ကိုသစ်မင်းအတွက် ကျွန်တော်နဲ့ နိုဇိုးမိ…။
ကိုဘလက်က အမြဲလိုလို ကိုနိုဇိုးမိ ကို မင်းသမီးတွေပေးလေ့ရှိတယ်။
ကိုနိုဇိုးမိနဲ့ ကိုဘလက်တို့ အဲဒီလိုဖြစ်ရတဲ့အကြောင်း စာတပုဒ်ဖတ်ချင်တယ်ဗျာ။
ဝန်ခံချက်ခေါ်မလား အကြောင်းရင်းခေါ်မလား ဘယ်လိုဘဲခေါ်ခေါ် ရေးစေချင်ပါတယ်။
ကျွန်တော့်ရဲ့ စိတ်မာဆတ် ၂ ပို့စ်မှာ ကိုသစ်မင်း ရေးသွားတဲ့ ကွန်းမန့်လေးပါ…။
ဟုတ်ပါတယ်…။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ…။ ဟာသသဘောနဲ့ တစ်ယောက်ယောက်ကိုဆွဲထည့်ပြီး ခုတုံးလုပ်တော့မယ်ဆို
အဲဒီလူကြီးရဲ့ မချိုမချဉ်မျက်နှာကြီးပဲ သွားမြင်နေတတ်ပါတယ်…။ မိန်းမပွေမယ့် ရှုပ်မယ့်ရုပ်ခံကလည်း အပြည့်ကိုးဗျ…နော…။
တစ်ခုကောင်းတာက အဲဒီလူကြီးက အနောက်သန်သလို သူ့ကို နောက်ရင်လည်း ပြုံးပြုံးကြီးနဲ့ ခံယူတတ်တာပါဗျား…။
နောက်ကြောင်းကို ပြန်လှန်ရမယ်ဆိုရင်
ကိုနိုဇိုးမိကို စတွေ့ဘူးတာ ဆမ်းမားပဲလေ့စ် မှာလုပ်ခဲ့တဲ့ အဘဖေါ ဧည့်ခံပွဲမှာပါ…။
စတွေ့တွေ့ခြင်း ကတည်းက ကိုနိုဇိုးမိရဲ့ ရိုးဂုဏ်ကို သတိထားမိပါတယ်…။
နောက်တစ်ခုက ပိုလိုက်ဖြစ်တာကိုပါ…။
အဘဖေါ ပွဲမှာ ကျွန်တော်တို့ ဘူဖေး စီစဉ်ထားပေမယ့် တက်ရောက်လာတဲ့ ရွာသူားတွေဟာ အစားအသောက်ဘူဖေးထက် အပြောအဆိုဘူဖေးကို ပိုစိတ်ဝင်စားခဲ့ကြပါတယ်…။
အဝစားဖို့ထက် အဝပြောဖို့ဘက်ကို အလေးသာခဲ့တယ်ပေါ့ဗျာ…။
အခုမှ တွေ့ဘူးကြပေမယ့် ငယ်ပေါင်းကြီးဖေါ်တွေလို ပြောဆိုဆက်ဆံနေကြတာက အံ့ဩစရာကောင်းပါတယ်…။
အဲဒီနောက်ပိုင်း ကျွန်တော်တို့ မကြာမကြာတွေ့ဖြစ်ကြပါတယ်…။
ကျွန်တော်တို့ တွေ့ဆုံဖြစ်ကြသူတွေကတော့ ကိုလင်းဝေ၊ စိန်ဗိုက်၊ ကိုနိုဇိုးမိ နဲ့ ကျွန်တော် ဘလက်ချောတို့လေးယောက်ပါဗျာ…။
(တစ်ခါတစ်လေ ဖုန်းဆက်လို့ အဆင်ပြေရင် ကိုရင်စည်သူပါ ပါလေ့ရှိပါတယ်…။)
အော် စည်သူရေ…မင်းက သင်္ဘောပေါ်မှာ ပျော်နေပြီဆိုတော့ ငါတို့ကို မေ့ပြီပေါ့…။
တစ်ခါတစ်လေ… ရှစ်မိုင် လမ်းဆုံက HINAN ဆိုတဲ့ တရုတ်စားသောက်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်…။
တစ်ခါတစ်လေ… ချော်တွင်းကုန်းမီးပွိုင့်နားက ယူနန် မှာ ထိုင်တတ်ပါတယ်…။
ကိုနိုဇိုးမိရဲ့ ထူးခြားချက်က အရက်မကြိုက် ဘီယာမကြိုက်တတ်တာပါ…။
သို့သော်… လူမှုရေးအရ အရက်သမားတွေလိုဖြစ်နေတဲ့ ကျွန်တော်တို့ နဲ့ ဝင်ရောသောက်ပေးတတ်ပါတယ်…။
သူအမြဲသောက်တာက မြန်မာဘီယာပေါ့ခင်ဗျာ…။
တစ်ခါများ ဖုန်းဆက်ပြီး ကိုချောကြီး တဲ့…။ (ကိုနိုဇိုးမိ က ကျွန်တော့်ကို ကိုချောကြီးလို့ ခေါ်ပါတယ်)
ဘလက်လေဘယ်တစ်လုံး လက်ဆောင်ရထားတယ်တဲ့…။
အားတဲ့ တစ်ညနေလောက် တွေ့ကြသောက်ကြရအောင်တဲ့…။
ကဲကြည့်… မိမိ ကိုယ်တိုင် မီးမလောင် မီးလောင်ခြင်းကို အားပေးတဲ့ လူကြီးဗျ…။
အဲဒါနဲ့ ကျွန်တော် ရယ် ကိုလင်းဝေရယ် စိန်ဗိုက်ရယ် ကိုရင်စည်သူရယ် အားနာပါးနာ အချိန်ပေးသောက်ဖြစ်ကြတယ်ပေါ့ဗျာ…။
သူကသာ ကျွန်တော်တို့ သောက်ဖို့ ဘလက်လေဘယ် ယူလာတာဗျ…။
သူကျတော့ ထုံးစံအတိုင်း မြန်မာဘီယာ ပဲ သောက်တာပါ…။
သောက်တော့လည်း အများကြီး မဟုတ်ဘူးနော်…။
တစ်ပုလင်း…။
ကျွန်တော်တို့ သိတ်ရစ်လွန်းလှမှ ၂ ပုလင်းမြောက်ကို ဖေါက်ထည့်ပြီး ပွဲပြီးသည်အထိ…
ကျွန်တော်တို့က ချီးယားဆို သူကလည်း ချီးယားဆိုပြီး ဘီယာခွက် နှုတ်ခမ်းနဲ့တေ့တော့တာပါပဲ…။
သို့သော် ခွက်ထဲက ဘီယာကတော့ လျော့ရိုးထုံးစံမရှိပါဘူးဗျာ…။
ဒီလောက်ဆိုရင် လူရိုးကြီး ကိုနိုဇိုးမိ ဟာ အရက်သမားကျွန်တော်တို့တတွေနဲ့ ပေါင်းသင်းနေပေမယ့်…
အရက်မသောက်တတ်မှန်း သိသာလောက်ပါပြီ…။
ပြောချင်တာက မိမိကိုယ်တိုင် အရက်မသောက် …။ အရက်ပုလင်းလက်ဆောင်ရလာရင်တောင် ရောင်းမစားပဲ …
အပေါင်းအသင်းတွေကို သတိတရ တိုက်တတ်တဲ့ လူကြီးကို နိုဇိုးမိဟုခေါ်ပါသည်ပေါ့ဗျာ…။
နောက်တစ်ခုက လိုအပ်ရင် ကူညီတတ်တဲ့ အကျင့်ကောင်းလေး ရှိတာကိုလည်း ဖေါ်ပြချင်ပါသေးတယ်…။
ပြီးခဲ့တဲ့ ဧပြီလအကုန် လောက်က ဂီဂီ တစ်ယောက် ဂျပန်ကနေ မြန်မာပြည်ခဏပြန်ရောက်လာတယ်ပေါ့ဗျာ…။
တစ်ညနေခင်းမှာ ဂီဂီ က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်…။
သူ့ ကုမ္ပဏီက ဂျပန်တစ်ယောက်ကို ရန်ကုန် မြို့တွင်းလိုက်ပြချင်လို့ ကားတစ်စီးလောက်ငှားချင်တယ်ပေါ့ဗျာ…။
ဆိုတော့ ဂျပန်ကလာတဲ့ ကျွန်တော်တို့ ရွာသားတစ်ယောက် ရန်ကုန်ကိုခဏပြန်လာတာ ကားငှားပေးလိုက်ရမှာကို ကျွန်တော်နဲ့
အမတ်မင်းက အားနာပါတယ်…။
ကျွန်တော့် Light Truck ကျတော့လည်း ရှေ့ခန်းက တစ်ယောက်ပဲ ထိုင်လို့ကောင်းပါတယ်…။
ကျွန်တော် လိုက်မောင်းပေးရင်တောင် ဂီဂီက နောက်က ဖျာခင်းပြီးထိုင်ရမယ့်အပေါက်မျိုးကြီးပါ…။
ဂီဂီကလည်း ရန်ကုန်မှာ ကားမမောင်းရဲပါဘူးတဲ့…။
အဲဒါနဲ့ လုလင်လေးကိုမေးတော့လည်း သူ့ကားက တစ်နေကုန်တော့ မရနိုင်ဘူးလို့ ဆိုပါတယ်…။
အခုလို အချိန်မျိုးလာရင်တော့ ဘာပူစရာရှိမလဲဗျာ…။
ကိုပါလေရာကြီးရဲ့ ကားသစ်ကြီးနဲ့ ကိုမိုက်ကြီးကားသစ်ကြီး ကြိုက်တဲ့ ကားသုံးလို့ရနေတာပဲ…နော့်…။
နောက်ဆုံး ကားအကောင်းစားကြီး ရှိတဲ့ ကိုနိုဇိုးမိကို သတိရပါတယ်…။
ကဲ…ကိုနိုဇိုးမိရေ…။
အင်ဇာဂီလေး ရန်ကုန်ပြန်ရောက်နေတာ ခင်ဗျားလည်းသိတာပဲ…။
သူက သူနဲ့ ပါလာတဲ့ နိုင်ငံခြားသားအတွက် ကားသုံးချင်တယ်လို့ ပြောပါတယ်…။
ကျွန်တော့်ကားအစုတ်ကြီးနဲ့တော့အဆင်မပြေဘူးဗျာ…။
ခင်ဗျားကားကို သုံးလို့ရရင်သုံးချင်ပါတယ်ပေါ့…။
ဆိုတော့…
ဆရာက ရပါတယ် ကိုချောရေ…။
ဒါပေမယ့် မနက် ၆ နာရီ တိတိလောက် လာယူမှ အဆင်ပြေမယ်ဗျ…။
ကျွန်တော်က ရုံးကို ၆ နာရီ ခွဲအရောက်သွားမှာ…လို့ ပြန်ပြောပါတယ်…။
အဲဒါနဲ့ STUPID & ACTIVE ဘလက်ချောကြီးတစ်ယောက် မနက် ၅ နာရီလောက် ထပြီး ကိုနိုဇိုးမိ နေထိုင်ရာ မင်္ဂလာဒုံ ဘက်ကို
တက်စီတစ်စီးငှားပြီး ချီတက်ခဲ့ရတယ်ပေါ့ဗျာ…။
ဟိုရောက်တော့ ကိုနိုဇိုးမိက အသင့်စောင့်နေပြီး ကားသော့ကိုပေးပါတယ်…။
ကားထဲမှာ ဆီ ၂ ဂါလံလောက်တော့ ရှိကြောင်း…လိုရင် ဝယ်ထည့်သုံးဖို့ အကြောင်းပြောပါတယ်…။
ကိုနိုကြီးပေးလိုက်တဲ့ ကားကိုယူပြီး… တောင်ဥက္ကလာ ဘေလီတံတားနားမှာ အမတ်မင်းကို ဝင်ခေါ်ပါတယ်…။
နောက်… ဒီနေ့တစ်နေ့လုံး စေတနာ့ဝန်ထမ်း ကားမောင်းပေးပါမယ်ဆိုသူ လုလင်လေးကို ကျိုက္ကဆံကွင်းနားက တိုက်ခန်းမှာ
ဝင်ခေါ်ပါတယ်…။
ပြီးမှ စမ်းချောင်းဗဟိုလမ်းပေါ်က သုံးပန်လှ လဖက်ရည်ဆိုင်ကို ချီတက်ခဲ့ကြပြီး ဂီဂီ နဲ့ အတူလဖက်ရည်သောက်ကြပါတယ်…။
ဆိုတော့ အခု ပြန်တွေးပြီးရေးတော့မှ…။
ကျွန်တော်နဲ့ အမတ်မင်း ရေးတဲ့ ဇာတ်ညွှန်းထဲဝင်ပြီး ကားကူညီပေးခဲ့တဲ့ ကိုနိုဇိုးမိ…။
အနစ်နာခံ ကားမောင်းပေးခဲ့တဲ့ M လုလင်…
တို့ကို ကျေးဇူးအထူးတင်ပါကြောင်း မှတ်မှတ်ရရပြောပါရစေခင်ဗျာ…။
ဒါက… လူမှုရေးအရ လိုအပ်ရင် ကူညီပေးတတ်တာလေးကို မှတ်တမ်းတင်ထားတာပါ…။
နောက်တစ်ခု ပြောချင်တာက ကိုနိုဇိုးမိကြီးက အနောက်သန် ပါတယ်ဆိုတာပါပဲ…။
တစ်လွဲတွေမတွေးပါနဲ့ခင်ဗျာ…။
အစအနောက်သန်တာကို ပြောတာပါ…။
တစ်ခါကပေါ့ဗျာ…။
ကျွန်တော်နဲ့ မဒမ်ဘလက် အဖေအမေအိမ်က အပြန်ကားပေါ်မှာ ကိုနိုဇိုးမိကြီးက ဖုန်းဆက်လာပါတယ်ဗျာ…။
ဆရာကြီးချော… ဘယ်အနှိတ်ခန်း ရောက်နေပါသလဲ…တဲ့…။
ကြည့်မေးပုံကိုက… ရိုက်ပေါက်…။
ကျွန်တော် ပြည်လမ်းပေါ်မှာပါ ခင်ဗျာ…။
မိန်းမကို ဘေးမှာထားလို့ ကားမောင်းနေပါတယ်…။
ဆိုတော့…
မယုံဘူးဗျာ…တဲ့…။
ကိုချောမိန်းမကို ဖုန်းပေးလိုက်…တဲ့…။
ကျွန်တော်က မိန်းမကို ဖုန်းပေးလိုက်ပါတယ်…။
အောင်မလေး မတွေ့ရတာကြာတဲ့ ဆွေမျိုးတွေ ပြန်တွေ့နေကြသလိုပါပဲ ခင်ဗျာ…။
ကျွန်တော့်မိန်းမကလည်း စာသာဝင်မရေးတာ…။ တက်လာတဲ့ ပို့စ်တွေတော့ အကုန်ဖတ်ထားတာကိုးခင်ဗျ…။
ရွာသူားတွေနဲ့တော့ မမြင်ဘူးပေမယ့် အကုန်သိနေတာပေါ့…။
အဲဒီမှာ ပုဂ္ဂိုလ်က နောက်တော့တာပါပဲခင်ဗျာ…။
အစ်မ ကျွန်တော့်ကို မမှတ်မိဘူးလား…တဲ့…။
ဟိုတစ်ခါ ဒဂုံစင်တာထဲမှာ တွေ့တုန်းက မိတ်ဆက်ပေးဘူးတယ်လေ…တဲ့…။
အတည်ပေါက်ကြီးနဲ့နော်…။
အဲဒါနဲ့ မဒမ်ဘလက်ကလည်း ကိုနိုဇိုးမိနဲ့ တစ်ခါမှ မတွေ့ဘူးသေးပါဘူးပေါ့…။
အောင်မယ် ပုဂ္ဂိုလ်က မလျှော့ဘူးနော်…။
စိတ်မကောင်းသံကြီးနဲ့…တဲ့…။
အော်…ဆောရီးဆောရီးပါ အစ်မတဲ့…။
အဲဒီနေ့က ကိုချောနဲ့ ပါလာတာ အစ်မမဟုတ်ဘူးထင်တယ်…တဲ့…။
ကဲကြည့်…လုပ်ပုံက…။
ကိုချောကြီးကို တစ်ယောက်ထဲ လွှတ်လွှတ်မထားပါနဲ့ အစ်မ…တဲ့…။
ကျွန်တော်တို့က စေတနာနဲ့ ပြောတာပါ…တွေ…ဘာတွေ လုပ်သွားသေးသတဲ့…။
ဖုန်းချသွားတော့ ကျွန်တော့်မိန်းမက ကိုနိုဇိုးမိကြီးက ရယ်ရတယ်…တဲ့…။
အဲဒီလိုခင်ဗျ…။
မပြီးသေးဘူးဗျ…။
ပို့စ်တွေထဲမှာ ကွန်းမန့်ပေးရင်လည်း ပုဂ္ဂိုလ်က ဇာတ်ညွှန်းလေးနဲ့ကို နောက်တတ်ပြန်ပါတယ် ကိုသစ်ရေ…။
လှည်းတန်းက အငယ်လေး ဆိုရင် ကိုနိုဇိုးမိ ရဲ့ ဇာတ်ညွှန်းစစ်စစ်ကြီးပါ ခင်ဗျာ…။
မသိတဲ့လူများ ဖတ်မိရင် တကယ်ပဲ ရှိနေတဲ့ ပုံမျိုးကြီးပေါ့…။
ဇာတ်ညွှန်းအကယ်ဒမီ နိုဇိုးမိ ဘွဲ့တောင် ပေးလို့ရတယ်ဗျ…။
မပုချ်တောင် တစ်ခါတစ်ခါ အဲဒီလှည်းတန်းက အငယ်လေး နဲ့ ဝင်နောက်တတ်ပါတယ်…။
အမှန်ဝန်ခံရရင် သူ ကွန်းမန့်တွေထဲ အဲဒီလိုနောက်တာကို ကျွန်တော်က ရွာထဲအရင်လို သိတ်မဝင်နိုင်တော့လို့ သတိမထားမိပါဘူး…။
မဒမ်ဘလက်က အိမ်ပြန်ရောက်ရင် ရှင့်ကို ကိုနိုဇိုးမိကြီးက ဘယ်ပို့စ်ထဲမှာ ဘယ်လိုနောက်ထားတယ် ဆိုပြီး သူဖတ်လာခဲ့တာလေးကို
သတင်းပေးတတ်ပါတယ်…။
ဆိုတော့ အဲဒီလိုတွေ စကြနောက်ကြရင် ကျွန်တော် ပီတိဖြစ်ပါတယ် ကိုသစ်ရေ…။
ကျေကျေနပ်နပ်ကြီးကို ပျော်ရွှင်မှုကို ခံစားရပါတယ်ဗျာ…။
ပြင်ပဘဝထဲက STRESS တွေကိုလည်း တစ်စိတ်တစ်ပိုင်း ပြေလျော့သွားစေပါတယ်…။
ကျွန်တော်ကလည်း ကျွန်တော် ရေးလို့ စိတ်မဆိုးလောက်တဲ့ လူတွေကို ကျွန်တော့်ပို့စ်တွေမှာ ထည့်ထည့်နောက်တတ်ပါတယ်…။
သူတို့ တစ်တွေကို ချစ်လို့ ခင်လို့ စတာနောက်တာ ဖြစ်တဲ့ အကြောင်း… စိတ်ဆိုးစရာ များပါသွားခဲ့ရင်
တောင်းပန်စကားဆိုချင်ပါတယ်ဗျာ…။
အချုပ်ပြောရရင်တော့…
အဲဒီလို တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စရာကောင်းတဲ့ နောက်ပြောင်မှုမျိုးလေးတွေက…
ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်…။
ကျွန်တော့် မိတ်ဆွေတွေကိုလည်း ပျော်ရွှင်စေချင်လို့ ကျွန်တော်က ပြန်စနောက်တာပါ ကိုသစ်ရေ…။
နောက်ဆုံးတစ်ခု ပြောချင်တာက ကျွန်တော်ရွာထဲမှာပျောက်နေရင် မက်ဆေ့ချ် ပို့ပြီး သတင်းမေးတတ်တာပါပဲ…။
ကိုနိုကြီးပို့ပေးခဲ့တဲ့ မက်ဆေ့ချ်လေးကို အမှတ်တရ ပြန်ရေးပြရင်း
ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ် ကိုသစ်ရေ…။
Saya gyi chaw
Pls let me know
Where ?
When ?
Who?
လေးစားခင်မင်စွာ…
ဘလက်ချော…။
19 comments
pooch
November 26, 2012 at 3:56 pm
မနောက်ပါနဲ့ ကိုဘလက်ရယ် လှည်းတန်းကအငယ်လေးက ကိုနိုဇိုမိတယောက်ထဲသိတာမဟုတ်ပါဘူး ဗိုက်ဗိုက်လည်း သက်သေရှိပါတယ်
kai
November 26, 2012 at 4:41 pm
လောလောဆယ်.. ရန်ကုန်ပြန်ရင်.. ငှားလို့ရမယ့်ကားစာရင်းတော့ “သိ”သွားပြီမို့.. ” တို့”သွားတယ်..
အင်း.. သိမယ်… သိမယ်..။
နောက်တာပါ…
ဆိုတော့..
ဒီနေ့.. ဆိုင်ဘာမန်းဒေးတဲ့..
ဈေးလျှော့တယ်….။
လာမယ့်မန်းလေးဂဇက်ကွန်ဖရင့်အတွက်.. လက်ဆောင်ပေးမလားလို့.. ဈေးဝယ်နေတာ…
ဘာညာကွိကွ.. ပိစိပေါက်စလေးတွေလေ..
လူကြုံသယ်ရသက်တာအောင်.. ထုံးစံအတိုင်း.. အသေးတကာ့အသေးဆုံးကို.. အပေါတကာ့အပေါဆုံးရအောင်…
:kwi:
MaMa
November 26, 2012 at 5:12 pm
ဒီစာကိုဖတ်ပြီးတော့ ကိုဘချောတစ်ယောက် မဏ္ဍပ်တိုင်တက်ပြတာ မြင်လိုက်ရတယ်။
(ဖုန်းချသွားတော့ ကျွန်တော့်မိန်းမက ကိုနိုဇိုးမိကြီးက ရယ်ရတယ်…တဲ့…။) :kwi:
blackchaw
November 26, 2012 at 5:20 pm
အခု ကွန်းမန့်ပေးထားတဲ့ လူ ၂ ယောက်လုံး ဆီက
ကျွန်တော် လက်ဆောင်ရခဲ့ဘူးပါတယ်…။
အပေါ်က ၁ ယောက်က မန္တလေးက…။
ဒါပေမယ့် ကျွန်တော့်အတွက်မဟုတ်…။
မဒမ်ဘလက်အတွက်…။
အော် သူ့ကံနဲ့သူပေါ့နော့…။
အောက်ကမန့်တဲ့ သူကြီးဆီက တီရှပ်လေးတစ်ထည်ရခဲ့ဘူးပါတယ်…။
အဲဒါလည်း ပေါင် ၂၀ဝ တန်း ခန္ဓာကိုယ်ပိုင်ရှင် ကျွန်တော်နဲ့ မတော်…။
သို့သော် ကျွန်တော့် ဆရာသမားလေး စိန်ဗိုက်နဲ့
ဖစ်ဆိုက်ဖြစ်နေလို့ ကန်တော့လိုက်ရပါတယ်…။
အော် သူ့ကံနဲ့ သူပေါ့နော့…။
သို့သော် တီရှပ်မှာ စတက်ပလာနဲ့ ညှပ်ပေးလိုက်တဲ့…
သူကြီးရဲ့ Visiting Card ကိုတော့…
အခုထိ တန်ဘိုးကြီးကြီးထား သိမ်းထားပါသေးတယ်…။
ဆိုလိုချင်တာက…
တကယ်လို့များလျှော့ဈေးနဲ့ ဝယ်လို့ရမယ့် တီရှပ်တစ်ထည်လောက်များ…
လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်…
XXL ဆိုဒ်ကိုသာ ပေးဖို့…
မဝံ့မရဲ မျှော်လင့်နေပါကြောင်း…။
လက်လွန်သွားမှာ စိုးလို့ လှမ်းသတိပေးနေရတာပါ…ဟီး…။
blackchaw
November 26, 2012 at 5:29 pm
ဟော သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဗျာ…။
တတိယမြောက်ကွန်းမန့်ရှင် မမ ထံမှလည်း လက်ဆောင်ရခဲ့ဘူးပါတယ်…။
ယုံချင်ယုံ မယုံချင်နေ…။
အာဗြဲခြောက် တွေ ဗျာ…။
နည်းတာတွေ မဟုတ်ဘူး…။
အာဗြဲခြောက် ဆိုပြီး အထင်တော့ မသေးလေနဲ့နော်…။
အချိုခြောက်ရှယ်တွေခင်ဗျ…။
အဲဒါလည်း ကျွန်တော့်အတွက်မဟုတ်ပါဘူး…။
မဒမ်ဘလက်အတွက်ပါပဲလေ…။
ထူးခြားတာကတော့ အဲဒီအာဗြဲခြောက်တွေစားပြီးတဲ့နေ့ကတည်းက စပြီး
မဒမ်ဘလက်က ကြိုက်လို့ ဆိုပြီး ဈေးထဲမှာ သွားသွားဝယ်ပါတယ်…။
မမ ပေးတဲ့ အာဗြဲခြောက်လို မချိုဘူးတဲ့ဗျာ…။
weiwei
November 26, 2012 at 7:45 pm
လက်ဆောင်မပေးဖူးပေမယ့် ကွန်မန့်လက်ဆောင်ပေးချင်ပါတယ် …
အူးလေးတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေက အားကျစရာကောင်းလိုက်တာ ..
amatmin
November 26, 2012 at 5:50 pm
ကိုသစ်မင်းကိုလိပ်မူထားပေမဲ့ ကိုယ့်အကြောင်းလည်းပါနေလို့
ပျော်ပျော်ရွှင်ရွှင်ဝင်ဖတ်သွားပါတယ် အူးလေးရေ..
ပျော်စရာကောင်းခဲ့ဖူးပါသည်..
အိုဘယ့် မန်းဂဇက် 🙂
ဒါနဲ့ အူးလေးကို အူးလေးလို့ ခေါ်တာ စိတ်မဆိုးပါနဲ့ အူးလေးရာ..နော့ 🙂
ကိုရင်စည်သူ
November 26, 2012 at 5:55 pm
ဦးဘလက်ရေ (ကိုနိုရော).. သတိရလျက် လွမ်းလျက်ပါဗျာ.. အမြဲမေတ္တာပို့သပေးနေပါတယ်ဗျာ။
သင်္ဘောပေါ်မှာပျော်တယ်လည်းမဟုတ်၊ မပျော်လည်းမဟုတ်နဲ့ ကမ်းမဆင်းရတာ
၄လရှိနေပီဗျာ။ ကမ်းနားလေးမှာပဲ အင်တာနက်ကို ကြင်ယာဖက်လုပ်ပြီး ပျော်အောင်
နေနေရပါတယ်။ အရက်သောက်တိုင်းလည်းသတိရပါတယ်။ မူးတိုင်းလည်းသတိရပါတယ်။
မမူးတိုင်းလည်း ဆရာသမားတို့ကို သတိရတမ်းတပါတယ်ဗျာ….
ပြန်ရင် ဆရာတို့နှစ်ယောက်အတွက် စော်ကြည်တဲ့ အာရပ်ရေမွှေးလက်ဆောင်ဝယ်လာ
မလားလို့လေ။ 🙄 🙄 မဒမ်တွေတော့ မသိစေနဲ့နော့.. 😳
ခင်မင်တဲ့
ကိုရင်စည်သူ
thit min
November 26, 2012 at 6:17 pm
သက်ဆိုင်သူများ သိစေအပ်ပါသည်။
အထက်ဖော်ပြပါ ပို့(စ)ကို
ရိုးရိုးဖတ်ခြင်းထက် အောက်ဖော်ပြပါအချက်တစ်ချက်ခန့်ကိုထည့်သွင်းစဉ်းစားပြီးဖြစ်စေ၊
အချက်အားလုံးကိုထည့်သွင်းစဉ်းစားပြီးဖြစ်စေ ဖတ်စေလိုပါသည်။
အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း သုံးသပ်ရသည်ရှိသော်…………
ကျနော် မေးထားသောမေးခွန်းမှာ “ကိုနိုဇိုးမိ” ကို မင်းသမီးများနှင့် နောက်ရသော အကြောင်းရင်း
ဖြစ်ပင်ဖြစ်ငြားသော်လည်း ကိုဘလက်ချောသည်
၁။ ဘယ်ချောက်ကာ ညာကိုလှမ်းသကဲ့သို့ ကိုနိုဇိုးမိ အစအနောက်သန် ကြောင်းကိုသာ
တွင်တွင် ပြောသော အကြောင်းအရာများ “လိုအပ်သည်ထက်” ပိုများလှပေသည်။
~~ ဤသည်မှာ ကိုနိုဇိုးမိပြောဆိုသော စကားများ (ဥပမာ)။ လှည်းတန်းမှ အငယ်လေး ဆိုသည်မှာ
“လုံးဝ” (လုံးဝ) နောက်ခြင်းသာ ဖြစ်ကြောင်း ကို အလွန်အမင်း၊ အရမ်းကာရော
“ထင်ရှားစေလို၍” ဖြစ်ပေသည်ဟု ကောက်ချက်ချရပေမည်။
၂။ (နောက်တနည်း)ကိုနိုဇိုးမိလို အတွင်းသိ အစင်းသိတယောက်၏ “ဒဂုံစင်တာ” အနှိပ်ခန်း” စသော
မေးခွန်းများ၊စကားများသည် “ထည့်လုံး” များသာဖြစ်သည်ဟု ပြောထားခြင်းသည် အနှီ ကိုနိုဇိုးမိတည်းဟူသော
ဂျဲန်းတယ်မဲန်းကြီး၏စကားများကား အားလုံး ကြည်စယ် ခြင်းသာဖြစ်ဟု “ပုံသေ” သတ်မှတ်ပါဟု
ပြောသကဲ့သို့ရှိပေသည်။
~~ဤသည်မှာလည်း နောင်တွင် ကိုနိုဇိုးမိက “အမှန်”ကိုသိ၍ပြောပါသော်လည်း
အရာမထင်အောင် “ကြိုကာ” များဖြစ်သည်ဟု ကောက်ချက်ချရပေမည်။
၃။ မောင်ဂီလာ၍ ကူညီမှုပေးရန် အိမ်ကထွက်ရခြင်း၊ဟိုလူ သည်လူနှင့်သွားရခြင်းများကို ဖော်ပြထားခြင်းသည်
“အနာဂတ် ကာဗာစတိုရီ” များအတွက် လွန်စွာအရေးပါကြောင်း သတိထားမိသည်။
~~ဤသည်မှာလည်း နောင်တွင် သူကြီးလာ၍၊ဘယ်သူလာ၍ဟု အကြောင်းပြကာ “လစ်ရင်လစ်သလို”
ချောင်းသာအထိ/ငွေဆောင်အထိ “အဝေးကွင်းကန်နိုင်ပေသည်” ဟု ကောက်ချက်ချရပေမည်။
၄။ Saya gyi chaw
Pls let me know
Where ?
When ?
Who?
ဆိုသော နောက်ဆုံး မေးခွန်း ၄ ခုသည်ကား လွန်စွာ “သံသယ” ဖြစ်ဖွယ် ကောင်းလှပေသည်။
~~ဤသည်မှာ ကျောင်းတက်နေသော သူငယ်ချင်းက
ကျောင်းသို့မလာ (သို့) ကျောင်းပြေးသော သူငယ်ချင်းကို သူ့အိမ်က “မိသွားမှာစိုး၍”
ကြိုတင် “ဇာတ်တိုက်ရန်” မေးထားသော မေးခွန်းများနှင့် လွန်စွာတူရပေကား “ကိုနိုဇိုးမိသည်ပင်လျှင်
ကိုဘလက်နှင့် အပေးအယူတခုခု ရှိနေပြီလား” (သို့)ခင်ဗျားအလှဲ့မှာလည်းကျနော်ကယ်မယ်၊ကျနော့
အလှဲ့ကျရင်လည်း ကယ်အုန်းနော်” ဟု သဘောတူညီမှုရှိမရှိကို ဘယ်သူသိနိုင်မှာလဲ
ဟု ကောက်ချက်ချခြင်စရာကောင်းလှပါကြောင်း။
~~~~~~~~~~~~~~
မိတ္တူကို။ ။
မဒမ်ဘလက်ချော
မဒမ်နိုဇိုးမိ
အငယ်လေး(လှည်းတန်း)
ထိုင်းမလေး(ဘန်ကောက်)
~~~~~~~~~~~~~~~~
ဟဲ ဟဲ
သစ်မင်း
blackchaw
November 26, 2012 at 8:35 pm
@ thit min :
ကျေးဇူးပါ ကိုသစ်ရေ…။
ရွာထဲစဝင်စက ဖီလင်မျိုးလေး ဒီရက်ပိုင်း နည်းနည်း ပြန်ရမိနေသလို ခံစားရပါတယ်…။
အဲဒါ ကိုသစ်ကြောင့်ပါ…။
ဂျပန် နိုင်ငံက ကိုသစ်နဲ့ လည်း ကျမ ဖုန်းပြောဖူးတယ်နော်လို့…
အခုပဲ မဒမ်ဘလက်က မေ့နေမှာစိုးလို့ သတိဝင်ပေးပါတယ်…။
ဟုတ်တာပေါ့…။
ကိုသစ်ဆီကလည်း ကျွန်တော် လက်ဆောင်ရခဲ့ဘူးပါတယ်…။
၂၀၁၁ ခရစ္စမတ်ည သန်းခေါင်ကျော်လောက်ကြီး အိပ်ကောင်းနေတုန်းမှာ
ဖုန်းက ထမြည်လာပါတယ်…။
ကိုဘလက်ချော…ကျွန်တော် သစ်မင်းပါဗျာ…ဆိုတဲ့ ကိုသစ်ရဲ့ အသံကို ကျွန်တော်
စကြားခဲ့ဘူးပါတယ်…။
အဲဒီတုန်းက ၂ နာရီလောက် ဖုန်းပြောသွားတာ ကျွန်တော့်အတွက် လက်ဆောင်ပေါ့ခင်ဗျာ…။
ဘယ်လိုပဲ ဖြစ်ဖြစ်…
ကျေးဇူးပါ ကိုသစ်ရေ…။
ကျေးဇူးပါ ခင်ဗျာ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
blackchaw
November 26, 2012 at 9:17 pm
@ weiwei :
လက်ဆောင် က အရေးမကြီးပါဘူး အန်တီဝေရေ…။
ကျွန်တော်ရေးနေတဲ့ ကျွန်တော်ရခဲ့ဘူးသော မန်းဂဇက်မှ လက်ဆောင်များ ဆိုတဲ့
ပို့စ်လေးနဲ့ အကြောင်းတိုက်ဆိုင်လို့ ပြောဖြစ်ရေးဖြစ်သွားတာပါခင်ဗျာ…။
သို့သော်…ကျွန်တော်ကတော့ အန်တီဝေကို လက်ဆောင်ပေးခဲ့ဘူးပါတယ်…။
ပြီးခဲ့တဲ့ နှစ်ခရစ္စမတ်တုန်းကပါ…။
အင်းလျားကန်စောင်းက ပန်း (အဖြူလေးလို့ထင်ပါတယ်) တစ်ပွင့်ပါဗျာ…။
@ amatmin :
ဘယ်လိုပဲခေါ်ခေါ် ညီလေးရဲ့ ရွေးချယ်ပိုင်ခွင့်ပါဗျာ…။
ကြိုက်သလိုသာ ခေါ်ပါ…။
အူးလေးဆိုတော့လည်း အူးလေးပေါ့…။
ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
@ ကိုရင်စည်သူ :
အသာလုပ်ပါဗျာ…။
၄ဝကျော်ကြီးတွေကိုမှ စော်ကြည်တဲ့ အာရပ်ရေမွှေးပေးမလို့တဲ့…။
ဘာမှ မဝယ်ခဲ့နဲ့…။
လူသာပြန်လာခဲ့…။
မြန်မာပြည်မှာ အကုန်ရနေပြီ…။
nozomi
November 26, 2012 at 9:29 pm
ရင်းနှီးကြသူတွေမို့ ကိုချော ဘယ်ခြေလှမ်း လှမ်းနေတယ် ဆိုတာ မြင်နေရပါတယ်
သိသမျှ ဖွင့်ပြောလို့ မသင့်တာမို့ မပြောတော့ပါဘူး
ကိုသစ်ကတော့ သဘောပေါက်နေပါပြီ
တကယ်ဆို ကျွန်တော်က ကိုချောပြောသလို ကောင်းတဲ့သူ မှ မဟုတ်တာ ဒါကိုပဲ ကောင်းပါတယ် လုပ်နေတာမို့ ကိုချော အကြံမှန်းလို့ ရတယ် ပြောတာပါ
ကိုတိုက် မင်္ဂလာဆောင်နေ့က ဦးပါ နဲ့ အတူ သုံးယောက်သားတွေ့ကြပါတယ်
အဲဒီနေ့က သိလိုက်ရတာက ကိုချော အမျိုးသမီးက ရွာရဲ့ ပရိတ်သတ်တစ်ယောက်ပါ ပို့စ် တွေ မတင်ပေမဲ့ ကွန်မန့် တစ်ခါတစ်လေ ဝင်ပေးတတ်သလို တင်တဲ့ ပို့စ် တိုင်းကို ဖတ်နေကြပါတဲ့
မဒမ်ချော သိစေချင်တဲ့ ကိစ္စတွေကို သွယ်ဝိုက်သောနည်းနဲ့ ပို့စ် အဖြစ်တင်နေတာပါ
တကယ်ဆို ဒီ အကြောင်းတွေ မပြောသင့်ပါဘူး
ဒါ ပေမဲ့ အပျက်ပျက် နဲ့ နှခေါင်းသွေးထွက် ဆိုတာမျိုး
အပေါင်းအသင်းတွေ တားတဲ့ကြားက ရှေ့ဆက် တိုးဘို့ ပြင်နေတာမို့
ကိုချောကို ခင်တဲ့ သူတိုင်းက ဝိုင်းတားပေးကြပါ
အဲဒီကိစ္စက လွဲလို့ ကျန်တာ ကောင်းတဲ့သူတစ်ယောက် ရွာကို ချစ်တဲ့ သူ တစ်ယောက်မို့ မဖြစ်သင့်တာ ကို ရပ်လိုက်စေချင်ပါတယ်
ကိုချော ကျွန်တော့် စေတနာကို နားလည် လက်ခံနိုင်မယ်လို့ ယုံကြည်ပါတယ်
blackchaw
November 26, 2012 at 9:50 pm
:mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen: :mrgreen::mrgreen:
Inz@ghi
November 27, 2012 at 6:24 am
မလွယ်ဝူးဘဲ …. ဒီအူးလေးတွေ …..
ခေသူတယောက်မှမပါဝူး …
ဟီဟိ …ဘာမှဝင်မပြောဘဲ …နားထောင်ကြည့်အုံးမှ …
ဘူက လက်ရည်ပိုမြင့်တယ်ဆိုတာ..
:harr:
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 27, 2012 at 9:06 am
ပြောရမယ်ဆိုရင်လေ…
အဲဒီဦးလေးကြီးတွေက မိန်းမရပြီးခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ထင်ပါ့…
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဦးလေးကြီးတွေက လက်ရည်တွေကသိပ်မကွာဘူးထင်ပါတယ်…
အိုက်တော့ ဦးလေးတွေ လက်ရည်စမ်းတာလေး ကြည့်ချင်ပါသေး…
ခင်မင်လျက်-
ကြောင်ဝတုတ်
kyeemite
November 27, 2012 at 9:22 am
ရဲဘော်ဘလက်ဆိုတဲ့လူ ကအကြောင်းပြချက်ပေးတဲ့နေရာမှာ
ဆရာတင်ရလောက်အောင်တော်တာ သတိထားမိတယ်ဗျ…
“ကိုကြီးမိုက်က အတင်းဂျီကျနေလို့ကွာ”ဆိုတာမျိုး….
“ကိုနိုကြီးကိုအားနာလို့ပါကွာ” ဆိုတာမျိုး…
“ဗိုက်ကလေးကိုအိမ်ထိလိုက်ပို့နေရလို့ပါကွာ” ဆိုတာမျိုး…
တစ်နေ့တစ်မျိုးပြောပီးအိမ်ပြန်နောက်ကျနေတတ်တဲ့လူဗျ….
လူတွေလည်းစုံနေလောက်ပီ…ရှေ့လျှောက်ဘယ်လိုနည်းသစ်တွေနဲ့
ဆက်ချီတက်မလဲစောင့်ကြည့်ရမယ်… :hee: :harr: :kwi:
surmi
November 27, 2012 at 9:48 am
ကျနော်ကမျက်စိမှုန်တယ်ဗျ ….ဒီတာ ့……
ဘဘချောကို အားပေးကြပါလို ့ ဖတ်မိသွားတယ် ဟဲဟဲ
တော်တော်ပျော်တတ်တဲ ့ ဦးလေးကြီးတွေ……
စောင် ့ဖတ်နေပါတယ်ဗျို ့………………
:hee:
အရီးခင်လတ်
November 28, 2012 at 4:27 am
ဝင်ချွန်ပေးလိုက်ဦးမယ်။
အောင်မြင်တဲ့ ယောကျာင်္းတိုင်း ရဲ့ နောက်မှာ မိန်းမတစ်ယောက် အမြဲရှိတယ်။
ဒါကြောင့် သင် အောင်မြင်မှုများများ လိုအပ်နေပါက မိန်းမများများ ယူပါ။
တဲ့။
ဖဘ ထဲမှာ တွေ့လိုက်တာ။ 😆
ကိုဘချော က အောင်မြင်မှုများများပိုရဖို့ ကြိုးစားနေလေရော့သလား။
ညီမချောရေ ကြည့်လုပ်ဦး။
:kwi:
blackchaw
November 28, 2012 at 10:52 am
@ inz@ghi ;
@ Fatty Cat ;
ညီလေးတို့ရေ…။
ချစ်ကြည်ရေးပွဲဆိုတော့…
အနိုင်အရှံးက သိတ်အရေးမပါလှပါဘူး…။
ကွင်းကလည်း ကိုယ့်အိမ်ကွင်းကြီး ဖြစ်နေတော့ကာ
ကိုနိုကြီးသာ နိုင်ပါစေပေါ့…။
@ kyeemite ;
အော့အော် အော် အော် အော် အော်…။
@ surmi ;
အားပေးပါ ကိုဆာမိရေ…။
ကျွန်တော့်မှာ ကိုယ့်ကိုသတ်မယ့် သတ်ကွင်းကို
ကိုယ်တိုင်ဖန်တီးပေးသလို ဖြစ်နေရပါပြီဗျာ…။
သနားကြပါဗျာ…
@ အရီးခင်လတ် ;
အစ်မရေ..။
မအားတဲ့ ကြားက ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူး အထူးပါဗျာ…။
အလုပ်တွေ ပြီးရင် ရွာကို ပြစ်မထားပါနဲ့ ဗျာ…။
လေးလေးနက်နက်တောင်းဆိုလိုက်ပါတယ်…။