Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသဲကွဲဖူးလား

thureinmaungOctober 31, 20121min73725

စွန့်ပစ်ခံရခြင်း၊
အထီးကျန်ဆန်ခြင်း၊
တန်ဖိုးမဲ့သလိုခံစားရခြင်း
အရှုံးပေးလိုက်ရခြင်း
မျှော်လင့်ချက်ကင်းမဲ့ခြင်း
အဲဒါတွေကိုအားလုံးစုပြုံပြီးခံစားရတာဟာ
တော်တော်ခံရခက်ပါတယ်၊ပူလောင်ပြီး နေရလဲတော်တော်ခက်တာဘဲဗျာ..
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး၊ဘေးလူအတွက် လှောင်ပြောင်စရာဖြစ်
ပေမယ့်တကယ်ခံရတဲ့သူက တော်တော်ဆိုးဝါးတဲ့အခြေနေဘဲဗျ…

ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေဝေမျှပေးကြဦးလားဗျာ…

25 comments

  • myanmarcitizen

    October 31, 2012 at 4:37 pm

    ပက်ပက်စက်စက်ကြီးကို ကွဲဘူးတာပေါ့ကွယ် 🙂 ပြောရရင်လဲ ကိုယ့်အကြောင်းတွေ အကုန်ပေါ်တော့မှာ မို့လို့မပြောတော့ပါဘူး။
    စိတ်လဲသိပ်ညစ်မနေပါနဲ့။ ဒါတွေကအချိန်ကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ။
    လာသွားကြရအောင်ဗျာ အရက်ဆိုင်ကို … အသဲကို အရက်နဲ့စိမ်လိုက်ရင် ပြန်ဆက်သွားတယ်တဲ့ …
    🙂

  • jullies cezer

    October 31, 2012 at 4:49 pm

    အချိန်က ကုစားပါလိမ့်မယ် အကျိုးရှိမဲ့စာ စိတ်ဓါတ်တက်ကြွမဲ့စာ
    တွေဖတ်ပေါ့ တခြားပရဟိတအလုပ်တွေလုပ်ရင်း စိတ်ကိုနှစ်ထား
    ကြည့်လိုက်ပါလားကိုယ့်အတွက်လုပ်နေတယ်သဘောမထားဘူး
    သူများအကျိုးအတွက်လုပ်တာဆိုတဲ့စိတ်ကလေးနှစ်ပြီးလုပ်ကြည့်ပါလို့
    အကြံပေးချင်ပါတယ် ………

  • ရွှေ ကြည်

    October 31, 2012 at 6:34 pm

    ငိုချင်ရင်ငိုသာပစ်လိုက် (တယောက်တည်းရှိတဲ့အချိန်ပေါ့) ပြောချင်တာတွေပြောပြီး ငိုပစ်လိုက်။
    ယေက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ငိုချင်တဲ့အခါရှိတာပဲ ငိုသာငို :harr: (မငိုချင်ရင်တော့တမျိုးပေါ့)
    သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပါ။ အရင်းနှီးဆုံးသူငယ်ချင်းကိုရင်ဖွင့်ပါ။
    ညအိပ်ကာနီးရင်ဘုရားရှိခိုးပါ ပုံတော်ကိုဖူမြှော်ရင်း ဘုရားရှင်ရဲ့အေးချမ်းခြင်းကို စိတ်မှာမှန်းပြီးကူးယူပါ။
    ပျော်ပျော်နေတတ်သူတွေနဲ့စကားပြောပါ။
    စိတ်နည်းနည်းငြိမ်သွားပြီဆိုရင်တော့ အလုပ်ကိုဇောက်ချလုပ်ပေတော့..။ ဒါပေမယ့် လေးဖြူရဲ့စာမျက်နှာဘယ်လောက်ဆိုလား အဲဒီလိုလေးတော့ဖြစ်တတ်တယ်။
    အရှိကိုအရှိအတိုင်းခံစားလိုက်ပါ..။ အချိန်ဆိုတဲ့မရိုးနိုင်တဲ့ဆေးကိုပဲအားကိုးပါလို့..။
    အဲ ဒီလောက်ပဲပြောတတ်တော့တယ်..။ 😆

  • cobra

    October 31, 2012 at 7:40 pm

    ငိုလိုက်တာဟာစိတ်အချမ်းသာဆုံးပါပဲ။
    အရက်ကိုမူးနေအောင်သောက်လိုက်တ သီချင်းတွေဆိုလိုက်
    ပြီးရင်ငိုချလိုက် ကျွန်တော်ဆိုသူငယ်ချင်းတွေရဲ ့ရှေ့မှာငိုမိသွားတာ
    စိတ်ထဲတော့ပေါ့သွားတာပေါ့။
    အချိန်ကကုစားတယ်ဆိုတာလည်းကြာဦးမှာပါ ကျွန်တော်ဆို ၁၂လပိုင်းဆိုရင်ပြတ်တာ၁နှစ်ပြည့်
    တော့မယ် ခုချိန်ထိသတိရတုန်းပဲ တိုကဆိုင်မှုရှိရင်ပိုဆိုးတယ်။
    မကောင်းပါဘူးဗျာ……………………။ ခုတောင်သတိရနေပီ။

  • pazflor

    October 31, 2012 at 7:51 pm

    အကောင်းဆုံး အမြန်ဆုံးကတော့ နောက်တစ်ယောက်ကို မြန်မြန်ရှာလိုက်ခင်ည

  • thureinmaung

    November 1, 2012 at 7:48 am

    နည်းလမ်းတွေတော့အစုံဘဲ၊ အိပ်ယာပေါ်မှာပက်လက်အိပ်ပြီးတစ်ယောက်တည်းကြိတ်ငို
    ပလိုက်တယ်၊၊
    လူတိုင်းကိုပြောလို့လဲကောင်းမယ်မထင်လို့နှုတ်အေးပြီးနားထောင်တတ်တဲ့သူငယ်ချင်း
    တစ်ယောက်ကိုတော့ဖွင့်ပြောဖြစ်ပါတယ်။
    အရက်နဲ့ကွဲနေတာကိုပြန်ဆက်ဘို့ကျတော့အမေဆူမှာစိုးတာရယ် ကျွန်တော့်မျက်နှာ ခိုးစားရင်
    အရမ်းသိသာတာရယ်ကြောင့် မသောက်ဖြစ်ဘူး၊။
    နာကျည်းရမဲ့ဟာတွေနဲ့လည်းအစားထိုးနိုင်အောင်ကြိုးစားနေသလို၊ကျန်တဲ့နည်းတွေလည်း
    လုပ်နိုင်သလောက်ကြိုးစားကြည့်ပါဦးမယ်
    ဝိုင်းဝန်းကူညီပေးတဲ့စေတနာတွေအတွက်အရမ်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…

  • Mon Kit

    November 1, 2012 at 9:04 am

    အချိန်က ကုစားသွားလိမ့်မယ်… သူက သမားတော်ဘဲကွယ့်… တရုတ်လူမျိုး အချိန်ကို ပြောထှာ ဟုတ်ဝူးနော်….. တိုင်မ်း ကို ပြောထှာ…. ဟိ… နောက်တာပါကွယ်…..
    သူ့ထက်သာမဲ့သူနဲ့ တွေ့လာမှာပေါ့… ကိုယ့်အချစ်နဲ့ မထိုက်တန်ဘူးလို့ဘဲ တွေးထင်လိုက်ပါ…
    အချစ်မှာ အရူံးဆိုတာ မရှိပါဘူး….. နေသာသလို နေပစ်လိုက်ပါ…….
    ကဲ အားပေးသွားဒယ်နော်………… :hee:

  • nicolus agral

    November 1, 2012 at 10:17 am

    ဆေးပညာမှာတော့အသည်းဆဲလ်က stable cell လို ့သင်ရတယ်
    အရေပြားဆဲလ်တို ့လိုနေ ့တိုင်းအသစ်မဖြစ်ပေမဲ့ ပျက်ဆီးသွားတဲ့ဆဲလ်နေရာမှာ အသစ်ပြန်မွေးပေးတယ်
    အသည်းတခြမ်းလောက် သူများပေးလိုက်လဲ ကျန်တဲ့တခြမ်းကနေအခှိန်တခုအတွင်းမှာ အရင်လိုပြန်ပြည့်သွားနိုင်တယ် ။
    တခုလုံးတော့မပေးလိုက်နဲ ့ပေါ့ဗျာ။
    ( ဟီး…..ကျွှန်တော်ကြိ ုက်နေတဲ့ကောင်မလေးကို တရုတ်တကောင်ဖြတ်ခုတ်သွားကတဲက တရုတ်ဆိုအသေမုန်းတာ ။ အမျိုးတော်တဲ့ တရုတ်တွေတောင် ခပ်တန်းတန်းပဲ )

  • လုံမလေးမွန်မွန်

    November 1, 2012 at 10:50 am

    လုံမကိုယ်တွေ့ပြောမယ်ရှင်…
    (၁) အသည်းကွဲသီချင်းဖွင့်ပြီး အားရပါးရကို အော်ငိုပစ်လိုက်…ဟိုသီချင်းထဲကလိုပေါ့.. “ငါဝအောင်ငိုလိုက်မယ်..ဒီနေ့တစ်ရက်တည်းငိုမယ်..” ဆိုပြီးလေ…
    (၂) အစားများများစားပါ… ဖြစ်နိုင်ရင် တရစပ်နီးပါးကိုစားပါ..အစားနဲ့ ပါးစပ် မပြတ်ပါစေနဲ့…
    (၃) လှတပတလေးနေပါ… ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ပြင်ဆင်ပါ…
    (၄) စာရေးစာဖတ်လုပ်ပါ..

    (၁) ကို လုပ်ပြီး (၂)၊ (၃)၊ (၄) တွေမှာ အာရုံစိုက်လိုက်ရင် အသည်းကွဲနေဖို့ အချိန်မရှိဖြစ်သွားပါလိမ့်မယ်..အစားစားခြင်းဖြင့် ပိုဝလာပြီး အလှပြင်ခြင်းဖြင့် ပိုကြည့်ကောင်းလာနိုင်ပါသည်။ အသည်းကွဲသော်လည်း ခံစားမနေရပဲ ပိုစိတ်ချမ်းသာနေသည်ဟုတောင် ဖြစ်သွားနိုင်ပါသည်။
    :kwi:

  • candle .

    November 1, 2012 at 11:00 am

    အသဲ..လား….
    အသေအချာ ကိုကွဲခဲ့ဖူးတာပေါ့….( ဒါပေမဲ့ ကိုယ်ကထားခဲ့ပြီး ကွဲတာနော် )….
    အချစ် သစ်တွေ ့တော့မှ အရင်လူကို တကယ်မချစ်ပါလား ဆိုတာ သိသွားတာ….
    ဘာကြောင့်လဲဆိုတော့ သူ ့ထက်ပိုပြီး အဆပေါင်းများစွာချစ်မိလို ့ဘဲ….အချစ်စစ်ကိုတကယ်တွေ ့မိသွားလို ့ဘဲ….
    အားမငယ်ပါနဲ ့…. : )

  • ရွာသူ jujuma .

    November 1, 2012 at 11:13 am

    အသဲလား ကွဲဖူးသလိုလိုပါ ( ကိုယ့်ဘာသာ မကွဲအောင် ပြန်ဆက်ခဲ့ဒယ်)
    နောက်တာပါဂျာ … . သူ့ဘာသာနေတဲ့အသဲက .. ကွဲစရာလားဗျာ

    အသဲလား မကွဲဖူးဘူးဗျ ( အသဲကြီးသာကွဲသွားရင် သေတော့မပေါ့ ) :kwi:

  • ကိုခင်ခ

    November 1, 2012 at 11:21 am

    အသဲကွဲတယ်ဆိုတာ စိတ်ခံစားမှု့ကို ထိန်းထားနေလို့ပါ။
    ထိန်းမထားဘဲ အခြားအာရုံတစ်ခုခု ပြောင်းပြီးနေကြည့်လိုက်ပါ၊
    အေးဆေးဖြစ်သွားပါလိမ့်မယ်၊ ဥပမာ- သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြောဆိုနေလိုက်တာတို့၊
    စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းပြုနေတာတို့၊ အားကစားတစ်ခုခု လောလောဆယ် တစ်စိုက်မက်မက် လုပ်နေတာတို့ပေါ့။ အသဲကွဲတာတဲ့စိတ်ကို ခံစားပြီးရေရှည်စေတာ လူပျော့တွေလုပ်တာမို့ တစ်ယောက် မရ နောက်တစ်ယောက်ပြောင်း ချစ်လိုက်ပါလေ။

  • may maylay

    November 1, 2012 at 11:28 am

    အသဲကွဲပီဆိုတာနဲ့ လူရှင်းတဲ့နေရာမှာ အားရပါးရ ငိုချလိုက်။
    ကိုယ်အရမ်းခင်တဲ့သူကို ဖွင့်ပြောပစ်လိုက်။(သူဟာ နှုတ်အေးတဲ့သူဖြစ်ပါစေ။)
    ဇာတ်ကားကြည့်မယ်ဆိုရင်လည်း အချစ်ကားတွေကို ရှောင်ပါ။
    အပေါင်းအသင်းတွေနဲ့ လျှောက်လည်ပါ။(သူနဲ့ ပက်သက်တဲ့ ပစ္စည်းတွေကို လွှင့်ပစ်လိုက်။)
    ကိုယ့်ကိုကိုယ် smart ဖြစ်နေအောင် နေပါ။(ဖြစ်သလိုကြီး မနေပါနဲ့)
    လူအများကို ဖော်ရွေစွာ ဆက်ဆံရမယ်။
    game ဖြစ်ဖြစ် internet ဖြစ်ဖြစ် ကြည့်နေပေါ့။
    အပြင်များများ ထွက်ပေးပါ။
    ကစားကွင်းတွေလည်း သွားပေါ့။
    ခရီးတွေလည်း ထွက်ပေးပါ။(
    ဒီလောက်ဆို လုံလောက်ပါပီ။

  • Hnin Hnin

    November 1, 2012 at 1:22 pm

    အသဲကွဲတာ မကြုံဖူးတဲ့လူဆိုရင် လူမပီသသေးဘူးဘဲ ပြောရင်လွန်မလားရှင့် 🙂
    ကိုယ်ကခွဲလို့ပဲဖြစ်ဖြစ်၊ အခွဲခံရတာပဲဖြစ်ဖြစ် ချစ်လျက်နဲ့ အသဲကွဲရတာဆိုရင်
    အချိန်အတိုင်းအတာတစ်ခုအထိပဲ အပြည့်အဝခံစားပါ…

    နောက်တော့ အသဲကွဲခံစားရတာ အပြီးမေ့ဖျောက်လိုက်ပြီး ကိုယ့်အတွက်၊ဘဝအတွက်
    အကျိုးရှိတာတွေမှာ အစားထိုးအသုံးချလိုက်ရင် အသဲကွဲတယ်ဆိုတာ တစ်ချိန်မှာ ရယ်စရာဖြစ်သွားမှာပါ…အဲ့လိုမဟုတ်ဘဲ မစားနိုင်မသောက်နိုင်၊မလုပ်နိုင်မကိုင်နိုင် နဲ့
    ‘ရောဂါတစ်ခုလို’ ရည်ရှည်လများ ခံစားနေမယ်ဆိုရင်တော့ အချစ်ကျေးကျွန်
    လူပျော့တစ်ယောက်ပဲ ဖြစ်သွားမှာပါ….

  • kaung kin pyar

    November 1, 2012 at 2:32 pm

    ကိုသူရိန်မောင်ရေ…….အသည်းကွဲတာနည်းနည်း၊ အဲ့ဒါရမယ်ရှာရှာပြီးတော့ အရက်နဲ့စိမ်ချင်နေတဲ့ ဟိုအပေါ်ဆုံးက မန့်ထားတဲ့ မြန်မာနိုင်ငံသားဂျီးရဲ့ အကြံပြုချက်တော့ လက်မခံလိုက်နဲ့နော်…။ ကောင်းကင်ပြာ ပြောကြည့်မယ်…။
    ၁) Phone ထဲမှာ အလွမ်းအဆွေးသီချင်းတွေ ထည့်ထားရင် မနှမြောဘဲ ဖျက်ပစ်လိုက်ပါ။ ခပ်မြူးမြူး သီချင်းတွေ နားထောင်ပါ..။ (Eg. Party Rock Anthem)
    ၂) အရောင်လွင်လွင် အဝတ်အစားတွေ ရွေးဝတ်ပါ။
    ၃) သူ့အတွက် ပေးရမယ့်အချိန်တွေ ကိုယ်ပိုရတယ်လို့ သဘောထားပါ။ (စာအုပ်ဖတ်၊ အခွေကြည့်ပါ။) (ချွင်းချက်။ အချစ်ဝတ္ထုများကို မဆိုလိုပါ။ ကိုယ်စိတ်ဝင်တစားရှိလာမည့်၊ စိတ်နှစ်နိုင်မည့် သူရဲတစ္ဆေ ဝတ္ထုများကို ဆိုလိုပါသည်။ ညဘက်အိမ်သာသွားရင် အဖော်ခေါ်ရန် အိမ်သားတစ်ယောက်အား အကူအညီကြိုတောင်းထားပါ။)
    ၄) နံနက်အိပ်ရာထတိုင်း မှန်ကြည့်ပြီး ငါဟာ အတော်ဆုံးလူတစ်ယောက်ဖြစ်တယ်ဟု ၁၅ ကြိမ်ရွတ်ပါ။
    ၅) သူနဲ့ လွဲသွားတာဟာ ကံဖယ်တာပဲဟု သဘောထားပါ။
    ၆) သူ့ကို မေ့မယ်လို့ တွေးတာဟာ သူ့ကို ခဏခဏသတိရစေတတ်ပါတယ်..။
    ၇) သူငယ်ချင်းတွေကို အချိန်များများပေးပါ…။
    ၈) အားငယ်တဲ့စိတ်မဝင်အောင် သတိထားပါ…။ ဒါဟာ ဆုံးရှုံးမှု သေးသေးလေးတစ်ခုအဖြစ် မြင်ပါ။
    ၉) ရီမောပျော်ရွှင်စရာများကိုသာ စဉ်းစားပါ။ ဟာသ စာအုပ်၊အခွေများ အလေးပေးကြည့်ပါ။
    ၁၀) အားကစားလုပ်တဲ့ဘက်ကို စိတ်ညွှတ်ပါ။ ဒါဟာ ကျန်းမာရေးအတွက်လဲ ကောင်းပြီး ပင်ပန်းတာကြောင့် စောစောအိပ်ဖြစ်ပါတယ်။။

  • နှင်းဆီ ငုံ

    November 1, 2012 at 3:10 pm

    သူရိန်မောင်ရေ
    အသည်းကွဲရင် လက်ဆောင်တစ်ခုပေးမယ်လေ
    ပလာစတာကြီးကြီးနဲ့ ကပ်ထားလိုက်ပေါ့ ကွဲတဲ့နေရာကိုလေ ဟီးးးး

  • thureinmaung

    November 1, 2012 at 6:59 pm

    ပျော့ညံ့တယ်ပြောလဲ လောလောဆယ်တော့အပြောခံလိုက်ပါဦးမယ်
    အတွေးထဲရောက်လာတိုင်း ဆစ်ဆစ်နဲ့နာကျင်နေတုန်းမို့ ဘယ်နည်းနဲ့
    ဘဲဖြေဖြေ ချက်ချင်းတော့မပျောက်နိုင်ပါဘူးခင်ဗျာ..
    အထက်က မိတ်ဆွေများပေးတဲ့အကြံအားလုံးကိုမလုပ်နိုင်ရင်တောင်မှ
    အဲဒါတွေဖတ်ပြီးကျွန်တော့်လိုလူတွေရှိနေပါလားဆိုတာသိရလို့
    အထီးကျန်မှုတွေလျော့နည်းသွားရပါတယ်
    စိတ်ပျက်အားငယ်မှုတွေကိုမေ့လျော့သွားရပါတယ်၊
    ဝါသနာပါတဲ့ ဂိမ်းကိုတော့ သဲသဲမဲမဲ ကစားနေလိုက်ပါတယ်။
    ဒါကြောင့်မလို့.. အကိုတို့အမတို့ အချိန်ပေးပြီးမန့်ပေးထားတဲ့ဟာတွေ
    ကျွန်တော့်အတွက်အားဆေးတွေဖြစ်တာမို့အကျိုးအများကြီးရှိတဲ့အကြောင်း
    ဒီကနေပြောပြရင်းလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ခင်ဗျာ..

    • ရွှေ ကြည်

      November 1, 2012 at 7:08 pm

      အဲ အဲ မောင်ရင်ဓေါ်ရွှေကြည်အသဲမကွဲဘူးပါဘူးနော်.. :harr: 😆
      မှန်တာပေါ့ချက်ခြင်းတော့ဘယ်အဆင်ပြေနိုင်ပါ့မလဲနော် ကြာတော့လည်း နေသားကျသွားမှာကွယ်..။

  • မိုးသောက်ချိန်

    November 1, 2012 at 10:58 pm

    အသဲကွဲခဲ့တဲ့ အမေ့ရဲ့သားကြီး ပြန်လာပြီ
    သုံးနှစ်လောက် အမေ့ဆီ မပြန်ဘဲ လေလွင့်တဲ့ သားလူမိုက်ရယ် (ထူးအိမ်သင်၏ သီချင်း)

    အသဲကွဲတာလား
    မသိဘူး းးးးးးးးးးးး မကြားချင်ဘူး းးးးးးးးးးး
    မကြုံဖူးဘူး လို့လည်းမဟုတ် အစွမ်းအလန်း သိပ်မရှိလို့လည်း မဟုတ်ပါဘူး
    ဖြစ်ပြီးရင် ပျက်မှာပဲလေ

    မွေးရင် သေမည် …. သေဖို့ မွေးကြသည် …. သေချင်းသဘောတရားကို သတ္တဝါဟူသမျှ တွေ့ရမည် … တွေ့ရမည် …. တွေ့ရမည် ………… (တိုက်ပွဲခေါ်သံ ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်သီချင်းတစ်ပုဒ်)

    အခုတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့
    နောက်ထပ်အသစ်တစ်ယောက်ကို ချစ်မိတဲ့အခါ ဒီပို့စ်လေးကို လာပြန်ကြည့်ပေးပါအုံးနော် …. 😆

  • မောင်ပေ

    November 2, 2012 at 12:16 am

    မင်းအကြောင်းတွေး
    တစ်စိမ့်စိမ့်လေး
    မင်းကြောင့် ကျခဲ့တဲ့မျက်ရည်တွေမသုတ်တော့ပါ
    ကိုလေးဖြူသီချင်းမှ

  • ရာဇဝင်လူဆိုး

    November 2, 2012 at 12:29 am

    ရန်ကုန်မှာဆို ရေဝေး၊ ထိန်ပင် တစ်ခုခု။ နယ်မှာဆိုရင် နီးစပ်ရာ သုသာန်ကိုသွား။ တွေ့ရပါလိမ့်မယ် ..ငိုလိုက်ကြ၊ ဝမ်းနည်းလိုက်ကြ၊ ပူဆွေးလိုက်ကြတာ၊ ကြေကွဲလိုက်ကြ၊ ကျန်ရစ်ခဲ့လို့ အထီးကျန်တဲ့ သူတွေရဲ့ မျက်ရည်နဲ့ ဝမ်းနည်း တသ ယူကြုံးမရတဲ့ စိတ်ခံစားမှု၊ ပူလောင်မှုတွေနဲ့ နှိုုင်းစာရင် ကိုယ့် အသဲကွဲတာလေးလောက်က ????
    သူတို့တွေကိုကြည့်ပြီး ကိုယ့်အပူ၊ ကိုယ့်စိတ်ခံစားမှုက ဘာမှမဟုတ်သလိုဖြစ်သွားပြီး သူတို့တွေအတွက်ပါ အငှား ပူဆွေး ဝမ်းနည်းချင်စိတ် ပေါက်သွားပါလိမ့်မယ်။ လောကကြီးမှာ ကိုယ့်ထက်ပိုပြီး (ပိုပြီး) ပူဆွေးသောကရောက်နေတဲ့သူတွေ ရှိနေပါသေးလားဆိုတဲ့ အတွေးနဲ့ …….။
    (ငါမသေး သေးဘူးလေ…မသေသေးရင် အကုန်လုပ်လို့ရတယ်)

  • myanmar oscar

    November 2, 2012 at 1:41 am

    ဟင်း ဟင်း ဟင်း……
    အသည်းနုတယ်ထင်ပါ့နော်၊ လွယ်လွယ်လေးပါ။
    တွေ့ရာနေရာမှာ ပျော်အောင်နေလိုက်၊ ခင်တဲ့မင်တဲ့သူတွေနဲ့စကားပြောရင်လဲ ပြုံးပြုံးလေးနဲ့
    ပြောလိုက်၊ ကိုယ့်အတွေးထဲကို ကြေကွဲစရာတွေဝင်လာရင်အာရုံကို ပြောင်းပစ်လိုက်၊
    ဥပမာ- ရော့ခ် သီချင်းအပြင်းစားလေးကို လူကြားကောင်းအောင် ညည်းပစ်လိုက်၊
    တစ်ယောက်နေတဲ့ အချိန်တွေဆိုရင် စာအုပ်ဖတ်ချင်ဖတ်၊ စာရေးချင်ရေးပေါ့။
    ကိုပြုမူနေသမျှအားလုံးဟာ အေးဆေးပါလို့ တဖက်လူကထင်ရင်
    ခင်ဗျားကတောင် အောင်နိုင်သူကြီးတစ်ယောက်လိုဖြစ်သွားဦးမယ်
    ဒါပါပဲ…..ကဲ ဘီယာတိုက်မှာလား
    ဘယ်ဆိုင်ကဆောင့်ရမှာတုန်း
    ကောင်မလေးတွေခေါ်ထားရမလား…….
    စတာနော် ခင်ဗျား အပြင်းပြေအောင်လို့
    စက္ကန့်မလပ် ရယ်နိုင် မောနိုင်ပါစေ……

  • အချိန်သည်သာအကောင်းဆုံးကုစားရာတဲ့။
    အခုဝမ်းနည်းပူဆွေးနေရတာတွေက နောက်တော့ ရယ်ပွဲ့ဖွဲ့စရာဖြစ်သွားမယ်
    အဲတော့ အချိန်မြန်မြန်ကုန်အောင်လုပ်တော့

  • မမလေး

    November 8, 2012 at 1:41 am

    အသည်းကွဲတာလား မကွဲတာလားတောင်မသိဘူး … စားရအခက် .. သွားရအခက် ..လေးလံပြီး စိတ်အားငယ်တယ် … ဘာဖြစ်မှန်းမသိဖြစ်နေတာ အသည်းကွဲတာပဲလား

  • Khaing Zar Win

    November 8, 2012 at 7:58 am

    အသည်းကွဲတဲ့ အချိန် ကိုယ့်ခံစားချက်တွေစာနဲ့ ချရေးလိုက်။
    စကားလုံး ကောင်းကောင်းလေးတွေ အဲ့ အချိန်ထွက်တတ်တယ်။ :kwi:

Leave a Reply