Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက်မီးကိုဘယ်သို့သုံးရပါ့

:ha: အင်တာနက်မီးကိုဘယ်သို့သုံးရပါ့ 😥

ဌာနခွဲမှူးကရုံးခန်းထဲသို့စိတ်တိုသောမျက်နှာထားနဲ့ဝင်လာသဖြင့် ဝန်ထမ်းအားလုံး မျက်နှာပိုးလေးတွေသေနေကြရသည်။အထူးသဖြင့် သွေးသန့်တို့လိုဝန်ထမ်းငယ် လေးတွေက ပို၍ထိတ်လန့်နေကြရတာပင်။

“ခင်ဗျားတို့ ကွန်ပျူတာအော်ပရေတာတွေသေသေချာချာနားထောင်”

တစ်ခန်းလုံးကဝန်ထမ်းအားလုံးကွန်ပျူတာတာဝန်ရှိသူတွေမို့ အားလုံးမင်သက်ငေးမော သွားသည်။

“အခုရက်ပိုင်း အလုပ်လုပ်တာကိုအကြောင်းပြပြီး အင်တာနက်ကိုကိုယ်ရေးကိုယ်တာ အတွက်တော်တော်လေးသုံးနေကြတယ်မို့လား”
ကုမ္ပဏီတော်တော်များများမှာလည်းအဲဒီလိုကိစ္စတွေကြောင့်လူကြီးပိုင်းတွေတော်တော် စိတ်ပျက်နေကြရတယ်။အစိုးရဌာနတွေကတော့ထားပါ တို့နဲ့မဆိုင်ဘူး ဒီတော့ ခင်ဗျား တို့ရှေ့လျှောက်ဒီလိုတွေအကျင့်ပျက်နေကြမယ်ဆိုရင် ဘယ်လောက်အလုပ်ကျွမ်းကျင် တဲ့လူဖြစ်ဖြစ် ထုတ်ပစ်ဖို့ဝမ်နင်ပေးခဲ့လိုက်မယ်”

ဌာနခွဲမှူးထွက်သွားသည်အထိ အားလုံးငြိမ်သက်မပြေကြသေး အတော်ကြာမှ အသက် အကြီးဆုံးအန်တီသီတာကစ၍
“ကဲ…ကလေးတွေကြားကြတဲ့အတိုင်းပဲနော်..ကိုယ်လုပ်နေတာတွေကိုယ်အသိဆုံး ဖြစ်ကြမှာပေါ့ ဖြစ်လာပြီဆိုမှတော့ အန်တီတို့ကစိတ်မကောင်းရုံပဲတတ်နိုင်မှာ”

အန်တီသီတာရဲ့စကားအဆုံးခေါင်းမဖော်နိုင်သူတို့မှာ သွေးသန့်တို့ မိန်းကလေးငယ် တစ်စုသာဖြစ်သည်။
ကိုယ့်အကြောင်းကိုယ်ဖော်ရရင်လည်း အပြစ်တင်ခံရတောင်နည်းသေးဟုဆိုကြမည်။
သွေးသန့်အကြောင်းကိုပဲသီးသန့်ပြောရရင် ရုံးတက်ချိန်ထက် တစ်နာရီနီးပါးလောက် စောပြီး သွေးသန့်ရုံးခန်းထဲရောက်တတ်သည်။

“စောလှချည်လား သွေးသန့်စင် ရဲ့”

ဟု တစ်ယောက်ယောက်ကမေးလျှင်

“မနေ့ကအလုပ်လေးတွေမပြတ်သေးလို ဟီး”

“အလုပ်ကြိုးစားလိုက်တာနော်”

အမှန်က ဌာနအတွင်းကကွန်ပျူတာရှေ့ရောက်သည်နှင့် ပထမဆုံးဖွင့်တာက ပါစင်နယ်ဂျီမေးလ်။ပြီးလျှင် ဂျီတော့မှာသူငယ်ချင်းတွေနဲ့တွေ့ရင်ပွားလိုက်တယ်။ မတွေ့ရင် ဆိုရှယ်ဆိုဒ်တွေထဲဝင်လျှောက်ကြည့် chat ခန်းတွေမှာဝင်ပြောချင်ပြော ဘလော့ပို့စ်တွေလိုက်ဖတ် မိမိကိုယ်တာတွေချည့်လျှောက်လုပ်တော့တာပင်။

အဲဒီအချိန်တစ်ယောက်ယောက်ရုံးရောက်လာပြီဆိုမှဖြင့် လုပ်လက်စအလုပ် လေး တွေဖွင့်ပြီး အလုပ်လုပ်လိုက်၊လူလစ်ရင်လစ်သလိုTab တွေပြောင်းဖွင့်လိုက်နဲ့ နေ့စဉ် အွန်လိုင်းကမာ္ဘမှာပျော်ရွှင်စွာဖြတ်သန်းလာခဲ့တာကြာပြီပေါ့။
အစပိုင်းကတော့ စီနီယာတွေက သတိပေးတာမျိုးတွေအကြိမ်ကြိမ်လုပ်ကြပါသေးတယ်။
အဲလိုသတိပေးရင် သွေးသန့်တို့မိန်းကလေးငယ်တစ်စုက တီးတိုးတီးတိုး အတင်းပြော တတ်ကြတာကြောင့် အမုန်းခံပြီးသိပ်မပြောရာမှ အခုလို ဌာနခွဲမှူးသိပြီးဆူပူသွားတဲ့ အထိကျယ်ပြန့်သွားခဲ့သည်။

အခုလိုသတိပေးစကားတွေအကျယ်တဝင့်ပြောလာတာဟာ သွေးသန့်တို့အုပ်စုအတွက် ဆိုတာမည်သူမဆိုသိနိုင်တာပင်။ရှက်လိုက်တာလည်းမပြောပါနဲ့တော့။ကိုယ်တွေကမှ အလုပ်မဟုတ်တာဆိုတော့ ပြန်ဖြေရှင်းစရာလည်းစကားမရှိ။
ဒီထက်ပိုဆိုးတာက သွေးသန့်တို့တစ်စုကို သေသေချာချာစောင့်ကြည့်ဖို့ရန်စီနီယာ အသစ်အန်တီသီတာနဲ့လူစားလဲပြီးတစ်ယောက်ကို ဌာနပြောင်းလွှတ်လိုက်သည်။

အန်တီသီတာနဲ့ဆန့်ကျင်စွာအလွန်မာန်ခက်ထန်တဲ့ပုံစံရှိပြီး မျက်မှန်ကိုကျော်ကြည့် တတ်တဲ့မျက်လုံးကြီးတွေက သွေးသန့်တို့တစ်စုကိုစားတော့ဝါးတော့မယောင်။
အရင်တည်းက ပါစင်နယ်ကိစ္စကို အနည်းအကျဉ်းသာသုံးစွဲတဲ့ ဝန်ထမ်းတစ်ချို့ကတော့ စောင့်ကြည့်သတိထားခြင်းမခံရပဲ ပုံမှန် ရုံးအလုပ်လုပ်လိုက် ပါစင်နယ်လေးဝင်ဝင်သုံး လိုက်နဲ့ အဆင်ပြေနေဆဲပါ။

အခုဆိုရင် သွေးသန့်တစ်ယောက် အင်တာနက်ကိုအစွဲကြီးစွဲနေတာမို့ မသုံးရရင်မနေနိုင် တော့ပါ။
ရုံးဆင်းချိန်ကလဲညနေ ၆နာရီ ကားကျပ်ကျပ်ကိုစီးရတာနဲ့ အိမ်ပြန်ရင်ရေမိုးချိုး ကိုချိုးမှရသည်။

ရေချိုးပြီးပြန်တော့ ထမင်းမစားရင်အမေက ပွစိပွစိမို့ သွေးသန့်ကိစ္စတွေ အားလုံးပြီးချိန်မှာ အစောဆုံးတော့ ည၈နာရီလောက်ရောက်သွားတတ်သည်။
အဲလိုအချိန်မှာ လမ်းထိပ်ထွက် အင်တာနက်ဆိုင်ထိုင်ပြန်တော့ ည၉နာရီလောက်ဆိုရင် မျက်စိကမှေးချင်နေပြီ။မျက်စိကမအိပ်ချင်ပဲ ဇွဲကောင်းနေရင်တောင်မှ မနက်ဆိုမထချင် တဲ့မိမိကိုယ်မိမိ သိနေတာကြောင့်ပြန်ကိုအိပ်မှရသည်။

ဆက်ပြီးပေတေနေပြန်ရင်လဲ ၉နာရီခွဲလောက်ကျ အမေက အင်တာနက်ဆိုင်ကို လိုက်ချ လာတတ်တာမို့ ၉နာရီကျော်တာနဲ့ပြန်ကိုပြန်ရတာပင်။
အရင်က နေ့စဉ် တစ်နေကုန်နီးပါး အွန်လို်င်းပေါ်ရှိနေရာမှ တစ်နေ့ တစ်နာရီကျော် အောင်တောင်မသုံးနိုင်ရှာတဲ့ သွေးသန့်ကို အွန်လိုင်းဘော်ဒါတွေကတောင် မေးလာပြီ။
မတတ်နိုင်ပါ။သွေးသန့်တို့ကိုက အလုပ်မှာစည်းကမ်းမရှိလုပ်မိတာကိုး။

ဒီကြားထဲသွေးသန့်စင်ကိုအထိတ်တလန့်ဖြစ်စေတာက လမ်းထဲကဆယ်တန်းဖြေပြီး လတ်လျား လတ်လျားဖြစ်နေတဲ့ ခင်မီမီဆိုတဲ့ကောင်မလေးသတင်းပါ။

“ကိုဘိုထွေးသမီး မီမီရယ်ပေါ့ အင်တာနက်မှာတွေ့တဲ့ကောင်နဲ့အပြင်မှာချိန်းတွေ့တာ ဟိုကမတရားကြံလို့ ရဲစခန်းရောက်ဘာရောက်နဲ့ ဂျာနယ်သမားတွေတောင်အိမ်လာပြီး မေးမြန်းကြတာဆိုပဲ ကိုဘိုထွေးတို့များအရှက်တွေကွဲလိုက်တာ”

သွေးသန့်စင်တို့က ဒါမျိုးမဆင်ခြင်တတ်တဲ့အမိုက်အရွယ်တော့မဟုတ်တော့ပါဘူး။

ဒါပေမယ့် အဖေနဲ့အမေက စိုးရိမ်ကြီးလွန်းတာကတစ်ကြောင်း၊ခင်မီမီနဲ့သွေးသန့်က အသက်ခြင်းသိပ်မကွာတာကတစ်ကြောင်းမို့ သွေးသန့်ကိုပါ ညဘက်အင်တာနက်ဆိုင် မသွားစေချင်တော့။

အတင်းအကျပ်မတားပေမယ့် သွေးသန့်သွားရင် အမေကပါ အဖော်လိုက်မည်ဟုဆို လာရာ…သွေးသန့်အနေနဲ့သွားချင်စရာကောင်းပါ့မလားစဉ်စားကြည့်ပါလေ။
သွေးသန့်အတွက် အင်တာနက်နဲ့ပိုလို့ ပိုလို့ဝေးရတော့မလား။
ရုံးမှာပုံမှန်လေးသုံးနေတာကမှ စိတ်ချမ်းသာရဦးမည်။

ဒီနေ့တော့ မျက်နှာပေါက်ဆိုးလှတဲ့ စီနီယာ အန်တီကြည်ကဆိုလာသည်။

“မင်းတို့ကအခုလို တင်းတင်းကျပ်ကျပ်လုပ်လာရတာ မင်းတို့အမှားမင်းတို့နားလည် ကြမှာပေါ့”

သွေးသန့်တို့အားလုံးငြိမ်နေလိုက်သည်။

“လူကြီးတွေအနေနဲ့ မင်းတို့ကို အင်တာနက်သုံးစေတာ ရုံးကိစ္စအီးမေးလ်စစ်ဖို့၊မေးလ် တွေပို့ဖို့တင်မက မင်းတို့အနေနဲ့ အင်တာနက်မှာ ဗဟုသုတတွေရှာမှီးဖို့၊အကျိုးရှိတာ တွေဘယ်လောက်အရည်အသွေးတိုးတက်အောင်လုပ်ကြမလဲဆိုတာသိချင်လို့ပဲ။
ဒါပေမယ့် မင်းတို့ဘယ်လိုနေရာတွေမှာသုံးစွဲနေတယ်ဆိုတာတော့ မင်းတို့ကိုယ်တိုင် အသိဆုံးနေမှာပါ။ဒီတော့ ဒီနေ့ကစပြီး မင်းတို့ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်ပြီး အင်တာနက်ကိုရုံးအလုပ်ကလွဲပြီး လုံးဝမဖွင့်ရဲတဲ့သူတွေကိုပြောမယ်။
အရင်လိုပဲအားရင်အားသလို ပြန်သုံးပါ။ဘယ်လိုနေရာတွေမှာ များများအသုံးချရမယ် ဆိုတာတော့ မင်းတို့နားလည်လောက်ပါပြီ။အန်တီ့ကိုမုန်းနေကြမယ်ဆိုရင်လည်း အန်တီစိတ်မဆိုးပါဘူး။ဒါပေမယ့် မင်းတို့ကိုတော့ဆက်ပြီးစောင့်ကြည့်ရမှာပဲ
ကဲ…အခုသဘောပေါက်မှာပါနော်။မင်းတို့ဘာလုပ်သင့်သလဲဆိုတာ အဓိကက အချိန်ကို ဖြုန်းမှာလား? သုံးမှာလား? ဆိုတာအန်တီတို့ကြည့်ချင်တယ်
နောက်တစ်ချက်ကတော့ အန်တီ့ရဲ့သမီးတွေလိုကိုယ်ချင်းစာပြီးပြောမှာပါ အင်တာနက်ဆိုတာ မီးလိုပဲ သုံးတတ်ရင်ဆေး၊မသုံးတတ်ရင်ဘေး ဖြစ်သွားတတ် ပါတယ်”

အန်တီကြည်ကအခုုလိုပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်ချိန်မှာ သွေးသန့်တို့တစ်စု တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။သွေးသန့်တို့အတွေးကိုယ်စီမှာ တော့အန်တီကြည်ရဲ့စကားအပေါ်နားလည်လက်ခံမယ့်သူရှိသလို၊ဆန့်ကျင်ဖီဆန် မယ့်သူလဲရှိကောင်းရှိနိုင်ပါမယ်။တစ်ယောက်ချင်းစီ ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာ တော့ကာယကံရှင်တွေကိုယ်တိုင်သိကြရမှာပါ။

အချိန်ကိုဖြုန်းမှာလား? သုံးမှာလား? ဆိုတဲ့ စကားကတော့ သွေးသန့်နားမှာ အထပ်ထပ် ကြားယောင်ရင်း ကိုယ့်ကိုယ်ကိုပြုပြင်ဖို့အားယူလိုုက်ပါတော့တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကိုယ်တိုင်ရေးသားသောဝတ္ထုတို
နန်းတော်ရာသူ

(ဒီဝတ္ထုတိုုလေးက ဂေဇက်ကလွဲရင် တခြားဆိုက်တွေမှာတင်ပြီးသားပါ။သိပ်အားမရလို့ ရွာထဲမတင်ဘူးလို့ထားတာ
လုံမလေးမွန်မွန်က တင်ပါအစ်မရဲ့ ဆိုတာနဲ့ တင်လိုက်ရပါတယ်။)

24 comments

  • Mobile

    December 17, 2012 at 7:41 pm

    အားပေးသွားပါတယ် နန်းတော်ရာသူရေ
    Internet ဆိုတာကတော့ အခုစာထဲမှာပါခဲ့သလိုပါပဲ သုံးတတ်ရင် မိမိလုပ်ငန်းအတွက်ဖြစ်စေ
    အခြားဗဟုသုတရှာမှီးဖို့ ဖြစ်စေ အခြားအခြား အကျိုးပြု့မှုတွေများလှပါတယ်။
    ဒါပေသိ မသုံးတတ်ရင်တော့ အချိန်ကုန် ငွေကုန် မျက်စိမှုံ ရုံတင်မက အခြားအခြားသော
    ဆိုးကျိုးတွေက များလှပေတာမို့။ အကျိုးရှိစွာ အသုံးချတတ်စေဖို့ မိမိကိုယ်တိုင်ပြင်ဆင်သင့် သလို
    မိမိအနီးအနားမှာရှိတဲ့ လူငယ်များကိုလဲ သွန်သင်ဆုံးမမှုများ ပြုလုပ်သင့်ပါကြောင်းးးးးးးးးးးးးးးးးးးး
    Internet ကိုအကျိုးရှိလား မရှိလားတော့မသိ အိပ်ချိန်စားချိန် ဝေယျာဝစ္စ ပြုလုပ်ချိန်မှလွဲ၍
    အချိန်ပြည့် အသုံးပြုနေသော mobile :harr:

  • အပုဒ်တိုင်းကိုလှိုက်လှိုက်လှဲလှဲအားပေးနေတည်းက အချိန်ပြည့်ဆိုတာယုံပါတယ်။
    ကျေးဇူးလည်းတင်ပါတယ်။ဘာပဲပြောပြော ဒီရွာထဲက လူတွေကတော့ အင်တာနက်မီးကို ကောင်းစွာအသုံးချနိုင်လောက်တဲ့ လူတွေချည့်ဖြစ်နေလောက်ပါပြီ။
    အမှန်က ဒီလိုပို့စ်မျိုးတွေက ဆယ်ကျော်သက်လေးတွေနဲ့ပိုသင့်တော်တာပါ။
    ပထမဆုံးမန့်သွားတာကို ပထမဆုချီးမြှင့်လိုက်ပါတယ်.. :hee:

    • Mobile

      December 17, 2012 at 9:40 pm

      ဟုက်ကဲ့ပါခင့်ဗျ ကျနော် သည်လည်း ဆယ်ကျော်သက်ပေမို့
      သွန်သင်ဆုံးမစရာရှိရင် သွန်သင်ဆုံးမ ပေးပါလို့ ပြောချင်ပါတယ်ခင်ဗျ။
      :harr:

  • Mr. MarGa

    December 17, 2012 at 8:05 pm

    အစ်မရယ်
    ဒီလောက် ကောင်းတဲ့ပို့စ်ကိုများ စိတ်တိုင်းမကျဘူး ဆိုပါလား
    ဦးမာဃတို့ အတွက် ပညာပေးပို့စ်ပါ
    ဦးမာဃကတော့ အင်တာနက်ကို စ သုံးကတည်းက ပညာရှာဖို့ရယ် စကားပြောဖို့ရယ်ကို မျှသုံးတယ်
    အခုတစ်လောတော့ ဖွဘုတ်ကို နည်းနည်း ပိုသုံးဖြစ်နေတယ်
    အဲဒါလေးတော့ ပြင်ရဦးမယ် :kwi:

  • ဒုတိယဆုချီးမြှင့်ရမယ့် မောင်လေးတားတားအူးမာဂရေ..
    အမှန်တော့ အင်တာနက်ဆိုတဲ့မီးကလေးရှိလာလို့ အစ်မတို့ရဲ့ဝါသနာတွေကိုအခုလိုချပြခွင့်ရနေတာပါ။
    ပုံနှိပ်စာမျက်နှာတွေပေါ်မှာမှမြင်ရမယ်ဆိုရင် “ဘယ်ချိန်၊ဘယ်ခါမှန်းလဲမသိကွယ်..”လို့ပဲ ဆိုညည်းနေရတော့မှာပါ။
    အစ်မကတော့ အင်တာနက်ဆိုတာ အစ်မအတွက် ကောင်းသောလှေကားထစ်လေးများလို့ ယူဆထားပါတယ်။

  • အမရေ ….
    အင်တာနက် ဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ဆိုတာလေးကို
    လက်ခံပါတယ် ….
    ဒါပေမယ့် … ဘယ်လိုဟာ ဘေး၊ ဘယ်လိုဟာ ဆေး ဆိုတာတော့
    ကွဲကွဲပြားပြား သိရအောင် စာရင်း မကောက်ဖူးသေးပါဘူး .. :mrgreen:
    လူမှုကွန်ရက် သုံးတာ ဘေး ဆိုရင်လည်း မမှန်နိုင်ဘူးဗျ …
    ဘာလို့လဲဆိုတော့ စိတ်အတွက် ကျန်းမာရေး ဖြစ်နိုင်တဲ့အတွက်
    ဘေးဖြစ်တယ်လို့ ယူဆလို့ မရပြန်ဘူး ……..
    ဒါကြောင့် ဘယ်ဟာ ဘေး၊ ဘယ်ဟာ ဆေး ဆိုတာ .. မကွဲပြားသေးတာပါလို့ …
    အင်တာနက် ဇာတ်လမ်း ပို့စ်လေးကို အားပေးသွားပါတယ် ဆိုတဲ့အကြောင်း ……

  • ဘယ်ဟာကဆေးလဲဆိုတာတော့လူတိုင်းသိမှာပါနော်။
    နည်းပညာပိုင်းတွေနဲ့တခြားပညာပိုင်းတွေ လေ့လာခွင့်ရမယ်။
    သတင်းတွေဖတ်ခွင့်ရ၊စာတွေရေးခွင့်ရမယ်ဆိုတာတွေပါ။

    ဘေးတွေကတော့ လူမှုကွန်ယက်တွေသုံးတာကိုမဆိုလိုဘူးနော်..ကျွန်မလည်း လူမှုကွန်ယက်တွေအတော်များသုံးပါတယ်။သဘောလည်းကျတယ် မိတ်ဆွေလည်းပေါတယ်။
    ဒီလိုဆိုဒ်တွေထက်တောင်ရသ၊အလှအပအဆင်တန်ဆာ၊ဖန်တီးမှုတွေစုံတဲ့အတွက်
    ကျေနပ်နှစ်သက်စရာကောင်းပါတယ်။

    မသုံးတတ်တဲ့ဘေးဆိုတာက အထူးသဖြင့်မိန်းကလေးတွေ ဗွီဒီယိုချတ်တာတွေ၊
    အမြင်မတော်တဲ့ပုံတွေပြခိုင်းတဲ့ယောကျာ်းတွေကြောင့် ပြဿနာတွေတက်ရတာ စတဲ့ အင်တာနက်သုံးသူတိုင်းနားလည်လောက်တဲ့အကြောင်းတွေကိုဆိုလိုပါတယ်။
    (အမှန်က အန်ဇာတုံး ကိုဒီလိုရှင်းပြနေစရမလိုလောက်ဘူးထင်ပါတယ် ကျွန်မကိုအစ်နေတာများလား :harr:)
    အဲ…အင်တာနက်ဘေးကြောင့် ဒုက္ခရောက်ရရှာတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ပြိုင်ပွဲဝင်ထားဆဲ ရသစာလေးရှိပါတယ်။ပြိုင်ပွဲကာလပြီးမှ တင်လို့ရမှာမို့ပါ။
    အဲ့အခါကျရင်လည်း အားပေးကြပါဦးလို့။

    • အစ်ရဘာဘူး အမနန်းရယ် …
      သားသားဂ ဂယ် မသိရို့ ကြောဒါဘာ .. ငွင်းး ငွင်းး
      ဒါနဲ့ …
      ဟိုအမျိုးသမီးရဲ့ ပြိုင်ပွဲဆိုဒါလေးဂို စိတ်ဝင်စားဒါးးး
      ဘိုပြိုင်ပွဲဘာလိမ့် .. 🙄
      ဒါ့ထက် .. အဲ့အမျိုးသမီးဂ အကျိုလေးလားဟင်င် .. 🙄 :mrgreen:

      • ဖြစ်ရပ်မှန်မဟုတ်ပါဘူးဇာဇာရေ…ကျွန်မရေးသမျှက ဖြစ်နိုင်တာလေးတွေကိုအခြေခံပြီး
        စိတ်ကူးသက်သက်တွေချည့်ပါ။ 🙂

  • မောင့်ကျက်သရေ ဂီ့

    December 17, 2012 at 8:44 pm

    သိပ်မသုံးပါဝူးကွယ်. ဘရောက်ဇာ ငါးခုတခု တက်ဘ် အခုသုံးဇယ်ကျော်နဲ့
    တနေ့ ၁၆နာရီထဲ သုံးတာပါ.
    ၁၅ရက်နေ့ကစလို့ tethering ရသွားပီမို့. ရထားစီးတဲ့ချိန်တွေတောင် တက်ဘလက်နဲ့ သုံးနေအုံးမှာပါ

    ရွာထဲက သူငယ်ချင်းတွေကတော့ ခေါ်ကြတယ်.
    အွန်လိုင်းဂျလေဗီ ကြီးတဲ့.
    ဟီဟိ

    • Mr. MarGa

      December 17, 2012 at 8:48 pm


      တော်သေးတာပေါ့ကွယ်
      အားလုံးပေါင်း တက်ဘ်က တစ်ရာ့ငါးဆယ်လောက်ပဲရှိလို့
      ဟိုက ဆွဲလိုက် ဒီက ဆွဲလိက် နဲ့ အဆွဲခံနေရရှာတဲ့ RAM လေးတော့ သနားပါ့ကွယ်

      • မောင့်ကျက်သရေ ဂီ့

        December 17, 2012 at 9:08 pm

        အိုင်အီး
        မော်ဇီလာ
        ခရုမ်း
        ဆာဖာရီ
        အော်ပရာ.

        ကြားမှာ ကွန်မကောင်းတဲ့နေရာဆို အော်ပရာ ကို ညွှန်းချင်တယ်ဗျို့
        ဒင်းမှာက ဝက်ဆိုက်တေမှာပါတဲ့ပုံတေကို ချုံ့ပီး ဖော်ပြပေးတဲ့ တာဘို ဖီချာပါလို့
        ကွန်လည်းကောင်းမယ်. စက်လည်းကောင်းမယ်ဆိုရင်တော့ ခရုမ်းပဲ အကောင်းဆုံး.
        Ctrl+Alt+Del နှိပ်ပီး ဝင်စစ်ကြည့်ရင်
        တခြား ဘရောက်ဇာတွေက တက်ဘ်တွေ ဘယ်နှခုဖွင့်ထားထား process တခုတည်းအနေနဲ့ ရွမ်းတယ်
        ခရုမ်းက tab အလိုက် process ခွဲရွမ်းတယ်
        ဆိုတော့ ကော်နက်ရှင်စပိကိုသာ ကွန်းစတန့်ထားဗျာ. ကျန်ဘရောက်ဇာထက် ပျမ်းမျှအားဖြင့် ခရုမ်းက သာမယ်
        လို့ ယူဆနိုင်တယ်. (စက်ကောင်းဖို့တော့ လိုတာပေါ့လေ. စလရွန် နဲ့ ဆိုရင်တော့ သိပ်အားမပေးဝူး)

        ဝင်းဒိုးပေါ်က သုံးတာဆိုရင် (မက် မဟုတ်ရင်) ဆာဖာရီကိုတော့
        လုံးဝအားမပေးဝူးးး

        ကျုပ် လွန်ခဲ့တဲ့ ၂ပတ်က. အဲပဲလ် ဒက်ဗလော့ပါ ပရိုဂရမ် ဝင်တာ.
        အော်. ပန်းသီးပဲလေ ဆာဖာရီလေးနဲ့ဆို ပိုအိုကေမှာပဲ ဆိုပီး ဒင်းနဲ့ဖွင့်တာ.
        တောက်တလွဲ. တွေချည်း ချပြတာ. အံံ့ရော
        အဲ့လောက်လွဲတာတော့မကောင်းဝူးနော. ပန်းသီးထုတ်ကုန်ချင်းချင်းကို.
        အဲ့လာ
        ခရုမ်းန် နဲ့မှ အိုကေသွားတော့တယ်.
        (ဖွတ်တီးကတ်ကြီးဖတ်မိပီး. အရှက်သည်းဇေသဒီးးးး

        အာဟိ.

  • uncle gyi

    December 18, 2012 at 9:07 am

    ဟင်းဟင်း
    လွယ်မှလွယ်အင်တာနက်ဖြုတ်လိုက်ဟေ့ဟေ့

  • မောင်ပေ

    December 18, 2012 at 12:44 pm

    နန်းတော်ရာသူ ရဲ ့စာ ဟာ တစ်ကယ့်ဖြစ်ရပ်မှန် ရီးရဲလစ်ဇင် မို ့ ကြိုက်မိပါတယ်
    စာထဲပါအကြောင်းအရာများကို ဖတ်ရင်းနဲ ့ ၊ ကိုယ်အင်တာနက်စသုံးခဲ့မိတဲ့အချိန်ကို ပြန်သတိရမိတယ်
    ကျုပ်နဲ ့ကတော့ပြောင်းပြန် ၊ အင်းဂလိရှ် ကို ကောင်းကောင်းလေ့လာချင်လို ့ မသုံးတတ်ပဲ စမ်းသုံးရမ်းသုံးရာကနေ ၊ အင်းဂလိရှ် ကို မလေ့လာဖြစ်တော့ပဲ ၊ ဆိုရှယ်ဆိုက်ဒ်တွေမှာပဲ ပျော်ခဲ့မိတာကလား

  • မီးပျက်နေလို့ အခုမှဝင်ပြန်ဖြစ်တာ။
    အားပေးထားကြတာလေးတွေအတွက် ကျေးဇူးအထူးတင်လျက်ရှိပါတယ်။
    နောက်ခါတွေလည်း အားပေးကြပါဦးနော်။
    စာဖတ်သူရဲ့မန့်တစ်ချက်သည်၊စာရေးသူအတွက်အားဆေးတစ်ခွက်ပါရှင်။
    🙂

  • ဘယ်နေရာမဆို အလယ်အလတ်အကောင်းဆုံးပါ။
    အင်တာနက် မှာ လူကိုမမြင်ရတော့ ပေါရဲကြ ပြောရကြတယ်။
    တစ်ခုလပ် ကလေးအဖေက လဲ လူပျိုတွေထက်တောင်ကြူပြနိုင်တယ်။
    အိမ်ထောင်ပျက်နေတဲ့ ကလေးအမေ မိန်းကလေးက လဲ အပျိုရှုံးလောက်အောင်မူနိုင်တယ်။
    မြန်မာစကားပုံလို ပြောရရင် ဂျိုကုတ်ရှိရာ ဂျိုထောင်မလာဘူးတဲ့။
    တူရာ တူရာလူချင်းတွေ့ကြတာပါ။
    အင်တာနက်သုံးလို့ ပျက်စီးတယ်ဆိုတာတော့ လက်မခံပါ။
    အင်တာနက်မှာလဲ လူကောင်းတွေရှိပါ၏။
    ကောင်းခြင်းဆိုးခြင်းက နေရာတကာမှာ ရှိနေပါတယ်။
    ကိုယ်ကိုတိုင်အဓိကကျပါတယ်။

    • ဒါနဲ့ ..
      ဖေပေါက်ဂျီး ဟိုတစ်နေ့က
      ဆော်လေးတစ်ပွေကို ကြူနေဒါ တွေ့ဘာဒယ် ..
      အိုက်ဒါ ဘယ်လို ပြောလို့ ရမလဲ .. :mrgreen:

    • ဟုတ်ကဲ့ပါကိုပေါက်ရေ ကျွန်မရေးတဲ့အထဲမှာတော့ (အင်တာနက်သုံးလို့ ပျက်စီးတယ်ဆိုတာတော့ )
      မပါပါဘူးနော်..
      အဲလိုသာဆိုရင်ဖြင့် ကျွန်မတို့လို ရေးတဲ့လူတွေတောင် အွန်လိုင်းတက်မိတော့မယ်မထင်ပါ။
      ရေးတာလေးကို နည်းနည်းလောက်သေသေချာချာပြန်ဖတ်ကြည့်ပေးပါရှင်။
      အင်တာနက်သုံးလို့ပျက်ဆီးတယ်ဆိုတာကိုတော့ ကျွန်မလည်း ကိုပေါက်နည်းတူလက်မခံပါ။
      ခင်မင်လျက်
      နန်းတော်ရာသူ

      • နန်းတော်ရာသူရေ
        (ရေးတာလေးကို နည်းနည်းလောက်သေသေချာချာပြန်ဖတ်ကြည့်ပေးပါရှင်။)
        ကျနာ်သူများပိုစ်ကို သေချာမဖတ်ဘဲ မန်းလေ့မရှိပါ.
        ပိုစ်တိုင်းလဲ မမန်းပါ။
        ဆက်စပ်တွေးမိတာကို ပြောပြတာပါ။
        မြန်မာပြည်မှာ ဘုမသိဘမသိ အလန့်တကြားထထ အော်တတ်တဲ့အကျင့်ရှိပါတယ်။
        အရပ်ထဲမှာ လူကြီးအတော်များများကြားမှာ အင်တာနက်သုံးရင် ပျက်စီးတယ်လို့ထင်တတ်ကြတာကိုတွေးမိပြီး
        ဒီကော်မင်းကို ဝင်ရေးမိတာပါ။
        ကျနော်ကိုယ်တိုင်က လဲ အသက် 50 ကျော်မှ အင်တာနက်ဆိုတာကို ကျနော့် တပည့်တွေဆီက သင်ယူခဲ့ပြီး ကလေးတွေအင်တာနက်သုံးဖြစ်အောင် ဆွဲခေါ်နေတဲ့လူပါ။.
        ခင်ဗျားရေးတဲ့ ထဲ မပါတာကို ဝင်မန်းမိတဲ့အတွက်အနူးအညွတ်တောင်းပန်ပါတယ်။

        • mobile (mandalay)

          December 20, 2012 at 7:36 pm

          မင်္ဂလာပါ ကိုပေါက်ရေ .. .
          မနန်းတော်ရာသူက ရွာထဲကို ဝင်လို့မရလို့ပါတဲ့။ ဖေ့ဘုတ်မှာ ကျနော်ကို
          အကူအညီတောင်းလို့ ကျနော် တဆင့်ပြန်မန်းပေးရခြင်း ဖြစ်ပါတယ်။
          +++++++++++++++++++++
          (ကျွန်မပို့စ်နဲ့ မဆိုင်ဘူးဆိုရင်လည်း ကျေးဇူးပါကိုပေါက်ရေ..ကျွန်မက
          ကျွန်မဝတ္ထုဟာ အင်တာနက်သုံးတာကိုအပြစ်တင်ထားတဲ့စာလို့ ကိုပေါက်များထင်ပြီးမန့်လိုက်သလားလို့ပါ။မဟုတ်ဘူးဆိုရင်လည်း
          (ခင်ဗျားရေးတဲ့ ထဲ မပါတာကို ဝင်မန်းမိတဲ့အတွက်အနူးအညွတ်တောင်းပန်ပါတယ်)
          ဆိုတာကြီးတော့မလုပ်ပါနဲ့ စိတ်ဆိုးသလိုများဖြစ်နေသလားလို့ပါ။
          ကျွန်မထင်နေလို့ပါ။

  • အလင်းဆက်

    December 19, 2012 at 2:49 pm

    ကိုယ့်အဖြစ်နဲ့လည်း နည်းနည်းဆင်နေတယ်

    နက်ကို အလုပ်မှာ ခိုးသုံးရတာပြောပါတယ်

    အက်း
    အချိန်ကို ဖြုန်းတီးရာကျစေမယ့်
    လုပ်ရပ်တွေ ရှိရင်
    ပြင်သင့်တာ ပြင်ဖ်ို ့
    အတွေးကောင်းလေး ပေးလိုက်လို့
    ဒီဝတ္ထုလေးကို
    သဘောကျမိပါတယ်

    ရေးသားတင်ပြသူကိုရော
    တင်ပြဖြစ်ဖို ့တွန်းအားပေးသူကိုပါ
    ကျေးဇူးပါ

  • kai

    December 20, 2012 at 1:00 am

    …တောင်ငူနန်းမြို့မမသူရေ…
    ယူအက်စ်မှာ.. ဝန်ထမ်းတွေ အလုပ်ချိန်အင်တာနက်သုံးတာ.. တော်တော်ကြီးတဲ့ပြသနာပါ..။
    အစိုးရအလုပ်..ကုမ္ပဏီကြီးတွေဖိုင်းယားဝေါထဲ..ပေါ်လစီတွေထားပြီး.. ဖေ့စ်ဘုတ်.တွစ်တာ…ဂျီမေးလ်စတဲ့ ဆိုရှယ်ဝက်ဘ်ဆိုက်တွေ အကုန်ဘန်းထားတယ်..။
    ဒါလည်းပဲ.. တာဝန်ချိန်မှာ..ဆဲလ်ဖုန်းနဲ့.. အင်တာနက်..တက်စ် စတာတွေလုပ်လွန်းလို့.. ဘာလုပ်ရမှန်းမသိဖြစ်နေကြပါရဲ့..

    အဲဒါလေးအသိပေးတာပါ..။ :kwi:

    နောက်တခု.. ဆန်းတာပြားတာပြောရရင်.. အင်တာနက်ကနေ.. ဟက်ကာက.. လူသေအောင်လုပ်လို့ရနေပြီတဲ့ဗျ..။
    တကယ့်အဖြစ်ကိုမှီးရိုက်တဲ့..ရုပ်ရှင်ရှိတယ်..။

    … ဟက်ကာက..အင်တာနက်ကနေ ဆိုင်ဘာဘူလီလုပ်တာ.. စိတ်ညစ်ပြိး ကိုယ့်ကိုယ်ကိုယ်သတ်သေသူအကြောင်းပေါ့..။
    အဲဒါ.. မြန်မာဇတ်လမ်းလုပ်ရေးရင်.. အင်မတန်စိတ်ဝင်စားစရာ
    ဝတ္ထုတပုဒ်ပဲ..။

    Hackers Identify Alleged Cyberbully Who … – Huffington Post
    http://www.huffingtonpost.com/…/amanda-todd-bully-anonymous-suicide...
    Oct 16, 2012 – … a 15-year-old Canadian girl who committed suicide after suffering … Bill Murray Explains Why He Doesn’t Do Funny Movies Anymore347 …

    • မဟာရာဇာ အံစာတုံး

      December 20, 2012 at 10:48 am

      ဒါဆို ..
      ဟိုတစ်ခါတုန်းက
      ဒို့ဘဂျီး ကြွမသွားတာ ကံကောင်းတယ်လို့ မှတ်ရမယ် ..
      ငွင်းးး ငွင်းးး :mrgreen:

Leave a Reply