“ခြိမ့်ခြိမ့်သဲသဲ ရုတ်ရုတ်သဲသဲ”
“ခြိမ့်ခြိမ့်သဲသဲ ရုတ်ရုတ်သဲသဲ”
(ငယ်လွမ်းချင်း အမှတ် ၂)
ကျနော်တို့ အမျိုးတွေက မန်းလေးထုံးစံအတိုင်း ဝင်းကြီးတစ်ဝင်းထဲမှာစုနေကြပါတယ်။
အစကတော့ တစိမ်းတွေ။
နောက်တော့လဲ မောင်လှယ်နှမလှယ်တွေနဲ့ဆိုတော့ အားလုံးအမျုးိချည်းဘဲဖြစ်ကုန်ပါတယ်။
အရပ်ဘုရားပွဲဆိုရင် အမျုးိရှိအကုန် ဆုံကြလို့ကတော့ အိမ်မှာအတော်လေးစည်ကားပါတယ်။
ကျနော်နဲ့ညီအကိုဝမ်းကွဲတွေကလဲ အသက်သိပ်မကွာကြပါဘူး။
အကိုဝမ်းကွဲအကြီးဆုံးက လူပျိုပေါက်။
ကျန်တဲ့ညီအကိုတွေကလဲ လေးတန်းငါးတန်းခြောက်တန်းကျောင်းသားတွေဆိုတော့ အရွယ်သိပ်မကွာ။
ဒီဝင်းထဲမှာနေတဲ့ သူရော ဒီပြင့်ရပ်ကွက်မှာနေတဲ့သူပေါင်းလိုက်ရင် (၆)ယောက်တောင်ရှိပါတယ်။
အရွယ်ညီညီတွေဆိုတော့ ဆုံလိုက်ရင်ဆော့လိုက်ကစားလိုက်ကြတာ ဝက်ဝက်ကွဲ။
ပျော်စရာလဲကောင်း တစ်ခါတစ်ခါ ဆော့ရင်းကစားရင်း ရန်ဖြစ်ကြရင်တော့ စိတ်ပျက်စရာကောင်းလှပါတယ်။
ရန်ဖြစ်တဲ့ကလေးချင်းက ပြန်တည့်သွားရင်တောင်မှ လူကြီးချင်းက ခပ်တန်းတန်းဖြစ်ကျန်ခဲ့တဲ့အခါမျိုးမှာပေါ့။
ဒါပေမယ့် လဲ အရေးရယ်အကြောင်းရယ်ဆိုရင်တော့ ပြန်တည့်သွားကြတာပါဘဲ။
“မအုန်းရင်” မန်းလေးကိုလာတဲ့အကြောင်းကတော့ အလှူလုပ်မယ်ဆိုတာကိုလာပြောတာပါ။
သူပြောတာက ဒီက ကလေးတွေလဲ အရွယ်ရောက်လာပြီ သူ့ကလေးတွေလဲ
အရွယ်ရောက်ပြီ လေးတွေအားလုံးကို တစ်စုတစ်စည်းထဲ သင်္ကန်းဆီးပေးချင်တယ်ပေါ့။
သူ့အမေကလဲ သူမျက်စေ့မမှိတ်ခင် မြေးကလေးတွေကို သင်္ကန်းဝတ်လေးနဲ့မြင်ချင်တယ်ပေါ့။
သူ့သားနှစ်ယောက်ရယ် ဒီက ကလေးတွေအားလုံးရယ် ကို သူ့ရွာမှာ အလှူလုပ်ပေးမယ်။
ဒီနှစ်သူ့လယ်တွေလဲအောင်တယ် “စပါးပေါ်ပေး”နဲ့ကြိုပေးတွေကလဲ အကုန်မြတ်တယ်အဲတော့
ကုန်ကျစရိတ်အားလုံးသူတစ်ယောက်ထဲဘဲ ခံမယ်ပေါ့။
နောက် မသန်းမြင့်သမီးလေးတွေကိုလဲ သူက နားထွင်းပေးမယ်ပေါ့။
“ ကျုပ်သဘောကတော့ ဒါဘဲ အမတို့ တိုင်ပင် ပြီးရင် အကြောင်းပြန် ပါ”လို့ပြောပြီးပြန်သွားတဲ့အခါ
“ဘယ်လိုသဘောရလဲ”လို့ အားလုံးကို အဘွားက မေးပါတယ်။
တစ်ယောက်ကတော့ ရောကောသောကောမလုပ်ချင်ဘူး လို့ဆို။
တစ်ယောက်ကတော့ ကိုယ့်ကလေးအလှူကိုယ်လဲ တတ်နိုင်သလောက်ထည့်ရရင် ပါမယ်။
မထည့်ရရင်မပါဘူး ကိုယ်လဲခြေမဲ့လက်မဲ့မှမဟုတ်တာလို့ အငေါ်တူးသူက တူး။
တစ်ယောက်ကတော့ တောသွားလှူရအောင်ကို်ယ့်ဇာတိမှ မဟုတ်တာလို့ ပြော၊
တစ်ယောက်ကတော့ ဆွေမျိုးတွေစုစုစည်းစည်းလုပ်တော့ ကောင်းတာပေါ့လို့ သဘောတူ။
တစ်ယောက်ကတော့ ဘာပြောရမှန်းမသိတော့ မဝေခွဲနိုင်။
ဒါနဲ့ဘဲ “နောက်မှ ထပ်ပြောကြတာပေါ့”ဆိုတာနဲ့ဘဲ ပြီးသွားပါတယ်။
နောက်တစ်ပါတ်လောက်ထိ ဒီကိစ္စက အဖြေမရနိုင်။
သဘောချင်းညီသူချင်းပြောမိရင်တော့ ဘာမှမဖြစ်ပေမယ့် မတူတဲ့လူချင်းပြောမိတဲ့အခါတော့
ကတောက်ကဆဖြစ်ကြပေါ့။
နောက် မအုန်းရင် လာတဲ့နေ့ မတွေ့လိုက်တဲ့သူဆီကို အပြန်အလှန်သွားလို့
ကိုယ့်ဘက်ပါအောင်မဲဆွယ်ကြပါတယ်။
ထုံးစံအတိုင်း ပါချင်သူနဲ့မပါချင်သူ တစ်ဖက်နဲ့တစ်ဖက် ငါ့စကားနွားရပြောရင်း
ကြွက်စီ ကြွက်စီနဲ့ မသင့်မတင့်တွေဖြစ်လာပါတော့တယ်။
တစ်ပါတ်လဲကျော် ရော အဖွားကအားလုံးကို ပြန်ခေါ်ပြီး တစ်ချက်လွတ်အမိန့်ချပါတော့တယ်။
မအုန်းရင် အလှူကို ယောက်ျားလေးမှန်သမျှ ထည့်ရမယ်။
အလှူစရိတ်ကို မအုံးရင် သူဘာသာသူအကုန်ခံပေ့စေ။
ဒါပေမယ့် ကိုရင် တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သင်္ကန်းပရိက္ခရာကိုတော့ မိဘတွေကိုယ်တိုင်ထည့်။
မသန်းမြင့်ကိုတော့ သူ့စိတ်ကြိုက်သူဆုံးဖြတ်ပေ့စေ လို့အမိန့်တွေချပြီး မအုန်းရင် ကိုလဲ မန်းလေးလာဘို့ ကြေးနန်းရုံးကနေ ဖုန်းဆက်ပြီးမှာလိုက်ပါတယ်။
မအုန်းရင်ရောက်လာတဲ့နေ့မှာလဲ အဖွားက သူစီစဉ်ထားတာကိုပြောပြတော့ မအုန်းရင်လဲ မငြင်းဘဲသဘောတူလိုက်ပါတယ်။
မငြင်းရဲ မငြင်းနိုင်တာလဲပါသပေါ့။
အဲဒီတော့ မှ မအုံးရင်က အလှူဘယ်လိုလုပ်မယ်ဆိုတာ ပြောပြပါတော့တယ်။.
သူအိမ်ရှေ့က ကွက်လပ်မှာ မဏ္ဍပ်ထိုးမယ်။
မဏ္ဍပ် ဘိသိက်ဆရာ ဆိုင်း အားလုံး မန္တလေးကဘဲငှားမယ်။
အလှူအပြီးညမှာတော့ သူတို့ရွာက “ရုပ်မြင်သံကြား”ထည့်မယ်လို့ပြောပါတယ်။
နောက် အလှူရက်မှာ ထမင်းကြွေးမယ်။
ဟင်းကတော့ ဝက်သားဟင်း ပဲတီချဉ်သုတ် မှန်ရောင်ဟင်းချို နဲ့ ငါးခြောက်ကြော်
လို့ အစီအစဉ်တွေချပြပါတယ်။
အဲဒီမှာအဖွားက အချိုပွဲ ထိုးမုန့် ဆနွင်းမကင်းနဲ့ ကျောက်ကျောကို သူကိုယ်တိုင်လုပ်မယ်လို့ဆိုတော့
အားလုံးကသဘောတူ။
အလှူရက်ရွေးကြမယ် ဆိုတော့ အဖွားက ကျနော်တို့ကိုးကွယ်တဲ့ ဆရာတော်ကိုလျောက်ပြီးရက်သတ်မှတ်ခိုင်းမယ်ပြောတဲ့အခါ မအုန်းရင်က
ဒီတစ်ခုတော့ သူဘဲစီစဉ်ပါရစေ။
ရန်ကင်းရွာဦးကျောင်းဆရာတော် “ဘုန်းဘုန်းဦးဝါသဝ”ဘဲ သတ်မှတ်စေချင်ပါတယ်ဆိုတာနဲ့ဘဲ
“ညည်းသဘော”လို့လိုက်လျောလိုက်ရပါသတဲ့။
ဒါနဲ့ဘဲ မအုန်းရင် ရွာကိုပြန်သွားပါတယ်။
သိပ်မကြာခင်ရက်မှာဘဲ ရွာဦးကျောင်းဆရာတော်ရက်ရွေးပြီးတဲ့အချိန်မှာ
မန်းလေးကိုပြန်လာ ဖိတ်စာရိုက်၊ ဘိသိက်ငှား ဆိုင်းငှားနဲ့အလုပ်တွေစရှုပ်ပါတော့တယ်။
တစ်ခါဖိတ်စာရိုက်ပြန်တော့ ပြဿနာက မသန်းမြင့်နာမယ်ကို ဘယ်နေရာက ထည့်မယ်ဆိုတာပါဘဲ။
မအုန်းရင်ကတော့ သူရှေ့ကလဲ မထည့်နဲ့ နောက်ကလဲ မထည့်နဲ့ တွဲလဲမထည့်နဲ့လို့ကန့်ကွက်ပါတယ်။
နောက်ဆုံးတော့ မသန်းမြင့်ကလဲ သူ့ကလေးတွေကို ဒီအလှူမှာမထည့်တော့ဘူး ဖြစ်သွားပါလေရော။
အဲလိုလဲဖြစ်ရော မသန်းမြင့်ဘက်တော်သားတွေက တစ်စခန်းထပြန်ရော။
မသန်းမြင့်ကလေးတွေမပါရင် သူတို့လဲမပါဘူးပေါ့.။
အဲလို ဖြစ်နေချိန်မှာတော့ မသန်းမြင့်က တစ်ထစ်လျော့ပေးလိုက်ပါတယ်။
သူ့နာမယ်မပါရင်လဲ ရပါတယ်ပေါ့။
ကလေးတွေစိတ်မကောင်းဖြစ်မှာစိုးလို့ “နားသ” မှာတော့ ထည့်လိုက်ပါမယ်ဆိုမှ
ကိစ္စတစ်ခုပြတ်သွားပါတယ်။
အလှူလုပ်ဖြစ်တယ်ဆိုကတည်းက မအုန်းရင်မှာ ဆိုင်တောင် သူများနဲ့ပစ်ထားပြီး ဒီအလှူကိုဘဲလုံးပန်းရပါတော့တယ်။
မန်းလေးနဲ့ မတ္တရာလဲ ကူးချည်သန်းချည်။
အလှူမှာကမ်းဘို့ ယပ်တောင်တွေရိုက်ဘို့လုပ်ရ။
မြင်းနဲ့မြို့ပါတ်ပြီး ရှင်လောင်းလှည့်မှာဆိုတော့ မောင်ရှင်လောင်းတွေဝတ်ဘို့ အဝတ်အစားငှားဘို့ ၃၅လမ်းက အမျိုးမကင်းတဲ့ ရွေချည်ထိုးဆိုင်ကို ပြေးရပြန်ပါတယ်။
မောင်ရင်လောင်းတွေကိုရော သူ့မိဘတွေကိုပါ မြင်းလှည်းပေါ်တင်။
မြင်းလှည်းက တစ်စီးနဲ့မလောက်တော့ သုံးစီးတိုက်။
နန်းဝတ်နန်းစားငှားမယ့် အိမ်ကိုသွား။
အဝတ်အစားတွေအစမ်းဝတ်ကြည့်။
မောင်ရင်လောင်းအမေများကလဲ ကြေးခပ်များများ။
အရောင်ကြိုက်တော့ အကျီ်ကမတော် ၊
တော်ပြန်တော့ အရောင်မကြိုက် နဲ့ သမိုင်းတွေရှုပ်ပြန်ပါတယ်။
ပစ္စည်းးငှားတဲ့အိမ်ကလည်းအမျိုးမကင်းလို့သာ သည်းညည်းခံနေရပါတယ်။ တစ်ယောက်တစ်ပေါက်နဲ့မပြီးနိုင်မစီးနိုင်။
အဲဒီအိမ်ကဘဲ အလှူမှာခင်းဘို့ ကော်ဇော်တွေငှား။
အလှူကြွေးဘို့တွက် ဆန်ဆီဆားငါးခြောက်ကြက်သွန်တွေကို ဈေးချိုထဲသွားဝယ်။
ဖတ်ဖတ်ကိုမောနေရှာပါတယ်။
အလှူကြီးမှာကြွေးမယ့် ဝက်သားကလဲ တစ်ရွာထဲမှာ အကုန်မရတော့ ဟိုဘက်ရွာဒီဘက်ရွာကို
လိုက်ပြီး ကြိုတင်လို့မှာ။
ဝက်အချိန်ခြောက်ဆယ် ဆိုတာ နည်းတာမှမဟုတ်တာနော်။
နောက်မောင်ရှင်လောင်းစီးမယ့် မြင်းချောချော မြင်းလှနဲ့
နားသမယ့် ကလေးမတွေနဲ့ဆွေမျိုးတွေစီးဘို့ လှည်းယဉ် ရှိတဲ့ရွာတွေကို လိုက်ရ။
ဒါတင်မကသေးဘူး လှည်းဆရာ မြင်းဆရာတွေကို ဆင်တူဝတ်ဘို့ ပုဆိုးရှာရ အင်္ကျီရှာရနဲ့
မအုန်းရင်ခဗျာ အတော်လေးကို ပိန်ကျသွားပါတယ်။
အလှူရက်မတိုင်ခင် မောင်ရင်လောင်းတွေရဲ့ အမေ တွေကလဲကျနော်တို့အတွက် သင်္ကန်းပရိက္ခရာတွေဝယ်။
“သကလ ဝဋ်တ ဒုက္ဘ” သင်္ကန်းတောင်းကို မရမခြင်း ကျနော်တို့မှာ စာတွေကျက်ရပြန်ပါတယ်။
အလှူမတိုင်ခင်ရက် အထိ မိဘတွေက ကျနော်တို့ကိုအရိပ်တကြည့်ကြည့်။
မော င်ရင်လောင်း ကိစ္စပြီးပြန်တော့ မောင်ရင်လောင်းအမေအဖေတွေဝတ်ဘို့ အဝတ်အစားက
တစခန်းထလာပြန်ပါတယ်။
အစကတော့ ကိုယ်ရှိတာကိုယ်ဝတ်မယ်ပေါ့။
ဒါပေမယ့် “ တစ်မြို့တစ်ရွာသွားပြီး အလှူကြီးလုပ်မှာကို ပြီးစလွယ်ဝတ်စားသွားလို့ဘယ်ဖြစ်မလဲ”
လို့တစ်ယောက်က ဖွလိုက်တော့ အားလုံးက ဟုတ်တယ် ချိတ်ဝတ်မယ်ဖြစ်ကုန်ပြန်ပါတယ်။
တောင်မြို့က ယက္ကန်းစင်တွေကိုသွားပြီး ဝယ်ပြန်တော့ အားလုံးဆင်တူပေးနိုင်လောက်အောင်
အလုံအလောက်မရှိ။
အခုမှထပ်ချုပ်မယ်ဆိုလဲ အချိန်မမှီ။
ဒါနဲ့ဘဲ ဆင်တူတာ မရလဲအဆင်ပြေသလိုဝတ် ကိုယ်ကြိုက်တာကိုယ်ဝတ်ဆိုမှ
ဇာတ်လမ်းတစ်ခုပြီးသွားပါတယ်။
ဒါနဲ့ဘဲအလှုလုပ်ဘို့ လေးရက်အလိုမှာ မန်းလေးကအမျုးိတွေအားလုံးမတ္တရာကိုချီတက်ကြရပါတယ်။
လူတွေရောပစ္စည်းတွေရောဆိုတော့ မီးရထားတွဲ တစ်တွဲက ကျနော်တို့နဲ့ဘဲပြည့်လျံသွားပါတယ်။
ကျနော်တို့မတ္တရာရောက်တော့ ဘူတာရုံမှာ နွားလှည်းတွေနဲ့လာကြိုနေကြပါတယ်။
အမှန်ကတော့ ဘူတာရုံနဲ့ရန်ကင်းရွာဘာမှမဝေးပါဘူး။
ဒါပေမယ့်ပစ္စည်းတွေပါတာရယ် မြို့ကလာတဲ့မောင်ရင်လောင်းတွေရယ်ဆိုတော့လှည်းနဲ့လာခေါ်။
ကျနော်တို့ရွာလယ်လမ်းမကြီးအတိုင်းလှည်းနဲ့ဝင်လာတော့ တစ်ရွာလုံးက ကလေးလူကြီးမကျန်ထွက်ကြည့်ကြပါတယ်။
လူကြီးတွေကတော့ ဆက်လိုက်မလာပေမယ့် ကလေးတွေကတော့ လှည်းနောက်က တစ်သီတစ်တန်းကြီးလိုက်လာကြတာ ဖုံတထောင်းထောင်းနဲ့ပျော်စရာကြီးပါ။
ရွာအငွေ့အသက်ကို မခံစားဘူးတဲ့ကျနော်တို့မှာ မြင်သမျှ ထူးဆန်းနေသလို မြို့နဲ့အလှမ်းဝေးတဲ့
ရွာက ကလေးတွေကလဲ ကျနော်တို့ မြို့သားတွေကို အထူးအဆန်းအနေနဲ့လာကြည့်ကြတာပါ။
ကျနော်တို့မောင်ရင်လောင်းတွေကိုတော့ ညမှာ ရွာဦးကျောင်းမှာသွားအိပ်ခိုင်းပါတယ်။
မန်းလေးက ကျနော်တို့နဲ့ သူတို့ ရွာကသူပေါင်းရင်မောင်ရှင်လောင်းက (၁၀)ယောက်။
ကျောင်းမှာက ကျောင်းထို်င်ဆရာတော်ကြီးရယ် ဦးဇင်းတစ်ပါးရယ် ကပ္ပိယတစ်ဦးရယ်ပေါင်းသုံးယောက်။
နှစ်ထပ်ကျောင်းကြီးက အကျယ်ကြီးပါ။
အဖွားတို့ကိုတော့ မအုန်းရင်တို့ အမျိုးအိမ် သုံးအိမ်မှာခွဲပြီးအိပ်ခိုင်းပါတယ်။
သူတို့အိမ်တွေကလဲ နှစ်ထပ်အိမ်ကြီးအိမ်ကောင်းတွေပါဘဲ။
အောက်ထပ်ကလွှတ်ထားပြီး အပေါ်ထပ်က ကြမ်းခင်းသက်ကယ်မိုး အိမ်ကြီးတွေပေါ့။
ခြင်မကိုက်တော့ ခြင်ထောင်မလို တပေါင်းလပေမယ့် အပူမကဲသေးပါဘူး။
ကျနော်တို့ရောက်တဲ့နေ့မှာ မဏ္ဍပ်စထိုးပါတယ်။
မဏ္ဍပ်ဆရာတွေတင်မဟုတ်ဘဲ ရွာကလူတွေကလဲ မဏ္ဍပ်ထိုးတာကိုဝိုင်းကူပေးပါတယ်။
မအုန်းရင် တို့က ဆွေကြီးမျိုးကြီးဖြစ်တာရယ် လူချစ်လူခင်ပေါတာရယ် အလှုကြီးဖြစ်တာရယ်ကြောင့် တင်မကဘဲ လယ်အလုပ်ကိုင်းအလုပ်ခဏနားချိန်ရယ်ဆိုတော့ ရွာမှာရှိတဲ့လူအကုန်လောက်
အလှုဝေယျာဝစ္စကိုဝိုင်းကူလုပ်ဘို့ရောက်နေကြပါတယ်။
ကြက်သွန်နွှာ ငရုတ်သီးထောင်း ဂျင်းထောင်း ဇယ်ဆက်သလိုလုပ်ကြရ။
ထမင်းချက်အဖွဲ့ကလဲ မြို့ကလာတဲ့ဧည့်သည်တွေကိုကျွေးဘို့မွေးဘို့ လိုလေးသေးမရှိဧည့်ခံနိုင်ဘို့
ချက်ကြ ပြုတ်ကြရတာချွေးတစ်လုံးလုံး။
ဒီအထဲမှာကျနော်တို့မောင်ရှင်လောင်းတွေ ကို သစ်ပင်မတက် ရေထဲမဆင်း
တူတူပုန်းတမ်းမကစားရအောင် ရွာထဲက ကာလသားနှစ်ယောက်ကိုအစောင့်ထားပေးပါသေးတယ်။
ကျနော်တို့ကလဲ စားလိုက် ကစားလိုက် လူကြီးတွေကျေနပ်အောင် သင်္ကန်းတောင်းလေးအော်ဆိုပြလိုက်
ဟိုလူကပေး ဒီလူကပေးတဲ့မုန့်ဘိုးလေးတွေကို ဘောင်းဘီအိတ်ထဲ ထည့်သိမ်းလိုက်နဲ့အလုပ်တွေဖြစ်လို့ပါဘဲ။
ညဆိုပြန်ရင်လဲ အလှူမှာ “ရုပ်မြင်သံကြား”ကမယ့်အဖွဲ့ ဇာတ်တိုက်တာကို ကြည့်ရတာကလဲမဝနိုင်အောင်။
အကတိုက်တဲ့အိမ်ရှေ့ကွက်လပ်မှာ ရွာရှိလူကုန်သလောက်နီးပါး မြေကြီးဖင်ချထိုင်ပြီးလာကြည့်ကြတာ
မုန့်ဈေးတန်းလေးနဲ့စည်စည်ကားကား။
ကိုယ်အရပ်သူအရပ်သားပေမယ့် အကတိုက်တာ ကို လာအားပေးကြ မှားများမှားရင်ခွက်ထိုးခွက်လန်နဲ့
ရီကြမောကြနဲ့ တကယ့်ကို အပူအပင်ကင်းတဲ့ ရွာကလေးပါဘဲ။
အလှူရက်နီးလာလေလေ မဏ္ဍပ်ကလဲ ရုပ်လုံးပေါ်လေလေပါဘဲ။
ညဆိုရင် မီးစက်ကြီးမောင်းလို့ မဏ္ဍပ်ကြီးကိုအလှဆင်ထားတာလှမှလှ။
အလှူရက် မဏ္ဍပ်ထဲ ခင်းဘို့ သယ်လာတဲ့ ကော်ဇောလိပ်ကြီးတွေအပေါ်မှာ ကျနော်တို့အပါအဝင်ရွာက ကလေးတွေဂျွမ်းထိုးတမ်းကစားကြလို့ အပုံတွေပြိုကျရင် လူကြီးတွေက အော်ဟစ်ပြီးမောင်းထုတ်ရတာက အလုပ်တစ်ခု။
ဒါနဲ့ဘဲနက်ဖြန်ဆိုအလှူဝင်မယ့်ရက်ရောက်လာပါတယ်။
အဲတော့ အားလုံးအလုပ်တွေရှုပ်သထက်ရှုပ် များသထက်များ။
မအုန်းရင်ခဗျာမှာလဲ လွယ်အိပ်ကြီးစလွယ်သိုင်းတဲ့ပြီး ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်။
အမေရင် မမရှင် ဒေါ်ဒေါ်ရှင်လို့ခေါ်လိုက်ရင်ဘဲ
“ဘာလိုပြန်ပြီလဲဟဲ့”လို့မေးရင်း လက်ကတော့ လွယ်အိတ်ကြီးနိူက်ပြီး ပိုက်ဆံပေးဘို့ပြင်ရပါတယ်။
အလှူဝင်တော့မယ်ဆိုတော့ ဆိုင်းအဖွဲ့ ကလဲရောက်လို့ ပစ္စည်းတွေကိုနေရာချ။
မောင်ရင်လောင်းတွေကို ပြင်ပေးမယ့် မိတ်ကပ်အဖွဲ့ကလဲ ဟန်ရေးတပြပြ။
ဒီက ကလေးတွေ မိန်းမရှာတွေကိုမမြင်ဘူးတော့ အထူးအဆန်းကြီးတွေဖြစ်လို့ချောင်းကြည့်ကြရာတာလဲ
အလုပ်တစ်ခု။
ရွာလူကြီးသူများကလဲ အလှူမှာဝိုင်းဝန်းလို့ အဖက်ဖက်က လိုလေသေးမရှိအောင်ကူ။
မဏ္ဍပ်ဆရာကလဲ ဒီနယ်မှာပထမဆုံးလိုက်ရတဲ့ပွဲဆိုတော့ လှသထက်လှအောင်လက်စွမ်းပြထားတာကို
တစိမ့်စိမ့်နဲ့ကြည့်မဝ။
ဓါတ်ပုံဆရာကို သွားခေါ်ပြီး မှတ်တမ်းတင်ဓါတ်ပုံတွေရိုက်။.
ရွာက ကလေးတသိုက်ကလဲ ဓါတ်ပုံရိုက်တာကိုဝိုင်းကြည့်ရင်းတရုန်းရုန်း။
အလှူမှာဝိုင်းဝန်းလုပ်ကိုင်နေကြသူတွေကလဲ တဝုန်းဝုန်း။
ကျနော်တို့မောင်ရင်လောင်းတစ်သိုက်ကလဲ အခုမှညီအကိုတတွေဆုံတော့တလုံးလုံး
အလှူရှင်မ မအေးရင်နဲ့ကျနော်တို့အမျိုးတစ်သိုက်ကလဲ အလှူပွဲကြီးအတွက်
လုပ်ကြကိုင်ကြတာကိုကြည့်ပြီး ပီတိတွေနဲ့ တပြုံးပြုံး။
နေ့လည်တစ်ချက်တီးလောက်မှာ ကြည်လင်နေတဲ့ကောင်းကင်က
ရုတ်တရက် မဲမှောင်လာပါတယ်။
ပြီးတော့မှ နီရဲလာပြီးလေပြင်းတွေစတိုက်လာပါတယ်။
အဲဒီမှာအလှူရှင်မလဲ ပျာယာတွေခပ်ပြီး ပွဲပေးပါဟဲ့ ကန့်တော့ကြပါဟဲ့ အဖေကြီးကိုတောင်းပန်ကြပါ
ဟဲ့နဲ့ တတွတ်တွတ်နဲ့ပြော။
လူကြီးတွေကလဲကျနော်တို့မောင်ရှင်လောင်းတွေကိုအော်ခေါ်ပြီး အိမ်ထဲကိုအစု။
လေကပြင်းသထက်ပြင်းလာပြီး ဝုန်းဒိုင်းကျဲနေအောင်တို်က်ပါတော့တယ်။
အဲဒီမှာတစ်ရွာလုံးလဲပြေးကြလွှားကြ ကလေးတွေကိုအော်ခေါ်ကြ။
အလှူမှာအလုပ် လုပ်နေသူတွေကလဲ ပစ္စည်းတွေကိုသိမ်းကြဆည်းကြ။
ကောင်းကင်တစ်ခုလုံးဘာမှ မမြင်ရအောင်ဖုန်မူန့်တွေက အုန်းအုန်းထနေပါတယ်။
လေတိုးတော့မဏ္ဍပ်က ဝါးလုံးခြင်းပွတ်ပြီးတကျွိကျွိမြည်သံတွေကြားနေရပါတယ်။
ခဏနေတော့ဘေးအကာတွေပြုတ်ထွက်သွားတာကိုမြင်ရ။
ခေါင်အုပ်ထားတဲ့ဖျာတွေလေထဲကိုလွင့်သွားတာကိုဝိုးတဝါးမြင်ရနဲ့ပါဘဲ။
၁၅မိနစ်လောက် အားရပါးရ ဝုန်းဒိုင်းကျဲပြီးတိုက်ခဲ့တဲ့ လေငြိမ်သွားတဲ့အခါမှသာအားလုံးအပြင်ထွက်
လာနိုင်ပါတယ်။
လေငြိမ်လို့ ပါတ်ဝန်းကျင်ကိုမြင်ရတဲ့အချိန်ရောက်လို့ကြည့်လိုက်တော့
အစောက လှတပတရှိနေခဲ့တဲ့ မဏ္ဍပ်ကြီးက ပေါက်ပြဲစုတ်ပြတ်။
အဲဒီအချိန်အိမ်ထဲက ထွက်လာတဲ့ မအုန်းရင်က မဏ္ဍပ်ရှေ့မှာတွေတွေကြီးရပ်နေပါတယ်။
ရပ်ကြည့်နေရင်းက ဝုန်းကနဲမြေကြီးပေါ်အရုပ်ကြိုးပြတ်ပုံအလဲ
“လာကြပါအုံးဟဲ့ မအုန်းရင် မူးလဲသွားပြီ” လို့တစ်ယောက်က အော်လိုက်ချိန်မှာတော့
……………………………………………………………………………………………………………
……………………………………………………………………………………………………………
ကိုပေါက်လက်ဆောင်ငယ်လွမ်းချင်း
(3-11-2012)
27 comments
Khaing Zar Win
November 5, 2012 at 9:07 am
ရက်စက်ပြန်ပြီ။ ဘယ်နှစ်ရက် စောင့်ရဦးမှာတုန်း။ 🙂
ကိုပေါက်(မန္တလေး)
November 5, 2012 at 9:36 am
မကြာပါဘူးဗျ တစ်ရက်ခြားတစ်ပုဒ်တင်မှာပါ
uncle gyi
November 5, 2012 at 10:15 am
အကျိုးပေးဆိုတာကိုသတိရလိုက်ပါရဲ့ကိုပေါက်ရေ
Hnin Hnin
November 5, 2012 at 10:27 am
ဪ…..မအုန်းရင်ခမျာ ‘ခဲလေသမျှ၊သဲရေကျ’ ဖြစ်ရရှာ…
kyeemite
November 5, 2012 at 10:42 am
ကိုပေါက်ရေ…
ကိုပေါက်လက်ဆောင်ငယ်လွမ်းချင်း လေးဖတ်ရတာ
အရသာရှိသဗျာ…မျက်လုံးထဲ တကယ့်အလှူကြီး
အတွက် ပြင်ဆင်နေကြပုံ မြင်ယောင်လာပါတယ်…
တစ်ခုခု စုပေါင်းလုပ်မယ်ဆို အမျိုးတွေကြား မတူတဲ့
အမြင်တွေနဲ့ စကားများတတ်တာလည်း သဘာဝကျပါ၏။
မယားနှစ်ယောက်ဆိုတော့ ပိုဆိုးတာပေါ့..ဒါပေမဲ့ နောက်ပိုင်း
အလျှော့ အတင်းလေးတွေနဲ့ တဲ့သွားတာ ပျော်စရာ…
အဓိကဇတ်လိုက်ကြီး“ဆရာမောင်”ပြောနေပါလားဗျ…
တစ်ကယ်တော့ ရှင်ပြုအလှူ က မြို့မှာလုပ်ရတာထက်
တောမှာလုပ်ရတာ ပိုပျှော်စရာကောင်းတယ်ထင်မိတယ်…
မြို့မှာတော့ အားလုံး အော်ဒါမှာ..ရယ်ဒီမိတ်တွေနဲ့…
ရှင်လောင်းလှည့်ပြန်တော့လည်း ကားပါတ်စီးနေသလိုထက်ပိုမထူး…
ရုတ်ရုတ် ရုတ်ရုတ် နဲ့ ကသုတ်ကရက်ပြီးသွားတော့တာပဲဗျ…(မနှစ်က
ကျနော့ သားတော်မောင်နဲ့ ညီအကိုဝမ်းကွဲတွေ စုပေါင်းရှင်ပြုကြတယ်လေ)
ဆက်စောင့်ဖတ်မယ်ဗျာ…
ခင်တဲ့… :528:
kyeemite
November 5, 2012 at 10:53 am
အမှားပါသွားလို့ဗျို့…
“အဓိကဇတ်လိုက်ကြီး“ဆရာမောင်”ပျောက်နေပါလားဗျ…”
Mon Kit
November 5, 2012 at 10:55 am
ဟယ်….. စိုးရိမ်လိုက်တာ….
ဘာဖြစ်သွားလဲ သိဘူးနော်…
🙁
Mon Kit
November 5, 2012 at 10:55 am
ဟယ်….. စိုးရိမ်လိုက်တာ….
ဘာဖြစ်သွားလဲ သိဘူးနော်…
🙁
ဦးကြောင်ကြီး
November 5, 2012 at 11:12 am
သဂျီးလေ မိသွားတာနေမှာ… :kwi:
Novy
November 5, 2012 at 11:41 am
လေးပေါက်..အဲလိုကြီးမထားခဲ့နဲ့လေ
ရွာအလှူမှာ မှာကွမ်းတောင်ကိုင်မလို့ပါဆို
ဘာလို့ လေတိုက်လိုက်ရတာလဲ….
ကိုပေါက်(မန္တလေး)
November 5, 2012 at 11:46 am
အလှူက မလှည့်ရသေးဘူးလေဗျာ
ကွမ်းတောင်ကိုင်ချင်သူများ စာရင်းပေးထားပါခင်ဗျာ
ကိုကိုမိုက် ဇာတ်ညွှန်းပြောင်းသွားပြီ
အစက မင်းသားဇာတ် အခုမင်းသမီးဇာတ်ဖြစ်သွားပြီ
Foreign Resident
November 5, 2012 at 1:35 pm
ကိုပေါက်ရဲ့ စာ လက်ရာလေးတွေ ၊
မတွေ့ရတာကြာပေါ့ ။
အားပေးသွားပါတယ် ။
kyeemite
November 5, 2012 at 1:44 pm
ကောင်းပါလေ့ဗျာ…စောင့်ဖတ်ပါ့မယ်
:harr:
မိုချို
November 5, 2012 at 1:52 pm
အပိုင်း ၂ ဖတ်ပြီး မှ အပိုင်း ၁ ပြန် ရှာ ဖတ် ရတယ်။ ကိုယ် သာ ဆိုရင် ကိုယ့် ယောက်ျား ကို နောက် တစ်ယောက် နဲ့ ခွဲ ဝေ ပြီး ချစ် ရ ဖို့ စိတ် တောင် ကူး ကြည့် လို့ မရ ဘူး။
လေး ပေါက် ရေ… ဆက်လက်စောင့် စား လျှက်။
aye.kk
November 5, 2012 at 4:12 pm
မုန် ့သာဝေစားနိုင်ပါ၏။
အားပေးဖတ်ရှူသွားပါတယ်။။
aanyar thar
November 5, 2012 at 6:01 pm
ကိုရီးယားကား ကြည့်ရသလိုပဲဆိုတော့ကား…ကိုရီးယားပေါက်…ပေါ့ဗျာ.နာမည်သာပြောင်းလိုက်တော့
aanyar thar
November 5, 2012 at 6:06 pm
အရေးအသား အရမ်းကောင်းတယ်ဗျာ..တစ်နေ့ခြင်းမှာကို တစ်ဖြေးဖြေး ဆွဲဆောင်မှု့ရှိ့လာတယ် အညာက အလှုူမဏ္ဍပ်ကြီးကိုပါ မျက်စိ့ထဲပြေးမြင်လာတယ်..မနေ့က အကို့ရဲ့ အဖိုးကို မယ်တင့်လင်ကြီး တီးနေတာပါ မျက်စိ့ထဲ မြင်မိ့တယ်ဗျာ.ကိုရီးယားပေါက် ရေ..နေ့တိုင်းစောင့်ဖတ်မယ်ဗျိုး……
ကိုပေါက်(မန္တလေး)
November 5, 2012 at 6:16 pm
ကျေးကျေးပါဗျို့ တစ်ရက်ခြားတစ်ပုဒ်တင်ပေးပါမယ်
ပရိသတ်ကြီးအားပေးရင်တော့ အပိုင်းအများကြီထွက်လာမှာပါ
တောမှာနေတဲ့ကိုရင်ဘဝ
လဲပါ ပါမယ်
candle .
November 5, 2012 at 11:02 pm
အဲဒါဘာအကျင့်လဲ ပြော….
ဇာတ်ရှိန်မြင့်လာရင် တခန်းရပ်ပြီ..ချိတ်ချိုးဒယ် ဂယ်ဘဲ 🙂
ဘာဘဲဖြစ်ဖြစ် ဒေါ်ဒေါ်ရင်ကတော့ ကုသိုလ်စိတ်နဲ ့လုပ်တဲ့အလှ ူမို ့….ကောင်းတာတွေဘဲဖြစ်မှာပါ….
ကိုပေါက်(မန္တလေး)
November 5, 2012 at 11:07 pm
ဒါကတော့ ကိုးဒီးယားကားတွေအကြည့်များလို့ ဖြစ်သွားတာပါခင်ဗျာ
MaMa
November 6, 2012 at 9:19 am
ကိုပေါက်ရေ-
ဆွေကြီးမျိုးကြီးတွေရဲ့ ဖြစ်တတ်တဲ့သဘာဝနဲ့အလှူပွဲကို ကိုပေါက်စတိုင်အတိုင်း အကွက်စေ့စေ့ရေးသွားလိုက်တာ မျက်စေ့ထဲတောင် မြင်ယောင်လာတယ်။
ကျမအဖေက တစ်ဦးတည်းသောသားဆိုတော့ မိသားစု ဆွေမျိုးမောင်နှမ သိပ်ခင်တယ်။
အကိုနဲ့မောင်လေး ပန်းတနော်မှာ ရှင်ပြုတုန်းကလည်း ဝမ်းကွဲမောင်နှမတွေပါထည့်ပြီး အလှူလုပ်တာ ကိုပေါက်စာထဲကအတိုင်းပဲ။
ဒါပေမယ့် ကျမအဖေက သဘောကောင်းပြီး စိတ်တိုတော့ သူ့သဘောချည်းပဲ။
ဘယ်သူမှ အထွန့်မတက်ရဲဘူး။ :harr:
မိုး မင်းသား
November 6, 2012 at 8:53 pm
ကိုပေါက်…..
ရေးသမျှ….တွေးသမျှ…..လက်ဆော ့သမျှ….လေးစားအားကျခဲ ့ရပါတယ်
….ချစ်ခြင်းမေတ္တာဖြင် ့……..
ကိုပေါက်(မန္တလေး)
November 6, 2012 at 10:08 pm
မမရေ ကျနော်အဖွားကလဲ အဲလို သူကို်င်ထားတဲ့ဗွီတိုအာဏာကို အရေးဆိုထုတ်သူံးတတ်တယ်။
မိုးမင်းသားလေးရေ လူမှားပေါင်းမိမှာမ မကြောက်ဘူးလားကွဲ့
Mr. MarGa
November 7, 2012 at 4:17 pm
ဇာတ်ရှိန်အမြင့်ဆုံးကိုရောက်မှ ဖုတ် ခနဲ ပြုတ်ကျသွားအောင်လုပ်တဲ့ လေးပေါက်
အိမ်သာတက်ရင်း တစ်ရှူးကုန်ပြီး ရေပြတ်ပါစေဗျာ
ဟွန့် :hee:
ကိုပေါက်(မန္တလေး)
November 7, 2012 at 4:24 pm
ဒီလိုတော့ မလုပ်လိုက်ပါနဲ့ကိုပေါက် နံ သွားပါမယ့်ကွယ့် ဟယ်ဟယ်
cobra
November 7, 2012 at 6:43 pm
လုပ်ရက်ပါဘိ
ဇာတ်ရှိန်တက်နေတုန်းမီးပျက်သလိုပါလား။
မြန်မြန်လေးတင်ပေးပါဗျို့………။
ကိုပေါက်(မန္တလေး)
November 7, 2012 at 10:48 pm
မန်းလေးဂေဇက် အကြိုက်ဆုံးစာမူ ဇကာတင်စာရင်း ရေးနေလို့ပါ။
နက်ဖြန်မနက် 10နာရီမှာတက်လာပါမည်။
ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ
ဒါတွေပြီးရင် အလှူဆက်ရေးမှာပါ