လှေပေါ်မှာ
တစ်သက်မဝေးအောင်လို ့
သူနဲ ့အတူဘုရားတက်
ရွှေသက္ကန်းလည်း ကပ်ခဲ့ဖူးသည်။
တစ်ဘဝစာအတွက်သာမဟုတ်
တကယ်လုပ်မယ့် နိဗာန်ရွယ်
ဆန္ဒကိုအရင်းတည်
အတွင်းအသိစိတ်ရဲ ့မေတ္တာတရားနဲ ့
ခုတော့
လွမ်းနေတတ်ပါပြီ ကွာ…။
တစ်နွေကုန်လို ့တစ်နွေထပ်
တစ်ရက်ကုန်လို ့နှစ်ရက်ကူး
တို ့နှစ်ဦးအကြောင်းပါလို ့
ပေါင်းဖက်မယ့် ကြမ္မာသည်
အချိန်အခါအညီလာပြီဆိုတာနဲ ့
အလှူကြီးပေးမယ်ကြံ ။
တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
သည်လောက်ဒုက္ခတွေကြားက
လူဖြစ်အောင်မွေးလာခဲ့တဲ့
တို ့မိဘတွေကိုအတုယူ
စားဝတ်နေရေးကို သည်လိုကူပြီး
လူနေမှူအပူကို တွေးယူခဲ့မိရင်
ဆွေးပူစရာပဲ ရှိလိမ့်မပေါ့။
ဘေးလူတွေအတုယူတတ်အောင်
တို ့တစ်တွေတက်ညီညီလှော်ခတ်မယ့်
တို ့လှေဟာရေမှာမျောမနေပဲ
ပဲ ့ကိုင်ရှင်ကိုသာဖြစ်ပါလို ့
မယ်ကဖြင့်ဟန်ချက်ကိုညီအောင်ထိန်းပါရင်း
တို ့လှေကိုနစ်မြှုပ်သွားစေမယ့်
ဝင်သမျှရေခပ်ဆယ်လို ့လိုက်ပါရင်း
ကုန်ဈေ းနှူန်းအဲဒီပင်လယ်ကို
ကိုရယ် ခင်ရယ် သည်လိုဖြတ်
သတ္တိမကြောင် သောကအတွေးပယ်လျက်
တွေ ့ရမယ့်နှစ်။
ကုန်ဈေးနှုန်းပင်လယ်နဲ့
လောကဆိုတဲ့သမုဒရာကို
လှေငယ်နဲ့ဖြတ်မယ်ဆိုရင်တော့
မတွေးဝံ့စရာပါ။
Was this answer helpful?
LikeDislikeပြောင်လဲလာတဲ့စီးပွားရေးအခြေအနေနဲ ့ဆိုရင်တော့ သင်္ဘောတော့ပြောင်းစီးနိုင်လိမ့်မယ်ထင်ပါတယ်လေ…
Was this answer helpful?
LikeDislikeအခုဆိုရင်ရင်
ကုန်ဈေးနှုန်းကမြင့်
အလုပ်အကိုင်တွေကရှားပါး
ရာသီဥတုတွေကဖောက်ပြန်နဲ ့
တွေးမိတော့
ကိုယ့်မျိုးဆက်သစ်ကိုတောင်
ပြုစုပျိုးထောင်ဖို ့ခက်
Was this answer helpful?
LikeDislikeလက်တွေ ့ဘဝမှာတော့ တချိုု ့ကလှေတောင်မစီးနိုင်ပါဘူး ..ဖောင်စီးပြီးဖြစ်သလိုသွားနေရတာပါ….
Was this answer helpful?
LikeDislikeဖောင်စီးပြီးဖြစ်သလိုမျှောလိုက်နေရတာကတော်အုံးမယ်ဗျို
ကျုပ်တို့ဖြင့် ငှက်ပျော တုံးဖက်လိုက်နေရတယ်
Was this answer helpful?
LikeDislike