အမုန်းမီးများငြိမ်းစေချင်

padonmarOctober 26, 20121min136475

ကာဠယက္ခိနီဝတ္ထု

ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် အမြုံမ ဖြစ်နေသဖြင့် လင်ယောက်ျားအတွက် မယားငယ်တစ်ယောက် ရှာပေးခဲ့ပုံ၊ မယားငယ် ကိုယ်ဝန်တည်သည့်အခါ ဝန်တိုစိတ်ဖြင့် အစာအာဟာရနှင့် ရောလျက် ကိုယ်ဝန်ဖျက်ဆေး ကျွေးခဲ့ပုံ၊ သုံးယောက်မြောက်ကိုယ်ဝန်

ပျက်ကျသောအခါ၌ မယားငယ်ဖြစ်သူက အကြောင်းစုံ သိရှိသွားပြီး ”နောက်ဘဝတွင် ဘီလူးမဖြစ်ကာ သင့်သားသမီးများကို သတ်စားနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား” ဟု ဆုတောင်းလျက် ထိုကိုယ်ဝန်ပျက်စီးခြင်းကြောင့် ကွယ်လွန်ခဲ့ပုံ၊ နောက်ဘဝတွင် ထိုအိမ်၌ပင်

မယားကြီးဖြစ်သူက ကြက်မကြီး ဖြစ်ပြီး မယားငယ်ဖြစ်သူက ကြောင်မကြီးဖြစ်ကာ ကြက်မကြီး ဥတိုင်း ဥတိုင်း လာရောက် စားသောက်ခဲ့ပုံ၊ ဤသို့အားဖြင့် ဘဝဆက်တိုင်း ဘတစ်ပြန် ကျားတစ်ပြန် ရန်တုံ့ပြန်ခဲ့ကြရာ ဘုရားရှင်လက်ထက် ရောက်သောအခါ တစ်ယောက်က

ဘီလူးမဖြစ်ပြီး ကျန်တစ်ယောက်က လူအမျိုးသမီး ဖြစ်ခဲ့ပုံ၊ ထိုအမျိုးသမီး ကလေးမွေးတိုင်း မွေးတိုင်း ဘီလူးမက လာရောက် စားသောက်ခဲ့ပုံ၊ ဘုရားရှင်က ရန်ကို ရန်ချင်း မတုံ့နှင်းရန် တရားဟောသဖြင့် ဘီလူးမ သောတာပန်တည်သွားပုံ စသော အကြောင်းအရာများ

ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉)

ဒီပုံလေးကိုလူတိုင်းကြားဖူးပါတယ်။အမုန်း အာဃာတတွေနဲ့ အပြန်အလှန်လက်စားချေမှု တွေကြောင့် ဘဝတိုင်း ဘဝတိုင်း ကိုယ်ကသူ့ကို သတ်လိုက် သူကကိုယ့်ကို သတ်လိုက် သံသရာလည်ခဲ့ကြပုံလေးပါ။

အမုန်းတရားဟာပူလောင်လှပါတယ်။အသိဉာဏ်ရှိသူက တစ်နေရာမှာ ရပ်ပေးလိုက်မှ ဒီသံသရာကလွတ်ပါမယ်။

လူတစ်ယောက်ချင်း မုန်းတီးမှုကြောင့်လက်စားချေတာထက် လူမျိုးလိုက် ဘာသာလိုက် လက်စားချေမှုဆိုတာ ပိုပြီးတောင် မဖြစ်သင့်တဲ့ ကိစ္စတွေပါ။

ဒါငါ့မြေလို့စွဲနေကြရင် ကိုယ်ကိုတိုင်ရဲ့ ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက် ဒီမြေပေါ်မှာနေခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ကြစေလိုပါတယ်။

ကိုယ့်နောက်က မျိုးဆက် ဘယ်နှစ်ဆက် သူများမြေပေါ်မှာ သွားရောက် အခြေချနေကြပြီလဲလို့လည်း ဆန်းစစ်ကြည့်ကြစေချင်ပါတယ်။

တကယ်တော့ လူသားဆိုတာ ရေကြည်ရာမြက်နုရာ ရှာဖွေကြရင်း တစ်နေရာကတစ်နေရာ ရွေ့လျားသွားတတ်ကြတတ်ကြလို့

ဒါကတော့ ငါ့မြေပဲလို့ တစ်ထစ်ချစွဲမထားစေချင်ပါဘူး။

အခုခေတ်ကြီးမှာ နိုင်ငံခြားဆိုတာ လူတိုင်းနဲ့ ပတ်သက်နေတာဖြစ်တော့ ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထဲက အနည်းဆုံးတစ်ယောက်တော့ အခြားမြေပေါ်မှာ အလုပ်သွားလုပ်တာမျိုးရှိကြမှာပါ။

သူတို့အပေါ် အဲဒီမြေပေါ်နေသူတွေက မုန်းတီးရန်ရှာမယ်ဆိုရင် ဘယ်လိုခံစားကြရပါမလဲ။

ကိုယ်ချင်းစာတရားလေးထားကြစေချင်ပါတယ်။

ဒါငါ့ဘာသာအတွက်လို့ လက်စားချေချင်ရင်လည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာက လက်စားချေဖို့ သင်သလား၊မေတ္တာထားဖို့သင်သလား သေချာပြန်စိစစ်ကြည့်ကြစေလိုပါတယ်။

ကမာ္ဘပေါ်မှာ ဘယ်ဘာသာမှ `တစ်ဦးနဲ့ တစ်ဦး မုန်းတီးပါ။ကိုယ့်ဘာသာကို ကာကွယ်ဖို့ သူတစ်ပါးကိုသတ်ပါ ´လို့ မသင်ကြားပါဘူး။

ကိုယ့်ဘာသာကို ကာကွယ်ချင်ရင် ကိုယ်ကိုတိုင်က ကိုယ့်ဘုရားရဲ့ အဆုံးအမကို တသွေမတိမ်းလိုက်နာဖို့လိုပါတယ်။

ဘာသာရေးအတွက်လူကိုသတ်တယ်ဆိုတာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ပါ။

မုန်းတီးရမှာက အကြမ်းဖက်လုပ်ရပ်နဲစွန့့်ပစ်ရမှာက အမုန်းတရား ဖြစ်ပါတယ်။

အဓိက ကတော့ ကိုယ်ချင်းစာတရားလေးထားကြစေချင်တာပါပဲ။

အမုန်းမီးများ ပြန့်နှံ့ခြင်းကင်းဝေးပါစေ။

ဒီမီးကို သယ်ဆောင်ဖြန့်ဝေတာ ကိုယ်မဖြစ်ပါစေနဲ့။

75 comments

  • Khaing Zar Win

    October 26, 2012 at 6:52 am

    မုန်းရတယ် ဆိုတာ စိတ်ထဲမှာ အရမ်းပူလောင်မှန်း ကိုယ်တိုင် မုန်းဖူးမှသိသွားပါတယ်၊ မ ရေ။
    စိတ်ထဲမှာ “ငါ” ဆိုတဲ့ တွဲလုံးပါလိုက်တာနဲ့ အကုသိုလ်စိတ်က အလိုလို ဝင်လာရောနော်။
    ငါ့ (ဘာသာ၊ သား/သမီး၊ လူမျိုး…….etc) ဆိုတဲ့ စိတ်ကလေးကို ကောင်းတဲ့ နေရာ၊ ကောင်းတဲ့ အချိန်လေးမှာ ပဲ ကပ်နိုင်ကြပါစေ။

  • MaMa

    October 26, 2012 at 7:34 am

    ဘဲဥအစရှာမရသလိုမျိုး……..
    သူက ကိုယ့်အပြစ်တင်
    ကိုယ်က သူ့အပြစ်တင်နဲ့
    အမုန်းသံသရာမဆုံးပဲ
    သက်ဆိုင်သူရော မသက်ဆိုင်တဲ့ ကြားကလူတွေပါ အများကြီး ဒုက္ခတွေ ရောက်ကြရတာ…
    မြင်ရ ကြားရတာ စိတ်မချမ်းသာစရာတွေချည်းပါပဲ။

    လူတစ်ယောက်ချင်း တစ်ယောက်ချင်းစီက …….
    အသိစိတ်ဓာတ်နဲ့ အမုန်းတရားကို စွဲမထားပဲ
    အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့ ကြိုးစားကြရပါမယ်။

    ကိုယ်ကိုယ်တိုင်ကတဆင့် ကိုယ့်မိသားစု၊
    ကိုယ့်မိသားစုကမှ ကိုယ့်အသိုင်းအဝိုင်းကို
    ငြိမ်းချမ်းအောင် စည်းရုံးကြဖို့ လိုပါတယ်။

    စားရေးသောက်ရေး နေရေးထိုင်ရေးဆိုတာ တစ်ရက်လောက် ခံရတဲ့ ဒုက္ခကတင် မသေးလှပါဘူး။
    ရက်ရှည်လများဆိုရင်တော့ မတွေးရဲစရာပါပဲ။

    ဖတ်ဖူးတဲ့ စာလေး တစ်ပိုဒ်မျှဝေလိုက်ပါတယ်။

    အကြင်စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ ။
    သူတစ်ပါးတို့ကိုလည်း မပူပန်စေရာ ။
    စင်စစ် ထိုစကားကို ဆိုရ၏ ။
    ထိုစကားသည်သာ ကောင်းစွာ ဆိုအပ်သော စကားမည်၏ ။

  • Hnin Hnin

    October 26, 2012 at 8:59 am

    ♪…အမုန်းဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု…♪ ♪
    ♪♪…ဘယ်သူမပြု၊မိမိမှု စဉ်းစားကြည့်ပါအခု…♪♪♪

    • မိုးသောက်ချိန်

      October 26, 2012 at 7:44 pm

      ♪♪…သံယောဇဉ်ဆိုတာကလည်း …….♪♪…
      ♪♪…ဒုက္ခရဲ့ မြစ်ဖျားခံရာ…..♪♪… ရေသောက်မြစ်တစ်ခု …..♪♪…

      • Hnin Hnin

        October 26, 2012 at 9:51 pm

        မမန့်တတ်လို့ သီချင်းလေးပဲ ဆိုရတာ… း(
        အော့်..အော်..ဒါကို သီချင်းလေး ဆက်ဆိုပေးတယ်နော်….
        သများက စလိုက်တဲ့ သံစဉ်လေးတွေ မန့်ဖိုးပေးတဲ့ လူကြီးပါ
        လိုက်သုံးနေတာတွေ့တယ်… သဂျီး…ရှင့် …တိုင်ပေါတာ :mrgreen:

  • စိန်ဗိုက်ဗိုက်

    October 26, 2012 at 9:53 am

    အဲသလို သံသယာကြားထဲ
    ပဲလှော်ကြား ဆားညပ်နေတဲ့လူတွေ အတွက် စိတ်မကောင်း..

    • မောင်ပေ

      October 26, 2012 at 7:55 pm

      အဲ့ပဲလှော်လေးယူ
      တစ်ဂျွတ်ဂျွတ်ဝါးရင်း
      ဘီအီးနဲ ့မျှောချလိုက်ပါ
      မောင်ရင်

  • kyeemite

    October 26, 2012 at 10:07 am

    မပဒုံမာရဲ့ စေတနာ မေတ္တာကို လေးစားပါတယ်ဗျာ…မမပြောသလို…
    “စားရေးသောက်ရေး နေရေးထိုင်ရေးဆိုတာ တစ်ရက်လောက် ခံရတဲ့ ဒုက္ခကတင် မသေးလှပါဘူး။
    ရက်ရှည်လများဆိုရင်တော့ မတွေးရဲစရာပါပဲ။ ”
    ဒါ့ကြောင့် ကိုယ်ချင်းစာတရားလေးထားကြ ပြီးအခုဖြစ်ပွားနေတဲ့ အမုန်းမီးတောက်တွေငြိမ်းကြပါစေဟုသာ…

  • ကိုခင်ခ

    October 26, 2012 at 10:10 am

    ခင်ခကတော့ ဘာသာကိုးကွယ်မှု့တွေကို ကဲ့ရဲ့ခြင်း ပြစ်တင်ခြင်း ရှုံ့ချခြင်းမလုပ်ဘူး၊
    ဘယ်သူတွေဘယ်ဘာသာကိုဘဲ ကိုးကွယ်ယုံကြည်ပါစေ၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာကို ပူဇော်ပါစေ
    သေချာစဉ်းစားတွေးကြည့်တယ် ကိုးကွယ်ကြတယ် ဒါမှမဟုတ် ပူဇော်ကြတယ်ဆိုတဲ့နေရာမှ
    အခြေခံအကြောင်းတွေရှိကြတယ် အဲဒီအခြေခံအကြောင်းတွေအရ ကိုးကွယ်ဖြစ်ကြတယ် ပူဖော်ဖြစ်ကြတယ်၊
    ကိုယ့်မှာဘဲဖြစ်ဖြစ် ကိုယ့်ဝန်းကျင်မှာဘဲဖြစ်ဖြစ် တစ်ခုခုတော့ အထောက်အကူပြုမှု့တွေ ရှိနေကြလို့သာ ကိုးကွယ်မှု့တွေ ပူဇော်မှု့တွေ ဖြစ်လာကြတာပါ။ အဲဒီတော့ ကိုယ်လည်းကိုယ်ယုံကြည်ရာ ကိုယ့်အတွက် အထောက်ပံဖြစ်ရာကို ကိုးကွယ်ကြ ပူဖော်ကြပေါ့။
    ခင်ခက ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ မှာရှိကြတဲ့ လူတွေရဲ့ ကိုယ့်ကျင့်တရားနဲ့ စိတ်ထားမှု့တွေကိုဘဲ အကဲခတ်ပေါင်းဖက် ဆက်ဆံတတ်တယ်၊ ဗုဒ္ဓဘာသာဖြစ်ပေမယ့် တစ်ချို့အကျင့်မကောင်းတဲ့သူကို ဘာသာတူလို့ ကျိတ်မှိတ်ပြီးကောင်းတယ်မပြောနိုင်သလို အခြားဘာသာဖြစ်ပေမယ့် နှလုံးလှသူ စိတ်ထားမြတ်သူဆိုရင် ချီးမွှမ်းပြီးလက်ဆွဲနုတ်ဆက်ဖို့လည်း ဝန်မလေးတတ်သူပါ။
    ဥပမာလေးတစ်ခုရေးမယ်နော် ခရာဇ်ယာန်တွေဟာ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းသွားပြီး ဘုရားရှစ်ခိုးကြတယ် ပြီးရင်သူတို့ရဲ့ ယူဆမှု့တစ်ခုက လောကမှာငွေရှာလို့ရလာတာဟာ ဘုရားက ချီးမြောက်ပေးလို့ ဒါကြောင့်ကိုယ်ရတဲ့ထဲက ဆယ်ဖို့တစ်ဖို့ကို ဘုရားကျောင်ထံအပ်ပြီး လှုကြကာ ပရဟိတတွေ နာကျင်သူတွေကို ဝေဌပေးခြင်းပြုကြတယ် အဲဒီတော့ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းမှာ အလှုထဲ့ပေးကြတယ်၊ ဒါလေးက ဘာကိုပြလဲ သနားကျင်နာမှု့ ဂရုဏာလေးဖြစ်တည်စေတဲ့ စိတ်အခြေခံလေးပါ၊ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တစ်ချို့မှာရှိတယ် ကိုယ့်ကြောင့်နာကျင်သွားတဲ့သူ ကိုတောင်မှ ပံပိုးကူညီရမယ်ဆိုတာတောင် လှည့်မကြည့်ဘဲ ပြေးကြတာတွေရှိကြတယ်၊ အလှုလုပ်လို့ ကျွေးမွေးကြတဲ့အခါ အဝတ်ကောင်းမရှိ အမြင်မတင့်တယ်တဲ့ အရူးတစ်ယောက် စားချင်လို့ အနားရစ်သီရစ်သီလုပ်နေရင်ကို တစ်ချို့မကြိုက်လို့ ဝေးဝေးသွားဖို့ မောင်းထုတ်ကြတာတွေ့ဖူးတယ်၊ ဒါတွေဟာ ဘာသာအယူအဆတွေထက် မိမိရဲ့စိတ်ထားတတ်မှု့နဲ့ဘဲဆိုင်တာလေ ဒါကြောင့်စိတ်ထား တတ်မယ်ဆိုရင် ဘယ်သူ့ကိုဘဲဖြစ်ဖြစ် အမုန်းမီးဆိုတာမရှိဘဲ ငြိမ်းစေမယ်လို့၊ ပြီးတော့ လောကကြီး လည်းသာယာလှပသော အသားအရောင် လူမျိုးမခွဲခြားဘဲ လက်တွဲကာလှမ်းနိုင်ကြလို့ ငြိမ်းချမ်းသော ကမ္ဘာဖြစ်တည်နိုင်မယ်လို့ဘဲ အတွေးတွေဖြစ်မိပါတယ် အမပဒုမ္မာရယ်။

  • weiwei

    October 26, 2012 at 10:37 am

    ကိုယ်နေရတဲ့ ပတ်ဝန်းကျင်အခြေအနေအရဆိုရင်တော့ အန်တီပြောသလိုပဲ စိတ်ထားပြီး နေနိုင်ကြမှာပါ ..

    ဒါပေမယ့် တကယ်လက်တွေ့ကြုံရတဲ့အချို့နေရာတွေမှာတော့ ….
    ဥပမာပေါ့နော် …. အစွန်းရောက်တဲ့ ဘာသာအယူရှိလဲရှိတယ် … စိတ်ထားလဲမကောင်းတဲ့ အိမ်ထောင်စုတွေက ကိုယ်နေတဲ့ ရပ်ကွက်ထဲ အိမ်ပါတ်ဝန်းကျင်မှာ ရောက်နေပြီဆိုပါစို့ .. သူတို့ရည်ရွယ်ချက်ကိုက သူတို့ပိုင်နယ်မြေဖြစ်အောင်လုပ်ချင်သူတွေဆိုတော့ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးကြမယ်ဆိုပါစို့ … သူတို့ကို ဘယ်လောက်အထိ မေတ္တာထားပြီး နေနိုင်မလဲဆိုတာ စဉ်းစားစရာပဲ … တစ်စတစ်စနဲ့ တစ်အိမ်ပြီးတစ်အိမ်ကနေ တစ်ရပ်ကွက်လုံး တစ်မြို့နယ်လုံးကို ဝါးမြိုသွားပြီဆိုရင်ကော … မကောင်းတဲ့ပတ်ဝန်းကျင်ကြားမှာ ရေရှည်မနေနိုင်တော့လို့ ကိုယ့်ရပ်ကိုယ်မြေကိုတောင် စွန့်ခွာထွက်ပြေးရပြီဆိုရင် … တဖြေးဖြေးနဲ့ အလုပ်အကိုင်တွေပျက်၊ အိမ်ခြေယာခြေတွေပါပျောက် … အစွန်းဆုံးအထိတွေးကြည့်ရင် လူမျိုးလဲပျောက်တဲ့ဘဝအထိ ရောက်သွားနိုင်တဲ့ အဖြစ်အပျက်မျိုးတွေကို ဦးတည်နေတဲ့အခါမှာတော့ အမုန်းတရားဆိုတာ …..

  • uncle gyi

    October 26, 2012 at 12:05 pm

    အမှန်တရားဆိုတာသေနတ်ပြောင်းဝမှာဖြစ်တည်တာပေါ့မဝေရယ်
    မြန်မာဆိုတာသည်းခံပြီးအင်မတန်နေတတ်
    မရှိလည်းမပူအင်မတန်ပျော်တတ်တဲ့သူတွေ
    လူမျိုးပါ padonmar
    အဲလိုလူမျုးိကဘယ်လိုဖြစ်ပြီးလက်သီးလက်မောင်းတန်းနေတယ်ဆိုတာ
    စဉ်းစားလိုက်ရင်အဖြေပေါ်ပါတယ်
    သည်းခံနိုင်ရင်အကောင်းဆုံးဆိုပေမဲ့
    ကိုယ့်အိမ်ကိုသူ့အိမ်လုပ်မှာကိုတော့ဘယ်သူမှကြိုက်နိုင်မယ်မထင်ကြောင်းပါ

  • shwe pont

    October 26, 2012 at 12:08 pm

    မဝေဝေပြောချင်တဲ့စကားက ကျွန်မပြောချင်တာနဲ ့တထပ်တည်းဖြစ်နေတယ်။
    အန်တီ ပဒုမ္မာရေ …
    ကိုယ်တွေ ့စိတ်မလုံခြုံမှုဒဏ်ကို ခံစားနေရပြီး နေ ့ရော ညပါ ရတက်မအေးရဘဲ၊ ဘယ်နေ ့ကိုယ့်အိမ် မီးထဲ ပါသွားမလဲ မသိနိုင်ဘဲ အထုတ်အပိုးလေးအသင့်ပြင်ပြီး ကိုယ့်အိမ်ပေါ်ကပြေးဆင်းဖို ့အသင့်ပြင်ထားရသူ တွေအဖို ့ ၊ ဘေးရန်ကြောက်ပြီး အိုးအိမ်ပစ်ပြီး တကိုယ်စာတနိုင်စာ အထုပ်အပိုးလေးနဲ ့ သူများဆီမှာ ကပ်ခိုနေရတဲ့အချိန် သူများကျွေးတဲ့ထမင်းကို အသက်ရှင်ဖို ့ မြိုချရတဲ့အချိန် ဘယ်လောက်စိတ်ဒုက္ခရှိမလဲဆိုတာ တွေးကြည့်မိရုံနဲ ့တင်သိနိုင်မှာပါနော်။
    ဟိုးရှေးရှေးတည်းက တရပ်ကွက်တည်း တူတူ အေးအေးချမ်းချမ်းနေလာခဲ့ကြပေမဲ့၊ ခုချိန်မှာ စစ်ပွဲကြီးထဲ ရောက်နေရတဲ့အလား ခံစားနေရသူတွေအားလုံးအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။
    သူ ့မြေ ကိုယ့်မြေ မခွဲခြားဘဲ အေးချမ်းစွာ အတူနေလိုစိတ်ရှိခဲ့ရင် အစကတည်းက ဒါမျိုးတွေ ဖြစ်လာစရာ မရှိပါဘူးနော။ ဥပမာလေးပြောရရင် ကိုယ့်အိမ်လာတဲ့ ဧည့်သည်က ကိုယ့်ကိုယ်စိတ်အနှောင့်အယှက် မဖြစ်စေဘဲ၊ ပျော်ပျော်ရွှင်ရွှင်လေးဆိုရင် မြန်မာတွေက ဧည့်တောင်မျှော်တတ်တဲ ့စရိုက်ပါ။ လာပြီး ကုလားအုပ်ပုံပြင်လို ချမ်းလို ့ ခေါင်းလေးဝင်ပါရစေ၊ နောက်ပြီး … နောက်ပြီး… နောက်ပြီး …….. ပေါ့လေ
    မှားယွင်းတဲ့စိတ်ဓာတ်တွေကြောင့်၊ အတွေးအခေါ် အယူအဆမှားတွေ ဝင်နေတဲ့အခါ သူတို ့ကိုယ်တိုင် လည်း ဒုက္ခရောက်ရတာပဲ။
    ဘယ်သူ ့ကိုမှ မမုန်းချင်ဘဲ အေးချမ်းစွာဖြစ်စေချင်တဲ့ ကျွန်မတို ့တောင် ဒီလောက် ငြိမ်းချမ်းမှုကို တောင့် တနေရင် တကယ့် …. ဒုက္ခရောက်နေသူတွေရော အေးချမ်းမှု လုံခြုံမှု ကို ဘယ်လောက်တောင် လိုချင်နေမလဲဆိုတာ တွေးရင်းးးးးးး သက်ပြင်းတွေပဲ ချနေရပါတယ် အန်တီရေ။

    • ရွှေ ကြည်

      October 26, 2012 at 1:17 pm

      ရွှေပုံ့ နောက်ကနေလိုက်ပါတယ်။ မဝေကိုထောက်ခံတာကအစ သူပြောသမျှအားလုံးကိုသဘောကျပါတယ်
      အန်တီပဒုမ္မာရေ ဆိုလိုရင်းကိုနားလည်ပေမယ့် လက်ရှိအနေအထားမှာတော့ အသက်အိုးအိမ်စည်းစိမ်များစွာနဲ့လုံခြုံစိတ်ချရမှုတွေဆုံးရှုံးနေရပြီး မီးတောက်တွေကြားမှာသောကတွေဝေနေတဲ့သူတို့ရင်ထဲမှာလည်းငြိမ်းချမ်းချင်နေကြမယ်ဆိုတာ
      အသေအချာပါပဲ။ ကိုယ့်အိမ် ကိုယ့်ဒေသ ကိုယ့်အလုပ် ကိုစွဲလမ်းကြသူတွေချည်းပါပဲ မတတ်သာလို့သာစွန့်လွှတ်ခဲ့ရမယ်။
      ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားနိုင်ဖို့ကမလွယ်ပါဘူး။

    • YE YINT HLAING

      October 26, 2012 at 7:50 pm

      “ကိုယ်တွေ ့စိတ်မလုံခြုံမှုဒဏ်ကို ခံစားနေရပြီး နေ ့ရော ညပါ ရတက်မအေးရဘဲ၊ ဘယ်နေ ့ကိုယ့်အိမ် မီးထဲ ပါသွားမလဲ မသိနိုင်ဘဲ အထုတ်အပိုးလေးအသင့်ပြင်ပြီး ကိုယ့်အိမ်ပေါ်ကပြေးဆင်းဖို ့အသင့်ပြင်ထားရသူ တွေအဖို ့ ၊ ဘေးရန်ကြောက်ပြီး အိုးအိမ်ပစ်ပြီး တကိုယ်စာတနိုင်စာ အထုပ်အပိုးလေးနဲ ့ သူများဆီမှာ ကပ်ခိုနေရတဲ့အချိန် သူများကျွေးတဲ့ထမင်းကို အသက်ရှင်ဖို ့ မြိုချရတဲ့အချိန် ဘယ်လောက်စိတ်ဒုက္ခရှိမလဲဆိုတာ တွေးကြည့်မိရုံနဲ ့တင်သိနိုင်မှာပါနော်။”

      တွေးကြည့်နေစရာ မလိုပါဘူးဗျာ။ ဒါတွေ က အီရန်မှာ ဖြစ်နေတာ မဟုတ်သလို အမေရိကားတို့ တရုတ်တို့မှာ ဖြစ်နေတာမဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေ ကိုယ့်သွေးချင်းတွေ နေ့စဉ်ရက်ဆက် ကြုံတွေနေရတာပါ။ အလိုအလျှောက် ခံစားနားလည်ပြီးသားပါ။ လက်ရှိကြုံတွေနေရသူတွေ အဖို့တော့ ရှေ/နောက် တွေးနေရမဲ့ အချိန်မဟုတ်ပါဘူး။ လုံခြုံဖို့ အားပြည့်ဖို့နဲ့ ရင်ဆိုင်ရမဲ့ ထိပ်တိုက်အခြေအနေပါ။ ကံကောင်းရင်တော့ ကယ်တင်ရှင်ပေါ်လာနိုင်ပါတယ်။ ကံဆိုးရင်တော့ ကယ်မလိုလို နဲ့ ထပ်တွန်းချမဲ့လူတွေနဲ့ ကြုံနိုင်တာပေါ့ဗျာ၊ ကံမကောင်းတကောင်း ဆိုရင်တော့ အဲဒီကယ်တင်ရှင်က အများကြီးစဉ်းစားရတယ်ဗျာ။ခုလည်း ဘာတွေလုပ်နေပါတယ် ညာတွေလုပ်နေပါတယ်လို့ ပြောလာနိုင်တာပေါ့ဗျာ။ အထူးပြောချင်တာကတော့ သတိ မပြတ်ထားပြီးနေဖို့ပါ။ ဒုက်ခ တွေ တမျိုးပြီး တမျိုး အရောင်ဆိုးပြီး ဝင်လာလိုက်ကြတာ။ ဒါနဲ့ စကားမစပ် ယုန်လေး တွေ နေတဲ့ အိမ်ထဲကို မြေခွေးတွေ အုပ်လိုက် ဘယ်သူတွေ ဝင်ခွင့်ပေးခဲ့သလဲ????? အထဲမှာ ဒီလောက် ဆူညံ နေတာကို တခါးဖွင့်ပြီး မောင်းမထုတ်ပဲ ဘာကြောင့်စဉ်းစားတွေဝေနေတာလဲ?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????

  • အမုန်းရဲ့အဆုံးက အရှုံး
    မဆုံးနိုင်ကြတဲ့ အမုန်းကြောင့် အရှုံးတွေဆက်ပြီးရင်းဆက်ကုန်ကြတာပေါ့။
    ဒါပေမယ့် သာမန်အချိန်အေးအေးဆေးဆေးအချိန်မှာတွေးရတဲ့အတွေးနဲ့
    တကယ့် ဘဝနဲ့ရင်းနေရတဲ့ အသဲအသန်အချိန် အတွေးချင်းတော့ ဘယ်တူနိုင်ပါ့မလဲနော်

  • လွတ်လပ်စွာနေထိုင်ကြပါ… လွတ်လပ်စွာယုံကြည်ကိုးကွယ်ကြပါ… ကိုယ့်ဘာသာရဲ့အဆုံးအမကို လိုက်နာလို့ရပါတယ်…ဒါပေမယ့် မျက်ကန်းတစ္ဆေယုံကြည်မှုမဖြစ်ပါစေနဲ့..စဉ်းစားဆင်ခြင်ဉာဏ်ရှိကြပါ… ဥပမာ..ဘာသာက လူသတ်ပါလို့ ဆိုထားရင်တောင် သူများကိုသတ်တာ (အထူးသဖြင့် လူအချင်းချင်းသတ်တာ) ကောင်းတဲ့လုပ်ရပ်လား၊ မကောင်းတဲ့လုပ်ရပ်လားဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြပါ.. မိရိုးဖလာကိုးကွယ်မှုရဲ့နောက်က ဆင်ခြင်ဉာဏ်မဲ့တဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်စေကြဖို့ ဆန္ဒပြုပါတယ်…

  • kai

    October 26, 2012 at 2:32 pm

    မတရားတာတွေရှိလို့.. မတရားတာတွေကို.. သိလျှက်နဲ့ (မသိစိတ်က)လက်ခံလိုက်လုပ်နေတဲ့ လူ/အသိုင်းအဝိုင်း..ရှိရင်.. တချိန်ချိန်မှာ.. အဲဒီမတရားတာက.. ကိုယ့်ဆီ/အသိုင်းအဝိုင်းဆီရောက်လာမယ်ဆိုတာလေး.. ပြောချင်တာပါ…။
    ဝဋ်လို့ခေါ်ချင်ခေါ်ပေါ့.. :kwi:
    ဆိုတော့…
    မြန်မာပြည်အနောက်ဖက်ကမ်းနယ်မြေက.. အမျိုးသမီးတယောက်ယောက်သာ ထွက်ပြီး.. ပြတ်ပြတ်သားသားတွေလုပ်ပြသွားရင်.. နောက်နှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုကို မှန်းလို့ရအောင်အထိ… အခွင့်အလန်းရှိတယ်လို့ထင်ပါတယ်..။

    လောလောဆယ်တော့.. ကမ္ဘာ့ကာဗာသတင်းတွေမှာ.. လွှမ်းသွားတဲ့..လွှမ်းနေတဲ့.. အသက်၁၅နှစ် ပါကီကလေးမလေး.. Malala .သတင်းတွေဖတ်နေမိတယ်..
    ဆုတွေရပြီး. ရဆဲ.. မသေရင် ရဦးမှာဖြစ်ပါတယ်..
    မြန်မာတွေ အတုယူကြစေချင်…

    Malala’s parents arrive in Britain – CNN.com
    http://www.cnn.com/2012/10/25/world/europe/uk…/index.html
    6 hours ago – The parents of Malala Yousufzai, the Pakistani schoolgirl activist shot by the Taliban, are en route to Britain Thursday to see her there.

    • kai

      February 9, 2015 at 1:57 pm

      ဘာရယ်မဟုတ်..။
      မာလာလာ ရထားတဲ့ဆုစာရင်းလေးလုပ်ထားလိုက်တာ…။

      အမှတ်တရ…။

      Malala Yousafzai
      Awards
      Nobel Peace Prize 2014
      Sakharov Prize 2013
      Simone de Beauvoir Prize 2013
      National Malala Peace Prize 2011
      Mother Teresa Awards 2012
      United Nations Prize in the Field of Human Rights 2013
      Ambassador of Conscience Award 2013
      The US Glamour Award for Woman of the Year 2013
      Goodreads Choice Awards Best Memoir & Autobiography 2013 · I Am Malala

  • Reign

    October 26, 2012 at 2:46 pm

    I am totally agree with the post writer. What makes problems now is not religions or races but the root cause is hostilities and if these hostilities can be reduced and eliminated, unrest will be gone and people can live and go about their normal livelihood in a normal situation. The current situations make both Rakhines and Bengalis edgy and nervous, far from finding the truth, they are threatened by lack of safety and rule of law even the government seems to try to restore law and order. I don’t believe a single bit that we , Myanmar only are very peaceful people on this earth but believe that there are lots of peaceful and innocent people in other religion. Like every other races , there are cowards and criminals also in Myanmar as there are noble and decent people. The current unrests in Rakhine should not be linked with racial and religious issues as so doing would only worsen the situation. We must find a peaceful settlement and find how people of different religions and races can live peacefully in a win-win situation.Though Buddhism is a great religion we should not criticize other religions as it is insulting other people’s faith. If there were people who orchestrate the plot to rpvoke these situations, those should be penalize ASAP. As we are buddhists, we should not destroy mosque and religious buildings of other religion as Buddhism discourage such acts. The post writer simply explain how hostilities and hates damages those who harbor it and i think she’s successful in her attempt.

    • padonmar

      October 26, 2012 at 10:17 pm

      Reign
      Thank you so much for reinforcing my opinion.
      I don’t think I’m successful in my attempt so far.
      But I hope I can reduce the anger of a least our villagers for some extent.

  • pooch

    October 26, 2012 at 3:21 pm

    ဘယ်ဘာသာပဲကိုးကွယ် ကိုးကွယ် ဘာသာတို်င်းရဲ့ ရည်ရွယ်ချက် ဦးတည်ချက်ကတော့ တခုထဲပါ။
    ငြိမ်းချမ်းဖို့ ပါ။

    ဘယ်သူ့ ဘယ်သူ့ကို မှမထိခိုက်ပဲ အားလုံး အဆင်ပြေစေမဲ့ အနေထားတွေပဲ ဖြစ်စေချင်ပါတယ်။

    ကြားထဲက အပြစ်မဲ့သူတွေ အားလုံးအတွက် မြင်ရတာရော ကြားရတာရော အတော်လေး ဝမ်းနည်းစရာ ကောင်းပါတယ်။ စိတ်မကောင်းပါဘူး။ အိုးအိမ်မဲ့ တယ် ဘဝပျက်သွား
    ကြတယ် ဆိုတာ ကြားတော့သာ စကားလုံးလေးတွေ တကယ်တန်းက လူတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံးကို ဆွဲချသွားတာပါ။ ပြန်လည်ရပ်တည်ဖို့ ဆိုတာ အတော်ရုန်းကြရမှာပါ။ စိတ်ဒဏ်ရာတွေကလည်း နည်းမယ် မထင်ပါဘူး။

    ဒီကြားထဲမှာ ကိုယ်လုပ်ပေးနိုင်တာကတော့ ကိုယ့်ကြောင့် ဒီမီး မကြီးသွားဖို့ရယ် မီးကို မသယ်မိဖို့ရယ် ငြိမ်းအောင် ကြိုးစားပေးသူများကို ကူညီအားပေးဖို့ရယ်ပါ။

  • အရီးခင်လတ်

    October 26, 2012 at 3:26 pm

    အစ်မပဒုမ္မာ ရေ

    စေတနာ နဲ့ သတိပေး တဲ့ Post လေးအတွက် ကျေးဇူးတင်ပါတယ်။
    အစ်မ စာတွေကိုလဲ တလေးတစား ဖတ်ခဲ့ပါတယ်။

    ဒီကိစ္စမှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလို ဖြစ်နေပါပြီ။
    ကိုယ်လက်တွေ့မကြုံ မသိရတော့ ဟိုဘက် ဒီဘက် ဘယ်သူလွန်တယ် ပြောဖို့ ခက်ပါတယ်။
    နှစ်ဖက် မှာလဲ ငါသာဆိုရင် ဆိုတဲ့ စိတ်နဲ့ ဝင်ခံစားကြည့်ပါတယ်။
    အမြင်တစ်ဖက်ထဲဆို ကိုယ်ချင်းစာစိတ် ထားဖို့ သိပ်မလွယ်သလိုပါဘဲ။
    မြန်မာပြည်မှာ က စားဝတ်နေရေး ပြေလည်လို့ ကတော့ တော်ရုံ ကိစ္စဒီလောက် ပွါးမနေဘူး။
    အခု ဟာ က လူတွေ ငတ် နေလို့ လဲ တစ်ယောက်နဲ့ တစ်ယောက် စာနာစိတ် မပွါးနိုင်တာ က အဓိကပါ။
    နောက်ပြီး မြန်မာပြည်မှာ ဘာသာရေး ဆိုတာ တမင်သွေးထိုး လို့ ကို ဖြစ်ရတာ။
    တခြားနိုင်ငံ တွေလို မဟုတ်ဘူး။

    ဆက်ပွါးရရင်
    မိသားစု တစ်စု မှာ သားသမီး တွေ ရန်ဖြစ်ရင် ဘယ်သူတာဝန်ယူရပါသလဲ။
    မိဘ က သွန်သင် ပဲ့ပြင်ပေးရမှာပါ။
    မိဘ မှာလဲ အမျိုးမျိုး ရှိပါတယ်။
    သားသမီး တွေ ရဲ့ ဘဝ ကောင်းရေး အတွက် ကိုယ့်ရဲ့ ဘဝကို ပေးဆပ် နေတဲ့ မိဘတွေ ရှိသလို
    ကိုယ် သက်တောင့်သက်သာ နေရရင်ပြီးရော သားသမီးတွေ ဘာဖြစ်ဖြစ် ပြစ်ထား တဲ့ မိဘ တွေလဲ ရှိပါတယ်။
    တစ်ချို့ ကျတော့ သားသမီးကို ဘယ်လို ထိန်းကျောင်း ပေးရမယ် ဆိုတာကို အသိမရှိရှာတဲ့ မိဘများလဲ ရှိပါတယ်။

    ဘယ်နိုင်ငံမှာ မဆို အစိုးရ ဟာ တိုင်းသူပြည်သားတွေ ရဲ့ မိဘပါ။
    မိဘကောင်း လို စေတနာနဲ့ ကြိုးစားတဲ့ (စေတနာမပါရင်တောင်မှ တာဝန်ကျေဖို့ ကြိုးစားတဲ့) အစိုးရ လက်ထဲမှာ တိုင်းပြည် နဲ့ ပြည်သူ/သားတွေ တိုးတက်ပါတယ်။
    ကျွန်မတို့ မြန်မာပြည် ရဲ့ လက်ရှိ အာဏာရ အစိုးရကတော့ မိဘကောင်း မဟုတ်ပါဘူး။
    မိဘ ဆိုး လို့ တောင် မပြောနိုင်အောင် မိဘ အရာ ကို မမြောက်ပါဘူး။
    ကိုယ်စားရချောင်ဖို့၊ ကိုယ်ချမ်းသာဖို့ တွေကို ဘဲ အရှက်မရှိ လုပ်နေတဲ့၊ ပြည်သူ/သား တွေ ကို အာဏာ နဲ့ ခြိမ်းခြောက်ပြီး နေရာယူထားတဲ့
    စဉ်းစားဆင်ခြင် ဉာဏ် လုံးဝ မရှိတဲ့ အစိုးရ ဖြစ်နေဆဲပါဘဲ။

    သူတို့ အသုံးမကျလို့ ဒီလို မဖြစ်သင့်တာဖြစ်နေရတာ လို့ ဘဲ ကျွန်မ ပြောပါတော့မယ်။
    တာဝန်မယူနိုင်ရင်၊ မယူရဲရင်၊ မယူတတ်ရင် အားလုံး ထွက်ကြပါ။
    တကယ် လုပ်နိုင်သူ ကို တာဝန်ရော၊ လုပ်ပိုင်ခွင့် ပါဝါ ပါ လွဲပေးပါ။
    အ ရှက် မရှိ ဘဲ ကိုယ့်စည်းစိမ် ပျက်မှာ ကြောက်လို့ အာဏာကို အသေတွယ် ထားတာ ဟာ တိုင်းပြည်နစ်နာပါတယ်။
    နှစ်ပေါင်းများစွာ အချောင် စား ရတာကို လက်မလွတ်ချင်တော့ပါ။
    အဲဒီ အသုံးမကျတဲ့ အစိုးရ ဟာ နှလုံးရည် နဲ့ ဖြေရှင်းနိုင်စွမ်း မရှိပါ။
    ရှင်းနိုင်ဖို့ အသိပညာ လည်း မရှိပါ။
    သူတို့ သိတာ သူတို့ အာဏာလွတ် မသွားရေးပါဘဲ။
    မယုံမရှိကြပါနဲ့။
    အချိန်မရွေး နောက်ကြောင်းပြန်သွား ပါလိမ့်မယ်။
    အဲဒီ အတွက် အကွက် တမင်ဖန်နေတာ ဆိုတာ အားလုံး သတိပြု မိစေချင်ပါတယ်။
    ဒီ လက်ရှိအစိုးရ အားလုံး မဖယ်သ၍ တိုင်းပြည်ကောင်းလမ်း မရှိတာကို မြင်လာသလိုပါဘဲ။
    ဒီကိစ္စ က သက်သေပြနေပါပြီ။
    ကျွန်မ ကတော့ နောက်ဆုံး ဒီဘူတာ ဆိုက်ဖို့ အတွက် လူတွေကို မောင်းနေတယ်လို့ ထင်ပါတယ်။

    စိတ်ထဲမှာ အတော်လေး ဝမ်းနည်းတယ်ခေါ်မလား။
    မခံချိမခံသာ ဖြစ်တယ်ဆိုမလား။
    မပြောတတ်ပါဘူး။

    ကျွန်မ ရေးတာ ရိုင်းခဲ့ရင် ဒီမှတ်ချက် ကို ဖျက်ပစ် လိုက်လို့ ရပါတယ်။
    အမုန်းမီးတွေကို ငြိမ်းဖို့ ဒီ အာဏာရူး တွေ ရဲ့ လောဘ၊ မောဟ တွေ က အရင်ငြိမ်းရမှာ။
    ဒီလူတွေ ကို ဘယ်လို ဖယ်ရမလဲ ဆိုတာ ဘဲ ?????????? 👿

    အမုန်းမပွါးဖို့ ရေးတဲ့ စာမှာ အမုန်းတရား တွေပါနေတာကိုတော့ တောင်းပန်ပါတယ်။

    • ရွှေ ကြည်

      October 26, 2012 at 4:17 pm

      အရီးရေ ရွှေကြည်နည်းနည်းတော့ အခုလိုထပ်ဖြစ်တော့စိတ်လေသွားတယ် အစိုးရပယောဂပါမပါတော့မသိတတ်
      ဒါပေမယ့် တည်ငြိမ်စပြုနေတာကနေ ထပ်ပွားတယ်ဆိုတာစဉ်းစားစရာပါပဲ။ အဲဒါကိုစိတ်ပျက်နေတာ။
      အချိန်ဘယ်လောက်ယူပြီး ဖြေရှင်းမယ်စဉ်းစားထားလဲမသိ။ တရားဥပဒေမရှိသလိုကိုဖြစ်နေတယ်။
      အကုန်လုံး ရခိုင်ဖြစ်ဖြစ် ဘင်္ဂလီဖြစ်ဖြစ် ဥပဒေမလိုက်နာရင်တင်းတင်းကြပ်ကြပ်အရေးယူသင့်တယ်။
      ကချင်နဲ့ရခိုင်မှာ အခုထိမငြိမ်းချမ်းနိုင်တာ သဘောမကျနိုင်ဖြစ်နေတယ်။

    • YE YINT HLAING

      October 26, 2012 at 7:23 pm

      သံသယ မဟုတ်တဲ့ ၊ တိုက်ဆိုင်မှု မဟုတ်တဲ့၊ သဘောရိုး လို့ မဆိုနိုင်တဲ့အချက်တွေ၊ အကြောင်းပြချက် အမျိုးမျိုးတွေ၊ မီးမငြိမ်းနိုင်သေးတာတွေ ကိုကြည့်ရင် ထင်ရှားသိသာနေပါတယ် အရီးရေ ။

    • padonmar

      October 26, 2012 at 9:45 pm

      မလတ်ရေ
      အားမလိုအားမရဖြစ်တဲ့ထဲ အမလည်းပါပါတယ်။
      ဒါပေမယ့် တစ်ခါတစ်လေ တောင်ခြေက ဒုက္ခကို တောင်ပေါ်က ဗြုန်းကနဲ လာမကယ်နိုင်သလို အဖြစ်တွေလည်းရှိတတ်ပါတယ်။
      အခင်းဖြစ်နေတဲ့နေရာမှာ ကိုယ်တိုင်မရှိနေတဲ့အတွက် ဖြစ်ရပ်ကိုနားထောင်တိုင်း နှစ်ဖက်နားကို သုံးဖို့ သတိထားရပါတယ်။
      အရေးကြီးတာက ဒီမီးဆက်မပွားဖို့ ကိုယ်နိုင်ရာက ငြိမ်းသတ်ပေးစေချင်လို့ ရေးတာပါ။
      ဒီတစ်ကြိမ်မှာ ကျမတို့ ရွာသူားများဟာ ဘယ်သူ့ကြောင့်လောင်တဲ့မီးပဲဖြစ်ဖြစ် မီးငြိမ်းဖို့သာ အာရုံထားတဲ့ မီးသတ်သမားများ ဖြစ်ကြစေချင်ပါတယ်။
      နောက်ကွယ်က ဒီမီးမွှေးသူတွေကတော့ အချိန်တန်ရင် ပုပ်လို့ပေါ်လာမှာပါ။

      ချစ်တဲ့
      အမ ပဒုမ္မာ

    • မြစပဲရိုး

      February 8, 2015 at 9:14 pm

      သများက အစိုး ရ ကို မိဘ လို့ ပြောတာ ကို သမတ ကြီး က မိဘပြည်သူများ တဲ့။
      မိဘ နေရာ ကို ဘော်လီဘောပုတ်နေတာကို အခု မှ သတိထားမိတယ်။ ဟာ ဟ။
      lol:-))))

      တကယ်တော့ သများ က အမုန်းမီးပွါးပါဘူး။
      သူရို့ ကို ခုံပေါ်က မောင်းချနေတာဘဲ ရှိပါလယ်။
      သူရို့ က ကွကိုယ် ယုံကြည် ရင် ခဏ ဖယ်ကြည့်လေ။
      ဒါလေးဘဲ ပြောနေတာပါ။
      နဲနဲတော့ အသံမာ၊ အသံကျယ် ရပါတယ်။
      မကြားချင်ယောင် ရူးချင်ယောင် ဆောင်တတ်လွန်းလို့။

  • AKKO

    October 26, 2012 at 5:04 pm

    လူမျိုးတွေ၊ဘာသာတွေထက် လူတစ်ဦးချင်းစီရဲ ့စိတ် က အရေးကြီးဆုံးပါပဲ။ လူသားဆန်တဲ ့စိတ်မျိုး ကျွန်တော်တို ့တွေအားလုံးထားကြည့်မယ်ဆို ရင် ဘယ်လိုဖြစ်မယ်ထင်လဲ။ လူတွေအားလုံးရှိနေတဲ ့နေရာကြီးက အားမျှခြေတစ်ခုမှာရှိနေမယ်။ ဟိုဘက်လည်းမစောင်းသွားပါဘူး၊ဒီဘက်လည်း တိမ်းသွားမှာ မဟုတ်ဘူးနော်။ အားလုံးဟာညီမျှနေမယ်။ ဒါဆို ဘာတွေလုပ်၊ ဘာတွေမလုပ်နဲ ့၊ ဘယ်လိုနေ၊ ဘယ်လို မနေနဲ ့ဆိုတာ တွေကို အချိန်ကုန်၊လူပမ်း လိုက်လုပ်နေစရာ လို တော့မှာ မဟုတ် တော့ဘူးနော်။ အားလုံးလူသားဆန်တဲ ့စိတ်နဲ ့သွားလာလှုပ်ရှား ဆက်ဆံနေကြရင် အားလုံးအတွက် အကောင်းတကာ့ အကောင်ဆုံးပါပဲ။လူတွေအားလုံးရောပေါ့ဗျာ လူသားဆန်တဲ ့စိတ်တွေမွေးမယ်၊ လူသားဆန်တဲ ့လုပ်ရပ်တွေလုပ်မယ်၊ အခုကစပြီး အားလုံးပဲလူပီသလိုက်ကြပါစို ့လား။ အားလုံးအတွက်ပေါ့နော်။ လူတိုင်းမှာ တာဝန်ရှိပါတယ်ဗျာ။

  • htet way

    October 26, 2012 at 5:18 pm

    ကမာ္ဘပေါ်မှာ ဘယ်ဘာသာမှ `တစ်ဦးနဲ့ တစ်ဦး မုန်းတီးပါ။ကိုယ့်ဘာသာကို ကာကွယ်ဖို့ သူတစ်ပါးကိုသတ်ပါ ´လို့ မသင်ကြားပါဘူး။
    ကိုယ့်ဘာသာကို ကာကွယ်ချင်ရင် ကိုယ်ကိုတိုင်က ကိုယ့်ဘုရားရဲ့ အဆုံးအမကို တသွေမတိမ်းလိုက်နာဖို့လိုပါတယ်။
    ဘာသာရေးအတွက်လူကိုသတ်တယ်ဆိုတာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ပါ။
    မုန်းတီးရမှာက အကြမ်းဖက်လုပ်ရပ်နဲစွန့့်ပစ်ရမှာက အမုန်းတရား ဖြစ်ပါတယ်။
    About padonmar

    • padonmar

      October 26, 2012 at 9:47 pm

      ဆရာထက်ရေ
      ဆရာထက်တို့ အသိုင်းအဝိုင်းမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်ပေးပါနော်။

  • မိုးတိမ်

    October 26, 2012 at 5:27 pm

    ဘာမှဝင်မပြောတော့ပါဘူးနေမှ ဒီပို(စ့်)လေးကိုကြိုက်လို့ဝင်မန့်လိုက်ပါတယ်။ကွန်မန့်တွေထဲမှာ မဝေဝေရဲ ့ကွန်မန့်ကိုအကြိုက်ဆုံးပါပဲဗျာ။တစ်ကယ်ဖြစ်နေတာကလဲ အဲဒါအမှန်ပါပဲ။OIC ကိုလက်သင့်မခံဘူးဆိုတာနဲ့ ဒီလိုတွေစဖြစ်တာ စဉ်းစားစရာပါဗျာ။Anti-Islam လုပ်နေတာ မဟုတ်ဘူး Anti-Bingali လုပ်နေတာပါဗျာ။
    သို့သော် ပြည်တွင်းနေ အစ်စလာမ်များက အမှန်မမြင်ဘဲ.. ဘင်္ဂလီ ထိ ဆတ်ဆတ်ခါ နာနေတယ်
    အမှန်က တစ်နိုင်ငံလုံးမှာ နေထိုင်သော တိုင်းရင်းသား အားလုံး
    နိုင်ငံသားအားလုံး ဘာသာအားလုံး စည်းလုံးစွာနဲ့ ဘင်္ဂလီကို ဆန့်ကျင်သင့်တာပါ။
    ဒါပေမယ့် အသားထဲက လောက်ထွက်..သူခိုးဓါးရိုးကမ်းချင်နေကြတာတော့လဲ
    လိုက်မမှီတော့ပါဘူးလေ။
    ဘယ်သူသေသေ ငတေမာရင်ပီးရော ဆိုသူတွေ၊ သွေးခွဲနေသူတွေ လှုံဆော်နေသူတွေ
    ရှိသရွေ့ အမှန်မမြင်နိုင်ပဲ..အိမ်ကြက်ချင်း အိုးမဲသုတ်နေကြပါပီ…………
    တစ်ယောက်မျက်နှာတစ်ယောက်မမြင်နိ်ုင်ပဲ..ခွပ်နေကြပါပီ။အခုတလောရွာထဲလဲမလာချင်၊fb လဲမဖွင့်ရဲ
    ပုံတွေကလဲကြမ်း လူတွေကလဲရမ်းနေကြတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။သတင်းတွေကလဲ
    ကြောက်စရာပုံတွေနဲ့ကို ချက်ချင်းတက်တော့ အင်တာနက်ပိတ်ပြီးတစ်ယောက်တည်း ရုပ်ရှင်ထိုင်ကြည့်နေရပါတယ်။အလုပ်ကလဲ အခုတလော ရှုပ်နေတော့ ထပ်စိတ်ရှုပ်စရာတွေမမြင်ချင်၊မကြားချင်တော့တာလဲပါပါတယ်။မနက်ဖြန်တောင်ကျွန်တော် ခရီးထွက်ရပါဦးမယ်။တစ်ပါတ်လောက်တော့ကြာမယ်ထင်တာပဲ။ကဲမဆိုင်တာတွေရောက်လာပြီ။
    ပြောချင်တာက ရွာကို တစ်ပါတ်လောက်တော့ ခွဲခွာရဦးမယ်ဆိုတာပါပဲ။ကျွန်တော့ အမြင်နဲ့ ယူဆချက်ကတော့ အပေါ်မှာရေးထားတဲ့ အတိုင်းပါပဲ။အစ်မ padonmar ရော အစ်မ မဝေဝေကိုပါ
    ကျေးဇူးအများကြီးတင်ပါတယ်။

    • padonmar

      October 26, 2012 at 9:50 pm

      ကိုမိုးတိမ်ရဲ့ စေတနာကို နားလည်ပါတယ်။
      ကိုမိုးတိမ်လည်း ဂဇက်ရွာသားပီပီ ကိုယ်နဲ့ နီးစပ်ရာမှာ မီးငြိမ်းသူအဖြစ်ရပ်တည်ပေးပါနော်။
      ရွာကို ပြန်ရောက်တဲ့အခါမှာ ငြိမ်းချမ်းနေတာ မြင်ရပါစေလို့ ဆန္ဒပြုပါတယ်။

  • မုန်းတယ်။ မတရားတာကိုမုန်းတယ်။
    မုန်းရတာ ကိုမုန်းတယ်။
    အားနာတတ်တာကို မုန်းတယ်။
    ကိုယ်ကချစ်ရတာကို မုန်းတယ်။
    ပိုက်ဆံမရှိတာကို မုန်းတယ်။
    လိုချင်မှုတွေများတဲ့ စိတ်ကို မုန်းတယ်။

    မုန်းမုန်းတယ်မုန်းမုန်းတယ်။ မုန်းရတာ ကို ပိုမုန်းတယ်။

  • aanyar thar

    October 26, 2012 at 6:05 pm

    (ကမာ္ဘပေါ်မှာ ဘယ်ဘာသာမှ `တစ်ဦးနဲ့ တစ်ဦး မုန်းတီးပါ။ကိုယ့်ဘာသာကို ကာကွယ်ဖို့ သူတစ်ပါးကိုသတ်ပါ ´လို့ မသင်ကြားပါဘူး။)…အနည်းငယ် မှားနေတယ် အစ်မကြီးရေ….ဘာသာ(ကိုးကွယ်မှု့ ဆိုင်ရာပေါ့) ဘယ်နှမျိုးလောက် လေ့လာဘူးပါသလဲခင်ဗျာ..ကျုပ်ကတော့ ငပိန်းငနုံငအ ပါ…ပညာညာဏ်ဗဟု့သု့တ သူတကာထက် နိမ့်ပါးလို့ .ခု့လို ..ဗဟု့သု့တ ဟင်းလေးအိုးသဖွယ် .ပြည့်စုံတဲ့..ဂေဇက်ကို ..ဝင်ရောက်ပြီး..ညာဏ်ပညာပြည့်စုံကြတဲ့..အကိုအစ်မ ဦးကြီး အဒေါ်..စသဖြင့် .ပေါ့.သူတို့ရဲ့ အတွေးအခေါ်..အသိ့ပညာတွေကို ..သင်ယူလေ့လာနေသူပါဗျာ..ငါ့အစ်မကြီးရေ..ကျနော့်ပေးတဲ့ comment .မှားသည်မှန်သည်အသာထား….ဘုန်းကြီးစာချ ဆိုတာမျိုးပေ့ါဗျာ..ငါ့အစ်မကြီး..ရွှေပြည်အေးတရားဟောတာလေး..သူတကာ လက်ခံဖို့ထက်..ကို့တရားကိုယ် စမ်းစစ်စေ့ချင်လို့ပါ..ဒီလိုဗျ….ကျုပ်တို့ ဘုန်းကြီးကျောင်း ဘုရားရင်ပြင် တွေမှာဆို လူမျိုး..ဘာသာ..မရွေး..ဝင်လာခွင့် တက်ခွင့် ဖူးမျှော်ခွင့်..လေ့လာခွင့်.လူတိုင်းရ..တယ်နော်…(ဟာ…ငါ့ကျောင်းထဲ ..မင်းကဘာသာခြား….ဘာလာလုပ်တာ သွားသွား..မလာနဲ့..ဘယ်ဘုန်းကြီး က မောင်းထုတ်တာ ငါ့အစ်မကြီး အသက်နဲ့အမျှ ကြုံဘူးလား.) ကိုင်းထားဗျာ..ပြောရတာ ကို့ထမင်းကိုယ်စားပြီး..စိတ်လေတယ်..ငါ့အစ်မကြီး..တွေးမထားတဲ့ဘာသာ…ကျုပ်တို့ လူ့လောကကြီးမှာ ရှိ့နေတယ်ဗျ မယုံရင် အစ်မမောင် ကျနော် လမ်းစရိတ်ပါ ခံပါ့မယ် ကျမ.ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ သင်တို့ရဲ့ ဘာသာကို လေ့လာချင်လွန်းလို့ လေယာဉ်စီ်းပြီး လာခဲ့ပါတယ်ရှင် လို့ ပဲ အဲ့ဒီနေရာလေးမှာ ပြောယုံလေးပါ…ရွှေပြည်အေးတရားဟောတာလေး..သူတကာ လက်ခံဖို့ထက်..ကို့တရားကိုယ် စမ်းစစ်စေ့ချင်လို့ပါ..

    • padonmar

      October 26, 2012 at 10:08 pm

      ကိုအညာသားရေ
      ကျမအားနည်းချက်လေးထောက်ပြတာ ကျေးဇူးပါနော်။
      ကျမက ဗုဒ္ဓဘာသာ အပြင် အခြားဘာသာတွေကို ထဲထဲဝင်ဝင် မလေ့လာကြည့်ဖူးတာ အမှန်ပါပဲ။
      ဒါကလည်း ကိုယ်အခြေမခိုင်သေးချိန်မှာ အမှားတွေကို ခေါင်းထဲ ဝင်သွားမှာ စိုးခဲ့တာကတစ်ကြောင်း၊
      ဗုဒ္ဓစာပေတွေကို လေ့လာရတာနဲ့တင် အားရပျော်မွေ့ အချိန်ကုန်နေတာကတစ်ကြောင်း၊
      လေ့လာမိရသမျှ ဗုဒ္ဓအယူဝါဒဟာ လမ်းမှန်လို့ စွဲစွဲမြဲမြဲ ယုံကြည်လာမိတာကတစ်ကြောင်း၊
      အခြားဘာသာတွေကို မလေ့လာမိတာ ဖြစ်ပါတယ်။
      ကိုယ့်ကိုကိုယ် အယူမပြောင်းလောက်တော့တာသေချာပြီဆိုရင်တော့ အဲဒီဘာသာတွေကိုလည်း လေ့လာကြည့်ဖို့စိတ်ကူးပါတယ်။
      လေ့လာတဲ့အခါမှာလည်း မြွေအလမ္ပါယ်လေ့လာခြင်းမျိုးမဟုတ်ပဲ၊အပြစ်ရှာကြည့်ဖို့မဟုတ်ပဲ၊ သူတို့ရဲ့ ဆင်းသက်လာပုံ၊အယူအဆ၊တွေကို ဝိဘဇ္ဖဝါဒနဲ့ လေ့လာကြည့်နိုင်ဖို့ ရည်ရွယ်ပါတယ်။
      …..
      သူတို့ဘာသာကို ပေးမလေ့လာဘူးဆိုရင် သူတို့ကိုယ်သူတို့ မယုံကြည်လို့ပေါ့နော။
      အဲဒါမျိုး တရုတ်ငါးပါးသီလသက်သတ်လွတ်အဖွဲ့တွေရဲ့ သာသနာပြုခြင်းမှာလည်း တွေ့ရပါတယ်။
      …………
      ကျမပြောသလို မဟုတ်ပဲ ကိုယ့်ဘာသာကိုကာကွယ်ဖို့ သူတစ်ပါးကို သတ်ရမယ် ဆိုတဲ့ ဘာသာရှိခဲ့ရင် အဲဒါ အကြမ်းဖက်ဘာသာက မူရင်းဘာသာအယူဝါဒယောင်ဆောင်ထားတာပဲ ဖြစ်မယ်လို့ ကျမကတော့ယူဆပါတယ်။

  • YE YINT HLAING

    October 26, 2012 at 7:01 pm

    ဝါတွင်း တို့ သီတင်းကျွတ်တို့ ခရစ်စမတ်တို့ နဲ့ Hindu တို့ရဲ့ဘာသာရေးနေ့တွေမှာ ကောင်းမှုကုသိုလ် တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတယ် ။ မနေ့က ကျွန်တော့ ဘော်ဒါ အုပ်စု တစ်စု သူ့တို့ အတွက် ဆိတ် အရှင်လတ်လတ် ( ကျန်းမာရေးကောင်း ) နှစ်ကောင် မှာထားလို့ လာပို့တာမနက်ပိုင်းမှာ တွေ.တယ် ။ တွေတွေ. ခြင်း ကျွန်တော် မသိလို့ မေးမိတယ် ။ အဲဒီ ဆိတ်နှစ်ကောင် ဘာလုပ်ဖို့လည်းဗျပေါ့ ။ မေးခံရတဲ့ သူကတော့ ဖြေပါတယ် ။ ဒါပေမဲ့ သူ့ အဖြေ မပြောတော့ပါဘူး ။ ခဏကြာတော့ ကျွန်တော် ရေချိုးခန်းရှိရာကို သွားရင်း မြင်လိုက်ရတယ် ။ ဆိတ်နှစ်ကောင် လည်လှီး နေကြတာများ အေးဆေးပဲ။ ညနေရောက်တော့ ကျွန်တော့ ကို ခေါ်တယ် ။ အလုပ်ထဲမှာက လူစုံ ဘာသာစုံ ဆိုတော့ ကျွန်တော်သွားပါတယ်။စားပါတယ်။ မလိုင်လုံး ငှက်ပြောသီး နဲ့ အချိုရည်။ ဆိတ်သား ကို သုံးမျိုး လုပ်ထားတယ်။ သွားနာလို့ ဆိုပြီး ငြင်းလိုက်တယ်။ ဒီနေ့ ( ၂၆ )ရက်နေ့။ နေ့ကြီး ပေါ့ဗျာ ။ နေ့ခင်း ( ၁၂ း ၄ဝ ) လောက်ကသတင်းလေး။ ဘာတဲ့ ဒါးပါးနဲ့ ဘယ်သူတွေ က ဘယ်သူ့ တွေ လည်လှီးဆိုလား။ တစ်ကီလိုမီတာ အတွင်းမှာ ရှိတဲ့ အရာတွေ ပေါက်ကွဲ ပျက်ဆီးပြီး ဘယ်နှစ်ရောက်ဆုံး ဘယ်နှစ်ယောက် ဆေးရုံတင် ဆိုလား ကြားနေရတာ စိတ်မချမ်း သာလို့ ကိုယ့်အခန်း ကိုယ်ပြန်ဝင် အီးမေးဖတ် ရုပ်ရှင်ကြည့် ပြီးတော့ သတင်းဆိုက်တွေ အကြည့်မှာ သတင်း နှစ်ပုဒ်လောက် ဖတ်ပြီး ပိတ်ပစ်လိုက်ရတယ်။ မြန်မာပြည် အနောက်ပိုင်း သတင်း တွေလေ ။ ကိုယ့်နိုင်ငံက သတင်းကလည်း ဒီလိုသတင်းတွေလေဗျာ ! ဒါနဲ့ ရွာထဲလှည့်အဝင်မှာ ဆရာမ ရဲ့ ဒီပို့(စ) လေးကို တွေ. လိုက်ရလို့ ကျွန်တော့ “အ”မင်ဂလာ မန့်လေးရေးမိကြောင်းပါ။ လူ နှင့် သက်ရှိများအား လည်လှီးခြင်း ကင်းဝေးကြပါစေ။ နေအိမ် အချင်းချင်း မီးရှို့ခြင်း ကင်းဝေး ကြပါစေ။အသေခံ ဗုံးခွဲခြင်း၊ တုတ်၊ဓား၊ ဂျင်ကလိ များနှင့် အချင်းချင်း သတ်ဖြတ်ခြင်း ကင်းဝေးကြပါစေ။ စာနာစိတ်ထား ၍ သနားတတ်ကြပါစေ။ မစ်တာ၊ဂရုနာ၊မုဒိတာ နှင့် စာနာမှု တရားများ ဂဘာ အနှံ့ ကျယ်ပြန့် ထွန်းကားပါစေ။ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာရယ်လို့ မဟုတ်ပါ။ ဤတရားများ ပြန့်ပွါးလျှင်ပင် ဂဘာကြီး ငြိမ်းချမ်းမည် ဖြစ်ပါသည်။

  • အလင်းဆက်

    October 26, 2012 at 8:25 pm

    အမုန်းကြောင့်တောက်သော.. မီးတောက်များ.ပေါ့နော် ။

    :buu:

  • မဟာ့မဟာ မဟာထိပ်ခေါင် ခေါင်းပြောင်ဖွတ်ကျား သောက်သောက်စားစား လူ့ငနွား

    October 26, 2012 at 9:29 pm

    ငြိမ်းချမ်း လိုပါသည်
    ငြိမ်းချမ်းပါရစေ
    ငြိမ်းချမ်းမှုကို ပေးတော်မူပါ
    ငြိမ်းချမ်းခြင်းသည် ဤကမ ္ဘာမြေသို့ ကျရောက်ပါစေသား ။

  • padonmar

    October 26, 2012 at 9:31 pm

    ကျမမနေ့ညက သတင်းတွေကြားအပြီး စိတ်မချမ်းမြေ့လွန်းလို့ ရေးမိတဲ့စာပါ။
    Publish လုပ်ပြီးတော့ အင်းငါတော့ အဆဲခံရနိုင်တယ်လို့ စဉ်းစားမိပါတယ်။
    ကျမနဲ့ သဘောတူသူရော မတူသူရော ၊ဘာသာတူသူရော မတူသူရော အေးအေးချမ်းချမ်း ဆဲသံဆိုသံမပါ ဆွေးနွေးပေးသွားကြတာ ဖတ်ရတော့ မန့်သူတွေကို အထူးကျေးဇူးတင်ပါတယ်။
    ကျမတို့ရွာမှာ အခုလို အပြုသဘောဆွေးနွေးကြသလို ပြင်ပလောကမှာလည်း စကားနဲ့ ဆွေးနွေးညှိနှိုင်းယူကြစေချင်ပါတယ်။
    သူကစတာ ငါကစတာ အငြင်းဆက်မပွားစေချင်ပါဘူး။
    အဝေးကနေ ပါးစပ်နဲ့ပြောတာ စာနဲ့ရေးတာလောက် လက်တွေ့မှာ မလွယ်ဘူးဆိုတာလည်းသိပါတယ်။
    ဒါပေမယ့် အဲဒီမလွယ်တာကိုပဲ ဖြစ်အောင် ကြိုးစားကြည့်ကြစေချင်ပါတယ်။
    ဒီလို ကျဉ်းထဲကျပ်ထဲ မရောက်ရောက်အောင် တွန်းနေတဲ့ အားတွေလည်းရှိနိုင်တယ်ဆိုတာ သတိလေးထားပြီး တွန်းတိုင်းမပါစေဖို့ လိုပါတယ်။
    တရားဝင်ကြေငြာချက်အရ သေဆုံးသူ ၅ဝ ဆိုတာ အင်မတန်ကြောက်စရာကောင်းတဲ့စာရင်းပါပဲ။လူ၅ဝ မပြောနဲ့ ၁ ယောက်တောင် မသေစေချင်ပါဘူး။
    မလတ်တို့ ရွေကြည်တို့ပြောသလို အေးမယ်ကြံကာမှ ထတောက်တဲ့မီးဖြစ်တာကြောင့် ပိုသတိရှိကြစေချင်ပါတယ်။
    ပထမတစ်ကြိမ်က မသိလို့ စိတ်လိုက်မာန်ပါ ဖြစ်ခဲ့ကြသည်ဖြစ်စေ၊တမင်လုပ်ကြံတဲ့ ထောင်ချောက်ထဲ ဝင်ခဲ့မိသည်ဖြစ်စေ၊အခုတစ်ခေါက်မှာတော့ ထပ်မတိုးစေချင်တော့ပါဘူး။
    ဒီလိုဆို ဘယ်သူမှားမှား ငြိမ်ခံနေရမှာလား၊အသေခံရမှာလား လို့မေးကြပါလိမ့်မယ်။
    သည်းခံခြင်းတရားလက်ကိုင်ထားပြီး သူတစ်ပါးအပေါ် မစော်ကားသလို ကိုယ့်လုံခြုံရေး အတွက်သတိနဲ့ ကာကွယ်ရမှာပါ။
    အဓိကကတော့ မြန်မာတွေ ရခိုင်တွေ ဟာ အကြမ်းဖက်သမားတွေပါလို့ တံဆိပ်ကပ်မခံရစေချင်ပါဘူး။
    အစိုးရပိုင်းက နှောင့်နှေးနေတာတွေကို အားမရမိတာတော့ အမှန်ပါပဲ။ဒါပေမယ့် အုပ်ချုပ်ရေး အသားမကျသေးတဲ့ အစိုးရမှာလည်း ကျမတို့ မသိနိုင်တဲ့ အခက်အခဲတွေရှိနေနိုင်ပါတယ်။ သူတို့ဖက်ကလည်း ပွင့်လင်းမြင်သာစွာ နဲ့ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အချိန်မီကာကွယ်ဖို့ စိတ်ရင်းမှန်နဲ့ကြိုးစား လုပ်ဆောင်သွားစေချင်ပါတယ်။

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    October 26, 2012 at 10:13 pm

    မပဒုမ္မာရေ

    ရွာသူားများလည်း မန် ့သွားတာတွေလည်း စုံသလောက်ဖြစ်နေပါပီ…………
    ကချင်ကိစ္စကို အတွင်းကျကျ မသိတာ တွေရှိသေးလို ့ မပြောချင်ပေမယ့်…….
    ရခိုင် ကိစ္စနဲ ့ပတ်သက်လို ့ စာရေးသူကို တခုမေးချင်ပါတယ်………..

    ရခိုင်တွေကို ဘာမှ ထပ်မလုပ်အောင် အစိုးရကဖြစ်စေ ဒေါ်စုကဖြစ်စေ နားချနိုင်ရင်………
    ၁။ ဘင်္ဂလီတွေကကော ဘာမှဆက်မလုပ်ပါဖူးလို ့ စာရေးသူနားချနိုင်မလား………
    ၂။ ဒီနိုင်ငံ ဒီကမာ္ဘမှာ နားချနိုင်မယ့်သူ တဦးတယောက်ဖြစ်စေ အဖွဲ ့အစည်းဖြစ်စေ နိုင်ငံလိုက်ဖြစ်စေ ရှိမလား…………
    ၃။ နားချနိုင်ရင်ကော ဘယ်လောက်ကြာကြာခံမယ်ထင်လဲ……

    ဘယ်သူမှ အလကား မမုန်းချင်ပါဖူး…… မုန်းရတာ ပင်ပန်းတယ် ဆိုတာ လူတိုင်းသိပါတယ်………..
    ပြည်သူတွေက မုန်းချင်လို ့ မုန်းနေတယ်လို ့တော့ မထင်လိုက်ပါနဲ ့……………….
    အကြောင်းရှိလို ့ပါ……….

    ဒါဗြဲ…..

    လေးစားလျက်
    တိမ်မည်း

  • padonmar

    October 26, 2012 at 10:31 pm

    ကိုတိမ်မည်းရေ
    သေချာတာကတော့ ကျမမှာ အဲဒီ နားချနိုင်တဲ့ အရည်အချင်းမျိုးလားလားမှ မရှိပါဘူး။
    ဒါပေမယ့် ဒီလို နားချလို့မရရင် လူမျိုးတုန်းသတ်ပစ်ဖို့(စွမ်းနိုင်ရင်ပေါ့)လုပ်လို့ရော အကျိုးရှိမယ်ထင်ပါသလား။
    ဒီလိုသာ လူမျိုးချင်းဘာသာချင်းဖြစ်တဲ့ အငြင်းပွားမှုတွေကို ရပ်တန်းကမရပ်ခဲ့ကြရင် တစ်ချိန်က မွန်မြန်မာစစ်ပွဲတွေရဲ့ အငြိုးအတေးတွေ ခုထိဆက်ရှိနေကြမှာပေါ့။(မနူဟာနဲ့ အနော်ရထာ စစ်ဖြစ်ချိန်မှာ သထုံက ထေရဝါဒ၊ပုဂံက အရည်းကြီးဝါဒ)
    ဒါဆိုရင် ရွာထဲမှာတောင်ရှိနေတဲ့ မွန်မြန်မာကပြားတွေ ဘယ်လိုလုပ်ကြပါ့မလဲ။
    ကိုယ် ၂ ခြမ်းခွဲပြီး ဘယ်ခြမ်းနဲ့ ညာခြမ်း သတ်နေရမလိုဖြစ်နေပြီ။
    ပြည်သူတွေ မုန်းချင်ရင် အကြောင်းရင်းဇစ်မြစ်ကိုတွေ့အောင် ဝိုင်းရှာပေးကြပြီးမှ တရားနဲ့ အညီစီရင်ကြပါလို့ တိုက်တွန်းချင်တာပါ။
    လောလောဆယ် အနားမှာ တစ်သက်လုံးအတူနေလာတဲ့ အိမ်နီးချင်းတွေ မမုန်းကြပါနဲ့လို့ တားချင်တာပါ။
    ကျေးဇူးတင်ပါတယ်နော်။

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      October 27, 2012 at 9:05 am

      မပဒုမ္မာရေ

      အခုလိုပြန်ဖြေပေးတဲ့အတွက် ကျေးဇူးပါနော်….
      ကျွန်တော်မေးတာ တခြားကြောင့်မဟုတ်ပါဖူး………..
      ရခိုင်ပြည်ကလူတွေ ဒီစာကိုဖတ်မိရင် အဲ့အတိုင်းပဲမေးမှာပါပဲ………
      သူတို ့အစား မေးကြည့်တာပါ……….
      ကျွန်တော့်အမြင်ကတော့ အမနဲ ့ဆင်ပါတယ်………..
      ဘာမှ ဆက်မဖြစ်စေချင်တော့ပါဖူး……………

      လေးစားလျက်
      တိမ်မည်း

  • ရာဇဝင်လူဆိုး

    October 26, 2012 at 11:29 pm

    တဂျီးပြောတဲ့ မတူတဲ့ အတွေးနဲ့ ကိုယ်ပိုင်အမြင်ကို ချရေးရရင်ဖြင့်……..
    ၈၈ ကိုကိုယ်တွေ့ကြုံဖူးတော့ အဲဒီအချိန်က လူတွေ (ဘယ်ဘာသာဝင်ဖြစ်စေ) လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ လက်တွေ့ဖြစ်ပျက်နေတဲ့ ၊ တွေ့နေရတဲ့ ခံစားမှု၊ အသက်အိုးအိမ် မလုံခြုံမှု (ငတ်မွတ်မှု၊ အိုးအိမ်မတည်မြဲမှု…မှု..မှု ..မှု…) များစွာကို လူသားချင်း တကယ် ခံစားနားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ဒီပြသာနာက မလိုအပ်ပဲ ရှည်နေသလားလို့ မြင်မိတယ်။ စဖြစ်ကတည်းက။ ၈၈ ကထားဦး (မီဒီယာ အားနည်းမှုကြောင့် လူ့အခွင့်အရေးမရှိဘူးထား )..ဆက်ဆွဲလိုက်တာ စက်တင်ဘာ အရေးအခင်း။
    တစ်နိုင်ငံလုံး အုံကြွတာကိုတောင် ခဏလေးနဲ့ ထိန်းနိုင်သေးတာ ပြည်နယ်တစ်ခုထဲက ပြသာနာလောက်ကတော့ အေးဆေး။ (ဒီပြသာနာက အရင်နဲ့ မတူဘူး လူမျိုးရေး ၊ဘာသာရေးလို့ ဆင်ခြေပေးရင်တော့ ဩဇီ အစိုးရ မူအတိုင်းပဲ လုပ်လိုက်ကြပါတော့လို့) ။ ..ထပ်ပြောရရင် စက်တင်ဘာ တုန်းက စစ်အစိုးရ မလို့၊ အခုက သမ္မတခေတ်၊ ဒီမိုကရေစီခေတ်..အရင်လိုလုပ်လို့မရဘူး၊ လူ့အခွင့်အရေးလို့ ဘာညာအကြောင်းပြရင်တောင် အုပ်ချူပ်နေသူတွေရဲ့ Manage ညံ့လို့ အမှိုုက်ကစ ပြသာဒ်မီးလောင် ဖြစ်တာလို့ပဲယူဆရတယ်။ ဒီလူတွေ ဝင်လာတာ အရင်အစိုးရလက်ထက်က အကျိုးဆက်လို့ ဆင်ချေပေးရင်လဲ လက်ရှိအုပ်ချုပ်သူတွေ လက်တွေ့ကျကျ ထိထိရောက်ရောက် ကိုယ်တွယ်ဖြေရှင်းဖို့ တာဝန် အပြည့်ရှိကြောင်း…။ နိင်ငံတကာမှာ ဝင်ဆန့်နိုင်ဖို့ ၊အားယူနိုင်ဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်တာ သဘောက်ပေါက်နားလည်ပေးနိုင်ပေမယ့် ….လွှတ်တော်မှာ ဒီနေ့ ဘာတွေလုပ်ကြမှန်းမသိတော့ စိတ်လေလေနဲ့ ဝင်မန့်လိုက်တယ် အစ်မပဒုမ္မာရေ။

  • kai

    October 27, 2012 at 12:14 am

    ကမ္ဘာမှာ အရက်စက်ဆုံး( ၁ကနေ ၅ အတွင်း) နှစ်ပေါင်းများစွာ နေရာယူထားခဲ့တဲ့.. စစ်အစိုးရကနေ.. အရေခွံတွေခွာချထားတဲ့..အစိုးရများ..
    .. ဘာလျှော့တွက်နေသလည်းကွယ်..ကွယ်..ကွယ်..။

    တနှစ်တနှစ် ဘီလီယံချီ ငွေရှာပေးတဲ့.. မြန်မာပြည်အနောက်ဖက်ကမ်းဒေသမှာ.. အရေးအခင်းတွေ.. အကြောင်းတိုက်ဆိုင်ပြီး.. အခုမှထဖြစ်နေတယ်.. ထင်နေကြသလားမသိ..
    ..ကွိ..ကွိ..
    ကြားထဲ..
    ကုလားလည်းသေ..ရခိုင်လည်းကြွေ..
    ဗမာလည်းကွိ..။ ဘင်္ဂလီလဲစိခံပြီး..
    ချိုင်းနားကထုတ်.. အိနိ္ဒယကစုပ်… စစ်တပ်ချည်းအုပ်
    သွားပါဦးမယ်..
    :kwi:

    (ပျော်စေဖို့ပါနော… နောက်ပြီးတကယ်ပြောတာမဟုတ်ဖူးဆိုတာ.. မဟုတ်ဖူးလို့..အတည်ပြောတာ.. မထင်ပါနဲ့)

    • ရာဇဝင်လူဆိုး

      October 27, 2012 at 12:45 am

      မတူတဲ့အတွေးနဲ့ ကိုယ်ပိုင်စာထပ်ရေးရရင်တော့….
      ကမ္ဘာမှာ အရက်စက်ဆုံး 1 to 5 နှစ်ပေါင်းများစွာဝင်ထားတဲ့ စစ်အစိုးရ အရေခွံခွာထားတဲ့ အစိုးရအဖွဲ့အစည်းကို သာမန်ဘာမှမသိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ လျှော့တွက်ပြီး ယုံကြည်တယ်ဆိုရင်တောင် စစ်အစိုးရအကြောင်း သေချာ သိပြီး ကိုယ်တွေ့ ခံစား၊ တွေ့ကြုံ ၊တိုက်ခိုက်နေတဲ့ ပြည်သူ့အတွက်၊ တိုင်းပြည်အတွက် နှစ် ၂ဝ ကျော်တိုက်ပွဲဝင်နေခဲ့၊ ဝင်နေဆဲဖြစ်တဲ့ အတိုက်အခံ (အတိုက်အခံ) ဆိုသူများဘက်က တော်တော်လေးညံ့လို့ လက်ရှိအစိုးရက လုပ်ချင်တိုင်းလုပ် ဒီမိုကရေစီ ဖြစ်နေသလားတွေးမိပါတယ်။ :mrgreen:

      • kai

        October 27, 2012 at 3:32 am

        မြန်မာပြည်အနောက်ကမ်းအရေးစဖြစ်လာကတည်းက.. အစိုးရသတင်းစာမှာသုံးတဲ့အသုံးအနှုန်း၊ ကိုင်တွယ်ပုံတွေ.. ဖဘ.. ဝက်ဘ်ဆိုက်..ဘလောဂ်တွေမှာ.. ဖွသူတွေဟာ.. ဘယ်သူတွေလည်း.. သိနိုင်တာ.. သိသာတာမို့..
        အင်း.
        မပြောတော့ပါဘူး..
        တော်ကြာ.. ကျုပ်တို့ရွာပါ.. ကြားညပ်နေဦးမယ်..

        ဘယ်သူမဆို..ကိုယ်တန်ရာပဲ..ရမယ်..
        တူနယ်..တူနယ်..။♪♬♪♪♬♪♪♬♪..
        ♬♪♩ ♫ ..♬♪♩ ♫ ♬♪♬♪♩♪♩♪♩ ♫ ♬♪♩ ♫♪♩ ♬♪♩ ♫ ♬♪♬♪…
        ( အပေါ်မှ character များသည် ကုလားစာများမဟုတ်ပါ..။ ပြဿနာမရှာကြပါရန်)
        =
        ကိုမိုးသီးဘလော့ဂ်မှာတော့.. အောက်ကအတိုင်းရေးတင်ထားတာတွေ့တယ်..။ :harr:

        Thursday, 25 October 2012
        ဦး ခင်ညွန် ့ နဲ ့ ဦး ဝီရ သူ ဘာကြောင့် တွေ ့ကြတာလဲ

        ဘာသာရေးလှုံ ့ဆော်မှုများ ဟာ ဦးခင်ညွန် ့လက်တွေ ပါနေ တယ် လုို ့သံတမန် သတင်းရပ်ကွက်များ က လာတဲ့သတင်းတွေ က ဆိုုနေကြပါတယ်။

        • ဦးကြောင်ကြီး

          October 27, 2012 at 11:24 am

          သမဒဂျီး သမဒဂျီးနဲ့ မျက်နှာလုပ်ခဲ့တာ မှားနေပြီ ကိုရွှေရခိုင်တို့ ကိုယ်တော်အပေါင်းတို့၊ ဘဘဂျီးဦးခင်ညွှန့်ကို ချီးမွှမ်းခန်းဖွင့်မှ အမှန်ဗျ၊ လုပ်ကြပါအုံး နောက်ထပ် ဆန္ဒပြပွဲလေး..။ ဘဘဦးခင်ညွှန့် သက်တော်ရာကျော် ရှည်ပါစေ… အိုအိုင်စီ အလိုမရှိ…

        • ဦးဦးပါလေရာ

          October 27, 2012 at 11:48 pm

          ဒဂျီးကြောတာ ပေါ်တင်ကြီးဖြစ်လွန်းလို့
          တား တား တို့ ကျောချမ်းမိဘာဂျောင်း…

          ပိုစ့်ပိုင်ရှင်မီးမီးလေးလဲ ထို့အတူထင်ပါဂျောင်း….
          :harr:

        • kai

          October 28, 2012 at 12:42 am

          တဆင့်ထပ်ပြီး.. ပေါ်တင်လို့ရသေးတယ်.. ဒီရွာသူားတွေကိုတော့.. ထရန်ပယ်ရင်စီလေးထားပြီး လျှောက်ရေးကြည့်မယ်..

          အနောက်ကမ်းဒေသက.. ဂက်စ်ထွက်တော့.. နှစ်စဉ်ပုံမှန်ဝင်ငွေ..
          “ဘီလီယံ”ချီရလာပါတယ်..
          ဒီတော့.. ကမ္ဘာ့ထုံးတမ်းစဉ်လာအတိုင်း.. ပိုင်ဆိုင်ခွင့်ပြဿနာဖြစ်ပါတယ်..
          တည့်တည့်ပြောရရင်.. ရခိုင်ပြည်ကထွက်တဲ့.. သယံဇာတ ရခိုင်ပိုင်ခွင့်ပါ..။
          (ဒီငွေအားနဲ့ဆို.. ရခိုင်လူဦးရေနဲ့..အချီုးချရင်.. ရခိုင်တွေ.. ကမ္ဘာ့အချမ်းသာဆုံးလူတွေဖြစ်လာနိုင်တာကိုး..)
          ဒီလိုနဲ့.. မြန်မာပြည်ထောင်စုကနေ.. မြေပိုင်ခွင့်ပြန်တောင်းတဲ့.. လှုပ်ရှားမှုတွေ.. ဖြစ်လာတယ်ဆိုပါစို့.. ။

          မြန်မာတွေအများစုကလည်း.. (သိတော်မူတဲ့အတိုင်း) ဘာမှန်းမသိ… ချိုင်းနားဆို.. “ဝိုင်းဝုန်း”ဖို့လောက်.. ရှိတော့ကာ.. မြစ်ဆုံဆည်ဖျက်တာအောင်မြင်တာကနေ.. ပိုက်လိုင်းဖက်အာရုံလှည့်လာချိန်ဖြစ်ပါတယ်..။ (ကျုပ်ပြောဖူးတယ်..။ ပိုက်လိုင်းထိရင်.. အစိုးရက.. ခံမှာမဟုတ်ဖူးလို့)

          ဒီတော့…. အစိုးရက..
          သူဂက်စ် ရောင်းနေတဲ့.. ချိုင်းနားနဲ့.. စာချုပ်လည်းမပျက်.. အလုပ်လည်းဆက်..
          လူတွေလည်း.. အာရုံတွေရှုပ်ထွေး..
          ရခိုင်လည်းယက်ကန်ကန်ဖြစ်အောင်…
          .. ကြားထဲ.. ယူအက်စ်ကလည်း ဝင်လာပြီးဆိုတော့ကာ.. ဘင်္ဂလားဒေ့ရှ်လည်း.. အပေါ်ကနေထိမ်းနိုင်ပြီမို့.. မွတ်ဆလင်အစ်ရှုးဆွဲထုတ်.. အချိန်ကိုက်.. တကွက်.. ၄ကောင်စားလုပ်ထည့်လိုက်တယ်… ယူဆမိပါတယ်..။။
          (အရေးအကြီးဆုံး တကွက် ဆရာစားချန်ထားခဲ့တယ်..)

          လောလောဆယ်တော့..
          ကပ်ထားဆရာတို့..
          ရခိုင်တွေသူဌေးဖြစ်တော့မှာမို့.. ရခိုင်လူပျို..အပျိုတွေကို.. ကပ်ထားကြ.. :kwi:

          ( မဟုတ်လည်း.. ဆောတီး..ဘဘကြီးတို့..။
          တိုင်းပြည်ငြိမ်းချမ်းလာဖို့.. နာမယ်အသုံးချခံလိုက်ရတယ်ပဲမှတ်ပါ..။ (ဒေါ်စုတောင်.. တိုင်းပြည်အတွက်ဆို.. သူ့အသုံးချပါပြောသေးတာပဲနော..)
          ကွန်ဆာဗေးတစ်အများစုက..ရှေးစွန်းဆွဲအုပ်စုတွေက.. ဒီလိုလမ်းလွှဲပေးလိုက်မှ ဖြစ်တာကလား. :kwi: )

  • လေ ဒီ

    October 27, 2012 at 12:29 am

    လူမျိုးရေး ဘာသာရေး ဆိုတော့ တစ်ဦးတစ်ယောက်ထဲဖြေရှင်းနေလို ့ပြီးမှာမဟုတ်ပါဘူးလေ ။အဓိက ကတော့အမုန်းမီးတွေ မပြန် ့ဖို ့ပါပဲ…။

  • ဦးဦးပါလေရာ

    October 27, 2012 at 1:34 am

    ဒီမှာဆို မလွှဲသာမရှောင်သာ မတော်တဆ မီးလေးလောင်ရင်တောင် အချုပ်ထဲတန်းရောက်ပြီး ရှင်းလိုက်ရတဲ့ဖြစ်ချင်း…။
    လူနေအိမ်တွေကိုမီးရှို့တယ်ဆိုရင်တော့ ဘယ်သူကရှို့ရှို့ တစ်ခါထဲ ပစ်သတ်လိုက်ပါလား…။
    ရှို့နေတုန်းမမိရင်လဲ ဖိဖိစီးစီး တရကြမ်းဖမ်းဆီး နှီမ်နင်းလိုက်ပါလား…။
    အလကား ပေရှည်ပြီးမီးမြင့်လာအောင်စောင့်နေတယ်…။

    အဲဒါနဲ့ပဲ ရိုးရိုးသာမာန်လူတွေလဲ စိတ်ကြမ်းကိုယ်ကြမ်း ဆူပူတိုက်ခိုက်သူတွေဖြစ်..
    အလယ်အလတ်သမား သဘောထားပျော့ပြောင်းသူတွေလဲ ဒေါသဖြစ်ပြီးတင်းမာကုန်ရော..

    မွတ်ဆလင်ကုလားထဲမှာရော ရခို်င်နဲ့တခြားတိုင်းရင်းသားတွေထဲမှာရော
    အေးအေးချမ်းချမ်းနေထိုင်အသက်မွေးနေတဲ့ သာမန်ပြည်သူတွေအများကြီးရှိတယ်….။
    မဟုတ်သေးဘူး အဲဒီစကားမှားသေးတယ်…
    လူအများစုက အေးအေးချမ်းချမ်းနေထိုင်အသက်မွေးနေတဲ့ သာမန်ပြည်သူတွေဖြစ်တယ်…
    အခု သူတို့အသက်အိုးအိမ်စည်းစိမ်တွေ ဘဝနေထိုင်မှု့တွေအတွက်စိုးရိမ်နေရပြီ
    မတည်မငြိမ်ဖြစ်နေပြီ မရေရာတော့ဘူး
    ဒီတော့ဘာလုပ်ကြလိမ့်မလဲ….. ဘယ်လိုစိတ်တွေဖြစ်လာမလဲ……
    အေးဗျာ…. ကျုပ်ကတော့ ရွှေပြည်အေးသမားပဲဆိုဆို…
    ဟိုနေရာကကိစ္စတွေ ဟိုနေရာထက်ကျော်ပြီး ကျယ်ပြန့်မလာစေချင်တာအမှန်ပါပဲ…
    ကျုပ်အိမ်သာ ကျောက်ဖြူမှာရှိပြီး မီးရှို့ခံလိုက်ရရင်တော့… ကျုပ်ကိုယ်တိုင်ဒါးဆွဲဒုတ်ဆွဲလုပ်မိမှာပေါ့…
    ဒါပေမယ့် … အဲသလိုလုပ်မိရင်လဲ အဲဒါ သဘာဝအတိုင်းတုန့်ပြန်ခြင်းသာဖြစ်ပါတယ်။
    မှန်တဲ့တုန့်ပြန်ခြင်း၊ သင့်လျှော်တဲ့တုန့်ပြန်ခြင်း၊ အကျိုးရှိတဲ့တုန့်ပြန်ခြင်းလို့တော့ မဆိုနိုင်ပါဘူး….

    အဲဒီဒေသတွင်းက ပြည်သူတွေရဲ့ဒေါသတွေကို နားလည်စာနာပါတယ်..
    ဒါပေမယ့် အဲဒီဒေသအပြင်အထိ ကူးစက်မလာဘို့တော့ အလွန်အရေးကြီးပါတယ်…။
    အဲဒါဟာ ကျုပ်တို့ကိုယ်တိုင်ရဲ့ အနာဂတ်အတွက်သာမက
    ကျုပ်တို့ရဲ့နောင်လာနောက်သား သားစဉ်မြေးဆက် ရင်ဆိုင်ရမယ့် အနာဂတ်အတွက်လဲဖြစ်ပါတယ်…။
    ဒါ့ကြောင့် စိတ်ထိန်းနိုင်ခွင့်ရှိသေးတဲ့ ပြည်သူတွေ စိတ်ထိန်းကြစေချင်ပါတယ်…
    အမှန်စင်စစ်က မြန်မာတိုင်းရင်းသားတွေက ဟိုလူတွေထက် အရေအတွက်လဲ အလွန်နည်းပါတယ်
    ငွေကြေး စတဲ့ အစစအရာရာ အင်အားလဲ မယှဉ်သာပါဘူး..
    စည်းလုံးညီညွတ်မှု့မှာတော့ ပြောမနေနဲ့တော့….
    ဒါကြောင့် ကျုပ်တို့နိုင်ငံကို ဖိအားပေးဘို့၊ ကျုပ်တို့ကိုအပြစ်တင်ဘို့၊ တနေ့ကျုပ်တို့မြေကိုဖဲ့ယူဘို့
    ပြောစရာ ထောက်စရာ ဆင်ခြေပေးစရာ ရမသွားစေချင်ဘူး…….

  • padonmar

    October 27, 2012 at 1:45 am

    ငှက်ကထကြီးကတော့ ငှက်ကထကြီးပါပဲ။
    ကျမပြောချင်တာကို ကျမထက်ပိုပြီး ကွက်ကွက်ကွင်းကွင်း ရှင်းပြပေးသွားပါတယ်။

  • surmi

    October 27, 2012 at 10:07 am

    အစကတည်းက ပြဇတ်တစ်ပုဒ်လို ့ပဲမြင်ထားတယ်
    ပြဇတ်ဆိုတော့ ……… ဇတ်သိမ်းပိုင်းက ကြိုတင်ရေးပြီးသားပဲပေါ ့
    သံသယနေဲ ့ ကြည် ့တယ်ပဲဆိုဆို ကျနော်ကတော ့ဖြစ်ရိုးဖြစ်စဉ်လို ့မထင်ပါဗျာ။
    ပြောစရာတွေများပေမဲ ့ ပြောမကောင်းပါသဖြင် ့…………
    မီးမွှေးသူသာ ကိုယ်တိုင်ငြိမ်းပါမှ အေးမယ်ထင်ပါကြောင်း
    အဖြေရှိပြီးသား ပုစာ္ဆဖြစ်သဖြင် ့ ကျန်သောသူများ တွက်ချက်၍မဖြစ်နိုင်တော ့ပါကြောင်းးးးးးးးးး
    (ရွာထဲမရောက်နိုင်သေးလို ့အစ်မရေ )

    • padonmar

      October 27, 2012 at 3:47 pm

      ကိုဆာမိရေ
      ဟုတ်တယ်။ကြည့်ရတာ ပြဇာတ်ကြီးလိုပဲ။
      ဒါကို အသက်တွေနဲ့ရင်းပြီး ဝင်ကနေကြရတာ နှမျောစရာပါ။

  • Thu Wai

    October 27, 2012 at 10:30 am

    ကိုယ်တိုင် မကြုံရပဲ နဲ့ ကြုံနေရတဲ့သူတွေကို ရွှေပြည်အေးတရား ဟောနေလို့ အပိုပါပဲ ကိုယ်ကိုတိုင်ကကော ကိုယ့်မိသားစုကိုထိပါးလာရင် အဲလိုတွေးပြီးဘယ်နှစ်ကြိမ်လောက် ငြိမ်ခံနေမှာလဲ
    ကျွန်တော်က တော့ ဟန်မူရာဘီ ကိုယ်ဒ ဥပဒေ ပဲကြိုက်တယ် ကိုယ့်အမျိုးဘာသာ သာသနာကိုထိပါးလာတဲ့ သူတို့ကို တရားနဲ့ ငြိမ်ပြီး ခံကြည့်ပါလား လည်တောင်လာလှီးသွားအုံးမယ်။

    • padonmar

      October 27, 2012 at 3:54 pm

      ခင်မင်ရပါသော ကိုသုဝေရေ
      ကိုယ်တိုင်လည်းမကြုံချင်ပါဘူး။
      ကိုယ်နဲ့ပတ်သက်သူ မပတ်သက်သူတွေလည်း ဘယ်သူမှမကြုံစေချင်ပါဘူး။
      ရွှေပြည်ကြီး အေးစေချင်လို့ ရွှေပြည်အေးတရားဟောတယ်လို့ပဲသဘောထားပေးပါနော်။
      ဟာမူရာဘီကိုဓဥပဒေနဲ့ဆိုရင် အပေါ်မှာရေးထားတဲ့ ကာဠယက္ခိနီဇာတ်ပဲပြန်ကရပါလိမ့်မယ်။
      လေးစားလျက်
      ပဒုမ္မာ

  • kokothandar

    October 27, 2012 at 1:07 pm

    ဘယ်ဘာသာမှ လူသတ်ဖို့ လမ်းမညွှန်ပါဘူး တစ်အုပ်စုနဲ့တစ်အုပ်စု သတ်နေကြတာဟာ ဘာသာ အယူလွဲနေတဲ့ ဘာသာမဲ့ပမာ လူတွေရဲ့ လုပ်ရပ်ပါ။ဘာသာရေးမှာ သတ်ပွဲဆိုတာမရှိပါ။ တစ်ခြားဘာသာကို ရန်သူလိုမြင်တာတွေဟာ အသိမဲ့တဲ့ ဘာသာရေး ကိုးကွယ်မှုပါ။ ဘာသာမတူလို့ ရင်ဆိုင်သတ်ဖြတ်နေကြရင် ဘယ်ဘက်ကိုမှ မသနားပါ။

  • metallic

    October 27, 2012 at 3:08 pm

    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်……..။
    ယနေ့မှစပြီး လူသားအားလုံး အတိတ်မေ့ကြပါစေ…….။

    အထူးသဖြင့် မိရိုးဖလာကိုးကွယ်မှုများအားလုံး
    အကြမ်းဖက်စိတ်ဓာတ်
    အစွန်းရောက်မျိုးချစ်စိတ်
    လောဘ၊ ဒေါသ၊ မောဟ
    ငါမှအကောင်းဆုံး
    ငါ့လူမျိုးသာ အမြတ်ဆုံး
    ငါ့လိုအသားရောင်ရှိသူတွေက အတော်ဆုံး
    ဘယ်သူတွေဘာပြောပြော ငါသိတဲ့ ခင်တဲ့လူပြောတာကမှအမှန်
    ငါသိထားတာတွေက အမှန်တရားနဲ့အနီးစပ်ဆုံး
    စတဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးပါစေ…..။

  • ရွာစားကျော်

    October 27, 2012 at 7:38 pm

    တို့ မေတ္တာစွမ်း ကမာ္ဘလွှမ်း ငြိမ်းချမ်းကြပါစေ…
    အနောက်အရပ်မှာရော မြောက်အရပ်မှာရော အေးချမ်းကြပါစေ…

  • အရီးခင်လတ်

    October 27, 2012 at 9:17 pm

    ကိုသုဝေ စလိုက်တဲ့ ဟာမူရာဘီကိုဓဥပဒေ ကနေ အတွေးတွေထပ်ပေါ်လာလို့ ပါ။

    အဲဒီ ဥပဒေ တွေက ဟိုးရှေးရှေးကထဲ က အဲဒီ ခေတ်က လူတွေ လိုက်နာဖို့ ချမှတ် ထားတာတွေ မဟုတ်လား။
    သူ့ခေတ်သူ့အခါ နဲ့ ကိုက်ညီကောင်းကိုက်ညီခဲ့မှာ ဖြစ်ပေမဲ့ လက်ရှိအခြေအနေ နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခဲယဉ်းလာတာတွေ အများကြီးရှိလာပါတယ်။
    ဒီတော့ သက်ဆိုင်ရာတာဝန်ရှိသူ များကနေ ပညာဉာဏ်နဲ့ ယှဉ်ပြီး ပြောင်းလဲမှုတွေ လုပ်ပေးဖို့ လိုလာမှာ အမှန်ပါဘဲ။

    ကျွန်မ နားလည်သလောက်ဆိုရင် ….
    (မှားနိုင်ပါသည်၊ အမှားမြင်က ထောက်ပြပေးလျှင် အလွန်ကောင်းပါမည်)
    အစ္စလာမ်ကျမ်းစာ ပါ God နဲ့ ခရစ်ယာန်ကျမ်းစာရဲ့ God က အတူတူလို့ ဆိုပါတယ်။
    ဘုရားသခင်က ပို့လိုက်တဲ့ စာအုပ် ၄အုပ် Torah၊ Zabur (Psalms)၊ Injeel (Bible)၊ Quran မှာ Bible ကို လူတွေက နေ ပြန်ပြင်ခဲ့တယ် တဲ့။
    အဲဒီ လူတွေက ပြန်ပြင် ခဲ့တဲ့ Bible မှာလဲ Old Testament နဲ့ New Testament ဆိုပြီး ထပ်ကွဲပါသေးတယ်။
    Old Testament ကိုအခြေခံပြီး ရေးထားတဲ့ New Testament မှာ forgiveness လို့ခေါ်တဲ့ ခွင့်လွှတ်ခြင်းတွေ ပိုအသားပေးပြီး love နဲ့compassion အကြောင်းတွေ အများကြီး ပါလာတယ်လို့ ဆိုပါတယ်။
    Old Testament မှာက ဥပဒေတစ်ခု လို ဒါလုပ် ရင် ဒီလို အပြစ် ရမယ်လို့ ကလေးများ ကို ထိန်းချုပ်သလို ဖြစ်နေတယ် လို့လဲ ဆိုပါတယ်။
    New Testament မှာတော့ တာဝန်ကို သိတတ်အောင် ဆွဲဆောင်မှု သဘောရှိပါတယ်တဲ့။

    “a life for a life, an eye for an eye, a nose for a nose, an ear for an ear, a tooth for a tooth, an equal wound for a wound” ဆိုတာ
    Bible ရဲ့ Old Testament မှာရော၊ Quran မှာရောပါပြီး ဒီနေ့ Bibleမှာတော့ အဲဒီ နေရာမှာ forgiveness ဝင်လာပေမဲ့ Quran ကတော့ ရှေးကထဲက ဒီအတိုင်းလို့ ဆိုနိုင်မလားဘဲ။ ဒီအတိုင်း ဆက်ကျင့်သုံးနေဆဲ။

    ပြသနာ က ဒီနေ့ ခေတ် လူမှုနေထိုင် ပုံစံတွေ နဲ့ အရင် ခေတ်ပုံစံ တွေ ဟာ အများကြီး ကွာခြားလာတာပါဘဲ။
    အဲဒီ အချိန်မှာ စာအုပ်ထဲမှာ မရှိတဲ့ အခြေအနေ တွေ ဖြစ်လာချိန် စာအုပ်အတိုင်း တရားစီရင်ဖို့ ခဲယဉ်း လာပါတယ်။
    ဒီတော့ တရားဟောဆရာတွေ ရဲ့ လက်ထဲ အမိန့် အာဏာ ရလာပါတယ်။
    တရားဟောဆရာ မှာတောင် မုတ်ဆိတ်မွေး အရှည်အတို ပေါ်မှာ ပါဝါ က တည်မှီပါသေး တယ် လို့ကြားဖူးတာဘဲ။ အတည်တကျသတ်မှတ်ထားတဲ့ Rules တွေမရှိဘဲ လူကနေ တရားစီရင်တဲ့ အခြေ အနေ ကို တည်မှီထားတာမို့ ဘက်လိုက်မှုတွေ၊ အာဃာတတွေ၊ က ရှေ့ရောက်နေတာ မဆန်း ပါဘူး။ ဝမ်းနည်းစရာကောင်းတာက အဲဒီဘာသာရေးခေါင်းဆောင်တွေ ရဲ့ အစွန်းရောက်စိတ်ဓာတ် တွေဟာ ကောင်းတဲ့ ဘက်ကို မရောက် ဘဲ ဆိုးတဲ့ ဘက် ကို ရောက်နေတာပါဘဲ။ လူ တစ်ယောက် သူတို့ဘာသာ ကို စော်ကားတာနဲ့ အဲဒီလူမျိုး မှန်သမျှ သတ်ပြစ်ရမယ် တွေ ဖြစ်ကုန် တာပါဘဲ။

    ဒါကို လဲ တော်ရုံ အာမခံရဲ တာကလဲ အံမဝင်တော့တဲ့ လူတွေကို ဖိနှိပ်ထားတဲ့ ရှေးကျမ်းစာ ကို လက်ခံ နေကြတုန်းမို့ပါဘဲ။ ပါကစ္စတန်က မိန်းကလေးငယ်လေး Malala တောင် မှ ရှေးရိုးစွဲအယူအဆ မိန်းကလေးပညာမသင် ရေး အယူ ကို ဆန့်ကျင်ဖို့ ကြိုးစားရဲ သေးရင် ကမ္ဘာအနှံ့ နေနေတဲ့ တစ်ခြား ခေတ်ပညာတတ် လူရွယ် တွေ ဘာလို့ မျက်စိမပွင့် ဘဲ ငုံ့နေကြသလဲ ဆိုတာ အံ့ဩမိပါတယ်။
    ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က rule of law ဆိုတာ ကို အမြဲရှေ့တန်းတင် ပြောနေတာပါ။
    အလကား မဟုတ်ပါဘူး။
    တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ တွေမှာ ဘာကမှ ဥပဒေ ကို ကျော်လို့မရပါဘူး။ မကျော်နိုင်အောင်လည်း ထိန်းထားပေးတဲ့ အချက်တွေအများကြီးရှိပါတယ်။

    တကယ်တော့ ယုံကြည်ရာ ဘာသာကို ပယ်ဖို့ မဆိုလိုပါဘူး။
    လူသားချင်းစာနာထောက်ထားရေး၊ အခွင့်အရေးတူညီမှု ရရေး တွေကို ရှေ့တန်း တင် လာတဲ့ ခေတ်အခါနဲ့ မညီတော့ တဲ့ အချက်တွေ ကို ပြင်ပစ်လိုက်ဖို့ သတ္တိရှိမှသာ ကိုယ့်ရဲ့ သားစဉ်မြေးဆက် လူတောထဲ မှာ ဝင်ဆန့် မှာပါ။

    အဲဒီအချက်လေး ကို သတိပြုပီး သေသေချာချာ စဉ်းစားသင့်ပါတယ်။
    ကျွန်မ ဒီစာ ကို ရေးတာ သူများဘာသာ ကို နှိမ့်ချလိုစိတ် လုံးဝ မရှိပါဘူး။
    ဒါပေမဲ့ အာဏာရှင်ဆန်ဆန် ဘာသာရေး ကို ကိုင်တွယ် ထားပြီး မီးထိုးပေးနေတဲ့ အစွန်းရောက်ခေါင်းဆောင်တွေ နောက်ကို လိုက်သင့်/မသင့် တွေးကြည့်ပါ။
    မျက်စိကိုဖွင့်ကြည့်ပါ။ ကိုယ့်ဘာသာကို အများလေးစားအောင် ကြိုးစားပေးလိုက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

    တကယ်လို့ ကျွန်မ ပြောတာ လွဲနေခဲ့ရင် အေးချမ်းစွာ ဝင်ပြီး ဆွေးနွေးလို့ရပါတယ်။

    ကမ္ဘာမြေပေါ်မှာ ရပ်တည် နေရချိန်လေးအတွင်းမှာ လူမျိုး၊ ဘာသာ အားလုံး တူညီ တဲ့ ချစ်ခြင်းတရားနဲ့ အပြန်အလှန်အမှီပြုပြီး ကိုယ်ယုံကြည်ရာ ကိုးကွယ်နိုင်ပါတယ်။
    အပြန်အလှန် လေးစား၊ စာနာ၊ ထောက်ထား ဖို့သာလိုပါတယ်။
    အဲဒီ အတွက် အားလုံးကနေ အမုန်းမီးတွေ ကို ကြိုးစားပြီး ငြိမ်းပေးဖို့ အစ်မပဒုမ္မာ လိုဘဲ ကျွန်မလဲ ဆန္ဒပြုပါတယ်။

    လူမျိုးဘာသာ အားလုံး စိတ်ချမ်းသာပျော်ရွှင် ပြီး အချင်းချင်းမေတ္တာ ရှေ့ထားနိုင်ကြပါစေ။

    • padonmar

      October 27, 2012 at 11:01 pm

      မလတ် အားဖြည့်ဆွေးနွေးပေးတဲ့ အားရပါးရ ကွန်မန့်အတွက် ညီအမချင်းပေမယ့် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
      အမက အညာသားဝေဖန်သလိုပဲ သူများဘာသာကို လေ့လာမှုအားနည်းပါတယ်။
      သမ္မာကျမ်းစာဟောင်းနဲ့ ကျမ်းစာသစ်အကြောင်းလေးတွေ ရေးပြတာ ဗဟုသုတ အများကြီးရတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်။
      ကျမတို့တိုင်းပြည်ထဲက ဘယ်ဘာသာဝင်မဆို အစွန်းရောက်အကြမ်းဖက် မဖြစ်သွားစေရေး သတိထားကြစေချင်တာပါပဲ။
      ပြည်ပရန်ဆိုရင် ကမာ္ဘ့အလယ်မှာ သိသိသာသာဟန့်တားလို့ရပါတယ်။
      ပြည်တွင်းက ကိုယ့်အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးခွပ်ခိုင်းနေတဲ့ လုပ်ရပ်ကို သတိမထားပဲ ရန်မီးကိုသယ်ဆောင်နေကြရင် နစ်သထက်နစ်ပါလိမ့်မယ်။

  • kks240979

    October 27, 2012 at 9:55 pm

    အတော်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိတ်ကူးတစ်ခုကို တင်ပြလာတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် padonmar ။ သို့ပေမယ့် စဉ်းစားစရာ တစ်ခုရှိတာက ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းဆိုတာ တစ်ဘက်တည်းက တည်ဆောက်ပြနေရုံနဲ့ ရတာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် တူညီတဲ့ သဘောထား၊ အတွေးအမြင်၊ ချဉ်းကပ်မှု ရှိရမှာပါ။
    ရခိုင်အရေးအခင်းမှာတော့ ဒီလို အခြေအနေမျိုး ရှိလာနိုင်စရာ မမြင်ဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။
    နံပါတ်(၁) အချက်ကတော့ ဘင်္ဂါလီတွေ ရခိုင်ဒေသကို ဘယ်လို ရောက်ရှိခဲ့လဲ၊ ဘယ်လို နယ်မြေ စတင်ချဲ့ထွင်ခဲ့လဲ ဆိုတာတွေကို ထည့်တွက်ရပါမယ်။ ရခိုင်တွေကို ဘူးသီးတောင်၊ မောင်တောဒေသမှာ ခြေချစရာမရှိအောင် လုပ်ဆောင်ခဲ့တဲ့ သူတို့ရဲ့လုပ်ရပ်တွေဟာ ဘယ်တော့မှ ဖျောက်ဖျက်မရတဲ့ သမိုင်းမှတ်တမ်းတွေဖြစ်နေပါတယ်။
    နံပါတ်(၂) အချက်ကတော့ စစ်အာဏာရှင်ခေတ်မှာ ငွေကိုရေလိုသုံးကာ အာဏာပိုင်ကို ပေါင်းပြီး ရခိုင်တိုင်းရင်းသားတွေကို နှိပ်စက်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း ဒုနဲ့ဒေးပါ။ အနာတောင် မကျက်ချင်သေးပါဘူးလို့ပဲ ပြောပါရစေ။
    နံပါတ်(၃) အချက်ကတော့ ပြောရရင် ဓါတ်ပြားဟောင်းကြီးဖွင့်သလို ဖြစ်နေမယ့် အစ္စလာမ် ဘာသာရေးပါပဲ။ အတွေးအခေါ်ရှိတဲ့ ပညာတတ်အများစုက coexistence လို့ခေါ်တဲ့ အေးချမ်းစွာယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အခြေအနေကို လက်ကိုင်ထားပေမယ့်၊ ဘာသာရေးခေါင်းဆောင်လို့ အမည်ခံထားတဲ့ အီရန်က ခါမေနီ လို လူ့တိရစာ္ဆန်တွေကတော့ ကမ္ဘာကို အစ္စလာမ်မှု ပြုဖို့ ကြိုးစားနေဆဲဆိုတာ မေ့ထားလို့မရပါဘူး။ မိမိကိုးကွယ်တဲ့ဘာသာကို ပြန့်ပွားအောင်ပြုတာဟာ ဆန့်ကျင်စရာမဟုတ်ပေမယ့် အစ္စလာမ်တွေရဲ့ ဘာသာဖြန့်မှုက ယောက်ျားဆိုရင် သတ်၊ မိန်းမဆိုရင် မတရားပြုကျင့်ပြီး မျိုးဆက်ပြန့်အောင်လုပ်ဆိုတဲ့ ကြောက်မက်ဖွယ် ဘာသာဖြန့်နည်းကိုတော့ ဘယ်သူမှ လက်ခံနိုင်မယ် မထင်ပါဘူး။ အခု ဘင်္ဂါလီကိစ္စမှာလဲ သူတို့ရဲ့စနက် မကင်းဘူးဆိုတာ သေသေချာချာ လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ဘင်္ဂါလီတို့ရဲ့ လူဦးရေပေါက်ကွဲမှုက ရခိုင်လူမျိုးတွေကို နယ်မြေချုံ့ပစ်နေပါပြီ။ ဘင်္ဂါလီတွေ ဒီအတိုင်းဆက်ရှိနေရင် မကြာခင် မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်ကို လက်လွှတ်ရပါလိမ့်မယ်။ ဘင်္ဂါလီတွေဟာ ရခိုင်ပြည်ကို အစ္စလာမ်မစ်ပြည်နယ် အဖြစ် ထူထောင်ဖို့ တော်လှန်တိုက်ခိုက်ခဲ့ဘူးတာကို မေ့မထားသင့်ပါဘူး။ တစ်ချိန်က အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား နိုင်ငံတွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ခဲ့ပြီး အစ္စလာမ်မစ်တွေရဲ့ ဘာသာရေးနယ်ချဲ့မှုကို သတိမမူခဲ့လို့ ဗုဒ္ဓဘာသာဝင်ဆိုတာ ပျောက်သလောက် ဖြစ်နေပါပြီ။ ဒါတွေဟာ မြန်မာနိုင်ငံအတွက် နမူနာယူစရာတွေ ဖြစ်နေသင့်ပါတယ်။ ရခိုင်တို့ရဲ့ ဆုံးရှုံးမှုသည် မြန်မာတို့ရဲ့ ဆုံးရှုံးမှု၊ မြန်မာတို့ရဲ့ ဆုံးရှုံးမှုသည် ဗုဒ္ဓဘာသာရဲ့ ဆုံးရှုံးမှုဖြစ်လာပါလိမ့်မယ် ဆိုတာကို သတိပေးရင်းနဲ့ပဲ ရခိုင်အရေးသည် အနိုင်(သို့)အရှုံး ပေါ်လွင်မှသာ ပြီးပြတ်မယ့်ကိစ္စတစ်ခုသာဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      October 27, 2012 at 10:07 pm

      ဘင်္ဂါလီတွေ ရခိုင်ဒေသကို ဘယ်လို ရောက်ရှိခဲ့လဲ၊ ဘယ်လို နယ်မြေ စတင်ချဲ့ထွင်ခဲ့လဲ
      ဆိုတာတွေကို ထည့်တွက်ရပါမယ်။
      ……………………………………………
      မိမိကိုးကွယ်တဲ့ဘာသာကို ပြန့်ပွားအောင်ပြုတာဟာ ဆန့်ကျင်စရာမဟုတ်ပေမယ့်
      အစ္စလာမ်တွေရဲ့ ဘာသာဖြန့်မှုက ယောက်ျားဆိုရင် သတ်၊ မိန်းမဆိုရင် မတရားပြုကျင့်ပြီး
      မျိုးဆက်ပြန့်အောင်လုပ်ဆိုတဲ့ ကြောက်မက်ဖွယ် ဘာသာဖြန့်နည်းကိုတော့
      ဘယ်သူမှ လက်ခံနိုင်မယ် မထင်ပါဘူး။
      ……………………………………………..

    • padonmar

      October 27, 2012 at 11:18 pm

      kks240979 ရေ
      ခုလို ပြေပြေလည်လည်ဆွေးနွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
      ဗုဒ္ဓဘာသာရဲ့ ဆုံးရှုံးမှုဆိုတာ မဖြစ်စေချင်ရင် ကိုယ့်ရဲ့ ခံတပ်ဖြစ်တဲ့ ဘာသာရေးအသိ၊ဘာသာရေးသတိ အမြဲရှိကြဖို့လိုပါတယ်။
      မင်းကွန်းဆရာတော်ကြီးရဲ့ ဘာသာခြားဆိုင်တွေ အားမပေးပဲ ကိုယ့် ဗုဒ္ဓဘာသာချင်းသာ အားပေးကြပါဆိုတဲ့ ဆုံးမစကားဟာ အနှစ် ၂ဝ ကျော်ကြာခဲ့ပါပြီ။ အရေးရှိမှ သတိရကြပြီး ကျန်အချိန်မှာ မေ့သွားကြတာတွေကြောင့်သာ ဆုံးရှုံးနေကြရတာပါ။
      သူများဖျက်လို့ ပျက်တာထက် ကိုယ်မရိုသေလို့ ပျက်တာက ပိုမြန်ပါတယ်။
      ……………….
      အနိုင်အရှုံးပေါ်မှပြတ်မယ်ဆိုရင်သူ့ဖက်ကိုယ့်ဖက် နောက်ထပ် အသက်တွေဘယ်လောက်များ စတေးလိုက်ရင် ပြတ်မယ်ထင်ပါသလဲ။
      လေးစားလျက်
      ပဒုမ္မာ

  • padonmar

    October 28, 2012 at 1:01 am

    သူကြီးနော်
    နောက်ရက် ကျမကို ရွာထဲတွေ့ရသေးရဲ့လားလို့ စစ်အုံး။

    • kai

      October 28, 2012 at 1:08 am

      ( မဟုတ်လည်း.. ဆောတီး..ဘဘကြီးတို့..။
      တိုင်းပြည်ငြိမ်းချမ်းလာဖို့.. နာမယ်အသုံးချခံလိုက်ရတယ်ပဲမှတ်ပါ..။ (ဒေါ်စုတောင်.. တိုင်းပြည်အတွက်ဆို.. သူ့အသုံးချပါပြောသေးတာပဲနော..)
      ကွန်ဆာဗေးတစ်အများစုက..ရှေးစွန်းဆွဲအုပ်စုတွေက.. ဒီလိုလမ်းလွှဲပေးလိုက်မှ ဖြစ်တာကလား. :kwi: )

      အဲလိုလေးရေးထားပေးတယ်လေ…
      သူတို့တွေ..တိုင်းပြည်ချစ်ပါတယ်..။ ချစ်လို့စစ်သားလုပ်နေတာလို့.. ခဏခဏပြောသံကြားဖူးတာပဲ..
      . ကျုပ်ရဲ့..လမ်းလွှဲလက်ခံကြမှာပါ..။ လက်ခံပြီး..
      နိုင်ငံပိုင်သတင်းစာထဲထည့်ချင်ထည့်ဦးမှာ.. တဲ့.. :kwi:

  • Foreign Resident

    October 28, 2012 at 1:01 am

    အဘ မလဲ ၊
    ကိုယ့်ခရီးသွားဆောင်းပါးနှင့်ကိုယ်ရှုပ်နေတာနှင့် ဝင်မမန့်ဖြစ်ဘူး ။
    တိုတို နှင့် လိုရင်းပြောမယ်နော် ။

    အဘ သိထား / ရထား တဲ့ သတင်းတွေအရ လွန်တဲ့ အဖွဲ့ / လူမျိုး / ဘာသာ က ၊
    ပြည်သူပြည်သား အများစုကြီး စိတ်ကူးနှင့် ထင်နေတဲ့ အဖွဲ့ / လူမျိုး / ဘာသာ မဟုတ်ဘူး ။
    အဲဒီအချက်ကို အစိုးရကော ၊ အမေစုကော ၊ စစ်တပ်ကော ၊ ၈၈ ကျောင်းသားကော သိပြီးသား ။
    နိုင်ငံရေးအရ လူထု ထောက်ခံမှု ကျမှာစိုးလို့ တတ်နိုင်သမျှ အမှန်ကို မပြောသေးပဲ အချိန်ဆွဲနေတာ ။
    သို့ပေမယ့် တနေ့နေ့ တစ်ချိန်မှာ အမှန်တရားက ပေါ်လာတော့မယ် / ပြောရတော့မယ် ။
    အမှန်က ၊ အမေစု ( NLD ) က လူမုန်းမယ့်ကိစ္စမို့လို့ အစိုးရ ကို ရှေ့ကထွက်ခိုင်း / တွန်းနေတာ ။

    အခုအချိန်မှာတော့ ၊ ဦးသိန်းစိန် ခမျာ အစိုးရဖြစ်နေတဲ့အတွက် ၊ သူက စပြောရတော့မယ် ။
    စစ်တပ် ကလည်း နိုင်ငံသား အချင်းချင်း ၊ လူ အချင်းချင်း ဖြစ်တဲ့ ကိစ္စမှာ Action ယူရတော့မယ် ။
    အခုလည်း ၊ စပြီး Action ယူနေပါပြီ ။ arakantimes news မှာ ဖတ်ကြည့်ကြပါ ။
    ” ကျောက်တော်မြို့နယ်တွင် စစ်တပ်မှ ပစ်ခတ်သောကြောင့် ရခိုင် (၈) ဦး သေဆုံး ”

    ကောင်းမွန်တဲ့ အကြံဉာဏ်ပေးရရင်တော့ ၊ အားလုံး ချက်ချင်း ရပ်ကြပါတော့ ။
    နို့မို့ရင် ၊ ညီနောင်တွေဖြစ်တဲ့ ရခိုင် ဗုဒ္ဓဘာသာတွေ အပစ်ခံရတော့မယ် ။

    အဆိုးဆုံး အချက် ( အဆိုးဆုံး အချက် ) က ၊ ကိုယ့်ရဲ့ အစွန်းရောက်မှုတွေကြောင့် ၊
    စစ်တပ် ၊ အစိုးရ နှင့် အမေစု ကို ဘင်္ဂ ါလီတွေဖက်ကရပ်အောင် တွန်းပို့နေသလိုဖြစ်နေတယ် ။
    အမြင် မတိမ်ကြပါနှင့် ၊ အခုလောက်ဆို တော်လောက်ပါပြီ ၊ တော်ကြပါတော့ ။

Leave a Reply