စင်ကာပူက အိမ်သူကြီးတို့ သိစေဖို့ (စလုံး က ရွှေတို့ အကြောင်းတစေ့ တစောင်း)
အိမ်သူကြီး ဆိုတာ စင်ကာပူက သူတွေတော့ သိပါတယ်။ မသိသေးတဲ့ သူတွေ အတွက် ရှင်း ပြရရင်၊ ဒီမှာက အိမ်ငှားခ ဈေးကြီးတော့ အိမ်ခန်း FLAT တစ်ခုငှားပြီး ရင် ကိုယ်မိသားစုပဲ တစ်ဦးတည်း မနေနိုင်ပါဘူး။ ကိုယ်က အိပ်ခန်း တစ်ခန်း ယူပြီး ရင် ပိုတဲ့ အိပ်ခန်း တွေ ကိုအငှား ပြန်တင် ရပါတယ်။ အဲဒါကို အိမ်သူကြီး လုပ်တယ်လို့ ခေါ်ပါတယ်။ အိမ်ဝယ်ထားတဲ့ PR တချို့ လည်း အဲလို ပြန်ငှား ကြပေမဲ့ တချို့ ကျတော့ အငှား မတင်တော့ ပဲ ကိုယ့် မိသားစုပဲ နေကြတယ်။
ဆိုတော့ ဝယ်ထားတာပဲ ဖြစ်ဖြစ်၊ ငှားထားတာ ပဲ ဖြစ်ဖြစ် အိမ်သူကြီး က ကိုယ့် အိမ်နဲ့ ပတ်သတ်သမျှ အဝဝ ကို တာဝန်ယူ ရတယ်ပေါ့။ စင်ကာပူ ရဲ့ ဥပဒေတွေ၊ HDB ရဲ့ သတ်မှတ်ချက်တွေ ကို လိုက်နာ ရသလို ကိုယ့် အိမ်မှာနေတဲ့ သူတွေ အတွက်ပါ ခေါင်း ခံထားရ တယ်ပေါ့။ ကိုယ့် နိုင်ငံထဲမှာ မှတ်ပုံတင် အရေး ကြီး သလို ဒီမှာလည်း နိုင်ငံခြားသား တစ်ယောက် အတွက် နေထိုင်ခွင့် PASS က အရေး ကြီး ပါတယ်။ PR ၊ EP၊ S Pass၊ Dependent Pass( မှီခို) Student Pass(ကျောင်း သား) ၊Guardian Pass (အုပ်ထိန်း သူ) စတဲ့ Pass ကိုင်ထားတဲ့ သူတွေ က ပြသနာ မရှိ ပေမယ့် WP ကို ထားခွင့် မရှိပါဘူး။အဲဒါကြောင့် ကိုယ့် အိမ်မှာနေတဲ့ သူတွေ က ဘာ Pass နဲ့ နေတယ် ဆိုတာလောက်တော့ သိထား ဖို့ လိုပါတယ်။
အခုလောလောဆယ် ကြုံ ခဲ့ တဲ့ အဖြစ် ကို ပြောပြပါမယ်။ အိမ်မှာ အခန်း ၂ ခန်း ပိုတဲ့ အတွက် ပြန်ငှားထား ပါတယ်။ တစ်ခန်း မှာတော့ မိန်း ကလေး တစ်ယောက်က သူ့ ကောင်လေး နဲ့ နေပါတယ်။ သူတို့ ရောက် ကာစ က သူတို့ ရဲ့ နေထိုင်ခွင့် PASS တောင်းကြည့် တော့ ပေးမယ် အမ ဆိုပြီးတော့ မေ့ ချင်ယောင်ဆောင် နေပါတယ်။ ကျမလည်း တကယ်မေ့ သွား ပြီး ထပ်မတောင်း ဖြစ်တော့ ပါဘူး။ သူတို့ အိမ်ပေါ်ပြောင်းလာပြီး မှ မိန်းကလေး ရဲ့ အပြော အရ သိခဲ့ ရတာ သူက အိမ်အကူ (maid pass) ဝယ်ပြီး နေတဲ့ သူ၊( သူတို့ အခေါ် စပွန်ဆာ ဝယ်ပြီး နေတဲ့ သူ) ဖြစ်ပြီး သူ့ ကောင်လေး က WP ဖြစ်နေပါတယ်။
ဒီနေရာမှာ စပွန်ဆာ ဝယ် တယ် ဆိုတာ ကိုလည်း ရှင်း ပြပါမယ်။ ဒီမှာ စီတီ ဇင်၊ ပီအာနဲ့ အီးပီ တခိ်ျု့ ဟာ မိသားစု အတွက် အိမ်အကူ ခေါ်ခွင့် ရှိပါတယ်။ တချို့ လည်း အေးဂျင်း က တဆင့် ခေါ်သလို ၊ တချို့ လည်း ဆွေမျိုး သားချင်းထဲက မိန်းကလေး တစ်ယောက်ယောက် ကို ခေါ် တယ်ပေါ့ ။ အိမ်အကူကို ပေးရတဲ့ လစာအပြင် လဲဗီး ကြေး ၊ အာမခံ ကြေး စသည်ဖြင့် အိမ်ရှင် က သွင်းပေး ရတယ် ပေါ့ ။ ဒါက အိမ်အကူ ကို အမှန်တကယ် ခေါ် ရင်ပေါ့ လေ။ တချို့ က အမှန်တကယ် မခေါ် ပဲ နာမည် ခံရုံ ပဲ ခံပေး တာရှိတယ်။
လည်လည်ဝယ်ဝယ် ရှိတဲ့ အမျိုး သမီးတွေ ကအမှန်တကယ် အိမ်အကူ မလုပ်ပါပဲ၊ ဖေါ်ပြပါ စီတီ ဇင်၊ ပီအာနဲ့ အီးပီ တစ်ယောက်ယောက် ရဲ့ စပွန်ဆာ နဲ့ အိမ်အကူ (maid pass) ရအောင် လုပ်တာကို စပွန်ဆာ ဝယ်တယ်လို့ ခေါ်တယ်။ အဲဒီ အတွက် အမျိုး သမီး ဘက်က နေ အမည်ခံ အိမ်ရှင် ကို ၂ နှစ်စာ အတွက် ၅၀၀ဝ ပေးရ ပါတယ်။ အိမ်ရှင်ဘက်က သွင်း ရမဲ့ လစဉ် ကြေး တွေ လည်း ကိုယ့် ဘာ ကို သွင်း ပေါ့ လေ။ ဘာ pass ဖြစ်ဖြစ် စင်ကာပူ မှာ နေထိုင်ခွင့် pass တစ်ခု ရဖို့ အဓိက ပေါ့ လေ။ ပြီးတော့ သူတို့ က part time လိုက်လုပ်ကြ ပါတယ်။ အိမ်သန့် ရှင်းရေးတို့ ၊ မိးဖိုချောင် ကူ တာတို့ ၊ ကလေး ထိန်း တာတို့ ၊ စတဲ့ အိမ်အကူ တွေ လုပ်လေ့ ရှိတဲ့ အလုပ်တွေ ကို ပဲ အချိန်ပိုင်း လိုက်လုပ် ကြတာပါ။ တချို့ အိမ်ရှင်တွေ က အိမ်အကူ ခေါ် ရင် ငွေကြေး ကုန်ကျမှုတွေ အပြင် အိမ်မှာ ထား ရ မယ်၊ တာဝန်ယူ ရမယ် ဆိုတော့ သိပ် အလို အပ်ကြီး မဟုတ်ရင် အိမ်အကူ မထားတော့ ပဲ အချန်ပိုင်း ပဲ ခေါ်ခိုင်း လိုက်ကြတယ်။ တစ်နာရီ ကို ၁ဝ ကနေ ၁၅ အတွင်း ရတယ် ဆိုတော့ စာရင်း ချုပ် လိုက် ရင် သူတို့ ရဲ့ ဝင်ငွေ ဟာ ပညာ နဲ့ လာလုပ်တဲ့ S Pass တချို့ ထက်တောင် သာပါတယ်။
တကယ်တော့ အိမ်အကူ (maid pass) ကိုင်ထားတဲ့ သူဟာ အပြင်မှာ တရားဝင် လုပ်ခွင့် မရှိ သလို ၊ အိမ်ရှင် ( စပွန်ဆာ) ရဲ့ အိမ်မှာ ပဲ နေခွင့် ရှိ တာ ပါ။ ဒါပေမယ့် ဒီမှာတော့ ဒီ လိုပဲ နေနေ တဲ့ အမျိုး သမီးတွေ အများ ကြီး ရှိ ပါတယ်။ အတန်း ပညာ မရှိတဲ့ သူတွေ ရော၊ဘွဲ့ ရ တွေရော၊ကိုယ့် နိုင်ငံ မှာ အိမ်ဖေါ်နဲ့ ဘာနဲ့ အခြေမြင့်မြင့် နေလာတဲ့ အမျိုးသမီးတွေ လည်း ဒီမှာ ဒီလို နေပြီး လုပ်တဲ့ သူတွေ ရှိတယ်။ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ တချို့ စပွန်ဆာ ပေးတဲ့ သူက ငွေ မယူဘဲ လူကို ပဲ ယူတာလည်း ရှိ ပါတယ်။ သူနဲ့ အတူနေပေါ့ ၊ နေစရာ ပေး ထားတယ်၊ သူလိုတာ ပြန်ပေးပေါ့ ၊ကိုယ့် ကိုယ့် ဘာသာ ကို ပိုက်ဆံ ရှာပေါ့ ။ အဲဒါလည်း လက်ခံတဲ့ မိန်းကလေး တွေ ရှိ တာပါ ပဲ။ သူတို့ အပြော အရ ကိုယ့် စပွန်ဆာ နဲ့ နေတော့ ပို အဆင်ပြေ တာပေါ့တဲ့ ။
အိမ်က မိန်း ကလေး အကြောင်း ဆက်ပါ ဦးမယ်။ ကျမ တို့ နေတာ က မြန်မာများတဲ့ မြန်မာကြိုက် တဲ့ ရပ်ကွက် လိုဖြစ်နေတော့ ကိုယ့် ဘက ်က သူတို့ ကို ချက်ချင်း ပြောင်းခိုင်းပြီး နောက်လူ ရှာဖို့ လွယ်ပေမယ့် သူတို့ ကတော့ ချက်ချင်းနောက် တစ်ခန်း ရှာ ဖို့ ခက်ပါလိမ့် မယ်။ သူတို့ ကို သနားတာနဲ့ ပဲ သူတို့ ရဲ့ PASS ကို သိပ် မကြိုက် ပေမဲ့ လက်ခံထား လိုက် ပါတယ်။ မတော်လို့ အစစ်ဆေး အမေးမြန်း တစုံတရာကြုံ လာခဲ့ ရင် တောင် ကိုယ့် ညီမလေး ပါ ၊ သူ့ အိမ် ရှင်ခွင့် ပြု ချက်နဲ့ ခဏ လာလည် တာပါလို့ ပြောဖို့ ဇာတ်တိုက် ထားရ ပါတယ်။ maid pass နဲ့ WP ဆိုတာ ထားခွင့် မရှိ ပေမဲ့ ရှင်းလို့ ရတဲ့ အနေအထားပေါ့ လေ။ ရှင်းရှင်းလင်းလင်း ရှိတဲ့ သူတွေ ကို ထား တာတော့ အကောင်း ဆုံးပေါ့။
သူတို့ နေလာတာ ၂ လလောက် ကြာ လာပြီး ဒီရက်ပိုင်း ကျမှ သူတို့ ရဲ့ pass တွေ တောင်းကြည့် ဖို့ ပြန် သတိရ တာနဲ့ ညီမတို့ pass လေးတွေ မပြရသေးဘူးနော် လို့ ပြောပြီး တောင်းကြည့် တာ ကောင်မလေး က သူ့ pass ထုတ်မပြပဲ ကောင်လေး pass ပဲ ပြ ပါတယ်။ သူ့ စပွန်ဆာ က ခွင့် မပြုဘူးလို့ ဆိုပါတယ်။ ဒါဆို fin နံပါတ် ပဲ ပြော ဝဘ်ဆိုဒ် ထဲ ကိုယ့် ဘာသာကိုယ် ဝင်ရှာ ကြည့် မယ်။ ဒီနာမည် နဲ့ ဒီ နံပါတ် က ့ approve ဖြစ်ပြီး စင်ကာပူ မှာ ဘယ်နေ့ ဘယ်ရက် အထိ နေထိုင်ခွင့် ရှိတယ် ဆိုတာ လေး တွေ့ ရင် တော် ပြီ လို့ ဆိုပြန်တော့ လည်း fin နံပါတ်လည်း မပြောနိုင် ပါ ဘူး။ ကျမလည်း စိတ်တို လာပြီး ညီမရေ ၊ မင်းကို ရဲက လာမေး ရင် ကော အဲလိုပဲ ဘူးခံနေတော့ မှာလား ၊ မင်းကို လက်ခံ ထားတဲ့ ငါတို့ ပါ အမှု ပတ်လာ နိုင် လို့ မေးနေရ တာ လို့ ပြောလိုက်တော့ သူက pass မပြ နိုင်လို့ အမ က မထား ဘူး ဆိုရင် ညီမတို့ ဘက် ကလည်း ဆင်း ရုံ ပဲ လို့ ဆိုပါတယ်။ ဒီတော့ ဇာတ် လမ်း က ပြတ်ပါပြီ၊ အစတည်း က maid pass နဲ့ WP ဆို လို့ မထားချင်ပေမဲ့သူတို့ အခန်း ရှာ ရ ခတ်မယ် လေ ဆို သနားပြီး ထားခဲ့ တာ ခုတော့ maid pass လေးတောင် မပြ နိုင်တော့ ဘယ်လို ဆက် ပြီး လက်ခံရဲ ပါ့ မလဲ။ ဒီ မိန်းကလေး သူ့ ရဲ့ pass ကို မပြ နိုင်တာ မရိုးသား ပါဘူး။
စင်ကာပူမှာ အိုဗာစတေး တွေ အကြီး အကျယ် နှိပ်ကွက် ခဲ့ တဲ့ ၉ဝ ပြည့် လွန် အချိန်တွေ တုန်း က စင်ကာပူရဲ့ နာမည်ကျော် ကြိမ်ဒဏ် ကြောင့် တသက် လုံး လူစဉ်မမီ ဖြစ်သွားတဲ့ သူတွေ အကြောင်း စာတွေ ထဲ ဖတ်ဖူးပါတယ်။ အိုဗာစတေး လက်ခံ ထားတဲ့ သူကို ဘယ်လို အပြစ် ပေး လဲ မသိပေမဲ့ အပြစ်တော့ မသေးလောက်ဘူး ထင်ပါတယ်။ မိန်းကလေး အို ဆိုရင်တော့ ကြိမ်ဒဏ် မရှိဘူးလို့ ဖတ်ဖူး ပါတယ်။ လူ့ စိတ် ကလည်း ခက်သား အမှုမဲ့ အမှတ်မဲ့ နဲ့ ၂ လ လုံးနေလာခဲ့ တုန်း က ဘာမှ မဖြစ်ပေမယ့် သူ့ ရဲ့ pass ကို မပြ နိုင်ဘူး လို့ သိတော့ မှ စိုးရိမ်စိတ် က ငယ်ထိပ် တက်ဆောင့် နေပါတော့ တယ်။ ညဘက်လည်း အိပ်မပျော်၊ အပြင်ဘက်က လူသံ နဲနဲ ကြား ရင် ပဲ ရဲလာစစ်နေပြီလား ဆိုပြီး ရင်ထိတ်၊ အိမ်ရှေ့ မှာ ရဲ ကား မြင် ရင် ပဲ ကိုယ့် အိမ် ကို လာသလား ဆိုပြီး စိုးရိမ်၊ ဥပဒေ အပြင် က လူတွေ ရဲ့ သောက ကို ခုမှ ကိုယ်ချင်း စာတတ် ခဲ့ ရ တယ်။ ကိုယ် က သာ နေမထိထိုင် မသာ ဖြစ်နေပေမဲ့ ကာယကံရှင် အမျိုး သမီးကတော့ ဒါမျိုး ရိုးနေပြီ ထင်ပါရဲ့ ၊ အေးဆေး ပါပဲ။ ကိုယ့် မှာတော့ စသိတဲ့ နေ့ ကနေ သူပြောင်း သွားတဲ့ အထိ ၃ ရက် ကို ၃ ကမ္ဘာလောက် ကြာတယ် ထင်ခဲ့ မိတယ်။
တကယ်တော့ ဒီအကြောင်း ကို ရေးဖို့ ကျမ စိတ်တောင် မကူးမိပါဘူး။ ဒါပေမဲ့ အဲဒီ မိန်းကလေး က ကျမ စာရေး ဖြစ်အောင် တိုက်တွန်း သွားခဲ့ ပါတယ်။ သူပြောင်းတဲ့ နေ့ မှာ ပစ္စည်းတွေ အပြင်ထုတ်ပြီး၊ ကျမဘက်ကလည်း အိမ်လခ တွေ ဘာတွေ ပြန်ပေး ပြီး ထွက်သွားခါနီး ကျမှ သူ့ အိတ်ထဲနေ ကတ်ပြား တစ်ခု ဖျက်ခနဲ ဆွဲ ထုတ်ပြီး ဒီမှာ ကျမ ရဲ့ pass ၊ ကျမ pass မပြ နိုင်လို့ ပြောင်း ရတယ် လို့ ဘယ်သူ့ ကိုမှ မပြောပါနဲ့ ၊ မဖွ ပါနဲ့ ၊ မပြချင်လို့ ကို မပြတာ လို့ မှတ်ထား ပါလို့ ဆိုပြီး ဘလိုင်း ကြီး ကို ရန်စောင် သွား ပါတယ်။ သူ့ မှာ အဲလို ရန်စောင်နိုင် ဖို့ သူတို့ လို သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ pass ကို ယူပြတာ ဖြစ်နိုင် သလို၊ သေချာ ပြ တာ မဟုတ်ပဲ ဖျက်ခနဲ ထုက်ပြရုံ ပဲ ဆိုတော့ သူရဲ့ သက်တမ်း ကုန်နေတဲ့ ကဒ် လည်း ဖြစ်နိုင် ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် သူ pass မပြ နိုင်လို့ ပြောင်း ရ တာ ကို ကျမ စိတ် အနှောက် အယှက် ဖြစ်ရအောင် သက်သက် လုပ်သွား တာပါပဲ။
ဟုတ်ကဲ့ မိုချို ဆိုတဲ့ ကျမ ကလည်း ဘယ်သူ့ မှ လိုက်ပြောပြီးတော့ မဖွ ပါဘူး။ ရေးစရာ ကုန်ကြမ်း လေး ရ သွား ရုံ ပါပဲ။ ကျမ ဒီလို ပါစင်နယ် ဆန်တာမျိုး သိပ်မရေး ချင် ပါဘူး ။ ဒါပေမယ့် ဂဇတ်ကို ဝင်ဖတ်တဲ့ ထဲ မှာ စလုံးက တော်တော် များ ပါတယ်။ အရီးလတ် ရဲ့ ဆာဗေး အရ ဆို ရင် တတိယ အများ ဆုံး ဆိုတော့ စလုံး က အိမ်သူကြီး လုပ်နေတဲ့ သူတွေ သတိထား မိဖို့၊ ကျမ လို စိတ်အနှောက်အယှက် မဖြစ်ရ အောင် လို့ ၊ မြန်မာ ပြည် က ဖတ်တဲ့ သူတွေ အတွက်လည်း စလုံး က ရွှေ ဇာတ်လမ်း လေးတွေ သိရ အောင် လို့ ရေး လိုက် ရ ပါတယ်။ ကျမ အတွက်လည်း နောက်ဆို အခန်းတွေ လူ အသစ် စလက်ခံတာနဲ့ pass ကို အရင်ဆုံး တောင်းကြည့် ဖို့ သင်ခန်းစာ ရသွား ပါပြီ။
32 comments
မိုချို
October 9, 2012 at 1:36 pm
အဲဒီ အမျိုးသမီး နာ မည်က…… ပါတဲ့ ။ ခုမှ စဉ်းစား မိတာ က သူနဲ့ ပတ်သတ်တဲ့ အထောက်အထား ရယ်လို့ ဘာမှ မတွေ့ ဖူး လိုက်တော့ နာမည်တောင် အရင်း မှ ဟုတ်ရဲ့ လား မသိပါဘူး။ အဲဒီ နာမည် နဲ့ အခန်း လာငှား ရင် သေချာအောင် pass ကိုတောင်းကြည့် ပါလို့ စလုံး အိမ်သူကြီး များ ကို အကြံပေး ပါတယ်။
လယ်ထွန်Z
October 9, 2012 at 1:42 pm
ဟိုက် …
အဲ့နာမည် နဲ့ အသိတယောက် ရှိတယ်. …
ဟောသည်မှာ ..အတင်းတုတ်နေပါတယ် ..တိုင်ကျောမယ်…
:kwi:
:harr:
may flowers
October 9, 2012 at 1:38 pm
မိုချိုုုရေ စလုံးကရွှေဇာတ်လမ်းလေးကိုသ်ိရတဲ့အတွက်ကော ဗဟုသုတရစေတဲ့ ပိုစ့်လေးအတွက်ပါ
ကျေးဇူးပါနော။
လယ်ထွန်Z
October 9, 2012 at 1:42 pm
ဒါ့ကြောင့် စီနီယာ့ စီနီယာတွေ ရွှေမကျင် နဲ့ လို့ …
ပြောကြားတော့သကိုး …
အားပေးသွားပါတယ်.. အန်တီလေး ရေ. ..
ခင်တဲ့
လယ်ထွန်Z
ကထူးဆန်း
October 9, 2012 at 1:57 pm
ရွှေမကျင်ဘဲ ဖားတော့ ရိုက်ခို်င်းမယ်ထင်ပါ့ … :kwi:
မိုချို
October 9, 2012 at 2:18 pm
အရင်တုန်း က ဆို စလုံး မှာ အလုပ်သွားလုပ် တယ် ဆိုရင် ပညာတတ်တွေ ပဲလို့ တစ်ထစ်ချ မှတ်ထားခဲ့ ဘူး တယ်။ အဲဒါ ကြာင့် အသိုင်း အဝိုင်း ကောင်းကောင်း က မိန်း ကလေးတွေ စလုံး မှာ အလုပ် လုပ်နေ တာ ဆိုရင် လွှတ် အထင်ကြီး ပြီး သား ပဲ။ ကိုယ်တိုင်ရောက်တော့ မှ ဒီလိုမျိုး နေနေ တဲ့ မိန်း ကလေးတွေ များ မှန်း သိတော့ တယ်။
ဂီဂီ ရေ
နင်တို့ ဂျာပွန်မှာကော ဒီလိုမျိုး ရှိလား သိချင်ပ။
မေ ဖလားဝါးရေ
ရွှေ ဇာတ်လမ်း တွေ အများကြီး ရှိ ပါရဲ့ ရေးဖို့ ပျင်းနေတာ။
ကထူးဆန်း ရေ
ရန်ကုန် မှာ တုန်း က မစားဖူးခဲ့ တဲ့ ဖားသား ကို မနေ့ တနေ့ က မှ စစား ဖူးလို့ သဘော ကျနေတာ နော။
marblecommet
October 9, 2012 at 2:57 pm
နောက်ထပ်
ရွှေဇာတ်လမ်းကလေးတွေ
များများလုပ်ပါဦးဗျို့….
……..
P chogyi
October 9, 2012 at 3:12 pm
လိုက်မဖွပါဘူး၊
လူစုံတုန်းရှင်းပြလိုက်တာပါ။
nozomi
October 9, 2012 at 4:01 pm
အရင်က ကြားဖူးတာ ရွာသူကြီး၊ သင်္ဘောသူကြီး၊အိုးသူကြီး
အခုမှ အိမ်သူကြီး ဆိုတာလေး ကြားဖူးတယ်
လက်တွေ့ဘဝက လာတာလေးမို့လားမသိ စိတ်ဝင်စားဘို့ကောင်းတယ်
နောက်လဲ များများရေးပေးပါဦး
အခု ကာလ ရွှေတွေအတွက် ပီအာ ရော ဘယ်လိုနေလဲ လွယ်/ခက် လား
အခု နိုင်ငံခြားရောက်နေတဲ့ ရွှေတွေထဲက အများစုက နိုင်ငံတိုးတက်အောင် လုပ်နိုင်ဘို့ ပညာ၊စီးပွား၊အဆက်အသွယ်တွေ ရှာဖွေ စုဆောင်းနေကြသူတွေမို့
အနာဂတ် မြန်မာပြည်မှာ ထိုက်တန်တဲ့ နေရာ ရကြမဲ့သူတွေပါ
Ma Ei
October 9, 2012 at 4:06 pm
မိုချိုရေ…
…… တဲ့ နံမည်လေးလှသလို
သူ့ဘဝလေး လှပါစေလို့သာ
ဆုတောင်းပေးလိုက်ပါကွယ်…
လုံမလေး မွန်မွန်
October 9, 2012 at 4:13 pm
အစ်မ..
မွန်မွန်လာရင် အစ်မဆီမှာလာနေမယ်နော်… pass လေးအရင်ပြမယ်ဆိုရင် ဖြစ်တယ်မို့လား.. :kwi:
မလန့်ပါနဲ့ဦးနော်..အဝေးကြီး…အဝေးကြီး…
Thu Wai
October 9, 2012 at 4:15 pm
တော်သေးတာပေါ့ မမိုချိုမို့လို့ ကျွန်တော်သာဆို သူသာချောရင်ပြောထွက်မှာမဟုတ်ဘူး
ကျွန်တော်လဲ စင်္ကာပူ ကိုမလာနိုင်သေးပါဘူး ဟီးးးးးးး
မိုချို
October 9, 2012 at 4:30 pm
ကို ကမ်း ကြီးရေ
လာမယ်ကြာမယ် ပေါ့ ။စာရိုက်တာကြာတတ်လို့ ပါ၊ ရေးစရာတွေ က အများ ကြီး ပါ။
ပီချို ကြီးရေ
သူက စာထဲထည့် မရေးနဲ့ လို့ မှ ပြောမသွား တာနော့။
ကို နိုဇို မီ ရေ
ရွှေ တွေ ပီအာ ထပ်မကျပ ါဘူး ခက်ပါတယ်။ ကျန်တဲ့ နိုင်ငံသားတွေ ပညာ ရှင် မဟုတ်ဘဲနဲ့ တောင်ကျပါတယ်။ ကျမ ကတော့ ဒီကို ပညာနဲ့ လာလုပ်တာ ကို အားပေး ပါတယ်။ တချိန်မှာ ကိုယ့် နိုင်ငံ အတွက် အတွေ့ အကြုံ တွေ ၊ ပညာတွေ တလှေ ကြီးနဲ့ ပြန် အကျိုး ပြု နိုင် ပါတယ်။ ဒါပေမဲ့ မိန်း ကလေးတွေ ကို အိမ် အကူ အလုပ်တွေ လာလုပ်နေတာတော့ အား မပေး ပါဘူး။ ဆင်းရဲ လွန်း လို့ ၊ ထွက်ပေါက် မရှိ လို့ လုပ် ရရင်တော့ တစ်မျိုး ပေါ့။ တချို့ ကျတော့ ဆင်းဆင်းရဲရဲ ကြီး မဟုတ်ပါပဲ လူပါပေးပြီး ၊ PASS ဝယ်ပြီးနေကြ တာတွေတော့ သဘောမကျပါဘူး။
မအိ ရေ
ကျမလည်း လက်မခံ ရဲ လို့ သာ ပြောင်းခိုင်း ရ ပေမဲ့ စိတ်တော့ မကောင်း ပါဘူး။ သူ့ ဘက်က စိတ်ဆိုး မာန်ဆိုး ဖြစ် တာ ကိုလည်း စဉ်းစား မရဘူး။
မိုချို
October 9, 2012 at 4:36 pm
မွန်မွန်ရေ
VISITဆိုရင်တောင် PASSPORT စာအုပ် ပြရင် ဗီဇာတုံး ကြည့် ပြီး လက်ခံ လို့ ရပါတယ်။လာခဲ့ နော်။
Thu Wai ရေ
ချောလား မချောလားတော့ မသိဘူး။ အိမ်က လူကြီး ဆို သူ့ ကို တိုက်ရိုက် ထိခိုက် နိုင် တာ သိသိ ကြီးနဲ့ ကို ပြော မထွက်လို့ တဲ့ အစ်မ က လူမိုက်ကြီး လုပ်လိုက် ရလေရဲ့။
Novy
October 9, 2012 at 4:47 pm
စလုံးကရွှေ..ဒီရွှေ
တစ်ကမာ္ဘလုံးကရွှေ..ဒီရွှေ
ရွှေကြောင်းမိုချိုသက်သေတည်…
အိမ်သူကြီးမိုချိုတစ်ယောက် နှလုံးရောဂါကင်းဝေးပါစေလို့
pooch
October 10, 2012 at 1:50 am
အမရေ ကျမသူငယ်ချင်းတယောက်ကလည်း အဲ့ဒီမှာ အိမ်သူကြီး လုပ်နေလေရဲ့။ သူဘယ့်နှယ့် စခန်းသွားနေသလဲတော့ မသိဘူး။ တွေ့ဖြစ်တိုင်း မေးဖို့ အချိန်မရတာလည်း ပါမှာပေါ့။
တခါတခါ သူ့ဟုမ်းပေ့ချ်ကနေ လူရှာနေတာတော့ တွေ့ဖူးတယ်။
မလွယ်ပါလား အမရယ်။
အရီးခင်လတ်
October 10, 2012 at 3:33 am
ဒီလို ကိုယ်တွေ့ ကြုံတွေ့ရတဲ့ အဖြစ်လေးတွေကို မျှတာ စာဖတ်သူ အများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်တွေ ရပါတယ် မိုချိုရေ။
ကျေးဇူးပါ။
MaMa
October 10, 2012 at 8:45 am
ခုနောက်ပိုင်း ကြားနေရတာ စလုံးမှာ အလုပ်ရဖို့ အတော်ခက်လာတယ်ဆိုပဲ။
ကျောင်းပြီးလို့ ဒီပြန်လာတဲ့ကလေးတွေဆီက ကြားကြားနေရလို့။
မိဘတွေက စလုံးမှာ ကျောင်းထားဖို့ တရင်းတနှီးလုပ်ပြီး ပို့လိုက်ရတာ ကျောင်းပြီးတော့ အလုပ်မရပဲ ပြန်လာတော့ အမောကို ဆို့ရော။ :buu:
မောင်ပေ
October 10, 2012 at 9:10 am
ဒါပဲပေါ့
အခုချိန်လောက်ဆို… အဲဒီကောင်မလေး ဂေဇက်ကို ဖတ်ပြီး နောင်တတွေလှိုင်လှိုင်ရ မျက်ရည်တွေ တောက်တောက်ကျနေလောက်ပေါ့
baydar maung
October 10, 2012 at 9:41 am
Dear Mocho,
Thank you for your post of S’pore knowledge.
We did not know how myanmar girls are surviving there. Their parents are boasting here a lot to neighbors and housewives who knows nothing except cooking. They boast saying their girls are staying in S’pore under official permit of a well-known company, getting high salary under high position, living there over 5 years, etc. Those with zero knowledge listen mothers’ boast and envoy girls living in S’pore. Actually, English skill of those boasted girls are not even medium level. They might be good at broken English only since before they leave for S’pore. Then, how they can get high salary for high position in S’pore ??? Nobody thinks like that.
Most of the girls believe that only one bachelor degree of Yangon University and broken English will help to live & work in S’pore for long term.
Please share more knowledge of S’pore which we cannot know in detail through this post.
thanks / baydar
မိုချို
October 10, 2012 at 9:58 am
မနိုရေ
နှလုံး ရောဂါ ရလု နီးနီး ပါပဲ။ အိမ်က လူ ကြီး နာမည်နဲ့ ငှားထားတဲ့ အိမ်ဆိုတော့ မတော် ဒီကလေး မ သာ အို ဖြစ်နေရင် အိမ်က လူ ကြီး ပါ အချောင်ခံ ရ မှာလေ။
pooch ရေ
ညီ အကိုမောင်နှ မ တွေ တောင် တအိမ်ထဲ အတူ နေရင်း စိတ် အခန့် မသင့် စရာ ကြုံ ရသေး တာ ပဲ အိမ်သူကြီး နဲ့ အိမ် ငှားတွေ လဲ ဒီ လို ပဲ ပေါ့ ။ အဆင်ပြေသလောက် နေလိုက်၊ မပြေရင် ပြောင်း လိုက်ကြပေါ့ ။
အရီး လတ် ရေ
စေတနာ ပါပါ နဲ့ လုပ်ထားတဲ့ အရီး ရဲ့ စစ်တမ်း ကို ကြည့် ပြီး စာရေး ပျင်းတဲ့ ကိုယ့် ကို ကိုယ်တောင် ရှက် မိပါရဲ့။
မမ ရေ
အလုပ် ခက် မဟုတ်ဘူး ရယ်။ S Pass ခက် တာ။ အသစ်တွေ လည်း သိပ် မကျ သလို ၄ နှစ်လောက် လုပ်ပြီး သက်တန်း တိုး တဲ့ သူတွေတချို့ လည်း မကျ ကြဘူး။
ကပေ ရေ
အဲဒီ ကလေး မ စာဖတ်တာ မတွေ့ ဖူးဘူး။ သူ့ အသိတွေ ဖတ်မိရင် တော့ သူ့ ကို ပြန်ပြော ပြ လိမ့် မယ်ပေါ့။ ကျမ ပြောခဲ့ သလို ပဲ နာမည်လဲ အရင်း မဟုတ်လောက်ဘူး။
Shwe Ko
October 10, 2012 at 10:07 am
ကြုံလို ့ဝင်ပြောပါအုံးမယ်.
ကျနော်လည်း သူများအပြောမခံချင်လို ့ 3+1 အိမ်လေးငှါးပီး အိမ်သူကြီးလုပ်ပါတယ်။ ဒိလိုလင်မယားရှိပါတယ်။ မိန်းမက maid pass ဝယ်နေတယ်ပေါ့။ ကျွန်တော်လည်း မြန်မာချင်းမို ့ ပြသနာမဖြစ်ပီးရောဆိုပြီး မသိသလိုပဲနေပါတယ်။ ဒါပေမယ့် သူတို ့က ညနက်မ ပြန်လာ ၁၂ ကျော်မှ ကြော်လှော် ချက်ပြူပ်နဲ ့ဆိုတော့ မခံစားနိုင်တော့လို ့ ပတ်ဝန်းကျင် ကွန်ပလိန်းတက်ခဲ့ရင် ခင်ဗျားတို ့ရော လက်ခံတဲ့ ကျနော်ရော ဘယ်လိုရှိတယ်ဆိုတာရှင်းပြလိုက်ပါတယ်။
နောက်တခုက စလုံးမှာ 3+1 အိမ်ငှါးမယ်ဆို 2300-2500 ဝန်းကျင်ရှိပါတယ်.. ဆိုတော့ ရှိတဲ့အခန်းကို ကာမိအောင်တော့ ပြန်ငှါးရပါတယ်။ ဒါပေမယ့် နေမဲ့ ကိုရွှေ၊မ များကလည်း မေးလိုက်ရင် လူဘယ်နယောက်ရှိလဲ ဘယ်လိုလူမျိူးတွေ နေလဲ စသဖြင့်မေးတာစုံနေတာပါပဲ မနဲစိတ်ရှည်ရပါတယ်.. တချိူ ့ကလည်း တိတ်တိတ်ပုန်း couple တွေဆိုတော့ လူသိမခံချင်ဘူးထင်ပါရဲ ့… အမျိူးမျူးိပါပဲလား ရွှေတို ့ရယ်..
မိုချို
October 10, 2012 at 10:16 am
ကို ဗေဒါမောင် ထင်ပါရဲ့
ဝင်ရောက် ဆွေးနွေး ပေး တာ ကျေး ဇူး တင်ပါတယ်။
အဲဒီ လို မိန်း ကလေး တွေ ၊ စင်ကာပူ ဥပဒေ ကို လက်တစ်လုံး ခြား လုပ်ပြီး နေထိုင် လုပ်ကိုင် နေကြတာ မြန်မာပြည်က သူတို့ ရဲ့ မိဘ ဆွေ မျိုး တွေ က တချို့ လည်း တကယ် မသိကြပါဘူး။ အမှန် တကယ် လစာကောင်းကောင်း နဲ့ နိုင်ငံခြား မှာ အိန္ဒြေ သိက္ခာ ရှိရှိ လုပ်နေ ကြတယ်လို့ ထင်နေကြပါတယ်။ ဝင်ငွေ အား ဖြင့် ကောင်း ပေမယ့် အောက်ခြေသိမ်း အလုပ်တွေ ကို တရား မဝင် လုပ်နေကြ သလို၊ နေတော့ လည်း ကျီးလန့် စာစား ဘဝမျိုး ဖြစ်နေပါတယ်။ ကျမတော့ မိန်း ကလေး တွေ ကို အဲ လို မလာစေချင် ပါဘူး။ ကိုယ့် ရဲ့ ပရော်ဖက်ရှင်နယ် တစ်ခုခု ဥပမာ၊စာရင်း ကိုင်၊ ကွန်ပျူတာ၊ အင်ဂျင်နီ ယာ၊ အနည်းဆုံး အင်္ဂလိပ် စာ ကောင်းအောင် လုပ် လာ ပြီး ခိုင်မာတဲ့ pass နဲ့ ခေါင်းမော့ ပြီး နေစေချင်ပါတယ်။ ဆင်း ရဲ လွန်း လို့ အမှန် တကယ် အိမ်ဖော် လာလုပ်ရ ရင်တော့ တမျိုးပေါ့။
Crystalline
October 10, 2012 at 10:34 am
အဲလိုပါ့စ်ဝယ်ပြီးနေတာတော့အခုမှကြားဖူးတာ. တခြားရွှေဇာတ်လမ်းတွေကတော့နားမဆန့်အောင် ကြားရတယ်. သူတို့ကလည်းမျက်ကန်းတဆေမကြောက်ဆိုသလိုပါပဲ. အဲဒီမှာ အေစီစီအေတက်နေတဲ့ ခလေးမလေးတစ်ယောက်တောင်သူရဲ့စားရိတ်ကာမိအောင်အချိ်န်ပိုင်း အလုပ်လိုက်လုပ်တာတွေ့ဖူးတယ်. အိမ်ဖော်လုပ်တာတော့ကံကောင်းတဲ့လူကျတော့လည်းသူတို့ကိုမိသားစုလိုထားပြီးတစ်ဝိုင်းထဲစား..အိမ်ရှင်မက အိမ်တွင်းရေးကအစတိုင်ပါတိုင်ပင်ပြီး ညီအစ်မလိုနေတာတော့တွေ့ဖူးတယ်. ဒီကသူ့မိသားစုအတွက်ကိုလည်း လိုတာပံ့ပိုးပေးတယ်. သူ့မောင်လေးစင်ကာပူအလုပ်လုပ်ဖို့လည်းငွေစိုက်ထုတ်ပေးတယ်. အဲဒါမျိုးကတော့ တစ်ထောင်မှာတစ်ယောက်လောက်ပဲဖြစ်မယ်ထင်တယ်နော်.
မိုချို
October 10, 2012 at 10:35 am
ုကိုရွှေ ကို ရေ
ကျမတို့ လည်း အဲဒီ ညှော်တာ ကို မကြိုက် ပါဘူး။ သူကြီး လုပ် မိပြီ ဆိုမှတော့ ခန္တီ ပါရမီ က ဖြည့် ပြီး သားပဲ။ ကျတော် က တခါတလေ လေးပဲ ချက် တာပါ ဆိုပြီး ၁ယောက် ထဲနဲ့ ဟင်း ၃ မျိုး လောက် နေ့ တိုင်း ချက်တဲ့ သူလည်း တွေ့ ဖူး ရဲ့။နောက် တစ်ဦး ကျပြန်တော့ ဘုရား ဆွမ်းတော် ကပ် ဖို့ အတွက် ပဲ ချက်မှာ ပါ ဆိုတော့ အူကြောင်ကြောင်နဲ့ လက်ခံ လိုက် တယ်၊ သေချာ စဉ်းစား ကြည့် တော့ မှ ဘုရား ဆွမ်းတော် ဆို တာ နေ့ တိုင် ကပ် ရတာ ဆိုတော့ နေ့ တိုင်း ချက်တော့ တာပေါ့ ။ ခုလောလော ဆည်တော့ ကြား ရက် ပေး မချက်တော့ ပဲ့ ပိတ်ရက်ပဲ ချက်ခွင့် ပေးတော့ တယ်။လူ အမျိုး မျိုး စိတ် အထွေထွေ ပါပဲ။ နောက်တော့ လည်း သူတို့ အဆင်မပြေ ရင် ပြောင်း၊ ကိုယ် အဆင် မပြေ ရင် ပြောင်း ခိုင်း နဲ့ သံသရာ လည် နေ တာပါပဲ။
အရင်တုန်း က ဆို သူကြီး လုပ်တဲ့ သူ က အလကား နီးနီး နေ ရလောက်အောက် ကို မြတ်တယ် လို့ကြား ဖူးတယ်။ ခုတော့ အိမ်လခ က ဈေး တတ်၊ ရေဖိုး မီးဖိုး ဂတ်စ်ဖိုး နဲ့ ဆို တော့ လကုန်တာနဲ့ သူကြီး မျက်ဖြူ ဆိုက် တာပဲ။
မိုချို
October 10, 2012 at 10:43 am
Crystalline ရေ
ကျောင်း တစ်ခုခု တတ်နေတဲ့ သူ က အဆင်ပြေ ရာ အိမ်မှာနေခွင့် ၊ အချိန်ပိုင်း အလုပ် တရား ဝင် လုပ်ခွင့် ရှိ တယ် ညီမရေ။ အိမ်ဖော် အစစ်က ကံကောင်း ရင် အမွေ ပါ ရ သေး တယ်။ ဖိလစ်ပီး မ တစ်ယောက် အဲလို အမွေ ရ သွား ဖူးတယ်။
surmi
October 10, 2012 at 10:47 am
အလုပ်လုပ်နေတဲ ့သူငယ်ချင်းပြောပြဖူးလို ့ဇတ်လမ်းတော်တော်များများကြားမိပါရဲ ့
အားပေးတယ်မမိုချိုရေ
လုပ်ငန်းခွင်အနေအထားလေးတွေနဲ ့ ရွှေတို ့ရဲ ့အကြောင်းလေးတွေလည်းလုပ်ပါဦး
မိုချို
October 10, 2012 at 11:25 am
ဦး ဆာမိရေ
ကျမ က အလုပ် မလုပ်တဲ့ အိမ်ရှင် ဆိုတော့ လုပ်ငန်း ခွင်တွေ နဲ့ ပတ်သတ် ရင် သူများ ပြောသလောက်ပဲ သိ တာ ရယ်။
မိုချို
October 10, 2012 at 11:26 am
ဦး ဆာမိရေ
ကျမ က အလုပ် မလုပ်တဲ့ အိမ်ရှင် ဆိုတော့ လုပ်ငန်း ခွင်တွေ နဲ့ ပတ်သတ် ရင် သူများ ပြောသလောက်ပဲ သိ တာ ရယ်။
သကြားလုုံးကြော်
October 11, 2012 at 2:39 am
WP ဆိုုတာဘာလဲဟင် အစ်မမိုုချို
အရီးလတ်ရဲ့ ဆာဗေးဆိုုတာကိုုမတွေ့လိုုက်ဘူး ။ ဘယ်မှာကြည့်ရမလဲ Link လေးပြပေးကြပါ ။
padonmar
October 11, 2012 at 6:15 am
မိုချိုရေ
မိန်းကလေးတွေ maid pass ဝယ်ပြီး နေကြတယ်ဆိုတာ ခုမှ ကြားဖူးတယ်။
အိမ်သူကြီး လုပ်နေတဲ့ အသိတွေ ညည်းတာတော့ ကြားဖူးမိပါရဲ့။
မိုချိုပြောပြသလောက်တော့ ရင်တွင်းဖြစ်တွေ မပါဘူးပေါ့။ကျေးကျေးပါ။
…….
သကြားလုံးကြော်မေးတာ မိုချို မနိုးခင် ကြားကဖြေပေးလိုက်ပါတယ်။
WP=Work Permit
S Pass= Special pass
PR= Perment resident ဖြစ်မယ်ထင်ပါတယ်။
အရီးလတ်ရဲ့ ဆာဗေးက ဂဏန်းများနဲ့ကခုန်ခြင်း(စက်တင်ဘာဆုပေးပွဲ) စတစ်လုပ်ထားပါတယ်။
မိုချို
October 11, 2012 at 12:44 pm
အန်တီပဒုမ္မာရေ
ကျမလည်း ဒီကို မလာခင် က အဲလို တွေ ရှိ မှန်း ကြားတောင် မကြား ဖူးခဲ့ ဘူး။ ဒီရောက်မှာ ဖြစ်ချင်တော့ ကျမ တို့ အိမ်မှာ နေသွား သမျှ အမျိုးသမီးတွေ က အဲလိုမျိုးတွေ ပဲ ဖြစ်နေတော့ သူတို့ ရဲ့ ဘဝတွေ ကို ထဲထဲ ဝင်ဝင် ကို သိခွင့် ရ ခဲ့ တယ် ။
သကြားလုံး ကြော် ကို မိုချို့ ကိုယ်စား ဖြေပေးလို့ ကျေးကျေး ပါ။