ဘဝ ကဗျာ
ဒုက္ခကို ခါးထစ်ခွင် ချီပိုး
ဟိုနား….။
ဒီနား…..။
ရောက် နိုးနိုး နှင့်……..။
နွယ်လို ပတ်တဲ့ “သောက”
ခင်ဗျား အမြန်ပြန်စမ်းလို့
ပြောမရသေးခင်….။
လောကဓံ က
အုံလိုက် ကျင်းလိုက်
ရိုက်နှက် ကျသတဲ့..။
ဘဝများ…..ပြောပါတယ်။
တစ်ချက်တည်း ကျင်းဝင်သလို…
ဘယ်တော့ များမှ သတင်းစာထဲပါမလဲ…။
အာဂ
13 comments
padauk moe
November 10, 2012 at 6:13 pm
နောက်တစ်ပတ်ထဲတော့ပါမှာသေချာပါတယ် ကဗျာကတော့လန်းတယ်ဗျာ
တစ်ချက်ထံကျင်းဝင်သလို မိုက်တယ်ဟေ့
မသိလို့နော် ဘယ်ကျင်းကိုပြောတာလဲဗျ ဟီး………..
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
November 12, 2012 at 3:39 pm
ကွန့်မန့်ရေးပေးတဲ့ အတွက် ကျေးဇူးပါ။ တစ်ချက်တည်း ကျင်းဝင် တယ်ဆိုတာက ကံကောင်းလို့ပါ။ ဂေါက်သီးရိုက်ကစားနည်းပါ။ ဘဝ ကစားပွဲ မှာလည်း ဂေါက်ရိုက်သလိုပါပဲ။ များလှစွာသော ပြိုင်ဘက်တွေ အများကြီး၊ ထဲမှ ကိုယ့်က တစ်ချက်တည်းနဲ့ ကျင်းဝင်သွားခဲ့ရင် (ကံကောင်းသွား) အဲဒီပြိုင်ပွဲက ဆုလာဘ်တွေအပြင် သတင်းစာ(လူကြားသူကြားထဲ ) မှာပါ…။ အောင်မြင်မှုကို ဂုဏ်ပြုနိုင်လို့ တင်စားရေးလိုက်တာပါ။ မော်ဒန် ကဗျာ ဖြစ်တဲ့အလျောက် မိမိစိတ်ကြိုက် ခံစားချက်နဲ့ ထည့်သွင်းစဉ်းစား ခံစားနိုင်ပါတယ်။
မောင်ပေ
November 10, 2012 at 8:45 pm
သတင်းစာထဲပါ
ပုလင်းမှာကဲရှာ
ချင်းရွာနဲလာ
ဒင်းဟာရဲနာ
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
November 12, 2012 at 3:46 pm
ကဗျာပေါ်ကဗျာဆင့်တဲ့ ကိုပေ ကျေးကျေး
မဟာရာဇာ အံစာတုံး
November 10, 2012 at 9:02 pm
ကိုအာဂရဲ့ ….
သတင်းစာထဲမှာ ပါဖို့ဆိုတာက
ထည့်ဦးမှကိုးဗျ …. :kwi:
ခပ်တိုတိုနဲ့ ဘဝကို ဖွဲ့သွားတာ ကောင်းလှတယ်ဗျ …
ဒါနဲ့ ….
ကဗျာထဲမှာ “နွယ်” ပါတယ်နော့ …
လုံမလေးမွန်မွန်
November 11, 2012 at 2:22 pm
အဲ့လာ ပြောမလု့ိ…
ဂဂ ရဲ့ ဘဝကဗျာမှာ နွယ် မပါလို့ မဖြစ်ဝူး မို့လား…
ကိုအာဂရေ..
နွယ်လိုပတ်နေတဲ့သောက ဆို ဓားနဲ့ တစ်ခါတည်း ဖြတ်ပစ်လိုက်ရတယ်… 🙂
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
November 12, 2012 at 3:52 pm
ဆရာ အံဇာတုံး > နွယ်ပါသွားတာက တိုက်ဆိုင်မှုတစ်ခုလိုပဲ ဆိုချင်သပဗျာ။
လုံးမလေးမွန်မွန်ရေ ဘဝမှာတော့ နွယ်မပါလို့ မဖြစ်တာမှန်ပါတယ်။ ဒါပေမဲ့ ဒီကဗျာထဲက နွယ်ကတော့ သောက ဆိုတဲ့ နွယ်ဖြစ် ပါတယ်။ ညီမလေးပြော သလို ဓားနဲ့ သောက နွယ်တွေကို ဖြတ်ပြစ်လို့ရရင် ကောင်းသားလို့တွေးတော့တွေးမိတယ်။
စိန်ဗိုက်ဗိုက်
November 11, 2012 at 3:57 pm
နောက် လထွက်မဲ့ သတင်းထဲတော့ ထည့်ပေးမယ်ပြောတယ်ဗျ
နေဦး..
ကျနော် ပြန်မေးကြည့်ပေးမယ်..
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
November 12, 2012 at 5:14 pm
အူးဗိုက် သတင်းစာထဲထည့်ရင်လည်း မြန်မြန်ထဲဗျာ..။ နာရေးမှာတော့ မဟုတ်ဘူး ။နော်
blackchaw
November 12, 2012 at 9:08 am
သတင်းစားထဲပါပါလာတတ်တဲ့…

တစ်ချက်တည်း ကျင်းဝင် ဆိုတဲ့ သတင်းတွေက
တကယ်ကြီးတွေလားဟင်င်င်င် ????
ဘယ်လောက်စိတ်ချရမှာလဲ…ကိုကို…???
ဆိုတော့…
ဘဝဆိုတာ ဂေါက်သီးရိုက်ခြင်း(သို့မဟုတ်) အရက်သောက်ခြင်းလို့ မှတ်လိုက်ဗျာ…။
ဂေါက်သီးရိုက်တဲ့နေရာမှာ
တစ်ချက်တည်းကျင်းမဝင်ရင်တောင်…
အရက်သောက်တဲ့နေရာမှ
တစ်ခွက်တည်း မူးအောင်မော့ပစ်လိုက်…
အပျင်းစားအရက်တစ်ခွက်ကို…
ရေမရောပဲ မော့သာချလိုက်…
အဲဒီလိုဆိုရင် တစ်ခွက်တည်း မူးပြီပေါ့ညီလေးရေ…။
(အပျော်ဝင်ပြီး ကွန်းမန့်ရေးသွားပါတယ် ညီလေး အာရ်ဂရေ…။)
သတိပေးချက်…
အရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါသည်…။
မသေချာပါ…။
ကိုပေါက်(မန္တလေး)
November 12, 2012 at 4:16 pm
(မော်ဒန် ကဗျာ ဖြစ်တဲ့အလျောက် မိမိစိတ်ကြိုက် ခံစားချက်နဲ့ ထည့်သွင်းစဉ်းစား ခံစားနိုင်ပါတယ်။)
အမိုက်ဆုံးစာသားဘဲ ဃဃရေ………………။)
ကဲ ဆက်ရေးမယ်လိုက်မယ်နော်
နွယ်ပင်လို ပတ်တဲ့ “သောက”
“ခင်ဗျား အမြန်ပြန်စမ်းဗျာလို့
မာန်ပါပါ အပြော
ကျနော့်ပါးကို ဖျမ်းကနဲ အချ
ပူထူလူို့သွားတာနဲ့
ဲ ဒေါသအပြည့်နဲ့ လှည့်အကြည့်
“မောင့်ပါးမှာ ခြင်တွေသီးနေလို့ရိုက်လိုက်တာနော်”လို့်
ပြောတဲ့စကားထဲမှာ
ကျနော်နစ်မြုတ်လို့ပျော်ဝင်သွားလေရဲ့…………….
ဒေါသတွေအတောင်ပေါက် ဘယ်ရောက်သွားမှန်းတောင်မသိပါဘူးဗျာ။
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
November 12, 2012 at 5:21 pm
လေးဘလက် > ပြောသလို တစ်ခွက်တည်းမူးရင်လည်းကောင်းသားဗျာ..။လေးဘလက်ပြောတဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ အရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါသည်…။
မသေချာပါ…။ မသေချာပါဆိုတဲ့ နေရာကို အကြိုက်ဆုံးပဲ။
လေးပေါက် > အနော့ချစ်ချစ်က ပါးမှာချင်နားရင် လက်နဲ့ မရိုက်ဘူး ဂျ နှာခေါင်းနဲ့ ရိုက်တာ အဟီး..ဟိးးးးးးးးးးး
ကိုပေါက်(မန္တလေး)
November 12, 2012 at 10:23 pm
လေးပေါက် > အနော့ချစ်ချစ်က ပါးမှာချင်နားရင် လက်နဲ့ မရိုက်ဘူး ဂျ နှာခေါင်းနဲ့ ရိုက်တာ အဟီး..ဟိးးးးးးးးးးး
ြကြွားချက်တော်……………………………..
ရက်စက်အီးကွဲဘဲ