“လွှတ်ချစရာတွေအများကြီး”
“လွှတ်ချစရာတွေအများကြီး”
တစ်ခါကလို့ဘဲဆိုလိုက်ပါတော့မယ်။
ကျနော်တို့အလုပ်လုပ်တဲ့ဆိုင်ရှေ့ကို နေ့လည်ခင်း သုံးနာရီလောက်ဆိုရင် လက်သုတ်စုံသယ်တို့
ကြာဇံကြော်သယ်တို့လာတတ်ပါတယ်။
ကျနော်တို့ကလဲ အဆာပြေဝယ်စားကြတာပေါ့။
တစ်ရက် မှာတော့ ကျနော်တို့အဲလိုစားကြတာကို ပိုင်ရှင်ဆရာကြီးကတွေ့သွားပါတယ်။
နောက်ရက်မှာ မုန့်ပုံးကြီးတစ်ပုံးဝယ်လာပါတယ်။
နေ့လည်ဆာရင်အဆာပြေစားဘိုု့ပေါ့။
ကျနော်တို့ ပိုက်ဆံမကုန်စေချင်တာလဲပါသလို ဆရာကြီးကအပြင်အစားအစာ
“ပူစီပါစာ”တွေစားတာကိုလဲမနှစ်သက်တာပါ ပါတယ်။
အဲဒီတုန်းက မုန့်ပုံးက လေးဒေါင့်ဆယ်ဝင်ပုံးအကြီးကြီးပါ။
မိသားစုစားမယ်ဆိုရင်တောင် အတော်ကြာကြာ စားနိုင်လောက်တဲ့ ဘီစကွတ်တွေပါ ပါတယ်။
မယုံနိုင်စရာ အဲဒီမုန့်ပုံးက တစ်ပါတ်တောင်မပြည့်သေးဘဲကုန်သွားပါတယ်။
ကုန်ဆို မုန့်ပုံးရောက်တဲ့နေ့ကစလို့ လူတော်တော်များများ က နောက်ဖေးဝင်တိုင်း
ထွက်ခလုတ် ဝင်ခလုတ်နိူက် နိူက်စားကြတာကိုးဗျ။
မဆာလဲစား ဆာလဲစား ဆိုတော့ ရေရှည်ဘယ်ခံနိူ်င်ပါ့မလဲနော့။
အဲဒီမုန့်ပုံးလဲကုန်ရော နောက်ဘယ်တော့မှ ဝယ်မကျွေးတော့ပါဘူး။
ဆရာကြီးကတော့ ပြောပါတယ်။
“အခွင့်ပေးလိုက်လျောတာနဲ့ ရပိုင်ခွင့်ကို ခွဲခြား မသိကြဘူး “ လို့တော့ပြောသံကြားမိသလိုလို။
အခုအချိန်မှာ အမြဲတမ်းကြားနေ အမြဲတမ်းဖတ်နေရတာကတော့ ဆန္ဒဖော်ထုတ်တဲ့သတင်းတွေပါဘဲ။
အထူးသဖြင့်နိုင်ငံခြားကလာပြီးရင်းနှီးမြုတ်နှံတဲ့လုပ်ငန်းတွေရယ်၊
မြန်မာနိုင်ငံဖွားနိုင်ငံခြားသားတွေထူထောင်တဲ့လုပ်ငန်းတွေမှာရယ်
မြန်မာအမျုးိသားပိုင်လုပ်ငန်းတွေမှာရယ် အထူးသဖြင့်စက်ရုံအလုပ်ရုံတွေမှာဒီလိုအဖြစ်အပျက်တွေများပါတယ်။
ကမ္ဘာပေါ်မှာအမြဲတမ်းရင်ဆိုင်နေရတဲ့အလုပ်ရှင်အလုပ်သမားပြဿနာ၊
အရင်းမရှိလို့လုပ်အားစိုက်သူနဲ့အရင်းရှိလို့ ငွေစိုက်သူကြားမှာပါ။
အရင်းအနှီးဆိုတဲ့ မတည်ငွေမရှိဘဲ ဘယ်လုပ်ငန်းမှထူထောင်လို့မရသလို
လူ့အရင်းအမြစ်လို့ဆိုနိုင်တဲ့ အတတ်ပညာရှင် အသိပညာရှင် ကာယလုပ်သား တွေမရှိဘဲလဲ
လုပ်ငန်းထူးထောင်လို့မရဘူးဆိုတာအသေအချာ။
တနည ်းပြောရင် အပြန်အလှန် အမှီသဟဲပြုပြီးနေရာတာလဲအမှန်။
အဲတော့ ဘယ်ဘက်ကမှ နစ်နာလို့မရသလို တစ်ဖက်စောင်းနင်းဖြစ်လို့လဲမရပါဘူး။
ကျနော်တို့နုိုင်ငံမှာ အလုပ်အကိုင်ရှားပါးပါတယ်။
အလုပ်အကိုင်ရှားပါတော့ အလုပ်သမားလဲ ဈေးပေါပေါနဲ့ရနိုင်ပါတယ်။
ဒီတော့ နိုင်ငံခြားက လုပ်ငန်းရှင်အတွက်ဈေးကွက်ဝင်တဲ့နေရာလိုဖြစ်လာပါတယ်။
ဒါပေမယ့် ကျနော်တို့ဆီကအလုပ်လုပ်သူအတော်များများကအားထည့်ပြီးလုပ်ေ့လမရှိပါဘူး။
တနည်းပြောရရင် အလုပ်လုပ်တဲ့အခါ ပြီးစလွယ် ပေါ့ပေါ့တန်တန်လုပ်လေ့ရှိကြသလို
တာဝန်ကျေရုံလောက် ဘဲလုပ်နေကြတာကို တွေ့ရပါတယ်။
အချိန်ကိုလေးစားခြင်းလည်း အတော်လေးကိုနည်းပါးပါတယ်။
ဒါကြောင့်လဲ “မြန်မာစံတော်ချိန်”ဆိုတဲ့သရော်လှောင်ပြောင်စရာ စကားလေးပေါ်လာရတာပါဘဲ။
ကျနော်တို့လုပ်ငန်းက အဆောက်အဦတစ်ခုကိုမွန်းမံတော့ ကျနော်က သွားစောင့်ပေးရပါတယ်။
ပန်းရံဝင် လက်သမားဝင် ဆိုတော့ လိုတဲ့ပစ္စည်းသွားဝယ်ပေး ထိုင်စောင့်ကြည့်ပေါ.။
ရောက်လာပါပြီ မနက် ၈နာရီကျော်ကျော်။
အဝတ်လဲဟိုဟာဒီဟာလုပ်နဲ့ နာရီဝက်ကျော်ကျော်နေမှအလုပ်စပါတယ်။
ဆယ်နာရီလောက်ကျတော့ ခဏနား။
ဆယ်နှစ်နာရီထမင်းစား။
တစ်ရေးတမောအိပ်။
တစ်နာရီပြန်ထလုပ်။
သုံးနာရီလက်ဖက်ရည်သောက်နား။
ငါးနာရီကျတော့အလုပ်သိမ်းရော။
အခန်းထဲမှ ပွထကျန်ခဲ့တာ ရှင်းလင်းမပေး။
သူတို့သုံးလို့ရတဲ့ ထင်းအတိုအစတော့ အိပ်နဲ့ထည့်သည်သွားပါတယ်။
ဒါက ကာယလုပ်သားအပိုင်း။
အင်တာနက်ဘေလ်ဆောင်ဘို့ သွားတုံးကတွေခဲ့ရတာပေါ့။
ပုဂ္ဂလိက လွဲပြောင်းယူထားတဲ့ ဌာနကြီးပေါ့။
အဲကွန်း တပ်ပေးထားတဲ့ မှန်လုံ အဆောက်အဦကြီးထဲမှာရုံးခန်းဖွင့်ထားတာပါ။
အတန်းလိုက်ချထားတဲ့စားပွဲခုံပေါ်မှာ ကွန်ပြူတာတွေတန်းစီထားါပတယ်။
ကျနော်ရောက်သွား မနက် ၁ဝနာရီ။
ကွန်ပြူတာရှေ့မှာထို်င်နေတဲ့ ဝန်ထမ်းလေးတွေ က ဂိမ်းဆော့လို့နေပါတယ်။
တစ်ချို့ကတော့ ချက်တင်ထို်င်ရင်း ပါးစပ်ကလေးစေ့လို့အသံမထွက်အောင်ရီနေ။
ဖေစ်ဘုတ်ဖွင့်ပြီး သတင်းဖတ်သူကဖတ် ။
သူတို့သူငယ်ချင်းတွေရဲ့ဝေါပေါ်တက်ပြီး စာရေးသူကရေး။
တရားခွေဖွင့်ပြီးနားထောင်သူကထောင်။
ဇာတ်လမ်းကြည့်သူကကြည့်။
အယောက်၂ဝလောက်ရှိတဲ့ရုံးခန်းထဲမှာအလုပ် လုပ်နေသူက သုံးလေးယောက်။
အဲတော့ မနက်စောစောကို ဂိမ်းဆော့နို်င်အောင် အလုပ်လုပ်စရာမရှိဘူးလား ဆိုတဲ့မေးခွန်းက
ပါးစပ်ဖျားမှာ ယားလို့နေပါတယ်။
ရုံးတက်ချိန်က ကိုးနာရီ ညနေရုံးဆင်းချိန်က ငါးနာရီဆိုတော့
မနက်ရုံးရောက်တာနဲ့အလုပ်မလုပ်သေးဘဲဂိမ်းဆော့နေတာပေါ့။
နေရာဌာနတော်တော်များများ အထူးသဖြင့်စာရင်းအင်းအပိုင်းတွေမှာပါ။
အလုပ်ကိစ္စတွေကို တနေ့ချင်းပြီးပြန်အောင်မလုပ်။
စုပုံထား အထက်က စာရင်းတောင်းပြီဆိုမှ ကမန်းကတန်းနဲ့အိုဗာတိုင်တွေဆင်း။
ပြီးရင်ပင်ပန်းတယ် မတရားခိုင်းတယ်ပြော။
ရတဲ့လခ တော့ နည်းတယ်ပြော။
ကို်ယ့်တာဝန်ကိုယ်မကျေတာတော့ ပြန်မစဉ်းစား။
အဲတော့အလုပ်ရှင်နဲ့အလုပ်သမားကြားမှာပြဿနာကြီးထွားလို့လာပါတယ်။
ဒီလိုဝန်ထမ်းဖက်ကချို့ယွင်းချက်ရှိတာကို အခွင့်ကောင်းယူပြီးအလုပ်ရှင်ဘက်ကလဲ
သူတို့ဘက်ကလဲပေးရတာသက်သာအောင် ဝန်ထမ်းကိုလဲချုပ်ပြီးသားဖြစ်အောင်
လခပေးပုံစနစ်အသစ်တွေထွင်ပါတော့တယ်။
ဝန်ထမ်းတွေကို လုပ်ငန်းက လူလျော့ရင် လုပ်ငန်းဖျက်သိမ်းရင်
အဲဒီရပ်ဆိုင်းခံရတဲ့ဝန်ထမ်းကို နစ်နာကြေးဘဲပြောပြော လျော်ကြေးဘဲပြောပြော သုံးလစာပေးရပါတယ်။
အဲတော့ ဒါမျိုးဖြစ်ခဲ့ရင် ပေးရတာထက်အောင် အခြေခံမူရင်းလစာကို နည်းနည်းလေးဘဲထားပါတော့တယ်။
တစ်ခါက ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေအလုပ်ကနုတ်ထွက်မယ်ဆိုရင် လစာသုံးလစာပေးမယ်ပြောပါတယ်။
အဲဒီကကောင်လေးကို “တန်တာပေါ့”လို့သွားပြောမိတာ
“မတန်ဘူးလေးလေးရ တစ်လသိန်းချီရတယ်ဆိုတာ ဟိုပေါင်းဒီပေါင်းနဲ့မှရတာ ၊
လစာရင်းက နှစ်သောင်းခွဲဘဲရှိတာ”
လို့ပြန်ဖြေပါတယ်။
ဟုတ်ပါတယ် ကုမ္ပဏီ ဝန်ထမ်းတွေကိုလစာပေးတဲ့အခါ ဟိုပေါင်းဒီနုတ်ပုံစံတွေနဲ့
ပေးပါတော့တယ်။
အလုပ်တစ်ရက်နောက်ကျရင်တစ်မိနစ်ဘယ်လောက်နုတ်
အလုပ်ပျက်ရင် တစ်ရက် ဘယ်လောက်နုတ်
အလုပ်နေ့တိုင်းဆင်းရင် တစ်လ ဘယ်လောက်ထပ်ပေါင်း။
ယူနီဖောင်းမဝတ်ရင် တစ်ရက်ဘယ်လောက်ဖြတ်။
သပ်သပ်ရပ်ရပ်နေရင်တစ်လဘယ်လောက်ပေး။
တစ်လတစ်လရောင်းရတဲ့ကုန်ပစ္စည်းရောင်းကြေးငွေပေါ်မှာ
ဘယ်လောက်ဘိုးရောင်းရရင် ပေးမယ် မရောင်းရရင်မပေးဘူးတို့
အလုပ်အပေါ်မှာ ဘယ်လောက်ကောင်းကောင်းလုပ်ရင်
ဘယ်လောက်တိုးပေးတယ်ဆိုတဲ့စည်းကမ်းတွေသတ်မှတ်လို့ ဝန်ထမ်းဆီက
လုပ်အားတွေကို ညှစ်ထုတ်ရင်း သူတို့ဘက်က ပေးရတာ သက်သာအောင်ဖန်တီးယူပါတော့တယ်။
အဲလိုမှ မသတ်မှတ်ပြန်ရင်လဲ ဝန်ထမ်းတွေဖက်က စည်းပျက်ကမ်းပျက် နေချင်သလိုနေ။
အရောင်းသမားကလည်း ဆိုင်တွေကို သေသေချာသွားမရောင်း သူတို့နဲ့ခင်တဲ့ဆိုင်တွေ
လက်ဖက်ရည်ဆိုင်တွေမှာကျောက်ချထိုင် ရုံးဆင်းချိန်နီးမှ ကမန်းကတန်းရုံးပြန်။
မရောင်းရရင် သက်သာတယ်လို့ သဘောထား။
ရစရာရှိတဲ့ကုန်ကြွေးတွေကို ဖိဖိစီးစီးနဲ့ သေချာမကောက်။
မေးလိုက်ရင် “ဟိုက မပေးလိုက်ဘူး”ဆိုတဲ့အဖြေနဲ့ဘဲပြန်လာ။
ဒါက ဝန်ထမ်းဘက်က ဝတ်ကျေတန်းကျေဘဲလုပ်တယ်ဆိုတဲ့သဘောပါဘဲ။
ဒီလိုစည်းကမ်းသတ်မှတ်လိုက်ပြန်တော့ မသမာတဲ့ အထက်ပိုင်းကအုပ်ချုပ်သူတွေက
သူ့လက်အောက်ကလူကို အနိုင်ကျင့်စရာလက်နက်တစ်ခုအဖြစ်အသုံးချကြပါတော့တယ်။
လုပ်ငန်းတော်တော်များများမှာ ပိုင်ရှင်ဖြစ်သူအကြီးအကဲ ကအောက်ကဝန်ထမ်းနဲ့
အထိအတွေ့နည်းပါတယ်။
သူယုံကြည်လို့ခန့်ထားတဲ့သူမန်နေဂျာပြောတာလောက်ဘဲသူနားထောင်ပြီးဆုံးဖြတ်ပါတယ်။
ခက်တာက ဝန်ထမ်းတွေနဲ့တိုက်ရိုက်ထိတွေ့ခွင့်ပေးလိုက်ပြန်ရင်လဲ အသေးအဖွဲလေးကစ
လာပြီး တိုင်ကြတောကြနဲ့ ဆိုပြန်တော့ အလုပ်ပျက်ပါတယ်။
အဲလိုကြားခံလူနဲ့ထားပြန်တော့ ကြားခံလူက မရိုးသားရင်အောက်က ဝန်ထမ်းမှာ
ကားနေအောင်ခံရပြန်ပါတယ်။
ကျနော်တို့ဆီမှာက အလုပ်ရှင်နဲ့အလုပ်သမား အလုပ်လုပ်ကြတဲ့အခါ တိတိကျကျစာချုပ် ချုပ်အလုပ်လုပ်ကြတယ်ဆိုတာမရှိသလောက်။
ရှိပြန်ရင်လဲ အလုပ်ရှင်ဖက်က အသာစီးနဲ့ရေးထားတာများပါတယ်။
အလုပ်အကိုင်ရဘို့မလွယ်တဲ့အခါ သိသိကြီးနဲ့ဘဲလက်ခံလိုက်ရသလို ဘာမှကိုမသိဘဲ
လက်မှတ်ထိုးလိုက်ကြတာလဲရှိပါတယ်။
တကယ်ပြောရရင် အရင်းအနှီးရှိသူကလဲ သူအကျိုးအမြတ်ရှိမှာသာလုပ်ငန်းလည်ပါတ်နို်င်
သူ့ဝန်ထမ်းတွေကို လခများများပေးနိုင်မှာပါ။
ဝန်ထမ်းကလည်း သူ့ဖက်က စားဝတ်နေရေးပြေလည်မှ လုပ်ငန်းအပေါ်မှာစိတ်စိုက်ပြီး
ကောင်းအောင်ဆောင်ရွက်နိုင်မှာပါ။
လုပ်ငန်းရှင်ကလဲ မြတ်သမျှသူ့အိတ်ထဲ ထည့် ဘို့စဉ်းစားနေလို့မရသလို
ဝန်ထမ်းကလဲ သူတို့မြတ်နေတာဘဲဆိုပြီး အမြဲတမ်းတိုးတောင်းနေရင်သဘာဝမကျပါဘူး။
ဘာလို့လဲဆိုတော့ လုပ်ငန်းအရှုံးပေါ်နေလို့ဆိုပြီး ကျနော်အပါအဝင်ဘယ်ဝန်ထမ်းမှ
လခလျော့မယူတာ အသေအချာပါဘဲ။
တကယ့်အဓိကလိုအပ်ချက်က အပြန်အလှန်စေတနာထားကြဘို့ပါဘဲ။
နောက်တကယ်လိုအပ်တာကအလုပ်မစခင်ကတည်းက
ရသင့်ရထိုက်တဲ့လစာ ရသင့်ရထိုက်တဲ့အခွင့်အရေး ကိုယ်ရဲ့ရပိုင်ခွင့်ဆိုတာတွေကို
ဝန်ထမ်းဘက်က ကြိုတင်သိထားဘို့လိုအပ်သလို ပိုင်ရှင်ဘက်ကလဲ တိတိကျကျထုတ်ပြန်ထားရပါမယ်။
ပိုင်ရှင်ဘက်ကလည်း လုပ်ငန်းနဲ့ပါတ်သက်ပြီး ဘယ်လိုဆောင်ရွက်ရမယ်
ဘယ်လိုတာဝန်တွေရှိမယ် အလုပ်ချိန်ဘယ်လိုရှိတယ်ဆိုတာကို ဝန်ထမ်း တွေကို
တိတိကျကျ စည်းကမ်းထုတ်ပြန်ပြီးရှင်းရှင်းလင်းလင်းတောင်းဆိုထားဘို့လိုအပ်ပါတယ်။
လုပ်ရမယ့် တာဝန်နဲ့ကိုယ်ရမယ့်အခွင့်အရေးမတန်ဘူးထင်ရင် စကတည်းက မလုပ်ဘဲနေလိုက်ရုံပါဘဲ။
တကယ်လို့များ လုပ်ခဲ့မိလို့ မတန်ဘူးထင်ရင် ဒီလုပ်ငန်းကို စွန့်ခွာလိုက်ရုံပါဘဲ။
တစ်ခုတော့ရှိတာပေါ့ ဘာမှ မလေ့လာဘဲ မဖတ်ဘဲ” နထူးပထူး” နဲ့စာချုပ်ကို လက်မှတ်ထိုးမယ်ဆိုရင်တော့
“သေပြီဆရာ “လို့အော်ရုံကလွဲလို့ ဘာမှ မတတ်နို်င်ပါဘူး။
မစခင်က ဝအောင်ပြောထားရင်နောင်မှာ စကားပြောဘို့မလိုပါဘူး။
တစ်ဖက်နဲ့တစ်ဖက် စကတည်းက ရှင်းအောင်လုပ်ခဲ့ရင် အခုလိုဆန္ဒဖော်ထုတ်တာတွေ
ဘာတွေ ဖြစ်မလာနို်င်ပါဘူး။
နောင်တစ်ချိန်မှာ ပြောင်းလဲရင်တော့မသိဘူး။
ဟိုးအရင်ကတည်းက ရှိနေခဲ့တဲ့ “အလုပ်သမားရှာဖွေရေး”တို့
“လူမူဖူလုံရေး”တို့ဆိုတာတွေက ဝန်ထမ်းတွေဘက်ကို ထိထိရောက်ရောက်
ဘာမှစွမ်းဆောင်မပေးနိုင်တာလဲအမှန်ပါဘဲ။
တကယ်တော့ ဒီအဖွဲ့အစည်းတွေက ကိုယ်တာဝန်ယူထားတဲ့နယ်မြေဒေသမှာရှိနေတဲ့
အစိုးရလုပ်ငန်း ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းအင်အား အမှန်တကယ်ဟုတ်မဟုတ်
သူတို့အတွက်ဖူလုံဘို့အတွက်ကျန်းမာရေးဆောင်ရွက်ဘို့ရှိမရှိ လုပ်ခမှန်ကန်စွာရမရ
ဆောင်ရွက်ပေးရမှာပါ။
ဒါပေမဲ့လက်ရှိအနေအထားအထိကတော့ ရုံးရှိတယ်ဆိုတာထက်ဘာမှမပိုပါဘူး။
ဂျာနယ်တွေမှာ အမြဲမပြတ်ပါနေတာကတော့ ဆန္ဒဖော်ထုတ်မူ့သတင်းတွေ
အစာငတ်ခံဆန္ဒပြကြတာတွေကို စိတ်မသက်သာစရာဖတ်နေကြားနေရတာပါဘဲ။
တောင်းဆိုသူကလဲ ဥပဒေနဲ့အညီ ကိုယ့်ရပိုင်ခွင့်က ဘယ်လောက်ဘဲတောင်းဆိုရမယ်ဆိုတာ
သိထားသင့်ပါတယ်။.
အလုပ်ရှင်ဘက်ကလဲ ကိုယ်ဝန်ထမ်းကိုပေးရမယ့် အခွင့်အရေးကိုတောင်းဆိုစရာမလိုဘဲအပြည့်
အဝပေးရမှာ သူ့တာဝန်ပါဘဲ။
ပေးရမယ့်သူကလဲ မတောင်းလို့မပေး တောင်းသူကလဲမဖြစ်နိုင်တာကိုတောင်းဆိုနေမယ်ဆိုရင်
အလုပ်မလုပ်ရဘဲ ဆန္ဒဖော်ထုတ်နေတာနဲ့တင်အချိန်တွေအလဟဿကုန်သွားမှာကအသေအချာ
ပါဘဲ။
အခုလို ထစ်ကနဲ့ရှိဆန္ဒဖော်ထုတ်နေတာထက်စာရင်တစ်ဖက်နဲတစ်ဖက်ညှိညှိနှိုင်းလုပ်ကြတာက
ပိုပြီးအဆင်ပြေ ပိုပြီးကောင်းမယ်လို့ယူဆပါတယ်။
ဒီလိုသာအမြဲတမ်းဖြစ်နေကြမယ်ဆိုရင် ပြည်ပကရင်းနှီးမြုတ်နှံမယ့်သူက
လာရောက်ရင်းနှီးဘို့စဉ်းစားမယ်မထင်ပါဘူး။
ဒါဆိုရင်ကျနော်တို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေလဲ နည်းပါးသွားနိုင်ပါတယ်။
ကျနော်တို့ဘဝမှာနေ့စဉ်ထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေကအများကြီးပါ။
အဲဒီအထဲက မလိုတာတွေကို လွှတ်ချထားခဲ့မယ်ဆိုရင်……………………………………..
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
21 comments
မိုချို
November 24, 2012 at 9:42 am
အင်တာနက် ဖွင့် လိုက် တာနဲ့ ဟိုနား က ဆန္ဒဖော်ထုတ် လိုက် ၊ဒီနား က ဆန္ဒဖော်ထုတ် လိုက်နဲ့ လူလည်း မျက်စိတွေ လည် နေပြီ။
တကယ့် ကို လုပ်အား ခေါင်း ပုံ ဖြတ်တဲ့ လုပ်းငန်းရှင်တွေ လည်း တွေ့ ဖူး ပါရဲ့။ အအေး ခန်း စက်ရုံ တစ်ခု မှာ အလုပ်သမား တွေရဲ့ အခြေခံ လစာ က နှစ်သောင်း တဲ့ ၊ အို တီ နဲ့ ဘာနဲ့ ညာ နဲ့ ပေါင်း၊ တလလုံး ပိတ်ရက် မရှိ ဆင်း မှ ၄ သောင်း ကျော်လေး ရယ်။ တနင်္ဂနွေ ကို တော့ ဝိနည်း လွတ် အောင် ပိတ် ရက် ဆို ပြီး သက်မှတ် ပေး တား တယ်။ တကယ် နား လိုက် ရင် ၁၅၀ဝ ပြန် ဖြတ် တယ်။ တလ မှာတနင်္ဂနွေ ၄ ရက် ကို ပိတ် ရက် မို့ လို့ နား တယ် ဆို တဲ့ သူ က လစာ ထုတ်ရင် အော်တို ၆၀၀ဝ နှုတ်ပြီး သား ပဲ။
အစိုး ရ ဝန်ထမ်း တွေ ကတော့ အချိန်တွေ ပိုနေကြတာ အသေ အချာ ပဲ။ အလုပ် လည်း ကုမ္ပဏီ ဝန်ထမ်းထက် သက်သာ ကြပါတယ်။ လူ ၃ ယောက် လောက်နဲ့ ပြီး မယ့် အလုပ် ကို ၁ဝယောက်လောက် တာဝန် ပေး ထား တာ ကိုး။ ပြီးတော့ လစာ နည်း လို့ လာဘ်စား ရပါ တယ်တဲ့။
uncle gyi
November 24, 2012 at 9:53 am
လွှတ်ချစရာဒါမှမဟုတ်ပြင်စရာ
တွေများတာကအမှန် တခါတခါစဥ်းစားကြည့်တယ်ဗျာ
သွေးရိုးသားရိုးမှဟုတ်ရဲ့လား
ရောင်စုံတွေကလိုက်အရောင်ဆိုးနေတာလား
အစိုးရလုပ်သမျှလိုက်ကန့်ကွက်
လျှပ်စစ်ကိုကြည့်
ရေအားဆိုလည်းမလုပ်နဲ့သဘာဝပတ်ဝန်းကျင်ပျက်မယ်
ကျောက်မီသွေးဆိုလည်းသဘာဝပတ်ဝန်းကျင်ပျက်မယ်
မီးမလာတော့ဖယောင်းတိုင်ကလေးတွေထွန်းလို့မီးပေးပါ
လုပ်နေတာတွေကဆန့်ကျင်ဘက်
တခုရချင်တခုရင်းရမယ်
ရင်းတာနဲ့တန်အောင်ပြန်ရဖို့အရေးကြီးတယ်
အဓိကက
လုပ်တဲ့အထဲဘာဘာညာညာတွေမပါဖို့အရေးကြီးတယ်
ကျူးတွေနှင်တယ်
အမည်ကိုကကျူး
ဖယ်ခိုင်တဲ့အချိန်ဖယ်ပေးဖို့ရှိတာမဖယ်တဲ့အပြင်ဆန္ဒပြတယ်ဆန္ဒဖော်ထုတ်တယ်နဲ့
ကျူးတဲ့သူကပဲမှန်နေသယောင်ယောင်
အမှန်ကအသနားခံတယ်ဆိုကြားကောင်းသေး
လူ့အလိုကတော့ပြောနေချင်တော့ပါဖူးဗျာ
နတ်ကြီးတောင်ထွက်ပြေးရသေးတာဆိုတော့
အန်ကယ်ကြီးတော့ပြေးပြီဗျို့
uncle gyi
November 24, 2012 at 10:00 am
မိုချိုရေအစိုးရဝန်ထမ်းဆိုလို့
တက္ကသိုလ်ကဆရာတွေဆိုဘယ်လိုလုပ်မလဲ
ဘယ်မှာလည်းပိတ်ရက်
လစာကျတော့ပိုရသလား
ခက်ပါတယ်လေ
Foreign Resident
November 24, 2012 at 11:14 am
ကိုပေါက်ရေ ။
ဦးသိန်းစိန် အစိုးရလည်း အစပိုင်းမှာ ဆန္ဒပြတာတွေကို ၊
ပြည်သူ့ သဘောထား လို့ထင်ပြီး ၊ လူကြိုက်များအောင် ၊
သိပ် ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်လိုက်တာ ၊
အခု အစိုးရကို ဝိုင်းလည်ပင်း ညှစ်နေကြတယ် ။
သိပ်မကြာမှီမှာ ဆန္ဒပြတာတွေကို အစိုးရက ၊
ခပ်မာမာ ကိုင်တွယ်တော့မယ် ထင်တယ် ။
အချိန်အခါ မသိတဲ့သူတွေတော့ အထဲဝင်ကြရဦးမယ် ထင်တယ် ။
နောက်ပြီးတော့ ဆန္ဒပြတဲ့ပုံစံတွေကလည်း လွဲနေတယ် ၊
မြေသိမ်းခံရရင် အိုးအိမ်ကို ဆန္ဒပြရမှာ လေ ၊ အိုးအိမ် က မြေသိမ်းတာလေ ။
ကုမ္ပဏီ တွေမှာ မြေသိမ်းခွင့် အာဏာမှ မရှိတာ ။
အဲဒါကို ကုမ္ပဏီ ရှေ့သွားပြတဲ့အခါကြတော့ ငွေတောင်းသလို ဖြစ်နေတယ် ။
ဆင်းရဲလို့ အစပိုင်း သည်းညည်းခံ ရုန်းထရမယ့် အချိန်မှာ ၊
ဆန္ဒတွေချည်းပဲ ဆက်တိုက်ပြနေတာဟာ ၊
ပြည်ပက ရင်းနှီးမယ့်သူတွေကို လက်တွန့်စေမယ် ၊
တိုင်းပြည် တိုးတက်မှုကို နှေးစေတယ်လို့ ထင်မိတယ် ။
တစ်ခါတစ်လေကျတော့လည်း ၊
သဗ္ဗေ သတ္တာ ၊ ကမ္မသကာ လို့တွေးလိုက်တာ ၊
လူသက်သာပါတယ်ကွယ် ။
Foreign Resident
November 24, 2012 at 11:41 am
အခု နောက်ဆုံး ဗိုလ်ချုပ် ဝေလွင်ပြောပုံအရဆို ၊
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ကိစ္စ ကို ၊
စစ်တပ်က လျော့မပေးနိုင်တဲ့ပုံပဲ ။
ပွဲကတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ ။
ကိုပေါက်(မန္တလေး)
November 24, 2012 at 1:53 pm
ဟိုတစ်နေ့ကလက်ဖက်ရည်ဆိုင်ထိုင်ရင်းဂျာနယ်ထဲမှာပြည်သူလွှတ်တော်ကိုပေးပို့တဲ့
တိုင်စာထဲမှာ အဆင့်မမှိလို့ပယ်လိုက်ရတဲ့စာတွေရှိတယ်လို့ ဖတ်လိုက်ရပါတယ်။
တိုင်သည်ဖြစ်စေ တောင်းသည်ဖြစ်စေ စံနစ်တကျ ရှိဘို့ကတော့
သင်ကြားလေ့ကျင့်မှာသာ ရနိုင်မယ်လို့ လက်ခံထားပါတယ်။
thit min
November 24, 2012 at 2:34 pm
ကိုမင်းကိုနိုင် လှိုင်သာယာဘက်က အဲဒီလိုဆန္ဒပြသူတွေနဲ့ သွားတွေ့ဖြေရှင်းတုန်းက
မေးခဲ့တာလေး အမှတ်ရနေတယ်။
ခင်ဗျားတို့ ပြောနေ တောင်းဆိုနေတာဟာ “အမှန်တရား” ဟုတ်ရဲ့လားတဲ့။
“တရားမျှတမှု”ရှိရဲ့လားတဲ့။
ကျနော်တို့က အမှန်တရား၊တရားမျှတမှူဘက်ကဘဲ “ရပ်တည်” မှာဖြစ်တယ်တဲ့။
ခင်ဗျားတို့ မှား နေရင် တရားမျှတမှုမရှိရင်ခင်ဗျားတို့ ဘက်က ကျနော်တို့မရပ်တည်ဘူးတဲ့။
ခင်မင်စွာဖြင့်
သစ်မင်း
မောင်ပေ
November 24, 2012 at 2:36 pm
တွေးစရာတွေ အများကြီး ဖတ်လိုက်ရပေမယ့်
ကိုယ့်မှာလဲ အထုပ်တွေ တစ်ပုံကြီးနဲ ့မို ့
လွှတ်ချလိုက်ပါတယ်ခင်ဗျ
Shwe Ei
November 24, 2012 at 3:40 pm
ကျမအမြင်ကတော့ ပုဂ္ဂလိကလုပ်ငန်းတိုင်းမှာ အလုပ်သမားအခွင့်အရေးနဲ့
ပတ်သတ်တဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်လာဘီလို့ထင်ပါတယ်။
ရသင့်သလောက်လဲပေးရမယ် ပေးထားသလောက်နဲ့ညီမျှတဲ့ လုပ်အားကိုဘဲ
ပြန်ယူရပါမယ်ရှင့်။ ဆန္ဒဖေါ်ထုတ်ပွဲ တော်တော်များများမှာ ဥပဒေကြောင်းနဲ့
ပတ်သတ်ပြီး နကန်းတလုံးမှ နားမလည်နဲ့ ပြည်သူတွေကဘဲ
ဒုက္ခခံပြီးလုပ်နေကြတာ မြင်ရတိုင်း စိတ်မကောင်းဖြစ်မိပါတယ်။
ဥပဒေကို လက်တလုံးခြားလုပ်နိုင်ကျသူကြီးတွေရဲ့ စနက်တွေ
ဘယ်တော့များမှ အဆုံးသတ်ပါ့မလဲနော်။
ကိုပေါက်(မန္တလေး)
November 24, 2012 at 4:36 pm
အမှန်ကတော့ အများစုက ဘောင်ဝင်အောင်မလုပ်နိုင်သေးဘူး။
ဥပဒေကြောင်းအရ ဘောင်ဝင်အောင် တောင်းဆိုဘို့ထက်
တတ်ယောင်ကားလူတွေက “လုပ်ဟ ချဟ “ဆိုတာကို နားယောင်ပြီးလုပ်ကြတော့
ကိုယ့်ဘက်က အမှားလိုဖြစ်သွားပြီး ပိုိုဆိုးသွားတာတွေအများကြီးရှိပါတယ်။
အမှန်တကယ်တော့ ဦးဆောင်သူ လိုအပ်နေတာပါ။
အခုတော့ မြှောက်ပေးနေသူဘဲတွေ့နေရတယ်လေ။
ချာရာဏသီ ဝန်မင်း တိမ်မည်း
November 24, 2012 at 4:54 pm
ပို ့စ်ပိုင်ရှင်ရေ….
ရေးထားတာလေးကတော့ တကယ်မျှမျှတတပါပဲ………
ဖတ်လို ့ကောင်းပါတယ်….
စဉ်းစားစရာကတော့ အများကြီးပေါ့………..
ယေဘုယျပြန်ခြုံကြည့်လိုက်ရင်တော့ လိုနေတာက တိုင်းရင်းသားစီးပွားရေးပါပဲ…….
တိုင်းရင်းသား စီးပွားရေးက နဲပါတယ်…………
တိုင်းရင်းသား စီးပွားရေးက ပိုပြေလည်စေမည်လို ့တော့ မဆိုလို ပါဖူး…. ဒါပေမယ့် အတိုင်းအတာ တခုအထိတော့ ပိုကောင်းတာ အမှန်ပါပဲ……
အလုပ်သမား ပြသာနာဖြစ်တာကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံတဲ့ စက်ရုံလုပ်ငန်းတွေမှာ အများစုဖြစ်ပါတယ်……
နှစ်ပေါင်း ၂၅ ကျော်လောက် အစိုးရရဲ့ ပညာရေးဖြတ်တောက်မှူကြားမှာ ပညာငတ်ခဲ့ရတဲ့ ပြည်သူတွေ ကို အခွင့်ကောင်းယူ…..
အစိုးရနဲ ့ပေါင်း အမြတ်ထုတ်နေတဲ့ စက်ရုံပိုင်ရှင်တွေ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ဆန္ဒပြတာ မှားတယ် လွန်တယ်လို ့လည်း မဆိုလိုနိုင်ပါဖူး…..
ပီးတော့ သူတို ့စတောင်းတာကလည်း အခုမှပါ……
နှစ်ပေါင်းများစွာ မအော်နိုင်ခဲ့တာတွေကို အခုမှ စုအော်နေလို ့ များတယ်လို ့ထင်ရတာပါ……
စောင့်ကြည့်နေလိုက်ပါ…. အလွန်ဆုံးဆက်တောင်းဖြစ်ရင် ၃နှစ်ပေါ့……
ပီးရင် အားလုံးက ပုံမှန်ဖြစ်သွားမှာပါ…..
စာရေးသူပြောသလို ပိုတောင်းတဲ့သူများလည်း နောက်တော့ ရှိလာမှာပါ……
လောလောဆယ်တော့ ရှိကောင်း ရှိနိုင်ပါတယ်…. ရာခိုင်နှုန်းတခုအနေနဲ ့ တွက်ရင် ၅ ရာခိုင်နှုန်း လောက်ပဲ ရှိမှာပါ…..
ပီးတော့ စာရေးသူကို သူတို ့တောင်းတဲ့ နှုန်းထားတွေ ခံစားခွင့်တွေ တချက်လောက် အသေးစိတ် ဖတ်ရှုစေချင်ပါတယ်…..
လွန်တာတွေပါပေမယ့် အလွန်နည်းပါတယ်……
ဘယ် ခေတ်အခါကမှ အလုပ်သမားလွန်တယ်ဆိုတာ နည်းပါတယ် မရှိသလောက်ပါပဲ……………….
အလုပ်သမား ဖိနှိပ်ချုပ်ချယ်ခံရတာပဲရှိပါတယ်………..
ကိုရီးယား ဂျပန် အမေရိကန် စတဲ့ နိုင်ငံကြီးတွေ တောင်မှ အခုထိ အလုပ်သမား ဆန္ဒပြပွဲ ရှိနေတုန်းပါ…..
လွန်လွန်ကျွံကျွံ ဆန္ဒပြနေတာတွေရှိနေတာကလည်း ထိန်းပေးမယ့်သူ ကောင်းကောင်း မရှိလို ့ဟု ယူဆပါတယ်……
ဒီမိုသတ်နုသေးတဲ့ အချိန်မှာ အလုပ်သမားတွေဘက်က ကူပြောပေးစေချင်ပါတယ်…….
ထိန်းကျောင်းပေးစေချင်တယ်….. လမ်းညွန်ပေးစေချင်တယ်…..
ဒါဟာ မျက်နှာလိုက်တယ်လို ့တော့ မထင်စေချင်ပါဖူး………..
အရင်းရှင်တွေချမ်းသာတာဟာ နိုင်ငံရဲ့ ချမ်းသာမှူ အစစ်မဟုတ်ပါဖူး………..
ပြည်သူပြည်သား အခြေခံလူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေမှ နိုင်ငံရဲ့ ချမ်းသာမှူ အစစ်ပါ…..
ဒီနေရာမှာ စာရေးသူက မျှမျှတတ သွားပေမယ့်……………..
ကျွန်တော့် အနေသာ ဆိုရင်တော့ အလုပ်သမား ဘက်ကပဲ ရပ်တည်မှာပါ………………
Transparency ကတော့ နှစ်ဖက်လုံးလိုတာပေါ့နော်………..
အခုကိတ်စကြောင့် အလုပ်အကိုင် အခွင့်အလမ်းနဲ မယ်လို ့တော့ မထင်ပါဖူးခင်ဗျ……
အမေရိကန်ကို ဘာကြောင့် မဟာမိတ်ဖွဲ ့လဲ………………
အဲ့မေးခွန်းထဲမှာ အဖြေအများကြီးပါပါတယ်…………
အဲ့ထဲက အဖြေတခုဟာလည်း အလုပ်ကိုင် မနဲစေဖူးလို ့ဖြေနေပါတယ်……
ပီးတော့ အလုပ်အကိုင် ရှာဖွေတဲ့ Agency တွေကို မေးကြည့်ပါ…..
လျှောက်လွာနဲ ့ အလုပ်ဘယ်ဟာ ပိုများနေလဲလို ့………..
ဘယ်သူမဆို တန်ရာတန်ကြေးပေးရင် လုပ်မှာချည်းပါပဲ………..
ဖြစ်နေတာက တန်ကြေးအတိုင်းမဖြစ်သေးလို ့ပါ…………
တန်ကြေး အတိုင်းအားလုံးဖြစ်လို ့ အလုပ်သမားလွန်တယ်ဆိုရင်တော့………
ကျွန်တော် အလုပ်ရှင်ဘက်က ရပ်တည်ပေးပါ့မယ်……………
လေးစားလျက်
တိမ်မည်း
မှတ်ချက်။ ။ခံစားချက်ပါသွားတဲ့အတွက် မည်သူ ့ကိုမှ ရည်ရွယ်ခြင်းမရှိပါ တောင်းပန်ပါတယ်…..
ကိုပေါက်(မန္တလေး)
November 24, 2012 at 6:25 pm
ချာရာဏသီ ဝန်မင်း တိမ်မည်း ခင်ဗျား
အခုတင်ဖေစ်ဘုတ်မှာလည်း ဒီကိစ္စကိုပြောလာခဲ့ပါတယ်။
တောင်းဆိုသင့်တာကို သေချာပေါက်တောင်းဆိုရပါမည်။
ဒါပေမယ် စည်းကမ်းနည်းလမ်းတကျတောင်းဆိုနိုင်အောင်ကြိုးစားရပါမယ်။
အပြင်မထွက်ခင်မှာ ကြိုတင်ညှိနိုင်းသင့်ပါတယ်။
လက်ရှီဂျာနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒထုတ်ဖော်တဲ့အကြောင်းတွေဘဲ တောင်းတဲ့နည်းစနစ်
မှားယွင်းနေလို့ ကိုယ်အမှန်ကနေ အမှားဖြစ်သွားတာတွေကို စိတ်မကောင်းစွာနဲ့ ဖတ်နေရလို့
ဒီပိုစ်ကိုရေးဖြစ်တာပါ။
တစ်ဦးတစ်ယောက်ထဲကို မရည်ရွယ်ချင်တဲ့အတွက် ဘယ်နာမည်ကိုမှထည့်မရေးဖြစ်တာပါ။
ကျနော်ကိုယ်တိုင်လဲ 17နှစ်သားက စလို့ အခုထိ အစိုးရဝန်ထမ်း ပုဂ္ဂလိက ဝန်ထမ်းအဖြစ်လုပ်ကိုင်စားသောက်နေသူဖြစ်ပါတယ်
ဘုမသိ ဘမသိနဲ့ ခဏခဏထွက်ရပ်နေရင် တန်ဘိုးကျကုန်မှာတော့ စိုးရိမ်ပါတယ်။
မိမိအမြင်ကိုလွတ်လပ်စွာ ထုတ်ဖော်ပြောကြားနို်င်ပါတယ်။
အားလုံးက ကောင်းစေချင်သော စေတနာဖြင့် ဝိုင်းဝန်းဆွေးနွေးတယ်လို့ ခံယူပါတယ်။
ကျေးဇူးပါ အခုလို စိတ်ပါလက်ပါဆွေးနွေးပေးတာကို
Fall Guy
November 24, 2012 at 7:22 pm
ကိုပေါက်ရေ……
ဒီပိုစ့်ကတော့
မြင်တွေ့ရတာ၊ ခံစားမိတာ၊ ပြောချင်တာအားလုံး
ထပ်တူထပ်မျှပါခင်ဗျား…….။
Mobile
November 24, 2012 at 10:40 pm
ပို့ကစာသားတွေရော
ကွန်မန်းက စာသားတွေရော ဖတ်ရအောင် ကူးယူထားလိုက်ပါတယ်
ဖတ်ပြီးမှပဲ အေးအေးဆေးဆေး ဝင်ရှုပ်တော့မယ် ဘော်ဒါတို့ရေ
kai
November 25, 2012 at 4:05 am
ဟိုးးးးးးးးးး အရင်..အစိုးရမပြောင်းခင်ကလည်း.. ပြောခဲ့တယ်..
အခုလည်း. ဒီအတိုင်းပဲထပ်ပြောရမှာပဲ..
သမဂ္ဂဖွဲ့ကြပါလို့..
ဒီချုပ်ကိုလည်း ပြောချင်ပါတယ်..
သမဂ္ဂဖွဲ့ပေး..သမဂ္ဂတွေကို.. ကူကြပါလို့…
သမဂ္ဂအကြီးအကဲတွေက.. အလုပ်ရှင်..ဒေသအကြီးအကဲ.. အုပ်ချုပ်သူတွေနဲ့.. ဆန္ဒမပြခင်ကြိုညှိကြပါတယ်..
ကြိုညှိလို့.. မဖြစ်နိုင်မှ ဆန္ဒပြကြတာပါ..။ ဆန္ဒတွေ.. အားတိုင်းထိုင်ပြနေရင်.. လုပ်အားဆုံးရှုံး.. ဘေးကရပ်ကွက်မြို့နယ်အလုပ်အကိုင်ထိခိုက်.. ချုပ်ဆိုရရင်… .. တိုင်းပြည်နာပါတယ်..
သမဂ္ဂမှာ.. အင်အားရှိဖို့လည်း.. မဲဆန္ဒနဲ့တက်မဲ့.. လွှတ်တော်အမတ်တွေအထောက်အပံ့လိုရပါတယ်..
အမတ်တွေကအင်အားရှိဖို့လည်း.. ပါတီနောက်ခံရှိရပါတယ်..
ဒီလိုနဲ့.. အင်အားချိန်ခွင်လျှာတွေညှိသွားပြီး.. အကောင်းဆုံးရကြမှာမို့ဖြစ်ပါကြောင်း.. :harr:
surmi
November 25, 2012 at 1:56 pm
တကယ်နစ်နာလို ့ အကျိုးသင် ့အကြောင်းသင် ့ ဆန္ဒပြတာတော ့ ပြောစရာမရှိပါဘူး
တချို ့ကလည်း မြှောက်ပေးလို ့ တစ်ချို ့ကလည်း အဖေါ်ကောင်းလို ့ တစ်ချို ့ကလည်း
ပတ်ဝန်းကျင်က အတင်းစည်းရုံးလို ့ ပြကြရင်းနဲ ့ အလုပ်ဆုံးရှုံး အလုပ်ထွက်ရတာလည်း
ရှိပြန်သေးတယ် ။ ကိုယ် တွေ ့ပြောရရင် မြို ့သစ်က ကျနော် ့အသိတစ်ယောက်ရဲ ့သမီးက
အထည်ချုပ်မှာ လုပ်ပါတယ် ။ ၈၅၀၀ဝ လောက်ရပါတယ် ။ အခြေခံစက်ရုံလုပ်သား
တစ်ယောက်အနေနဲ ့ သိပ်မဆိုးဘူးထင်ပါတယ် ။ အဲဒီစက်ရုံမှာပဲ လုပ်သက်ရင် ့တဲ ့သူတွေက
၁၂၀၀၀ဝ လောက်ရကြပါတယ် ။ ခုတော ့ အလုပ်ထွက်လိုက်ရပါပြီ ။
အစ်ကိုပြောခဲ ့သလို – ( အခွင် ့ရေးပေးလိုက်လျောတာနဲ ့ ရပိုင်ခွင် ့ကို ခွဲခြားမသိကြဘူး )
လို ့ ဆိုထားတာကို သဘောပေါက်ကြရင်ဖြင် ့ ……………
ဦးကြောင်ကြီး
November 25, 2012 at 12:45 pm
ရရင်ရ မရရင်ချ..
မီးတုတ် မီးတုတ် ရှို့ရှို့…
ကျားဆရာမျိုးဟေ့
ှုဦးကြောင်ကြီး
ကြောင်အိမ်ကိုဖွင့်ရှာ
ငါးကြော်ကိုစားမှာ
ပြာသိုလမှာ မျိုးဖြန့်ကာ
အိပ်စားကာမ သောင်းကျန်းမှာ
ရရင်ရ မရရင်ချ..
မီးတုတ် မီးတုတ် ရှို့ရှို့… :harr:
ကိုပေါက်(မန္တလေး)
November 25, 2012 at 6:05 pm
ဆန္ဒမထုတ်ဖော်ခင်ညှိနိုင်း
မရလို့တောင်းမယ်ဆိုရင်လဲဘောင်ဝင်အောင် ဥပဒေနဲ့ညီအောင်
တောင်းပေးဘို့ ခေါင်းဆောင်လိုအပ်နေတာ အမှန်ပါဘဲ။
အလင်းဆက်
November 25, 2012 at 7:47 pm
မလိုချင်တာတစ်ချို ့… ကို..
လွှတ်ချ မယ် ။
———
အဲ..လိုချင်တာတွေ..တချို ့ကတော့..
လွတ်ကျ..တတ်တယ် ။
————-
အဟိ ။
လေပေါကြည့်တာ ။
ကိုပေါက်(မန္တလေး)
November 25, 2012 at 10:27 pm
ဟုတ်ပါ့
အလင်းဆက်ရေ
လိုချင်တာတွေလွတ်မကျဘု့ိ
မလိုချင်တာတွေကို အရင်လွှတ်ချရမှာပါကွဲ့
Mr. MarGa
December 2, 2012 at 5:25 pm
လွှတ်ချ စရာတွေတော့ လွှတ်ချပြီးပြီထင်ပါတယ်
(ကိုယ့်ကိုယ်ကို ပြောတာနော်)