My self
ဘဝမှာ..လူတွေက သေပျော်ပြီ .နေပျော်ပြီလို ့ အဓိပ္ပါယ် အမျိုးမျိုးနဲ ့ ဖွင့်ဆိုနေထိုင်ကြတယ် ။
တကယ်တမ်းတော့ ကိုယ်နေချင်သလို.. ကိုယ် လုပ်ပြ ချင်သလို မရဘူး ဆိုတာ ကို ကောင်းကောင်း သဘောပေါက် ရမှာပါ ။ ကျွန်တော့် ဘဝမှာ.. လူမှန်းသိတတ်စ အရွယ် မှာ.. ေဖေဖေ ဆုံးတယ် ။
ကျွန်တော်..လေးတန်းနှစ် အရွယ်ရောက်ပြန်တော့.. မေမေ ဆုံးတယ် ။ ရွှေတော်ကြိးတွေ..ပြို ကျ သွားတယ်..လို ့.. တင်စားချင်ပေမယ့်.. အမှန်တကယ်တော့… ကျွန်တော်..နားမလညသေးပါဘူး ။
ကျွန်တော် တို ့မှာ.မောင်နှမ ငါးယောက် ( ကျွန်တော် အပါအဝင် ) ရှိပါတယ် ။။ ကျွန်တော် က အငယ်ဆုံး..ပါ ။
ကျွန်တော်တို ့ရဲ ့ အကြီးဆုံးက အစ်မကြီးပါ ။ အစ်မ ကြီးက မိဘ နှစ်ပါး လုံး မရှိတဲ ့နောက်ပိုင်းမှာ ကျန် မောင်နှမ များကို.. ရှာဖွေ ကျွေးမွေး စောင့်ရှောက်ပါတယ် ။
( တကယ်တော့ ကျွန်တော်တို့မှာ… ဆွေမျိုးသားချင်းတွေ. ရှိပါတယ် ။ အဖေ အမေ တို ့ရှိတုန်းက အိမ်မှာ ဝင်ထွက် သွားလာ ချေးငှားနေတဲ ့ သူတွေက ကျွန်တော်တို့မောင်နှမ ငါးယောက်ကို စာတစ်စောင်တောင်
ရေးဖော် မရ ခဲ့ပါဘူး ။ ဒါကလည်း..ကျွန်တော်က ငယ်သေးတော့… အစ်မကြိးတို ့ ပြန်ပြောမှ သိခဲ့တာပါ )
ကျွန်တော်တို ့ ငယ်ငယ် ကတည်း က ပြုစု ပျိုးထောင်ပေးခဲ ့တဲ ့ အစ်မကြီးက ယနေ ့ အချိန် ထိ မောင်နှမ တွေ အပေါ်.. မဟုတ်တာ မပြောသလို.. မမှန်တာလည်း.မပြောပါဘူး ။
အားလူံ့းက… ကျောင်းနေတဲ ့အရွယ်မို ့ အစ်မကြိးက ပတ်ဝန်းကျင်မှာ မျက်နှာ မငယ် ရလေအောင်… ကြိုးစား ရုန်းကန်ပြီး..အတတ်နိုင်ဆူုံး..ကျွေးမွေးစောင့်ရှောက် ပါတယ် ။ ဘယ်သူ ့င်္ဆီမှာမှ လည်း..
အောက်ကျ မခံရပါဘူး ။ သူသာ သူစိမ်းတွေ ဆီမှာ.. အောက်ကျ ခံချင်ခံမယ် ။ ကျန်မောင်နှမ လေးယောက်ကို မျက်နှာ မငယ် ရအောင် ထားခဲ့ပါတယ် ။
လေးငါး နှစ်ကြာတော့.. ( အစ်မကြီးရဲ ့ အောက်က အစ်မ ) အထည်ချုပ် မှာ အလုပ်ဝင်ပါတယ် ။ ကျောင်းထွက်ပြီး.. တစ်ဖက်တစ်လမ်းက ဝင်ငွေ ရအောင် ဆိုပြီး…
အလုပ် ထွက်လုပ်ပါတယ် ။ အဲဒီ အချိန်မှာ.. ကျွန်တော်တို ့ ညီ အကို သုံးယောက်က ကျောင်းတတ်ဆဲံပေါ့ ။
ကျွန်တော့် အစ်ကို နှစ်ယောက် က ပညာ ဘက်မှာ.. မထုူးချွန်တော့ အစ်မကြီးကို..အားနာြ့ပီး.. ကျောင်းထွက်ခါ…
စစ်ထဲကို..ဝင်သွားပါတယ် ။ အစ်မကြီးက အငယ်ဆုံး ဖြစ်တဲ ့…. ကျွန်တော့်ကို… အတတ်နိုင်ဆုံး..ပညာတတ်တစ်ယောက် ဖြစ်အောင်..ပံ ့ပိုးပေးပါတယ် ။
တကယ့် တကယ် ကျတော့… ကျွန်တော်ဟာ… အရမ်းဆ်ိုးတဲ ့အထဲမှာ..မပါသလို… အရမ်းအေးတဲ ့ အထဲမှာ လည် မပါခဲံ့ပါဘူး ။
ဆယ်တန်း ကို နှစ်နှစ် ဖြေခဲ့ရပါတယ် ။
ကျွန်တော့်က သာမန် လူတစ်ယောက်မို ့… ကိုယ့်ကို ကိုယ်လည်း… အားမရ ခဲ့ပါဘူး ။ ဒီကြားထဲ… 88 အရေးတော်ပုံကြောင့်… ကျွန်တော်က ဒုတိယနှစ်နဲ ့ကျောင်းထွက်ခဲံ ့ရတော့ ကျွန်တော့် အစ်မကြီးက ရင်ထု မနာ ဖြစ်ခဲ့ပေမယ့်.. ကျွန်တော် စိတ်ဆင်းရဲ မှာ စိုးလို ့…ဘာမှ မပြော ရှာပါဘူး ။
ဒါပေမယ့် မချိတင်ကဲ.ဖြစ်မှာတော့ အမှန်ပါပဲ ။ ဒီလိုနဲ ့ကျွန်တော်တို ့ အိမ်လေးမှာ.. အစ်မ နှစ်ယောက် အလုပ်သွားပြီဆို..ကျွန်တော်က ယောင်ခြောက်ဆယ်နဲ ့
အိမ်မှာေ စာင့်နေရ ပါတယ် ကျွန်တော့် သူငယ်ချင်းများစွာဆို ့နဲ ့လည်း… မတွေ ့ ဖြစ်တော့ပါဘူး ။
ကျွန်တော်လည်း..တစ်ဖက်တစ်လမ်း အကူ အညီပေး ရအောင် ဆိုပြီး… ကုမ္ပဏိီ တစ်ခုမှာ.. အလုပ်ရပါတယ် ။ Sale promoter တစ်ယောက်ပေါ့ ။ နယ် ထွက်ရတာနဲ ့ အိမ်ကို ကပ်ရတယ် မရှိပါဘူး ။
နယ်က ပြန်လာတာတော့… အစ်မ ငယ်က အိမ်ထောင်ပြုမယ်.ဆိုတာ သိရပါတယ် ။
အင်းလေ…. ကိယ့် ဘဝ ကိုယ် ရပ်တည် ရပြီဆိုကတည်းက… ပါရမီ ဖြည့်ဖက် တစ်ယောက်တော့…လိုတာပေါ့ ။
အစ်မ ကြီးကတော့… သံယောဇဉ်ကြောင့် စိတ်မကောင်းဖြစ်ပြီး.. ငို ရှာပါတယ် ။ ကျွန်တော်တို ့ အိမ်မှာ အစ်မကြီးနဲ ့ကျွန်တော် နဲ ့ နှစ်ယောက်ပဲ..ကျန်ခဲံ့ပါတယ် ။
မရှေ း မနှောင်း မှာပဲ… ကျွန်တော့် အစ်ကို နှစ်ယောက်က နယ်မှာ..အိမ်ထောင်ကျ ကုန်ပါတယ် ။ အစ်မကြီးက စိတ်မကောင်း ဖြစ်တဲ ့ကြားက… သူတို ့ လိုအပ်တာကို.. ကူ ညီ ပံ့ပိုးပေးရှာပါတယ် ။
အိမ်မှာ ကျွန်တော်တို ့မောင်နှမ နှစ်ယောက်ထဲ. အထီးကျန် ဆန်ဆန် နေထိုင်ခဲ့ပါတယ် ။
ဒီလိုနဲ ့ နေထိုင်ရင်း.. အစ်ကိုငယ်က မတ္တရာ သူနဲ ့ အိမ်ထောင်ကျပြီး. ပူတာအို ၊ မြစ်ကြီးနား.. ၊ မန္တလေး.. တို ့ကိုပြောင်းရွေ ့နေထိုင်ရင်း ကလေးတွေ. ရနေပြီ.ဆိုတဲ ့ စာ လာလို ့.
အစ်မကြီးက ဝမ်းသာခဲ့ပါသေးတယ် ။
ဒီလိုနဲ ့ ရန်ကုန်မှော်ဘီဘက်ကို အပြီးပြောင်းလာကြပါတယ် ။ ကျွန်တော့်မရီးက ..ကလေး သုံးယောက်နဲ ့တစ်ဗိုက် ဖြစ်နေပါပြီ။
နောက်ဆုံးကလေးမွေးပြီး… ခြောက်လ အကြာမှာ.. ကျွန်တော့်မရီး ဆုံးပါးသွားပါတယ် ။ ကျွန်တော့် အစ်ကိုငယ်က ကလေး လေးယောက်နဲ ့… တပ်ထဲမှာ.. လုံးလည် ချာလည် လိုက်ပြီးနေတာကို.
တပ်မှုး က ဆေးပင်စင်နဲ ့ထွက်ခိုင်းပါတယ် ။
ဒီလိုနဲ ့ကျွန်တော်တို ့ အိမ်ကို.. ပြောင်းလာလို ့… အစ်မကြီးကဆို… ငါတို ့အိမ်က ပြန်ပြီး.စိုစိုပြေပြေ ဖြစ်လာပြီလို ့..ပျော်နေရှာပါတယ် ။
အဲဒီ အချိန်မှာ…. ကျွန်တော့်မှာလည်း… လက်တွဲဖော် မိန်းကလေးတစ်ယောက် ရှာတွေ ့ ထားပါတယ် ။ တူ တူမတွေကြားမှာ.နေထိုင်ရင်း ကျွန်တော်နဲံ ့အစ်မကြီးဟာ..ပျော်ရွှင်လာပါတယ် ။
မကြာပါဘူး ။ ကျွန်တော့်မရီး ဆုံးပြီးလို ့ သုံးနှစ် နဲ ့ ဆယ်ရက် အကြာမှာ… ကျွန်တော့်အစ်ကိုငယ်ဟာ… ငှက်ဖျားရောဂါနဲ ့ ကွယ်လွန်ပါတယ် ။
အစ်မကြီးနဲ ့ ကျွန်တော့် ကြားမှာ.ကလေး လေးယောက် က ကျန်ခဲ့ပါတယ် ။ ပြုစုပျိုးထောင်ပေး ရမှာ ကျွန်တေနာ်တို ့နှစ်ယောက်ရဲ ့တာဝန် အပြည့် ဖြစ်သွားပါတယ် ။
သူတို ့အဖေ ထားပေးခဲ့တဲ ့… ပင်စင်လေးရယ်..ကျွန်တော်နဲ ံ ့အစ်မကြီးနဲ ့. လ စာ ရယ်.. ကလေးတွေ အတွက်.. ကျောင်းစရိတ် ၊ စားစရိတ် ကျောင်းမှာ မျက်နှာ မငယ်ရလေအောင်..
ကျန်းမာရေး..လူမှုရေးတို ့ကို… ကျွန်တော်နဲ ့အစ်မကြီင်္း ပဲ.. စောင့်ရှောက်ရမယ့် တာဝန် ရှိတယ် မဟုတ်လား ။
ကျွန်တော်လည်း.ကျွန်တော့် လက်တွဲဖော်နဲ ့ လမ်းခွဲခဲ ့ရပါတယ် ။ ဘာလို ့လဲ..ဆိ်ုတော့… ဒီ ဒဏ်.တွေကို… သူ ့ဆီကို မကူးစက်စေချင်လို ့….. ကျွန်တော် လက်တွဲ ဖြုတ်ခဲ့ရပါတယ် ။
အခုဆို… အစ်မကြီးနဲ ့ကျွန်တော် ဟာ….. ကလေးတွေကို. ချော့တစ်ခါ ခြောက် တစ်လှည့်နဲ ့ လမ်းကြောင်းမှန် ကို လျှောက်တတ်အောင်.. လမ်းကြောင်းမှန်ကို ပြသ ပေး ရင်း…
ကျွန်တော်တို ့ မောင်နှမ နှစ်ယောက်နဲ ့.. ကလေးတွေ..နဲ ့ ပျော်ရွှင်စွာနေထိုင် ရင်းးး………………………………………………………….
ဒီ ပ်ိုစ် ့နဲ ့… ကျေးဇူုးရှင် အစ်မကြီး အား…ဂါရဝ ပြုအပ်ပါတယ် ။
ချစ်ခြင်းမေတ္တာဖြင့်….
မိုးမင်းသား ( မရမ်းကုန်း )
26 comments
မိုး မင်းသား
November 5, 2012 at 6:18 pm
မိုးမင်းသား ( မရမ်းကုန်း ) လို ့ ရေးတာ.. မရဲတရဲကုန်း လို ့ဖြစ်သွားတယ် ။
သူကြီးရေ…..ကျွန်တော့် ပိုစ့်တွေ..တင်ပြီးတိုင်းမှာ. ပြန်ပြင်လို ့မရတာကြောင့်..
အခု..မရဲတရဲကုန်းဆိုတာကို မရမ်းကုန်း.လို ့ပြင်ပေးပါနော် ။
:kwi:
nozomi
November 5, 2012 at 7:24 pm
ဖတ်ရင်းနဲ့တောင် မော သွားတယ်
မိုးမင်းသားရဲ့ အမကြီးကတော့ လေးစားဘွယ် ချီးကျူးဘွယ် အပြည့်ပါပဲသူ့ စိတ်ထဲမှာ လုပ်သင့်လို့ လုပ်လိုက်တာ( ကျွေးမွေးစောင့်ရှောက်တာ)ပဲ ဘယ်သူ့ဆီက ဘာပြန်ရပါစေဆိုတဲ့ စိတ်ရှိမှာ မဟုတ်ဘူး
ဒီရွာထဲက ပို့စ် လေးတွေကလဲ ပြတင်းပေါက်လေးတွေပဲ
ကိုယ် မသိသေးတဲ့ လောကကြီး အကြောင်းတွေ မြင်လာ သိလာရတယ်
မဟာရာဇာ အံစာတုံး
November 5, 2012 at 7:56 pm
၁၅၀ဝ ထက် ၅၂၈ က ပိုပြီးကောင်းတယ် ..
ခင်ဗျားလည်း လူပျိုကြီး ဘဲ ..
မိန်းမ ယူနေနဲ့ဒေါ့ .. :kwi:
ကိုယ့် မောင်နှမငယ်တွေအပေါ်မှာ ထားတဲ့
ကိုမိုးမင်းသား အမကြီးရဲ့ စိတ်ဓါတ်ကိုတော့ဖြင့် ချီးကျူးမိပါရဲ့ ခင်ဗျာ ….
အလင်းဆက်
November 5, 2012 at 9:07 pm
ဟိုက်…..
မိုးမင်းသား..( မရဲတရဲ ကုန်း… ) တဲ ့
အဟိ အဟိ…
:kwi: :kwi:
ရဲရဲ…ကုန်းလည်း..ရဘာဒယ်..ဂျာ…
🙂
မောင်ပေ
November 5, 2012 at 9:39 pm
အေးပေါ့ဗျာ
ဖြစ်သမျှ ရဲရဲရင်ဆိုင် ပြီး
လက်ရှိဘဝကို
အကောင်းဆုံး ဆက်ဖြစ်ဖို ့
ကြိုးစားရမှာပေါ့
နော
Hnin Hnin
November 5, 2012 at 9:58 pm
အစ်မကြီးက အနစ်နာခံတာ ချီးကျူးဖို့လည်း ကောင်းသလို၊သနားဖို့လည်း ကောင်းတယ်..
ကလေး ၄ယောက်ကို ဝမ်းနဲ့လွယ်မမွေးရပေမယ့်…အစစအရာရာ ကလေးတွေရဲ့အမေလိုပဲဖြစ်နေမှာ…
ကိုပေါက်(မန္တလေး)
November 5, 2012 at 11:12 pm
မိုးမင်းသားရာ မှားချက်
မင်းက မိန်းမယူပြီး မင်းအမကြီးသက်သာအောင်ကူခိုင်းရမှာလေ.။
ကဲ ကြေငြာလိုက်ကွာ
အမကြီးကိုကူရန် မိန်းမအမြန်အလိုရှိသည်လို့။.
ပျော်အောင်သာ စရတယ်။
လက်တွေ့ မှာတော့ ဒီလို့ ဘဝတွေအများကြီးနော်
ဝင့်ပြုံးမြင့်
November 6, 2012 at 12:52 am
ကိုမိုးမင်းသားရဲ့ အစ်မကြီးကို ချီးကျူးမိပါတယ်ရှင်။ အနစ်နာခံတယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။
ဒီပို့စ်လေးဟာ ရိုးရိုးလေးနဲ့ လှနေတဲ့ ပို့စ်လေးပါ။
လေးစားလျက်
Foreign Resident
November 6, 2012 at 1:26 am
” ကျွန်တော်လည်း.ကျွန်တော့် လက်တွဲဖော် နဲ ့ လမ်းခွဲခဲ ့ရပါတယ် ။
ဘာလို ့လဲ..ဆိ်ုတော့… ဒီ ဒဏ်.တွေကို… သူ ့ဆီကို မကူးစက်စေချင်လို ့”
ကို မိုးမင်းသား ရေ ။
စွန့်လွှတ် အနစ်နာခံမှုတွေကို လေးစားမိပါတယ် ။
အဘ မှာ အဓိက ယုံကြည်တဲ့ အဆိုအမိန့် ၂ ခုရှိပါတယ် ။
၁ ။ စိတ်ထားကောင်းရင် ကံကောင်းတယ် တဲ့ ။
၂ ။ Honesty is the best policy.
ဆက်ကြိုးစားပါဗျာ ။
အောင်မြင် ကံကောင်း ပါစေဗျာ ။
အရီးခင်လတ်
November 6, 2012 at 4:23 am
မိုးမင်းသားရေ
ဒီနေ့ ရွာထဲ အဝင်နောက်ကျလို့ စာဖတ်ရုံဘဲ ဖတ်တော့ မယ်လို့ တွေးထားတာပါ။
မင်းရဲ့ စာစုလေးကိုဖတ်ပြီး မင်းရဲ့ အစ်မကြီး ကိုရော မင်းကိုပါ လေးစားလွန်းလို့ ဝင်ပြီး မှတ်ချက် ရေးလိုက်ပါတယ်။
ပြောစရာစကားလုံး ရွေးမရအောင်ကိုဘဲ လဲ ဖြစ်ရပါတယ်။
အဓိက သူ့ဘဝ ကို ခင်းပေးခဲ့ပြီး မောင်နှမ တွေကို စောင့်ရှောက်ခဲ့တဲ့ အစ်မကြီး ရဲ့ စေတနာ ကို ဘယ်လို စာလုံးနဲ့ မှ ပုံဖော်လို့ မရနိုင်ပါဘူး။
မိုးမင်းသား တို့ မောင်နှမ နှစ်ယောက်လုံးရော ကျန်တဲ့ ကလေး များ၊ တစ်ခြားမိသားစု တွေပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ပျော်ရွှင်ချမ်းမြေ့စေဖို့ ဆုတောင်းပေးပါတယ်။
မိုးမင်းသားရေ ဘယ်လိုအခြေအနေဘဲ ရှိရှိ ကြိုးစားပါ၊ မျှော်လင့်ချက်တွေထားပါ။ အိမ်မက်တွေ မက်ပါ။
တစ်နေ့ဖြစ်လာ မယ် တွေးပါ။
ဘဝ ဆိုတာ တစ်နည်းမဟုတ်တစ်နည်း ရုန်းကန်နေရတာပါဘဲ။
တစ်နေ့တော့ ရေစီးသာသွားမယ်လို့ ယုံကြည်ပါတယ်။
ခင်မင်စွာဖြင့်
အရီး
MaMa
November 6, 2012 at 9:02 am
ဖတ်ရပြီးတော့ စိတ်ထဲမှာ ဝမ်းသာဝမ်းနည်း ဖြစ်မိတယ်။
ကျမအဖေက အသက်ရ၆နှစ် ကျမအသက် ၃ရ မှာ ဆုံးသွားတယ်။
အမေကျန်ခဲ့တယ်။
မောင်နှမတွေ (အိမ်ထောင်ကွဲရော အိမ်ထောင်မကွဲတွေရော) တစုတစည်းတည်း နေကြတယ်။
အဲလို အခြေအနေမှာတောင် အဖေကို မဆုံးစေချင်သေးဘူး။
အသက်ရှင်နေစေချင်သေးတယ်။
အဲဒီအချိန်မှာ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ……….
တချို့ဆို အမေ့ဗိုက်ထဲမှာကတည်းက အဖေဆုံးပါးသွားလို့ မြင်တောင် မမြင်ဖူးလိုက်တဲ့သူတွေဆို ဘယ်လိုလုပ်မလဲ။
အဖေကမှ အသက် ၇၆နှစ်ထိ နေရသေးတယ်။
ငါဆိုရင်ရော ဘယ်လောက်ထိ နေရမယ်မသိသေးဘူး။
တချို့ဆိုရင် အမေ့ဝမ်းကမကျွတ်ခင်ပဲ ဆုံးပါးသွားရတာတွေတောင် ရှိသေးတယ်လို့………
တွေးမိပြီး ဖြေရာရနိုင်ခဲ့တယ်။
မိုးမင်းသားရဲ့ အမကြီးကို လေးစားမိပါတယ်။
အမကြီးအမိအရာဆိုတာ အဲလို အမကြီးတွေအတွက် ဂုဏ်ပြုစကားပါပဲ။
အမကြီးရဲ့ ကျေးဇူးကို သိနားလည်တဲ့ မိုးမင်းသားကိုလည်း ချီးကျူးပါတယ်။
မိသားစုများအားလုံး သာယာချမ်းမြေ့ကြပါစေ။ :hee:
Khaing Zar Win
November 6, 2012 at 10:07 am
မိုးမင်းသားတို့ အစ်မကို သိတတ်ပုံကြည့်ပြီး အိမ်ကမောင်တွေရဲ့ခေါင်းတွေ တန်းစီခေါက်လိုက်ချင်သနော်။
(ပြောသာပြောရ ကိုယ်လည်း အဲဒီ အစ်မ လောက်လည်း အနစ်နာခံနိုင်မယ် မထင်)။
မောင်နှစ်မ နှစ်ယောက်လုံးကို လေးစားပါတယ် လို့သာ ပြောချင်ပါတယ်။ 🙂
Mon Kit
November 6, 2012 at 10:32 am
မောင်နှမ နှစ်ယောက်လုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင့်….
myanmarcitizen
November 6, 2012 at 10:35 am
(ကောင်းလိုက်တဲ့ comment လေးတွေ)
ဝင့်ပြုံးမြင့် says: “ဒီပို့စ်လေးဟာ ရိုးရိုးလေးနဲ့ လှနေတဲ့ ပို့စ်လေးပါ”
အရီးခင်လတ် says: “အဓိက သူ့ဘဝ ကို ခင်းပေးခဲ့ပြီး မောင်နှမ တွေကို စောင့်ရှောက်ခဲ့တဲ့ အစ်မကြီး ရဲ့ စေတနာ ကို ဘယ်လို စာလုံးနဲ့ မှ ပုံဖော်လို့ မရနိုင်ပါဘူး”
MaMa says: “အမကြီးအမိအရာဆိုတာ အဲလို အမကြီးတွေအတွက် ဂုဏ်ပြုစကားပါပဲ”
” ကျွန်တော်လည်း.ကျွန်တော့် လက်တွဲဖော် နဲ ့ လမ်းခွဲခဲ ့ရပါတယ် ။
ဘာလို ့လဲ..ဆိ်ုတော့… ဒီ ဒဏ်.တွေကို… သူ ့ဆီကို မကူးစက်စေချင်လို ့”
တကယ့်ကို Heart ထိသွားတယ်ဗျာ …. မိန်းကလေးရေ … မင်းကို မချစ်လို့လမ်းခွဲခဲ့တာမဟုတ်ဘူး … ချစ်လို့လမ်းခွဲခဲ့တာပါ … အဲ့ဒီမိန်းကလေးလဲ သိမှာပါ….
Wow
November 6, 2012 at 10:37 am
ဝတ္တုတွေ၊ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ အမကြီးက အနစ်နာခံပြီးမောင်နှမတွေစောင့်ရှောက် အကိုအကြီးဆုံးက ဆရာဝန်ဖြစ်၊ အကို အလတ်က သဌေးသမီးနဲ့ညား၊ အမကြီးက အိမ်လာလည်တော့ မတူမတန်တွေဆက်ဆံ၊ အငယ်ဆုံးက မိုက်ပေမဲ့ အမကိုသိတတ်… အင်း.. လက်တွေ့မှာတော့ ဒီလိုပဲ မသေမချင်းတော့ ရုန်းကန်ရတာပါပဲ မိုးမင်းသားရယ်… :hee:
November 6, 2012 at 10:49 am
၈၈ မှာ ဒုတိယနှစ်ဖြစ်နြေုပီဆိုတော့ ကျနော်တို ့နဲ ့ရွယ်တူပဲပေါ့နော်
အစက ကိုယ့်ထက် ငယ်မယ်ထင်နေတာ..ရိုရိုသေသေ ဆက်ဆံပါတော့မယ်ခင်ဗျ
လေးစားစရာ ကောင်းတဲ့ မောင်နှမတွေလို ့ အသိအမှတ်ပြမိပါတယ်..
လေးစားလျက်
အူးဗိုက်
မရဲတရဲကုန်းနှင့် မလှမ်းမကမ်းရှိ ရဲရဲကုန်း-ဘီအီး
kyeemite
November 6, 2012 at 11:37 am
ဘာဝင်ပြောရမှန်းမသိအောင် ရင်မောသွားရပါတယ်ဗျာ…
ဘဝတူတွေပါလို့ပဲပြောပါရစေ…ကျုပ်မိဘ အိမ်မလဲ
လူရော့ သွားသည်မရှိ …
အဆင်မပြေကြသူ(အထူးသဖြင့်ကတော့ တပ်ထဲဝင်သွားကြတဲ့)
ညီအစ်ကိုများရဲ့ ကလေးတွေကို…ခေါ်ယူကျွေးမွေး ကျောင်းထားပေးနေရတာပါ..
အိမ်မှာ လက်ရှိ စီမံ အုပ်ချုပ်နေသူကလည်း အကြီးဆုံးအမ အပျိုကြီးပါပဲ…
အားလုံးအဆင်ပြေသွားမှာပါ…တင်းထားးးးးးးးးး
လုံမလေးမွန်မွန်
November 6, 2012 at 11:40 am
မောင်နှမနှစ်ယောက်စလုံးကို တကယ်လေးစားပါတယ်ရှင်…
လုံမဆို အစ်မသာဆိုတယ်..မောင်လေးအပေါ်မှာ အနစ်နာခံတယ် သိပ်မရှိလှပါဘူး… လုံမနဲ့မောင်လေးနဲ့က အသက်သိပ်မကွာတာလည်း ပါပါတယ်…
လုံမသာဆို လုပ်နိုင်ပါ့မလားလို့ တွေးမိပါတယ်…. 🙄
jullies cezer
November 6, 2012 at 12:14 pm
လေးစားပါတယ်ကိုမိုးမင်းသားရေ ဘဝမှာဖြစ်ချင်တာထက်ဖြစ်သင့်တာကို
ဦးစားပေးရတဲ့ဘဝတွေ အများကြီးပါ စေတနာကောင်းရင်ကံကောင်းတတ်
ပါတယ် ………..
မိုချို
November 6, 2012 at 1:04 pm
မတူတဲ့ ဘက် က မန့် ရရင် ကျမသာဆို ( ကိုယ် ကလည်း အကြီးဆုံး ဆိုတော့) အဲဒီ လို ကိုယ့် ဘဝ တစ်ခုလုံး ပေးနိုင်မှာ မဟုတ်ဘူး။ အတူ ရင်ဆိုင် နိုင်မယ့် ကိုယ့် အပေါ် နား လည် နိုင်မယ့် လက်တွဲ ဖေါ် ရှိခဲ့ ရင်တော့ အတူ လက်တွဲ ရင်းနဲ့ မှ မိသားစု ကို ပြန် ကြည့် မိမှာ ပဲ ( ကိုယ်တိုင် လက်ရှိ ကျင့် သုံးနေတာ)။ လူ့ ဘဝ ဆိုတာ တိုတို လေး ပါ ၊ ဒုက္ခ တွေ ကို သယ်ပိုး ပြီး လူ့ ဘဝ ခရီး ကြမ်း ကြီး ကို တစ်ယောက်တည်း လျှောက် ရ တာ တွေး ကြည့် ရုံ နဲ့ ပင်ပန်း လှ ပါတယ်။ မောင် နှမ၊ တူ၊တူ မ ဆိုတာ က လက်တွဲ ဖေါ်၊ သား ရင်း ၊သမီး ရင်း တွေ လောက် ကိုယ့် အပေါ် မလေး နက် နိုင် ပါဘူး။
ဘာပဲ ဖြစ်ဖြစ် အဲလို စွန့် လွှတ် နိုင်တဲ့ ကို မိုး မင်း သား တို့ မောင်နှ မ ကို တော့ အရမ်း လေး စား ပါတယ်။
pooch
November 6, 2012 at 2:07 pm
တခါတလေကျတော့လည်း လူတွေက အပျိုကြီး လူပျိုကြီးဆိုတာနဲ့ အမနာပ ပြောချင်ဆိုချင်တတ်ကြတယ်။ ထေ့ချင် ငေါ့ချင်ကြတယ်။ ဒီလိုမျိုး အနစ်နာခံ စွန့်လွှတ်စိတ်နဲ့ နေနေကြတဲ့ အမကြီး အမိရာ တွေ အကိုကြီး အဖရာတွေ အများကြီး ပါ။
လေးစားပါတယ်။ စေတနာကောင်းရင် ကံကောင်းတတ်ပါတယ်။ တူသော အကျိုးပေးပါစေ။
Khaing Khaing
November 6, 2012 at 3:42 pm
ဘဝမှာ ရုန်းကန်နေရတဲ့လူတွေ အများကြီးရှိပါလား ….. ကြိုတင်မမြင်ရတဲ့ အနာဂတ်ကိုလည်း တွေးမိပြီး ကြိုတင်ပြင်ဆင်သင့်တယ်ဆိုတာ နားလည်လာမိပါတယ် ………
အလင်းဆက်
November 6, 2012 at 6:46 pm
မိုးမင်းသားကြီးရေ…
ဒီ ပိုစ့်လေးနဲ ့…ဒီ ကွန်မန့်တွေကိုသာ..
အစ်မကြီး.ကို..ပြလိုက်…
သူ… တော်တော်လေးကြည်နူ းဝမ်းသာသွားမှာ..သေချာတယ်ဗျ ။
မိုးမင်းသားကြီး.. အစ်မကြီး ဖြစ်သူ ရဲ ့ကျေးဇူးတရားကို..ဖော်ကျူး..ပြလိုက်တာလေး.က အတော်လေး..
ကောင်းနေတယ်ဗျ ။
အဲဒီလို… မေတ္တာစေတနာ အစွမ်းတွေ..အစ်မကြီး.. နဲ ့..
ကျေးဇူးတရားကို… အစဉ် သတိရ တတ်တဲ ့ ကိုမိုးမင်းသားကြီး….တို ့ကို…
လေးစားခင်မင်လျက်….
သားသား…
အလင်းဆက်
(ရဲရဲ ကော့ ..)
🙂
candle .
November 6, 2012 at 7:52 pm
အေးမြတဲ့ ၅၂၈ မေတ္တာတွေကိုထွေးပွေ ့ရင်း..
၁၅၀ဝ မေတ္တာကို ရဲရင့်စွာကျောခိုင်းခဲ့တဲ့ ကိုမိုးမင်းသား နဲ ့..
မိမိဘဝ တစ်ခုလုံးကို မောင်နှမ တွေနဲ ့တူူသား တွေအတွက်ပေးဆပ်ခဲ့တဲ့ အမကြီးတို ့ကိုလေးစားပါတယ်….
အလျှား အနံ မရှိပေမဲ့ အသွားအပြန် ရှိတာ မေတ္တာပါ….
လေးစားခင်မင်စွာဖြင့်….
ီ
မိုး မင်းသား
November 6, 2012 at 8:36 pm
အားလုံးကိုကျေးဇူးတင်ပါတယ်လို ့…..
အရင်ဆုံးပြောပါရစေ…..
ဘာဖြစ်လို ့လည်းဆိုတော ့…..ကျွန်တော်..ကွန်မန် ့တွေကိုဖတ်ရင်း…..
ဝမ်းသာလွန်းလို ့…မျက်ရည်တွေ
ကျလာပါတယ်…..ဘယ်လိုမှပြောမပြတတ်အောင်ရွာသူရွာသားတွေရဲ ့စေတနာတွေ…
မေတ္တာတွေ…အတိုင်းအဆမဲ ့စွာ…နားလည်လာမိပါတယ်…
အားလုံးပို ့သတဲ ့မေတ္တာတွေကို….လက်ခံရင်း…ကျေးဇူးတင်ရင်း…..
အားလုံးကို….လေးစားလျှက်……………………..
ချစ်ခြင်းမေတ္တာဖြင် ့
မိုးမင်းသား………
ရွှေအိမ်စည်
November 7, 2012 at 1:41 am
ကျနော်တော့ ကျနော်အမ အမြဲပြောနေတယ်…ရှေ ့ကသူပိတ်နေလို ့ချည်း…
ကိုယ့်ဟာကိုယ်မစွံတာတောင် အမ ကိုအပစ်တင်သေး
ကျနော်ဒီပိုစ့်ဖတ်ပြီး..အိမ်က အမကို နဲနဲ အားတောင်နာလာတယ်…..
ကျနော်အမြင်မှန်လေးရအောင်….ထောက်ပြပေးတဲ ့ဒီပိုစ့်ကို……..
ဖတ်လိုက်ပါတယ်..
ကျနော်အခုအိပ်တော့မယ်…ည ၁နာရီ ၄ဝ ရှိပြိလေ….
ဘုရားပါကန်တော့လိုက်တယ်..ကျနော်မမ ကို မပြောတော့ဘူး….လို ့ကျေးဇုူးဗျ