012 at 12:44 pm
အူးဆတ်
ူဒူးပြတ်
ရှူးထွက်
အထူးမက်
ခလေးတစ်ယောက်ထွက်
ဗျစ်စ်..ဗျစ်စ်..
အလင်းဆက်
October 5, 2012 at 7:59 pm
အော်… ဗိုက်ဗိုက် ရယ်…
ဗျစ်မှ ဗျစ်ရလေ….
အလင်းဆက်
November 5, 2012 at 9:01 pm
အနီတွေ…
မျက်စိ ကျိန်းလိုက်ထှာ…တော်