ခိုင်းကောင်းတဲ့နွား နှစ်လယ်ထွန်ရတတ်တယ်….
ခိုင်းကောင်းတဲ့နွား နှစ်လယ်ထွန်ရတတ်တယ်…တဲ့….။ ဟိုတစ်နေ့က ကောင်းကင်ကို ကောင်းကင် အသိတစ်ယောက်က ပြောလိုက်တဲ့ စကားပါ…။
ကိစ္စများမြှောင် လူတို့ဘောင်ဆိုတာ တစ်ကယ်ပါပဲ…။ လွယ်အိတ်လေးဆွဲပြီး ကျောင်းတက်ရတဲ့ဘဝတုန်းကလောက် ဘယ်မှာ ရိုးရှင်းမလဲနော်…။ အလုပ်ခွင်ဝင်ပြီဆိုရင်ဖြင့် လူစုံ၊ စိတ်ဓာတ်အစုံနဲ့ တွေ့ရတတ်တာပဲ..။ အရှောင်အတိမ်းလဲ တတ်ရ၊ နပ်ရသေးတယ်။ ကိုယ့်ကိုနင်းပြီး အပေါ်ရောက်ချင်တဲ့သူကို ရှောင်ရ၊ သူ့အပြစ်ကိုယ့်အပြစ်လာလုပ်တဲ့သူကို ရှောင်ရ၊ ကိုယ့်ခေါင်းပေါ်လွှဲလွှဲချတတ်တဲ့ အရှုပ်ထုတ်ကြီးကို ရှောင်ရနဲ့..။ အလုပ် စ လုပ်ခါစတုန်းကတော့ ငချွတ်ပေါ့…။ လူတွေ အကြောင်းမသိသေးဘူးလေ…။ ကူညီတဲ့သူတွေရှိသလို တွန်းချတဲ့သူတွေလဲ ရှိတယ်..။ အတွန်းကြမ်းရင်တော့ ခံပေတော့ပဲ…။ အလုပ်လုပ်တာ နှစ်တွေ ဆယ်စုနှစ်မပြည့်တစ်ပြည့်တောင် အတွန်းခံရတဲ့အကွက်တွေ တစ်ခါတစ်ခါ ပေါ်ပေါ်လာသေးတယ်..။
ခုဖြစ်နေတာကတော့ ကောင်းကင်ပြာရဲ့ မန်နေဂျာမမပါ..။ လူကြီးရှေ့တော့ သူလုပ်နိုင်တယ်..၊ တခြားတစ်ယောက် ထပ်ခန့်ရန်မလိုပေါ့…။ ပြီးတော့ ကောင်းကင်ပြာဆီ အဲ့အလုပ်တွေ ဒိုင်ခံရောက်၊ သူ့အလုပ်မှန်သမျှ သိမ်းကြုံးလုပ်၊ ခေါ်လိုက်တဲ့ အိုတီ၊ များလိုက်တဲ့ အလုပ်။ ဂျာမမက စိတ်ရင်းလေး ကောင်းချင်ပေမယ့် အာပေါက်လျှာပေါက်ဆိုးတာကြောင့် ရုံးကလူတွေက သူ့ကို တိုက်ရိုက်မပြောချင်၊ ကောင်းကင်က တဆင့်ပြောပြောနေတော့ ရုံးကလူတွေ ရှုပ်သမျှ ကြားက အဟောက်ခံရ။ သူ့ရဲ့ ပူလောင် အော်ဟစ်နေတဲ့အသံတွေ နေ့တဓူဝကြားရနဲ့ ဒီကုမ္ပဏီက အသေထွက်ရမလား၊ အရှင်ထွက်ရမလား တွေးမိတဲ့ အထိပဲ…။ အိမ်ပြန်ရောက်ရင် ဘာမှမလုပ်ချင်တော့ဘူး၊ ဘယ်သူနဲ့မှလဲ စကားမပြော ချင်တော့ဘူး။ စိတ်တွေပိုတိုတတ်လာတယ်..။ နောက်ပိုင်း တော်ရုံတန်ရုံ ဖြစ်နေကျ ကိစ္စလေးတွေတောင် သိပ်စိတ်မရှည်တာတွေ ဖြစ်ဖြစ်လာတယ်..။
အိုတီတွေ ခေါ်တိုင်း အားနာပြီး ဟုတ်ကဲ့ပြောလွန်းလို့ ကောင်းကင်ပြာ အသိက ပြောတယ်။ ခိုင်းကောင်းတဲ့နွား နှစ်လယ်ထွန်ရတယ်တဲ့…။ ဒါဆို ခိုင်းတိုင်းလုပ်မိတဲ့ နွားရဲ့ အပြစ်လား…။ ခိုင်းလို့ ကောင်းသွားတာကပဲ သူ့အပြစ် ဖြစ်သွားတာလား…????? ရွာသူားတွေရော ဘယ်လိုထင်ပါသလဲရှင်….။
32 comments
လယ်ထွန်Z
October 4, 2012 at 2:49 pm
ခိုင်းကောင်းတဲ့ နွားက ၂လယ်ထွန်ရတယ်..
ခိုင်းမကောင်းတဲ့ နွားကျတော့ မြန်မြန် အမဲသား ဖြစ်သပေါ့ကွယ်..
:kwi:
:harr:
:hee:
စိန်ဗိုက်ဗိုက်
October 4, 2012 at 2:53 pm
ဟား..သေးထွက်အောင် မှန်တယ်ဗျာ..
ဒို ့ကတော့ ဘာခိုင်းခိုင်း တတ်ဘူး သိဘူးဆိုပြီး ဖင်ပိတ်ငြင်းထလိုက်တာဘဲ
:harr:
Khaing Khaing
October 4, 2012 at 4:23 pm
အဲဒါကြောင့် … ဂျောင်ထိုးခံထားရတာ … မှတ်ထား …….
လယ်ထွန်Z
October 4, 2012 at 4:34 pm
အူးဗိုက် ဂျောင်ထိုးရင် ဂီ သားရေပက်နဲ့ လာပစ်မယ်
ခိခိ
:kwi:
:harr:
စိန်ဗိုက်ဗိုက်
October 4, 2012 at 4:54 pm
ဖျား..ဖျား..ဖျား.
:eee:
pooch
October 4, 2012 at 2:59 pm
အိမ်က ညီမလည်း အလုပ်မှာအဲ့လို အဖြစ်မျိုး ကြုံနေရတယ်။ ဂျာမမနဲ့ နည်းနည်း ကွိစိကွစပေါ့။သူလည်း အိမ်ပြန်လာရင် မျက်နှာက လငပုပ်ဖမ်းပြီး မပြုံးနိုင် မရယ်နိုင်။
အဲ့ဒါနဲ့ အမလည်း အကြံပေးလိုက်ပါတယ်။ အကျိုးအကြောင်းပြောပြလို့ ။ ကိုယ်ဘယ်အတိုင်းအတာထိ လုပ်နိုင်တယ် မလုပ်နိုင်ဘူး။ ဘောင်ဝင်အောင်ပြော ကြောက်စရာမလိုသလို အားနာစရာ မလိုဘူးလို့။
နောက်ပိုင်းမှာ ကိုယ်ပြောပါရဲ့နဲ့ သူလှည့်မကြည့်ဘူး ငဲ့မပေးဘူးဆိုရင် ထွက်စွာတင်မယ်ဆိုတဲ့ အကြောင်းကိုပါ တဖက်လှည့်နဲ့ နားပေါက်အောင် ပြောခိုင်းလိုက်ပါတယ်။ သူတို့ လက်မလွှတ်နိုင်တဲ့သူဆို တခုခုလုပ်ပေးလိမ့်မယ်။ မလိုချင်ရင်တော့ မသိချင်ယောင်ဆောင်နေလိမ့်မယ်လို့ ။
အခုတော့ assistant တယောက်ထပ်ခေါ်ပေးလို့ ပြေလည်သွားပြန်တယ်။ နောက်ဘာကြားရအုန်းမလဲ မသိဘူး။
Shwe Tike Soe
October 5, 2012 at 1:45 pm
ဟုတ်တယ် မပုချ် အဲလိုပဲ.. ကျွန်တော်တို.လဲ ပြသနာတွေရှိတာပဲ… ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်တာ လုပ်ပေးလိုက်တာပဲ… စိတ်ထဲထားရင် အလုပ်အဆင်မပြေဘူးလေ….
သူကောင်းကောင်းမကောင်းကောင်း အလုပ်ကလွဲပြီး တခြားပက်သတ်စရာမရှိတော့ တခါတလေ လစ်လျှူရှုထားလိုက် တာအကောင်းဆုံးပဲ…….
kaung kin pyar
October 4, 2012 at 3:08 pm
ဒီဘက်မှာတော့ ခွင့်တောင် မယူရဲဘူး Pooch ရေ..။ ခွင့်များယူမိရင် တစ်နာရီခြားတစ်ခါ အကြောင်းအမျိုးမျိုးပြ ဖုန်းဆက်တယ်..။ ရုံးမှာလဲ အင်တာဗျူးသွားတာလား မသိဘူးဆိုပြီး လျှောက်ပြောနေတယ်..။ မကြည့်ရက်သူတွေ ကုမ္ပဏီကောင်းလေး ချိတ်ပေးတာများ ကြားရင် အဲ့လူတွေနဲ့ အတူမရှိအောင်ထားတယ်..။ ပြီးရင် အဲ့ကုမ္ပဏီက ဘာမကောင်းဘူး၊ ညာမကောင်းဘူး ပြောရော..။ ကုမ္ပဏီကြီးရင် ညီမသွားဖို့ အစ်မက ကူညီမှာပါ..။ အဲ့မှာတော့ ဘယ်လိုတွေ ဖြစ်တာနဲ့ ဟုတ်တာရော မဟုတ်တာရော…။ ခုတော့ ဒဏ်မခံနိုင်တော့ဘူး။ သွားလို့ ကုမ္ပဏီမကောင်းလဲ ကိုယ့်ကြမ္မာ ကိုယ်ပဲ ဖန်တီးတော့မယ်..ဆုံးဖြတ်လိုက်ပြီ…။
cobra
October 4, 2012 at 4:31 pm
အဲ့ဒါတွေကြောင့်အလုပ်မလုပ်တာ
အိမ်ကလူကြီးတွေကတော့မသိဘူး အလုပ်ပဲလုပ်ခိုင်းနေတယ်
ဒီတိုင်းလေးနေတာဘယ်လောက်ကောင်းတလဲ…… 🙂
အိမ်လွမ်းသူ
October 4, 2012 at 4:35 pm
ဒါမျိုးကို ကိုယ်တိုင်ခံစား ဖူးလို့ကိုချင်းစာပါတယ်။ ပထမဆုံး company မှာ တနေ့အလုပ်ချိန် 12 နာရီ နဲ့ တပတ် 7 ရက်ကို တစ်နှစ်ခွဲလောက် လုပ်ဖူးလို့ပါ။ ကြာလာတော့ ကျန်းမာရေးကိုပါ ထိခိုက်နှိုင်ပါတယ်။ ဆိုတော့ အလုပ်ဟာ တသက်လုံး လုပ်ရမှာဖြစ် တဲ့အတွက် life and work balance ဖြစ်မှသာ long-term မှာ ပိုအဆင်ပြေမှာ ဖြစ်ပါကြောင်း။
Khaing Khaing
October 4, 2012 at 4:49 pm
ဒီပို့စ်လေးနဲ့ ပတ်သက်လို့ ကိုယ်တွေ့အတွေ့အကြုံရ ဝေဖန်ရမယ်ဆိုရင် …. မိမိလုပ်တဲ့နေရာ ဒေသပေါ် မူတည်ပြီး နေထိုင်လုပ်ကိုင်သင့်တယ်လို့ထင်တယ် …. အခုလက်ရှိကိုယ်လုပ်နေတဲ့အလုပ်မှာ ကိုယ်ကိုယ်တိုင်လည်း အရင်က အဲလိုထင်ခဲ့မိတယ် … ကိုယ်ကဘာခိုင်းခိုင်းကြောက်ကြောက်နဲ့ လုပ်ပေးမိတယ် … အလုပ်ပြုတ်မှာစိုးတာကို …. အဲလိုနဲ့ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ဖြစ်လာတယ် … ခိုင်းစရာရှိရင် ခိုင်ခိုင်ရေ … ခိုင်ခိုင်ရေနဲ့ … ကိုယ့်စိတ်ထဲ ငါပဲအခိုင်းခံနေရတယ်လို့ စိတ်ထဲအားငယ်လာတယ် … ခိုင်းတဲ့လူက ကိုယ့်ရဲ့အထက်လူကြီးမဟုတ်ပါဘူး ကိုယ့်စီနီယာကပါ … ဒါပေမယ့် အဲဒီအကျိုးအမြတ်တွေကို စီနီယာကြီးထွက်တဲ့အချိန်မှာ သိလာတာက ကိုယ်ကသူ့အလုပ်တွေ အကုန်နီးပါးလုပ်တတ်နေတယ်ဆိုတာပဲ … အဲဒီတော့လည်း ရုံးကလူကြီးက ကိုယ့်ကိုမျက်စိကျပြန်ရော (ခိုင်းဖို့နော်) သူဘာခိုင်းခိုင်း ကိုယ်ကဖင်ပေ့ါတာကို လုပ်လည်းလုပ်ရ အပြောအဆိုလည်းခံရဆိုတော့ ကိုယ့်မှာစိတ်ညစ်ရပြန်တယ် … စေတနာဆိုတာရောင်ပြန်ဟပ်ပါတယ် … သူများများခိုင်းလေ ကိုယ်များများတတ်လေဖြစ်ပြီး အလုပ်ထဲမှာ နေရာရလာသလို နံမည်ကောင်းလည်းရလာတယ် နောက်ပိုင်း ကိုယ်လုပ်သင့်တာကိုလုပ်ပေးတယ် သူပြောချင်တာပြော ဂရုမစိုက်ဘူး ကိုယ့်စိတ်ထဲမှာလည်း ကိုယ်အကောင်းဆုံးလုပ်ပေးခဲ့တာပဲဆိုတဲ့စိတ်နဲ့လိပ်ပြာလုံပြီး စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး … လူကြီးက သူ့စိတ်ထဲဘာပဲပြောပြော သူ့အပေါ်ရိုသေလေးစားတဲ့ ကိုယ့်ရဲ့အမူအကျင့်ကို သူကမှတ်ထားပေးပါတယ် … ကိုယ့်အတွက်လုပ်ပေးစရာရှိရင် သူမားမားမတ်မတ် လုပ်ပေးတယ် … အဲဒီအကျိုးဆက်တွေကိုလည်း ခံစားနေရတယ် … ယနေ့အချိန်ထိပါပဲ … ကောင်းကင်လိုပဲ အမလည်း ခွင့်ယူတဲ့ရက်တွေဆို အိမ်ကိုဖုန်းခဏခဏဆက်တာခံရတာပဲ … ညဘက်တွေတောင် ဆက်တာရှိသေးတယ် … မီးဖွားတုန်းကဆိုရင် ဆေးရုံမှာတောင် အလုပ်ကိစ္စဖုန်းဆက်တာရှိသေးတယ် … ဒါကြောင့်ကောင်းကင်ရေ ဘာပဲပြောပြော ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ တစ်ခြားလူတွေလဲ ကောင်းကင်လိုပဲ ဖြစ်နေတယ်ဆိုတဲ့စိတ်ကလေးနဲ့ ဖြေသိမ့်လိုက်ပါနော် …. အားလုံး အိုကေသွားပါလိမ့်မယ့် … ကိုယ့်ကိုသူများခိုင်းရင် ငါလုပ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုကိုယ့်ဂုဏ်ယူတတ်အောင်ကြိုးစားလိုက်ပါနော် …
ကြောင်ဝတုတ်
October 4, 2012 at 5:42 pm
ကောင်းကင်ပြာရေ…
ကျွန်တော်ပြောချင်တာလေးပါဗျာ…
ဒီလိုဗျ ကျွန်တော်တို့ မြန်မာလူမျိုးက သိပ်ပြီးနာခံတတ်တဲ့လူမျိုး…
ကိုယ့်အထက်လူကြီးက အလိုက်ကမ်းဆိုးမသိခိုင်းလဲ စိတ်ထဲမှာသာကျိတ်ပြီးမကျေနပ်တာ ပြန်ပြောဖို့ကျတော့လဲ ဝန်လေးပြန်ရော…
မတော်လို့ အထက်လူကြီးက ကိုယ့်ထက်အသက်ကြီးရင်ပိုတောင် ခက်ခဲတဲ့အနေအထားပါ…
နောက်ဆုံးကျတော့ မနေနိုင်လို့အလုပ်ထွက်… ဒါမျိုးပါပဲ…
အဲဒီတော့ လူကြီးကို မျက်နှာချင်းဆိုင်ပြီး မတရားရင်မတရားတဲ့အကြောင်းပြန်ပြောနိုင်အောင်လုပ်ပါ…
အလုပ်နားရက်မှာ ဖုန်းဆက်ရင် အားနာပါးနာနဲ့မကိုင်ပါနဲ့…
ကိုင်မိရင်လဲ ကိုယ့်နားရက်ဆိုပြီး ပြတ်ပြတ်သားသားပြောပါ… အလုပ်ချိန်မှာအလုပ်ကို ပြီးအောင်လုပ်ပါ… တာဝန်ကျေပါစေ…
ဒါပေမယ့် ကိုယ့်ရဲ့ Capacity ထက်ကျော်တဲ့အလုပ်ဆိုရင်လဲ ပွင့်ပွင့်လင်းလင်းပြောပါ နိုင်ရင်နိုင်တယ်… မနိုင်ရင်မနိုင်ဘူး…
အရေးကြီးတာက ကိုယ်နဲ့ ကိုယ့်ရဲ့လိုင်းမန်နေဂျာကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ နားလည်မှုရှိဖို့ပါပဲ…
တကယ်လို့များ နားမလည်ဘူးဆိုရင်တော့ ရဲရဲတင်းတင်းသာ သူ့ရဲ့အထက်ကိုသွားပြောဖို့ ဝန်မလေးပါနဲ့…
ခင်မင်လျက်-
ကြောင်ဝတုတ်
Shwe Tike Soe
October 5, 2012 at 1:49 pm
အော် ကိုဖက်ကပ်က အင်တာနေရှင်နယ် ကုပဏီမှာ လုပ်တာကိုးအေ့ အဲလိုပြောအားရှိမှာပေါ့… ဒီမှာပြန်ပြောကြည့်ပါလား………. အလုပ်မထုတ်ဘူးခင်ဗျ… တဖြည်းဖြည်း ဖိဖိ ခိုင်းတော့တာ.. ဒါ မြန်မာ့နည်းမြန်မာ့ဟန် ခင်ဗျ… ဒါတွေပြောလဲ အန်ဂျီအိုဒွေ နားလည်မယ်မထင်ပါဘူးအေ…
မပြောတော့ဘူး…….. မပြောာာာာတော့ဘူး…..ပြောာာာာာာာကိုးးးးးးးးမပြောချင်ဘူး……..
ကြောင်ဝတုတ်
October 5, 2012 at 2:01 pm
ကိုတိုက်ရေ…
အဲဒီလိုတော့ မဟုတ်ဘူးထင်တယ်ဗျ…
ပြန်ပြောတယ်ဆိုတဲ့နေရာမှာလဲ အကျိုးသင့်အကြောင်းသင့် ပြောသင့်တာကို ပြန်ပြောရမှာပဲ…
ပြန်မပြောပဲနေလို့ ပိုဆိုးလာတာမျိုးရှိပါတယ်… မသိတဲ့သူကို သိအောင်ပြောရမှာပါ…
အမှန်ကိုပြောရဲဖို့သတ္တိလူတိုင်းမွေးကြဖို့လိုမယ်ထင်ပါတယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
aanyar thar
October 4, 2012 at 6:31 pm
ဂျပန်ခေတ်က ထန်းပင်တက် လက်မှတ်ကောင်းရသလိုပေါ့… မာစတာ တစ်ယောက်မြန်မာပြည်ဝင်လာ ကိုမှတ်ကြီး ခင်မျှာ အရင်ဂျပန်မာစတာတစ်ယောက်က ပေးသွားတဲ့ ထန်းပင်တက်ကျွမ်းကျင် လက်မှတ်ကောင်းလေးက လက်ထဲရထားပြန်တော့ ဒီဘီရု့မာ ထန်းပင်တက် အားကြီးကောင်း..တက်ရပြန်ရော..နောက်မာစတာတစ်ယောက် မြန်မာပြည်လာပြန်.ဒီဘိရု့မာ..ထန်းပင်တက် အားကြီးကောင်း..တက်ရပြန်ရော….မြန်မာပြည် လွတ်လပ်ရေးတာ ရသွား.တယ်..ကိုမှတ်ကြီးခင်မျှာ…ထန်းပေါ်က မဆင်းရသေးဘူး.
မောင်ပေ
October 4, 2012 at 7:34 pm
လောကဇါတ်စင်ပေါ်မှာ မီးစင်ကြည့်ကရတယ်ဆိုပေမယ့်လဲ
အကမတော် တစ်ထမ်း ဆိုသလိုလို….. လို ့သာ ဆိုလိုက်ချင် ။
ဒါနဲ ့စကားမငရုတ်
ပြာကလေးက ရွှေ… ဒီရွှေ… ဟေးဟေး
ကိုခင်ခ
October 4, 2012 at 11:32 pm
ခိုင်းကောင်းလို့ ခိုင်ခံရတယ်မမှတ်ဘဲနဲ့၊ ထင်ပေါ်လို စင်တော်ကောက်ခံရတာလို့မှတ်ပြီး လုပ်လိုက်လေ ကောင်းကင်ရေ၊ နောင်တစ်ချိန်မှာ အလုပ်တွေများစွာလုပ်ခဲ့သူက
အတွေ့အကြုံလည်းများစေတာမို့ အသုံးတည့်တဲ့အကျိုးကိုပြန်ရတတ်ပါတယ်။
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 5, 2012 at 1:54 am
အရှည်ကြီးရေးရမှာပျင်းလို့ တိုတိုလေးဘဲပြောရရင်တော့
ခင်ဗျားတို့ မြန်မာနိုင်ငံသားတွေ ဒီနေ့ထိ ကိုယ့်အလုပ်ကိုယ်မလုပ်ဂျဘူး
သူများအလုပ်ဂိုလုပ်တယ် ပီးရင် ပွစိပွစိနဲ့
နှစ်တစ်ထောင်ကျိန်စာ 😀
ကျုပ်ဆို ကောက်ရိုးပုံစောင့်တယ် ကောက်ရိုးမကျွေးနဲ့နိုးဘဲ
ကျုပ်အလုပ်က ကောက်ရိုးပုံစောင့်တဲ့အလုပ် ကောက်ရိုးစားတဲ့အလုပ်မဟုတ်ဘူး
ဆိုခြင်တာက ကိုယ်ဘာလုပ်ရမယ်ဆိုတာ အလုပ်စဝင်ကတည်းက မသိဂျဘူးလား
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 5, 2012 at 2:01 am
တစ်ခုရှိတယ် အနာခံမှ အသာစံရတယ်
အလုပ်တွေကို လုပ်တဲ့နေရာမှာ လုပ်ငန်းကျွမ်းကျင်မှု့ဆိုတာရဘို့ အလုပ်တွေကို သိမ်းကြုံးလုပ်ပြစ်ရတဲ့
သဘောလည်းရှိတယ် အရေးကြီးတာက
( ကိုယ်လုပ်တဲ့အလုပ်တွေပေါ်မှာ အမှတ်သညာ လေ့လာမှတ်သားဘို့ဘဲ )
mayjuly
October 5, 2012 at 2:19 pm
ဘပုပြောတာမှန်တယ်ဗျာ …
တစ်ခုပဲထပ်ပြောချင်တာက …
ဘယ်အလုပ်ကိုပဲလုပ်လုပ်ပါ စိတ်စေတနာထားပြီး လုပ်ကြည့်ပါ ..
ကိုယ်အတွက်လည်း စိတ်သက်သာရာရပါတယ် …..
အလုပ်အပေါ် မှာ ထားတဲ့စေတနာရယ်….
လုပ်ခဲ့တဲ့ ကျွမ်းကျင်မှုရယ်က တစ်ချိန်ကြရင် အကျိုးထူးဖြစ်လာပါလိမ့်မယ် …
စေတနာဆိုတာရောင်ပြန်ဟပ်ပါတယ်..
Shwe Ei
October 5, 2012 at 11:46 am
ခိခိ သများတော့ ကောင်းကင်ပြာကို အကြံကောင်းပေးနိုင်မယ် မထင်ဝူးချင့်။ ဘာလို့လဲဆိုတော့ ဟိုအပေါ်က ကြောင်ဝကြီးမန့်သလို လုပ်နိုင်တာ မလုပ်နို်င်တာ ပြတ်ပြတ်သားသားပြောလွန်းအားကြီးလို့ လိုင်းမန်နေဂျာနဲ့ ပြသနာတက်ပီး အလုပ်ပြုတ်လာတာချင့်။ ဒါတောင် ၃နှစ်လောက် ဒွတ်ခခံရသေး။ သင်တန်းတွေပေးတက် ရာထူးတွေတိုး လခတွေတိုးပီးမှ အချိုးမပြေလို့ဖြုတ်သတဲ့ကွယ် ခွစ်ခွစ်။ :harr:
ကြောင်ဝတုတ်
October 5, 2012 at 4:27 pm
အဲလို အချိုးမပြေတာတွေကို လက်ခံနိုင်ဖို့….
တော်တော်ကြီးကိုပြုပြင်ပြောင်းလဲရဦးမယ်…
သူကြီးပြောတဲ့ အနှစ်တစ်ထောင်ကျိန်စာ
Shwe Tike Soe
October 5, 2012 at 1:40 pm
မှန်လိုက်တာ မမကောင်းကင်ပြာရေးးးးးးးးးးး ကျွန်တော်လဲ အဲအတိုင်းပဲ… ဒါပေမယ့် အိုတီဆင်းခိုင်းရင် ဂဂျီဂဂျောင် ကျပလိုက်တာပဲ…………
kyeemite
October 5, 2012 at 1:46 pm
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု ပြောတာကိုပဲထောက်ခံသွားပါဂျောင်း….
:kwi:
ကိုပေါက်(မန္တလေး)
October 5, 2012 at 2:48 pm
ဒါက ကျနော်မိတ်ဆွေ ဆီလာကိုတဲ့စာကလေးပါ
(စုစုပေါင်း ၃ ယောက်ရှိတာ ၁ ယောက်ကစာမေးပွဲရှိလို့ခွင့်ယူထားတယ်။
အခုနှစ်ယောက်ပေါ့။
ကျမဆီရောက်လာတဲ့အလုပ်ကို ကိုယ့်တာဝန်ကျေအောင်လုပ်တယ်။
မပြီးရင်အိုတီဆင်းတယ်။ အရေးကြီးမှ မလွဲသာမှ သူများကိုလွှဲတယ်။
အခုကျန်တယောက်ကအကြောင်းကြောင်းကြောင့် အိုတီဆိုမဆင်းဘူး။
အတင်းငြင်းတယ်။
သူ့အလုပ်ကိုအမြဲပဲ ကျမက လွှဲယူပြီးအိုတီဆင်းရတယ်။
ကိုယ့်ထက်အသက်လဲကြီးတယ် ရင်းလည်းရင်းနှီးနေတာဆိုတော့ခက်တယ်။
အခုရက်တွေမယ်အလုပ်မပြတ်လို့ နေ့တိုင်း အိုတီဆင်းတယ်
သူ့အလုပ်တွေပါတွဲလုပ်ပေးရတယ်။ စိတ်ညစ်တယ်။)
ကျနော့်မိတ်ဆွေက အဲဒီကလေးမဆီကို ပြန်ပို့တဲ့စာလေးပါ။
သမီးလေးရေ
လေးလေးငယ်ငယ်က လဲ သမီးလိုသိမ်းကြုံးလုပ်ပေးခဲ့ဘူးတယ်။.
ဒီလောက်လုပ်ပေးမယ့် ပိုင်ရှင်က သူများတွေအားလုံးကဝိုင်းလုပ်လို့ပြီးတယ်လို့ထင်နေတာလို့ထင်တာ။
လက်တွေ့မှာကိုယ်တစ်ယောက်ထဲလုပ်ရတာ။
အဲတော့ စိတ်တိုတာပေါ့။
ဘေးအမြင်က လေးလေး ကနွားပေါ့ ပိုင်ရှင်ကို ဖားတဲ့ကောင်ပေါ့။
လေးလေးဆရာတစ်ယောက်သင်ပေးသလို
“ခိုင်းမှလုပ်တာ ကျွန်နဲ့နွားဘဲရှိတယ် လူဆိုတာ ဘယ်သူလုပ်လုပ်မလုပ် ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်ရတယ်”
လို့သင်ပေးဘူးပါတာကိုစိတ်ထဲစွဲနေတော့ ဘယ်သူလုပ်လုပ် မလုပ်လုပ်
ကိုယ့်မူနဲ့ကိုယ်သိမ်းကျုံးလုပ်ခဲ့တယ်။
နောက်ကြာလာ တော့လုပ်ငန်းတစ်ခုကိုယ်ဆောင်ရွက်လို့ပြီးသွားရင် အဲဒီအပေါ်မှာကြည်နူးတဲ့စိတ်ကလေး
ထားတတ်လာပါတယ်။
ရေရှည်မှာတော့ သူများမလုပ်ချင်တာတွေလုပ်နေရင်း ကိုယ်က လုပ်ငန်းကျွမ်းကျင်သူဘဝရောက်သွားပါတယ်။
နှစ်အပိုင်းအခြားကြာလာတဲ့အခါ တကယ်မလုပ်သူက ဘေးရောက်သွားတာပေါ့။.
အချိန်စောင့်ပါ။
နောက်ဆုံးငွေကြေးအနေနဲ့ ရမလာတောင် အတတ်ပညာတွေကိုလေ့ကျင့်ခွင့်ရတယ်သဘောထားပါ။
ကို်ယ်နဲ့မသိတဲ့ အခြားလုပ်ငန်းမှာ ကျနော်ကျမ ဒီပညာတွေတတ်ပါတယ်
လုပ်ငန်းအတွေ့အကြုံယူချင်လို့ လုပ်ပါရစေ
လခလဲမပေးပါနဲ့ ဆိုပြီး တောင်းဆိုမယ်ဆိုရင် အဲဒီလူတွေက သူတို့လုပ်ငန်းကို
မသိတဲ့ သူစိမ်းတစ်ယောက်ကို ဘယ်ပေးလုပ်မလဲနော်.။
အလုပ်ကို သူများတွေက အချောင်ခိုနေလို့ ကိုယ်တစ်ယောက်ထဲသိမ်းကျုံးလုပ်ရရင်
လေ့ကျင့်ခန်းဆင်းနေတယ်သဘောထားလိုက်ပါ။
စိတ်တွေအေးချမ်းသွားပါမယ်။
သမီးလိုကြုံဘူးတဲ့
လေးလေး
ကြောင်ဝတုတ်
October 5, 2012 at 4:38 pm
လေးပေါက်ရေ…
အဲဒီလိုတော့ လေ့ကျင့်ခန်းလုပ်တယ်သဘောမထားနိုင်ပါဘူးဗျာ…
အဲဒီလိုမျိုးကိစ္စတွေက Teamwork ကို အဓိကဖျက်တဲ့ကိစ္စမို့ပါ…
ကျွန်တော့်အမြင်က စည်းဘောင်ဆိုတာကို ကျော်ချတဲ့ကိစ္စ…
ဥပမာဗျာ…
ဖွဲ့စည်းပုံပြည့်အောင်မခန့်ဘဲ… ရောကြော်အလုပ်ခံရတဲ့ဝန်ထမ်းပေါင်းမနဲဘူး…
Office Assistant ဆိုပြီခေါ်လိုက်တယ်… ရှိသမျှသိမ်းကြုံးခိုင်းတယ်…
လစာကို မစို့မပို့ပေးတယ်… ဒါမျိုးက ဘယ်တော့မှ Teamwork ဖြစ်မလာဘဲ…
ဖားစား… ခိုးစားရတဲ့ဘဝမျိုး ဝန်ထမ်းတွေရောက်ကုန်ရော…
အဲဒီတော့ စားခွက်လုပြီး Teamwork ကို ဖန်တီးလို့မရတော့ဘူး…
အလုပ်သိမ်းကျုံးလုပ်တဲ့လူတွေကလဲ Performance ပြတဲ့အနေနဲ့
မိုးချုပ်တဲ့အထိ အလုပ်တွေလုပ်ပြ…
အလုပ်ရှင်ကလဲ ဝန်ထမ်းပေမယ့် ကိုယ့်အလုပ်လိုသဘောထားတယ်ဟဲ့ဆိုပြီးတော့
သဘောတွေကြ…
ရုံးချိန်မရှိ… စည်းမရှိကမ်းမရှိတွေဖြစ်ကုန်ရော…
မှောင်ခိုကနေချမ်းသာလာတဲ့ စာမတတ်ပေမတတ်သူဌေးတစ်ယောက်ကဖွဲ့စည်းထားတဲ့
ရုံးဖွဲ့စည်းပုံဟာ အိမ်ခေါ်ထားပြီးထမင်းကျွေးတဲ့တောက်တိုမရသမားတစ်ယောက်လိုသဘောထားရုံထက်မပါပါဘူး…
ထပ်ပြောရရင် ဖွဲ့စည်းပုံအခြေခံကောင်းတဲ့နေရာမှာနေလို့ အဲဒီလိုစကားမျိုးပြောတယ်လို့မထင်စေချင်ပါဘူး…
ဒီနေရာမရောက်ခင် ဒီလိုဘဲရောကြော်ဘဝမှာ (၇)နှစ်လောက်အလုပ်လုပ်ခဲ့ရဖူးပါတယ်…
အဲဒီတော့ ပြုတ်ခါမှပြုတ်ရောဗျာ…
အမှန်ကိုတော့ ပြောစရာရှိရင်ပြောရမှာပါပဲ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ကိုပေါက်(မန္တလေး)
October 6, 2012 at 8:10 pm
ညီလေး ဖက်တီးကက်ရေ
မင်းပြောတာကိုလည်း လက်ခံတယ် အမှန်တွေချည်းပါဘဲ။
ဒါပေမယ့်မြန်မာပြည်မှာ နို်င်ငံခြားကလာဖွင့်တဲ့ လုပ်ငန်းကလွဲရင်
ကျန်တဲ့လုပ်ငန်း တွေက အဖြစ်လောက်ဘဲလုပ်ကြတာပါ။
ှုISO ဆိုတာကိုတောင်ပစ္စည်းကောင်းကြောင်းထောက်ခံတယ်လို့ထင်နေတဲ့နိုင်ငံမှာ
ညီလေးပြောသလို နည်းမှန်လမ်းမှန်နဲ့ထောင်ထားတဲ့ လုပ်ငန်း ဘယ်အများကြီးရှိနိုင်ပါမလဲ။
ငယ်တုန်းကတော့ မကျေနပ်ထွက်တာပေါ့
အလုပ်တွေကို လေးငါးခုပြောင်းရတာပေါ့
အသက်အရွယ်ရလာရင်တော့ အလိုလို သွေးကြောင်သွားတတ်တာ သဘာဝပါဘဲ။
မြန်မာပြည်မှာ ထိုက်တန်တဲ့ပညာနဲ့ထိုက်တန်တဲ့လစာရနိုင်တဲ့နေရာ အခွင့်အလမ်း
လက်ရှိအခြေအနေမှာနည်းပါးပါသေးတယ်။
Arkar11
October 5, 2012 at 3:07 pm
ညီမရေ…မြန်မာပြည်မှာ company တော်တော်များများက ဒီပုံစံတွေပါပဲ… ကိုယ်ရဲ့အလုပ်သမားတွေကို
တန်ဖိုးမထားတော့ လူကောင်းတွေ ဆုံးရှုံးရတဲ့ company တွေ အများကြီးပါပဲ… ညီမ အလုပ်ပြောင်းချင်ရင် ကျနော်ဆီသာ CV ပို့လိုက် … အင်တာဗျုးသေချာပေါက်ခေါ်စေရမယ်… But အစ်ကိုတို့ company လည်း more or less same ပါပဲ… 🙂
လုံမလေး မွန်မွန်
October 5, 2012 at 3:15 pm
ကောင်းကင်ပြာရေ…
သင်ယူခြင်းနဲ့ ခံနိုင်ရည်စမ်းသပ်ခြင်းလို့သာ မှတ်ယူလိုက်ပါ။ ကိုယ်လုပ်နိုင်သလောက်အထိ လုပ်လိုက်ပါ။ လုံမလေးလည်း အဲဒီလို ကြုံဖူးပါတယ်။ ငါလုပ်နိုင်တဲ့အထိ လုပ်မယ်။ ငါ့ရဲ့လုပ်နိုင်စွမ်းကို စမ်းသပ်မယ်ဆိုပြီး လုပ်လိုက်ပါတယ်။ ဘာဖြစ်လာလဲဆိုရင် တာဝန်ယူနိုင်စွမ်းတိုးတက်လာတယ်။ လုပ်နိုင်စွမ်းမြင့်လာတယ်။ တစ်ခုတော့ရှိတာပေါ့။ အမှားနည်းအောင်တော့ ဂရုစိုက်ရတာပေါ့။ သည်းခံနိုင်လာတယ်။ လူတွေရှေ့မှာ တဒင်္ဂခံစားချက်တွေကို ထိန်းချုပ်တတ်လာတယ်။ ပြောရင် စိတ်မဆိုးတတ်ဘူးဆိုတဲ့ နာမည်ရလာတယ်။
နောက်ဆုံး ဘယ်လိုမှဒဏ်မခံနိုင်တော့ဘဲ အလုပ်မှာမပျော်တော့တဲ့တစ်နေ့မှာတော့ ဆုံးဖြတ်ချက်ပိုင်ပိုင်ချပြီး အားလုံးတားတဲ့ကြားက ထွက်လာခဲ့တယ်။
ကိုယ့်ကို သည်းခံတတ်အောင် သင်ပေးနေတယ်လို့ မှတ်လိုက်ပါ။ ပြဿနာတွေနဲ့ တွေ့တာများမှ ပြဿနာကို ဖြေရှင်းတတ်တယ်လို့ ထင်ပါတယ်။ ခိုင်းကောင်းတဲ့နွား နှစ်လယ်ထွန်ရမှာစိုးလို့တော့ ကိုယ့်အရည်အချင်းတွေကို ဖုံးကွယ်မထားပါနဲ့။ အမြဲထက်နေအောင် သွေးထားပါ။ တစ်ချိန်ချိန်မှာ လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ နေရာချင်းကွာသွားပါလိမ့်မယ်။
ကောင်းကင်ပြာရဲ့ လုပ်သက်က ဆယ်စုနှစ်မပြည့်တစ်ပြည့်ဆိုတော့ လုံမထက် လုပ်သက်အများကြီးများပါတယ်။ လုံမရဲ့ခံယူချက်ကို ပြောတာဖြစ်တဲ့အတွက် ဆရာလုပ်တယ်လို့မထင်ပါနဲ့လို့ပြောချင်ပါတယ်။
ခင်တဲ့
လုံမလေး
uncle gyi
October 5, 2012 at 4:43 pm
ဖြစ်နိုင်တဲ့အတိုင်းအတာထက်တနည်းကို်ယ်လုပ်နိုင်တဲ့အတိုင်းအတာထက်
ိုပိုလာတဲ့အလုပ်ဆိုကိုယ့်အထက်လူကိုအမှန်တင်ပြပြီး
တာဝန်ပြန်ခွဲပေးဖို့တောင်းဆိုသင့်ပါတယ်
နောက်မို့ဆိုစိတ်ဖိစီးမှုများပြီးအလုပ်လည်းမကောင်းကိုယ်လည်းမကောင်းဖြစ်တော့မှာပါ
jullies cezer
October 5, 2012 at 5:22 pm
မြန်မာပြည်မှအချို့အချို့သောအလုပ်ရှင်များဟာ လုပ်ငန်းအတွေ့အကြုံရှိမှခန့်ချင်ကြတာများတယ် ။ လုပ်ငန်းအတွေ့အကြုံရှိပြန်တော့လည်း အလုပ်ကို နှစ်ခုက နေ သုံးခုပြောင်းရင် အလုပ်မမြဲတတ်ဘူးဆိုပြီး မကြိုက်ကြပြန်ဘူး ။ အလုပ်မပြောင်းချင်အောင်လို့ ကြိုးစားတဲ့ ဝန်ထမ်းအပေါ် ထိုက်တန်သလောက် ပေးသလားဆိုတော့လဲ မသိချင်ယောင်ဆောင်တာကများတယ်။ အဲဒီတော့ ဒါမြန်မာပြည်ကွလို့ပဲပြောချင်တော့တယ် ကွယ်။
ကြောင်ကြီး
October 6, 2012 at 10:00 am
ဘွတ်အဲ
ဇွတ်ပဲ
စွတ်ဖြဲ
အွတ်ခနဲ၊
မွတ်တွဲ
ပွတ်ဆွဲ
လွတ်ရဲ
ထွဋ်ကဲ..။