တက်နေဝန်း၏အားမာန်
မိဘနှင့်သားသမီးဆိုသည်မှာတစ်ဦးနှင့်တစ်ဦးရွေးချယ်ပိုင်ခွင့်
မရှိပါသော်လည်း မိဘကအကောင်းဆုံးမိဘဖြစ်ချင်ပြီး အကောင်းဆုံး
သားသမီးကိုလိုလားတောင့်တကြပါတယ်၊ သားသမီးကလည်း
အကောင်းဆုံးသားသမီးဖြစ်ချင်ပြီး မိဘကိုအကောင်းဆုံးဖြစ်စေချင်ကြတာ
ဓမ္မတာပါဘဲ။
လူတစ်ဦးနဲ့တစ်ဦးတွေ့ဆုံချစ်ကြိုက်နှစ်သက်ကြပြီးအိမ်ထောင်တစ်ခုကို
ထူထောင်ရာမှာပညာ၊ငွေကြေးပြည့်စုံကုံလုံမှုပေါ်မှာမူတည်ပြီးတစ်ဦးနဲ့တစ်ဦး
နားလည်ခွင့်လွှတ်မှုအတိုင်းအတာတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ၊
လွှမ်းခြုံမှုပေါ်မှာ သာယာပြည့်စုံမှုရှိတဲ့အိမ်ထောင်တစ်ခု၊ အောင်မြင်တဲ့အိမ်ထောင်စု၊
မချမ်းသာသော်လည်းစိတ်ချမ်းသာပြီးနေပျော်တဲ့အိမ်ထောင်စု……စသည်ဖြင့်ရပ်တည်
နှိုင်ခဲ့ကြရပါတယ်၊ တစ်ချို့လည်းအိမ်ထောင်ပြုမိတာဒုက္ခတွေကြည့်ပါဘဲလားဆိုတာကလည်း
ဒုနဲ့ဒေးပါဘဲ။
အိမ်ထောင်တစ်ခုမှာသားသမီးဆိုတာကလည်းဘုရားပေးတဲ့ဆုလာဘ်လေးတွေပါဘဲ၊
ရှေးလူကြီးသူမတွေပြောခဲ့ကြတာ သားဆိုရင် အားဖြစ်ရမယ်၊ ကျားမဖြစ်ရဘူး၊
သမီးဆိုရင်ထီးဖြစ်ရမယ်၊ မီးမဖြစ်ရဘူးတဲ့။သားသမီးက ကျားသော်လည်းကောင်း၊
မီးသော်လည်းကောင်းဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒိမိသားစုဒုက္ခဟာ သံယောဇဉ်ပူလောင်မှုတွေ၊
စိတ်ဒုက္ခတွေနဲ့ဘဝရဲ့နိဂုံးကိုပူလောင်ပင်ပန်းစွာနဲ့ဖြတ်သန်းကြရမှာပါဘဲ။
ခေတ်ကာလအခြေအနေတွေအရ ဘာသာစကားနဲ့နည်းပညာဖွံဖြိုးတိုးတက်မှုတွေကိုအမှီလိုက်
နိုင်ဘို့မိမိမွေးထားတဲ့ကလေးတွေကိုကျောင်းစာသင်ချိန်ပြင်ပမှာထပ်မံသင်ကြားကြရပြန်ပါတယ်၊
ကလေးတွေဟာမိဘနဲ့တောင်မျက်နှာချင်းဆုံပြီးစကားကြာကြာပြောခွင့်မရကြတော့ပါဘူး၊
ဒီတော့ကလေးတွေဟာတော်တယ်၊တတ်တယ်၊ဆိုပေမဲ့ လိမ္မာမှု၊သံယောဇဉ်နဲ့သိတတ်နားလည်မှု၊
တွေမှာတော့အားနဲလာခဲ့ကြပါတယ်၊ ဒါဆိုရင် သားသမီးကလိုအပ်နေတာလား၊မိဘက လိုအပ်နေတာ
လား၊ နှစ်ဖက်လုံးကမမှားပါဘူးနော်၊ ကလေးတွေကိုနွေရာသီကျောင်းပိတ်ရက်မှာဘုန်တော်ကြီးကျောင်း
ပို့ပြီးယဉ်ကျေးလိမ္မာသင်ပေးရင်တော့ ကလေးစိတ်ဝင်စားမှုအပေါ်မှာမူတည်ပြီးအကျိုးရှိနှိုင်ပါတယ်၊
တစ်ချို့ကလေးကတော့နည်းပညာတိုးတက်မှုရဲ့အရသာကိုခံစားတတ်နေပြီးဘုန်းတော်ကြီးကျောင်းမှာ
စိတ်မနှစ်နှိုင်ပါဘူး၊Game ဆော့မယ်၊ Internet ဝင်မယ်၊မလုပ်ရဘူးလို့ပြောရင်ရောပြောတဲ့မိဘတရားပါ့
မလား၊ သူ့အချိန်နဲ့သူတော့လုပ်ခွင့်ပေးရမှာမဟုတ်လား။
ကျွန်မနှစ်သက်ရတဲ့မိသားစုလေးမှာတော့ မိဘနှစ်ပါးကတစ်ဦးတည်းသော သားလေးကို
သိတတ်နားလည်တဲ့အရွယ်ကနေစပြီးကလေးတစ်ယောက်လိုမဆက်ဆံဘဲ လူကြီးတစ်ဦးကို
ပြောဆိုဆက်ဆံသလိုဆက်ဆံခဲ့ကြပါတယ်၊သူတို့ကြုံတွေ့ခဲ့ကြတဲ့ဘဝသင်ခန်းစာတွေကို
အလျဉ်းသင့်ရင်သင့်သလိုပြောပြဆုံးမမှုတွေပြုခဲ့ကြပါတယ်၊ ကလေးရဲ့အပျော်ဖတ်စာပေ
တွေဟာငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်တွေဖြစ်စေခဲ့
ပါတယ်၊ သားလေးရဲ့ဘဝအစပျိုးချိန်မှာဘဲကောင်းမွန်မှန်ကန်တဲ့စိတ်ဓါတ်အင်အားတွေ
ထည့်ပေးခဲ့ကြပါတယ်၊သားလေးကြီးလာတော့လည်း ရိုးသားဖြူစင်မှု၊စိတ်နေစိတ်ထား
ကောင်းမွန်မှု၊တွေနဲ့မိဘရဲ့ဂုဏ်တက်ရာတက်ကြောင်းတွေသာစိတ်ချမ်းမြေ့စွာဖြစ်ပေါ်
လာစေခဲ့ပါတယ်။
တစ်နေ့မှာ မိခင်ဖြစ်သူကအလုပ်ထဲမှာအဆင်မပြေမှုတွေနဲ့ကြုံတွေ့ရလို့ ” စိတ်ညစ်
ပါတယ်ဟယ် အလုပ်ထွက်ချင်လိုက်တာ”လို့ပြောမိတော့ သားလေးက “မေမေရယ်
လူရယ်လို့ဖြစ်လာရင်အခက်အခဲတွေတော့ကြုံရမှာဘဲ၊သားလဲကျောင်းမှာအခက်အခဲ
ဆိုတာရှိတာပါဘဲ အခက်အခဲနဲ့ကြုံတိုင်းသာကျောင်းထွက်ရရင်ဖြစ်ပါ့မလား၊
ဒီလိုဘဲဖြတ်သန်းရမှာပေါ့၊ အားတင်းထားပါ “တဲ့ ကြားလိုက်ရတဲ့မိခင် စိတ်ညစ်
တာဘယ်ရောက်သွားလဲမသိနှိုင်ဘူး၊ ရုံးသွားဘို့အလှပြင်နေတဲ့မိခင် အသက်
အရွယ်ရလာလို့မျက်နှာပေါ်ကပြစ်ချက်တွေကိုမိတ်ကပ်နဲ့ဖုံးဘို့ကြိုးစားနေတာကို
ကြည့်ပြီး “ပါးပိန်ရာနံ့သာဖို့မရဘူးမေမေ၊လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာ
နေပါ မေမေ “တဲ့ ၊အိမ်နီးချင်းမိသားစုမှာ ယောက္ခမ၊ချွေးမ ၊မသင့်မြတ်တဲ့ပြသာနာတွေ
အပေါ်မှာလည်း “အဲ့ဒါ အားနေလို့ပြသာနာထင်နေတာပါ၊မအားရင် မတွေးနှိုင်ပါဘူး
အလုပ်အားသွားရင်ဘုရားတရားအလုပ်ဆက်လုပ်သင့်တယ်၊ဒါဆိုရင် မအားတော့ဘူး”
တဲ့လေ ၊မိခင်ဖြစ်သူကအလုပ်နဲ့တစ်နယ်တကြေးမှာတာဝန်ထမ်းဆောင်နေရတဲ့အချိန်
တွေမှာ “မေမေ့ကိုသတိရရင်စာဖတ်ပါတယ်၊မေမေနေကောင်းအောင်ဆုတောင်းပါ
တယ် ၊လွမ်းတယ်ဆိုပြီးထိုင်တွေးနေ ငေးနေရင်အကျိုးမရှိလို့ မေမေေရော သားရော
နစ်နာလှပါတယ် “တဲ့ အဲ့ဒိလိုတန်ဖိုးရှိတဲ့သား ၊အားအင်တွေဖြစ်စေတဲ့သား၊ မိသားစု
အတွက်အားကိုးထိုက်တဲ့သားဟာမိဘနှစ်ပါးအတွက်ဘုရားပေးတဲ့ဆု၊ကြီးမြတ်တဲ့
လက်ဆောင်မွန်ပါလို့ပြောရင်း အားဖြစ်မဲ့သားတွေများပြားပါစေ။
One comment
လုံမလေး မွန်မွန်
October 15, 2012 at 3:52 pm
ဟုတ်ပါတယ် အစ်မရေ…
အခုခေတ်က မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ကျင့်ဝတ်တွေ ပျက်လာကြပါတယ်။
မိဘနဲ့သားသမီး တွေ့ချိန်နည်းလာပြီး ဆုံးမပဲ့ပြင်နိုင်ချိန်မရှိ၊ ကလေးတွေကို သည်းသည်းလှုပ်မိဘတွေနဲ့ တုတ်မကိုင်ရ စနစ်ကြားမှာ တပည့်တွေက ဆရာတွေကို မလေးစားနဲ့ ဂါရဝေါစ ဆိုတာတွေ၊ ကျေးဇူးတရားဆိုတာတွေ ပျောက်ဆုံးပြီး တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ များလာတယ်ထင်ပါတယ်။ ဒီကြားထဲ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ စာပေကိုချစ်ရကောင်းမှန်းမသိ၊ စာမဖတ်တဲ့သူတွေများလာတဲ့အတွက် သားတွေက ကျားတွေဖြစ်၊ သမီးတွေက မီးတွေဖြစ်လာကြတယ်လို့ပဲ ထင်မိပါတယ်။
မိဘရဲ့အချိန်ပေးနိုင်မှုနဲ့ ဆုံးမပဲ့ပြင်နိုင်မှု၊ ဆရာတွေရဲ့ စေတနာတွေနဲ့ နာခံတတ်တဲ့ ကလေးကောင်းတွေ များပြားလာပါစေလို့…