ဒီလိုနေရာ“မြန်မာ”တွေ မညံပါ…။။။။
လေယာဉ်ပေါ်ကဆင်းကတည်းကဆေးလိပ်သောက်ခြင်လှသည် မြန်မာပြည်မှာတည်းကဝယ်ခဲ့သော စီးကရက်
ဗူးက အိတ်ထဲမှာအရံသင့် ေလေယာဉ်ပေါ်ကဆင်း ေလျှောက်လိုက်ရသည့် လမ်းက မဆုံးနိုင် အတူဆင်းကြသူ လူအုပ်နောက် ရောယှက်လိုက်ပါရင် ဘယ်နေရာရောက်မှ ပစည်းရွေးရမည်မသိ ဆေးလိပ်သောက်ခြင်တာက အဓိက ကြသည် အိတ်ထဲက ပါတ်စ်ပို့စာအုပ်လေး ပြန်စမ်းကြည့်ရင်းဘယ်ဂိတ်ပေါက်မှာ ပြရမည်မသိနိုင် လူအုပ်ကြီးက အဆောက်အဦး၏ အောက်ထပ်သို့ စက်လှေကားအတိုင်းဆင်းသွားကြသည် ကျုပ်လဲ ခေသူမဟုတ်
ဘယ်ရမလဲရောယောင်လိုက်သည် ခရီးတူ အသိတစ်ယောက်က ဘယ်ရောက်နေသည်မသိ စက်လှေကားအောက်ရောက်မှ သဘောပေါက်သည် ဒီနေရာမှာ ပါတ်စ်ပို့ ပြရမှာကိုဗျ လူအုပ်နောက် တန်းစီဝင်ရပ်
ရင်း အတူပါ အသိကိုရှာတော့ ဘသားချောက ရှေ့မှာရောက်နေတာကိုယ်ဗျ ကျုပ်လှမ်းခေါ်ခြင်ပေမယ် ဒီလူအုပ်ကြီးထဲမှာမြန်မာ အသံ ပြဲပြဲ ကြီး ကြားသဖြင့် လူတွေဝိုင်းကြည့်ကြမှာစိုးမိလေသည် အသံမထွက် ဝံ့
ဟုတ်တယ်လေဗျာ လူတွေ အားလုံး တိတ်တဆိတ်ဖြစ်နေကြသည် ပြီးတော့ အားလုံးနီးပါး လူမျိုးခြားတွေ ကျုပ်
ရောက်နေတာကလဲ တိုင်းတစ်ပါး၏ စတင်ဝင်ရောက်ရာဂိတ်ပေါက်မှာ မဖြစ် လှမ်းမခေါ်တာကပိုကောင်းမည်
ဒီအတိုင်းငြိမ်ေနေလိုက်ရသည် လူဝင်မှု့ကြီးကြပ် ရေးခေါ် မလား အဲဒီဂိတ်ပေါက်ကိုဖြတ်သန်းပြီးခါမှ စိတ်ဒုံးဒုံးချ
ကာ လွတ်လပ်သွားသည်ဟုထင်မိသည် တော်ကြာနေ မြန်မာပြည်က လူဝင်မှု့ကြီးကြပ်ရေးအရာရှိမင်းများလို
နှိုက်နှိုက်ချွတ်ချွတ်တွေ စစ်ဆေးနေမှဖြင့် ပြသနာ..။
အဆင်းမှာ အဆင်ပြေသလောက် အတက်တုံးက ယခုလိုမဟုတ် ..။
ဘယ်သွားမှာလဲ..။
ဘာလုပ်မှာလဲ..။
ပါတ်စပိုပြ…။
အရင်ကသွားဘူးလား..။
အခွန်ဆောင်ထားလား..။
မှတ်ပုံတင်ကောပါလား..။
ထိုလားပေါင်းများစွာဖြင်သေချာအောင်စစ်ဆေးကြသည်
အဲမပြည်စုံသူတွေကခဏစောင့် ခဏစောင့်ကဘယ်ချိန်ထိလဲ ဘယ်လိုလုပိမှာလဲ လေယာဉ်ကထွက်တော့မှာလေဗျာ
ဒါမျိုးဆို ဘယ်လိုလုပိရတယ်ဆိုတာသိသူတစ်ချို့က လူစုပြီး တစ်ဦုး ဒေါ်လာ ၃ဝ ဆီ အရာရှိမင်းကိုပေးလိုက်တော့
ထိုသူများက ကျုပ်ထက်တောင် ရှေ့ရောက်ပြီ လေယာဉ်ပေါ်ရောက်နေကြသေးတော့တယ် ဒီတိုင်းပြည်ကဝန်ထမ်း
တွေများ ညံပဗျာ ဒါနဲ့များ သိပ်တိုးတက်တဲ့တိုင်ပြည်တဲ့ ဒီလို အောက်ဆိုဒ်ဂွင် လေးတောင်မရိုက်တတ်ကြဘူး….။
လက်မှတ်ကလေးထိုး လက်ဗွေလေးနှိပ်ပြီးဒါနဲ့ သူတို့တိုင်းပြည်က ကြိုဆိုပါတယ်ဆိုပြီးသွားခွင့်ပြုလိုက်လေရဲ့
အံရော တော်တော်ညံ အနည်းလေး နည်းနည်းရစ်တတ်ရင်တောင် ဒေါ်လာတစ်ရာ ငါးဆယ်တော့ ရမှာ။
ဒါတွေပြီးတောမှ အိတ်ရွေး ရတော့မည် ဘယ်နားမှာလဲ ကျုပ်မသိ ဒါနဲ့ နီးစပ်ရာလုံခြုံရေး အဒေါ်ကြီးကို
ကျုပ်ရဲ အောင်မြင်ပြီပြင်တဲ့ ထော့ကျိုးထော့ကျိုး အင်္ဂလိပ်အသံထွက်တွေအသုံးပြုပြီးမေးလိုက်တော့ လားလား
ထိုအဒေါ်ကြီးခဗျာ ခရီးဆောင်အိတ်ရွေးရာနေရာထိ လိုက်ပြသည့်အပြင် ပြုံးရွင်သောမျက်နှာထားဖြင့် အခုမှရောက်ဖူူးတာလား ..သူတို့နိုင်ငံက ကြိုဆိုပါကြောင်းပြောရှာပါတယ် ဒီအဒေါ်ကြီးတော်တော်ညံရှာသည်
ကျုပ်တို့ဆီမှာဆို ဒါမျိုးဘယ်လုပ်ပေးမှာလဲ ….
““ဟိုမှာ ဆိုင်းဘုတ်တွေဖတ်လေ စာမတတ်ဘူးလား””
““ဟင်း..ဒါနဲများသူများတိုင်းပြည်လာနေသေးတယ်””
““ဆိုင်းဘုတ်က ညွန်တဲ့ မျှားအတိုင်းလိုက်သွား …တွေလိမ့်မယ်””
ဘယ်ရမလဲ အဲလိုဟောက်ပြစ်လိုက်မှာ အဟောက်ခံရမှာမြင်ယောင်သေးတော့တယ် ကျုပ်လဲ အတက်မှာခံလိုက်ရသေးတယ်လေ အိတ်တွေစစ်တဲ့ နေရာမှာ ကျုပ်ရဲ့ ဟန်းဖုန်းလေး မထုတ်မိလို့ပါလေ
“ဟေ့လူ..ဖုန်းပါထုတ်ပြီထည့်လေဗျာ..ဒါတောင်မသိဘူးးလား နောက်လူတွေများတယ်မြန်မြန်လုပ်ဗျ””
ကျုပ်လဲ ရို့ရို့ကျိုးကျိုးပုံနဲ မျက်နှာချိုသွေးရင် ကဗျာကယာ ကောက်ထည့်လိုက်ရတယ်လေ…။
စကားချပ်…။။။
(ဟန်းဖုန်းဆိုလို့ သူများတိုင်းပြည် ဒီဟန်ဖုန်းဘာလို့သယ်ရတာလဲ မေးအံ့ ထိုတိုင်းပြည်တွင် ရောက်လျှင်ရောက်ခြင်း ဆက်သွယ်ရေး အဆင်ပြေစေခြင်းငှာ ကျုပ်၏ နှမငယ်တစ်ယောက်ကဲ့သိုချစ်ရကာ အမကြီးတစ်ဦးကဲ့သို့ကြောက်ရသူ အပျိုကြီးတစ်ဦးကဲ့သို့ လက်ပေါက်ကပ်ခါ ဆရာမကြီးကဲသို့ လေးစားရသော ဖုန်းဆက်လေးတိုင်း “ဟဲလို…ဒါပဲနော်ဟု ” စကားမဆုံးခင် ဖုန်းချတတ်လေ့ရှိသော ကျေးဇူးရှင် မှ ကြိုတင်ဝယ်ယူ
ပို့ပေးထားသော ထိုတိုင်းပြည်သုံးဖုန်းကဒ်အား သယ်ဆောင်လာရခြင်းတည်း)။။။။။။။
တိုုင်းပြည်ကလူတွေတော့ တော်တော်ညံပါ့ဗျာ။။
ဒီလိုနဲ လေဆိပ်အပြင်ဘက်ကိုရောက်တယ်ဆိုရင်ပဲ ကျုပ်ရဲ့ အတူပါအသိက စောင့်ကြိုလေကာ သူလဲကျုပ်နည်းတူ ဆေးလိပ်သောက်ခြင်းလှကြောင်းပြောလေသဖြင့်ကျုပ်တို့ နှစ်ယောက် မဆင်မခြင် လေဆိပ် အပြင် အငှားကားများ စောင်ကြိုရာဂိတ်ပေါက်ဝတွင် မြန်မာပြည်ကသယ်ယူလာသော စီးကရက်အား မီးတစ်ရဲရဲ
ခဲကြလေသော်““ …. ဟေ့ ဂိုင်း…ဟေ့ ဂိုင်း ..စမုတ်ကင်းပလေ့ အစ်အားသားဆိုဒ်ဟက်..ယူဂိုးတူ သစ်ပလေ့ ကန်စမုတ့်..””အောင်မာ..ပိန်ချောက်ချောက် လိမ်စောင်းစောင်း ပေါက်ဖော်လိုလို ပိုးဟတ်ဖြူရုပ်နဲ့ အဘိုးကြီးက
ဘာတွေလာပြောနေတယ်မသိ သူ့ကြည်တော့ အမှိုက်လှည်းသေးသေးလေးတောင် မနည်းရွှေ့အောင်တွန်းနေရတဲ့ သူကများ..ကျုပ်လဲ အတူပါခရီးဖော်ကို ..
“ဟေ့လူ…ဒီအဖိုးကြီးဘာတွေလာပြောနေတာလဲဗျ””
ထိုတွင်ကြမှ သိရလေသည် ဒီနေရာတွင်ဆေးလိပ်သောက်လို့ မရကြောင်း ဆေးလိပ်သောက်ရန် နေရာရှိကြောင်း
ထိုနေရာတွင်သောက်ရန် ပြောခြင်းဖြစ်ကြောင်း သိရလေသော်..ကျုပ် လဲ ဆောရီး..ဆောရီး လွယ်လွယ်ပြီးစေခြင်း
ငှာ ပြောလျှကိ ထိုနေရာသို့ နှစ်ယောက်သားခပ်သွက်သွက်လစ်ရလေသည် ထိုနေရာကျမှ ဆေးလိပ် အကျအနခဲ
ရလေသည် လူတွေပြောတော့ လွတ်လပ်တဲ့ တိုင်းပြည်တဲ့ဗျား ဆေးလိပ်လေးတောင် သောက်ခြင်တိုင်းသောက်မရ
တဲ့ တိုင်းပြည်ပဲဗျ ဒီကလူတွေတော့ သနားထှာ ဆေးလိပ်သောက်ဘို့တောင် နေရာရှာရေသေးတယ် ကျုပ်တို့တိုင်းပြည်နဲတော့ ကွာပ ကြိုက်တဲ့နေရာသောက် တွေ့တဲ့နေရာ စီးကရက်တိုပစ်လိုက်အုံး ပြောမယ်သူမပြောနဲ့ လှည့်ကြည့်မယ်သူတောင်မရှိဘူး သိပ်လွတ်လပ်တာ….။။။။
ဆေးလိပ်သောက်ပြီးသကာလ ခရီးဆက်ရအုံးမည် လာကြိုမည့် ကားကရောက်မလာ ဒုကခတွေကြလေပြီ
ဘယ်ကိုသွားရမည် အသိ ..ထိုနေရာတွင်ကား ကျွန်ုပ်၏ ဟန်းဖုန်းသည် အင်မတန် အသုံးဝင်လှချေသည်တစ်ကား
ကျွန်ုပ်တို့နှင့်ဆက်သွယ် ဆောင်ရွက်လုပ်ကိုင်ထားသော အေးဂျင့် ၏ ဖုန်းနံပါတ်သို့ လှမ်းမေးရလေသည် …..
ပထမ တစ်ခါခေါ်သည် ..တရုတ်သံဝဲဝဲဖြင့် ပြောသော အင်္ဂလိပ်စကားအားမနည်းနားထောင်ကာ လာကြိုသည့်ကား လေဆိပ်တွင်မရှိကြောင်း မေးလေသော် ထိုအမျိုးသမီးမှ ခဏ သည်းခံစောင့်ပါရန်နှင့်
အဆင်မပြေ ဖြစ်ရခြင်းအတွက် တောင်းပန်ကြောင်းပြောရှာသည်…..ဒါမျိုးဆိုတော့လဲ တယ်ယဉ်ကျေးလှသည်
ထိုဆေးလိပ်ရာနေရာတွင်ပင် ဆက်လက်စောင့်ဆိုင်းရင်း ဆေးလိပ်သောက်ကြပြန်လေသည်..ဟိုဟိုဒီဒီငေးကြ
ကြည့်ကြသည်…. ကောင်မလေးတွေအတော်လှတာတော့ သတိထားမိလေသည် ကောင်မလေးများကိုသာလိုက်
ကြည်မိလို့လားမသိ သူတို့ကိုသာသတိထားမိခြင်းဖြစ်လေသည်……။။။
ကားစောင့်ရင်းအချိန်ကလင့်လာပြီ စောင့်နေရတာ အချိန်တစ်နာရီကျော်လေပြီ မလာသေး ခက်ခြေပြီ……
နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ရန် တိုက်တွန်းသူ အတုပါခရီးဖော်ကြောင့် ကျုပ်လဲ နောက်တစ်ကြိမ် ဖုန်းခေါ်လေသော် ………….
တစ်ဘက်မှ ခပ်ငယ်ငယ်ဟုထင်ရသော မိန်းခလေးမှ ပြန်ဖြေလေရာတွင်…
“““ ဘယ်လိုဖြစ်နေတာလဲ …လာမှာပေါ့ကားက..စောင့်ဆိုရင်စောင့်နေပေါ့””
“““ကားကအဝေးကြီးကလာရမှာ….ဒါပဲမေးနေတယ်…ရှင်တို့ ကိုဘယ်သူမှ ပစ်မထားဘူး”””…““ဂွပ်”””
““ဂွပ်””သည် ဖုန်းချလိုက်သောအသံဖြစ်လေသည်….။။။
ဘာရမလဲ ဒီကောင်မလေး မြန်မာလိုပြောသွားတယ် ဟုတ်တယ်လေ..ဘာရမလဲ ဒီလိုပြောတတ်မှမြန်မာစစ်သည် …အဲဒါ မြန်မာကွ ကျွန်ုပ်လဲ တိုင်းတစ်ပါးတွင် စတင်ကြားဘူးသော မြန်မာအသံအား …အားရဝမ်းသာ ခရီဖော်အားပြောလေသော် ခရီးဖော်မှ
““ဘာပြောလဲဗျ””
““ကားလာမယ်တဲ့…စောင့်နေတဲ့ပစ်မထားဘူးတဲ့ ..ဟောက်သွားတယ်ဗျ””
ခရီးဖော်မှ မျက်စောင်းခဲလျှက်
““အဟောက်ခံရတာများဗျာ…အံရော””………
ဟင်းဟင်း…ဒီလူဘာမှ နားမလယ် ..အဲဒါမှ မြန်မာစစ်စစ်ဖြစ်ကြောင်း ကျွန်ုပ်လဲ ရှင်းမပြခြင်တော့
စာဖတ်သူများအားလဲ ကျွန်တော် ထပ်မရှင်းပြခြင်တော့ပါ …….
ဟုတ်ကဲ့ အဲဒါမှမြန်မာစစ်စစ် ဖြစ်လေတော့ သည်..။
ကျုပ်တို့ မြန်မာတွေ အဲဒီလိုနေရာများတွင် မညံကြကြောင်း…
ကျွန်နုပ်ကောင်းကောင်းကြီးသိလေသည်တကား။။။
*****ဆင်ခြင် တွေးဆ အသိ သေးသေးလေး တစ်ခုခုရကြမည်ဆိုလျှင်ဖြင့် ..ကျွန်နုပ် (၃)ညတိုင်တိုင် အိပ်ပျက်ရကျိုးနပ်လေတော့သည်*******
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
23 comments
အရီးခင်လတ်
December 15, 2012 at 11:34 pm
စာရေးကောင်း တဲ့ ကိုဘီလူးကြီး ရဲ့ ဘဝ အတွေ့အကြုံ အတွေးအမြင် တွေ ကို အားပေးနေပါတယ်။
ကိုယ့်လူမျိုးကို နှိမ့်ချတာမဟုတ်။ ပြုပြင်သင့်တာပြုပြင်မှ အမှန်တိုးတက်မှုကို ရကြမယ်ဆိုတာကိုလဲ စာဖတ်သူများ သဘောပေါက် သင့်ပါတယ်။
ပြည်တော်ပြန် အဝင်-/အထွက် ပုံပြင်တွေကတော့ မရိုးနိုင်အောင်ပါဘဲ။
အမေ Mobile (MGZ ပါတီ)
December 15, 2012 at 11:46 pm
ကိုဘီလူးကြီးဆိုတော့ အာဠာဝက လား ဒဿဂီရိလား ဗျ။ တစ်ခုခုပေါ့
သုံးညတိုင်တိုင် အိပ်ပျက်ရကျိုးတော့ နပ်မနပ်တော့သိဝူးဗျာ။
ကျုပ်တော့ တစ်ည အိပ်ပျက်ခံပြီးဖတ်ရတာ အိပ်ပျက်ရကျိုးနပ်ပါကြောင်းးးးးးးးးးးးးးးးးးး
ဒါဗြဲးးးးးးးးးးးးးးးးးးးး သုံးည တိုင်တိုင် အိပ်ပျက်ရသလေး ဘာလေးနဲ့
ဤကာ မြန်မာစစ်ကြောင်း ပြလိုက်ခြင်းပေတည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Foreign Resident
December 16, 2012 at 4:47 am
” ကျွန်နုပ် (၃) ညတိုင်တိုင် အိပ်ပျက်ရကျိုးနပ်လေတော့သည် ”
ကို ဘီလူးကြီး က ဒီ Post ကို (၃) ည တောင် ရေးရတယ်ပေါ့ ။
ဒီလို စာရေးကောင်းတစ်ယောက် ပြန်ရောက်လာတာ ဝမ်းသာတယ်ဗျာ ။
Foreign Resident
December 16, 2012 at 4:54 am
” မှတ်ပုံတင်ကောပါလား..။ ”
ဒါနှင့် မသိလို့ မေးပါရစေ ။
လေဆိပ်မှာ Passport ရှိနေရင် မှတ်ပုံတင်ကော ထပ်ရှိဖို လိုလို့လားဗျ ။
အဘတော့ လေဆိပ်ကို ( နိုင်ငံခြားကို ) ဘယ်တော့မှ မှတ်ပုံတင် မယူသွားဖူးဘူး ။
ဒါနှင့် တစ်ခုတော့ ဝန်ခံရအုံးမယ် ။
အဘ ကတော့ ၊ အဝင်ဖြစ်ဖြစ် အထွက်ဖြစ်ဖြစ် ၊
ဒေါ်လာ ၂ဝ တန်လေး Passport ကြားညှပ်ပေးလိုက်တာပဲ ။
အဆင်ကိုချောလို့ ၊ နို့မို့ရင် အာရုံနောက်တယ် ။
•*¨နန်းတော်ရာသူ •*¨
December 16, 2012 at 8:21 am
ဟူးးးးအဲဒါတွေကြောင့်ခက်တာပေါ့………
ကိုယ့်အတွက် ဘယ်လောက်မှအခက်အခဲမရှိရင် အဲဒီကိစ္စတွေကမလုပ်သင့်ဘူးလို့ထင်တာပဲ။
အဘပဲပြောတယ်လေ သူများပို့စ်တစ်ခုမှာ အောက်ဆိုက်ရှာတာတွေဘာတွေတော့ အဘမုန်းတယ်ဆို
ဘယ်နိုဖစ်တာတုန်း
Foreign Resident
December 16, 2012 at 9:34 am
” အောက်ဆိုက်ရှာတာတွေဘာတွေတော့ ၊ အဘ မုန်းတယ်ဆို ”
နန်းတော်ရာသူ ရယ် ။
အဘ ရာထူး အကြီးကြီးတွေ က သိန်း သန်း ချီ လာဘ်စားတာကိုတော့ ၊
မကြိုက်လှပါဘူးကွယ် ။
( ဒါပေမယ့် ဒီမို စနစ်မှာလည်း ၊ အဲဒါတွေက ရှိနေအုန်းမှာပါ )
ဒါပေမယ့် ဒီလောက် ၁ဝ /၂ဝ လောက်လေးကိုတော့ ၊
ပက်ပက် စက်စက် ကြီး မမုန်းလှပါဘူးကွယ် ၊ နည်းတာကိုး ။
အဲဒီလောက် ၁ဝ /၂ဝ ကို မုန်းတယ်လို့လဲ မပြောမိဖူးဘူး ထင်ပါတယ် ။
အဘတို့ အင်္ဂလန်မှာ ဟိုတယ်က waiter တွေတောင် ၊
၅ ပေါင်လောက် Tip ( ဘောက်ဆူး ) ပေး နေရတာပဲလေ ။
အဲဒီတော့ ၊ ဒေါ်လှ ၂ဝ လောက်ကိုတော့ ၊
အဘ လည်း Tip လောက်ပဲ သဘောထားနိုင်ပါတယ်ကွယ် ။
ထင်တော့ ထင်သားပဲ ၊ အဲလိုရေးရင် အဘ အပြောခံရတော့မှာပဲလို့ ။
မထူးပါဘူး ၊ မှန်တာ တစ်ခုထပ်ပြောမယ်နော် ၊ စိတ် မဆိုးပါနှင့် ။
အဘ ငယ်စဉ်ကနေ ဒီအရွယ် အထိ ပိုက်ဆံကို အသဲအသန် ရှာခဲ့တာကလေ ၊
ဘာ အတွက်လို့ ထင်ပါသလဲ ဟင် ။
အဘ ဇိမ်ခံဖို့ တနည်း အဘ convenience ဖြစ်ဖို့ အဓိကပါကွယ် ။
အဲဒီတော့ကာ အဘ convenience ဖြစ်ဖို့ အတွက် ၊
ချောဆီလေး နဲနဲ မှ နဲနဲ လေး သုံးမိတာပါကွယ် ။
တစ်ခါတစ်လေဆို ၊ သူတို့က မတောင်းပဲ ပြီးသွားတဲ့အခါမှာတောင် ၊
သက်သက်ကို ပြန်လှည့်ပြီး လဘက်ရည်ဖိုး ဆိုပြီး ထပ်ပေးလိုက်သေးတယ် ။
ကိုယ်နှင့် ဆက်ဆံရတဲ့သူတွေ ၊ ကိုယ့်အပေါ်မဆိုးရင် ပျော်ကြစေချင်တယ် ။
“ဘီလူးကြီး”ogre
December 16, 2012 at 5:47 pm
အဘပြောလဲ ..ခံရမည်ဖြစ်လေသည်
ကျွန်တော်၏ အနည်းငယ် ပူပန်တတ်သောစိတ်ကြောင့်မှတ်ပုံတင်လေးပါယူ
သွားမိလေရာ…မြန်မာလေဆိပ်တွင် မှတ်ပုံတင်ပါတောင်းကြည့်သော
လဝက နှင့်တိုးလေတော့တာပါပဲ….တစ်ကယ် အလုပ်ပြန်နောက်ကျသည့်ကြားထဲမှ
အိပ်ပျက်ခံရေးထားတာဖြစ်ပါတယ် အဘ ခင်ဗျား….။။
မောင့်ကျက်သရေ ဂီ့
December 17, 2012 at 7:45 am
လွယ်ပါတယ်ဗျာ …..စကား-၃လုံး ပဲ တတ်ဖို့လိုတယ်…
ဟဲ့ကောင် ရယ်…
နင် ရယ်..
ငါရယ်…
မြန်မာစာကို သဒ္ဒါဖောက်ရတာ ကျုပ် သိပ်နှစ်သက်တဲ့အလုပ်ပေါ့ …
အစ်ကို ဦးလေး ဆရာ ..ခင်ဗျား ကျနော် မသုံးတတ်ဖို့ … ခက်လွန်းလို့….
ဟဲ့ကောင် နင် ငါ သာ သုံးကြည့်ပါလား …
ရိုင်းတာမဟုတ်ဝူးနော …
အဲ့ဒီနေရာမှာ လိုတယ်..
ယောက်ျားအချင်းချင်း နင် ငါ ဆိုတဲ့အသုံး က နောက်ကွယ်မှာ
ဝှက်ထားတဲ့ တန်ဖိုး တခုရှိတဲ့ (မင်း နဲ့ ငါ မသုံးဘဲ နင်သုံးတာမှာ..)
ဟီးဟီး ..ဆိုလိုရင်းက ခီညားကို ဆက်ဆံရခက်မယ့်
လက်ပေါက်ကပ်လောက်တဲ့ တိုင်းရင်းသား အထူအပါးနားမလည်မယ့်
လုပ်ရကိုင်ရခက်မယ့် (ဒီငတိဆီက မရရင်လည်း နေပါစေ မြန်မြန်ပီး .. အေးတာပဲ)
မှတ်သွားဖို့ဗျို့ …
သိပ် ကျစ်မယ် ရစ်မယ်ဆိုရင်တော့ ..နောက်ဆုံး တိုက်ကွက် ထုတ်သုံးတာပါပဲ …
သတ္တိရှိဖို့တော့ လိုလိမ့်မယ်. …အဲ့ဒါကတော့ ကိုယ်ပိုင်နံပါတ် မေးတာပါပဲ …
အနီးအနားက နိုင်ငံခြားသားတယောက်ယောက်နဲ့ နိုင်ငံခြား ဘာသာသုံးပြီး
သောက်တင်းချတာကလည်း သိပ် ပြောင်မြောက်တဲ့ ဗျူဟာ တခုဖြစ်နေတတ်သေးရဲ့ ခိခိ
ဘာရယ်မဟုတ် ..ကျုပ် မနေ့ညက ဘောလုံးပွဲအကြောင်း ဂျပန်တယောက်နဲ့
စကား လက်ဆုံကျရင်းကနေ လဝက က ဗီအိုင်ပီတယောက်လို ဆက်ဆံတာ ခံဖူးတယ်…
အော်… စာအုပ်အနီလေးတောင် လက်နှစ်ဘက်နဲ့ ရိုရိုသေသေယူတာ ….
(ခိခိ ဒို့လူမျိုးများ နိုင်ငံဂျားသား ဆို တယ် ..ကြောက်တာကိုး …ရှက်ဖွယ်)
စကားမစပ် … အဲ့ကောင်တွေ Yeah, hum-hum တို့ …မျက်ခုံးလေးတဖက်တည်းပင့်တာတို့…
စတဲ့ facial expressions တွေကိုလည်း သိပ်ကျွတ်တယ်ခည …
ဟာ ဘာလဲပေါ့ ..ဘာကောင်လဲပေါ့… ဒီကောင် ဒီလောက် ပိုင်တဲ့ မျက်နှာပေးပေးထားနိုင်ရင်
အီလိုက်လား .. ဆယ်လစ်ဗျစ်တီလား …အကောင်သားလားပေါ့ …ခိခိ…
သနားဇယာပါဗျာ. ..(အဲ …ဒင်းတို့ရှေ့မှာ စာမေးခံထိတဲ့ ကျောင်းသားပုံစံချိုးရင်သာ ဒင်းတို့
လူပါးဝရဲတာ…)
အဲ့သည့် လူတွေနဲ့ ဆက်ဆံတဲ့အခါ ..ဟိတ် ဆိုဒါဂျီးက သိပ်အရေးကြီးတာကလား …
သနားတော့ သနားပါတယ်.. သူတို့ခညာလည်း မပြေလည်လို့ လုပ်စားရှာရတာကိုး…
မသိစိတ်ကလည်း အော်.. ငါတို့တော့ မကောင်းတာ လုပ်နေပါလားဆိုတာလောက်တော့
နားလည်လက်ခံထားတဲ့ ဗုဒ္ဒဘာသာဝင်တွေပဲဟာ ….
အဲ့သည့်အပေါ်မှာမှ … ညစ်ချင်တဲ့ ငါလုပ်ပေးမှ ရမဟဲ့ဆိုတဲ့ အတ္တလေးတွေ
အရောင်ဆိုးလာပြီဆိုရင်တော့…. လက်ညှိုးငေါက်ငေါက်သာ ထိုးပြီး ကော ပေတော့ဗျို့ ..
(လက်ညှိုးရော လက်ခလည်ပါ ၂ချောင်း စုံ ထိုးရင် ပိုထိရောက်တယ်…)
ရီဗာ့စ် ဆန့်စ်အော့ဖ် ဆိုက်ကော်လော်ဂျီအရ …ဘယ်သူမဆို ပုံမှန်မဟုတ်တာ…
ထူးထူးဆန်းဆန်း မြင်ရရင် ကြောက်တတ် လန့်တတ်ရဲ့ …
ခိခိ
တော်သေးဘီဗျို့ ….
ကျုပ် ရန်ကုန်ပြန်ရင် ..ရစ်ခံထိမှာ စိုးလို့ …
ဒီလောက်ပဲ …..
ဟိ
ခင်တဲ့
ဂီ
တိမ်မည်း
December 17, 2012 at 8:49 am
ကိုဂီရေ…
Facial Expressions အကြောင်းဆိုပီး တပုဒ်ရေးပါလားဗျာ…..
ဗဟုသုတ ရတာပေါ့…..
🙂
တိမ်မည်း
December 17, 2012 at 8:40 am
မှန်လိုက်ထာကွယ်….
သူက ၂ဝ ပေးနိုင်လို ့အဆင်ပြေသွားပီတဲ့…
နောက်ကလူတွေက မပေးတာကြီးကိုက အပြစ်ဖြစ်နေကော…..
ဒါပေမယ့် လောကကြီးက အခက်သား….
နေရာတကာ ဘောက်ဆူးပေးတာတွေက ခေတ်စားနေတော့……
Tip Money သည်လည်း Under Table တဖြစ်လည်း အကောင်း သို ့ရှူမြင်ပါကြောင်း…..
အများက ပေးနေတယ်ဆိုလို ့ ပေးနေတယ်ဆိုရင် ပြသာနာ မဟုတ်ကြောင်း…..
သို ့သော် အများက ပေးတာထက်ပိုပေးမိရင်တော့ ပြသာနာရှိကြောင်း……
နောက်ပီး အာရုံနောက်မှာဆိုးလို ့ ပေးချင်ကိုလက်မခံနိုင်ကြောင်း…..
ဒါပေမယ့် ပေးနေတဲ့ အကျင့်ကလေးရှိလို ့ လိုက်ပေးတယ်ဆိုရင်တော့ လက်ခံကြောင်း…..
စဉ်းစားကြည့်တာပေါ့နော်….
လေးစားလျက်
တိမ်မည်း
စိုင်း ကွမ်းခေး
December 16, 2012 at 5:51 am
ကိုဘီလူးရေ…
ထပ်ဆင့်ကိုယ်တွေ့လေးတွေ ပြောပြလိုက်ပါဦးဗျာ… ကျွန်တော်ကတော့ မြန်မာပြည်ပြန်ဝင်ရမှာကို သူများနိုင်ငံသွားရမှာထက် စိတ်ပိုပျက်တယ်… ကိုယ့်လူမျိုးအချင်းချင်း အဆင့်မရှိတဲ့ကောင်တွေ (စိတ်နေစိတ်ထားပြောပါတယ်) ရစ်တာကို ခံရတာ…
ပိုဆိုးတာ လွန်ခဲ့တဲ့တစ်ခေါက်ပြန်တုန်းက လေဆိပ်မှာ တရုတ်လိုတွေ ရေးထားတာ မြင်ခဲ့မိသဗျား… အံ့ပါ့။
စိုင်း ကွမ်းခေး
December 16, 2012 at 7:26 am
ကျွန်တော့်ပထမဆုံးလက်ရာလေး ပြန်ကြည့်ကြည့်ပါဦး… ဟုတ်နေသလားလို့
http://myanmargazette.net/42255/business-economy/jobs-careers
“ဘီလူးကြီး”ogre
December 16, 2012 at 6:02 pm
မပူနဲ့ ကိုရှုံးလူရေ
မြင်သမျှ ဘဝင်မကျရင် ရေးတော့မှာပဲ
ဒီရောက် ရောက်ခြင်း အက်ဆီဒင့် ဖြစ်လို့ဆေးရုံရောက်တာလေး
ရေးအုံးမယ်ဗျာ.. 😉 🙂
uncle gyi
December 16, 2012 at 8:46 am
ဘီလူးကြိီးကမြန်မာတွေမညံ့ကြောင်းပြောသွားလိုက်တာ
အဘဖောကမြန်မာပီသစွာသွားလာပုံလေးပြောလိုက်တာသဘောကျသဗျာ
ဟုတ်တယ်ဗျဘီလူးရ
ကျွန်တော်လည်းခြင်္သေ့ပြည်တခေါက်ရောက်ဖူးတယ်လေဆိပ်ဝင်သွားတာဘာအိတ်မှမဖွင့်
လက်မှတ်ကြည့်ပြီးဒုန်းဆိုထုပေးလိုက်တာတလနေပေတော့
ဒီမှာလိုဟိုအိတ်ဖွင့်အုန်းဒီအထုတ်လှန်အုန်းဘာမှမရှိ
ဒီကောင်တွေအတော်ညံ့သာနော်
ဦးဦးပါလေရာ
December 16, 2012 at 8:51 am
အဲဒီနိုင်ငံမှာ မြန်မာမှန်းသိနိုင်တဲ့အချက်တွေကတော့-
လူကြားထဲမှာ ကျယ်ကျယ်လောင်လောင် ringtune တွေမြည်လာတဲ့အခါ
ရထားစီးရင်ဆင်းတဲ့သူကုန်အောင်မစောင့်ပဲ အတင်းတိုးတက်တဲ့အခါ
ညနေ အလုပ်ဆင်းချိန် ရထားစီးရင် တွဲနှစ်ခုကြားမှာ ဖင်ချထိုင်ပြီး ခြေကားယားချထားတဲ့အခါ
လမ်းလျှောက်ရင်း ဟန်းဖုန်းကို အော်ကျယ်ဟစ်ကျယ်ပြောတဲ့အခါ
(အဲဒီနိုင်ငံမှာ လုံးဝအော်စရာမလို)
လစ်ရင်လစ်သလို တံတွေးထွေး တဲ့အခါ….
………..
ရွှေ ကြည်
December 17, 2012 at 6:05 pm
ဦးဦးပါရေ မိရွှေကြည်ရာက်လာတဲ့အခုအချိန်မှာတော့ ဆင်းတဲ့သူကုန်အောင်မစောင့်ပဲအတင်းတိုးတက်ကြတာ
နေးတစ်တွေပါလုပ်နေပြီသိလား ဘာလို့လည်းဆိုတော့ ရုံးဆင်းချိန်ဆို ရထားမှာလူတွေဆိုတာနည်းတာမဟုတ်ဘူး။ အရမ်းလူနေထူထပ်နေပြီလေ။ ကျန်ခဲ့မှာစိုးတာ နေရာမရမှာစိုးတာတွေနဲ့အကုန်တိုးတက်ကုန်ကြပြီ လူရှင်းရင်တော့အေးဆေးပါ။ ရထားလူကြပ်လွန်းလို့တွဲနှစ်ခုကြား ရပ်လိုက်လို့ပဲရတော့တယ် ဦးဦးပါရေ
မိရွှေကြည်လေ အဲလိုလူအရမ်းကြပ်နေရင် ဓါတ်ပုံရိုက်ထားချင်တာမရိုက်ရဲလို့
ကားမှာဆိုလည်း အခု အတက်ဘက်ကနေလည်းဆင်းကုန်ကြပြီ ကားမှာလည်းတခါတလေဆို
ခြေနင်းခုံမှာရပ်လိုက်ရတယ် (တပါတ်မှာနှစ်ခါလောက်အသည်းအသန်ကြပ်တယ်)
မဟာရာဇာ အံစာတုံး
December 16, 2012 at 8:53 am
ခလူးးးးး လူးးးး
ခခေါ …. ခေါ .. ခေါ ..
ခလူးးးး လူးးးး
ခခေါ …..ခေါ … ခေါ ..
ကျုပ်လည်း မြန်မာစစ်စစ်ဘာ …
ခပ်အေးအေး ရွှဲ့ရွှဲ့လေး ရေးသွားတာ
မိုက်လှသဗျာ …
Mr. MarGa
December 16, 2012 at 11:26 am
ရွှေ မြန်မာတွေပဲကွယ် အဲလောက်လေးတော့ ရှိတာပေါ့
မောင်ပေ
December 16, 2012 at 1:07 pm
ပျော်စရာကြီးပါကလား
ပြီးရင် ဟိုလမ်းကြားအကြောင်း ဆက်ရေးပေးပါဦး
“ဘီလူးကြီး”ogre
December 16, 2012 at 6:08 pm
ကိုပေ…လမ်းကြားလဲရှိတယ်
တောထဲ မှာလဲရတယ်ဗျ ကျုပ်တောထဲက အကြောင်း
နောက်တော့ပြောပြမယ်နော်…မဆိုးနဲ့ ကောင်းလေးရ… 🙂 🙂
စိုင်း ကွမ်းခေး
December 17, 2012 at 9:41 am
၂ဝ တန်လေးတွေလုပ်ပါဦးဗျ
ကိုင်းမြက်တွေကြားထဲမှာ အံဇာဝိုင်းလေးတွေ၊ မှောင်ခိုဆေးလိပ်တွေ၊ ဘီယာတွေနဲ့ အလုပ်ပိတ်ရက်တွေ ရောက်ရောက်လာတဲ့ ယပက်လက်လေးတွေအကြောင်း
:harr:
မင်းနန္ဓာ
December 16, 2012 at 5:30 pm
ရွှေမြန်မာတဲ့
ကိုယ့်အမျိုးကိုယ်သာ နိုင်စားကြတာပါဗျာ
နိုင်ငံခြားသားတွေနဲ့များဆို ဘာမှ မထောင်နိုင်ကြဘူး
တိမ်မည်း
December 17, 2012 at 8:46 am
ဟုတ်ပ ပြန်စဉ်းစားရင် ရီမိတယ်….
မြန်မာပြည်က လေကြောင်းများ မေးမယ့်သူမရှိပေါင်ဗျာ….
ကိုယ်က ဒီနိုင်ငံသားပဲဖြစ်နေလို ့လားမသိဖူး….
သူများနိုင်ငံလည်းရောက်ကော တမျိုးပီးတမျိုးအမေးခံရတယ်…..
ခရီးသည်တွေ အဆင်ပြေအောင် မလုပ်တက်ကြဖူးနော်…
ညံ့ပါ့…….