Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှပ်ချေးတွဲလောင်း ကလေးဖခင်ကောင်း

စဆရ ႀကီးDecember 24, 20121min35810

ဒီကနေ့ အလုပ်ပင်ပန်းလာသော်လည်း ကိုရင်စိုင်းတစ်ယောက် အလုပ်မှပြန်ရောက်ပြီး ကွန်ပျူတာကိုဖွင့်လိုက်သည်နှင့် ကမ္ဘာလောကကြီးထဲ ခြေဆန့်မိသွားတော့သည်… သီချင်းတွေနားထောင်၊ သတင်းတွေကြည့်၊ စာရောက်ထားသည်များဖတ်နှင့် ဘာလိုလိုနှင့်အချိန်ကုန်သွားသည်။ ထို့နောက်တွင်မတော့ သက်ဆိုင်သူ၏ မျက်နှာစာအုပ်ကြီးထဲဝင်ကြည့်၊ ဝင်ရောက်စပ်စုပြီးမှ ကိုယ့်ကိုယ်ပိုင် မျက်နှာစာအုပ်ကြီးထဲ ဝင်ကြည့်ဖြစ်တော့သည်။ အသိပေးချက်နီနီလေးတွေများ ရှိလေမလား ပြူးပြဲကြည့်သော်လည်း မည်သည့်အရောင်မျှ မမြင်မိပေ။ ကိုရင်စိုင်းအုပ်ထိန်းသူ မျက်နှာစာအုပ်ကြီးတွင်မတော့ သုံးနေရာစလုံး ရဲဗလောင်းခတ်လို့ပင်။ ရှိစေတော့ဟုဆိုကာ ဟိုကြည့်၊ ဒီကြည့်နှင့် ကြည့်စရာကုန်သွားသောအခါတွင်မှ ညာဘက် အပေါ်ထောင့်နားတွင် ယနေ့မွေးနေ့ရှိသူများကို သတိပေးအကြောင်းကြားထားသည်ကို ကြည့်လိုက်သော အခါတွင်မှ ကိုရင်စိုင်းညီ မွေးနေ့ဖြစ်နေကြောင်း သတိပေးထားခြင်းဖြစ်သည်ကို တွေ့လိုက်ရသည့်နောက် သူ၏နံရံကြီးတွင် ဖြစ်သလိုစာတစ်ကြောင်းနှစ်ကြောင်းမန့်ရင်းနဲ့မှ သူ၏ပုံများကို ဝင်ကြည့်ဖြစ်တော့သည်။

တစ်ကယ့်တစ်ကယ်တွင်မတော့ ကိုရင်စိုင်းညီမှာ ၆ နှစ်ခန့်ငယ်လေသည်။ အိမ်ထောင်ကျသွားသည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်ကပင်။ ယခုအချိန်တွင်မတော့ ကလေးအဖေကြီးဖြစ်နေပြီဖြစ်သည်။ ကိုရင်စိုင်းမျက်စိထဲတွင်မတော့ ငယ်ငယ်က ချီပိုးထိန်းကျောင်းခဲ့ရသော နှပ်ချေးတွဲလောင်းလေးအနေနှင့် မြင်နေတုန်းပင်။ လူချင်းမတွေ့ဖြစ်ကြသည်မှာလည်း နှစ်ပေါင်းအတော်ကြာပြီလဲဖြစ်သည်။ ယနေ့မှ စပ်စပ်စုစု သူ့မိန်းမတင်ထားသော ပုံများကို ပြန်ကြည့်ဖြစ်သည်။ အစကတော့ သူ့မိန်းမနှင့်သူနှင့်ပုံများ၊ ထို့နောက်တွင်မတော့ ကိုရင်စိုင်းတူတော်မောင်ပုံများ၊ ထို့နောက်တွင်မတော့ ကိုရင်စိုင်းတူတော်မောင်လေး မွေးဖွားခြင်း၏ မြစ်ဖျားခံရာသူတို့မင်္ဂလာဆောင်ပွဲလေးသို့ရောက်သည့်တိုင်အောင် သွားကြည့်မိတော့သည်။

ကြည့်ရင်းကြည့်ရင်းနှင့်ပင် ကိုရင်စိုင်းတစ်ယောက် ရင်ထဲတွင်နင့်သလိုဖြစ်လာ၏။ မကျေမနပ်နှင့်ပင် သူတို့မင်္ဂလာဆောင်မှတစ်ဆင့် လက်ရှိနောက်ဆုံးတင်ထားသည့် ပုံတွေထိ ပြန်ကြည့်ပြန်သည်။ ထိုမှတစ်ဖန် အရှေ့သို့တစ်ခါ၊ အနောက်သို့တစ်လှည့်နှင့်၊ အနှေးရုပ်ရှင်ပြကွက်များ ပြသနေသည့်အလား…

ယခုမှပင် ကိုရင်စိုင်းတစ်ယောက် မက်ကောင်းကောင်းနှင့် မက်နေသည့် တစ်ကိုယ်တည်း အိမ်မက်ရှည်ကြီးမှ နိုးထလာရသလိုပင်။ ထူးထွေဆန်းလှပေစွဟု ထင်မိတော့သည်။ ကျွန်တော်သိထားခဲ့သည့် နှပ်ချေးတွဲလောင်းကလေးလေးမှာ ယခုတော့ တစ်ကိုယ်လုံးအရိုးပေါ်အရေတင်ပြီး ကလေးတစ်ယောက် ဖခင်ဖြစ်နေသည်ကို တွေးမိလိုက်သည့်တစ်ခဏ ကြီးစွာသော ရှက်ခြင်းလဲ ဖြစ်မိပြန်တော့သည်။ တစ်ကယ်တော့ ကိုရင်စိုင်း အသက်အတော်ကြီးလေပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပုံတွေမှာ လူသားသုံးဦး၏ ဖြစ်တည်ခြင်းများကို အနှေးရုပ်ရှင်ပြကွက်တစ်ခုအနေနှင့်သော်လည်းကောင်း၊ ဘဝသရုပ်ဖော် ပန်းချီကားတစ်ချပ်အနေနှင့်သော်လည်းကောင်း ပြသနေသည်ဟု ခံစားမိသည်။

ဦးစွာပထမ မင်္ဂလာဆောင်အခမ်းအနားမှပုံများတွင် နုနယ်ပျိုမြစ်သော လူသားနှစ်ဦး၏ အနာဂါတ်ဘာမှန်းမသိသေးပဲ ပျော်ရွှင်ကြည်နူး စိတ်လှုပ်ရှားတက်ကြွနေသောဟန်များမှာ အထင်းသား။ တက်ရောက်အားပေး ဂုဏ်ပြုကြသောသူများကို ကိုရင်စိုင်းတစ်ယောက်မှ မသိသော်ငြား သူတို့ကြင်စဦးဇနီးမောင်နှံမှ ဝမ်းသာအားရ နှုတ်ဆက်နေကြသည်များကို မြင်ရသည့်ခဏ အတော်လေးပင် ကြည်နူးစရာကောင်းလှပေစွ။ လွန်ခဲ့သော ၃ နှစ်ကဖြစ်ပါ၏။

ထို့နောက်တွင်မတော့ ၎င်းတို့အခေါ် တူးတူး(၂၂ ရက်နေ့တွင်မွေးသောကြောင့်)လေး လူ့လောကထဲ ရောက်ရှိလာသောအချိန်တွင်မတော့ ကိုရင်စိုင်းညီမှာ နားထင်အနည်းငယ်ချိုင့်စပြုနေပေပြီ။ ထိုအချိန်က ကိုရင်စိုင်းမှာ ကီလို ၂ဝ ကျော်တက်လာသောကြောင့် ဝိတ်ချရန် ပြင်ဆင်နေသောအချိန်ဖြစ်သည်။ ပုံများတွင်မတော့ ကိုရင်စိုင်းညီတစ်ယောက် ဖခင်မေတ္တာတွေ ဖုံးလွှမ်းနေသည်မှာ ဖုံးဖိမရ ပေါ်လွင်လျက်သားနှင့်။ ထို့နောက်တွင်မတော့ ၎င်းတို့သားလေး အမှတ်တရပုံလေးများစွာနှင့်… တစ်နှစ်ကျော်ခန့်ကြာသောအခါ လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်က ကိုရင်စိုင်းထိန်းကျောင်းခဲ့ရသော နှပ်ချီးတွဲလောင်းလေးကို ကိုယ်ပွားပြန်တွေ့ရပြီဖြစ်သည်။ ပန်းပုဆရာတော်သည်ပဲလား၊ ကိုယ်ပွားဆရာတော်သည်ပဲလားတော့မသိ အဖေတူသားလေးတစ်ယောက်အဖြစ်မြင်ရတော့သည်။ ထို့နောက်ပိုင်းပုံများတွင်မတော့ ကိုရင်စိုင်း ဆယ်စုနှစ် တစ်စုခွဲခန့် ပြန်မရောက်ဖြစ်သည့် မေမြို့အမှတ်တရပုံများ၊ ကျိုက်ထီးရိုးမိသားစုဘုရားဖူးပုံများ မြင်ရသောအခါ ကိုရင်စိုင်းညီတစ်ယောက် မျက်နှာအနေအထားအရ သားကိုချစ်သည့် ဖခင်တစ်ယောက်ပုံစစ်စစ်ပေါက်နေပြီဖြစ်သည်။ နားထင်ရိုး၊ မေးရိုးများငေါငေါထွက်လျက်သားနှင့်။

“ဟင်”

ကိုရင်စိုင်းအတော်လေး အံ့ဩသွားပါသည်။ ငယ်စဉ်က အထွေးဆုံးသားလေးမို့ မိဘများ အလိုလိုက်ခံရပြီး ဆိုးချင်တိုင်းဆိုးခဲ့သော နှပ်ချေးတွဲလောင်းလေးမှာ ကိုရင်စိုင်း စိတ်ကူးယဉ်ထားသည့်အတိုင်း အတွေးရှိနေခြင်းကို ပုံလေးတစ်ပုံတွေ့လိုက်သည့်တစ်ခဏ ရင်ထဲဆို့နင့်ခြင်းဖြစ်သွားသည်။ ရင့်ကျက်လာသည့် ညီတစ်ယောက်အနေနှင့်လည်း ဂုဏ်ယူမိသလို သားသမီးကို ချစ်တတ်၊ ဂရုစိုက်တတ်သည့် ဖခင်တစ်ယောက်အနေနှင့်ပါ လေးစားခြင်းလဲ ဖြစ်မိတော့ပြန်သည်။

ပုံလေးမှာတော့….

သူ၏သားလေးအား အမှတ်တရ မွေးနေ့လေးကျင်းပပေးနေခြင်းဖြစ်သည်။
မွေးနေ့ဆိုတော့ တစ်ချို့သောသူတွေများပြောကြပါ၏။ မွေးဖွားခဲ့သည်မှာ တစ်ရက်တည်းဖြစ်သောကြောင့် နောက်ထပ်ဘယ်နှစ်ကြိမ်များ ထပ်ပြီးမွေးနေ့ရှိသေးသလဲဟု။ တစ်ချို့ကြပြန်တော့လည်း ဒီနေ့ ဒီရက်လေးမှာ မွေးဖွားလာခဲ့ဖူးခြင်းကို အမှတ်တရအနေနှင့် ပြန်လည်သတိတရ ကျင်းပကြပြန်သေးသည်။ ကိုရင်စိုင်းငယ်ငယ်ကတော့ သူငယ်ချင်းများ မွေးနေ့လုပ်သည်ဆိုတိုင်း ကိုယ်မွေးဖွားခဲ့သည့် ဆောင်းတစ်ညရောက်တိုင်း ဘယ်အချိန်များ မိဘများမှ မွေးနေ့ဆုတောင်းလေးနှင့် ကိတ်မုန့်လေးကိုများ အမှတ်တရ အံ့အားသင့်အောင် လုပ်ပေးမလဲဟု စောင့်မျှော်နေခဲ့ဖူးသည်မှာ ကိုရင်စိုင်း မိသားစုမှ ထွက်ခွာလာသည့်တိုင်အောင်ဖြစ်သည်။

ဘယ်တုန်းကမှ ဆုတောင်းလဲမရခဲ့သလို့ ကိတ်မုန့်လဲမစားခဲ့ရပါ။ ကိုရင်စိုင်းမှာ တောင်းဆိုပြီးမှ ရလာသည်ထက် လိုလိုလားလားနှင့် ပေးအပ်သည်ကိုသာ လိုချင်ခဲ့သူသာဖြစ်လေသည်။ သို့နှင့်ပင် ကိုရင်စိုင်း ယခုနှစ်ဆောင်းတစ်ညကိုဖြတ်ကျော်ခဲ့ပြီးပြီဖြစ်သည်။ မွေးဖွားခဲ့ဖူးသောနေ့လေးတစ်ရက်ကို တစ်ယောက်တည်း ဖြတ်သန်းနေလျက်သားနှင့်ပင်။ နှစ်စဉ်ထိုနေ့ရောက်တိုင်း ငယ်ငယ်ကတော့ လက်ဆောင်တစ်ခုခု၊ မွေးနေ့ဆုတောင်းတစ်ခုခု ရလိုရငြား မြှော်လင့်နေခဲ့ဖူးသော်လည်း လူလတ်တန်းရောက်လာသည့်အခါတွင်မတော့ ငါ့သားသမီးတွေကျရင် ငါမျှော်လင့်တာတွေ ဖြစ်စေရမဟဲ့ဟုသာ တွေးမိတော့သည်။

ကိုရင်စိုင်းညီ ဖခင်တစ်ယောက် ပီသပါပေ၏။ မျက်နှာတွင်မတော့ ဘဝဒဏ် ရိုက်ခတ်မှုကြောင့် ကံကြမ္မာအထုအထောင်း ပုတ်ခတ်မှုဒဏ်များကြောင့် ပိန်လှီဖျော့တော့နေသော်ငြား၊

မိသားစုသုံးယောက်စာလေးအတွက် ရုန်းကန်လှုပ်ရှားတွေးခေါ်နေရသဖြင့် နဖူးပြင်ကျယ်လာပြီး ဆံပင်တွေပါးလျားနေသည်မှာ ရှိရင်းစွဲထက် အနှစ် ၂ဝ ခန့်မျှ အိုမင်းရင့်ရော်နေသော်ငြား၊

သားကိုချစ်သည့် ပီတိစိတ်ဖြင့် မိဘတစ်ယောက် ချစ်ခြင်းများဖြင့် မွေးနေ့တစ်နေ့တွင် ပြုံးပျော်မြူးနေသည့် ကျွန်တော့်ညီနှပ်ချေးတွဲလောင်းတစ်ဖြစ်လဲ သားတစ်ယောက်၏ ဖခင်ဖြစ်သူအား အထင်ကြီးလေးစားခြင်း ပြုမိလေတော့သတည်း။

စိုင်းကွမ်းခေး
(မန့်သလေးဂွဇွတ်)

10 comments

  • mobile (mandalay)

    December 24, 2012 at 8:19 am

    မွေးဖွားခဲ့သည်မှာ တစ်ရက်တည်းဖြစ်သောကြောင့် နောက်ထပ်ဘယ်နှစ်ကြိမ်များ ထပ်ပြီးမွေးနေ့ရှိသေးသလဲဟု။
    ဒီနေရာလေးကို နှစ်သက်တယ်ဗျာ အားပေးသွားပါကြောင်းးးးးးးးးးးး

  • ခိုင်ဇာ

    December 24, 2012 at 9:48 am

    ဪ။ ကိုရင်စိုင်း တို့က နောက်ကား ကျော်တက်ခံထားရတာကိုး။ :kwi:

  • pooch

    December 24, 2012 at 12:42 pm

    ဇရာရဲ့ သဘောပေါ့ ။ လောကဓံကို စောစောစီးစီးနဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတော့ စောစော အိုတာပေါ့။
    တနည်းရင့်ကျက်လာတာပေါ့။

    အားလုံး အဆင်သင့်ဖြစ်မှ ပြင်ဆင်ပြီးမှရင်ဆိုင်တော့ နည်းနည်းခံသာတာပေါ့ ။ လူတိုင်းကြုံကို ကြုံရမဲ့ သဘောတွေပါ။

    မယူတဲ့လူကြပြန်တော့လည်း သောကနည်းတယ် ဆိုပေမဲ့ တဖက်မှာလည်း သူ့အားနည်းချက်နဲ့သူပေါ့။

    ဘယ်ဘဝကိုပဲ ရောက်ရောက် ဘဝကြီးက ပြည့်စုံတယ်ရယ်လို့တော့ မရှိပါဘူး ။ အကောင်းအဆိုး အကြောင်းအကျိုးလေးတွေ ဒွန်တွဲနေတာပါ။

    ကိုယ်က ရင်ဆိုင်တတ် ခံယူတတ်ရင်တော့ နေရတာ နေပျော်ပါတယ်။

    anyway,
    ပြီးပြည့်စုံတဲ့ မိစုံ ဖစုံ ရှိတဲ့ မိသားစုလေးတွေကို မြင်တိုင်း အားကျတဲ့စိတ်ကတော့ တားမရ ဆီးမရပါ။

    ကျမညီမလေးကိုလည်း မြန်မြန်ကလေး ယူစေချင်ပြီ ။ ကလေးပိစိလေးတွေ ထိန်းချင်လို့ ။
    စကားစပ်လို့ ပြောရရင် ကိုယ်တိုင်လည်း နောက်ကား ကျော်တက်ခံရတာ။
    ရှေ့က ချက်ပလက် အစုတ်ကြီးက ပိတ်နေလို့တဲ့ :mrgreen:

    ကိုရင်စိုင်းတို့များ အဆင့်ကလည်း ကျော်ပါ့ ကလေးအဖေတွေတောင် အားကျနေပြီ 😀

    • pooch ရေ

      ကိုယ်နှစ်သက်ရာလမ်းကို ကိုယ်ရွေးချယ်ကြတာပါပဲ… ကျေနပ်နေရင်တော့ ပျော်စရာကြီးပဲပေါ့
      မလျှောက်ချင်တဲ့ လမ်းတစ်ခုကို ဇွတ်လျှောက်နေရမှသာ မပျော်နိုင်ဖြစ်ရမှာပါ

      အဆင့်ကျော်တာတော့မဟုတ်ပါဘူး… နောက်ဆုံးပန်းတိုင်ကို ရည်မှန်းသတ်မှတ်ထားခြင်းပါ

  • ပီတိလေးနဲ့အားပေးသွားပါတယ် ကိုစိုင်းရေ။
    ခေါင်းစဉ်လေးကိုက ကြည်နူးစရာကောင်းပါရဲ့ရှင် :buu:

  • အရီးခင်လတ်

    December 25, 2012 at 12:05 am

    နေပါဦး။
    မေးစမ်းပါရစေ။
    ကိုရှုံးရေးထားတဲ့ “မိသားစုသုံးယောက်စာလေးအတွက် ရုန်းကန်လှုပ်ရှားတွေးခေါ်နေရသဖြင့် နဖူးပြင်ကျယ်လာပြီး ဆံပင်တွေပါးလျားနေသည်မှာ ရှိရင်းစွဲထက် အနှစ် ၂ဝ ခန့်မျှ အိုမင်းရင့်ရော်နေသော်ငြား၊”
    ဆိုတာလေးကို။
    သဘောက အိမ်ထောင်ကျ ကလေး အဖေဖြစ်ရင် ဖြစ်တတ်တဲ့ သဘောကို မြင်ပြီး တရာလေး ဘာလားများ ကျမသွားဘူးလား။
    အဖြေသိပါတယ်လေ။
    တမင်မေးကြည့်တာ။
    အရီး တူမလေးတွေ ဖတ်ပြီး တရာ ကျ သွားရင် မင်းတော့ တရားခံဘဲ။
    😆

    • အရီးရေ…

      ကျွန်တော့်သဘောအရဆိုရင်ပေါ့.. ကျွန်တော်ငယ်ဘဝက လိုချင်တာတွေသိပ်များခဲ့တယ်ထင်ပါတယ်… မရခဲ့တာတွေချည်းပဲလိုလိုဖြစ်နေတော့လည်း ကိုယ်တိုင်ပဲလုပ်ယူတော့မယ်လို့ စိတ်ကူးရှိပါတယ်.. တစ်ချိန်က ကျွန်တော်ရေးခဲ့တဲ့ အိပ်ယာဝင်ပုံပြင်လေးက ကျွန်တော်အမြဲမက်နေ၊ မျှော်လင့်တောင့်တနေတဲ့ ဘဝလေးပါပဲ… ကျွန်တော်မရခဲ့တာတွေကို ကျွန်တော့်သားသမီးတွေကျရင် ဖြည့်စွမ်းပေးမယ်လို့ အားခဲထားတာကြောင့် ဘယ်လိုပဲကြုံကြုံ ကျွန်တော်ကတော့ ဖခင်တစ်ယောက်ဖြစ်ချင်နေတုန်းပါပဲ..

      တိတိကျကျဆိုရရင်တော့ ဖခင်ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်းပါ။

      • အရီးခင်လတ်

        December 25, 2012 at 5:15 am

        မောင်ရှုံး မိန်းကလေးရော၊ မျိုးဆက်ကလေးတွေပါ အင်မတန် ကံကောင်းမှာ သေချာပါတယ်။
        ဒီလို စိတ်မျိုးရှိတဲ့ ဖခင် ကို ရမှာမို့။
        ဖခင်ကောင်း ဖြစ်ဖို့ ကလေးကို အရမ်းလွှတ်ပြီး အလိုလိုက်မှာတော့ မဟုတ်ဘူး မဟုတ်လား။
        :hee:

  • padonmar

    December 25, 2012 at 3:46 am

    ရှုံးလူကသာ မွေးနေ့ဘယ်ရက်လို့ အသိပေးထားရင် ဒို့ရွာသားတွေက
    ဒီနှစ် ရှုံးလူမွေးနေ့ဆုတောင်းပေးဖို့ တာဝန်ကျေကြမှာပါ။

    • ခုလိုလေး ဆန္ဒရှိတယ်ဆိုတာနဲ့ပဲ ကျေးဇူးတင်ပါတယ် အန်တီရေ
      ကျွန်တော်ကတော့ အထက်မှာ ဆိုခဲ့ပြီးပါပြီ… အဲလိုလူစားမို့ပါ

Leave a Reply