“ဘဝနှစ်ခုနဲ့ ကျွန်မ”

ကျွန်မမှာ ဘဝနှစ်ခုရှိပါတယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ ဘဝအဓိပ္ပာယ် တစ်နည်းအားဖြင့် ဘဝဖွင့်ဆိုချက် နှစ်ခုရှိပါတယ်။ အဲဒီအဓိပ္ပာယ်တွေနဲ့ လက်တွေ့ဘဝတွေဟာလည်း အကျိုးအကြောင်း တစ်လှည့်စီ ဖြစ်နေပါသေးတယ်။ တစ်ခါတစ်လေမှာ လက်တွေ့ဘဝပေါ်မူတည်ပြီး အဓိပ္ပာယ်သက်ရောက်သွားတာမျိုးရှိသလို တစ်ခါတစ်လေကျတော့လည်း အဓိပ္ပာယ်ပေါ်မူတည်ပြီး လက်တွေ့ဘဝအဖြစ် ကျင့်သုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်အထိတော့ ကျွန်မဟာ အဲဒီဘဝနှစ်ခုထဲမှာ မသေချာမရေရာစွာ၊ ဒွိဟများစွာနဲ့ ရှင်သန်နေရဆဲပါပဲ။

 

“ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပါပဲ” တဲ့…

ကျွန်မကိုယ်ကျွန်မ အားတင်းတဲ့ စကားတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိုးလင်းကမိုးချုပ် အလုပ်တွေနဲ့ တရစပ်ပြည့်နေတဲ့အခါမှာ၊ ကိုယ့်စိတ်ကို အပန်းဖြေဖို့ အချိန်နည်းနည်းလေးတောင် မပေးဖြစ်တဲ့အခါမျိုးတွေမှာ ကျွန်မကိုယ်ကျွန်မ ပြောလေ့ရှိပါတယ်။

“ငါလုပ်နိုင်တယ်..ငါလုပ်ရမယ်…ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပဲ..”

 

ဒီလိုဘဝမျိုးကို ဘယ်အချိန်ကစပြီး ကြုံရသလဲဆိုရင် ကျွန်မဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်မှာပါ။ ဆယ်တန်းပြီးလို့ နားမယ်ကြံကာရှိသေးတယ်၊ မျက်နှာနာရမယ့်အိမ်တွေ၊  ဆွေမျိုးမကင်းတဲ့အိမ်တွေက စာသင်ပေးပါဆိုလို့ ငြင်းဆန်ဖို့ခက်စွာနဲ့ လက်ခံပြီးတဲ့အချိန်မှာ ကျွန်မရဲ့ကိုယ်ပိုင်အချိန်ဟာ ထမင်းစားချိန် နာရီဝက်နဲ့ အိပ်ချိန်ပဲ ရှိပါတော့တယ်။ နယ်မြို့သေးသေးလေးဖြစ်တဲ့အတွက် ဘာသင်တန်းမှလည်း တက်စရာမရှိ၊ ပညာရပ်ဆိုင်ရာ ဘာစာအုပ်မှလည်း မရနိုင်တဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ဖြေသိမ့်ခဲ့ပါတယ်။

“အလုပ်မရှိလို့ စိတ်တွေအားလပ်ပြီး ယောင်ဝါးဝါးဖြစ်နေမှာထက်စာရင် အလုပ်တွေနဲ့ပြည့်နေတဲ့ဘဝက တော်ပါသေးတယ်…အိမ်ကို ကူညီရာလည်းရောက်တယ်…ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပဲ…”

 

ဘွဲ့ရပြီးလို့ အလုပ်လုပ်ရတဲ့အချိန်မှာ ငွေနဲ့ပညာကို ကုတ်ကပ်ရှာရင်း ဘဝဆိုတာကို ထပ်မံကြုံတွေ့ရပြန်ပါတယ်။

မနက်စောစောအိပ်ယာထ၊ ထမင်းဟင်းချက်၊ (၇)နာရီမှာ ကျောင်းသွား၊ ကျောင်းဆင်း (၉)နာရီမှာ ဖယ်ရီစီးပြီး ရုံးတက်၊ ရုံးကအပြန် (၆)နာရီမှာ ဈေးဝင်ဝယ်ပြီး အိမ်ပေါ်တက်၊ (၇)နာရီမှာ စာသွားသင်၊ (၉)နာရီ စာသင်ပြန်လာရင် အဝတ်လျှော်၊ အိမ်မှုကိစ္စလုုပ်၊ နောက်တစ်နေ့အတွက် ပြင်ဆင်နဲ့ အားလုံးပြီးလို့ နားမယ့်အချိန်မှာ (၁၁)နာရီလောက် ဖြစ်နေပါပြီ။ စာဆက်ကြည့်လိုက်ပြီဆိုရင်တော့ ကျွန်မရဲ့အိပ်ချိန်ဟာ ည(၁၂)နာရီလောက်ကို ရောက်သွားပါတော့တယ်။

 

အဲဒီလိုနေ့ရက်တွေကို ပုံမှန်ဖြတ်သန်းလာရတဲ့အချိန်မှာ တစ်ခါတစ်လေတော့လည်း ပင်ပန်းမိပါတယ်။ ကိုယ့်ကိုကိုယ်လမ်းပျောက်နေသလို ခံစားရတာမျိုး၊ နေထွက်နေဝင် မမြင်ရတဲ့ဘဝကို မွန်းကျပ်သလို ခံစားရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာလည်း ဒီစာသားလေးနဲ့ပဲ ကိုယ့်ကိုကိုယ် အားပေးဖြစ်ပါတယ်။

“ငါ့အတွက် ဖြစ်လာတဲ့ ဘဝမှာ ငါ့ရဲ့ရွေးချယ်မှုတွေကို ပြီးဆုံးအောင် ဆက်လုပ်ရမယ်…ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပဲ…”

 

တစ်ခါတစ်လေကျတော့လည်း အတွေးတွေက တစ်မျိုးဝင်မိပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လူ့ဘဝဆိုတာ ရခဲလှပါတယ်။ ရခဲလှတဲ့ လူ့ဘဝဟာလည်း ဘယ်အချိန်သေဆုံးမယ်ဆိုတာ မသိရလောက်အောင် တိုတောင်းလွန်းလှပါတယ်။ ဒီလိုရခဲလှပြီး တိုတောင်းလှတဲ့ လူ့ဘဝခဏလေးမှာ ကိုယ်ဝါသနာပါရာလေးတွေလုပ်ရင်း၊ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ အများအကျိုးအတွက် တတ်နိုင်သလောက် လုပ်ကိုင်ပေးရင်း၊ ဘာသာတရားအဆုံးအမအောက်မှာ နေထိုင်ရင်း အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းသွားချင်ပါတယ်။ လောဘတွေ၊ တပ်မက်မှုတွေ နည်းနိုင်သမျှနည်းရင်းနဲ့ပေါ့။

 

အားလပ်ချိန်တွေများနေတဲ့အခါမျိုးတွေမှာ အဲဒီလိုအတွေးတွေက ကျွန်မခေါင်းထဲကို ဝင်လာတတ်ပါတယ်။ ကျွန်မတက်နေတဲ့ကျောင်းရဲ့ ကျောင်းပိတ်ရက်အချိန်တွေမှာ၊ စာသင်တဲ့ကျောင်းသားရဲ့ ကျောင်းပိတ်ရက် စာသင်နားချိန်တွေမှာ၊ ရုံးမှာ အလုပ်ပါးလို့ အနားရနေတဲ့အချိန်တွေမှာ ကျွန်မဆီမှာ အတွေးပေါင်းစုံရှိနေတတ်ပါတယ်။ နယ်က အမေနဲ့မောင်လေးကို လွမ်းနေတတ်တာ၊ ဆုံးသွားတဲ့ အဖေနဲ့အဘွားကို သတိရပြီး ဝမ်းနည်းနေတတ်တာ၊ တစ်ယောက်တည်းယောင်တောင်တောင်နဲ့ အထီးကျန်သလို ခံစားနေတတ်တာ…အစုံပါပဲ။ အလုပ်နဲ့ပြည့်နေတဲ့ဘဝမှာ အသားကျနေရင်းက အချိန်ပိုတွေထွက်လာပြီဆိုတော့ မနေတတ်မထိုင်တတ်နဲ့ အဓိပ္ပာယ်မရှိသလို ခံစားလာရပါတယ်။

အဲဒီလိုဖြစ်လာပြီဆိုရင်တော့ စိတ်သက်သာရာရဖို့အရေး ကျွန်မရဲ့ခံယူချက်ကို ပြောင်းလဲလိုက်ရပါတယ်။

“ဘဝဆိုတာ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းခြင်းပဲ…”

 

နောက်တော့ ကျွန်မရဲ့အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးချမိပါတယ်။ ကျောင်းသွားမယ့်အချိန်မှာ ဈေးဆင်းဝယ်၊ လမ်းလျှောက်၊ ဘုရားကြာကြာရှိခိုးပြီး အစားထိုးလိုက်ပါတယ်။ စာသင်မယ့်အချိန်တွေကို စာအုပ်ဆိုင်သွား၊ သူငယ်ချင်းတွေနဲ့မုန့်စား၊ စာအုပ်တွေဖတ်၊ အတွေးတွေကိုချရေး စတာတွေနဲ့ ကုန်ဆုံးစေပါတယ်။ ဦးနှောက်ထဲမှာ အတန်ကြာမေ့နေတဲ့ သူငယ်ချင်းတွေကို မွေးနေ့တွေကို ပြန်အမှတ်ရပြီး မွေးနေ့ဆုတောင်းတွေကို သတိတရပို့ဖြစ်ပါတယ်။ အမေနဲ့ဖုန်းပြောချိန်တွေပိုထွက်လာပြီး အမေ့ကို ပိုဂရုစိုက်ဖြစ်ပါတယ်။ အဲဒီလိုရက်တွေကို အေးချမ်းစွာဖြတ်သန်းနေရတာကိုလည်း သဘောကျမိပါတယ်။

 

စိတ်ဆိုတာမျိုးက အင်မတန်ပြောင်းလဲမြန်ပါတယ်။ တစ်ခါတစ်လေ ရောက်နေရတဲ့ဘဝကို ငြီးငွေ့မိတတ်ပါတယ်။ လှုပ်ရှားရုန်းကန်နေရပြီး ငွေနောက်ကို အသည်းအသန်လိုက်နေရတဲ့အချိန်မှာ နယ်မြို့လေးမှာ မိသားစုနဲ့အတူနေပြီး ရောင့်ရဲစွာနဲ့ အေးချမ်းတည်ငြိမ်တဲ့ ဘဝကို ဖြတ်သန်းချင်မိပါတယ်။ ဒါပေမယ့် အမေက နယ်မှာပဲ အခြေချပြီး နေမလားလို့ မေးလာပြန်ရင်လည်း ကြိုးစားရင်ကြိုးစားသလောက် ပညာနဲ့ငွေရှာနိုင်တဲ့ မြို့ပြကဘဝကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေပြန်ပါတယ်။

 

ကံမကောင်းဘူးလို့ပဲ ဆိုရမလား၊ ကျွန်မကိုယ်တိုင်ကပဲ စီမံခန့်ခွဲမှုညံ့တာလား မသိတော့ပါဘူး။ အဲ့ဒီဘဝနှစ်ခုကို အညီအမျှတစ်ထပ်တည်းကျအောင် ဖြတ်သန်းဖို့ အခုထက်ထိ မစွမ်းဆောင်နိုင်သေးပါဘူး။ တစ်ထပ်တည်းကျခဲ့ရင်တောင် ခဏပါပဲ။ နောက်ဆုံးတော့ လှုပ်ရှားရုန်းကန်ခြင်း နဲ့ တည်ငြိမ်အေးချမ်းစွာဖြတ်သန်းခြင်း ဆိုတဲ့ ဘဝနှစ်ခုမှာ တစ်လှည့်စီနေထိုင်ရင်း ရှင်သန်နေမိပါတော့တယ်။

 

မွန်မွန်

၁၅.၁၁.၂၀၁၂

မနက် ဝ၂းဝ၀

29 comments

  • ခိုင်ဇာ

    November 15, 2012 at 6:24 pm

    ရေးတာကောင်းလိုက်တာ မွန်မွန်လေး။
    ဘဝကိုတော့ဒီလိုပဲ နားတစ်လှည့်၊ သွားတစ်လှည့်၊ လှုပ်တလှည့်၊ ငြိမ်တလှည့်သွားရတာပါပဲ။
    ညီမ စာတွေဖတ်ရသလောက်တော့ စိတ်ဓာတ်တည်ငြိမ်ပြီး ရင့်ကျက်တဲ့ ညီမလေးတစ်ယောက်ဖြစ်မယ်လို့တော့ မှန်းဆမိရဲ့ 🙂

    • လုံမလေးမွန်မွန်

      November 16, 2012 at 4:47 pm

      အားပေးတဲ့အတွက်ရော..ပထမဆုံးကွန်မန့်အတွက်ရော ကျေးဇူးပါနော် အစ်မ…

      တကယ်တော့ မွန်မွန်က အပြင်မှာ ပေါတောတောရယ်… :mrgreen:

      • ဂျူဂျူး

        November 17, 2012 at 10:06 am

        လုံမရေ… ဖတ်တာအရင်ဆုံးဖတ်ဖြစ်ပေမယ့် မန့်တာ နောက်ကျတဲ့အတွက် ခွင့်လွှတ်စေချင်တီ…
        ပြီးတော့ နင် ကိုယ့်ကိုကိုယ် ပေါတောတောမှန်း သိတဲ့အတွက် ဝမ်းသားပါတီ…အဟီး :mrgreen:

        • လုံမလေးမွန်မွန်

          November 18, 2012 at 12:53 pm

          ငါ့ကိုယ်ငါ ပေါတယ်လို့ ဝန်ခံပြီးသားပဲ… (အဟဲ..rap ရွတ်သလို ဖတ်နော်..)

          ငါ့လက်ရေးနဲ့ စာရွက်ကြီးကို ဖတ်ပြီး ကောင်းတယ်လို့ ပြောလိုက်တဲ့အတွက် မန့်တာနောက်ကျတာကို ခွင့်လွှတ်ပါကြောင်း… 🙂

  • Inz@ghi

    November 15, 2012 at 6:30 pm

    အင်းလေ. ဘကုံး နဲ့ ဝလုံး ဆိုပီး ၂ခုရှိတာ မလား. သိသားပဲကွယ်.

    :harr:

  • padauk moe

    November 15, 2012 at 8:31 pm

    အားပေးခဲ့တယ်ပါဗျာ တော်ရာမှာမနေရ ပျော်ရာမှာ မနေရတဲ့ဘဝတွေဘဲလေ

  • မွန်မွန်ရေ လူတိုင်းဖြစ်လေ့ရှိတဲ့ခံစားချက်လေးပါကွယ်။
    အစ်မဆိုရင် မွန်မွန်ပြောတဲ့ဘဝနှစ်ခုအပြင် သံသရာမှာကျင်လည်ရဦးမယ့်ဘဝတွေအတွက်ပါ
    တွေးတောပူပန်မိတဲ့စိတ်တွေညဘက်တွေမှာခံစားရတဲ့အခါတွေရှိတယ်။
    အဲဒီလိုအကြောက်တရားတွေရှိနေလို့ လက်ရှိဘဝမှာပြင်ဆင်သင့်တာတွေပြင်ဆင်နေပါလားဆိုတော့လည်း
    လုပ်သင့်သလောက်မလုပ်ဖြစ်သေးဘူး။
    ဒီတော့ လှုပ်ရှားရုန်းကန်ရတဲ့ဘဝနဲ့တည်ငြိမ်အေးချမ်းတဲ့ဘဝနှစ်ခုလုံးကို တလှည့်စီဖြတ်သန်းရင်း
    ကုသိုလ်တွေအများကြီးမပြုနိုင်ရင်တောင် အကုသိုလ်ကိုကင်းနိုင်သမျှကင်းအောင် သတိထားနေထိုင်သွားရင်း ဘဝနှစ်ခုလုံးကိုကျေနပ်နှစ်သိမ့်နိုင်ပါတယ်။

    (ဥပမာ-သတိထားဆင်ခြင်ခြင်းဖြင့် ပုရွက်ဆိတ်လိုအင်းဆက်တစ်ကောင်တောင်မသတ်မိစေခြင်း။
    မည်သူ့အတွက်မှအကျိုးမရှိသည့် သိမ်ဖျင်းသောစကား(အတင်းစကားများ)ကိုမပြောဆိုမိအောင်နေ ထိုင်ခြင်း၊(ထိုသို့အတင်းစကားပြောဆိုခြင်းဟာ မုသာဝါဒကံမြောက်ပါတယ်တဲ့ကွယ်)။
    ဒေါသဖြစ်ကာနီးတိုင်း အနည်းငယ်ပြန်လည်သုံးသပ်စဉ်းစားခြင်း၊
    စတဲ့စတဲ့ ကိုယ်ရှောင်ရှားနိုင်သမျှအဆိုးလေးတွေကို ကျင့်ယူရှောင်ရှားတတ်လာအောင်နေထိုင်သင့်ပါတယ်။
    (ဆရာလုပ်ခြင်းမဟုတ်ပါနော်)

  • MaMa

    November 15, 2012 at 8:51 pm

    မွန်မွန်က ဘဝနှစ်ခုဆိုလို့
    ကြားဖူးတဲ့ ဟာသတစ်ပုဒ်ကို သွားသတိရမိတယ်။
    အဲဒီထဲမှာ ပြောတာက……….
    စကားကို အမျိုးမျိုး မပြောတတ်ဘူး။
    ခုတမျိုး တော်ကြာတမျိုး ၂မျိုးပဲ ပြောတတ်တယ်တဲ့။

  • မောင်ပေ

    November 15, 2012 at 9:14 pm

    ကျုပ်အထင်ပေါ့ လူတိုင်းဟာ မိခင်ဝမ်းကထွက်လာပြီး သေတဲ့အထိ ဘဝများစွာကို လောကဇါတ်ခုံပေါ်မှာ လှလှပပဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်နေကြရတာကလား
    မွေးကာစ ကလေးဘဝ
    ရက်တစ်ရာသားပြည့်ဘဝ
    ၁နှစ်သား…. ချာတိတ်… ကျောင်းနေအရွယ် ၊ အပျိုပေါက် ၊ လူပျိုပေါက် ၊ အိမ်ထောင်ရှင် ၊ လုပ်ငန်းရှင် ၊ အလုပ်သမား ၊ ကျောင်းဆရာ ၊ ဘုန်းကြီး လူကြီး အဖိုးကြီး အဖွားကြီး …အို စုံနေတာပါပဲ

  • Hnin Hnin

    November 15, 2012 at 10:46 pm

    မွန်ရေ…အရေးအသားတွေက ရင့်ကျက်လို့ ညီမလေးပေမယ့် လေးစားအားကျမိပါတယ်..
    ခုချိန်ထိတော့ ဘဝဆိုတာ လှုပ်ရှားရုန်းကန်ခြင်းရယ်လို့ မသိသေးပါဘူး….
    ကလေးတစ်ယောက်လို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းနေရတုန်းပါပဲ….

    • လုံမလေးမွန်မွန်

      November 16, 2012 at 4:58 pm

      @မိဂီ-
      ညည်းပြောမှပဲ ကျုပ်သိတော့တယ်အေ…

      @Padauk Moe-
      ဟုတ်ပါတယ်ရှင်…တော်ရာမှာ ဘယ်တော့မှ ပျော်ရမလဲမသိဘူး..အားပေးတာ ကျေးဇူးပါရှင်…

      @အစ်မ နန်းတော်ရာသူ-

      ဘယ်ဘဝမှာပဲနေနေ အကုသိုလ်ကင်းဖို့ ကြိုးစားရမယ်ဆိုတဲ့ အစ်မရဲ့ စကားလေးကို မှတ်သားလိုက်ပါတယ်နော်… ကျေးဇူးပါရှင့်…

      @အန်တီမမ-
      :mrgreen: ဟုတ်ပါ့… ငယ်ငယ်က “ခုတစ်မျိုး တော်ကြာတစ်မျိုး..သုံးရက်မှာရေတစ်ခါချိုး.. —– ညစ်ပတ်အိုး” ဆိုပြီး စကြတာကို သွားသတိရတယ်….

      @ကပေ-
      မွေးစကနေ သေသည်အထိ ဘဝပေါင်းများစွာကို ကြုံတွေ့ရတာပေါ့နော်… ကပေရော..အခု ဘယ်ဘဝမှာလဲ… အိမ်ထောင်ရှင် လုပ်ငန်းရှင် ဘဝလား.. 🙂

      @မနှင်းနှင်း-
      အပူအပင်ကင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်ဆိုလို့ ဝမ်းသာမိပါတယ် အစ်မရေ… အားလည်း ကျမိပါတယ်…
      အထင်တော့မကြီးပါနဲ့နော်အစ်မ..တော်ကြာ အပြင်မှာတွေ့မှ မွန်မွန်ပေါတာ သိလိမ့်မယ်… 🙂

  • myanmar oscar

    November 15, 2012 at 11:01 pm

    မမွန်ရေ…
    ကျွန်တော်က ခေါင်းစဉ်ကိုကြည့်ပြီးတော်တော်စဉ်းစားရသွားရတယ်၊
    ပို့စ်ကိုဝင်ကြည့်လိုက်မှအဖြေကရှင်းသွားတယ်၊အားပေးသွားတယ်နော်…….

  • Ko Khin Kha ( သရီးကေ )

    November 15, 2012 at 11:35 pm

    ခင်ခတို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တာ အသံကိုဘဲနားထောင်ရတဲ့ ရေဒီယိုပေါ့။
    ခင်ခတို့ အရွယ်လေးရောက်လာတော့ ခေတ်စားလာတာ အသံအပြင်ရုပ်ပါမြင်ရတဲ့ ရုပ်မြင်သံကြားတီဗွီ။
    ခင်ခတို့ အခုအသက်အရွယ်ကြီးတော့ ခေတ်စားလာနေတာ အသံနဲ့ရုပ်မြင်ရတာကိုဘဲ ပိုပြီးဆန်းကျယ် သတဲ့ 3D ဆိုလားဘဲ။
    လုံမလေးမွန်မွန်ရေ အခုသမီးတို့အရွယ် ဘဝနှစ်ခုနဲ့ကျွန်မ ဆိုရင် နောက်အရွယ်များဆိုရင် နောင်ဘဝ အတွက်ပါစဉ်းစားပြုနေရပြီမို့ ဘဝသုံးခုနဲ့ကျွန်မ ဖြစ်မလားဘဲနော်။

  • Juvenilemay

    November 16, 2012 at 2:15 am

    ဟုတ်တယ်။ အရမ်းတိုက်ဆိုင်နေတဲ့ ခံစားချက်ပါပဲ။ လုံမလေးမွန်မွန်ရဲ့ ဘဝဖြတ်သန်းမှုလေးက ကျွန်မနဲ့ တော်တော်လေးဆင်တယ်။ ငါသင်ထားတဲ့ပညာတွေနဲ့ ငါရည်မှန်းချက်တွေ ကို အကောင်အထည်ဖော်ချင်တယ်ဆိုပြီး ရည်မှန်းချက်နောက်လိုက်ရင်းနဲ့ပဲ …………………………… ဘဝရပ်တည်မှုပုံစံတွေက ကာရန်မညီတော့တာပဲ။ ဒါပေမယ့်တော့ ကြိုးစားဆဲပါပဲ။ မညီတာတွေကို ညီအောင်ပြန်ညှိရင်း နားထောင်ကောင်းတဲ့သံစဉ်လေးတော့ သီကြူးမိအောင်ပေါ့။

  • အရီးခင်လတ်

    November 16, 2012 at 5:23 am

    နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်ခြည်သာတဲ့ နေ့သစ်ကိုရောက်မယ်။
    ယုံကြည်ခြင်းနဲ့ကြိုးစားထားမှ တချိန်မှာ အောင်မြင်လွတ်မြောက်နိုင်မယ်လေ။ ..အရှံးမပေးနဲ့မိငယ်ရေ..

    ခွန်အားဖြည့်မိငယ် တဲ့။ ခင်မောင်တိုး ရဲ့သီချင်းလေး။
    ဒီတော့
    အရှုံးမပေးဘဲ ခွန်အားဖြည့်ထား လုံမရေ။

    ချစ်တဲ့
    အရီး

  • weiwei

    November 16, 2012 at 10:01 am

    ပျော်ရာမှာ မနေရ .. တော်ရာမှာ နေရ ဆိုသလိုပေါ့ ..
    ဆယ်စုနှစ်တစ်ခုလောက် ကျော်ဖြတ်ပြီးရင် နေသားတကျဖြစ်သွားမှာပါ ..
    Aja aja … fighting .. :kwi:

  • ငယ်ရွယ်တက်ကြွခဲ့တဲ့အရွယ်မှာတေ့ာရည်မှန်းချက်တွေ မျှော်လင့်ချက်တွေအပြည့်နဲ့
    နောက်ပြီး မိမိကိုယ်မိမိ ယုံကြည်ချက်တွေအပြည့်နဲ့ပေါ့။
    တကယ်လဲ ရုန်းခဲ့ကန်ခဲ့။
    နောက်လူလတ်ပိုင်းအရွယ်ရောက်တော့ ဖြစ်ချင်တာနဲ့ဖြစ်ခဲတာအကြား လွဲမှားလွဲချော်မူ့တွေနဲ့
    ကြုံရတဲ့အခါ ဘဝကို မချင့်မရဲတွေ နာကြည်းမူ့တွေနဲ့ တက်တခေါက်ခေါက်ပေါ့။
    ငါ့လောက်အားမစိုက်တဲ့လူက အထက်ရောက်နေရကောင်းလားပေါ့။

    အနယ်ကျသွားတဲ့အရွယ်မှာတော့ ကိုယ်ရလာတဲ့ အနေအထားကို ဘယ်လိုကောင်းအောင်ပြုပြင်ပြီး
    ရလာဒ်ကောင်းရအောင် လုပ်မယ်ဆိုတာကိုဘဲ တွေးမိပါတော့တယ်.။

  • စိန်ဗိုက်ဗိုက်

    November 16, 2012 at 12:02 pm

    အဖြစ်ရှိရင် အပျက်ရှိနေမှာပဲ
    ဖြစ်ခြင်း ပျက်ခြင် ရုန်းကန်လှုပ်ရှားခြင်းတွေမရှိတဲ့ နိဗ္ဗာန်ကို မြန်မြန်ရောက်အောင် ကြိုးစားအားထုတ်ပါကွယ်
    ဒါဆို ဘယ်ဘဝမှ မရှိလာတော့ မပင်ပန်းရတော့ဘူးပေါ့နော်..
    အူးဗိုက်ဆို အကြွေးတွေများလို ့ နိ်ဗ္ဗာန် မြန်မြန်ရောက်ချင်နေပြီ
    ဘီအီးမဝသေးလို ့ မသွားသေးတာ..

    • လုံမလေးမွန်မွန်

      November 16, 2012 at 5:13 pm

      @myanmar oscar-
      ခေါင်းစားသွားတာလားဟင်… ဘယ်လိုများ တွေးမိလိုက်လဲ… 🙂 အားပေးသွားတာ ကျေးဇူးပါရှင့်…

      @လေးလေးခင်ခ-
      ဖြစ်လောက်တယ် လေးလေးရေ… အသက်ကြီးလာရင် ဘယ်နှစ်ဘဝ ကြုံရဦးမလဲ မသိဘူး..လေးလေးရော..ဘယ်လိုဘဝတွေ တွေ့ဖူးလဲဟင်…

      @Juvenilemay-
      ခံစားချက်ချင်းတူတဲ့သူတစ်ယောက်နဲ့တွေ့ရတာ ဝမ်းသာပါတယ်နော်…

      မညီတာတွေကို ညီအောင်ပြန်ညှိရင်း နားထောင်ကောင်းတဲ့သံစဉ်လေးတော့ သီကြူးမိအောင်ပေါ့။

      ဖွဲ့ဆိုသွားပုံလေးကို သဘောကျမိပါတယ်ရှင်…

      @ချစ်သော အရီး-
      အားပေးစကားကြောင့် အားရှိပါတယ် အရီးရေ… နောက်လည်း အားပေးပါဦးနော်…
      တစ်ခါတစ်လေ စိတ်ဓာတ်တွေ အောက်ဆုံးရောက်နေတတ်လို့ပါ….

      @အန်တီဝေ-
      ဆယ်စုနှစ်ရဲ့ သုံးပုံတစ်ပုံကိုတော့ ဖြတ်ကျော်ထားပါကြောင်း… Aja Aja Fighting!!! :mrgreen:

      @လေးပေါက်-
      ရုန်းကန်မှုတွေရော..နာကျည်းမှုတွေရော.. လွဲချော်မှုတွေရော… အားလုံးကိုတော့ မဖြစ်မနေကျော်ဖြတ်ရမှာပေါ့နော်…ဒါတွေကျော်ပြီးလို့ လေးပေါက်တု့ိအရွယ်ရောက်လာရင်တော့ အဲ့ဒီလိုပဲ အနည်ကျသွားမယ်လို့ ထင်ပါရဲ့….

      @တွတ်ပီယောက်ဖ
      နင်မသွားခင် ငါ့အကြွေးတွေ အပြီးဆပ်သွားနော်… :mrgreen:

  • blackchaw

    November 16, 2012 at 1:01 pm

    လုံမလေးရေ…
    လုံမလေးရဲ့ ဘဝ ၂ ခုကို အညီအမျှတစ်ထပ်တည်းကျအောင်
    စွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ…။
    ခင်တဲ့…
    ဦးလေး ဖြူကြမ်း…။

  • Shwe Ei

    November 16, 2012 at 1:38 pm

    မွန်မွန်ရေ တည်ငြိမ်အေးချမ်းတဲ့ ဘဝ ဆိုတာ လူအများစုမျော်လင့် ကျတဲ့ တခုပေါ့။
    ကို့နိုင်ငံ ကို့လူမျိုးအတွက် အကျိုးရှိစေရမယ်ဆိုတဲ့ အကျီးအကျယ်ကိတ်စတွေမပြောခင် ကို့မိသားစုအတွက် အနဲဆုံးကို့အတွက် ရုန်းကန်လှုပ်ရှားရဖို့ တာဝန်ရှိတဲ့ သတ္တဝါဆိုတော့ တတ်နိုင်သလောက်ကြိုးစားပီး
    ရှေ့ဆက်ခြင်းဖြင့် အဓိပ္ပါယ်ရှိသော ဘဝတခုပိုင်ဆိုင်နိုင်ပါစေဂျောင်း

    ခင်တဲ့
    မရွှေအိ

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 16, 2012 at 2:52 pm

    ကျွန်တော့်မှာ ဘဝ(၂)ခုရှိတယ်…
    တစ်ခုက နေ့စဉ်အလုပ်လုပ်နေတဲ့ဘဝ… ငွေရှာနေတဲ့ဘဝ…
    နောက်တစ်ခုက ပိုက်ဆံရခြင်းမရခြင်းထက်… ကိုယ်လုပ်ချင်တာကိုယ်လုပ်နေတဲ့ဘဝ…

    ပြန်စဉ်းစားကြည့်ရင် ငွေရှာရတဲ့ဘဝက ပိုပင်ပန်းတယ်…
    ကျွန်တော့ဆရာတစ်ယောက်ကပြောဖူးတယ်… ဘဝဆိုတာရုန်းကန်ရတယ်… ပင်ပန်းတယ်လို့ထင်ရင်…
    တစ်သက်လုံးပင်ပန်းနေမှာပဲတဲ့…
    အဲဒီလိုပဲ… ပင်ပန်းမှအလုပ်လို့ထင်ရင်လဲ တစ်သက်လုံးပင်ပန်းတဲ့အလုပ်ပဲလုပ်ရမှာပဲတဲ့…
    အဲဒီကတည်းက ကျွန်တော်ဘဝကို ပြုပြင်လိုက်တယ်….
    ပင်ပန်းမယ့်အလုပ်တွေမလုပ်တော့ဘဲ သက်သာမယ့်အလုပ်ကိုရွေးပါတယ်…
    ရုန်းကန်တယ်ဆိုတာထက်… တည်ဆောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဘဝကိုလျှောက်လှမ်းပါတယ်….
    အခုအထိတော့ ဗရမ်းဗတာပါပဲဗျာ…ဟိဟိ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • kyeemite

    November 16, 2012 at 4:04 pm

    လုံမ ခုန်ထ
    ကြုံရ ဘုံဘဝ
    မဖြုံမှ အကုန်ရ
    မယုံက ပုံပါဗျ…
    ခင်တဲ့… :hee:

  • Novy

    November 16, 2012 at 4:29 pm

    “နေထွက်နေဝင် မမြင်ရတဲ့ဘဝကို မွန်းကျပ်သလို ခံစားရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်”

    ဒီခံစားမှု့မျိုးကို ကိုယ်တိုင်ခံစားဖြတ်ကျော်ခဲ့ဘူးလို့ကိုယ်ချင်စာပါတယ်ကွယ်
    မွန်မွန်ရေ. အားမလျော့နဲ့လို့ပြောချင်ပါတယ်
    အချိန်အတိုင်းအတာတစ်ခုကို ဖြတ်ကျော်ပြီးရင်တော့
    အောင်မြင်လှပတဲ့ ဘဝလေးဟာ ညီမလေးအတွက်ဖြစ်နေမှာပါကွယ်

    • လုံမလေးမွန်မွန်

      November 16, 2012 at 5:22 pm

      @ဦးလေးဖြူကြမ်း-
      ဆုတောင်းအတိုင်းပြည့်အောင် ကြိုးစားပါ့မယ်လို့….

      @မရွှေအိ-
      ကျောင်းတုန်းက ဆိုခဲ့ဖူးတဲ့အတိုင်းပေါ့နော်..မိမိကိုယ်ကိုကောင်းအောင် ကြိုးစားပြီးမှ မိမိကျောင်း၊ မိမိတိုင်းပြည်ဆိုတာ လာသလိုပေါ့…
      ဆိုတော့..ရုန်းကန်လှုပ်ရှားပြီး ကြိုးစားခြင်းပြီးမှသာ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ရောက်နိုင်မယ်ဆိုတဲ့ အစ်မစကားလေးကို မှတ်သွားပါတယ်နော်…

      @Fatty Cat-
      ဒီဘဝလား ပရမ်းပတာ ဖြစ်တာ… 🙂
      အဲ့သက်သာမယ့် အလုပ်လေးတွေကို ပြန်ရှယ်ပါဦးလား…

      @ဦးလေးမိုက်-
      ခုန်ထပြီး မဖြုံမှ အကုန်ရမယ့်ပေါ့.. ယုံပါ၏… :kwi:

      @မနို-
      အားပေးတဲ့အတွက်ရော..ဆန္ဒပြုပေးတဲ့အတွက်ရော ဝမ်းသာပါတယ် အစ်မရေ…

  • ရွှေ ကြည်

    November 16, 2012 at 6:40 pm

    အမွန်ရေ ဖတ်ရင်းနဲ့အမွန်ကို လေးစားလာတယ် တော်လိုက်တာကွယ် နေထွက်နေဝင်ကြိုးစားလိုက်ပုံများ။
    ဟောဒီကရွှေကြည်ကလေ အမေ့ဒုက္ခအိုးလေးပါ အပျင်းလေးလေ အခုတော့အဝေးတနေရာမှာအချိန်ဇယားတွေကြားမှာ လှုပ်ရှားနေရပြီ..။
    အေးချမ်းတည်ငြိမ်ညိမ်တဲ့ဘသဝလေးကိုတောင့်တနေမိတယ်..။
    ဘဝအဓိပ္ပါယ်ဆိုတာကိလည်းအမြဲပဲစဉ်းစားနေမိတယ်..။
    ဒါပေမယ့်လည်းပေါ့ ငွေကအရာရာကိုမဖန်ဆင်းနိုင်ပေမယ့် အရာရာနီးပါအတွက်ကငွေကလိုအပ်နေတော့လည်း…။
    အားတင်းထားပါအမွန်ရေ..။

  • pooch

    November 16, 2012 at 8:54 pm

    မွန်မွန်ရေ ကျမဆို ခုထိ မိဘအရိ်ပ်နဲ့ ကင်းနိုင်သူမဟုတ်သေးဘူး။ မွန်မွန်လို ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ သူတွေကို အားကျပါတယ်။

    ္ပ္ပဤခရီး နီးချင်နီး ဝေးချင်ဝေး ဆက်လျှောက်ကြတာပေါ့လေ နော် 😀

  • Mလုလင်

    November 17, 2012 at 1:13 am

    ပိုစ့်ပိုင်ရှင် ရေ……………….. comment အကြွေး မှတ်ထားလိုက် ဗျာ ….

    • လုံမလေးမွန်မွန်

      November 18, 2012 at 12:58 pm

      @အစ်မရွှေကြည်-
      အစ်မရေ..တကယ်တော့ မဟာရာဇာရဲ့ တစ်ခါတစ်ရံ ရယ် ၊ အစ်မရဲ့ ဆက်ရန်ရှိသေးသည် ရယ်ကို ဖတ်ပြီးတော့မှ ခေါင်းထဲကအတွေးတွေကို စာတွေအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ…
      အမွန်တို့ရဲ့ ဒုတိယအရွယ်မှာ ဒုတိယဘုရားသခင်အတွက် အားတင်းထားပါနော်…

      @အစ်မပုချ်-
      အစ်မရေ..တစ်ခါတစ်လေတော့လည်း မိဘအရိပ်မှာ အပူအပင်းကင်းကင်းနဲ့ အေးချမ်းစွာနေရတဲ့ဘဝကို အားကျမိပါတယ်လို့…

      @ကိုလုလင်-
      ငါးကင်တစ်ကောင်နဲ့ အကြွေးမှတ်ထားလိုက်ပါတယ်… 🙂

Leave a Reply