အဖြူရောင်ပန်းတွေ ပွင့်ခဲ့ဖူးတယ်

“မိုးနှင်း ကျူရှင်ပြီးတာနဲ့ ချက်ချင်းပြန်လာနော်….. ”

“ဟုတ်ကဲ့အစ်မ စိတ်ချပါ…..”

ရုံးမထွက်လာချင်းပင် မိုးနှင်းတစ်ယောက် နာရီကြည့်မိလိုက်သည်….။ ရုံးမှ ကျူရှင်သို့ နာရီဝက်နှင့်
အရောက်စီးရမည်… ဘတ်စ်ကားက မလာသေး….။
“ဝူး…… “
မျှော်နေရင်းနှင့်ပင် ရောက်လာသော ဘတ်(စ်)ကားကို လူချောင်တာ မချောင်တာသေချာမကြည့်အား ကမန်းကတန်းပင်… ကားပေါ်သို့ ပြေးတက်လိုက်ရသည်….။ ကားပေါ်အရောက်.. လူများအကြားတွင်… နာရီကြည့်မိသည်…. (၁)နာရီ (၁၀)မိနစ်…. ကျူရှင်ချိန်က (၁)နာရီ (၃၀)….. နောက်ကျပြီဟု တွေးနေမိသည်….။

“ကဲ….. စာတိုက်မှတ်တိုင်ရောက်ပြီ…….”

ယာဉ်အကူ၏အသံကြောင့်….. အမြန်ကားပေါ်မှ ပြေးဆင်းလိုက်သည်…. မဆင်းရင်လည်း တွန်းချခံရရင်ခံရ မခံရလျှင်…. ဟောက်ခံရသည်မှာအသေအချာပင်..။ ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်းပင်…. တစ်ဘက်ကားလမ်းမှ ကျူရှင်ဘက်သို့လှမ်းကြည့်လိုက်သည်….။ မိုးနှင်းကို စောင့်နေကြသောသူငယ်ချင်းများကို လှမ်းမြင်လိုက်ရသည်…။

“စာမသင်သေဘူးလား……”…

“မဟုတ်ဘူးဟေ့ နင့်ကိုစောင့်နေတာ မိုးနှင်းရဲ့… ငါတို့ဘဝတူတွေအချင်းချင်းကို…. မျက်နှာလွှဲ…ခဲပစ်တော့ မထားခဲ့ပါဘူး…. သာအတူ နာအတူပေါ့…”

သင်းသင်းပြောလိုက်သောစကားကြောင့်… မိုးနှင်းစိတ်ထဲ…. မကောင်းဖြစ်မိသွားသေးသည်…။

“ကဲ…ဒါဆို… အထဲဝင်ရအောင်… စာတွေနောက်ကျနေဦးမယ်…. ငါတို့မှာတစ်ပတ်မှ နှစ်ရက်ပဲစာသင်ခွင့်ရကြတာ… အရမ်းနောက်ကျသွားရင်မကောင်းဘူး…”

အားလုံးပြိုင်တူပင် ခေါင်းညိတ်ကာ စာသင်ခန်းထဲသို့ ဝင်လိုက်ကြသည်….။ စာသင်နေသော ဆရာမမှ မိုးနှင်းတို့အား တစ်ချက်သာ လှည့်ကြည့်သည်….။ လွတ်ရာခုံနေရာကိုသာ ဝင်ထိုက်ကြရျ် နောက်ကျသော စားများအား… ဘေးလူဆီမှ အသည်းအသန်ကူးကြရသည်….။ ကူးပြီး စာသင်နေသောအချိန်တွင် စကားမပြောအား…. သင်ခန်းစာများ အသည်းအသန် လိုက်မှတ်ကြရသည်…။

…………………………………………………………………………………………………………………………….

“ဟူး….. မောလိုက်တာဟာ….. ငါတို့များ သူများတွေလို စာကို အေးအေးဆေးဆေးတောင် မသင်ရဘူးနော်….. ကဲနင်တို့ဘယ်သွားကြမှာလဲ….”

ဖြူဖြူသည် ကျူရှင်မှထွက်သည်နင့် ထိုစကားသံအား အပတ်တိုင်းလိုလိုပင် မိုးနှင်းးတို့ ကြားရဆဲဖြစ်သည်….။ မိုးနှင်းတို့ သူငယ်ချင်းအဖွဲ့တွင်….. မိန်းကလေးသုံးယောက် ယောက်ျားလေးသုံးယောက် ပါဝင်သည်…။ အားလုံး….. မိသားစုအတွက်ရုန်းကန်ရင်း…. အဝေးသင်တက်နေသော သူများပင်ဖြစ်သည်…။ အနီးကပ်ဆယ်ရက်ဆိုသောအချိန်နှင့် စာမေးပွဲတွင်…. အဆင်ပြေစေရန်အတွက်… ဝန်ထမ်းများအတွက်ဖွင့်သော စနေ၊တနင်္ဂနွေ ဖွင့်သာ အဝေးသင်ကျူရှင်များ တွင်… အလုပ်ချိန်အတွင်း…. အပြေးအလွှားတက်ရောက်ကြရသည်….။

ယခုခေတ် ရုံးတော်တော်များများသည်လည်း တနင်္ဂနွေနေ့တစ်ရက်သာ ပိတ်ရျ် စနေမပိတ်သောကြောင့် စနေနေ့တွင် အလုပ်မှလူကြီးအား ခဏတာခွင့်တောင်းရျ် ကျူရှင်သို့ အပြေးအလွှားလာရသည်……။ မိုးနှင်းအလုပ်သွားချိန်….. (Day)တက်နေသော ကျောင်းသူကျောင်းသား များတွေ့လျှင် တခါတရံ ဝမ်းနည်းမိသည်….။ အေးအေးဆေးဆေး ပညာမသင်နိုင်သော မိသားစုတွင် မွေးဖွားလာရသော မိုးနှင်းတို့လို သူငယ်ချင်းများ ကျူရှင်တွင် စုမိကြပြီး…. ခင်မင်ရင်းနှီးခွင့်ရခဲ့သည်…။

အဝေးသင်ဆိုလျှင် အဆင့်နိမ့်သည်ဟု ပြောသူများတွေ့လျှင် မိုးနှင်း အားရပါးရပြောပြလိုက်ချင်သည်….။ အဝေးသင်သည်လည်း မလွယ်ကူဘူးဆိုသည့်အကြောင်းကို ပြောပြချင်လှသည်…..။ တစ်ပတ်တွင် နှစ်ရက်… နှစ်ရက်တွင် အချိန်ပိုင်းသာ တွေ့ကြရသော… သူငယ်ချင်းများနှင့်သာ… ဝိုင်းဝန်းကာကူညီခဲ့ရသည်…။

……………………………………………………………………………………………………………………………….

“ဟဲ့……… အညာသားမလာဘူးလား….”

“အေး….. ဟိုတစ်ပတ်ကတည်းက… ပြောသွားတယ်.. သူ့အလုပ်က ဒီတစ်ပတ်.. ပျက်လို့မရလို့တဲ့… နောက်တစ်ပတ်မှ ငါတို့စာပြန်ရှင်းပြလိုက်မယ်ဟာ….”

“ငါလည်း…နောက်တစ်ပတ် ကျူရှင်တက်နို်င်မှာမဟုတ်ဘူး…. ငါ့ရုံးကလည်းအချိန်မရလို့…”

သိန်းဇော်မှလည်း…. နောက်တစ်ပတ်မတက်နိုင်ဘူးဟုပြောလေသည်….။

“စာမေးပွဲလည်းနီးနေပြီနော်…. အနီးကပ်(၁၀)ရက်လည်း နောက်သုံးပတ်ဆို တက်ရတောာ့မယ်… နင်တို့တွေ ကျူရှင်သိပ်မပျက်ကြနဲ့…”

ကြားထဲမှ မိုးနှင်းလိုက်သတိပေးနေရသည်…..။ အလုပ်လုပ်ရင်း အဝေးသင်းတက်ရသော မိုးနှင်းတို့ဘဝတွေတွင် တစ်နှစ်ဆို တစ်နှစ်ဆိုသလောက်…. သိသာလှသည်…။ တစ်နှစ်စာ ကျူရှင်လခ.. အနိးကပ်(၁၀)ရက်ခွင့်ယူလျှင် ဖြတ်ခံရသောလစာ….. နောက်ခံခြေအနေ မပြေလည်သော မိုးနှင်းတို့လို ဘဝတွေသည်… စာသင်နှစ်တစ်နှစ်ကို အတင်းအကြပ် ကုတ်တွယ်ခဲ့ကြရသည်…။

“ငါတို့နောက်တစ်နှစ်ဆို ပြီးပါပြီးဟာ…. သူငယ်ချင်းတို့အားတင်းထားပါ……”

အမြဲအားပေးတတ်သော သင်းသင်း၏စကားများအကြားတွင် မိုးနှင်းတို့ သူငယ်ချင်းတစု…. အားတက်စမြဲဖြစ်သည်….။ ဘွဲ့ရပြီးလျှင် ယခုလုပ်နေသော အလုပ်ထက် ကောင်းမွန်သောအလုပ်အား အားလုံးမှ မျှော်မှန်းလျှက်ရှိကြသည်….။ အဝေးသင် (စီးပွားရေး)ဆိုသော မေဂျာသည်လည်း အဝေးသင်မေဂျာများကြားတွင် နာမည်ကြီးသော မေဂျာတစ်ခုဖြစ်သည်….။ အလွန်အကျအရှုံးများသော မေဂျာတစ်ခုဖြစ်သည်…..ဟုပင်…။ စီးပွားရေးတကသိုလ်မတက်နိုင်သော မိုးနှင်းတို့အဖို့ B.A (Economic) သာ ရဖို့အရေး…. သာ ကြိုးစားနေကြရသည်..။

……………………………………………………………………………………………………………………………….

ဒုတိယအကြိမ်မြောက်…. တက္ကသိုလ်ကျောင်းဝန်းကြီးအပေါ်သို့ မိုးနှင့်တို့ သူငယ်ချင်းတစ်စု ချေခြခဲ့ကြရပြန်သည်….။ အနီးကပ်(၁၀)ရက်ဆိုသော အချိန်သည်….. မိုးနှင်းတို့အဖို့ ပျော်ဖို့ကောင်းသလို……. တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူဘဝကို (၁၀)ရက်သာခံစားရသော သူများလည်းဖြစ်ကြသည်…။ အချို့ပျော်တတ်သောသူများအဖို့ (၁၀)သာရည်းစားထားကြသေးသည်…။

တစ်နှစ်တာ ခြစ်ခြစ်ကုတ်ကုတ်စုထားသော ပိုက်က်ဆံများအား…. (၁၀)ရက်နှင့် စာမေးပွဲရက်များတွင် လောက်ငှအောင် မိုးနှင်းတို့လောက်ငှအောင်သုံးကြရသည်….။ ထမင်းစားပြီဆိုလျှင်လည်း….. ဟင်းပွဲတစ်ခုသာမှာရျ်…. ထမင်းအလွတ်ခြောက်ပွဲမှာကာ စုပေါင်းကာစားကြသည်….။ အနိးကပ်(၁၀)ရက်သာတက်ရသော အချိန်ကလေးအား…. ကျောင်းအရသာပြည့်စုံအောင် မိုးနှင်းတို့သူငယ်ချင်းများ….. လုပ်ယူကြသည်….။

စာမွေးပွဲရက်တွင်…. ပြုံးနိုင်ရန်…. မိုးနှင်းတို့တစ်စု ကန်တင်းတွင် စာများဆွေးနွေးကြသည်…..။ တစ်ယောက်မရလျှင် တစ်ယောက်…. ရှင်းပြကြရသည်…..။ အလုပ်တစ်ဖက်နှင့် စာတစ်ဖက် လုံးပန်းရျ် စာမေးပွဲကြီးပြီးမြောက်ခဲ့သည်….။ စာမွေးပဲချိန်ပြီးလျှင် ငိုတဲ့သူငိုကြသည်… ရယ်တဲ့သူရယ်ကြသည်….။ အားလုံးရယ်နိုင်ကြစေရန် မိုးနှင်းဆုတောင်းသည်…….။

……………………………………………………………………………………………………………………………….

တတိယအကြိမ်မြောက်…. တက္ကသိုလ်ဝန်းထဲ မိုးနှင်း….ခြေချမိသည်…..။ သုံးနှစ်မြောက်ထိ မိုးနှင်းဘေးတွင် မိုးနှင်း၏သူငယ်ချင်းခြောက်ယောက်ပါလာသေးသည်ကို မိုးနှင်းပျော်ရွှင်မိသည်….။ မိုးနှင်းတို့လို… အခြေခံလူတန်းစား ဘဝတွင်…… တကသိုလ်အရသာပြည့်ပြည့်ဝဝမခံစားခဲ့ပါ….။ မိုးနှင်းတို့ တက်သောအဝေးသင်သည် စိန်ပန်းများလည်း မဝေခဲ့ပါ….။ ဘဝတူသူငယ်ချင်းတွေနှင့်သာ အဖြူရောင်ပန်းတွေသာ… ဝေခဲ့သော အဝေးသင်…….။ ယခုနှစ်တွင်လည်း…. စိန်ပန်းမဝေလည်း အဖြူရောင်ပန်းတွေနှင့်သာ….. မိုးနှင်း……လှမ်းရဦးမည်ဖြစ်သည်….။

၂၀၀၅-၂၀၀၉ ခုနှစ်ထိ ဒဂုံတက္ကသိုလ်(အဝေးသင်) သူငယ်ချင်းများကို သတိရသောအားဖြင့်…

အောင်မိုးသူ

3 comments

  • padauk moe

    October 6, 2012 at 10:58 pm

    အားပေးနေပါတယ်ဗျို့

  • Mobile

    October 6, 2012 at 11:11 pm

    အောင်မိုးသူရေ ဆရာလုပ်တာတော့မဟုတ်ပါဘူး “ရျ်” လို့ရေးထားတာကိုတွေ့ရလို့ပါ။
    Tab ကီးရဲ့အထက်ကခလုပ် ဒါမှမဟုတ် ၁၂၃၄ ဂဏန်းစဉ်ရဲ့ ရှေ့ကခလုပ် ကိုတစ်ချက်နှိပ်၍
    i ကိုနှိပ်ပါက ” ၍ ” ရတယ်ဆိုတာလေးပြောချင်လို့ပါ။

  • မောင်ပေ

    October 7, 2012 at 8:20 pm

    ဆောင်းဦးလှိုင် ရဲ ့သီချင်းစာသားကို ကြိုက်မိသလို
    “ ဒီအချိန် ကျောင်းတော်ကြီးရဲ ့အလယ်မှာ… စိန်ပန်းတွေလဲ ပွင့်နေပြီကွာ… အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ လွမ်းရယ်မပြေဘူး ကျောင်းသားဘဝ ”
    အခု.. ကျောင်းနဲ ့ဝေးခဲ့တာ ကြာလာတော့မှ ၊ ဘာအပူပင်မှ မရှိတဲ့ ကျောင်းသားဘဝ ကို ရံဖန်ရံခါ ပြန်တမ်းတ မိသလိုပါပဲလား

Leave a Reply