“ရွှေ”မကျင်နဲ့..“.ဖား”မရိုက်နဲ့….“အ”မလိုက်နဲ့….။။။။။။
ကုတင်အောက်က အခင်းကို တဒေါက်ဒေါက် ခေါက်သံကြားလိုက်တယ်ဆိုရင် ကျုုပ်မျက်လုံးအစုံဟာ ကျုပ် အမုန်းဆုံး နိုးထခြင်းကို ငြင်းဆန်ပြီး အတင်းဆွဲပိတ်ကြတယ် ဒီအသံဟာ အိပ်စက် အနားယူခြင်းကိုစွန့်လွတ်
ဘို့ အတွက် အခန်းဖော်ရဲ့ အချက်ပေးကုလားတက်ခေါက်သံပါပဲ ။ဒါပေမယ် ကုလားတက်သံ လို တစ်ဒေါက်ဒေါက်
ခေါက်သံကြီးကို တားမြစ်ဘို့ အတွက် ကျုပ်တို့မှာခွန်အား မရှိကြပါဘူး ဒီလိုပဲ နောက်တစ်နေ့မနက်တွေမှာလဲ မခေါက်ဘို့ ဒီအခန်းဖော်ကိုလည်း မကန့်သတ်ကြဘူးလေ ဘာကြေင့်လဲဆိုရင် ဒီအခန်းဖော်ဟာ
ဒစ်ဂျစ်တယ် နာရီတစ်လုံးထက် တိကျမှုရှိတဲ့အပြင် ကျုပ်တို့ လုပ်ငန်းခွင်အရောက် နောက်မကျစေဘို့
ပထမဦးဆုံး မောင်းနှင်လိုက်တဲ့ ခွန်အားတစ်ခုပဲလေ။
နှစ်ထပ်ကုတင်ပေါ်က လျှောဆင်းလိုက်တယ် မျက်နှာသစ်ရေချိုး စက်ရုပ်တစ်ရုပ်လို ဆက်တိုက် လုပ်ကြရတော့တယ် ဒါတွေပြီးသွားရင်တော့ ကျုပ်တို့အတွက်ထုတ်ပေးထားတဲ့ ဝတ်ဆင်ရာမှာ
အတန်ငယ် မွန်းကြပ်ပြီးထူထဲထဲ နိုင်တဲ့အပြင်ချွေးနံ အတန်ငယ်နံပေမယ် ကျင့်သားရနေတဲ့နှာခေါင်းတွေက ဒီယိမ်းသမ ဝတ်စုံလို ဆင်တူဝတ်စုံကြီးကို အသီသီးကောက်စွပ် ခြေဆီနံ နံပေမယ် ခဏခဏ မလဲနိုင်တဲ့ ခြေစွပ်တစ်စုံနဲ့ ဆင်ယင်ထားတဲ့ ရှုးဖိနပ်အနက်ကြီးတွေစီးပြီး ကျုပ်တို့ တစ်တွေ လုပ်ငန်းခွင်ဝင် တာတိုပြေးပွဲတစ်ခု စတင်လိုက်ကြပြီပေါ့။။။။
ဒီလိုမနက်ခင်းပေါင်း မြောက်များစွာမှာ စတင်သမှုပြုခဲ့တာဟာ ကျင့်သားရနေကြပြီလေ ကျုပ်တို့ ဝတ်စုံတွေပေါ်မှာတော့ အကျဉ်းကျနံပါတ်တွေ ကိုယ်စီနဲ့ပေါ့
ကျုပ်တို့ဘယ်တော့လွတ်ရက်လဲ တစ်နှစ်လား နှစ်နှစ်လား ဒါမှမဟုတ်…………………..နှစ်ပေါင်းများစွာလား
ကျုပ်တို့ကိုယ်စီမှာတော့ ရည်မှန်းချက်ကိုယ်စီရင်မှာပိုက်ထားကြတယ် ……အဲဒီရည်မှန်းချက်တွေကို အခြားသူတွေု မမြင်ရပေမယ် ကျုပ်တို့ အခြင်းခြင်းတော့ မြင်နေကြရတေယ်လေ……ဒါဟာ စင်္ကာာပူရ် လို့ခေါ်တဲ့ အရှေတိုင်းနိုင်ငံ
တစ်ခုမှာ မခြေချကြတဲ့ ကျုပ်တို့ ဘဝတွေ ရဲ့မနက်ခင်းအစပဲလေ…။
ဒီလိုပါပဲ အကောင်းဆိုတဲ့ အရာတွေကို ဖြုတ်ချထားခံရပြီး တော်ရိလျှော်ရိ အသစ်သောပစည်း အချို့နဲ ဆင်ယင်
ထားတဲ့ စိတ်ပျက်ဖွယ်ရာအသံတစ်ချိုုကို ညည်းညူ ပေါ်ထွက်နေတတ်တဲ့ စက်ဘီး တစ်စီးနဲ့ တာဝန်ကျ ဌာနရဲ့
Time card စက်ဆီ အရောက်သွားလို့ သွားလေရာ အမြဲပါတတ်တဲ့ ကဒ်ပြားလေးနဲ့ တို့ထိ လိုက်တိုင်း တစ်တီတီ
အော်တတ်တဲ့ စက်ပေါ်က နံပါတ်အချို့ကို စိတ်ထဲကတိုက်ဆိုင်စစ်ဆေး မသေချာရင် ထပ်လုပ် ကိုယ် ပိုင်တဲ့နံပါတ်ပေါ်မှ စိတ်ချရတာကိုယ်ဗျ အင်းပြီးရင်တော့ ကျုပ်တို့ရဲတစ်နေတာကုန်ဆုံးမယ် လုပ်ငန်းခွင်ဆီ အရောက် ဝင်ကြပြီပေါ့။။
ကျုပ်တို့မြန်မာလား မြန်မာလို့ မခေါ်ပါနဲ့ဗျ ရှေ့ရှည် အစက စီနီယာတွေခေါ်ကြသလို““ရွှေ”” တွေလို့ခေါ်ပါလေ
ကျုပ်တို့“ရွှေ”တွေလား သိပ်နည်းတာပေါ့ လက်ချိုးရေလို့ရတယ် ဘယ်နေရာကြည့်ကြည့် “မလေးရှား”နဲ့“ဘင်္ဂလား” တွေချည်ပဲ ကျုပ်တို့ “ရွှေ”တွေလား စည်းကမ်းသိပ်ရှိကြတယ် မလစ်ရင်ဘာမှ မလုပ်တတ်တာ ကျုပ်တို့ မြန်မာတွေရဲ့ အကျုင့်ပဲလေ မလစ်ပဲနဲလုပ်တတ်ကြတဲ့ ကိုရွှေ ကုလားတွေ ကတော့
ဖြစ်ပြီဟေ့ဆို သူတို့ အရင် ….ရန်ဖြစ် ကားတိုက် ရဲဖမ်း ….နို့တစ်ဘုတ်မှာ စာလုံးမဲနဲ့ ကပ်ပြီဆို သူတို့တွေချည်ပဲ
ဒီရောက်မှ ကျုပ်သဘောကျတဲ့ သတိပေးစာလေတစ်ခု ရှိလေရဲ့ ကိုယ်“ရွှေ”စီနီယာများရဲ့ အမှာစကားဆိုလဲ မှားအံ မထင် အင်း…….ဘာတဲ့။။
**“ရွှေ” မကျင်နဲ့**
**“ဖား”မရိုက်နဲ့ **
**“အ” မလိုက်နဲ**
ဟုတ်တယ် အဲ……နောက်တစ်ခုရှိသေးတယ် ….““အချိန်ကုန်ရင် ပိုက်ဆံရမယ်””….ဒါပဲလေ။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
11 comments
“ဘီလူးကြီး”ogre
December 8, 2012 at 5:16 pm
အချိန်ရခိုက်လေး အသုံးချပြီးတင်လိုက်ရတယ်
အချို့လိုအပ်ချက်ရှိခဲ့ရင်ဖြင့်…………….
aanyar thar
December 8, 2012 at 6:33 pm
**“ရွှေ” မကျင်နဲ့**
**“ဖား”မရိုက်နဲ့ **
**“အ” မလိုက်နဲ**
**ဗျိုင်း ..မဖမ်းနဲ့…ငါး…မငြိ့နဲ့.** ဂေမလျှောက်နဲ့** ဘီလူးကြီးရေ..
မိုးသောက်ချိန်
December 9, 2012 at 5:11 pm
ဂေ လျှောက်ရင်လည်း
အပြင်နားက လူတွေနဲ့ပေါင်း
လိုင်စင်မဲ့
”ဗ” ကလေးတွေ ရှိတတ်တယ်
သဘောလည်းကောင်းတယ် …. အားလုံးအိုကေပဲဗျ
ဖားရွှေကျော် တိုက်ပွဲကို ငယ်ငယ်တုန်းက သင်ရဖူးတယ်
ဖား နဲ့ ရွှေ က တော့ အဆိုးဆုံးပဲနော် ….. 😆
Inz@ghi
December 8, 2012 at 6:44 pm
ခွေးမမွေးနဲ့ ကျန်သေးတယ်
ကိုဘီလူး ရေ
အဟင့်
ရွှတ်. ဖတ်
(သဂျီး မမြင်ဇီယ)
မောင်ပေ
December 8, 2012 at 7:03 pm
နောက်ပြီး ရှိသေးတယ်
ဘယ်ကိုပဲရောက်ရောက်
“ အဝေရာ မပျက်စေနဲ ့ ”
Mobile
December 8, 2012 at 7:15 pm
လက်စသတ်တော့ ကိုဘီလူဂျီးက ဆင်ဂါပူ မှာရောက်နေတာကို
လုပ်ပါ့ဦး ရောက်လေရာဒေသ ဗဟုသုတလေးတွေ . . . . .
စိုင်း ကွမ်းခေး
December 9, 2012 at 5:59 am
ဆိုတော့ကာ ကိုဘီလူးရေ… ပြန်ပေါ်လာတာတော့ ဝမ်းသာသဗျား… မတွေ့တာလဲ အတော်ကြာပေပြီမလား.. ခေါင်းစဉ်ဖတ်ကတည်းက ဆင့်ကာပူရကအကြောင်းတွေ ရေးတယ်ဆိုတဲ့အကြောင်း ဒက်ကနဲ သိလိုက်သပေါ့ဗျာ (စကားမစပ် မွေ မွေချင်း ချေမြင်တယ်တယ် ရေးရမလား၊ မြွေ မြွေချင်း ခြေမြင်တယ် ရေးရမလား မသိလို့ပြောင်းရေးလိုက်ရကြောင်းပါ)
တစ်ချိန်က ဇနပုဒ်သာသာ ရွာလေးဘဝမှာ စာရေးလာရသူတွေ ပျောက်နေတာကြာပြီး ခုလို တစ်နှစ်ကျော်အကြာ ရွာကြီးအဖြစ်ကို ရောက်နေချိန်မှ ပြန်တွေ့ရတယ်ဆိုတော့ ပြောစရာတွေတော့ အများကြီးပေါ့လေ.. Email ကနေလဲ မသိလို့ ဘာမှမပြောဖြစ်တာတွေ ခုမှပြောပြဖြစ်တော့မယ်..
ကိုဘီလူးသုံးထားတဲ့ အကျဉ်းကျနံပါတ်ဆိုတာက ကျွန်တော်အရင်ကရေးခဲ့ဖူးတာကို ဖတ်မိတုန်းက အတွေးလေးကို ခုလက်ရှိအကျဉ်းကျနေချိန်မှ ပြန်သတိရမိတယ်ထင်ပါရဲ့.. ခေါင်းစဉ်ပဲဖတ်ပြီး ကိုဘီလူးတစ်ယောက် ဖားရိုက်နေတယ်ထင်ပြီး ဝင်မဖတ်ဖြစ်တာ ဝန်ခံပါရဲ့.. ဒါပေမယ့် ဒီနေ့ဖတ်ကြည့်ပြီးတော့မှ ကိုဘီလူးလဲ သင်္ဘောကျင်းထဲ ရောက်နေပြီဆိုတာ သိလိုက်ရတော့ ဘဝတူချင်း စာနာစိတ်နဲ့ ဝင်ပြီးပြောချင်စိတ်ဖြစ်လာရော…
ပြောရမယ်ဆိုတော့ ပို့စ်တစ်ခုစာအရှည်ကြီးဖြစ်နေလို့ နောင်ကျွန်တော်ရေးတော့မှ ဝင်ဖတ်ကြည့်ဦးပေါ့ဗျာ.. အားချိန်လေးများရရင်ပေါ့..
စကားမစပ်ဗျာ… တစ်ချိန်က အထည်ချုပ်စက်ရုံက မန်နေဂျာဘဝကိုစွန့်လွှတ်ပြီး လမ်းပေါ်အိပ်၊ ကုလားတွေကြားတိုးဝှေ့၊ မွန်းကျပ်ပြီး အသက်ရှူမဝတဲ့ဘဝကြီးထဲ ဆင့်ကာပူရဆိုတာ မသိပဲ၊ နောက်တစ်ချက် ကျွန်တော့်ကိုယ်တွေ့တွေ ကိုဘီလူးလဲ ဖတ်ဖူးနေရဲ့သားနဲ့ မိုက်မိုက်မဲမဲကြီး ရောက်သွားတာတော့ မချင့်မရဲဖြစ်မိတယ်..
ကျွန်တော်တင်ပြပုံလိုခဲ့လို့ပဲထင်ပါတယ်..
တစ်ချိန်က ရှူံးလူ
“ဘီလူးကြီး”ogre
December 9, 2012 at 4:22 pm
အင်း ကြို တင်ပုံဖော်ထားလို့ရတယ်
ပြင်ဆင်ထားလို့လဲရတယ်
ဒါပေမယ့် ကိုဖြစ်စေခြင်တိုင်းဖြစ်မလာတတ်တဲ့“ အနာဂါတ်”ဆိုတာကြီးကို
ကျုပ်မုန်းတတ်နေပြီ “ကိုရှုံးလူ”ရေ
အတွေ့အကြုံ ကောင်းတစ်ခုလို့ သာသဘောထားနေရတော့တယ်ဗျို့
ကျေးဇူးဗျာ…။။။။။။။
Foreign Resident
December 10, 2012 at 7:12 am
ကို ဘီလူးကြီး ရေ ။
ပြန်ရောက်လာတာကို ကြိုဆိုပါတယ်ဗျာ ။
ဘဝ ဆိုတာ ဒီလိုပါပဲ ။
ကြိုးစားထားပါဗျာ ။
kyeemite
December 10, 2012 at 1:21 pm
ကိုဘီလူးရေ…ခံစားချက်လက်ရာလေးဖတ်သွားပါတယ်…
ခင်ဗျား ရွာကပျောက်သွားတာ ဒါကြောင့်ကိုး..
အဆင်ပြေပါစေဗျာ…
captainamerica
December 10, 2012 at 5:07 pm
ရွာထဲကို စီနီယာအစ်ကိုတစ်ယောက်ပြန်ရောက်လာတာဝမ်းသာသဗျား
စာကောင်းပေမွန်လေးတွေဆက်လက်မြင်တွေ.ပရစေ ကိုဘီလူးရေ
အစစအရာရာ အဆင်ပြေပါစေဗျာ အကိုတို.ရဲ.စာပေတိုက်ပွဲအကြောင်းကိုတော့
အမှတ်တရကြီးအနေနဲ.ကို သတိရတယ် 😀