Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ့်ကိုယ်ကို မေးကြည့်မိသမျှ…

တိမ္မည္းNovember 13, 20121min53117

ကိုယ့်ကိုယ်ကို မေးဖြစ်တဲ့ မေးခွန်းလေးတွေ ရေးမိတာပါ….

 

  1. အိမ်သာတက်ပီးတိုင်း လက်ဆေးမိသလား…
  2. အခန်းထဲကထွက်တုန်း မလိုအပ်တဲ့မီးတွေ ပိတ်မိသလား…
  3. ညတိုင်း မနက်တိုင်း ဘုရားရှိခိုးမိသလား…
  4. အမှိုက်ပုံးထဲ အမှိုက်အမြဲပစ်သလား…
  5. တပတ်စာ ပလန်လုပ်ဖြစ်လား….
  6. ဒီလဘယ်လောက် သုံးမယ်လို ့ မှန်းဖြစ်လား….
  7. ပိုက်ဆံစုဖြစ်လား… တနေ ့ တဆယ်ဖြစ်ဖြစ် တထောင်ဖြစ်ဖြစ်….
  8. ပလန်လုပ်ထားသမျှပီးလား ဘယ်လောက်ပီးလဲ…
  9. ကိုယ်မလုပ်ချင်ဆုံးအလုပ်ကဘာလဲ…..
  10. ကိုယ်လုပ်ချင်တာ ဘာလဲ….
  11. ဖြစ်သင့်တာက ဘာလဲ….
  12. ဖြစ်ချင်တာက ဘာလဲ…
  13. ရှိသမျှ အလုပ်တွေကို တန်းစီပီး ဦးစားပေး အဆင့်ခွဲပီးပီလား…
  14. မိန်းမ ဘယ်တော့ယူမှာလဲ ယူပီးရင် ကလေးဘယ်တော့ယူမှာလဲ….
  15. စာတွေ မှန်မှန် ကြည့်ဖြစ်လား……..
  16. သင်တကယ် ကြိုးစားတာ အမှန်လား….
  17. ငါ ကိုယ့်ကိုယ်ကို လိမ်မိလား……….
  18. ဂေးဇက်မှာ ငါငြင်းမိသမျှတွေ အကျိုးတကယ်ရှိလား…
  19. မကောင်းတာတွေ ငါမလုပ်ဖြစ်ဖူး… ကောင်းတာတွေကော ငါလုပ်မိသလား…

 

စာဖတ်သူကော ဘာတွေ မေးမိလေ့ရှိလဲ……..??????????

17 comments

  • Khaing Zar Win

    November 13, 2012 at 4:26 pm

    ကိုတိမ်မည်း မေးခွန်းတွေပဲ အရင်ဖြေသွားမယ်။
    သေချာဖြေနိုင်တာ တစ်ခုပဲတွေ့တယ်။

    မိန်းမ ဘယ်တော့ယူမှာလဲ – ဘယ်တော့မှ မယူဘူး။ :kwi:

    နောက်တာပါဗျာ။ တကယ်တော့ ကျနော်တို့က သူများတွေကိုသာ မေးခွန်းတွေ ထုတ်ဖြစ်နေကြတာ။
    ကိုယ့်ကိုယ်ကို မေး ခဲ ပါတယ်။

    • တိမ်မည်း (ခရီးသွားနေည်)

      November 13, 2012 at 4:32 pm

      ပြောချင်တာက အဲ့ဒါပါဗျာ…. လူတွေက တခုခုဖြစ်လာရင် သူများတွေကိုပဲ မေးခွန်းထုတ်ကြတယ်….
      ကိုယ့်ကိုယ်ကို ဘယ်သူမှမမေးဖူး… မေးလည်းမေးခဲပါတယ်…..
      အဲ့လိုမေးရင် ကိုယ့်အမှားတွေသိပီး ညနေ ဘီယာဆိုင်မသွားရမှာ ကာရာအိုကေဆိုင် ဂိမ်းဆိုင် မသွားရမှာဆိုးလို ့ထင်ပါရဲ့……
      သူများမျက်ချေးကိုယ်မြင်တယ် ကိုယ့်မျက်ချေးကိုယ်မမြင်ဖူးလိုဖြစ်နေတယ်….
      ကိုယ့်ကိုယ်ကို မေးခွန်းမေးခြင်းဟာ ကိုယ့်ကိုယ့်ကို ခိုင်ခြင်းရဲ့ အစလို ့ဆိုချင်ပါတယ်…..

      ဘောစိ ဆိုတာ ကိုယ့်ကိုယ်ကို ခိုင်းတဲ့သူ….
      ဝန်ထမ်း ဆိုတာ သူများခိုင်းတာ ခံရသူ…..

      ဘောစိလုပ်မလား ဝန်ထမ်းလုပ်မလား…..

    • တိမ်မည်း (ခရီးသွားနေည်)

      November 13, 2012 at 4:32 pm

      ပြောချင်တာက အဲ့ဒါပါဗျာ…. လူတွေက တခုခုဖြစ်လာရင် သူများတွေကိုပဲ မေးခွန်းထုတ်ကြတယ်….
      ကိုယ့်ကိုယ်ကို ဘယ်သူမှမမေးဖူး… မေးလည်းမေးခဲပါတယ်…..
      အဲ့လိုမေးရင် ကိုယ့်အမှားတွေသိပီး ညနေ ဘီယာဆိုင်မသွားရမှာ ကာရာအိုကေဆိုင် ဂိမ်းဆိုင် မသွားရမှာဆိုးလို ့ထင်ပါရဲ့……
      သူများမျက်ချေးကိုယ်မြင်တယ် ကိုယ့်မျက်ချေးကိုယ်မမြင်ဖူးလိုဖြစ်နေတယ်….
      ကိုယ့်ကိုယ်ကို မေးခွန်းမေးခြင်းဟာ ကိုယ့်ကိုယ့်ကို ခိုင်းခြင်းရဲ့ အစလို ့ဆိုချင်ပါတယ်…..

      ဘောစိ ဆိုတာ ကိုယ့်ကိုယ်ကို ခိုင်းတဲ့သူ….
      ဝန်ထမ်း ဆိုတာ သူများခိုင်းတာ ခံရသူ…..

      ဘောစိလုပ်မလား ဝန်ထမ်းလုပ်မလား…..

  • စိန်ဗိုက်ဗိုက်

    November 13, 2012 at 4:59 pm

    ဒီနေ ့ ဘယ်နှစ်လုံး သောက်မှာလဲ

    • တိမ်မည်း (ခရီးသွားနေည်)

      November 13, 2012 at 5:04 pm

      ဘယ်နှစ်လုံးသောက်ချင်လဲ…..

  • ခညားဂ အိုက်ဂလိုဒွေ မေးဒယ် ..
    အနော်ဂဒေါ့ဖြင့် ဟောဂလို မေးမိဒယ် …

    “…………
    ဂနေ့ အီးအီး ပါပီးဗလား …?
    ………….”

    :mrgreen:

    • တိမ်မည်း (ခရီးသွားနေည်)

      November 14, 2012 at 8:17 am

      ဂနေ ့ ပါရသေးဖူးဝူးဝူး….

  • တိမ်မည်းကအသက်ဘယ်လောက်ရှိပြီလဲ ဆိုတဲ့မေးခွန်းကိုအရင်မေးသွားပါတယ်။
    နန်းတော်ရာသူက ၂၉နှစ်ရှိပါပြီ ၃ဝနဲ့နီးလာသမျှ သူများကိုမေးခွန်းတွေမေးရာကနေ ကိုယ့်ကိုယ်ကိုပြန်မေးတတ်အောင်ကျင့်ကြံကျိုးကုတ် အားထုတ်လာပါပြီ
    တိမ်မည်းလည်း နန်းတော်ရာသူအရွယ်ရောက်ရင် သမာဓိနည်းနည်းတော့ရှိလာမှာပါ။
    မိန်းမကတော့ယူမယ်ဆိုရင်လည်းယူလည်း
    မယူဘူးဆိုရင်လည်းအရှင်းထားလိုက်
    စဉ်းစားနေရင်ပုပ်ကုန်တတ်တယ်(အသက်အရွယ်)

    • တိမ်မည်း (ခရီးသွားနေည်)

      November 14, 2012 at 8:24 am

      ကျွန်တော်က လာမယ့် ဖေဖော်ဝါရီမှာ ၂၆ ပြည့်မှာပါ…
      အခုအချိန်အထိ ကိုယ့်ကိုယ်ကို ဝေဖန်မိသမျှ လွန်ခဲ့တဲ့ လေးနှစ်ဟာ ကျွန်တော်ရဲ့ ကောင်းတဲ့ဖက်ကို အများကြီး တိုးတက်သွားတဲ့နှစ်ပါ….
      အများကြီးရင့်ကျက်လာတယ်လို ့ ကိုယ့်ကို်ယ်ကို ထင်မိတယ်….
      ဒါပေမယ့် သူများစိတ်ကို ဝင်ခံစားရင်း သူများတွေ ဘာလုပ်မလဲဆိုတာ မှန်းကြည့်တက်တဲ့ အကျင့်ကလေးကရှိနေတော့….
      အခုထိ စိတ်ခံစားချက်ကို အခြေခံတဲ့ ဆုံးဖြတ်ချက်တွေပဲထွက်ထွက်နေတယ်….
      တနည်းအားဖြင့် ချက်စ်ထိုးတဲ့ခုံကနေ တတိယဘေးလူအဖြစ် အခုထိ ရုန်းမထွက်နိုင်သေးပါဖူး……
      မိန်းမကတော့ ယူမှာပါ….
      ၂၈ ကျရင် ယူမယ် ကလေးက ၃ဝ ကျရင်ယူမယ်…..
      စဉ်းစားတယ်ဆိုတာကလည်း ပြန်လည်သုံးသပ်ခြင်းတမျိုးပါ……
      ဒါပေမယ့် strategy ပလန်တခုဖြစ်တဲ့ ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မပြောင်းပါဖူး…..
      အချိန်အပိုင်းအခြားတခုပဲ ကွာသွားမှာပါ……

  • uncle gyi

    November 13, 2012 at 11:04 pm

    အဲလိုတွေအုန်းစာခံပြီးတွေးမနေတော့ဖူးဗျာ
    တွေးတာများပြီးအတွေးသမားဖြစ်သွားမှာစိုးလို့
    လုပ်စရာရှိတာထလုပ်လိုက်တာပဲ

    • တိမ်မည်း (ခရီးသွားနေည်)

      November 14, 2012 at 8:30 am

      လက်တွေ ့သမားတွေကို လေးစားပါတယ်…..
      ဒါပေမယ့် အမြဲမစဉ်းစားတာတော့ မကောင်းပါဖူး….
      ကျွန်တော်လည်း အရင်က လက်တွေ ့သမားပါ…..
      ကောင်းတယ် ထင်ရင် လုပ်လိုက်တာပဲ….
      ဒါပေမယ့် ကြာလာတော့ အမှားတွေများများလာတယ်….
      အသက်ပဲကြီးလာလို ့လားမသိဖူး….
      စကားလေး တလုံးပြောရင်တော့ ဘာဖြစ်သွားနိုင်မလဲဆိုတာ တော်တော်စဉ်းစားနေရတယ်…..
      အသက်ကြီးလာလေလေ စကားနည်းလာလေလေပဲ…..
      ဂေးဇက်မှာတောင် အခုတလေ ပိုစ့်တွေ ရေးမလို ့ပါပဲ….
      ဒါပေမယ့် ပိုစ့်တခုရေးမယ်ကြံတိုင်း ရှေးတွေး နောက်တွေးနဲ ့ ကိုယ့်ကိုယ်ကို အယ်ဒီတာ လုပ်တာများတော့….
      ဘာမှကိုမတင်ဖြစ်ဖူး…..

  • myanmar oscar

    November 13, 2012 at 11:42 pm

    အိမ်မှာမှန်မရှိလို့ ကိုယ့်မျက်ချေးကိုမမြင်ရဘူးလို့ပြောမဲ့သူတွေအများကြီး
    သူများကိုလက်ညိုးတစ်ချောင်းထိုးရင်ငါ့ကိုယ်ငါ လေးချောင်းပြန်ထိုးခံနေရတာကိုမသိတဲ့သူလဲရှိ
    ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ပြောတဲ့သူလဲရှိ
    ဒါငါ့နေရာ၊ဒါငါ့ဥစ္စာ၊ဒါငါ့ပစ္စည်း…..ငါသာလျှင်ငါပဲရှိ၏
    အတ္တမွေးရာ လူ့ကမ္ဘာ၊ သေသွားလျှင် ဗလာနတ္ထိ
    အဆုံးမတော့ ငါလဲပါ၏………။
    ကျန်းမာသုခများနဲ့ ပြည့်စုံနိုင်ကြပါစေ……..။

  • အရီးခင်လတ်

    November 14, 2012 at 3:33 am

    တစ်ချို့ မေးခွန်းပေါ်မှ ထပ်ဆင့် မေးခွန်းများ

    (1) အိမ်သာတက်ပီးတိုင်း လက်ဆေးမိသလား…
    ဆေးစရာ ရေ ရှိရဲ့လား?

    (2) အခန်းထဲကထွက်တုန်း မလိုအပ်တဲ့မီးတွေ ပိတ်မိသလား…
    မီးရော လာရဲ့လား?

    (3) ညတိုင်း မနက်တိုင်း ဘုရားရှိခိုးမိသလား…
    ဘုရားထိုင်ရှိခိုး ဖို့ရော အချိန်ရှိရဲ့လား?

    (4) အမှိုက်ပုံးထဲ အမှိုက်အမြဲပစ်သလား…
    အမှိုက်ပုံး ဘယ်မှာရှိတယ် ဆိုတာ သိရဲ့လား?

    (5) တပတ်စာ ပလန်လုပ်ဖြစ်လား….
    ပလန် လုပ်ဖို့သင့်တဲ့ အလုပ်တွေ လား?

    (6) ဒီလဘယ်လောက် သုံးမယ်လို ့ မှန်းဖြစ်လား….
    ဘာတွေကို သုံးမှာလဲ?

    နောက်ဆုံး အမေးချင်ဆုံး မေးခွန်းက တော့
    (7) မိန်းမ ဘယ်တော့ယူမှာလဲ ယူပီးရင် ကလေးဘယ်တော့ယူမှာလဲ….
    ယူစရာ မိန်းမ ရှိတယ်လား?
    (အဲလာ က အရေးကြီးတာလေ)

    မောင်တိမ်မည်း ရေ့
    ကြုံတုန်း နောက်တာနော်။
    :kwi:

    အရီးကတော့
    ရွာထဲဝင်ချိန် … ပြန်ထွက်ဖို့ Alarm ပေးထားပြီးပြီလား???
    လို့ ကိုယ့်ဟာကို မေးရပါ၏။ 😆

    • တိမ်မည်း (ခရီးသွားနေည်)

      November 14, 2012 at 8:37 am

      မေးသင့်တဲ့မေးခွန်းတွေပါ အရီးရေ…..
      ရွာထဲဝင်တယ်ထွက်တယ်လို ့ ပုံမှန်မရှိပေမယ့်….
      မနက်မိုးလင်းရင် Bookmarks ထဲက တက်တွေ တန်းစီပီးဖွင့်တဲ့အထဲ….
      ဂေးဇက်ကပါပါသွားလေတော့…..
      အနဲဆုံး ပို ့စ် အသစ်တခုတော့ တနေ ့တပုဒ်တော့ ဖတ်မိလေရဲ့…….

      စကားမစပ် အရီးမရေးတာ ကြာပီထင်တယ်…..
      သဂျီးအဖွဲ ့ဝင်ပဲလုပ်တော့မှာလား အရီးရေ…..

  • aye.kk

    November 14, 2012 at 5:54 am

    ကိုယ့်ကိုကိုယ်အရင်ဆုံးပြန်မေးကြည့်မိပါတယ်
    ငါ့ကိုယ်ငါချစ်တတ်ပြီရဲ ့လားလို ့လို ့ပါ။
    ဒီအရွယ်မှာကိုယ့်ကိုကိုယ်မချစ်တတ်ရင်ဒီသံသရာမပြတ်တော့ဘူးလို ့သိထားပါတယ်။
    ကိုယ့်ကိုကိုယ်ချစ်တတ်ဖို ့အတွက်ဝိပဿာနာဘာဝနာအကျင့်ကို
    နည်းမှန်လမ်းမှန်အကျင့်မှန်နဲ ့ကျိုးစားအားထုတ်ကြည့်ဖို ့အတွက်
    ကိုယ့်စိတ်ကိုကိုယ့်ဘာသာပြန်ဆုံးမနေရပါတယ်ကွယ်။။

  • ဦးကြောင်ကြီး

    November 14, 2012 at 11:37 am

    မေးကြည့်
    ဈေးသိ
    ခွေးရှိ
    ပြေးဘိ
    ဝေး၏
    ဆွေးမြည့်
    တွေးချိ
    အေးမိ..။

  • ရွာသူ jujuma .

    November 14, 2012 at 12:53 pm

    အင်းဘယ်လိုပြောရမလဲ ..
    ကိုယ့်ကိုကိုယ်တော့ ပြန်မမေးကြည့်မိဘူးဗျ ..
    ပြန်ပြီး သုံးသပ်မိတာတော့ရှိတယ်..
    ငါ လုပ်သမျှဟာ ကုသိုလ်လား ..အကုသိုလ်လား.. အဲတစ်ခုတော့ သတိထားတယ်…
    ကျန်တာကတော့ မှားသလားမှန်သလားဆိုတာ လုပ်ပြီးရင်သိတာပဲလေ..
    လူတိုင်းက အမှန်မရှိသလို အမှား လဲ မကင်းကြဘူးဆိုတော့.. :hee:
    မေမေ အမြဲ ပြောတဲ့စကားလေးတစ်ခွန်း … ပစ္စုပ္ပန် တည့်တည့်ကိုပဲ ရှု့တဲ့ ….

Leave a Reply