စိတ်စေရာ
နင့်အပြုံးမှာ
အဆုံးမရှိ ငြိတွယ်ဖူးတယ်
မြုံးမိထားတဲ့ ငါးလိုပဲ…။
အပိုမပြောတတ်ခဲ့တဲ့ငါ
နင်ဆိုသမျှကိုလည်း ယုံခဲ့မိတယ်။
အချစ်တွေကိုပုံလို့
ငါ့ဦးနှောက်လည်း စုံလုံးကန်းခဲ့ပေါ့။
ငါတမ်းတတဲ့အချိန်
နင်မရှိခဲ့ဘူး။
ငါလွမ်းလျတဲ့အချိန်
နင်မသိခဲ့ဘူး။
အရူးတစ်ယောက်လိုပဲ။
ရောက်တတ်ရာရာတွေလုပ်
အတွေးတွေကြားမှာမြုပ်ရင်း
ငါ့စိတ်တွေလည်း ရှုပ်နေလေရဲ့။
အခုတော့…
နင့်အကြောင်းတွေကိုထုတ်
ငါ့စိတ်ကိုငါ ထိန်းချုပ်လို့
အလုပ်ထဲမှာပဲပျော်ရင်း…။ ။
39 comments
လုံမလေး မွန်မွန်
October 9, 2012 at 3:46 pm
Complaint to Thagyee….
This is my 45th post, but I can’t edit the posts until now…….
When can I get this chance????
Regards,
LonMaLay
သဂျီး…
အဲ့ကိစ္စ မြန်မြန်ရှင်းပေး… ဒါဗြဲ… 🙄
amatmin
October 9, 2012 at 4:30 pm
သဂျီးက ပြောဖူးတယ်..
အက်ဒစ်အတွက် တခုခုတော့ ပြရမယ်ဒဲ့..
ဒေးဒရဲသူလည်း သဂျီးမြင်အောင်ကို ပြရမယ်ထင့် 🙂
စာရေးတဲ့ လက်စွမ်း သို့ မျက်နှာ တခုခု ဆိုလားပဲ..
ဒါနဲ့ မြုံးမိတဲ့ငါးက ဘယ်လိုနေတုန်း ဟင်.. 🙂
လုံမလေး မွန်မွန်
October 9, 2012 at 4:45 pm
ဘိုလေးသားတုန်းက ဘာပြလိုက်တာလဲဟင်… 🙄
မြုံးမိတဲ့ငါးလား… ပြုံးပြုံးလေးလို့ ထင်တာပဲ.. ဟီး…
pooch
October 10, 2012 at 1:21 am
မွန်မွန်ရေ ကျမတုန်းကတော့ သူကြီးကို ကိုဘေး နွားတကောင်ရယ် ဘလူးလေဘယ် တပုလင်းရယ် ပို့လိုက်ရတယ်။ ဒီနေ့ပို့ နောက်နေ့ ပြင်လို့ ရတာပဲ ။ 😆
နောက်မှ သိတာက ဗိုက်ဗိုက်ကို ဘီအီးတဖာပို့လည်း ရတယ်တဲ့။
စောမသိလိုက်ရလို့ ပိုကုန်သွားတာ။
လုံမလေး မွန်မွန်
October 10, 2012 at 11:53 am
အဲ့တွတ်ပီယောက်ဖကို ဈေးသွားစစ်ရမယ်… ဟိဟိ.. 🙂
လယ်ထွန်Z
October 9, 2012 at 3:56 pm
*ယောက္ခမသား*
နင့်အစ်မကို
အစမရှိ ငြိတွယ်ဖူးတယ်
မြုံးမိထားတဲ့ ငါးလိုပဲ…။
ရေမရောတတ်ခဲ့တဲ့ငါ
နင်ဖောသမျှကိုလည်း ယုံခဲ့မိတယ်။
ဖန်ခွက်တွေကိုပုံလို့
စမန်တက်ခဲ့တဲ့ ငါ့ပိုက်ဆံအိတ်လည်း ပြားချပ်ခဲ့ပေါ့။
ငါ ယင်းထ တဲ့အချိန်
နင်မရှိခဲ့ဘူး။
ငါ ပုလင်းမ တဲ့အချိန်
နင်မသိခဲ့ဘူး။
အရူးတစ်ယောက်လိုပဲ။
တွေ့ကရာတွေ မြည်း
မြင်ကရာတွေ တီးရင်း
ငါ့စိတ်တွေလည်း ရှုပ်နေလေရဲ့။
အခုတော့…
နင့်အစ်မအကြောင်းတွေကိုထုတ်
ငါ့စိတ်ကိုငါ ထိန်းချုပ်လို့
တလုပ်မတွေနဲ့ပဲပျော်ရင်း…။ ။
:harr:
လုံမလေး မွန်မွန်
October 9, 2012 at 4:55 pm
နာ့ခံစားချက်လေးတွေတော့ မိဂီကြောင့် ပျက်ပါပြီ… 🙂
မှောင်ကြီး
October 10, 2012 at 12:38 am
မိုက်တယ်ကွား)
Mon Kit
October 9, 2012 at 4:11 pm
လုံမ က ကဗျာလည်း ရေးဖွဲ့တတ်တာဘဲလား……
စွယ်စုံရ လုံမ လို့ဘဲ ခေါ်လိုက်တော့မယ်နော်……
:hee:
လုံမလေး မွန်မွန်
October 9, 2012 at 4:57 pm
အာ..မလုပ်ပါနဲ့အစ်မရယ်…မတောက်တခေါက်လေးတွေပါ.. သူများတွေကြားရင် ရှက်စရာကြီး… 🙂
Mobile
October 9, 2012 at 5:00 pm
ဘာကြောင့်ကွယ် ဒီလောက်တောင်များ အရေးအသားကောင်းနေရသလဲကွယ်
ရွှေမှုံစားလို့လား . . . ငွေမှုံစားလို့လား . . .
လုံမလေး မွန်မွန်
October 9, 2012 at 5:25 pm
ဖောင်တိန်တွေ ဝါးစားထားလို့.. ဟီး..
Khaing Khaing
October 10, 2012 at 1:42 pm
ကီးဘုတ်တွေ ဝါးစားတာပါ .. စာရေးတာ ဖောင်တိန်နဲ့ရေးလို့လား ……
လုံမလေး မွန်မွန်
October 11, 2012 at 12:19 pm
ဟူး…ရဲရဲတောက် တို့ဗမာတွေကို လိုက်ပြီးစိမ်းရတာ မောထှာ… 🙁
ကီးဘုတ်တော့ ဝါးမစားပါရစေနဲ့ အစ်မရယ်… တူ့မှာချိတဲ့ ဘက်တီးရီးယားက ဟိုမှာရှိတဲ့ ဘက်တီးရီးယားထက် ပိုများတယ်တဲ့.. :kwi:
ကိုပေါက်(မန္တလေး)
October 9, 2012 at 5:01 pm
သူကြီးရေ အက်ဒစ်မပေးရင် တကိုယ်တော် ဆန္ဒဖော်ထုတ်ပွဲ ရွာထဲမှာလုပ်မယ်တဲ့နော်
လုံမလေး မွန်မွန်
October 9, 2012 at 5:26 pm
ပြောလိုက်စမ်းဘာ လေးလေးပေါက်ရယ်… :kwi:
ကိုခင်ခ
October 9, 2012 at 7:52 pm
သူကြီးကွန်မန့် လိုက်ကြည့်နေတာ ဒီမှာလည်းမတွေ့ ဟိုမှာလည်းမတွေ့နဲ့နော်၊
သူကြီးရေ အရိပ်အယောင်လေးတော့ ထွက်ပြအုံးဗျ၊ စိတ်အေးရအောင်လို့။
မဟာရာဇာ အံစာတုံး
October 9, 2012 at 9:15 pm
ဦးခင်ခ ရေးပြတဲ့ မတဲ့တဲ့ အစာတွေကို စမ်းစားပြီး ..
သူကြီးတစ်ယောက် ကြွသွားလေရဲ့ …
သဂျီးရေ .. အမျှ .. အမျှ ..
:kwi:
လုံမလေး မွန်မွန်
October 10, 2012 at 11:49 am
တော်ကြာ ငါမသေဘူး ရေကူးတတ်တယ် ဆိုပြီး ထလာမှဖြင့်.. :kwi:
(ကန်တော့နော် သဂျီး..နောက်ထှာ).
အရီးခင်လတ်
October 9, 2012 at 8:00 pm
သူဂျီး က Happy Ending အကြိုက်ဘူးတဲ့။
ဇာတ်သိမ်း ကို နောက် ဗားရှင်းတစ်မျိုး နဲ့ ထပ်ရေးမှတဲ့။
နပန်းလုံးပြလိုက် သမီးရေ။
ဒါဆို ချက်ချင်း အဆင့်ကျော်တောင် ရသွားမယ်။ 😆
လုံမလေး မွန်မွန်
October 10, 2012 at 11:58 am
ဟုတ်..တုတ်တစ်ပွဲ..ဓားတစ်ပွဲပဲ..သဂျီးပြန်ဖြေမှ ပြီးသွားတဲ့အကြောင်း ရေးမယ်…
မဟာရာဇာ အံစာတုံး
October 9, 2012 at 9:18 pm
လူတွေဟာ ချစ်သူ ခင်သူ ရှိတဲ့ နေရာမှာ ပျော်တတ်တယ်တဲ့ …
သူ့ကို ခေါင်းထဲက ထုတ်ပြီး ..
အလုပ်ထဲမှာ ပျော်တယ်ဆိုတော့ ..
ဂျီးဒေါ်က အလုပ်မှာ သူငယ်ချင်း အပေါင်းအသင်းတွေကြောင့် ပျော်ဒါလား …
အလုပ်ထဲမှာ ကြိုက်သူ တွေ့သွားလို့ ပျော်ဒါလား ဆိုတာ …
ရှင်းရှင်း လုပ်စမ်းဘာ … ငွင်း .. ငွင်း ..
:kwi:
လုံမလေး မွန်မွန်
October 10, 2012 at 12:01 pm
တမီးတို့ ရုံးတေးတေးလေးမှာ… နိုင်ငံဂျားတွားနေတဲ့ တထေးနဲ့ ဒလိုင်ဘာကလွဲရင် MD အပါအဝင် မိန်းကလေးချည်း ကိုးယောက်ပါချင့်… ဘယ်တူ့ကို ကြိုက်ရမလဲဟင်..
မဟာရာဇာ အံစာတုံး
October 10, 2012 at 1:01 pm
ရှုပ်တယ်ဗျာ ..
ကြိုက်စရာ မရှိရင် ကျုပ်သာ ကြိုက်လိုက် ..
ငွင်း .. ငွင်း ..
လုံမလေး မွန်မွန်
October 10, 2012 at 2:57 pm
ကျွန်မမှာချစ်သူရှိတယ်…ရှင်ငရဲကြီးလိမ့်မယ်..
မယုံဘူးလား… http://myanmargazette.net/147629/creative-writing
အဲ့မှာကြည့်… 🙂
မှောင်ကြီး
October 10, 2012 at 12:40 am
မိုက်တယ်ကွာ း)
လုံမလေး မွန်မွန်
October 10, 2012 at 12:05 pm
မလိ်မ်မာဘူး… :harr:
ဒါနဲ့ စကားမစပ်.. အာဗာတာပုံက ဆရာချစ်ဦးညိုနဲ့ တူတယ်နော်… 🙂
ရွှေ ကြည်
October 10, 2012 at 11:58 am
လုံမလေးရေ လေးဖြူရဲ့ စာမျက်နှာ ဘယ်လောက်ဆိုလား အဲ့သီချင်းလိုပေါ့နော..။ :harr:
ကဗျာလေးကကောင်းတယ်..။
လုံမလေး မွန်မွန်
October 10, 2012 at 12:14 pm
အဲ့သီချင်းလည်း လုံမက အရမ်းကြိုက်တာ..
ကျေးဇူးပါနော် အစ်မ…
surmi
October 10, 2012 at 12:26 pm
လုံမလေးက ဒေးဒရဲကိုး
ဒီလိုလဲရေးတတ်တာဘဲလား ။
ပြုံးနေတဲ ့ ငါးဆိုတော ့ ဘာမဆိုင်ညာမဆိုင် လှည်းတန်းဈေးကငါးကင်သတိယသွားတယ်
:hee:
လုံမလေး မွန်မွန်
October 10, 2012 at 12:33 pm
ဟုတ်..
ရေပြာနဒီဝိုင်းတဲ့ ဧရာဝတီတိုင်း၊ စာရဂုံမြိုင် ကြာစုံလှိုင်တဲ့ ဖျာပုံခရိုင်အတွင်းက ဒေးဒရဲရွှေမြို့တော်သူပါရှင့်..
(ကျပန်းစကားပြောပွဲတုန်းက ကျက်ထားတာ..) 🙂
ဒါနဲ့..ငါးကင်က လုံမလေးကို ဝယ်ကျွေးချင်တာလားဟင်.. အရမ်းကြိုက်တာနော်…
ဦး ကျောက်ခဲ
October 10, 2012 at 12:48 pm
လုံမရေ
စကားလုံးလေးတွေက လှပါပေ့၊ ဘာတဲ့
“…….မြုံးမိထားတဲ့ ငါးလိုပဲ…”
ဟီးဟီး၊ ဦးလေး တို့ ပုရိသ များ ဘဝကတော့
“…….တံပိုးအောက်က နွားလိုပဲ….”
:harr:
လုံမလေး မွန်မွန်
October 11, 2012 at 12:23 pm
အာ..ဘယ်ကလာ တံပိုးအောက်ကနွားလဲ… အိမ်ဦးနတ်ပါ လေးကျောက်ရဲ့… 🙂
မောင်ပေ
October 10, 2012 at 2:33 pm
စိတ်စေရာ
ရိတ်ရှည်လာ
အိတ်ငွေရှာ
တိတ်မေခလာ
သိပ်ထွေငါ
နှိပ်စေကညာ
ကိတ်ဝေမှာ
ဖိတ်ခေမာ
လုံမလေး မွန်မွန်
October 11, 2012 at 12:25 pm
သိပ်လေတာ
ကြိတ်ကြွေမှာ
စိတ်ရှည်ပါ
ဟိတ်နေကွာ
လိပ်ပေပါ… ဟိဟိ
Thaw Zin Loikaw
October 11, 2012 at 11:34 am
ဟိုင်း မြုံးမိတဲ့ ငါးဆိုတော့ ပျာယာခတ်နေမှာပေါ့။ ဒါပေမယ့် ထွက်ပေါက်ကို ကဗျာစပ်လိုက်တာ အရမ်းလှတယ်။ အားပေးနေပါတယ်ဗျို့။
လုံမလေး မွန်မွန်
October 11, 2012 at 12:30 pm
မြုံးမိထားတော့ ရုန်းထွက်လို့မရဘူးပေါ့… 🙂
အားပေးတာ ကျေးဇူးအကြီးကြီးပါရှင့်…
aemoshu
October 12, 2012 at 12:11 am
တော်လိုက်တဲ့ လုံမလေး…
ဆရာကြီးလုပ်ပြီး နည်းနည်းထပ်ဖြည့်ရေးကြည့်လိုက်တယ် ..
ငါတမ်းတတဲ့အချိန်
နင်မရှိခဲ့ဘူး။
ငါနွမ်းလျတဲ့အချိန်
နင်မသိခဲ့ဘူး။
ငါအလွမ်းတွေနဲ့ ချည့်နဲ့နေခဲ့ပေါ့။
ဟီး … လုံမကဗျာကိုပြင်တာဟုတ်ဘူးနော်၊ ဖြည့်စွတ်ခံစားပေးတာပါ။
မကြိုက်ရင်တော့ တောင်းပန်ပါတယ်။
လုံမလေး မွန်မွန်
October 12, 2012 at 12:14 am
ကြိုက်ပါတယ် ကြိုက်ပါတယ်… ဖြည့်စွက် ခံစားတာကိုလည်း လက်ခံပါတယ်… 🙂