ကြက်တို့၏ မာယာ…။
သိတ်မကြာသေးခင်ကပဲ ကျွန်တော့် ယောက်ခထီးကြီး ကွယ်လွန်သွားခဲ့ပါတယ်…။
ဆေးရုံမှာ ၂ လခွဲလောက်နေပြီး ကျန်းမာရေးကောင်းပြီ ဆိုပြီး အိမ်ရောက်တော့မှ
ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာပါ…။
ကျွန်တော့်မှာလည်း အသက်လေးက နည်းနည်း ရလာပြီဆိုတော့ သေခြင်းတရားကို နည်းနည်း (တကယ်နည်းနည်းပါဗျာ)
ဆင်ခြင်မိလာပါတယ်…။
ကျွန်တော့်အဖေက အသက် ၈၆ နှစ် အမေက အသက် ၇ရ နှစ် ဆိုတော့ အချိန်မရွေးခွဲခွာသွားနိုင်တယ်ဆိုတဲ့
အတွေးကလည်း တစ်ခါတစ်ခါ စိတ်ကို ပူလောင်စေပါတယ်…။
ပိုဂရုစိုက်ဖြစ်တယ်ပေါ့ဗျာ…။
တစ်ယောက်တည်း ကျန်ခဲ့ရှာတဲ့ ကျွန်တော့်ယောက်ခမကြီးကလည်း ၇ဝ ကျော်လာခဲ့ပြီဆိုတော့…
မဒမ်ဘလက်က အမြဲတမ်းစိုးရိမ်နေပါတယ်…။
ဆိုတော့…
အခု ဓါတ်ပုံလေးတချို့ တင်ပြမလို့ပါဗျာ…။
တစ်စုံတစ်ခုသော တရားကို ပြနိုင်မလားရယ်လို့…
ဝတ္ထုတိုလေး တစ်ပုဒ်လို တင်ပြဖို့ ကြိုးစားကြည့်ချင်ပါတယ်…။
ကြည့်ပြီး ဝေဖန်ပေးကြပါဦးဗျာ…။







36 comments
ခိုင်ဇာ
November 15, 2012 at 5:12 pm
ကျနော်ငယ်ငယ်က အဲ့ဒီ ကြက်ဖလှလှကြီးတွေ ကြက်အမတွေ ခြံရံပြီး အစာရှာတဲ့မြင်ကွင်းကို အတော်မျက်မုန်းကျိုးတယ်။
သူတို့က အနားမှာ ကြက်အမတွေ များရင်များသလို ကော့ကော့ ကော့ကော့နဲ့ အင်မတန် ဟန်ရေးပြတာကိုး။
ဒီ ကြက်ဖ အဖြူကြီးက တော့ အတော်လှနော်။ အဲ ချောတယ်ပြောရမလား ??
တောတွင်းပျော်
November 16, 2012 at 12:03 am
handsome တယ်လို ့ပြောရတယ်ကွဲ ့
ကိုငြိမ်းချမ်း
November 15, 2012 at 5:27 pm
ကြက်ဖကြီးက အစာပေးသယောင်နဲ ့ကြက်မလေးတွေကို အနားကိုအတင်းခေါ်တာလေးတွေ..
ကြက်ဖကြီးအတောင်ကို ခြေရင်းအထိဆွဲချပြီး ခြေတဖက်ဆွဲပြတာတွေကို ကျော်သွားတာကိုး…
ဒါနဲ ့စကားအတင်းစပ်.. ကျနော်တို ့မြန်မာတွေ ဟင်းချက်ရင် ဆီအရမ်းသုံးတယ်…
ကိုပေါက်(မန္တလေး)
November 15, 2012 at 6:08 pm
ကိုချော ဒီကြက်တွေအသားက မာလောက်တယ် သေရင် မချိုဘူး
ထို့အတူဘဲ ခရိုနီများသေရင်လဲ မချိုဘဲ မာနေမှာသေချာပါတယ်
thit min
November 15, 2012 at 8:32 pm
ဆဒ္ဒန်ကြက်က မဟာသုဘကြက်မနဲ့ စူလသုဘကြက်မလေးတွေ တီကောင်လေးတွေရှာကျွေး။
စူလသုဘကြက်မလေးကိုပေးတဲ့ တီကောင်မှာပရွတ်ဆိတ်နီတွေပါသွားပြီး စူလသုဘကြက်မလေး
ပရွက်ဆိတ်အကိုက်ခံရ။
စူလသုဘကြက်ကရန်ငြိုးဖွဲ့ပြီး အသေခံတိုက်ပွဲဝင်တဲ့အနေနဲ့ ကြက်ပိုင်ရှင်ရဲ့ ကလေးလေးကိုသွားဆိတ်ပြီး
ကြက်အုပ်ထဲပြန်ပြန်ပြေးဝင်။
ကြက်ပိုင်ရှင်ကဘယ်ကြက်မှန်းမသိရ။ဒေါသလဲဖြစ်နေတော့ ရှိသမျှကြက်တွေ အကုန်သတ်။
ဟင်းအိုးထဲ ပို့ခံရတဲ့ “ဆဒ္ဒန်ကြက်ဟင်း ဒန်ပေါက်ထမင်း” ဇာတ်လမ်းကို မှတ်တမ်းတင်ရေးဖွဲ့
ကိုဘလက်ရဲ့လက်စွမ်း အံ့မခန်းရှိပေစွ။
MaMa
November 15, 2012 at 9:51 pm
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့…
စကားပုံလေးရှိသလို….
တရားတော်တွေ အများကြီး ကြားနာနေတာထက်…
ကိုမဲချောရဲ့ ဒီစာတစ်ပုဒ်ဖတ်လိုက်တာက …
အများကြီး ပိုပြီး သံဝေဂ ရသွားစေနိုင်တယ်။
အပေါ်ပိုင်းမှာ ဖတ်လာသမျှ…
ကြက်သားဟင်းကို မြင်လိုက်တော့ ….
စိတ်ထဲမှာ `ဟင်´ ကနဲ ဖြစ်သွားပြီး….
ဘယ်လိုခံစားမှုကြီးမှန်းမသိဘူး။ :byae:
uncle gyi
November 15, 2012 at 10:21 pm
နောက်ဆုံးပုံကိုအကြိုက်ဆုံးပဲ
ဆီတော့နဲနဲများတယ်
nature
November 15, 2012 at 10:24 pm
နုနယ်ပျိုမြစ်လှပခြင်းအစ ကြက်သားဟင်း နောက်ဆုံးဖြစ်ရချေသည်။ ကြက်သားဟင်းမဟုတ်ဘူး။ ကြက်မသာဟင်း…။
aye.kk
November 15, 2012 at 11:45 pm
ကိုဘလက်ကိုကျေးဇူးတင်တယ်။
ပုံကိုကြည့်ပြီးတရားအသိဖြစ်သွားလို ့ပါ။
မြင်သား ကြားသား မစားကောင်းဆိုတော့
အသက်သတ်လွတ်တာပဲစားပါတော့မယ်။။
Guest
November 15, 2012 at 11:50 pm
ဘာကြက်များလဲ မှတ်တယ်… ဟင်း..ဟင်း..လက်စသတ်တော့ .. ဒီကြက်ဖြစ်နေတော့ သကိုး..။ [:)] မထူးပါဘူး.. ပြောလက်စနဲ့ တရားစကားလေး ပြောအုံးမှ..အင်း…… အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
myanmar oscar
November 16, 2012 at 12:00 am
ကြက်ဆိုတဲ့အမျိုးကသိပ်မကောင်းဘူးဗျ။
ဘာဖြစ်လို့လဲဆိုတော့ အစာရှာရင်ကိုယ့်ဘက်ကိုယှက်တာလေ
လိပ်လေးလိုပေါ့နော်…
ဦးဦးပါလေရာ
November 16, 2012 at 12:15 am
ထူးခြားတဲ့ message လေးတခုကို ပေးသွားပါတယ် ကျောင်းဒကာရေ…
pooch
November 16, 2012 at 1:14 am
သူဌေးပဲဖြစ်ဖြစ် သူဆင်းရဲပဲ ဖြစ်ဖြစ် လှချင်လှ မလှချင်နေ ပုချင်ပု ပိန်ချင်ပိန် ရှည်ချင်ရှည် ဝချင်ဝ မာနရှိသူရော မာနမဲ့သူရော နောက်ဆုံး ကျ အားလုံးသွားရမှာ ဒီတလမ်းပဲ ရှိတယ်။
Shwe Ei
November 16, 2012 at 2:44 am
သံဂေဝ ရစရာလဲဖြစ် တပြိုင်ထဲမှာဘဲ ကြက် သားဟင်းကိုလဲ သရေယိုသွားပါဂျောင်း။ ဘလိုဘဲဖစ်ဖစ် တနေ့ ဟင်းအိုးထဲရောက်ကျရမာမို့လို့ မသေခင် လုပ်ချင်တာလုပ်ကျလု့ိ မက်ဆေ့ပေးသွားတယ်ထင်ပါဂျောင်း။
Ma Ei
November 16, 2012 at 10:56 am
ကိုဘလက်ရဲ့ ဟင်းအိုးထဲက ကြက်ကတော့
ပေါင်တံရှည်ရှည် သွယ်သွယ်လေးတွေနဲ့
တကယ့်မော်ဒယ်ကြက်ပါဘဲ…
:hee:
Wow
November 16, 2012 at 11:02 am
ကြက်လေးတွေက ပုပုလေးတွေ တညင်မျိုးလားလို့….
kyeemite
November 16, 2012 at 11:23 am
တိန်ညင်ကြက်ကလေးတွေ လှလိုက်တာဗျာ…..
ရဲဘော်ဘလက်ရဲ့ ပို့စ်ကိုကြည့်ပြီး..တွေးမိတာတစ်ခုကတော့..
:buu: :ha:
စိန်ဗိုက်ဗိုက်
November 16, 2012 at 11:35 am
ရက်စက်တယ် ကျောင်းဒဂါရာ
လူတွေကို တရားပြချင်တာနဲ ့ ကြက်တွေကိုသတ်ပြီး ဟင်းချက်ပလိုက်တယ်..
ပြီးတော့
တစ်တုံးမှလဲ လာမကျွေးဘူး
😳
weiwei
November 16, 2012 at 1:58 pm
ကြက်ဆိုတဲ့အကောင်တွေကို စေ့စေ့မကြည့်ချင်ဘူး … ဒီကောင်တွေက သိပ်လှတယ် .. ချစ်စရာကောင်းတယ် … သေချာကြည့်မိရင် ချစ်တဲ့စိတ်နဲ့ သူတို့အသားကို မစားရက်တော့ဘူးဖြစ်ရော ..
ကြက်သားမှ မစားရင်လဲ တခြားရွေးစရာ သိပ်မရှိတာမို့ .. :kwi:
blackchaw
November 16, 2012 at 2:15 pm
@ ခိုင်ဇာ :

ပထမဆုံး ရေးသွားတဲ့ ကွန်းမန့်လေးအတွက်ကျေးဇူးပါ မခိုင်ဇာရေ…။
ကျွန်တော်ရိုက်တဲ့ ကြက်ဖဖြူဖြူ ကြီးက ခန့် တာပါဗျာ…။
@ တောတွင်းပျော် :

ံHandsome ဆိုတော့လည်း Handsome ပေါ့ တောတွင်းပျော်ရေ…။
@ ကိုငြိမ်းချမ်း :
ဟုတ်ပါတယ် ကိုငြိမ်းချမ်းရေ…။
မြန်မာတွေက ဟင်းချက်ရင် ဆီကိုလိုတာထက်ပို ထည့်တတ်ကြပါတယ်…။
ဆင်ခြင်သင့်တဲ့ အရာပါဗျာ…။
@ ကိုပေါက် :
ဟုတ်ပါတယ် ကိုပေါက်ရေ…။
ဒီကြက်တွေ အသားက မာပြီး မချိုလောက်ပါဘူး…။
ကြက်ဖနဲ့ကြက်မလေးတွေက ဘုန်းကြီးကျောင်းက မွေးထားတာပါ…။
ကြက်သားဟင်းက ချံပီယန်ဒံပေါက်ဆိုင်က ချက်တဲ့ ကြက်သားဟင်းပါ…။
ဖီလင်တစ်ခုခုများရမလားလို့ ရောသမမွှေလိုက်တာပါဗျာ…။
@ thit min :

“ဆဒ္ဒန်ကြက်ဟင်း ဒန်ပေါက်ထမင်း” ဇာတ်လမ်း လေးနဲ့
ကွန်းမန့်ရေးသွားတဲ့ ကိုသစ်ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ…။
@ MaMa :
သံဝေဂရသွားတယ်ဆိုလို့ ကျေနပ်သွားပါတယ် မမရေ…။
ကျွန်တော်လည်း အဲဒီလိုမျိုးခံစားခဲ့ရတာမို့ ပြန်တင်ပြမိတာပါ…။
ကျွန်တော်တို့ မိသားစု အလှူလုပ်တဲ့ ဘုန်းကြီးကျောင်းထဲမှာ မွေးထားတဲ့ ကြက်တွေဗျ…။
ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့ လက်လျှောက်ဆော့ရင်း
ကြက်လေးတွေလှတယ်ဆိုပြီး ရိုက်ထားမိပါတယ်…။
အလှူမှာကျွေးဖို့ ဒံပေါက် အိုးတွေလည်းရောက်လာရော
အဲဒီကြက်သားအိုးကြီးကိုတွေ့လိုက်တော့ ဖီလင်တစ်ခုခု ရလိုက်တယ်လို့
ခံစားရပါတယ်…။
ခုနက ကြက်ဖကြက်မ လှလှလေးတွေ..
အခု ကြက်သားဟင်း ဆီပျံအိုးကြီး..
အဲဒီ ခံစားမှုလေး ပေးချင်တာပါဗျာ…။
ကွန်းမန့်လေးအတွက်ကျေးဇူးပါ…။
@ uncle gyi :
မြန်မာဟင်းဆိုတော့ ထုံးစံအတိုင်း ဆီများနေတယ် အန်ကယ်ကြီးရေ…။
@ Nature :
ကြက်မသာဟင်းဆိုတော့လည်း ကြက်မသာဟင်းပေါ့ ကိုနေးချားရေ…။
ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
@ aye.kk :
ပုံကို ကြည့်ပြီး တရားအသိ ဖြစ်သွားတယ်ဆိုလို့ ဝမ်းသာရပါတယ်အစ်မရေ…။
ကွန်းမန့်လေးအတွက်ကျေးဇူးပါ ခင်ဗျာ…။
@ Guest :
ကွန်းမန့်လေးအတွက်ကျေးဇူးပါ ကိုဧည့်သည်ရေ…။
@ myanmar oscar :
ကွန်းမန့်လေးချီးမြှင့်ပေးသွားတာကျေးဇူးပါ ခင်ဗျာ..။
@ ဦးဦးပါလေရာ :
]ထူးခြားတဲ့ massage လေးရတယ်တဲ့လား ကိုပါရေ…။
ကျွန်တော်လိုချင်တာလည်း အဲဒါပဲဗျ…။
ကျေးဇူးပါဗျာ…။
@ pooch :
အားလုံးသွားရမယ့်လမ်းက တစ်လမ်းတည်းလို့ တရားပြကွန်းမန့်လေးရေးသွားတာ
ကျေးဇူးပါ ပုချ်ရေ…။
@ Shwe Ei :
မသေခင် လုပ်ချင်တာလုပ်ကြဆိုတဲ့ Massage ပေးသွားတယ်တဲ့လား…။
ယူတတ်သလိုယူပါတော့ ရွှေအိရေ…။
@ Ma Ei :
ဟုတ်တယ်ဗျ…။
အားလုံး ကြက်ပေါင်တွေချည့်ပဲ မှာထားတာလေ…။
@ Wow :
ဟုတ်ပါတယ် Wow ရေ…။
တညင်ကြက်လေးတွေပါဗျာ…။
@ kyeemite :
သတ္တဝါတော်တော်များများရဲ့ သင်္ချိုင်းဟာ လူ့ခံတွင်းပဲဆိုရင်တော့
မောင်လေး အဖြေမှန်ပါတယ်ကွယ်…။
ကွန်းမန့်လေးအတွက်ကျေးဇူးပါ ကိုမိုက်ရေ…။
@ စိန်ဗိုက်ဗိုက် :

ကြုံတဲ့အခါ ကျွေးပါမယ်ဗျာ…။
blackchaw
November 16, 2012 at 2:17 pm
@ weiwei :

ထုံးစံအတိုင်း နောက်ကျနေပြန်တဲ့ ကွန်းမန့်လေးအတွက်
ကျေးဇူးပါ အန်တီဝေရေ…။
ကြက်သားစားချင် ကြက်မျက်နှာမကြည့်မိစေနဲ့ ဗျာ…။
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 16, 2012 at 2:56 pm
ဦးဘလက်ရေ…
ဦးဘလက်ရဲ့ ကြက်တွေက ဖိနပ်လဲမစီးဘူး… အဲ… ဟုတ်ပါဘူး…
ကြက်တွေက နဲနဲများသေးလားလို့… ဒါကနောက်တာပါ…
ဒီနေရာမှာ လင်္ကာလေးတစ်ပုဒ်ကို သတိသွားရတယ်…
” သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူ့တစ်ယောက်မှာ ပျက်လင့်ကာသာဓမ္မတာတည်း ” ဆိုတာလေးပါ…
အဲဒီလင်္ကာလေးသတိရပြီး သက်ပြင်မြမြချသွားပါတယ်…ကျောင်းဒကာကြီးရေ…
ခင်မင်လျက်-
ကြောင်ဝတုတ်
တိမ်မည်း (ခရီးသွားနေည်)
November 16, 2012 at 3:24 pm
အူးဘရက် လူဇိုးကြီး
နမိတ်လေးပါးတရားများပြမလားလို ့ကြည့်နေတာ…….
လတ်စသတ်တော့ ကြက်ဟင်းအိုးတရားကို……………..
kai
November 16, 2012 at 3:33 pm
ကြက်ကိုကြက်လို့ပဲ.. မြင်ပြီး.. အရသာရှိရှိ… သုံးဆောင်ကြစေချင်တယ်..
အဲဒီလှုပ်လှုပ်ရွရွအကောင်… ဟင်အိုးထဲမြန်မြန်ရောက်ရင်..” လတ်”တယ်လို့ခေါ်သဗျ…
ကျုပ်တို့မတော့.. ရေခဲရိုက်တွေအစားများလို့..” လတ်”တာလေး.. စားချင်သား..
ဆီတော့.. အခုရှိနေတာရဲ့.. ၁ဝပုံ၁ပုံလောက်ပဲပါချင်တယ်..
အနှစ်အနေနဲ့.. ခရမ်းချဉ်သီး.. ကြက်သွန်ဖြူနီတွေနဲ့…လုပ်ပေါ့..
အာလူးလေးပါထည့်လိုက်ရင်… အသီးအရွက်+အသားမို့.. ကျမ်းမာရေးနဲ့.. နည်းနည်းပိုညီညွတ်မပေါ့…
ဪ…
ဘလက်ချောတို့.. မာယာ :kwi:
blackchaw
November 16, 2012 at 3:46 pm
@ ကြောင်ဝတုတ် :

နင့်ဂျီးဒေါ်ကြီး ဖိနပ်မစီးတာလား…ဟ…။
ငါသိတယ်နော်…
နင်ပြောချင်တာကို…
@ တိမ်မည်း :

မီသလောက်ဉာဏ်လေးနဲ့ တရားပြကြည့်တာ ကိုတိမ်မည်းရေ…။
မရသွားဘူးဆိုတော့လည်း အရင်းပေါ့…နော့်…။
@ kai :


အော်…
သူကြီးလုပ်မှ ကျုပ်လည်း ကြက်ဖြစ်ရပြန်ပါပြီဗျာ…။
ဆိုတော့…
အသားလတ်တာလေးတွေ စားချင်ရင်…
မြန်မာပြည်ကိုသာ ပြန်လာခဲ့ပါသူကြီးရာ…။
ချက်…ကျွေး…အုံး…မှာ…။
MaMa
November 16, 2012 at 5:13 pm
သဂျီးပြောမှပဲ ငယ်ငယ်တုန်းက တောရွာတွေကို အလည်သွားတဲ့အခါ……..
တောရွာတွေမှာ ဟင်းစားအလွယ်တကူမရတော့ ဧည့်သည်ရောက်တယ်ဆိုရင် အိမ်အောက်က ကြက်တွေ ကတော် ကတော်နဲ့ ပြေးသံကြားရတတ်တာလေး သတိရမိသွားတယ်။ :harr:
manawphyulay
November 16, 2012 at 6:35 pm
တရားအရမ်းမပြနဲ့ ဦးဦးဘလက်ရက်.. ကြက်သားသည်တွေ ဈေးရောင်းမကောင်းလို့ လာပြောနေဦးမယ်… 😛
အမှန်တော့ အနစ္စ အမြဲမရှိပါဘူး။ ဒီကိုယ်ကြီးဟာ အပုပ်ကောင် ရုပ်ဆောင်နေတာပါလားလို့ အမြဲနှလုံးသွင်းထားရင်တော့ သေခြင်းတရားနဲ့ရင်ဆိုင်ရလည်း ကြောက်စရာမလိုတော့ဘူးပေါ့နော်။
•*¨နန်းတော်ရာသူ •*¨
November 16, 2012 at 7:31 pm
ကြက်တို့၏မာယာကိုမြင်တွေ့နေရပေမယ့် ဒီနေ့မှဝင်ဖတ်ပြီးမန့်ဖြစ်တယ်။
ခေါင်းစဉ်က ဟာသလို့ထင်ရပေမယ့် တော်တော်လေးသံဝေဂရအောင် ထိထိမိမိပြသသွားတယ်။
တင်ဆက်ပုံလေးက အသိုင်းအဝိုင်းမပါပဲ ချက်ကောင်းထိတယ်။
ပါးစပ်ကအမြှုပ်ထွက်စရာလည်းမလိုတော့ဘူး။
နောက်ကိုဒီလိုဒီဇိုင်းပဲသုံးတော့မယ်။
Like
အလင်းဆက်
November 16, 2012 at 9:13 pm
ကြက်ဆိုလို ့…
ဘာများလဲ..လို ့…
ဒီလို..ကိုး…
🙂
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
November 17, 2012 at 3:25 pm
သေ…………. သေဆုံးကျ သည့်အခါ တွင် ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးမှု။
ခြင်း…………. မမေ့နိုင် ခြင်း…။ သတိရ ခြင်း…..။ ကျေးဇူးတရားများ၊ ခင်မင်မှုများ တွေးတောငေးမောရင်း။
တ………….. ခလုပ်ထိမှ အမိတ သိလို…။ တစ်စုံ တစ်ယောက် က တစ်စုံတစ်ယောက် ထံက မထင်မှတ်ဘဲထွက်ခွာသွားရင်လည်းတမိတတ်ကြ။
ရား………….လူဘဝ ဆိုတာ အားအား ရားရား ဖြစ်တည်လာခဲ့တာမှ မဟုတ်တာ ကောင်းတာတွေလုပ်ရင် ကောင်းမွန်တဲ့ ရနံ့တွေရှုရှိုက်ရမှာ ပါ။
လုံမလေးမွန်မွန်
November 17, 2012 at 3:41 pm
ဦးလေး..ဦးလေး…အပေါ်က ပုံမှာက ကြက်မနှစ်ကောင်လား..အမောက်နဲ့တစ်ကောင်ကို အထီးထင်လို့…
ဟီး..သမီးက သိပ်မခွဲတတ်ဘူး… ထင်တာမဟုတ်ရင်လည်း မှတ်ထားရအောင်လို့…
ဦးလေးပေးချင်တဲ့ မက်ဆေ့ချ်လေးကို သိလိုက်ပါတယ်ဗျာ..
ဒါပေမယ့် အောက်ဆုံးပုံကိုကြည့်ပြီး ဗိုက်ဆာလာတယ်…
နွေဦး
November 17, 2012 at 4:18 pm
ဥပဒေသ။ ။
ဝအောင်ကျွေးမွေးထားခြင်းသည် တချိန်မှာ သတ်စားရန်အတွက်ဖြစ်သည် ။
လှပနေသဖြင့် မာန်မတက်သင့် ဟင်းဖြစ်လျှင် ဆီတွင်နစ်နေမည် ။
cobra
November 17, 2012 at 5:02 pm
ကြက်သားစားချင်တယ်
ကြက်သားသုပ်စားချင်တယ်
ကြက်စတူးစားချင်တယ်
ကြက်..စားချင်တယ်။
kai
November 17, 2012 at 5:28 pm
ပြည့်တန်ဆာကို.. ဘာလို့.. “ကြက်”..အမည်တပ်ခေါ်ကြသလည်း မသိဘူး…

အဲဒါ.. ရုပ်တွေလိုက်ကြည့်တော့.. အောက်ကပုံမျိုးတွေ့တယ်..
အဲဒါကြောင့်လားမသိ..
သိသူသမိုင်းဆရာများ.. ရေးပေးကြပါခင်ဗျား.. :kwi:
aye.kk
November 17, 2012 at 9:34 pm
ကြက်က ညဆိုမမြင်မသိ ကန်း၏ ကန်းသဖြင့် ပြုလုပ်သမျှ ခံရ၏
ပြည့်တန်ဆာ အမှောင်တိုက် ကန်းတာနှင့်တူ၏ ပြုလုပ်သမျှ ခံရ၏
ကန်းတာချင်းတူ၍ ပညတ်သဘောအရ ကြက်ဟုတင်စား (အနှိုင်းပြ) ခေါ်ဆိုသည်ဟု ထင်မိသည် ။
cobra
November 17, 2012 at 9:21 pm
သူကြီးဗျာ ပေါက်ပေါက်ရှာရှာ
တော်တော်တူတဲ့ပုံကိုရှာနိုင်တာပဲ
ဘာနဲ့တူမှန်းမသိပဲနဲ့ကိုတူနေတာ
ဝေါ့…ထွီ…..။
ကြက်သားမစားချင်တော့ဘူး။ 😛