ကလေးလေးတွေ ပညာ တတ်ဖြစ်ဖို့တော့
ကလေးလေးတွေ ပညာ တတ်ဖြစ်ဖို့တော့
ကျွန်တော်ရဲ့ မနက်ခင်းတွေ ကို လက်ဖက်ရည် ဆိုင်လေး မှာထိုးကျွေး လို့လက်ဖက်ရည် ဆိုင်မှာ သတင်းစာ ဂျာနယ် တွေ ဖတ်ရင်း မိတ်ဆွေ တွေနဲ့
စကားပြောရင်း အချိန်ကုန်လွန်ခဲ့တယ်။ လက်ဖက်ရည် ဆိုင်မှာ က လူစုံစရိုက်စုံ သတင်းစုံ ရှိတယ်။ ဒီမှာ တေါ့နေရတာက စားပွဲထိုးလေးတွေ ရှိလှ
အသက်က ဆယ့် နှစ်နှစ် ၊ ဆယ့်သုံးနှစ် တွေ ပညာသင်ဖို့ကောင်းဆုံး အရွယ်တွေ ။ကျောင်းလည်း သေသေချာချာ မတက်ဖူးကြတော့ အတွက် အချက်ကမှား ဒီမှာ ဆိုင်ရှင်ကရိုက်တာခံရ စားသုံးသူက မာန်မဲတာခံရနဲ့ ကြည့်ရတာ သနားစရာကောင်းလှပါတယ်။
တခါသားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ အလုပ်လုပ်တဲ့ ဆယ်ကျော်သက်ကောင်မလေးကပြောတယ် မနက်ကို လေးနာရီ အိပ်ယာထ လုပ်ကိုင် ညဆို လည်း
ဆယ့်တစ်နာရီကျော်မှ အိပ်ယာ ဝင်ရတော့ ပင်ပန်းမှုကို မခံနိုင်ဘူးလို့ညည်းတွားသံကြားရတယ် မကြာပါဘူး ဒီကောင်မလေး ပျောက်သွားတယ်။နောက်ကောင်လေး
တစ်ယောက် ဆိုင်ရှင်က ပါးရိုက်လိုက်တာနဲ့ ပြန်သွားတယ် နောက် လက်ဖက်ရည်ဆိုင် စားပွဲထိုး မလုပ်တော့ ဘူးဆိုပြီး ေြ့ပာသွားတယ်။ မကြာပါဘူး
တခြားဆိုင် တစ်ဆိုင်မှာ ဝင်ရောက် လုပ်ကိုင်နေတာ တွေ့ရ ပြန်ပါတယ်။
လူငယ်အရင်းအမြစ်နဲ့တိုင်းပြည်ကြီးဖွံ့ဖြိုးအောင်လုပ်ကြမယ်။ပညာတတ်တွေနဲ့ တို့ ပြည် ကြီး အလှဆင်မယ် ဆိုတဲ့ငယ်ငယ်က ကျောင်း စာသင်ခန်းမှာ ကြားခဲ့ရတဲ့ စကားတွေ ပြန် အမှတ်ရမိပါတယ်။ကလေးလေးတွေကွက်သစ်လို့ ခေါ်တဲ့ လယ်ယာမြေကို ရပ်ကွက် လုပ်ထားတဲ့အရပ်မှာနေကြ သူတွေ ငါရှာ ဖားရှာ တွေ လုပ် အမှိုက်ပုံတွေကို သွားပြီး ဖွကြ ကော်တွေ သံတိုသံစတွေ လိုက်ကောက် ဒီကလေးတွေ ပညာရှာရမယ့်အရွယ်ပါ။ပညာသင်ချိန်စာသင်ခန်းထဲမှာ ရှိရမယ့် အချိန် သို့သော် စားဝတ်နေရေးအတွက် အပြင်ရောက်နေရတယ်။ဘယ်သူကူနိုင်မလဲလေ။
ရပ်ကွက်ထဲ ပညာ သင်ကျောင်း ထားရတဲ့ သူငယ်တန်းကလေးတွေ ကို မိဘကစာမပြနိုင်တော့ ကျူရှင် ထားကြရတယ် တစ်လ တစ်သောင်းဆိုပဲ။ ဒီမှာ
မထားနိုင်ရှာတဲ့ သူတွေ အများကြီး ။ကျူရှင် မထားနိုင် မိဘက မသင်နိုင်တော့အတန်းထဲ အေ မရ ၊နောက် စာတွေ ညံ့လာတော့ကလေးကကျောင်း ထွက်ချင်လာတယ်
တစ်ချို့ သုံးတန်းနဲ့ ထွက် လက်ဖက်ရည် ဆိုင်စားပွဲထိုးဖြစ်တော့တာပဲလေ။မိန်းကလေးတွေ ဆိုလည်း အိမ်ဖေါ် အိမ်အကူ တွေလုပ်ကြရတယ် တစ်ချို့ဆို အရွယ် နဲ့ မလိုက် ဘဝပျက်ရတာတွေ ..။
တလောက လက်ဖက်ရည် ဆိုင်စားပွဲထိုးလေးကို ဆိုင်ရှင်က ဆက်တိုက် နရင်းအုပ်နေတာ တွေ့ရတယ်။ ကလေးက ကြောက်လွန်းလို့ အသံတွေတုန် မျက်ရည်တွေကျ
ဘာဖြစ်လဲလို့မေးကြည့်တော့ ငွေ တွက်တာမှားလို့တဲ့ ။ မှားမှာပေါ့လေ ကျောင်းမှ မတက်ရတာကို ဒီမှာ တင်ကလေးကို ဆိုင်ရှင်လစ်တုန်းမေးကြည့်တော့ “
ကျွန်တော် အဖေက နောက်ိန်းမယူတယ် အမေက နောက်ယောကျားယူတယ် ကျွန်တာ်ကစားပွဲထိုး လုပ်ရတယ် နေစရာလည်း မရှိဘူး စားစရာလည်း မရှိတော့ ဒီမှာ
လုပ်ရတာပါ နိပ်စက်လည်း ခံရမှာပဲ” ..တဲ့။ ကျွန်တော် ရင်ထဲ နာကျင် ကြေကွဲမိတယ် ။ မိဘရျိလျှက် မိဘမဲ့ ကလေး တစ်ယောက်ရဲ့ ဝေဒနာကိုယ့်မှာ လည်း အရိပ် မပေးနိုင် အလင်းရောင်မပေးနိုင်ရှာတော့ ။
အိမ်မှာ သားလေး တစ်ယောက်ရှိတယ် သူငယ်တန်းကို တက်ခိုင်းတော့ အဖေ ပညာတတ်အမေပညာတတ်ဖြစ်ပါလျှက် သူငယ်တန်းကို စာမကြေ လို့ စာမေးပွဲ မဖြေခိုင်းခဲ့ဘူး ကိုယ့်သဘောနဲ့ ကိုယ် မဖြေခိုင်းတာပါ။ ကျူရှင် တက် ဖို့ လိုက်ရှာတော့ ဆရာမ တစ်ယောက် တစ်လ တစ်သောင်းတဲ့ ။ နယ်မြို့က ဆရာမ ကျူရှင် ဈေးက ကိုယ့် အတွက်တော့ ကြီးတယ် ဆိုရမယ်။
အိမ်မှာ သင်ဖို့ လည်း သားက မိဘနဲ့ မသင်ချင်။ ဒီလိုနဲ့ သားလေး တစ်နှစ်အောက်လို့ နောက်ကျောင်းပြောင်း သူငယ်တန်းပဲ ပြန်ထားလိုက်ရတယ်။ကလေးတစ်ယောက် သူငယ် တန်းက စလို့ ပညာသင်ရတာလည်း မလွယ်ချေဘူး။ထမင်းပို့ ဖို့ အတွက် ဟင်းလျှာကို ါအောင် ထည့် ရတယ် ကျောင်းမှာ ထမင်းစာ ချိန် ငါ့သားလေး ဟင်းမကောင်းရင်ခက်ရချည်ရဲ့ ဆိုပြီးနောက် မုန့်ဖိုးက စလို့ အစစအရာရာ ဂရုစိုက်ရတယ်။တစ်နေ့ ဆင်းရဲသားလေး ဖခင် ကွယ်လွန်သွားတဲ့ ကလေးလေးကို ကျောင်း
ဆင်း ထမင်း ပို့ရင်း သားကို မုန့်ဝယ်ကျွေးတော့ သူခမျာ ငေးနေရှာတယ်။“သားလေး မင်း မုန့်စားချင်လို့ လား ဦးဦး ဝယ်ကျွေးမယ် ဆိုတော့ ငါးဆယ်တန်မုန့်ထုပ်လေးကို ဖြုတ် ယူရှာပါတယ် ” သား တန်ဖိုးကြီးတာ ယူလေ ထပ်ယူလေ ”ဆိုတော့ ခေါင်း ခါတယ် မေက မှာထားတယ်သားတို့က ဆင်းရဲတော့ တန်ဖိုးကြီးတာ မစားရဘူးတဲ့ ပါးစပ် အကျင့်ပါမယ် တဲ့..လို့ပြောတယ်။ရင်ထဲ ထိရှ နာကျင် မိပါတယ်။
ကလေးလေးတွေကို ပညာတတ်စေချင်တယ်။ကျောင်း တံခါးတွေ ဖွင့်နေပြီ။နိုင်ငံတော်က မူလတန်း ပညာသင်စရိတ်တွေ မကုန်အောင် ဆောင်ရွက်ပေးနေပြီ။ဒီမှာ ကျူရှင် စရိတ်တွေက ကြီးမြင့် နေတယ်။မိဘတွေ က တစ်နေ့ လုပ် တစ်နေ့ စားနဲ့ ကလေးကို ဂရု မစိုက်နိုင်ကြသေးဘူး။ကျောင်းကြို ကျောင်းပို့ မလုပ်နိုင်ဘကဘူး။ ကလေးတွေ ကလည်း အိမ်မှာမိဘ မရှိတော့ အိမ်ကို အချိန်မှန် မပြန် တော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တာတွေ လည်းရှိတယ်။ ကျောင်းနဲ့ အိမ်ကြားမှာ ကစားရင်း နဲ့ ကလေးလေးတွေဒုက္ခတွေ့တာလည်းရှိတယ်။ ကျောင်း မတက် ဘဲ အမှိုက်ပုံတွေ ကြားတုတ်နစ်ချောင်းနဲ့ တူးဆွနေတဲ့ ကလေးတွေ
တင်း အဖြစ် သစ်တိုသစ်စတွေ လိုက်ကောက်တဲ့ ကလေးတွေ သူတို့မှာစာသင်ခန်းမရှိဘူး။ အဓိကတော့ မိဘက ဆင်းရဲတွင်း နက်နေတာပါ။တခါက ရန်ကုန်မြို့ ရဲ့ ကားတွေ ဆုံတဲ့ ဘုရင့်တောင် လမ်းဆုံမှာ ကလေး မလေး တစ်ယောက်ဆယ့်ရှစ်နှစ်လောက် ရှိမယ် ရုပ်ကလေးချောချော လေး ကလေးလေးကို ချီလို့
တောင်းစားနေတာတွေ့တယ်။သူကိုလေးစားပါတယ် မပြေ လည် လွန်းလို့ တောင်းစားတာစာရိတ္တ ပျက်တာ မလုပ်ဘူး တောင်းတယ် ပေးချင်တဲ့ လူ ပေးပါမပေးချင်လည်းရပါတယ် ။ သို့သော် စာရိတ္တ မပျက်ဘူး ခန္တာကိုယ်မရင်းဘူးပေါ့။သူ့မှာ ကလေး ကို ချီလို့ ဒီကလေး ..ဒီကလေးလေး ရှေ့ အနာဂတ်မှာ…ကျွန်တော် ရင်လေး မိပါတယ်။
မနက် ဆို လက်ဖက်ရည် ဆိုင် ထိုင်တိုင်း စားပွဲထိုး ကလေးလေးတွေ ကြည့်ြ့ီးဒီကလေးကတော့ သုံးတန်း လောက် ဒီကလေးကတော့ ငါးတန်းလောက် ကျောင်းနေအရွယ်လေးတွေ ကိုတွေးရင်း အဆိုတော် ကိုမြကြီးရဲ့ လူချွန် လူကောင်းသီချင်း ထဲကလို “ ကလေးလေးတွေ ပညာတတ်ဖြစ်ဖို့ အမိအဖပုံသွင် အာစရိတွေ ပင်” ဆိုတဲ့ စာသားလေးကိုပဲ သတိရမိနေပါတော့တယ်။
ကလေးလေးတွေ ပညာတတ်ဖြစ်ဖို့တော့ (၂)
ကလေးတွေ အခု စာမေးပွဲဖြေနေတယ်။ အားရစရာကောင်းတာက မိဘတွေက ကျောင်းရှေ့မှာ ထိုင်စောင့်နေကြတယ် ကျောင်း တံခါးတော့ ပိတ်ထားတယ် ဝင်းခြံရဲ့ ပြင်ပမှာ စောင့်နေကြရတယ်။ ဒါကလည်းငွေကြေး အတော် အတန် ပြေလည်တဲ့ မိဘတွေ တစ်ချို့ပါ။ဒီမှာပဲ စာမေးပွဲဖြေဖို့ ကျောင်းထဲ ဝင်သွားတဲ့ ကလေး မလေး တစ်ယောက် ကို သူ့မိခင်က
ပြန်အော်ခေါ်နေတာ တွေ့ရတယ် ဖြစ်ပုံကို နည်းနည်း အကဲခတ်ကြည့်တော့ မိဘတစ်ဦးက ဒီကလေး အမေကို တိုင်နေတယ် နင့်သမီးက ငါ့သမီးကို ပြောသွားတယ် ငါစားတဲ့ မုန့်ကို လိုက်ဝယ်စားတာ ငါ့ကိုပြိုင်နေတလား လ ို့ နင့်သမီးကပြောတယ်။ အဲ့ဒါ ဆုံးမအုံးဆိုလို့ စာမေးပွဲခန်းထဲ ဝင်တော့ မယ့် ကလေး ကို ပြန်အော်ခေါ် မေးမြန်း ပြီး မိဘချင်း စကားများကြ ။ မခက်ပေဘူးလား။ဒီမှာ ထူးဆန်းတာက အကျင်္ ီနွမ်းလေးနဲ့ ကျောင်းသားလေး တစ်ယောက်ရဲ့ မိခင်က အံဩစရာပုံစံမျိုးနဲ့ အထူးအဆန်းလို ငေးကြည့် လို့။ ကြည့်နေမှာပေါ့ သခွပ်ပင်က မီးတကျီကျီဆိုသလို အရေးမကြီးတာကို လုပ်နေကြတယ်။
ကလေးကျောင်းကြို ကျောင်းပို့နေတဲ့ ရန်ကုန်က ကလေး အမေတွေ တွေ့တယ် မင်းသမီးရှုံးအောင် ပြင်ထားကြတယ်။နောက် ကလေးက ကျောင်းထဲ ဝင်သွားတော့ လွယ် အိတ်လွယ်ပြီး လိုက်ပို့တဲ့ အထွေထွေဝန်ထမ်းကို လည်း ကိုယ့်ကလေး လွယ် အိတ်ကို လွယ်ပေးဖို့ လစာလိုငွေပေးထားရသေး မူကြိုတွေကလည်း သိန်းချီပေးရ အင်း ရန်ကုန် က မူလတန်းကိစ္စ မလွယ် ဘူး။ ကလေး တစ်ယောက်ပညာ သင်ဖို့ စရိတ် မလွယ်ဘူး။ ဒါက ရန်ကုန် ရဲ့ အခြေ အနေ နယ်မှာက အတန်းပိုင်ဆရာမ ဆီ ကိုပို့ရတယ် အနည်းဆုံးတော့ တစ်လ တစ်သောင်းပဲ ဒီအပြင် လက်ဆောင်ပေးတာ တွေ ရှိသေးတယ် ဆရာမတွေကတော့ မတောင်းပါဘူး မိဘတွေကိုက ပေးချင်နေတာ ကိုယ့်ကလေးကို ဂရု စိုက်အောင်ပေးချင်ကြတာလေ။
တစ်ချို့ ကလေးတွေကြတော့ မုန့်ဖိုး နေ့စဉ်မရကြ မိဘတွေ က ကျောင်းကို လည်း လိုက်မလာနိုင်ကြ ထမင်း ပို့ရတာတောင် တော်တော် ကြိုးစားကြတာတွေ လည်းတွေ့ရတယ်။ဆင်းရဲတမိဘတွေခမျာကလေး ဗလာစာအုပ်ကုန်တာောတင် ချက်ချင်း မဝယ်ပေးနိုင်ဘူး တော်တော် သနားဖို့ကောင်းတယ်။ ကျောင်းသွားခါနီးမှ ချေးဟယ် ငှားရယ် လုပ်ရတာလည်းတွေ့ဖူးပါတယ်။နောက် ထမင်းပဲရှိတယ် ဟင်း က ထည့်ပေး ဖို့ မရှိတော့ ကလေးက ပူတာတာတွေ လည်းတွေ့ရတယ်။ နောက်တော့ မိဘက မျက်ရည်ကျပြီး ဒီနေ့တော့ ကျောင်း မတက်ပါတော့နဲ့ သားရယ်ဆိုပြီး အဖေလုပ်သူကို ဒေါသတွေ ဖြစ်တော့ တာပဲ။ရှင်က လက်ကြောမတင်း ဘူး ဘာညာတွေပြောတော့ ဟို ခမျာ ဆိုက်ကား သမားကလည်း လူတွေပါးတယ် မိန်းမရယ် ငါလည်းမြို့ ပတ်ပြီး လိုက်နင်းရှာပါတယ် ရသလောက်လည်း နင့်ကို အကုန် အပ်တယ်လေဆိုပြီး ပြန်ပြောတော့ ဇနီးကလည်း စိတ်မကောင်းတာရော ဒေါသထွက်တာရော အကုန် စုပေါင်းပြီး ဆဲရေးတိုင်ထွားတာတွေ ဖြစ်ကုန်ပါလေရော ဟို ရပ်ကွက်က ကင်းခ ဆိုတာ၊နောက် ဟိုရုံကးက ဟိုကိစ္စအတွက်ငွေ ထည့်ရ နောက် ဘယ်က အလှူ ခံတာ..စတာတွေ ပါ အော်ကျယ် ဟစ်ကျယ် ဖြစ်ကုန်ရော။ဒါက ဆင်းရဲသား ကွက်သစ်လေးမှာ ဖြစ်တာတွေပါ။
နောက် ဆရာမတွေကလည်း အိမ်မှာ ကျူရှင် သင်တဲ့ ကလေးကို မေးခွန်း လိုက်ချပေးတယ် ဘယ်သူ့မှ မပြောရဘူးနော်လို့ လည်းမှာလိုက်သေးတယ်ကျောင်းသားမိဘက အိမ်ဘေးနားက ကလေးကိုလည်း သိစေချင်တယ် အမျိုးသမီးချင်းက ရင်းနှီးတော့ ဒီမှာနော် မေးခွန်းပေးလိုက်တယ် တခုသတိထားရမှာက ဒီမေးခွန်းရတာကို ဘယ်သူ့မှ မပြောရဘူး ဒီလိုနြ့ လက်ခံယူတဲ့ လူကလည်းနောက် တစ်ယောက်ကို ဒီလိုပဲ ကတိတောင်းပြီး ထပ်ပေးတယ်
ဒီလိုနဲ့ မေးခွန်းပေါက်သွားလေရော။ဒါပေမယ့်ကျူရှင် မသင်ရတဲ့ ဆင်းရဲသားလေးတွေ ကျောင်းရျေ့ မိဘ မစောင့်နိုင်တဲ့ ကလေးလေးတွေကတော့ မရရှာဘူး။
ဆင်းရဲသား ပပျောက်ရေးဆိုပြီး တော့ လုပ်ကြတာပဲ တစ်ချို့လည်း ငွေချေးပြီး ဈေးရောင်း တာ အရောင်း အဝယ် မကောင်းတော့ အကြွေး ထပ် အတိုး ထပ်နဲ့ နစ်သထက်နစ်နေပြီ။ ကလေး ပညာရေးထက် စားရဖို့ကို ဦးစားပေးနေပြီ။ ကလေးလေးတွေ ပညာတတ် မဖြစ်လို့ကလည်း မဖြစ်ဘူး။ အနာဂါတ်ကို ဆေးရောင်ခြယ် ဖို့ သူတို့လေးတွေကို အားကိုးမိတယ်။တစ်ချို့ မိဘတွေက လည်း လောကဓ့လှိုင်းတွေရဲ့ ရိုက်ပုတ်မှုကြောင့် ကလေးတွေ ကို ပညာသင်ရမှန်း သိတယ် သင်ချင်တယ် သို့သော် လက်လျှော့လိုက်ရတယ်။ တလောက လက်ဖက်ရည် ဆိုင် စကားဝိုင်းမှာ ဂေါပက တွေကိစ္စပြောတော့ ဂေါပက အဖွဲ့တွေ ခန့်အပ်ရင် ပညာ အနည်းဆုံး ၁ဝတန်းရှိမှ ရမယ် ပညာမတတ်တဲ့ သူတွေ ဂေါပက ဖြစ်တော့ သူတို့ကိုယ်သူတို့ ဘဝင်တွေ မြင့်ပြီး မဖြစ်သင့်တာတွေ ဖြစ် တယ် ဒါကြောင့် ဂေါပကတွေကို ပညာအရည်း ချင်း ကန့်သတ်မယ်လို့ပြောနေသံကြားတယ်။ဒါကြောင့် ပညာမတတ်လို့ မဖြစ်ဘူး ခေတ်ကိုက ပညာ မတတ်လို့ မဖြစ်တဲ့ ခေတ် ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကထားဝယ်မြို့( တော်ဝင်ဦး-ဘေဘီစတိုး)မှာ ဟောပြောသွားတဲ့ စကားကို မှတ်သား မိတယ်
အထူးသဖြင့်ကျမတို့ဟာ ကလေးတွေကို အားကိုးတယ်ကလေးတွေကို အားကိုးတယ်ဆိုတော့ ကျွန်မတို့ဟာလည်း အင်မတန်မှ တာဝန်ကြီးတယ်
အားကိုးပြီးတော့ ကိုယ့် ဘက်က ဘာမှ မလုပ်ရဘူးလားဆိုတောာ့ ဒီကလေးတွေရဲ့ ပညာရေး ကျန်းမာရေး အတွက် ဖြည့်စွက်ပေးဖို့ ဆိုတာ
ကျမတို့ရဲ့ တာဝန်ဖြစ်တယ် ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခါတည်း ကလေး မိဘရဲ့ အလုပ်အကိုင် အဆင်ပြေရေး
အတွက် ကျမတို့က ကြည့်ရမှာပါ
ကျွန်တော်တို့ ကလေးလေးတွေ ပညာတတ်ဖို့ ဖြစ်ဖို့ တွေးနေကြတယ် ။ဝိုင်းဝန်နေကြတယ် ကလေးတွေ ထူထောင်ရေးကို ဝေါဗီးရှင်း မြန်မာက လည်း နယ်မြို့လေးတွေ
မှာ တတ်အားသလောက်လုပ်နေကြတယ်။ ဒေသက လူကြီးတွေရော ဝိုင်းဝန်းကြရင် မကောင်းပေဘူးလား။ နောက် မိဘတွေက လည်း အလေး အနက် ထားကြရင်
အော် ကလေးလေးတွေ ပညာတတ်ဖြစ်ဖို့ ……………။
18 comments
Khaing Khaing
October 23, 2012 at 11:43 am
မှန်ပါတယ် … ဆရာထက်ရေ … ကလေးငယ်တွေပညာတတ်ဖြစ်ဖို့က မိဘ ငွေအား ဆရာဆရာမတွေရဲ့ ပံ့ပိုးအားနဲ့ ကလေးငယ်တွေကိုယ်တိုင်က လိုချင်စိတ်အဲဒါတွေအားလုံးပေါင်းစပ်မှသာ လူတော်လူကောင်း လေးတွေဖြစ်လာမှာပါ …….
ညီမအိမ်မှာ အလုပ်လုပ်တဲ့ကလေးငယ်လေးဆို မိဘတွေက အကုန်အကျခံပြီး တောကနေမြို့မှာ ဘော်ဒါထား ပညာသင်ပေးပေမယ့် ကလေးငယ်က မလိုက်နိုင်ခဲ့ဘူး …… အိမ်ကိုရောက်တော့ သူက (၉) တန်းအရွယ်လေးပါ ….. နင်ပညာကို ဘာလို့ဆက်မသင်တာလဲလို့မေးတော့ ကျွန်တော်စာတွေကိုသင်တာ မလိုက်နိုင်ဘူးတဲ့လေ …. မိဘက လုပ်ပေးနိုင်ပေမယ့် ကလေးငယ်ရဲ့ဉာဏ်ကမမှီပြန်တော့လည်း လုပ်ပေးတဲ့ မိဘက ရင်ကျိုးရပြန်ရော …
htet way
October 23, 2012 at 11:55 am
ဟုတ်ပါတယ် ဆရာမ
ကျွန်တော်က ကျူရှင်ဆရာ ၁၃နှစ် လုပ်ဖူးပါတယ် နယ်မြို့မှာစာသင်ရတာနဲ့ ရန်ကုန်လို နေရာမှာစာသင်ရတာ ကွာခြားပါတယ်။ပညာရေးကိုရန်ကုန်က မိဘတွေက
အားပေးကြတယ် သူတို့အမြင်ကျယ်တာကိုးနောက်ငွေကြေးကလည်းရလွယ်ကြယ်။နယ်မြို့မှာက ငွေရှားတယ်။ရာသီသီနှံ
ပေါ်ချိန်မှာမှ ငွေကို သုံးစွဲလို့ ပေါသီကြတာလေ။
နယ်ကလေးတွေကဆရာသစမားကိုလေးစားကြတယ် ပညာကိုကြိုးစားကြတယ် ရိုးသားကြတယ်။
တစ်ချို့ကလေးတွေ ကျောင်းနေချင်ပေမယ့် မနေနိုင်ကြဘူး။လမ်းဘေးမှာ…
ဒါကို ဝိုင်းဝန်း ဖို့ အုပ်ချုပ်သူ မှာ တာဝန်ရှိတယ်။လူကြီးတွေမှာတာဝန်ရှိတယ် စားပွဲထိုးလေးတွေ
အရွယ် မတိုင်သေးဘူး နိပ်စက်ခံလို့…ဆရာမရေ..ဖတ်ပေးမန့်ပေးတာကျေးဇူးပါနော်
ဆရာမလည်း ကျန်းမာရွှင်လန်းပါစေဗျာ။
ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ
October 23, 2012 at 1:38 pm
( တစ်ချို့ မိဘတွေက လည်း လောကဓ့လှိုင်းတွေရဲ့ ရိုက်ပုတ်မှုကြောင့် ကလေးတွေ ကို ပညာသင်ရမှန်း သိတယ် သင်ချင်တယ် သို့သော် လက်လျှော့လိုက်ရတယ်။ ) ရင်ထဲထိခံစားမိသွားတဲ့ စာကြောင်းလေးပါဗျာ။
jullies cezer
October 23, 2012 at 1:48 pm
ဘယ်လိုပြောရမှန်းမသိအောင် ရင်မောစရာကောင်းပါတယ် နယ်တွေတော့မသိဘူး
ရန်ကုန်မှာတော့ တောင်းစားတဲ့ကလေးတွေ အမှိုက်ကောက်တဲ့ကလေးတွေ
လေလွင့်ကော်ရူနေတဲ့ကလေးတွေ တနေ့တခြားများများလာတယ်
အဲဒီတော့ ဘယ်သူ့အပြစ်တင်ရမှန်းကိုမသိတော့ဘူး အစိုးရလား စနစ်လားဆိုတာ
အဓိကကတော့ လူတွေတနေ့တခြားဆင်းရဲတွင်းနက်လာကြလို့ပဲ
အရင်တုန်းကဘစ်စ်ကားစီးတဲ့ဦးရေနဲ့ အခုဘစ်စ်စကားစီးတဲ့ဦးရေနဲ့ယှဉ်ရင်ပဲအရမ်းကို
အရေအတွက်ကွာနေပြီ အဲဒါဘာလဲဆိုတော့အပြင်ထွက်အလုပ်လုပ်ရတဲ့သူတွေလည်း
အရမ်းများလာတာကို အဲဒီတော့ဗျာ လူတွေမှာလည်းရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်နေတာပေါ့
ပညာကမတတ်တော့ အဆင့်မြင့်လုပ်စားဖို့ကလွယ် ကြုံရာကျပန်းလုပ်စား ရရစားစားဘဝနဲ့
ဆင်းရဲတဲ့သံသရာကလည်နေတာပေါ့…………
kyeemite
October 23, 2012 at 1:52 pm
ကိုထက်ဝေးရေ…ပါတ်ဝန်းကျင်မှာ နိစ္စဓူဝ တွေ့နေရတဲ့မြင်ကွင်းတွေက
တစ်နှစ်ထက်တနှစ် ပိုဆိုးလို့သာလာပါတယ်…တိုးတက်မလာသေးပါ
တိုးတက်မဲ့အရိပ်အရောင်လဲမမြင်ရသေးပါ..
ဆိုတော့ ..အဲလိုတာဝန်ယူသူမရှိတဲ့ကလေးမျုးိတွေကို…တစ်ချို့ဘုန်းကြီးကျာင်းတွေက
စာသင်ကျောင်းဖွင့်ရင်း ဝင်ဖြေရှင်းပေးနေတာလည်းတွေ့နေရပါတယ်ဗျာ…
အဲဒီလိုကျောင်းမျိုးတွေကိုပဲ ကြောင်ဝတုတ်တို့လို ဂဇက်က လူငယ်တစ်စုက
ဒါဇင်ပလပ် ဆိုတဲ့အဖွဲ့လေးဖွဲ့ပီး တတ်အားသ၍ လိုက်ကူနေတာ
ကိုထက်ဝေးလည်းတွေ့မှာပါ…သူတို့အဲလိုလုပ်နေကြတာ ကြယ်ငါးလေးတွေ
ရေထဲပြန်ပစ်နေတာပေါ့ဗျာ…အခုလည်းသူတို့ချည်းမနိုင်လို့
ရွာကိုအပူကပ်ပြီးအလှုခံနေကြပါတယ်…..
ကျနော်ဆိုလိုတာက အစိုးရက အဲဒီလိုကိစ္စတွေ လုပ်မပေးနိုင်သေးခင်
ကျနော်တို့က တစ်ပိုင်တစ်နိုင် ကြယ်ငါးပစ်သလို
ဆောင်ရွက်သွားသင့်တယ်လို့ဆိုလိုတာပါ…
ဆရာထက်ဝေးရဲ့ စေတနာရည်ရွယ်ချက်နဲ့ ပါတ်ဝန်းကျင်မှာမြင်ရသမျှ
ဒုက္ခတွေကို တင်ပြရေးသားပေးတာလေးစားပါတယ်…
ခင်တဲ့… :buu:
htet way
October 23, 2012 at 3:22 pm
ဆရာ ကိုခင်ခ ခင်ဗျာ းသေချာ ဖတ်တဲ့ အတွက်လေးစားကျေးဇူးတင်ပါတယ်။အပေါ်က အပိုင်း တစ်က
မန္တလေး အလင်းသောကြာနေ့ ထွက်မှာပါပြီးသွားပါပြီ။jullies cezer ကိုလည်းအသေးစိတ် မန့်တဲ့
အတွက်ကကျေးဇူးပါ။ဆင်းရဲတဲ့ သံသရာလည်ေေေေေေနေတာကို ဝိုင်းဝန်းကြရင် ကောင်းမှာပါ။ဆရာ
kyeemite ပြောသလိ်ုညီလေး ကြောင်ဝတုတ်တို့ လုပ်ဆောင်တာတွေ အားရပါတယ် ကျွန်တော်လည်း ပါဝင်ါမှာပါ ဒါမျိုး ဝါသနာကြီးပါတယ် ဆရာ။
ကလေးလေးတွေ ပညာတတ်ဖြစ်ဖို့ မိဘရော စာနာ စိတ်ရှိသူတွေရော ပါဝင်ါကြမယ် ။ဘုန်းတော်ကြီးတွေကတော့ အရင်ထဲကပါ။ နောက် ပါတီတွေ အစိုးရ က ပါ စည်မံချက်နဲ့ ဝိုင်းရင် တော့…………..
ကျေးဇူးပါဆရာတို့ခင်ဗျား
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
October 23, 2012 at 4:04 pm
အဲဒီလိုအကြောင်းခြင်းရာများကြောင့်…
ထိုထက်ဆိုးသော အကြောင်းခြင်းရာများကြောင့်…
ထိုထက်ပိုမိုသော တွေ့မြင်ခံစားရမှုများကြောင့်…
ထိုသည်ထက်ပိုသော ရင်နင့်စရာများကြောင့်…
ဒါဇင်ပလပ်ကို တည်ထောင်သည်…
ကြော်ငြာဝင်သော…
ကြောင်ဝတုတ်
Ma Ei
October 23, 2012 at 4:39 pm
ကလေးလေးတွေ ပညာ တတ်ဖြစ်ဖို့တော့…
ကလေး ကိုယ်တိုင် နဲ့ မိဘ၊ ဆရာ တို့
သုံးဦး၊ သုံးဖလှယ် ညီညွတ် ဖို့ လိုအပ်ပါမယ်…
စား ၊ဝတ် ၊နေရေး ဆိုတဲ့ အခြေနေမှာလည်း
အကောင်း မဟုတ်တောင် သင့်တင့်တဲ့ အခြေနေ ရှိရပါဦးမယ်…
အဲ့ဒါတွေ ပြည့်စုံပေမဲ့ ပတ်ဝန်းကျင်ကဆိုးတဲ့ အရောင်တွေ ရှိနေပါဦးမယ်…
မြန်မာပီပီ ကံတရားကို ယိုးမယ်ဖွဲ့ရတော့မလား…ဆိုတော့လဲ
တတ်နိုင်သလောက် တစ်ကစလို့ ကူကြရမှာပါ ဆရာထက်ရေ…
ရွှေ ကြည်
October 23, 2012 at 4:46 pm
ဆရာထက်ဝေးရေ မြန်မာနိုင်ငံမှာလူနေမှုအဆင့်အတန်းတွေများလွန်းတယ်ပြောရမလားပဲ
အဲဒိလိုကလေးတွေ များသလို လှည်းတန်းမှာအစားကောင်းတွေစားသောက်နေကြတာလည်းလူတွေအများသားကလား မိရွှေကြည်တို့
တလတခါတောင်စားဖို့မစဉ်းစားနိုင်တဲ့ဆိုင်တွေမှာလူတွေအပြည့်ပဲ။ 3D ရုပ်ရှင်တဲ့ တခါမှာမကြည့်ဖူးပါဘူး။
တခါလား ဒဂုန်စင်တာတူးမှာ ကြုံလို့ကြည့်မယ်ဆိုပြီးလက်မှတ်သွားဝယ်တော့ မရတော့ဘူးတဲ့ ကောင်းကရော
တယ်ကြည့်နိုင်ကြပါကလား။ ဈေးကြီးလို့ကြည့်မယ့်သူရှိပါ့မလားတွေးနေတာ..။
ဘီယာဆိုင်ဆိုလဲအပြည့်ပဲ စားနိုင်သောက်နိုင်သူတွေလည်းတယ်ပေါပါကလား..။
ထားပါတော့ မဆိုင်တာတွေပြောမိနေတယ်။
တကယ်ပြောချင်တာက လက်ဖက်ရည်ဆိုင်က ကလေးတွေနဲ့ခင်ဘူးပါတယ်။
ရွှေကြည်တို့နေတဲ့တိုက်မြေညီထပ်မှာဆိုင်ရှိပါတယ် ကျောင်းနေအရွယ်ကလေးတွေက စားပွဲထိုးလုပ်ရပါတယ်။ သူတို့လေးတွေဘဝက တကယ်သနားစရာပါ။ ဆိုင်ရှင်ကသဘောကောင်းရင်တော်သေးတာပေါ့။ ထမင်းဟင်းချက်ပေးတဲ့ကောင်မလေးဆိုဆိုင်ပြင်ထွက်ဖူးရဲ့လားတောင်မသိ။ သူတခါရွှေတိဂုံဘုရားဖူးချင်တယ်ဆိုလို့ ဆိုင်ရှင်ကိုခွင့်တောင်းပြီးလိုက်ပို့ပေးဖူးတယ်။
သူ့ခမျာစာမသင်ဖူးရှာပါဘူး။(စာတော့ဖတ်တတ်တယ်)
အခုရောက်နေတဲ့ သွက်သွက်လက်လက်ကောင်လေး တယောက်စာသိပ်တတ်ချင်လို့ ဆိုင်လာထိုင်နေကျ
ကျောင်းဆရာဆိုလား( ထွက်ထားတယ်ထင်တယ် )သူကစာသင်ပေးရှာတယ် စာမဖတ်တတ်ရှာဘူး
ပိုက်ဆံတော့ပေါင်းတတ်နှုတ်တတ်လို့တော်သေးတယ် သူ့ခမျာသင်ချင်တော့ အိပ်ရမယ့်အချိန်(သူတို့အချိန်ဇယားနဲ့အိပ်ရတာပါ) မှာသင်ပါတယ်။ ဆိုင်ရှင်ကလည်းသနားပြီး သင်ပေါ့
အိပ်ချိန်နည်းနည်းတိုးပေးလိုက်တယ်။ တခါတလေတွေ့တဲ့စာလုံးကို အသံထွက်ပြပြီးအစ်မသားမှန်လားလို့
မေးတတ်ပါတယ်။ သွက်လည်းသွက်ချစ်စရာလည်းကောင်းပါတယ်။ သူ့ကိုကြည့်ပြီးသနားမိတယ်။
ကျောင်းသိပ်တက်ချင်ရှာပါတယ်။ ဆိုင်ရှင်တွေဘက်မှာလဲ တချို့ကလေးတွေကဇမကောင်းပါဘူး အရေးပေးလိုက်ရင်ရောင့်တက် တတ်သူလေးတွေလည်းတွေ့ဖူးပါ့။ ကလေးတွေပညာတတ်ပြီးအသိဉာဏ်တိုးပွားနိုင်ဖို့ အားလုံးတဖက်တလမ်းကနိုင်သလောက်ကူကြတာပေါ့လေ..။
ပြောမိပြောရာပြောသွားပါသည်
လေးစားလျှက်
ရွှေကြည်
ဆရာရေ မှားတာ
ရွှေ ကြည်
October 23, 2012 at 4:51 pm
ဟောဗျ ဆရာရေမှားတာရှိရင် တောင်းပန်ပါတယ်လို့ ကျန်ခဲ့လို့ဗျို့ :harr:
မိုးသောက်ချိန်
October 23, 2012 at 8:05 pm
ကလေးလေးတွေ ပညာရရှိဖို့တော့
ဘမိပုံသွင် အာစရိတွေပင်
လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
မြေတောင်မြှောက်ကာ ပင့်တင် …….
သီချင်းလံညဉ်းရင်း ဖတ်ရှုသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးး
padonmar
October 23, 2012 at 8:40 pm
ဆရာထက်
ပျောက်နေတာကြာပြီနော်။
သတိရလို့ တောင် မမနဲ့ ပြောဖြစ်ကြသေးတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးလေးတွေ အနည်းဆုံးတော့ မူလတန်းအောင်အောင် အခမဲ့(တကယ့် အခမဲ့၊ကျူရှင်မဲ့၊)ပညာရေးလေးဖြစ်စေချင်ပါတယ်။
ကျမတို့နယ်တွေမှာတောင် စာသင်ရတဲ့ စားရိတ်တွေ ကြီိးလာလို့ ကျောင်းမနေတဲ့ကလေးတွေ များလာပြီ။
ရန်ကုန်စားရိတ်ဆိုပိုဆိုးတာပေါ့။
htet way
October 23, 2012 at 9:17 pm
မမှားပါဘူးဆရာရွှေ ကြည် ။အားပေးတာ ကျေးဇူးပါနောက် အဖြစ်အပျက်တွေ သိရလို့ ကျေးဇူး ထပ်တင်ပါတယ်။
မိုးသောက်ချိန် ကိုလည်းကျေးဇူး သီချင်းကိုရလို့ လည်း တကယ်လေးစားပါတယ်။တခါက ရွှေမန်း
တင်မောင် သီချင်း လှတယ်ဆိုတာဘယ်အရာကိုခေါ်ပါသလဲ မောင်ဖုရားကိုပြောစမ်းပါနှမတော်လေးရယ်ဆိုတာကို
ရေးဖူးတယ် သီချင်းမကြားဖူးတဲ့ လူတွေ လည်းရှိတယ်။ ဆရာမ Ma Eiကိုလည်း ဆွေးနွေးတာကျေးဇူးပါ
ကလေးလေးတွေ ပညာ တတ်ဖြစ်ဖို့တော့…
ကလေး ကိုယ်တိုင် နဲ့ မိဘ၊ ဆရာ တို့
သုံးဦး၊ သုံးဖလှယ် ညီညွတ် ဖို့ လိုအပ်ပါမယ်…
ကျွန်တော်လည်း ဒီလိုပဲ မြင်မိပါတယ်။
ဒေါက်တာ ခင်ဗျာ
ကျွန်တော် မိခင်ကျန်းမာရေး မကောင်းတာနဲ့ သိပ်ပြီး စာမရေးဖြစ်ပါဘူး
ရွာထဲ မရောက်ပေမယ့် ပြေးပြေးလွှားလွှား တော့ ဝင်မိပါတယ်။
ဒေါက်တာ တို့ မမတို့ သတိတရ မေးဖြစ်တယ် ဆိုလို့ ဝမ်းသာမိပါတယ်
ကျေးဇူးပါ ဒေါက်တာ
အလင်းဆက်
October 23, 2012 at 9:43 pm
သေသေချာချာ ဖတ်ပြီး..
သေသေချာချာ တွေူး..တော….ရမည့် ပိုစ့် ဖြစ်သောကြောင့်
သေသေချာချာ သိမ်းဆည်းသွားပါသည် ခညာ..။
uncle gyi
October 23, 2012 at 10:16 pm
ဂေါပက တွေကိစ္စပြောတော့ ဂေါပက အဖွဲ့တွေ ခန့်အပ်ရင် ပညာ အနည်းဆုံး ၁ဝတန်းရှိမှ ရမယ် ပညာမတတ်တဲ့ သူတွေ ဂေါပက ဖြစ်တော့ သူတို့ကိုယ်သူတို့ ဘဝင်တွေ မြင့်ပြီး မဖြစ်သင့်တာတွေ ဖြစ် တယ် ဒါကြောင့် ဂေါပကတွေကို ပညာအရည်း ချင်း ကန့်သတ်မယ်လို့ပြောနေသံကြားတယ်။ဒါကြောင့် ပညာမတတ်လို့ မဖြစ်ဘူး ခေတ်ကိုက ပညာ မတတ်လို့ မဖြစ်တဲ့ ခေတ် ။
ဂေါပကနဲ့ပညာတတ်တာနဲ့သိပ်တော့မဆိုင်ဖူးထင်တယ်နော်ကိုထက်
အဓိကကသူကိုယ်သူဘယ်လောက်ဖြည့်ဆည်းထားသလဲ
ပညာတတ်သူကသူ့ကိုယ်သူဖြည့်ဆည်းထားရင်တော့ကောင်းတာပေါ့
ဒါမှမဟုတ်ဆိုက္ကားသမားတရားသူကြီးလုပ်ခိုင်းတဲ့ခေတ်ပြန်ရောက်တော့မှာ
မောင်ပေ
October 23, 2012 at 10:44 pm
အဲဒါ သုံးနှစ်ကျိန်စာပါ ခရက်ဒစ် တူ သဂျီး
နောက်သုံးနှစ်လောက်နေရင်
ပြည်ပရင်းနှီးမြှပ်နှံသူတွေ ရုပ်လုံးပေါ်လောက်ပြီဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းများစွာရမှာဆိုတော့ ပညာရေးပိုင်းလဲ တိုးတက်လာမှာပါ
ဦးဦးပါလေရာ
October 24, 2012 at 12:14 am
ဆရာထက်ရေ-
အဲလိုကလေးပေါင်းတစ်ထောင်ကျော်ကို ထမင်းတရက်သွားကျွေးဘို့ နဲ့ အခြားလိုအပ်တာလေးတွေဖြည့်ဆည်းဘို့ ကိုဖက်ကက်တို့ ဦးဆောင်ပြီး အလှူငွေကောက်ခံနေပါတယ်။
ကျုပ်တို့ရွာသူရွာသား သူတော်ကောင်းအပေါင်းကလဲ မနေတတ် မနေနိုင်သူများပီပီ အားတက်သရောထည့်ဝင်ကြမှာပါ…
ကိုယ်နို်င်သလောက် လက်တွေ့ကူညီကြတာပေါ့ဗျာ…
ကိုပေါက်(မန္တလေး)
November 4, 2012 at 10:03 pm
ကိုထက်ရေ
ဒါလေးကတော့ အမှတ်မှားသွားတယ်ထင်ပါရဲ့
(ကိုမြကြီးရဲ့ လူချွန် လူကောင်းသီချင်း ထဲကလို “ ကလေးလေးတွေ ပညာတတ်ဖြစ်ဖို့ အမိအဖပုံသွင် အာစရိတွေ ပင်” ဆိုတဲ့ စာသားလေးကိုပဲ )
ကိုအံကြီး ဆိုထားပြီး မြို့မငြိမ်းရေးတဲ့သီချင်းလေးပါ။
အမှတ်မှားမှာစိုးလို့
ရင်ထဲထိရှသော အကြောင်းအရာလေး ဖြစ်တဲ့ ကလေးများရဲ့ ဘဝကို ခံစားပြီးရေးထားတဲ့
ဒီပိုစ်လေးကတော့ ဖတ်ပြီး ရင်ထဲမောသွားမိပါတယ်။
ကျနော်ကိုယ်တိုင်လဲ နေ့စဉ်လက်ဖက်ရည်ဆိုင်ထိုင်တတ်သူဆိုတော့ ကျောင်းနေရမယ့်အရွယ်မှာအလုပ်လုပ်နေရတဲ့ကလေးမြင်မိတော့ ကိုယ်လဲ ဘာမှမတတ်နိုင်
ကျနော်ငယ်စဉ် မူလတန်းကျောင်းလေးမှာ လုပ်အားပေးဆရာ အဖြစ်လုပ်ခဲ့စဉ်က သုံးတန်းကျောင်းသား ကလေးက သူ့ညီကလေးကိုချီလာပြီးကျောင်းတက်တာကို မြင်ရတော့ စိတ်ထဲမှာ ဆို့နင့်ခဲ့ဘူးပါတယ်။
ဒါပေမယ့် အခုချိန်ထိ ဘာမှမတတ်နိုင်ခဲ့သေးပါဘူးဗျာ။