Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကျောင်းပျော်ကြမယ့်နေ့ရက်များ”

“ကျောင်းပျော်ကြမယ့်နေ့ရက်များ”

“မေမေ ဆရာမကပိုက်ဆံယူလာခိုင်းတာဒီနေ့နောက်ဆုံးတဲ့ မြန်မြန်ပေးတော့လေဗျာ အတန်းထဲမှာသားတို့ပဲပေးဖို့ကျန်တော့တာ”
သားလေး မောချေကအလိုမကျတဲ့မျက်နှာထားနဲ့ပြောလာတာမို့ မရွဲဖြူတစ်ယောက် တော်တော်စိတ်ညစ်သွားသဖြင့် ဒေါသကပါထွက်လာသည်။
“ငါလည်းအဲဒီပိုက်ဆံရအောင်ရှာနေတာပဲ ဒီ့ထက်ရှာရရင်ရွာထဲဓားပြတိုက်ဖို့ပဲရှိတော့ တယ် သွားစမ်း လာဂျီကျမနေနဲ့ ပေးနိုင်တဲ့နေ့နင်ရမှာပေါ့”
“အီး….အဲဒီပိုက်ဆံမပါရင် သားကိုဆရာမကနေ့တိုင်း ဆူနေရိုက်နေမှာဗျ သားကျောင်း မသွားချင်ဘူး အီး…”
အဲဒီလိုဆိုပြန်တော့ မရွဲဖြူစိတ်မကောင်းပြန်။
“ဒါဖြင့်လည်း ဒီနေ့နဲ့နက်ဖြန်ကျောင်းမသွားနဲ့လေငါ့သား သန်ဘက်ခါကျတော့ ကျောင်း နှစ်ရက်ပိတ်တယ် တနလာင်္နေ့ကျရင်တော့ရလောက်ပါတယ် အဲ့ကျမှကျောင်းသွား အမေ လုံးခင်တို့နဲ့ခွင့်တိုင်ခိုင်းလိုက်မယ်လေ”
မရွဲဖြူစကားကြောင့် မောင်ချေ ပျော်ရွှင်သွားသည်။ချက်ချင်းပင်လွယ်အိတ်ကိုချကာ အိမ်ထဲမှပြေးထွက်သွားတော့သည်။ဒီကောင်လေး တစ်နေကုန်တစ်နေခန်းလျှောက် ဆော့တော့မည်။ဆော့ပါစေလေ ခမျာ ကျောင်းကကောက်တဲ့ ရံပုံငွေမှမထည့်နိုင်ရှာပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ညည်းမှတင်လားရွဲဖြူရယ် အိမ်ကပေသီးတို့ဆိုကျောင်းမသွားတာ တစ်ပတ်လုံးလုံးပဲ ညည်းပဲစဉ်းစားကြည့်အေ တစ်နေ့တစ်နေ့ စားဖို့တောင်အနိုင်နိုင်ဟာ သူတို့ကောက် တဲ့ကျောင်းရံပုံငွေ ၂၀၀ဝကိုဘယ်ကသွားရှာထည့်ရမလဲ အဲဒါတွေကြောင့်ကျုပ်ကလေး ကိုကျောင်းမထားချင်တာ”
“ကျွန်မလည်း မရီလိုပါပဲ ရှေ့ကဖိုးဒွန်းသာလေးလည်းဘယ်မှာကျောင်းထားခဲ့လို့တုန်း။ မိထူးလေးလည်းဒီပဲ ကျောင်းမထားပြန်တော့ကလေးတွေကတစ်နေ့တစ်နေ့ နေပူထ ဲလျှောက်ဆော့နေတာနဲ့ အငယ်ကောင်လေးတော့ပညာလေးတတ်အောင် ကျောင်းထား မိတာ ကျောင်းအပ်တုန်း ကတော့ အလကားဆိုလို့ အခုကျတော့ တော်ကြာဟိုကြေး၊ တော်ကြာဒီကြေးနဲ့ပြန်ထုတ် ရမလိုတောင်ဖြစ်နေပြီတော်”
မှန်သည်။မရွဲဖြူတို့လို ဧရာဝတီတိုင်းအစွန်အဖျားကပင်လယ်ကမ်းခြေ တံငါရွာမှ အိမ်ထောင်စုတော်တော်များများ စားဝတ်နေရေးအတွက် အသက်ကို ပင်လယ် ကြီးထံမှာအပ်နှံထားရတာ။
တစ်နေ့ တစ်နေ့ဝမ်းစာအရေးအတွက်နေပူပူ၊မိုးရွာရွာရုန်းကန်လှုပ်ရှားနေရတာ အသားတွေ လည်းသပိတ်ရောင်တောက်နေပြီ။
မရွဲဖြူရဲ့ယောကျာ်း ကိုညိုချေက ပွင့်လင်းရာသီတစ်ခွင်လုံး ပင်လယ်ထွက်သည့် ငါးဖမ်းစက်လှေများနောက်သို့လိုက်နေရသဖြင့် တစ်နှစ်လုံးတွင် မိုးရာသီတစ်ခွင် သာမိသားစုနှင့်နေရသည်။
ပင်လယ်လိုက်ရသူများမှာ ငွေလုံးငွေရင်းရပေမယ့်အသက် ကိုရင်းထားရသည်။ ရသည့်ငွေကလည်း နောက်ပိုင်းကမိသားစု စားရင်းစားရင်းနဲ့ကုန် တာပင်။ ခင်ပွန်းသည်ပြန်မရောက်ခင်ငွေကုန်ပြီဟေ့ဆိုမှဖြင့် မရွဲဖြူတို့ကုန်းရုန်းရှာပေ တော့။
နေ့လည်ဘက်ကိုစက်လှေပိုင်ရှင်များထံမှာ သားအမ၂ယောက် ငါးရွေး၊ညဖက်ကို ကိုယ်တိုင်ကိုယ်ပိုင် ငါးရှာ၊ဖားရှာလုပ်တာတောင်မှ ကလေး၃ယောက်နဲ့မိမိပါးစပ်ကို မနည်းဖြည့်ရသည်။အပိုငွေဆိုတာဘယ်မှာရှိနိုင်မလဲ။
မရွဲဖြူတို့လိုရွာတွေမှာကအလုပ် ကြမ်းသမားတွေပေါပြီး တစ်နေ့လုံးမနားမနေ အလုပ်လုပ်ပါမှ ရတဲ့ပိုက်ဆံက ၂ထောင်၊ ၃ထောင်ထက်မပို။
ရွာမှာကျောင်းမထားနိုင်တဲ့ကလေးတွေတော်တော်များပါတယ်။မရွဲဖြူတို့သားသမီး၃ ယောက်လုံးကျောင်းမထားနိုင်ခဲ့ပါ။
ဒီနှစ်နောက်ဆုံးကောင် မောင်ချေအသက်ရနှစ်အရွယ်ကျမှ ကလေးတိုင်းပညာ သင်နိုင်ရေး အစီအစဉ်ဆိုတာနဲ့တိုးလို့ ကျောင်းအပ်ခနဲ့စာအုပ်ဖိုးတွေ အလကား ဆိုတာနဲ့နောက်ဆုံး သားလေးတော့ပညာတတ်ပါစေရယ်ဆိုပြီးကျောင်းထားလိုက် တာပါ။
အခုလိုမိုးရာသီငွေရှားတဲ့အချိန်ကြီးမှာ တော်ကြာနေရင်း ဟိုကြေး၊တော်ကြာနေရင်း ဒီကြေးနဲ့ မရွဲဖြူတို့တောင် ဘာကြေးတွေရယ်လို့သေသေချာချာမသိရ။
သူ့အဖေ ကိုညိုချေခမျာလည်း ပင်လယ်ထွက်ချိန်မဟုတ်တော့ ဒေသအခေါ်“ဘောက်” (ကျပမ်း)လိုက်လုပ်ပြီးရှာဖွေနေရတာပဲ။
ဘောက်ဆိုတာကလည်းအမြဲတမ်းအခစားတွေလို နေ့စဉ်အလုပ်ရှိတာမဟုတ်။ခေါ်ခိုင်း သူရှိမှလိုက်လုပ်ရတာ။
တစ်နေကုန်အားအင်သုံးပြီး မြေတူး၊မော်တော်ဆိပ်မှာကုန်ထမ်းစတဲ့အလုပ်ကြမ်းတွေ လုပ်ကာမှ တစ်နေ့၂ထောင်ကျော်လေးရတာ။
လခစားအလုပ်သမားတွေမှာလည်းမချောင်ပါဘူး။နေ့စဉ်အလုပ်ရှိပေမယ့် ရတဲ့လခ လေးကတစ်လမှ ၁သောင်းခွဲ နှစ်သောင်း။
ဒီလိုမျိုးစားဝတ်နေရေးကျပ်တည်းရတဲ့အထဲ အလကားရလို့ကျောင်းထားမိပြန်တော့ ဟိုကဒီက မူလတန်းကျောင်းသားတွေကို လှူလိုက်တယ်ဟေ့ ဆိုရင်လည်း လမ်းစရိတ် ဆိုပြီးကလေးတွေကိုပိုက်ဆံကောက်ပြန်တယ်။
လှူရင်လည်းအဆုံးထိအောင်လှူလိုက်ကြပါလား။သူများတွေကပြောတာတော့လှူတဲ့ဆီ ကအဆုံးထိရောက်အောင်လှူတာပဲ ဘယ်လိုကြောင့်ကျောင်းရောက်မှ လမ်းစရိတ်တွေ ထကောက်နေရတာလည်း မရွဲဖြူတို့နားကိုမလည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ကဲ ကိုညို တော့်သားကိုပေးဖို့ ပိုက်ဆံနှစ်ထောင်အတွက်လုပ်ပါဦး”
“ဟ ငါလည်းနင့်ကိုရသမျှအကုန်အပ်နေတာပဲလေ အလုပ်မရတဲ့နေ့တွေတော့ ငါလည်းမတတ်နိုင်ဘူး”
ကိုညိုချေက ဆေးလိပ်ဖွာနေရာမှ ဒေါသသံနှင့်ပြန်ချေပသည်။မရွဲဖြူလက်ထဲမှာလည်း ပိုက်ဆံက တစ်ထောင်ပိုပိုသာရှိသည်။ဒါတောင်ကျစ်နေအောင်လုပ်ထားလို့။
“ကျုပ်လည်းစိတ်ညစ်တယ်တော် နေ့ပြန်တိုးကလည်း မပေးလို့မရတာတော်အသိ မပေး ရင်အာကျယ်မ မရင်ရွှေက ငါနဲ့ချည့်တုတ်တာ ကျုပ်တို့လည်းကလေးတစ်ယောက်ရဲ့ ကျောင်း စရိတ်တောင်လုံလုံလောက်လောက်မရှာနိုင်အောင်မွဲချက်တော် လူဖြစ်ဖု့ိ တောင်မတန်တော့ဘူး။
“ဒါဖြင့်လည်း ဒေးဗစ်သန်းအိမ်ကခွေးသာသွားလုပ်လိုက်တော့”
ကိုညိုချေက မော်တော်ပိုင်ရှင်အိမ်ကိုရည်ညွှန်းကာ ပြောဆိုပြီး တစ်ကိုယ်လုံးကိုက်ခဲနေ တာပဲ ဟုဆိုကာထွက်သွားချေပြီ။မရွဲဖြူအတပ်သိလိုက်ပြီ ကိုညိုချေတစ်ယောက်ဘုံဆိုင် သို့သွားချေပြီဆိုတာ။
အိမ်စရိတ်ကုန်တဲ့အထဲမှာ ကိုညိုချေရဲ့အရက်ကြွေးတွေကလည်းမထောင်းသာ။ သူ့ခမျာပင်ပမ်းရှာတာကိုကုစားတာပါလေဆိုပြီးနားလည်ပေးထားရတာပေပဲ။
နေ့ခင်းနေ့လည် ကလေးတွေကလည်း ဘုန်းကြီးကျောင်းဝန်းထဲကညောင်ပင်အောက် သွားဆော့နေချိန်မို့ အိမ်မှာမရွဲဖြူတစ်ယောက်သာကျန်ခဲ့သည်။
ဒီနေ့က အလုပ်ရှင် တွေဘုရား ကျောင်း တက်တဲ့တနင်္ဂနွေနေ့မို့ ငါးရွေးဖို့ အလုပ် ကလည်းမရှိတာနဲ့ထမင်း စားပြီး ဘုရားစင်ရှေ့လှဲလျောင်းကာ ခေါင်းရင်းက မဂ္ဂဇင်း အဟောင်း လေးလျှောက်လှန်ကာ မျက်စိစင်းလာတော့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“မောင်ချေရေ မောင်ချေ”
မဂ္ဂဇင်းဖတ်ရာမှ မှေးခနဲအိပ်ပျော်သွားတဲ့ မရွဲဖြူတစ်ယောက် အိမ်ရှေ့ကခေါ်သံကြောင့် ကုန်းရုန်းထကြည့်မိတော့ အဖြူအစိမ်းနဲ့ဆရာမလေးတစ်ယောက်။
အပြင်ဘက်မှာနေတောင်ကျနေပြီ ကျောင်းဆင်းချိန်ရောက်ပြီပေါ့။ကိုညိုချေနဲ့ကလေး တွေအခုထိပြန်ရောက်ကြသေးပုံမပေါ်။
“ဘာများလဲမသိဘူးဆရာမလေး”
မရွဲဖြူက အပြင်ထွက်ကာဆရာမလေးကိုမေးလိုက်သည်။ဆရာမလေးကချိုသာစွာပြုံး ရင်းက
“ကျွန်မမောင်ချေရဲ့အတန်းပိုင်ဆရာမပါ”
မောင်ချေရဲ့အတန်းပိုင်ဆရာမဆိုသဖြင့် မရွဲဖြူလန့်သွားသည်။မောင်ချေကျောင်းရံပုံငွေ ကြေးယူမလာသေး၍အိမ်လိုက်တောင်းတာများလားဆိုပြီးတော့ပါ။
“မောင်ချေကျောင်းမလာလို့နေများမကောင်းလို့လားလို့လာမေးတာပါ ကလေးကို ကျောင်းမပျက်စေချင်ဘူးရှင် သိပ်များနေမကောင်းဖြစ်နေလားလို့စိုးရိမ်လို့ပါ။”
ကျောင်းသားကျောင်းမတက်သဖြင့် အိမ်အထိအောင်စိုးရိမ်တကြီးလိုက်မေးရှာတဲ့ သဘော ကောင်းလွန်းတဲ့ဆရာမလေးကိုများ အိမ်ကသားက အရိုက်ကြမ်း၊အဆူကြမ်း သလေးနဲ့ တော်တော်ဆိုးတဲ့ကောင်။
“ကျွန်မတို့အနေနဲ့ကလေးတွေကိုပညာရေးနဲ့ပတ်သတ်ပြီး အထူးကြပ်မတ်စေချင်တယ် ကလေးတွေပညာတတ်မှတိုင်းပြည်တိုးတက်မှာပါ။ကလေးတွေဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေမို့လား။ဒါကြောင့်ဘာအကြောင်းနဲ့မှကျောင်းမပျက်အောင် အထူးဂရု စိုက်ချင်တယ်ရှင်”
ကြည့်စမ်းပါဦး ကျောင်းသားအပေါ်ဒီလောက်အလေးထားတဲ့ဆရာမလေးပါလား။
“ဟိုလေ ဆရာမက ကျောင်းမှာအရိုက်ကြမ်းဆို”
မရွဲဖြူအရဲစွန့်မေးလိုက်သဖြင့် ဆရာမလေးကမျက်စိမျက်နှာပျက်ကာ
“အို သူများကြားရင် အတိုင်ခံနေရပါဦးမယ် ကျွန်မတို့ ဆရာ၊ဆရာမတွေအနေနဲ့ ကျောင်းသားတွေကိုရိုက်နှက်မဆုံးမဖို့စည်းကမ်းထုတ်ထားပါတယ်”
“ဪ မသိလို့ပါဆရာမရယ် ဟိုလေ သားလေးက ကျောင်းရံပုံကြေး ငွေမပေးနိုင် သေးလို့ကျောင်းမလာတာပါ”
မရွဲဖြူအမှန်တိုင်းပဲဝန်ခံလိုက်တာပင်။ဆရာမလေးမှာပို၍မျက်နှာမကောင်းစွာဖြင့်။
“ဟင် အဲဒါက ကျွန်မတို့အလှူခံတာပါရှင် ကလေးမိဘတွေစေတနာရှိသလောက် လှူချင်လှူပါ။မလှူလည်းရပါတယ် လုံးဝထည့်ကိုထည့်ရမယ်လို့မသတ်မှတ်ပါဘူး”
ကြည့်စမ်း မောင်ချေတို့မိဘကိုစိတ်ဒုက္ခပေးချက်။ပြန်လာမှ အသေဆော်ပစ်ဦးမည် ဟုတေးလိုက်မိသည်။စိတ်ထဲလည်းပျော်သွားတာအမှန်။
“တကယ်လားဆရာမရယ် ကျွန်မတို့မလဲမပြေလည်တော့ ဒီကိစ္စပဲစိတ်ညစ်နေကြတာ”
“ဒီကိစ္စနဲ့တော့ ကျောင်းမပျက်ပါစေနဲ့ နေထိုင်မကောင်းရင်လည်းပြောပါ ကျွန်မတို့ ဆရမတွေတတ်နိုင်သလောက်ဆေးဝါးကုသပေးပါ့မယ်။တနလာင်္နေ့ကျရင် ကမာ္ဘ့ကလေးများရံပုံငွေအဖွဲ့ ယူနီဆက်ဖ်ကလှူလိုက်တဲ့ ကျောပိုးအိတ်တွေပေးဦးမှာ နောက် ကွေကာအုပ်နဲ့ကြက်ဥကိုလည်းအာဟာရအနေနဲ့ကျွေးဦးမှာ”
မရွဲဖြူမျက်လုံးပြူးလျက်
“ဟင် အဲဒါတွေအတွက် သယ်ယူစရိတ်၊ကျွေးမွေးစရိတ်တွေကောက်ဦးမှာလားဆရာမ”
“အို ကြံကြံဖန်ဖန် မကောက်ပါဘူး ဟင်!စကားကောင်းနေတာနဲ့ မုးိဖွဲလေးတွေကျလာပြီ ကျွန်မပြန်တော့မယ်နော်”
ပြောပြောဆိုဆိုနဲ့ ဆရာမလေးကပြေးထွက်သွားရာ မရွဲဖြူတစ်ယောက်လှမ်းအော်ပြီး
“ဆရာမမိုးမိနေပါ့မယ် ထီးယူသွားပါလား ဆရာမ ဆရာမ”
မရွဲဖြူအော်သံကိုဆရာမကမကြားတော့ပုံ ပြန်လှည့်မလာတော့
“အိုး မိုးတွေရွဲကုန်တော့မှာပဲ ဆရာမ ဆရာမ”
……………
“အမေ အမေ့ ဘာဆရာမလည်း”
သမီးကြီးရဲ့လှုပ်မေးသံကြောင့် မရွဲဖြူတစ်ယောက်ယောင်ယမ်းနေရာမှနိုးလာပြီး
“ဆရာမလေးကော သမီးမိုးတွေစိုကုန်တော့မှာပဲ”
“ဘယ်ကဆရာမလဲအမေ မောင်ချေရဲ့ဆရာမလား”
“ဟုတ်တယ်လေ”
မရွဲဖြူအမေးကြောင့် သမီးကြီးမိထူးက မျက်နှာကိုစူပုပ်လျက်။နံဘေးတွင် မောင်ချေ လေးကလည်းမျက်ရည်အရွှဲသားဖြင့်ထိုင်နေရှာသည်။
“အခုနကပဲ လမ်းမှာမောင်လေးကိုအသားကုန်ဆူသွားတယ် ရံပုံငွေကြေးမပေးသေးတဲ့ အပြင် ကျောင်းပါပြေးရပါ့မလားဆိုပြီး မိဘကိုကျောင်းခေါ်လာခဲ့ရမယ်တဲ့ နားရွက်ပါ လိမ်ဆွဲသွားသေးတယ် မောင်လေးကိုကျောင်းတက်ခိုင်းမနေနဲ့တော့အမေ သူ့ဆရာမ ကဘီလူးမကြီးကျနေတာပဲ ”
မရွဲဖြူ ထထိုင်ပြီး သားငယ်မောင်ချေရဲ့နားရွက်ကိုကြည့်မိရာ ရဲနေပြီး ကလေးကအငိုပင် မတိတ်ချင်သေး။
ဒါဖြင့် အခုနင်ကကျွန်မကြုံတွေ့နေရတာတွေက ကျွန်မဖတ်ရင်းအိပ်ပျော်သွားသော မဂ္ဂဇင်းဝတ္ထုတိုလေးထဲက စေတနာရှင်ဆရာမလေးများလား။
ဪ…ငါ့နှယ် ဖြစ်မှဖြစ်ရလေ ဒီလိုသာဆိုရင်ဖြင့် မောင်ချေတစ်ယောက် ကျောင်းမှာ ပျော်နိုင်ပါဦးမလားသားရယ်……………………
သူငယ်ချင်းတွေနဲ့ကစားတဲ့အချိန်လေးတွေပျော်မှာပါလေ။
ရံပုံငွေကြေးကိုရအောင်ရှာဖွေပေးဦးမှပါပဲ။
ဒီကလေးကိုတော့ ကျောင်းမပျော်၊ပျော်ပျော် ပညာတတ်အောင်ထားဦးမှဖြစ်မှာပါ
ဟုတွေးရင်း ခမောက်တစ်လုံးကိုဆွဲ၍ သမန်းပိုးရှာရန်ထွက်ခဲ့လိုက်တော့သည်။

(အမှန်တကယ်ပင် နယ်စွန်နယ်ဖျားတောရွာများရှိအခြေခံပညာကျောင်းများတွင် အကောက်ခိုင်းသောကျောင်းအုပ်များ နှင့်အကောက်ကြမ်းသောဆရာမများ ရှိနေပါသေးသည်။မြို့ကျောင်းတွေမှာတော့ပညာသားပါပါကောက်လျက်ရှိဆဲပါ။)
အမှားအယွင်းပါလျှင်ခွင့်လွှတ်နားလည်ပေးကြပါ။

“နန်းတော်ရာသူ”ရေးသားသည်။
(12-11-2012)
8:39(PM)

20 comments

  • ရွာသူ jujuma .

    November 12, 2012 at 9:11 pm

    ကျောင်းပျော်မယ့်နေ့တွေ ……..
    ဘယ်တော့များမှဖြစ်လာနိုင်မှာလဲ??????

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 9:50 pm

    ပညာရေးကို အကြောင်းပြပြီး ပညာမပေးကြပါနဲ့လို့ဘဲ ပြောလိုက်ချင်ပါရဲ့ဗျာ။

    • ဟုတ်ကဲ့သရီးကေရေ..ကျွန်မအနေနဲ့ပညာပေးတာမဟုတ်ပါဘူး ကျွန်မမြင်ရတဲ့ အစွန်အဖျားရွာလေးရဲ
      ဒေသခံတွေအကြောင်းရသစာပေရေးဖွဲ့ထားတာပါ။
      (အမှန်တကယ်ပင် နယ်စွန်နယ်ဖျားတောရွာများရှိအခြေခံပညာကျောင်းများတွင် အကောက်ခိုင်းသောကျောင်းအုပ်များ နှင့်အကောက်ကြမ်းသောဆရာမများ ရှိနေပါသေးသည်။မြို့ကျောင်းတွေမှာတော့ပညာသားပါပါကောက်လျက်ရှိဆဲပါ။)
      ဆိုတဲ့စာကြောင်းထည့်ရေးရခြင်းကလည်း ဒီလိုကိစ္စတွေမရှိတော့ပါဘူးလို့ထောက်ပြကြမှာဆိုးလို့ပါ။
      ကျွန်မအမျိုးသားကိုယ်တိုင် ကထိက ပညာရေးဝန်ထမ်းတစ်ယောက်ပါ။
      ထမင်းရည်တောင်နပ်မမှန်တဲ့မိသားစုတွေထဲကကလေးတွေကို ကျောင်းကကောက်တဲ့ပိုက်ဆံယူမလာလို့ ရိုက်နှက်နေတဲ့ဆရာမတွေကိုမျက်မြင်မြင်တွေ့နေရလို့ ပုံဖော်ရေးသားခြင်းပါ။
      ပညာပေးမဟုတ်-ရသစာပေတစ်ပုဒ်ဖြစ်ပါကြောင်း။

      • Ko Khin Kha ( သရီးကေ )

        November 13, 2012 at 12:10 pm

        ပညာပေးမဟုတ်-ရသစာပေတစ်ပုဒ်ဖြစ်တယ်ဆိုတာ လက်ခံပါတယ် နန်းတော်ရာသူရေ။
        ခင်ခ အပေါ်မှာမန့်ခဲ့တဲ့ ရည်ရွယ်ချက်လေး ရှင်းပြရလိမ့်မယ်ထင်လို့ ပြန်လာမန့်တာပါ။
        ပညာရေးကို အကြောင်းပြပြီး ပညာမပေးကြပါနဲ့လို့ဘဲ ပြောလိုက်ချင်ပါရဲ့ဗျာဆိုတာ ပိုစ့်ပိုင်ရှင် နန်းတော်ရာသူကို ပြောချင်တာမဟုတ်ပါ ပညာရေးလောကမှာလုပ်ကိုင် တာဝန်ထမ်းဆောင်နေ ကြသော စေတနာကို ပဓာနမထားနိုင်တဲ့ ဆရာ ဆရာမ တွေကိုပြောလိုက်ချင်တာပါ။
        ဥပမာ- သူထံမှာ ကျူရှင်ယူသင်တဲ့ ကျောင်းသူားကိုမှ အောင်ပေးပြီး မတတ်နိုင်လို့ သူထံ ကျုရှင်မယူတဲ့ ကျောင်းသူားကိုကျ အမျိုးမျိုးပညာပေးတတ်သော ဆရာ ဆရာမများ၊ ငွေကြေးချမ်းသာပြီး အမျိုးမျိူးကန်တော့ ပစ္စည်းပေးသည့် မိဘ၏ သားသမီးကို ဦးစားပေး သင်ကြားပေးတတ်ပြီး စေတနာနဲ့ မရရင် မပေးတတ်ကြသော ဆရာ ဆရာများရဲ့ ကလေးပညာရေးဟူသော အညာကိုင်ကာ နည်းလမ်းမျိုးစုံနဲ့ ပညာရေးအကြောင်းပြ ပညာပေးနေသူ ဆရာ ဆရာမတွေကို ရည်ရ့ယ်လို့ရေးမိတာပါ။
        စေတနာ အကြင်နာနဲ့ ရှိကြကုန်သော ဆရာ ဆရာမ မပါဘဲ အဲလို ဆရာ ဆရာမများကိုတော့ ခင်ခဂုဏ်ပြုချီးကျုးနေမိပါတယ်လေ။
        ပိုစ့်ပိုင်ရှင် နန်းတော်ရာသူရေ အပေါ်ကမန့်တာ အဓိပ္ပွယ်တစ်မျိုးပေါက်သွားတယ် ဆိုရင်တော့ ခင်ခက တောင်းပန်းလိုက်ပါတယ်နော်။

        • တောင်းပန်ဖို့မလိုပါဘူးကိုခင်ခရေ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုလွဲပေမယ့်
          အပြန်အလှန်မှတ်ချက်တွေကလည်း တခြားသူတွေအတွက် ဗဟုသုတတစ်မျိုးတုးိစေပါတယ်။
          ကျွန်မစာတွေကိုဝေဖန်ပေးတာကျေးဇူးတင်ပါတယ်။
          နောက်လည်းကြိုက်သလိုဝေဖန်လို့ရပါတယ်။
          ကျွန်မက ဂေဇက်နဲ့comment တွေကိုလေးစားနေလျက်ပါ။
          ဒါ့ကြောင့်စာတွေကိုလည်းတလေးတစားပဲတင်နေပါ့မယ်ရှင်။

  • ဆိုးသော ပညာရေးဝန်ထမ်းများရှိသလို
    ကောင်းသော ဆရာ ဆရာမ များလဲ ရှိပါ၏။
    ကလေးတိုင်းကောင်းသော ဆရာ ဆရာမများနှင့်ဆုံတွေနိုင်ပါစေ

  • pazflor

    November 13, 2012 at 1:50 am

    ဝတ္တုကိုလည်းဖတ်သွားပါတယ်ခင်ဗျာ။ မဆိုင်ဘဲနဲ့ နည်းနည်းဝင်ပွားမယ်နော်။
    လစာထပ်မတိုးပေးဘဲ သူတို့ပြောတဲ့နေတဲ့ ခေတ်မှီဖွံဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဘယ်တော့မှ ဖြစ်လာမည်မဟုတ်ဟုထင်ပါတယ် ခင်ဗျာ။

  • Foreign Resident

    November 13, 2012 at 5:37 am

    စဉ်းစားမိတာလေးပြောပြမယ်နော် ။
    ” ခင်ပွန်းသည်ပြန်မရောက်ခင်ငွေကုန်ပြီဟေ့ဆိုမှဖြင့် မရွဲဖြူတို့ကုန်းရုန်းရှာပေ တော့ ”

    ခင်ပွန်းသည် ရှိရှိ မရှိရှိ ကုန်းရုန်းပြီး အလုပ်လုပ်ရမှာပေါ့ ။
    ဆင်းရဲတယ်လဲဆိုသေး ၊ လင်ရောမယားရော နှစ်ယောက်လုံး ၊
    နေ့စဉ် ပြဲကားနေအောင် အလုပ် မလုပ်ရင်တော့ ။
    ပြောစရာစကားက တစ်ခွန်းထဲ ရှိပါတယ် ။

    အဲဒီ လင်မယားဟာ ဆင်းရဲခြင်းနှင့် ထိုက်တန်ပါတယ် ။
    ဘာမှ သနားနေစရာ မလိုပါဘူး ။

    အဘတို့ ငယ်စဉ်က ၊
    အဘ အဖေဟာ နံနက် ဝ၇၀ဝ – ည ၂၂၀ဝ နေ့စဉ် လုပ်ရပါတယ် ။
    အဘ အမေဟာ နံနက် ဝ၇၀ဝ – ည ၂၀၀ဝ နေ့စဉ် လုပ်ရပါတယ် ။
    ဆင်းရဲတယ် ဆိုတိုင်း မသနားနိုင်ပါဘူး ။
    ပျင်းလို့ / တုံးလို့ က အနည်းဆုံး ၇ဝ % လောက် ရှိပါတယ် ။

    ဥပမာ ပြရရင် ၊ ရှေး တရုတ်တွေ ဗမာပြည်လာတုန်းက စစ်ပြေးလာခဲ့တာ ၊
    ဘာ ပိုက်ဆံမှ လောက်လောက်လားလား မပါခဲ့ဘူး ။
    အခု ဆင်းရဲတဲ့ ရှေး တရုတ် လိုက်ရှာကြည့်အုံး ။
    ပညာမတတ်တဲ့ ရှေး တရုတ် လိုက်ရှာကြည့်အုံး ။

    တရုတ် တွေ ပျင်းလား မပျင်းလား ကတော့ ၊
    လက်သမားချင်း အတူတူ ၊ အလုပ်ချိန်ချင်း အတူတူ ဆိုရင် ၊
    တရုတ် လက်သမားကို ဈေး နှစ်ဆ ပေးခေါ်ရတယ် ။
    အခုတော့ တရုတ် တွေက ချမ်းသာကုန်လို့ လက်သမားတောင် မလုပ်ကြတော့ပါဘူး ။

    အဲလို အပျင်း ဆင်းရဲသားတွေကို သိပ်သနားပြနေတဲ့စာတွေက ၊
    ( ဖတ်လို့ ကြားလို့ တော့ ကောင်းပေမယ့် ၊ လူကြိုက်များမှာ သေချာပေမယ့် )
    အဘတော့ သိပ်မကြိုက်လှဘူး ။
    အတုံး အပျင်း တွေကို သနားပြ ( မြှောက်ပေး နေသလိုဘဲ ) ။
    သေသေချာချာ စဉ်းစားကြစေလိုပါတယ် ။

    • ” ခင်ပွန်းသည်ပြန်မရောက်ခင်ငွေကုန်ပြီဟေ့ဆိုမှဖြင့် မရွဲဖြူတို့ကုန်းရုန်းရှာပေ တော့ ”
      ကျွန်မရေးတဲ့အထဲ မရွဲဖြူကခင်ပွန်းသည်မရှိမှအလုပ်ထလုပ်တယ်လို့မပါဝင်ပါ။
      ခင်ပွန်းသည်မရှိရင် လုပ်နေကျထက် ပိုရှာကြံလုပ်ရကြောင်းရေးခြင်းပါ။
      ကျွန်မဝတ္ထုရဲ့နောက်ခံဒေသမှာ အလုပ်လွန်ရှားပါးသလို၊လုပ်ခငွေလည်းအလွန်နည်းပါးပါတယ်။
      ပုံမှန်အလုပ်လိုချင်တဲ့လူတွေများပြီး အလုပ်ပေးနိုင်သူတွေရှားပါးလွန်းတဲ့အတွက်ပါ။
      ငါးရှာသူတွေများပြီးဝယ်စားသူတွေရှားပါးပါတယ်။
      ကျွန်မအမြင်မှာဒီဒေသက ဆင်းရဲသားတွေဟာ မပျင်းကြပါဘူး၊ပိုက်ဆံလေးရဖို့ ဘယ်မှာဘာလုပ်ရမလဲရှာနေရတာပါ။

      အဖရေ ကျွန်မအမျိုးသားကျောင်းအုပ်လုပ်နေတဲ့နည်းပညာအထက်တန်းကျောင်းက ကျောင်းလုံခြုံရေးဟာ အရင်က
      တစ်နေကုန် မနက် ၆နာရီကနေ ည၈နာရီလောက်အထိ အုန်းသီးအိတ်ထမ်း၊မြေတူးစတဲ့အလုပ် ကြမ်းတွေလုပ်ပြီး
      လုပ်ခလစာမှာ ထမင်းကျွေးတစ်လကို ၁သောင်းခွဲရပါတယ်။
      သူ့မှာ နည်းပညာအထက်တန်းကျောင်းတက်နေတဲ့သားရယ်၊အလယ်တန်းအရွယ်သမီးရယ်ရှိပါတယ်။
      ဇနီးမရှိပါ။သူ့တစ်ဝမ်းသာစားရပြီး တစ်လတစ်သောင်းခွဲနဲ့သားနဲ့သမီးကိုဘယ်လိုဖြည့်ဆည်းမလဲ။
      သူလိုအလုပ်ကြမ်းသမားတွေ တလှေကြီးအဲဒီအရပ်မှာရှိပါတယ်။
      အဲဒီလိုမပျင်းမရိချင်ပါဘူး၊ခိုင်းသမျှလုပ်နိုင်ပေမယ့် အလုပ်ရှား၊ငွေရှား၊လုပ်ခရှားတဲ့ ပင်လယ်ကမ်းနား ရွာလေးတွေကို အဘတို့ရောက်ဖူးမယ်မထင်ပါ။
      ရောက်ဖူးသည့်တိုင်အောင် ကျွန်မလိုအချိန်ကာလကြာထိတွေ့ဖူးမည်မထင်ပါ။
      ကျွန်မနန်းတော်ရာသူရဲ့ရသစာပေဖော်ကျူးမုှလေးတွေမှာ အမှားအယွင်းရှိတယ် လက်မခံချင်ဘူးဆိုရင်
      ဆွေးနွေးနိုင်ပါတယ်။အပြုသဘောလေးတွေနဲ့တော့ဆွေးနွေးကြပါ။
      ကျွန်မက ဝတ္ထုတို(ရသစာပေ)ရေးတာပါ။
      ဝတ္ထုတိုကောင်းတစ်ပုဒ်ဖြစ်ဖို့ပတ်ဝန်းကျင်က တကယ့်အဖြစ်အပျက်အပေါ်အခြေခံရပါတယ်။
      ဘာကိုမှနည်းပေးလမ်းပြ၊အားပေးအားမြှောက်၊ပညာပေးရေးသားနေတာတွေမရှိပါ။
      ကျွန်မဝါသနာအရကျွန်မရေးသားခြင်းဖြစ်ပါတယ်။

    • Foreign Resident

      November 13, 2012 at 12:24 pm

      ” ကျွန်မဝတ္ထုရဲ့နောက်ခံဒေသမှာ အလုပ်လွန်ရှားပါးသလို၊လုပ်ခငွေလည်းအလွန်နည်းပါးပါတယ်။
      ပုံမှန်အလုပ်လိုချင်တဲ့လူတွေများပြီး အလုပ်ပေးနိုင်သူတွေရှားပါးလွန်းတဲ့အတွက်ပါ။
      ကျွန်မအမြင်မှာဒီဒေသက ဆင်းရဲသားတွေဟာ မပျင်းကြပါဘူး၊
      ပိုက်ဆံလေးရဖို့ ဘယ်မှာဘာလုပ်ရမလဲရှာနေရတာပါ ”

      ဆက်ပြော / မန့်ရမယ် ဆိုလို့ရှိရင်တော့ ၊
      ကျနော်ပြောခဲ့တဲ့ ” ဆင်းရဲတယ် ဆိုတိုင်း မသနားနိုင်ပါဘူး ။
      ပျင်းလို့ / တုံးလို့ က အနည်းဆုံး ၇ဝ % လောက် ရှိပါတယ် ” ဆိုသလိုပဲ ။

      အဲဒီ အခြေအနေမှာ ၊ မနေသင့်တဲ့ အဲဒီဒေသကို မစွန့်ခွာပဲ ဆက်နေမှုဟာ ၊
      မပျင်းဘူးဆိုရင်တောင်မှ တုံးတယ်လို့ ပြောရမှာပေါ့နော် ။

      တစ်ချို့ ကိစ္စတွေမှာ ကုသိုလ်ကံ ကလည်း အရေးပါသော်ငြားလည်း ၊
      ကံ ဉာဏ် ဝီရိယ သုံးပါးထဲက ၊ ကံ မလိုက်သော်ငြားလဲ ၊
      ဉာဏ် နှင့် ဝီရိယ နှစ်ပါးကို အားစိုက်ခဲ့ရင်ဖြင့် ၊
      အနဲဆုံး ဝီရိယ အကျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။

      • လုံမလေးမွန်မွန်

        November 13, 2012 at 1:19 pm

        အဘရေ..
        ဘယ်လိုနေရာမျိုးက နေသင့်တယ်လို့ ထင်ပါသလဲဟင်..အလုပ်အကိုင်အခွင့်အလမ်းများများနဲ့ လုပ်ရင်လုပ်သလောက်ရမယ့် နေရာမျိုးကို ပြောပြပေးလို့ရမလားလို့ပါ…

        ဆင်းရဲသားလူတန်းစားအနေနဲ့ တစ်ခြားနယ်မြေအသစ်ကို ပြောင်းမယ်ဆိုရင်တောင် အဲ့ဒီ့နေရာမှာ ပိုအဆင်ပြေဖို့ဆိုတာ မသေချာဘူးလို့ထင်ပါတယ်..
        တောရွာကလူတွေက နယ်မြို့တွေကိုလာတယ်…နယ်မြို့ကလူတွေက မြို့ကြီးတွေကိုပြောင်းတယ်…မြို့ကြီးကလူတွေက နိုင်ငံခြားကိုထွက်တယ်… အဲဒီလိုပြောင်းတဲ့လူတိုင်း အဆင်ပြေသွားကြတယ်လို့ မကြားဖူးပါဘူး… ယခုလက်ရှိခေတ်ကာလက တရုတ်တွေဗမာပြည်ထဲကို စစ်ပြေးလာတဲ့ခေတ်နဲ့ ကွာခြားမယ်ထင်ပါတယ်… အပျင်းအတုံးတိုင်း ဆင်းရဲပေမယ့် ဆင်းရဲသားတိုင်းတော့ မပျင်းကြပါဘူး…

        အဘပြောသလို မနေသင့်တဲ့အရပ်ကို မစွန့်ခွာလောက်အောင် တုံးနေလို့ ဆက်ဆင်းရဲနေတယ်ဆိုရင် အဘများပြန်လာဖြစ်ခဲ့ရင် ဘယ်နေရာကိုပြောင်းသင့်တယ်ဆိုတာမျိုး..ဘယ်လိုလုပ်ရင်ကောင်းတယ်ဆိုတဲ့အတွေးအခေါ်မျိုးလေးတွေကို ဆင်းရဲသားလူတန်းစားတွေသိအောင် မျှဝေပေးပါဦးနော်…

      • Foreign Resident

        November 13, 2012 at 2:28 pm

        ” တောရွာကလူတွေက နယ်မြို့တွေကိုလာတယ်…
        နယ်မြို့ကလူတွေက မြို့ကြီးတွေကိုပြောင်းတယ်…
        မြို့ကြီးကလူတွေက နိုင်ငံခြားကိုထွက်တယ် ”

        အဘ အထင်တော့ ၊
        လက်ရှိ အချိန် မှာ / အထိ အဲဒီအဆင်လေး မှန်သားပဲဗျ ။
        နိုင်ငံခြား မှာတောင်မှ အဆင့်ဆင့်ဗျ ။
        မလေးရှား က လူက စင်္ကာပူ ပြောင်းတယ် ။
        စင်္ကာပူ က လူက အမေရိကန် ပြောင်းတယ် ။
        ရေကြည်ရာ မျက်နုရာ ပြောင်းကြရတာပေါ့ ။

        သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ စကားပုံ ရှိသော်ငြားလည်း ။
        လက်ရှိတောမှာ မရှင်မှာ သေချာနေရင်တော့ ၊
        သေခါမှ သေရော ၊ နောက်တောကို ပြောင်းကို ပြောင်းရမှာပဲ ။
        ( လက်ရှိတောမှာ ကောင်းကောင်းရှင်နေသောသူများ မပါ ။ ဥပမာ ။ ။ ဦးတေဇ )

        နောက် တစ်ချက်က ၊
        ရေကြည်ရာ မျက်နုရာ ပြောင်းလို့ ၊
        ကိုယ့်လက်ထက်မှာ မချမ်းသာ / မအောင်မြင် ခဲ့ရင်တောင်မှ ၊
        ကိုယ့်ရဲ့ သားသမီး အတွက် ပိုကောင်းတဲ့ ရေခံမြေခံ ကို ပို့ပေးနိုင်တာ ၊
        ကြီးမားတဲ့ အမြတ်လို့ပဲ ယူဆရမှာပဲ ။

        အဘ သူငယ်ချင်း Captain တွေဆိုရင် ၊
        လက်ရှိတော ( မြန်မာ ) မှာ ကောင်းကောင်းရှင်နေ / သူဋ္ဌေးဖြစ် ဇိမ်ခံနေရတာတောင်မှ ၊
        သူတို့ သားသမီး တွေရဲ့ နောင်ရေးအတွက် ၊
        နောက် တစ်တော ( စင်္ကာပူ ) ကိုပြောင်းပြီး ၊
        အောက်ခြေကနေ ပင်ပင်ပန်းပန်း ပြန်စကြသေးတယ်လေ ။

        အဘ အဖေက မေါ်လမြိုင်ကနေ ရန်ကုန်ကို ပြောင်း အခြေချခဲ့တယ် ။
        သူ့ သားသမီး အဘတို့ လက်ထက်မှာ ရန်ကုန်ကနေ နိုင်ငံခြားကို အကုန် ပြောင်းခဲ့ကြတယ် ။
        ဒီလိုပါပဲ ၊ တစ်ဖြေးဖြေးချင်း Generation by Generation မြှင့်ယူရတာပေါ့ ။
        ဒီနေ့ နက်ဖြန် သူဋ္ဌေးဖြစ်ချင်လို့တော့ မရဘူးပေါ့လေ ။

        သားသမီး နောင်ရေးကို ဘယ်လောက် ဦးစားပေးခဲ့သလဲဆိုရင် ၊
        အဖေ နယ်ပြောင်းတာ ၊ အမေ လိုက်မသွားပါဘူး ။
        သားသမီး တွေ ပညာရေး ရေခံမြေခံ အတွက် ရန်ကုန်မှာပဲ နေခဲ့ပါတယ် ။
        လင်မယား အဆင်မပြေနိုင်တာ / မိန်းမငယ်တွေနှင့် ငြိစွန်းနိုင်တာ ၊
        စသဖြင့် အန္တရာယ် / ဒုက္ခ ( Risk ) တွေ ရှိသော်ငြားလည်း ၊
        မစွန့်ရဲရင် မစားရတဲ့ လောကကြီးမှာ ၊ ( Calculated Risk ) စွန့်စား ရုန်းကန်ခဲ့ကြတယ် ။

        ကိုယ့် ဆင်းဆင်းရဲရဲ ဘဝလေးကို ကျေနပ်နေရင် ၊
        တောပြောင်းဖို့ သတ္တိ မရှိဘူးဆိုရင်တော့ ၊
        အဘ သဘောပြောရရင်ဖြင့် ၊
        ကိုယ်တိုင်ရဲ့ ဆင်းရဲမှုရဲ့ တရားခံဖြစ်ရုံတင်သာမက ၊
        သားသမီးတွေရဲ့ ဆင်းရဲမှု အတွက်ပါ တာဝန် ရှိ တရားခံ ဖြစ်ပေတယ် ။
        စဉ်းစားနိုင်ဖို့ ပြောပြတာပါ ။

      • ်ိအဲဒီ အခြေအနေမှာ ၊ မနေသင့်တဲ့ အဲဒီဒေသကို မစွန့်ခွာပဲ ဆက်နေမှုဟာ ၊
        မပျင်းဘူးဆိုရင်တောင်မှ တုံးတယ်လို့ ပြောရမှာပေါ့နော် ။ ”

        အဘပြောသလိုဆိုရင် ကမာ္ဘ့နိုင်ငံအသီးသီးမှာငတ်မွတ်ခေါင်းပါး၊ဆင်းရဲဒုက္ခရောက်နေကြတဲ့ဆင်းရဲသား တွေကို ချမ်းသာတဲ့နိုင်ငံကြီးတွေက သနားကြင်နာဖေးမ ကူညီထောက်ပံ့နေကြမယ့်အစား
        “မင်းတို့ ရပ်ရွာ၊ဒေသ၊နိုင်ငံ၊တိုင်းပြည်တွေကိုစွန့်ပြီး ရေကြည်ရာမျက်နုရာရှာကြ”
        ဆိုပြီးတော့ပဲစည်းရုံးလှုံ့ဆော်နေကြဖို့လိုတော့တာပေါ့နော်။

        အောက်မှာထပ်မန့်ထားတာက အဘအဖေလက်ထက်တုန်းကမော်လမြိုင်ကနေရန်ကုန်ကိုပြောင်းတယ်။
        လို့ဆိုတယ်နော် အဘအဖေက ဆင်းရဲလို့ အဆင်မပြေလို့ပြောင်းခဲ့တာဖြစ်ပုံမရပါဘူး။
        အခြေအနေတဆင့်ထက် တဆင့်တိုးတက်ကောင်းမွန်ဖို့ပြောင်းခဲ့ပုံပါ။
        အဘတို့လက်ထက်မှာလည်းထိုနည်းလည်းကောင်းပဲလို့ထင်ပါတယ်။
        ငွေကြေးတတ်နိုင်သူတွေအတွက် တစ်နေရာကတစ်နေရာကိုပြောင်းခြင်းဟာ ကောင်းသောပြောင်းခြင်း၊တိုးတက်ခြင်းလမ်းဆိုပေမယ့်
        ဆင်းရဲမွဲတေနေတဲ့လူတန်းစားတွေအနေနဲ့တစ်နေရာကတစ်နေရာကိုပြောင်းဖို့ဆိုတာအရမ်းကို
        ဒုက္ခကြီးမားပါတယ်။သေချင်သေပါစေ စွန့်စားရမှာပေါ့လို့ဆိုရရင် ရွာတစ်ရွာလုံးရဲ့၉၀% လောက်ကို တခြားရွှေ့ကြလို့ပြောရမလိုဖြစ်နေပြီ။
        အဘပြောသလိုဆိုရင် နိုင်ငံတိုင်းရဲ့အကြီးအကဲတွေက “ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်
        နေရာဒေသတွေပြောင်းကြည့်ကြဟေ့” လို့သာတိုက်တွန်းနေရတော့မှာပါ။

        ကျွန်မရေးခဲ့တာဝတ္ထုတိုလေးတစ်ပုဒ်မို့ ဒီလိုပြန်ဆွေးနွေးဖို့ကြိုတင်ရည်ရွယ်ချက်မရှိခဲ့ပါကြောင်း။
        အမှားပါရင် ခွင့်လွှတ်ပါအဘရေ။

        အဘရေ လူချမ်းသာတွေနားမလည်နိုင်သေးတဲ့ဆင်းရဲသားတွေရဲ့ဒုက္ခတွေကပြောလို့မကုန်ပါဘူး။
        ဆင်းရဲသားတွေကိုမသနားသင့်ဘူး တုံးလို့ဖျင်းလို့ဆင်းရဲတာဆိုတဲ့စကားတွေဟာ မပြောသင့်ပါဘူး
        မေတ္တာတရားကိုလက်ကိုင်ထားတဲ့လူသားတွေမဟုတ်ပါလားရှင်။

  • လုံမလေးမွန်မွန်

    November 13, 2012 at 1:08 pm

    အစ်မရေ….
    ရန်ကုန်လို၊ နယ်မြို့ကြီးတွေလို မြို့ပြတွေမှာ ပြောင်းတန်တာတွေပြောင်းနေပေမယ့် အစွန်အဖျားနယ်မြို့သေးသေးလေးတွေ၊ တောရွာတွေမှာ ဒီအဖြစ်မျိုးတွေရှိတုန်းပဲဆိုတာ လက်ခံပါတယ်…

    မိဘတွေဘက်ကလည်း စာနာနိုင်သလို ဆရာမတွေဘက်ကိုလည်း နားလည်ပါတယ်…
    မွန်မွန်လည်း ရေးဖူးပါတယ်… တကယ်တော့ ဒီကိစ္စက ပညာရေးဘတ်ဂျက်ကို ပိုသုံးဖို့လိုမယ်ထင်ပါတယ်… မွန်မွန်တို့မြို့မှာဆိုလည်း ဘာကြေးညာကြေးတွေ ကောက်ခွင့်မရှိတော့ပါဘူး… ဒါပေမယ့် မဖြစ်မနေ နိုင်ငံတော်ကိုသွင်းရမယ့် ပိုက်ဆံတွေရှိပါတယ်… ဒါတွေကိုလည်း တတ်နိုင်သလောက်ပြောကောက်ပါတယ်..ဒါပေမယ့် ဆင်းရဲလို့ မပေးနိုင်တဲ့ကျောင်းသားတွေအတွက်တော့ အဲ့ဒီမဖြစ်မနေငွေကို ဆရာမတွေကပဲ စိုက်ရပါတော့တယ်.. ဆရာမလခဆိုတာကလည်း ဘယ်လောက်ရှိလို့လဲ..အခုဆို ကျောင်းသားစုံညီဆုပေးပွဲအတွက်၊ အဲဒီလိုကြေးတွေအတွက် ဆရာမတွေကပဲ တစ်လတစ်လ လခထဲကနေ ပိုက်ဆံစုထားပါတယ်တဲ့…

    ဆိုတော့..ဘာကြေးလဲဆိုတာ ကျောင်းသားမိဘတွေကို နားလည်အောင်ပြောပြမယ်ဆိုရင်..မပေးနိုင်တဲ့ကျောင်းသားတွေကိုလည်း နားလည်စွာနဲ့ စိတ်ဒဏ်ရာရအောင် မလုပ်ဘူးဆိုရင် ပိုကောင်းမယ်ထင်ပါတယ်…

    အစ်မရဲ့ ရသစာလေးကိုလည်း ခံစားသွားပါကြောင်း…

  • Shwe Ei

    November 13, 2012 at 2:13 pm

    ကျောင်းသားမိဘတွေ ညီညွတ်ကျဖို့လိုတယ်ထင်ပါတယ်။ ဆရာမခိုင်းလိုက်တိုင်း
    မျက်စိမှိတ်ခေါင်းညိတ်လိုက်လုပ်နေတာထက် ကို့ဘက်ကအခက်အခဲကို
    တစုတစည်းထဲတင်ပြတတ်ကျရင် ကူညီအကောင်အထည်ဖေါ်ပေးမဲ့လူရှိလာပါလိမ့်မယ်။
    ရပ်ရွာအကြီးအကဲဖြစ်ဖြစ် ဩဇာရှိတဲ့တယောက်ယောက်ကနေတဆင့်ပေါ့။
    အဲလို မဟုတ်ပဲကတော့ စိတ်ညစ်နေရတာအဖတ်တင်ရုံပါဘဲ။
    ကယ်တင်ရှင်က ဘယ်နားကမှ ကိုထင်ပြမည်မဟုတ်ကြောင်း။

    ခင်တဲ့
    မရွှေအိ

  • nozomi

    November 13, 2012 at 10:53 pm

    တစ်ခါတစ်လေ ပါးစပ်နဲ့ ရှင်းပြလို့ မရတဲ့ ကိစ္စတွေက လောကကြီးမှာ အများသားရယ်
    ပို့စ် တပုဒ် ဝတ္ထုတို တစ်ပုဒ် မို့ အကျိုးအများကြီး ရှိ/မရှိ ပြောမရပေမဲ့
    စေတနာကောင်းနဲ့ ရေးတာမို့ အကျိုးမဲ့ မဖြစ်တာတော့ သေချာပါတယ်

    ဒီ စိတ်မျိုး ရှိသူမို့ နန်းတော်ရာသူ့ အမျိုးသား ကျောင်းမှာတော့
    ဒါ မျိုးတွေ မကောက်လောက်ဘူး ထင်တာပဲ

    • ကျွန်မအမျိုးသားရဲ့ကျောင်းက သူဝန်ကြီးဌာနနဲ့သူအလုပ်လုပ်ရတာပါ။
      အခြေခံကျောင်းတွေကို ဘာကြေးညာကြေးတွေကောက်စရာမရှိပါဘူး။
      အလှူရှိရင်တောင် ထည့်ချင်တဲ့လူထည့်၊မထည့်ချင်နေ။
      အဆုံးစွန်ပြောမယ်နော် ဆရာကန်တော့ပွဲလုပ်တာတောင် ကလေးတွေကလုပ်ချင်လွန်းလို့
      လုပ်ခွင့်ပြုပေးပေမယ့် ကလေးတွေချည်းမတတ်နိုင်လို့ ဆရာဆရာမတွေအားကန်တော့မယ့်ပစ္စည်းဖိုးတွေကို ဆရာဆရာမတွေကပါ ပိုက်ဆံထည့်ဝင်ကူညီပေးကြပါတယ်။
      ဒီဒေသကကလေးတွေချို့တဲ့လွန်းလို့ပါ။
      ကျွန်မတို့ကျောင်းမှာ တီစကွဲရ်အစရှိတဲ့အင်ဂျင်နီယာကျောင်းသားတိုင်းဝယ်ရတဲ့
      ပစ္စည်းတွေကအစသူများတွေမသုံးတော့တာတွေအလှူခံပြီး ကလေးတွေကိုငှားပေးပါတယ်။
      ကျွန်မတို့ကျောင်းကဆရာ ဆရာမတွေအားလုံး နည်းပညာတက္ကသိုလ်တွေ က နေဆင်းသင်ကြရတဲ့သူတွေချည်းမို့ဒေသနဲ့နေထိုင်မှုမှာ အဆင်မပြေကြပေမယ့်
      ကျောင်းသားတွေအပေါ်မှာတော့သနားစေတနာထားကြပါတယ်။
      ကျွန်မတို့ကျောင်းတွေက အခြေခံပညာကျောင်းမျိုးမဟုတ်တဲ့အတွက်မိဘဆရာအသင်း၊
      ကျောင်းကော်မတီဆိုတာတွေလည်းမရှိပါဘူး။
      ဒါကြောင့်မို့ကျောင်းအပ်ခနဲ့စာအုပ်ဖိုးကလွဲပြီးဘယ်မိဘတွေဆီကမှ ပိုက်ဆံကောက်တဲ့အလေ့မရှိပါဘူး။
      ပိတ်ရက်ရှည်ဆိုတာလည်းမရှိပါဘူး။ကျောင်းပိတ်လို့ဝန်ထမ်းပါပိတ်တယ်ဆိုတာလည်းမရှိပါဘူး။
      နည်းပညာတက္ကသိုလ်တွေရဲ့ပုံစံအတိုင်းပဲသွားပါတယ်။

  • aye.kk

    November 13, 2012 at 11:37 pm

    လက်ချောင်းတွေတောင်မှအတိုအရှည်မညီပါ။
    ဝန်ထမ်းတွေကောင်းနေကြရင်တိုင်းပြည်တဝက်လောက်တိုးတက်ပါ၏။။

  • uncle gyi

    November 14, 2012 at 12:00 am

    ဆင်းရဲတယ်ဆိုတဲ့မရွဲဖြူလည်းတရားခံမဟုတ်
    အဘဖောရဲ့အတွေးတွေလည်းမမှား
    တကယ့်တရားခံကတိုင်းပြည်ကဆရာတွေနဲ့ဝန်ထမ်းတွေကို
    သူတောင်းစာဖြစ်အောင်လုပ်ခဲ့တဲ့
    အိုဘယ့်အမျိုးကောင်းသား

  • MaMa

    November 14, 2012 at 5:44 pm

    ဆရာတစ်ယောက်ရေးပေးထားတဲ့စာလေး ပြောပြချင်တယ်။
    ဘာပဲလုပ်လုပ်…
    ဉာဏ်ကိုလွှာပြီးသုံးပါ။
    ဝီရိယကို အစွမ်းကုန်ထုတ်ပါ။
    ဘာမှ ဖြစ်မလာတော့လည်း ကံကိုသာ ပုံချလိုက်တော့ …….. တဲ့။

Leave a Reply