Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာထဲရေသန့်ရောင်းဖြစ်ပုံလေးပါ။

ခင္ခOctober 23, 20121min53925

ရွာထဲရေသန့်ရောင်းဖြစ်ပုံလေးပါ။

ဒီကနေ့ အလုပ်ပိတ်ရက်လေးမို့ နေ့လည်နေ့ခင်း ခင်ခနေတဲ့ ဟိုရွာအပြင်ဇနပုဒ်တဲလေးရဲ့ အိမ်ရှေ့ကပြင် လေးမှာ စာအုပ်ဖတ်နေမိတယ်လေ၊ ညဖက်ကျရင် လျှပ်စစ်မီးကလည်း အားကမပြည့်တော့ မီးအလင်းရောင်က ဆီမီးမှိန်တုတ်မှောင်ရီ သလောက်ဘဲအလင်းရတာမို့ ညဖက်စာဖတ်လို့အဆင်မပြေတာနဲ့ ဖတ်ချင်တဲ့စာအုပ် တွေဆိုနေ့လည်နေ့ခင်း အိပ်ရှေ့ကပြင်မှာ ဖတ်ဖြစ်နေတာပေါ့လေ။ ဒါကြောင့်လည်း ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ လို့အမည်နာမ ထွင်ခဲ့တာပါဗျာ။

ဒါနဲ့ဘဲ ကြက်သွန်ဖြူ ဆေးဘက်ဝင်ပုံစာအုပ်ဖတ်လို့ တဝက်မရှိသရှိလောက်မှာဘဲ ရွာထဲက တက်ကြွတဲ့ လူငယ်အုပ်စုထဲက အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်၊ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် နဲ့ မိုးမြင့်ဇမ္ဗူ မှန်ကူနန်းရှင် ဘုရင့်တကာဘုရင် မဟာရာဇာ ပျိုတိုင်းကြိုက်တဲ့ ကိုကိုအံစာ တို့ ၃ ယောက်သား လမ်းလျှောက်လာ ကြတာတွေ့လို့ “ ဗျို့ အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်၊ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် နဲ့ မိုးမြင့်ဇမ္ဗူ မှန်ကူနန်းရှင် ဘုရင့်တကာဘုရင် မဟာရာဇာ ပျိုတိုင်းကြိုက်တဲ့ ကိုကိုအံစာ တွေပေါင်းပြီး ဘယ်များ သွားကြမလို့ဘဲဗျ ´´ အဲဒီမှာ ဇမ္ဗူ့လောကပါလကြောင်ဝတုတ်က လှမ်းအော်လို့ “ ကိုခင်ခကြီးရေ ရွာထဲကို သီတင်းကျွတ်မီးထွန်းပွဲ တေးသရုပ်ဖော်စတိတ်ရှိုး လက်မှတ်လိုက်ရောင်းမလို့ ကိုခင်ခကြီး လည်းအားပေးပါ အုံးနော်´´ “ ဟုတ် အားပေးမယ်ဗျာ ကျွန်တော်နဲ့ မဒမ် အတွက် နှစ်စောင်တာချန်ထားဗျာ´´ လို့ပြောကြပြီး သူတို့ ၃ ယောက်လည်း ရွာထဲလက်မှတ်ရောင်း ဝင်သွားကြတယ်ဆိုရင်ဘဲ ခင်ခတစ်ယောက် အကြံရတာနဲ့ ဖတ်လက်စ စာအုပ်လေးသိမ်းလို့ စီးတော်စက်ဘီးလေးထုတ်ကာ စက်ဘီးနောက်ကယ်ရီမှာ ရေခဲအအေးခံပုံး လေးတင်ပြီး ရေခဲစိမ်ရေသန့်ဗူး အသေးလေးတွေစီကာထဲ့ကာ ခုနက ဆရာသမား ၃ ယောက်အုပ်စုနောက်က မလှမ်းမကမ်း လေးကနေ စက်ဘီးကို မစီးသေးဘဲ လက်နဲ့တွန်းကာ ကလိုင်ကလေးတစ်ခါတစ်ခါခေါက်လို့ ရေသန့်အေးအေး လေးရမယ်ဆိုပြီး အော်ကာ အလုပ်ပိတ်ရက်အပိုငွေရှာရတာပေါ့လေ။

မကြာပါဘူး သူကြီးအိမ်နားက အရီးခင်လတ်အိမ်ကို ၃ ယောက်အုပ်စုရပ်မိလိုက်တယ်ဆိုရင်ဘဲ အရီးက “အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်ရယ် ၊ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် နဲ့ မိုးမြင့်ဇမ္ဗူ မှန်ကူနန်းရှင် ဘုရင့်တကာဘုရင် မဟာရာဇာ ပျိုတိုင်းကြိုက်တဲ့ ကိုကိုအံစာ တို့ တွေဘာများ ကိစ္စရှိလို့ပါလဲ အမယ်လေး နာမည်ခေါ်တာနဲ့မောတာကွယ့်´´ အဲဒီမှာ ခင်ခအော်လိုက်ပါတယ် “ရေသန့်အေးအေးလေးလေးတွေရမယ် ရေသန့်အေးအေးလေးလေးတွေရမယ်´´ လို့၊ အရီးက “ အေး ကိုခင်ခရေ တစ်ဗူးလောက်ပေးပါအုံး´´ ဆိုလို့ ဈေးဦး စပေါက်သပေါ့။ ပြီးတော့ ဆရာသမား ၃ ယောက် လက်မှတ် အကြောင်းရှင်းပြ အရီးကဝယ်ယူလို့အားပေးပြီး၊ နောက်တစ်အိမ်ဆက်တော့ အသည်းအသက် အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာအိမ်ရှေ့ရောက်ရင်ဘဲ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် ကအသံကျယ်စွာနဲ့ “ အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ၊ အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ ´´ လို့ ခေါ်ပေမယ့် အိမ်ထဲက စကားသံတွေ လျှံထွက်ပေမယ့် အပြင်ခေါ်သံကို သတိမထားမိလို့ နောက်တစ်ခါထပ်ပြီး ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် ကအသံထပ်မြင့်ကာ “ အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ၊ အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ ´´ဆိုတော့မှ အိမ်ထဲက ထွက်လာဖြစ်ကြတာက အသည်းအသက် အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာရယ်၊ မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွန် နဲ့ သီရိသုဓမ္မသိင်္ဂ ီမဟာအာဂချစ်သောနွယ် တို့ ၃ ယောက်ပေါ့။ ဒါနဲ့ဘဲ အပြန်အလှန် နမည်တွေခေါ်ပြီး စကားစကြပါရော “ အသည်းအသက် အကြင်နာ နှလုံးမူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာရယ်၊ မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် နှင်းကေသရာလုံမမွန်မွန် နဲ့ သီရိသုဓမ္မသိင်္ဂ ီမဟာ အာဂချစ်သောနွယ် တို့စုံနေကြတာပေါ့´´ လို့ ပြောပြောဆိုဘဲ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် လက်ကလည်းလှမ်းသမို့ ခင်ခလည်း အလိုက်သိစွာ ရေသန့်လေးတစ်ဗူးဖောက်လို့ပေး ပေါ့၊ ပြီးတော့ကျသင့်ငွေလေးယူ အလုပ်ကိုဖြစ်လို့၊ ဒီလိုဘဲ တဖက်က အချောအလှ ၃ ယောက်က လည်း ပြိုင်တူစွာနဲ့ “အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်ရယ် ၊ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် နဲ့ မိုးမြင့်ဇမ္ဗူ မှန်ကူနန်းရှင် ဘုရင့်တကာဘုရင် မဟာရာဇာ ပျိုတိုင်းကြိုက်တဲ့ ကိုကိုအံစာ တို့ တွေဘာများ ကိစ္စရှိလို့ပါလဲ´´ မေးအပြီးမှာ ထုံးစံအတိုင်း ခင်ခက “ရေသန့်အေးအေးလေးလေးတွေရမယ် ရေသန့်အေးအေးလေးလေး တွေရမယ်´´ အော်ပြန်တော့ အချောအလှ ၃ ယောက် တစ်ဗူးစီအားပေးကြသပေါ့ဗျာ။

အဲလိုနဲ့ဘဲ အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်ရယ် ၊ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် နဲ့ မိုးမြင့်ဇမ္ဗူ မှန်ကူနန်းရှင် ဘုရင့်တကာဘုရင် မဟာရာဇာ ပျိုတိုင်းကြိုက်တဲ့ ကိုကိုအံစာ တို့ ၃ ယောက် တစ်အိမ်ဝင် တစ်အိမ်တက် လက်မှတ်ရောင်းရန်ရပ်လိုက် အမည်နာမတွေခေါ်ကြ ရင်းမောလိုက် ခင်ခက “ရေသန့်အေးအေးလေးလေးတွေရမယ် ရေသန့်အေးအေးလေးလေး တွေရမယ်´´ အော်ပြန်လို့ရောင်းလိုက်နဲ့ အဲဒီနေ့က စက်ဘီးနောက်ကယ်ရီပေါ်တင်သွားတဲ့ ပုံးထဲကရေသန့်ဘူးတွေ နေ့လည် ဘက်နေကပူ ရာသီဥတုကလည်းအိုက်ဆိုတော့ ဟောကနဲဟောကနဲကုန်လို့ ဟိုရွာအပြင်ဇနပုဒ်တဲ ဆီ စက်ဘီးလေးအပြေးနင်း ခေါတ်တုန့်ခေါက်ပြန်သယ်လိုက် လက်မှတ်ရောင်းအုပ်စု ဆရာ ၃ ယောက်ရှိနေတဲ့ ဆီအမှီပြန်နင်းလိုက်နဲ့ ၄-၅ ခေါက်လောက် ပြန်ယူပြီးရောင်းရသမို့ အလုပ်နားရက်လေး ရလိုက်တဲ့ကြားပေါက် ရေသန့်ဗူးရောင်းဝင်ငွေလေးက အတောရပြီး၊ လက်မှတ်ရောင်းလို့ ရွာထဲလည်းစုံတော့ ပုံးထဲ ရေသန့် ၂ ဗူး တာကျန်တော့သမို့ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ်အဖွဲ့အား တစ်ဗူးဖရီးပေးပြီး၊ ကျန်တစ်ဗူးကို ခင်ခ ဖောက် သောက်ခါ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ်အဖွဲ့အား“ ကျွန်တော်ပြန်လိုက်အုံးမယ်ဗျာ´´ လို့နုတ်ဆက်ပြီး စက်ဘီးလေးနင်းကာ လေ လေးချွန်လို့ မဒမ်ခင်ခကို ရေသန်းရောင်းရငွေလေး ဘယ်လောက်များကြောင်းကြွား ဖို့ ခင်ခနေထိုင်ရာ ဟိုရွာအပြင်ဇနပုဒ်တဲလေးဆီသို့ ပြန်ခဲ့ရပါတော့တယ်လေ။

ရွာထဲက အမည်နာမဂုဏ်ပုဒ် ဘွဲ့ထူး ဂုဏ်ထူးတွေ အပ်နှင်းရရှိကြပြီး အမည်တွေရှေ့မှာဖော်ညွှန်းရေး ကြတာကိုဖတ်မိတုန်းက တွေးဖြစ်ခဲ့တဲ့ ခင်ခရဲ့ အတွေးပါပါး ကို အရေးပါပါး ရေးမိတာပါ။ ဒီပိုစ့်လေး ရေးဖို့ ဂျုးဂျုးရဲ့ တွေ့မိသမျှဘွဲ့တံဆိပ်များပိုစ့်ထဲမှာ စုစည်းထားတာမို့ လွယ်ကူခဲ့သလို၊ အဲဒီပိုစ့်ပါ အမည်တွေအကုန်လုံး ဖွဲ့နွဲ့ရေးရင်လည်း စာဖတ်သူများ ခေါင်းမူးလို့ ခင်ခကို မေတ္တာပွားနိုင်ပါသဖြင့် ရယ် စရာလောက်မဖြစ်သော်လည်း မထိမဲ့လေးပြုံးရုံလောက်ရလိမ့်မယ်ထင်မိရင်း ရပ်နားပါရစေလို့။

ဖတ်ရှု့အားပေးသူပေါင်းကျေးဇူးပါ။

ကိုခင်ခ။


 

25 comments

  • surmi

    October 23, 2012 at 1:23 pm

    လောလောဆယ်ဆယ် တစ်ဗူးပေးပါဗျို ့
    ပြီးရင် ဟိုဘက်မှာ ကရဲစည်တစ်ယောက်ဆန္ဒပြဖို ့လူစုနေလေရဲ ့
    ပွဲအမှီ သွားရောင်းလိုက်ဦးဗျ

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 23, 2012 at 1:29 pm

    ဦးဆုံးဝယ်ယူအားပေးသူ အဲ ဟုတ်ပါဘူး ယောင်လို့ ဦးဆုံးကွန်မန့်ရေးသူ ကိုဆာမိရေကျေးဇူးပါ။

  • မောင်ပေ

    October 23, 2012 at 1:36 pm

    ဖလူးဖလူးဖလူးစ်
    မောလိုက်တာဗျာ
    ကေကေကေ သောက်ရေသန် ့တစ်ဘူးပေးပါ
    အမှန်က အယ်ကေကေ ဖြစ်ရမှာနော
    ဒါပေသည့် ၊ ထားပါ
    ကေကျု ့ရေသန် ့ပဲ

  • Ma Ei

    October 23, 2012 at 1:38 pm

    နှစ်ထပ်ကြည့်မှ မှတ်မိမှာမို့
    နှစ်ခေါက်တင်ထားတာပါလား ကိုခင်ခရေ…
    Post တွေဖတ်ရင်း မောလာလို့
    ဒီကိုလဲ တစ်ဗူးပေးပါဦးရှင်……..

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 1:42 pm

    စမ်းမွေး…တန်းကြီး…မန်းနေ ကိုခင်ခရေ (သားအိမ်ရှိချင်တယ်ဆိုတဲ့ မိဂီတောင် သတိရသေး… ဟေး.. ဟေး)
    (စမ်းချောင်းမွေး.. လှည်းတန်းကြီး.. မန္တလေးနေ)ကို အတိုကောက်ခေါ်လိုက်တာ ရေသန့်ဝယ်သောက်ရမှာစိုးလို့
    မထိတထိ သဂျိုးလေးနဲ့ရီသွားပါဒယ်… :harr:

  • Khaing Khaing

    October 23, 2012 at 1:44 pm

    သမီးကို တော့ တပါကင် … ရှိုးပွဲတွေမှာ သွားရောင်းမလို့ပါ ………

  • Novy

    October 23, 2012 at 2:32 pm

    နိုဗွီကိုလည်း တစ်ဘူးလောက်ရောင်းပါဘူး
    မန်းလေးက ပုရစ်ကြော်တွေနင်းကန်စားပြီးရေငတ်နေလို့

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 2:33 pm

    ဟောဟဲ..ဟောဟဲ..
    တစ်ဗူးလောက် အကြွေး
    ဟောဟဲ..တစ်သိန်းပြည့်ရင်ဆပ်မယ်..ဟောဟဲ..ဟောဟဲ..ဟဲဟဲ..ဟောဟော
    ပုံ
    သက်တော်ရှည် အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်-{B.E}

  • mayjuly

    October 23, 2012 at 2:42 pm

    ဟောဟဲ ဟောဟဲ .. ဦးရေးခင်ခ ဗူး ဗူး .. အဲ ရေတစ်ဗူးလောက်ဗျို့ ..
    ကွန်ကောင်းတုံးပြေးလာရတာ ဟူးးးး မောလိုက်တာဂျာ …
    ရေတစ်ဗူးယူသွားဘီနော်… ပိုက်ချံ ကတော့ တွေ့ တိုင်းတောင်းပေါ့ဂျာ .. :kwi:

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 23, 2012 at 2:43 pm

    ကံကောင်းရင်တစ်ချက် ၊ အကြံကောင်းလျှင် တစ်သက်တဲ့ … အဟိ :mrgreen:
    ထီသည်တွေရဲ့ လက်သုံးစကားက .. အန်ကယ့်အတွက်ဖြစ်သွားတယ် .. ဟီးးးးး ။
    ဒါဆို ရွာထဲမှာ ရေသည်ယောကျာ်းပေါ်လာပြီပေါ့နော် ….. ခွိခွိ ။ 😉

  • Hnin Hnin

    October 23, 2012 at 2:57 pm

    ‘ရေအကျိုး ဆယ်ပါး’ မတောင်းဘဲနဲ့ ပြည့်စေရှင်….
    ပြုံးမိသွားရတဲ့ စာလေးပါ….ဒီရွာထဲ ‘ဘွဲ့မရှိသူ ခေတ်မမီသူ’ ပဲ ဆိုရတော့မလိုနော်…

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 23, 2012 at 3:35 pm

    ရေအရောင်းအဝယ်တယ်ဖြစ်နေကြသကိုး…
    ကိုရဲစည်ကတော့ အယ်လပိုင်းနဲ့စာချုပ်ချုပ်ထားတယ်တဲ့…
    သူ့ဆန္ဒပြပွဲမှာ အလွှာစုံကလူစုံတက်မှာမို့ဆိုပဲ…
    အစ်ကိုကြီးကိုခင်ခရေ… အောက်ကြေးနဲ့ရောင်းဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 23, 2012 at 4:04 pm

      ဆရာပေက ရေသန့်ဗူးတံဆိပ် KKK ( ကေကျူ့ ) ဆိုတာကိုကြော်ငြာပေးတာ ကျေးဇူးဗျာ။

      ဟုတ်ပ မအိရေ နှစ်ထပ်ဖြစ်သွားတယ် ပြင်ပြီးပါပြီ၊ နေ့လည်ကပြင်ဖို့ကွန်အခြေအနေ
      စောင့်နေရလို့ပါ၊ ကျေးဇူးနော်။

      သဂျိုးလေးနဲ့တာရီသွားတယ် ရေသန့်ကျတော့ အားပေးဘူးနော်။

      မမခိုင်ရေ တစ်ပါကင်ဆိုတစ်ဘူး ပိုပေးလိုက်တယ်နော်။

      မနိုဗွီရေ တစ်ဘူးနဲ့ ရေငတ်ပြေပါ့မလား၊ လိုရင်ထပ်ဝယ်အုံးနော်။

      သူတို့မှီပြီးလိုက်ရောင်းရတာဆိုတော့လည်း ယူသောက်ပါဗျာ စိန်ဗိုက်ဗိုက်ခင်ဗျ။

      မတွေ့ရင်တော့ အဆုံးသာမှတ်ထားလိုက်မယ် မေဂျူလိုင်ရေ။

      ဒီလိုဘဲ အန်ကယ်လည်း တစ်ခါတလေလည်း အပိုဝင်ငွေလေး ရှာရတာပေါ့ သမီးရေ။

      ပြုံးမိသွားတဲ့ မနှင်းနှင်းရေ ဝမ်းသာမိပါတယ်။

      ဇမ္ဗူ့လောကပါလကြောင်ဝတုတ်ရေ ကျွန်တော်တံဆိပ်က KKK ( ကေကျူ့ )ပါ၊ အယ်လပိုင်းတော့ မဟုတ်ဘူးဗျ။ ခင်ခကို ခင်သူများတော့ အားပေးသပေါ့ဗျာ။

  • kyeemite

    October 23, 2012 at 4:25 pm

    ကိုခင်ခရေ..
    ကျုပ်လည်း ရွာသူားတွေ အဲလိုရေငတ်ဘေးကြုံမှာစိုးလို့
    ရထားတဲ့ ဘွဲ့တံဆိပ်တွေ အိမ်ကထန်းခေါက်ဖာထဲထည့်သိမ်းလိုက်ပြီဗျား။
    ခင်တဲ့..
    ရိုးရိုးကြီးမိုက်။ :kwi:

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 23, 2012 at 4:45 pm

    မှတ်မှတ်ရရလည်း သိမ်းအုံးနော် လိုမှဘယ်ထန်းခေါက်ဖာထဲထည့်သိမ်းလည်း ရှာရခက်နေအုံးမယ်။
    ကျွန်တော်လည်း ဒီပိုစ့်လေးရေးဖို့တွေးထားလို့ ဟိုရွာအပြင်———- ဆိုတဲ့စာလေးကို ထားထားဖြစ်နေတာလေ။

  • Fall Guy

    October 23, 2012 at 4:53 pm

    ရွာထဲကလူတွေ ဘွဲ့တံဆိပ်တွေရပြီးမှ မျက်စိတွေနောက်ပြီးခေါင်းပါမူးလာတယ်ဗျို့…..။
    ဆေးလေးပါတွဲရောင်းပေးပါဦး ကိုခင်ခရေ…..။

  • ရဲစည်

    October 23, 2012 at 5:05 pm

    ဟိ ဟိ
    ဖတ်တဲ့သူရော
    ရေးတဲ့သူပါ မူးတဲ့အပေါက်
    ကျနော့်မလဲ စာအတိုင်း လိုက်ဖတ်ရတာ မူးလဲမူး ရေလဲ ထသောက်ရသဗျို့

  • ရွှေအိမ်စည်

    October 23, 2012 at 5:14 pm

    နာမည်တွေ ဖေ ့ဘုတ်မှာ ဦးခင်ရွှေအမှုစဖြစ်တော့ ပြောင်းတုန်းက တော်တော်ကြီးကို …
    တခ့ါတခါ…..တချို ့နာမည်များဆို…တော်တော်ခက်ခဲတယ်….
    တချို ့ကတော့အတော်ရယ်ရတယ်….
    ကျနော်လည်း…ကိုခင်ခ…..ရွာပြင်က ညောင်ညိုရိပ်က ရေအိုးဘဲသောက်နိုင်တယ်….ရေသန် ့ဈေးကြီးလို ့

    • ကိုခင်ခ

      October 23, 2012 at 8:27 pm

      Fall Guy အကြံပေးချက်လည်း မဆိုးဘူးနော်။

      မှတ်ပုံတင်ပြီး ပွားထားရင်ရော ကိုပေါက်ဘယ်လိုလုပ်မလဲဟင်။

      ဟုတ်ပါ့ ကရဲစည်ရေ ကိုယ်ရေးပြီးပြန်ဖတ်တာတောင် လည်နေလို့ နှစ်ခါထပ်တင်မိပါ့ရော
      လား၊ မအိမန့်လိုက်မှ ပြန်ပြင်ရတာလေ။

      ရွာပြင်က အများကောင်းမှု့ တောင်းဆုပြုရာ ရေချမ်းစင်မှ အားပေးသူ ရွှေအိမ်စည်ပါလားဗျ။

  • padonmar

    October 23, 2012 at 8:30 pm

    ဖတ်ရတာမောလို့ ရေတစ်ဘူးလောက် ပေးပါနော်။
    မူးသွားလို့ အဘထလေး ရှူပြီးမှ ပိုက်ပိုက်ပေးပါရစေ။

  • အရီးခင်လတ်

    October 23, 2012 at 8:38 pm

    ကိုခင်ခ
    မဟုတ်မှလွဲရော ….
    အပြင်မှာလဲ အကြံကောင်း တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မှာ သေချာတယ်။

    Opppss …..
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
    ဟိဟိ။ 😆

    • ကိုခင်ခ

      October 23, 2012 at 9:53 pm

      အမပဒုမ္မာရေ ပိုက်ပိုက်မရလည်း ရေတော့တိုက်ပါမယ် မူးပြီးတာမလဲလိုက်ပါနဲ့၊
      တော်ကြာရွာထဲကလူတွေ လာရိုက်နေမှ ခင်ခပြေးနေရပါအုံးမယ်နော်။

      အရီးရေ အဲလောက်လည်းမထင်ပါနဲ့ ကျွန်တော်ကသူများဆီမှာ အချိန်နဲ့လုပ်အား
      ရောင်းနေရသူပါဗျာ။ အပိုဝင်ငွေလေးတော့ အဲလိုဘဲ ခေတ်ပေါ်လိုက်ပြီးရှာရတာပေါ့ဗျာ။

  • aemoshu

    October 23, 2012 at 11:12 pm

    ကိုခင်ခ၊ပျိုခင်နှမ၊ လိုချင်သဗျ၊ ”ရေသန့်တစ်ဗူး” လောက်လို့ပြောတာပါ…

  • MaMa

    October 24, 2012 at 8:25 am

    ခါတော်မီ ကေကျု့ ရေသန့်ကို အမှီပြုပြီး…
    ဆင်တူရိုးမှား စီးပွားရှာရမယ်။
    အမ်ကျု့ရေသန့် ဆိုပြီးးးးးးးးးးးးး :kwi:

Leave a Reply