မောင့်လေဒီ
ရန်ကုန်မြို ့လမ်းမကြီးထက်ဝယ် အငှားယာဉ်လေးများ ဟိုမှသည်မှ က္ကန္ဒြေရရပြေးလွှားနေကြသည်။တစ်ခါတစ်ရံ ထိုအငှားယာဉ်များပေါ်တွင် ချစ်သူစုံတွဲများကိုလည်း အချစ်ကြီးချစ်လျက် တွေ ့မြင်ကြရပေသည်။ ဟိုမှသည်မှ သည် ဟိုမှသည်မှ ဆီသို ့….။
ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်ပါပြောင်းလဲနေသော လူနေမှူစရိုက်သည် အရှိန်အဟုန်မြင့်နေလေသည်။ထိုပြောင်းလဲမှူဒဏ်ကို ခါးစည်းခံကြရသည်မှာ လူငယ်ထုတွင် သိသာထင်ရှားလာလေသည်။ကျွန်မတို ့အသက်အရွယ် ချစ်ရေးချစ်ရာကိစ္စများတွင် အလေးပေးမစဉ်းစားမိတော့သည်မှာ သဘာဝကျလှပါသည်။သို ့သော်တစ်ခါတစ်ရံ ကိုရီးယားရုပ်သံဇာတ်လမ်းများတွင် သိပ်ချစ်ကြသော ချစ်သူနှစ်ဦးတွေ ့လျှင် အားကျမိသည်မှာတော့ ဝန်ခံရပေမည်။ဤသည်မှာ ၃ဝ ကျော်ဧ။်အချစ်ပင်ဖြစ်သည်။ဆယ်ကျော်သက်အရွယ် လူငယ်များအနေဖြင့် အားကျရုံမျှမက အားတက်သရော ချစ်ချင်ကြမည်မှာ သေချာသည်။အင်မတန်နုနယ်သောအရွယ်တွင် အသိမှားအမြင်မှား နောက်လိုက်ကာ အမြင်သင့်မမြင်ဝံ့ မဖြစ်သင့်မဖြစ်ထိုက်သော ချစ်ခြင်းများ တခြားတွင်တော့မသိ ကျွန်မဧ။်ပတ်ဝန်းကျင်တွင်ပင် အင်္သချေ..။ချစ်သူသမီးရည်းစား နှစ်ယောက်ကို လွတ်လွတ်လပ်လပ် ချစ်ခွင့်ပေးသောနေရာများမှာလည်း မှိူပေါက်သည်ထက်ပင်ပေါဦးမည်။အချစ်ဆိုသည် ဘဝ မဟုတ်ပါ။အချစ်နှင့်ဘဝကို ရောထားမိလျှင် ဘဝပျက်ဖို ့အလားအလာအတော်ပင်များသည်။တစ်စက္ကန် ့ တစ်မိနစ်
တစ်နာရီ မျှလောက်ချစ်လိုက်ရုံဖြင့် တစ်ဘဝလုံးဆုံးရှူံးလိုက်ရသည်ကို မောင့်ပျိုမေတို ့သတိမထားမိကြပေ။တန်ဖိုးထားအပ်သော အရာသည်တန်ဖိုးသိသူအတွက်သာဖြစ်သည်။ဟန်ချက်ညီညီတီးနေသော လက်ခုပ်နှစ်ဖက်သည် အချိန်ကြာလို ့အတီးရပ်သွားသောအခါ လက်ဖဝါးနာရုံအပြင်မှတပါး အခြားမရှိပေ။တန်ဖိုးရှိသောမောင်တို ့ဘဝ တန်ဖိုးရှိနေဆဲ…။ရှားပါးစာရင်းဝင် အပျိုစင်တို ့သာ စာရင်းပယ်ခံရပေမည်။မောင်တို ့တန်ဖိုးရှိသလို ပျိုမေတို ့လည်း
တန်ဖိုးတတ်စေချင်သည်။အချစ်ကြီးချစ်ကြသူတိုင်းလည်း တန်ဖိုးသိစေချင်သည်။
မရင့်ကျက်သေးသောအရွယ် ပတ်ဝန်းကျင်ဧ။် မသိမသာ တိုက်တွန်းစေ့ဆော်မှူများကို ခံနိုင်ရည်ရှိရပေမည်။လူငယ်ဘဝ ပေါ့ပါးလွတ်လပ်မှူနှင့်အတူ
ထိန်းချူပ်နိုင်မှူတည်းဟူသော ရင့်ကျက်မှူသဘောကိုဆောင်နိုင်ရမည်။အနာဂတ်သည် လူငယ်တို ့လက်ထဲမှာပင်ဖြစ်သည်။အပြစ်အနာအဆာရှိနေသော စိတ်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲမှူလုပ်၍မရနိုင်သလို ထိန်းချုပ်မှူကင်းမဲ့သော စိတ်ဓာတ်ဖြင့် ခေါင်းဆောင်ကောင်းများ ဖြစ်မလာနိုင်ပေ။ပျိုမေတို ့ဘဝ ပျိုမေတို ့အနာဂတ်သည် ဦးဆောင်သူများဖြစ်နိုင်သည် ပြုပြင်ပြောင်းလဲသူများဖြစ်နိုင်သည်။သို ့သော်အပြစ်အနာအဆာရှိသော စိတ်ဓာတ်ကလေးများ မဝင်မိစေရန် မရရှိစေရန်မှာ ဟန်ချက်ညီစွာ တီးနေသော လက်ခုပ်ဖြစ်ရန်မဟုတ် တင်းကျပ်စွာဆုပ်ကိုင်ထားသော လက်တစ်စုံဖြစ်ရန်သာလိုအပ်ပါသည်။တားဆီးမရနိုင်သော ပြင်ပအကြားအမြင်များသည် အကြားအမြင်ဧ။် ပြင်ပသို ့ခေါ်ဆောင်သွားသောအခါ အန္တရာယ်များလှသော လက်တွေ ့စမ်းသပ်မှူများအဖြစ် အသွင်ပြောင်းလဲကုန်ကြလေသည်။
ထိုအခါ စမ်းသပ်ချက်ဧ။်ရလဒ် အနေဖြင့် လူငယ်ဘဝဆုံးရှူံးရသည်။အရွယ်မတိုင်မီ အိမ်ထောင်ပြု ကြသည်။ကလေးအရွယ်တွင်ပင် ကလေးမွေးကြသည်။ဤရလဒ်သည် အနာဂတ်တွင် သိသာထင်ရှားလာပေလိမ့်မည်။လူငယ်ထုသည် ပြင်ပအသိုင်းအဝိုင်းမှ အတုယူအားကျစရာ များလှပေသည်။သို ့သော် ပျက်စီးယိုယွင်းနေသော လူနေမှူပုံစံကိုမဟုတ်ပါ။ဖျက်လက်တက်ကြွနေသော လူငယ်ယဉ်ကျေးမှူကိုသာလျှင် ဖြစ်ပါသည်။ပန်းတိုင်းလည်းမပွင့်နိုင်ပါ။တစ်ချို ့ကအဖူးအငုံ ဘဝတွင်ပင်ပျက်စီးကြရသည်။တစ်ချို ့က လှပစွာပွင့်နေဆဲပင် ခူးယူခြင်းခံကြရသည်။လှပသောပန်းကလေးများ ပွင့်နေစေချင်ပါသည်။
တန်းဖိုးထားတတ်သော ပန်းခြွေလက်များလည်းဖြစ်စေချင်ပါသည်။
လွတ်လပ်မှူ ကိုတန်ဖိုးထားနိုင်ကြမှသာလျှင် မောင်တို ့မယ်တို ့ကျောင်းအဝင်လှန်ိုင်ကြပေလိမ့်မည်။
7 comments
မောင်ပေ
October 4, 2012 at 8:11 pm
အိမ်ထောင်မကျသေးတဲ့ ယောက်ျားဆိုသည့်အမျိုးမှာတဲ့
ရှုပ်ချင်ပွေချင်ကဲချင်သည့်သဘောရှိသော်ငြားလဲ
ရှုပ်ပွေကဲသော်ငြားလဲ တဲ့
သူရို ့တစ်ကယ်လက်ထပ်ရမယ့်ဟာမျိုးကြတော့တဲ့ …
လုံးဝ ပျူရီဖိုင်း မှ ရှာယူကြသတဲ့
မြန်မာနိုင်ငံမှာ ပြောပါတယ်…. တစ်ခြားနိုင်ငံတွေတော့ ဘယ်လို ရှိသလဲ ကျုပ်လဲမသိ။
ဘာလာလာဒေါင်းတဲ့ ယောက်ျားမျိုးကိုတော့တဲ့ ၊ “ ဂိုးဖမ်းကောင်းတဲ့ တို ့ကိုကိုပါ ” ဆိုပြီး ဂုဏ်ပြုကြသတဲ့ ။
:kwi:
Mobile
October 4, 2012 at 8:28 pm
မောင့်လေဒီတော့ မရှိဘူးဗျာ
မောင့်ပယ်လီယာ ကတော့ ရှော်ကေးကို ၂-၂ နဲ့သရေကန်သွားတယ်
အဝေးကစ်တွေကလဲ ကောင်းလိုက်တာ လွန်ပါရော
အရီးခင်လတ်
October 5, 2012 at 4:12 am
မှန်ပါတယ်။ မောင့်လေဒီ ရေ။
ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း ဆိုတာ ဒီခေတ်မှာ အပြောလွယ်ပြီး အလုပ်ခက်သလို ဖြစ်နေကြတယ် ထင်ရဲ့။
ထိန်းချုပ် နိုင်မှုစိတ်ဓာတ် ဆိုတာ ငယ်ထဲ က အကျင့်လုပ် ပျိုးထောင်ရမှာပါ။
မဟုတ် ရင် ဘယ်နေရာမှာ မဆို ကိုယ်နဲ့ ထိုက်တန်တာ မရဘဲ ရှိတတ်ပါတယ်။
ကိုခင်ခ
October 5, 2012 at 9:46 am
မောင့်လေဒီရဲ့ ရေးသားတင်ပြချက်နဲ့ ဆိုလိုတဲ့ရည်ရွယ်ချက်လေးကို သဘောကျမိပါတယ်။ ဒါပေမယ့်
( ပန်းတိုင်းလည်းမပွင့်နိုင်ပါ။တစ်ချို ့ကအဖူးအငုံ ဘဝတွင်ပင်ပျက်စီးကြရသည်။တစ်ချို ့က လှပစွာပွင့်နေဆဲပင် ခူးယူခြင်းခံကြရသည်။လှပသောပန်းကလေးများ ပွင့်နေစေချင်ပါသည်။ ) ဆိုတဲ့နေရာလေးဖတ်ပြီး ဒီလိုတွေးမိတယ် တစ်ချို့ပန်းတွေ နွမ်းနေပေမယ့် ရနံမပျယ် အားမငယ် ရှိတတ်ပါတယ်လို့။
လေ ဒီ
October 5, 2012 at 10:01 am
ပန်းတိုင်းကို အဲဒီလိုဖြစ်စေချင်လို ့ပါရှင့်
ကြောင်ကြီး
October 6, 2012 at 9:40 am
မောင့်လေဒီ
ကြောင့်ရွှေပြည်
ဖြောင့်မဟေသီ
တောင့်ပေသည်၊
ညှောင့်ခြေနီ
အောင့်ဖြေဆည်
ဒေါင့်နေခြည်
စောင့်လေမည်။
လုံမလေး မွန်မွန်
October 6, 2012 at 3:09 pm
တန်ဖိုးရှိသောမောင်တို ့ဘဝ တန်ဖိုးရှိနေဆဲ…။ရှားပါးစာရင်းဝင် အပျိုစင်တို ့သာ စာရင်းပယ်ခံရပေမည်။
မှန်ပါတယ် အစ်မရေ…ဒီလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ လူရိုးဆိုတာ ဟိုနေရာမှာပဲ ရှာလို့ရတယ်ဆိုတာမျိုးဖြစ်နေပါပြီ။ မိန်းမတစ်ယောက်ကို အလုပ်မလုပ်ခိုင်းဘဲ ကျွေးထားနိုင်တယ်ဆိုတာလည်း မရှားပေမယ့် မပေါပါဘူး။ ယောက်ျားလေးဆိုတာ ဘာမှထိခိုက်သွားတာမဟုတ်ဘူးဆိုတာတွေက များပါတယ်..ဒါတောင်မှ တန်ဖိုးရှိဆဲပဲတဲ့လား.. (ကျွန်မရဲ့အမြင်ကို ပြောခြင်းဖြစ်ကြောင်းနှင့် ရွာသားထုကို စော်ကားခြင်းမဟုတ်ပါကြောင်း.. )
ရည်းစားထားဖူးရင်ပဲ အပျိုမစစ်တော့သလို ထင်ကြတာတွေကို ကြားရတဲ့အခါ ဆတ်ဆတ်ထိမခံ ဖြစ်မိပါတယ်…အညှာလွယ်တဲ့မိန်းကလေးတွေကိုပဲ အပြစ်တင်ရမလား..အဲဒီလိုမိန်းကလေးတွေကိုပဲ မြင်ဖူးနေပြီး ပတ်ဝန်းကျင်မှာ မိန်းမကောင်းမတွေ့ဖူးတော့တဲ့ ယောက်ျားတွေကိုပဲ အပြစ်တင်ရမလား…ဘာမှမထူးဆန်းတော့ဘူးလို့ သဘောထားတဲ့ စိတ်ဓာတ်တွေကိုပဲ ပြုပြင်ရမလား…
ဒီလို လား ပေါင်းများစွာနဲ့ပဲ ကိုယ့်ကိုကိုယ်ထိန်းသိမ်းရင်း အချိန်တွေလည်း ရွေ့ခဲ့ပေါ့ အစ်မရေ…
ခင်တဲ့
လုံမလေး