“ဂျလေဘီ့သင်ပုန်း ၂၀၁၂ (သို့) ဆဲဆိုခြင်းအနုပညာ”
မင်္ဂလာပါ မန်းဂဇက် …………။
နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုရောက်တော့ မှာမို့ ရွာသူားအသီးသီး အမှတ်တရလေးတွေရေးကြတော့ ကျနော်လည်း တစ်ခုခုရေးချင်မိပြန်ပြီလေ …..။ ဒါကြောင့် ကျနော်သွားလာလှုပ်ရှားနေတဲ့ဝန်းကျင်က အကြောင်းအရာလေးတွေကိုတွေးမိပြီး ခရီးသွားရင်း ရေးမိပြန်ပြီပေါ ့ ……။
ဒီနေရာမှာတစ်ခုလေး ပြောချင်မိတာက သဂျီးမင်းရဲ ့ ခေါင်းစဉ်တွေကို နှစ်သက်လွန်းလို့ တုပ မှီငြမ်းမိကြောင်းပါ ….။
ခွင် ့လွှတ်ပါ ဦးခိုင်ခင်ဗျာ …….။
“ ဆဲဆိုခြင်း အနုပညာ (သို့) ရသမြောက်သော ဆဲဆိုခြင်း” ဟုဆိုပါလျှင် ကျနော့်ကို ဆဲချင်ကြလိမ် ့မယ် လို့ ထင်ပါတယ်။ ဆဲကြပါလေ….။ မန်းဂဇက်ရွာသားဖြစ်ရင်တော့ နဲနဲလောက်တော့ ဆဲတာ ခံနိုင်ရမှာပေါ ့ …။ ဒါပေမဲ ့ …. သက်သက်သာသာလေးတော့ ရသမြောက်အောင် ဆဲကြပါနော ….။ တော်ကြာ ရှိစု မဲ့စု ပို ့စ်လေး အပိတ်ခံ ထိနေပါဦးမယ် ….။ ကဲ ကဲ … ဆဲလို့ ပြီးကြရင်လည်း ဆဲဆို ခြင်းဆိုင်ရာ ရသလေးတွေကို နဲနဲလောက် တင်ပြပါရစေဦး ……..။
ဒီလိုဗျ ….။
ကျနော် လူတွေကြားထဲ သွားလာလှုပ်ရှားတဲ့အခါမှာ လူပေါင်းစုံနဲ့ ဆက်ဆံရပါတယ် . ..။
ပညာတတ် ၊ ပညာမဲ့ ၊ လူယဉ်ကျေး ….. စသည်ဖြင် ့ပေါ ့ဗျာ ….။ ဒီအခါမှာ အများစုက အကြောင်းအမျိုးမျိုးနဲ့
ဆဲ ရေးတိုင်းထွာတတ်ကြတာကိုလည်း တွေ ့ဖူးကြမှာပါ …။ ဆဲ ဆိုခြင်းအမှုကိုတော့ လူယဉ်ကျေးများနဲ့ တစ်ကွ
ယဉ်ကျေးချင်ယောင်ဆောင်သောသူများက မနှစ်သက်ကြဘူးပေါ ့ဗျာ ။
သို့သော်လည်း ကျနော်တို့လို ယောက်ကျားအများစုက ယောက်ကျားအချင်း ချင်း နဲနဲတော့ တိုင်းထွာသမှုပြုကြတယ်ပေါ့…..။ ဘာပဲဖြစ်ဖြစ် ဆဲတိုင်းတော့လည်း ဆဲချင်လို့မဟုတ်ပြန်ဘူးလေ …။ တစ်ချို ့ ကအကျင် ့ပါနေလို့ ဆဲတယ် …. တစ်ချို ့က “အာလုပ်” စကားအဖြစ် ဆဲတယ် ၊ တစ်ချို ့က …. စကားဆက်အဖြစ် ဆဲတယ် ၊ တစ်ချို ့ကျတော့ ယောင်ယမ်းပြီး ဆဲ တယ် ….၊ တစ်ချို ့က ဒေါသထွက်လို့ ဆဲတယ် …….၊ တစ်ချို့ကျပြန်တော့လည်း….. ချစ်လွန်း လို့ဆဲတယ် …..။ ဟုတ်ပါပြီ ….. ဘယ်လို ဆဲ ဆဲ မသင် ့တာကိုတော့ ငြင်းမရဘူးပေါ ့…..။
သို့သော်လည်း….. တစ်ချို့ အခြေအနေ တစ်ချို ့ အချိန်အခါ တစ်ချို ့နေရာတွေမှာတော့ ဆဲ တာလေးက ချစ်စရာ ကောင်းနေသလားပဲ ….။ ဒီလိုပါ …. မိခင်လုပ်သူက သူ့ရဲ ့ ချစ်လှစွာသော သား….. ရင်မှဖြစ်သော သားးးးးး ကို ကြည်စယ်ရင်းနဲ့ ကလိထိုးပြီး “အေဘေးလေး”….. ဒီလိုလေး ဆဲ
လိုက်တယ်ဆိုပါစို့ …..။ ကျနော်တို့မြင်ရတဲ့သူတွေမှာ မိခင်နဲ့ ကလေး တို့ရဲ ့ ချစ်စဖွယ် သိင်္ဂါရ ရသ လေးများ မြောက်သွားသလားလို့ပါ။
နောက်တစ်ခုက …. ငယ်စဉ် အလယ်တန်းကျောင်းသားတုန်းက ဖတ်ဖူးခဲ့တဲ့ အိုင်ချင်းကဗျာထဲက ဆဲ လိုက်တဲ့ အဖြစ်အပျက်လေးပါ ။ ကဗျာကို အပြည် ့အစုံမမှတ်မိပေမဲ့ ဇတ်ကြောင်းလေးက ဒီလို့ဗျ ……။
အိုင်ချင်းကဗျာတွေ ခေတ်စားခဲ့တဲ့ညောင်ရမ်းခေတ် ရဲ ့ တောရွာလေး တစ်ရွာမှာ ချစ်သူနှစ်ဦးဟာ နှစ်ဖက်မိဘတွေရဲ ့ သဘောမတူလို့ ခွဲထား ခံကြရပုံ ရပါတယ် ..။ တစ်ညနေမှာတော့ ရွာလယ်လမ်းမှာ အမှတ်မထင် ဆုံမိကြပြီး ပုခုံးပေါ်လက်တင်ပြီး အလွမ်းသယ် ကြတယ်ပေါ ့ဗျာ ….။ အဲဒီမှာ ….
သူတို ့ ချစ်သူတွေကို ကွဲကွာစေဖို့ ကတုံး ကတိုက် လုပ်ပြီး ဂုန်းလျော (ကုန်းလျော)တဲ ့ ဒေါ်ကြီး ၊ ဒေါ်လေးများကို ပြောလိုက်ပုံက ….( ဆဲ လိုက်ပုံက ) …
” တို့ချစ်ခြင်းကို၊ ကွင်းအောင်တစေ ၊ နေ့တိုင်းမွှေသည့်၊ သက်ကြီးဝန်တို ၊
မြင်တိုင်းမုန်းစရာ့ ကုန်းမအို
(ဂုန်းမအို) ရေလိုခန်းခြောက်ပါစေသား” ……… တဲ ့ ….။
ဒီနေရာမှာ ဂုန်းမ (ကုန်းမ) ဆိုပြီး ဆဲရေး တိုင်းထွာ ကျိန်ဆိုလိုက်ပေမဲ ့ ရုတ်ရင် ့ကြမ်းတမ်းတဲ့ ရုဒ္ဓရသ ကို မခံစားရပဲ ချစ်သူနှစ်ဦးကို ကရုဏာစိတ်ပိုကဲမိလို့ ကရုဏာရသလေးများ မြောက်သွားမလားပဲ ………။
ဒီတစ်ခါကတော့ ကိုယ်တွေ ့လေးပါ ….။
တစ်ခါက ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်ရင်း ဦးလေးကြီး တစ်ဦး နှာချေနေတာနဲ့ ကြုံရပါတယ် ….။ နှာချေတာများ အကြိမ်(၂၀)လောက်ရှိလားပဲ …. ဆက်တိုက်ဆိုသလို နှာချေပြီးတော့ နောက်ဆုံးမှာ ဆဲလိုက်ပါရော …..။ ကျနော်လည်း ရီချင်လွန်းလို့ လျှာကို သွားနဲ့ကိုက်ထား
လိုက်ရတယ် ….. သူဖြစ်ပုံက ဒီလိုလေ ….။
“ ဟတ်ချိုး…ဟတ်ချိုး….ဟတ်ချိုး …………..ဟတ်ချိုး …..ဟတ်…ဟတ်….ဟတ်
ချိုး….နင် ့အ မေ ရိုး …” တဲ ့ ……။
ကဲ ကြည် ့ဗျာ …..။ ကျနော် ရီချင်တာ လွန်သလားဗျာ ….။ အဲဒီမှာ သူ့ ဆဲလိုက်ပုံက ဟတ်ချိုးနဲ့ ကာရံညီပြီး ဟာသရသ လေးများ မြောက်နေသလားလို့နော် ………။ နောက်ထပ် တွေးပြီး ပြုံးမိစေတဲ့ စလေဆရာကြီးဦးပုညရဲ ့ဆဲရေးတိုင်းထွာတဲ့ အရေးအသားလေးပါ …။ မြို ့ဝန်မောင်အိုးသို့ ပေးသော မေတ္တာစာမှာလို့ထင်ပါတယ် …..။ သွားပုတ်လေလွင် ့ပြောတတ်တဲ့ မောင်အိုးရဲ ့
ပါးစပ်ကို ဘယ်လိုများနှိုင်းလိုက်လဲဆိုတော့ … “ ပါးစပ်နဲ့ မအား ၊ လဲ၍ထားသလို” ဒီလိုလေး ရေးထားပါတယ် ။ ဒီနေရာမှာ “ မအား ” ဆိုတာဘာလဲလို့ ဆိုရရင် ……. ခွင် ့လွှတ်ပါ အဓိပ္ပါယ်သိမှ ဖြစ်မှာမို့ ပြောရပါမယ် ..။ အမျိုးသားအင်္ဂါ လို့မှတ်သားခဲ့ရပါတယ် ။ ဆဲရေးတိုင်းထွာလိုက်ပေမဲ့ ဖတ်ရသူမှာ ဟသရသ မြောက်ပြီး ပြုံးမိစေပါတယ် ။
အဲ … တစ်ခုရှိတာက အာသံ ၊ လျှာသံ နဲ့ ဌန် ကရိုဏ်း ကျကျ ဆဲပြီဆိုရင်တော့ ကြားရသူမှာ နားမခံသာဘူးဗျို ့။ ဒါမျိုး ဆဲတာကတော့ ငါးစိမ်းတန်းမှာရန်ဖြစ်တာတို့ သင်္ဘောဆိပ်မှာ ဈေးသည်တွေ နေရာလုရင်း ရန်ဖြစ်တာတို့မှာ တွေ ့ရမှာပါ ။ ဒီလိုဆဲသံတွေကတော့ စက်ဆုပ်ဖွယ်ရုတ်ရင် ့ ကြမ်းတမ်းပြီး ရုဒ္ဓရသ ၊ ဝိဘစ္ဆ ရသ နဲ့ ဘယာနကရသ တို့ ကိုခံစားရစေမှာပါ ….။ ဒီနေရာမှာ ကိုယ်တွေ ့လေးနောက်တစ်ခု ပြောချင်တာကတော့ ဆဲဆိုကြရာမှာ အဓိပ္ပါယ် မသိလည်း ဌန် ၊ ကရိုဏ်း ကျကျ ဆဲနိုင်ရင် နာစရာ ကောင်းလှပါတယ် …..။
တစ်ခါတုန်းက ကျနော်နဲ့ ယိုးဒယား တစ်ယောက်တို့ အကြီးအကျယ် စကားများကြပါတယ် ။ ယိုးဒယားကောင်က စပြီးဆဲတယ်ပေါ ့ဗျာ။ ဘယ်ရမလဲ ကျနော်လည်း အားကျမခံ ဗမာလိုပြန်ဆဲတာပေါ ့ ။ ဒီကောင် ထိုင်းဘာသာစကားနဲ့ ဆဲ တာကို ကျနော်နားမလည်ပဲ နာ တတ်သလို ကျနော်ဗမာလိုဆဲတာကိုလည်း ဒီကောင်ကနာသဗျ ။ ကျနော်လည်း နောက်ထပ် “ကရင်” လိုပါ ဆဲပစ်လိုက်ပါသေးတယ် …။ ဒါလည်း ဒီကောင်နာတာပဲဗျ ….။
ဆိုတာ့ …..
ပီပီ ပြင်ပြင် ဌန် ၊ ကရိုဏ်း ကျကျ ဆဲရင်ဖြင် ့ ရသ မြောက်ပြီး ခံစားလို့ရပါတယ် …..။ (ခံစားမှု ဆိုးဆိုး ပေါ ့ဗျာ ) …. ဒါကြောင့် ဘေးကကြည့်နေသူ အဖို့မှာ အမ္ဘုတရသ ကိုခံစားပြီး အံဩရမယ်ထင်တယ်ဗျို ့ ….။
နောက်ထပ် ဝီရ ရသ မြောက်စေတဲ့ ဆဲ ခြင်းကိုတော့ ရုပ်ရှင်တွေမှာ တွေ ့ရမှာပါ….။ ကိုယ် ့ဘက်က ဇတ်လိုက်က ရန်သူနဲ့ချရင်း ဆဲ တယ်ဆိုပါတော့ …… အင်း းးးးး အားတက်ပြီး ဝီရ ရသလေးများ မြောက်သွားမလားလို့ ။
ဒီလိုလေ “ ခွေးမသား ဖက်ဆစ်တွေကို မျိုးဖြုတ် ပစ် ဟေ ့ ….” ဒီလို ဆိုရင် ရုပ်ရှင်ကြည် ့ရင်း စိတ်အားတက် ကြွလာမယ် ထင်ပါတယ် ………..။
အဲဒီမှာ ပြောစရာရှိတာက သန္တရသ နဲ့ ကရုဏာရသ ကိုခံစားရစေတဲ့ ဆဲဆို သမှုပြုတဲ့ အဖြစ်အပျက်လေးလည်း ပြောချင်သေးတယ်ဗျို ့ …….။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်လောက်က ကျနော် ့ရဲ ့ စပယ်ယာ တစ်ယောက်ဟာ သစ်လုံးကားမှောက်ပြီး သေကံမရောက် သက်မပျောက်ပဲ လွတ်မြောက်ခဲ့ပါတယ် ….။ အဲ ….အိမ်ကိုလည်း ပြန်ရောက်ရော သူ ့မိန်းမက ငိုကြီးချက်မနဲ့ ပြေးထွက်လာပြီး ယောက်ကျားလုပ်သူကို ဖက်ပြီး နမ်းတယ်လို့များ ထင်သလားဗျာ …..။ မဟုတ်ဘူးဗျို ့ …. လုံးဝ တက်တက်စင်အောင်မှားပါတယ် ….။ ဘာလုပ်သလဲဆိုတော့ ……
ယောက်ကျားကို ဗိုက်ကြောဆွဲလိမ်ရင်း “ သေချင်းဆိုး ဟင် ….သေနိုင်ခဲကြီး …ဒီကားကို မလိုက်ပါနဲ့လို့ ပြောနေတာမရဘူး …. ငါလုပ်ကျွေးမှာပေါ ့ ဟဲ ့…” လို့ အားရပါးရ ဆဲပြီးမှ ငိုတာဗျို ့…..။ သူုတို ့ လင်မယား အလွမ်းသယ်ပုံက တစ်မျိုးပါ ….။ သူ ့စရိုက်သူ ပေါ ့လေ ….။ ဒီမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ရတဲ့ ကျနော် ့မှာ ကရုဏာသက်ပြီး ခေါင်းတညိ်မ် ့ ညိမ် ့ နဲ့ စိတ်ချမ်းသာ ရတာပေါ့လေ …..။ ဒါတွေကတော့ ဖြစ်ရပ်လေးတွေကပံ ့ပိုးပြီး ဆဲဆိုခြင်း အဓိပ္ပါယ်ကို မှိန်သွားစေရင်း ရသလေးတွေ ခံစားရစေမယ် ထင်တယ် …။
ကိုယ်တွေ ့နောက်တစ်ခုကတော့ ………
တစ်ခါက နယ်မှာနေတဲ့ ဦးလေးဝမ်းကွဲ တစ်ယောက်က ရန်ကုန်ကို ရောက်လာပါတယ် ….။ ကျနော်လည်း သူတို့ကြိုက်တတ်တဲ့ ဂျေဒိုးနတ် မုန့်ဆိုင်ကို ခေါ်သွားတာပေါ ့လေ ။ ဟိုရောက်တော့ မုန် ့တွေက ပြတ်သလောက် ရှိနေပါပြီ ။ မုန် ့လက်ကောက်လို အကွင်းလိုက် မုန် ့ ရိုးရိုးနဲ့
အဲဒီ အကွင်းလိုက်ပေါ်မှာ ချောကလက်အုပ်ထားတဲ ့ မုန် ့ပဲရှိတော့တာမို့ နှစ်ခုလုံးချပေးလိုက်တာပေါ ့ …။
ဦးလေးက မုန် ့တစ်ခုကိုကောက်ကိုင်ပြီး ပြောလိုက်ပုံက “ ဟ… ငါ ့လခွီး အတော်ဘဲ ” တဲ့ ……။
ကျနော်လည်း အားရပါးရ ရီ(ရယ်) ပစ်လိုက်တာပဲဗျို ့ ….။ မုန် ့ကို ကိုင်ပြီး သေသေချာချာ ကို ဖင် လှည် ့ ခေါင်းလှည် ့ ကြည် ့ပြီးမှာပြောတာဆိုတော့ …… စဉ်းစားကြည် ့ပေတော ့ဗျာ ….။
သူ ့ အဆဲလေးက အကျင် ့ပါနေလို့ ဆဲရင်း စားချင်နေတုန်းမှာ ဂျေဒိုးနတ် မုန် ့ကိုစားရလို့ အားရဝမ်းသာ ပြောလိုက်တဲ ့ “အာလုပ်” စကားလေးပါ ….။ ဟာသရသလေး ပဲဆိုပါတော့ ……………..။
ဒီတော့….. ဘာကြောင့်ဆဲဆဲ ဘယ်ဘာသာ မှာမှကောင်းတယ်လို့ ဆိုမယ်မထင်ပါဘူး ….။
သို့သော်လည်း …….
လူမျိုးအသီးသီး ဘာသာစကားအသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့တော ့ ရှိနေဦးမှာပါ ….။ နောက်တစ်ခုက ခံစားချက်ကို ဖွင် ့ထုတ်တဲ့အနေနဲ့ လည်းဆဲတတ်ကြပါတယ် …။ ကျနော် ့အနေနဲ့က ဆဲ ဆိုခြင်းအမှုကို ထောက်ခံခြင်း ၊ ကန် ့ကွက်ခြင်း မပြုသလို နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်းဆိုတဲ့ ခံစားမှုလည်း မထားပါဘူး ။
အချို ့သော ဆဲဆို တိုင်းထွာခြင်းတွေဟာ ရသ တစ်ခုခုမြောက်တယ်ဆိုရင်ဖြင် ့ ….. ရသတွေကို ပေးစွမ်းနိုင်တဲ့ အနုပညာလို့ ဆိုရရင် ……………………………………။
လေးစားစွာဖြင် ့
မောင်ဆာမိ
53 comments
ခင်ခ
December 31, 2012 at 9:19 am
ဆဲဆို တိုင်းထွာခြင်းသည်လည်း အနုပညာမြောက်သတဲ့လား ကိုဆာမိရေ။
ဒီပိုစ့်လေးဖတ်ပြီး ဆဲဆိုလိုသူများအတွက်တော့ ဒီလိုတွေးမိပါရဲ့
၂၀၁၃ တွင် ရွာသူရွာသားများ ဆဲဆိုနှစ် ဖြစ်ကြလေကုန်ရာ၏။
surmi
December 31, 2012 at 10:17 pm
အစ်ကိုခ ရေ ….
စောစောစီးစီး အားပေးသွားတာကျေးဇူးပါဗျာ ။ သွားရင်းလာရင်း မတူတဲ့ဝန်းကျင်နဲ့
မတူတဲ့ အသိုင်းအဝိုင်းမှာ ဟိုတွေးးီတွေးနဲ့ ရေးမိသွားတာဗျို ့ …
အမှန်တော့ ဆဲစေချင်လို့ မရည်ရွယ်ပါဘူးခင်ဗျ …. 🙂
ခိုင်ဇာ
December 31, 2012 at 10:03 am
ခွိ။ ကိုဆာမိ ပို့(စ) ကို မျှော်နေတာ ဘာတွေဘယ်လို ဆဲ မတုန်းလို့။ အရေးအသားကတော့ ဖတ်လို့ကောင်း။ ရီလည်း ရီရနဲ့။ ရွာထဲ ဆဲတာတွေများ ခေတ်စားဦးမလားပဲ။ :kwi:
အနော်တို့ သူငယ်ချင်းတွေကြားထဲတော့ ဆဲဆိုခြင်းသည် ရင်းနှီးခြင်း ချစ်ခင်ခြင်းလို့ ပြောရမည်ဖြစ်၏။
အမေအဖေ ဆဲတာတော့ ချစ်စနိုးပဲ ဖြစ်၏။
surmi
December 31, 2012 at 10:24 pm
@ဒေါ်ခိုင်ဇာ ….
ကျုပ်က မဆဲပါဘူး ဗျာ … ဟဲ ဟဲ
ရွာထဲ ဆဲတာကတော့ ရိုးနေပါပြီ …။
ကိုကြီးပေါက်ပြောသလိုပဲ တစ်ချို ့က ရွဲ ့ပြီး ဆဲခံချင်လို့ရေးတယ်တောင်ရှိသေးဗျာ …
ဘာပဲဖြစ်ဖြစ် အခြားရှုထောင့် တစ်ခုက တွေးကြည် ့တာပါ ။
:hee:
@မမွန်မွန်
မမွန်မွန်ရဲ ့ စကားလုံးအတွက်ကတော့ ဖြစ်ရပ်လေးသိမှ ဖြစ်မှာမို့
အရင်ပြောစေချင်ပါကြောင်း … 🙂
လုံမလေးမွန်မွန်
December 31, 2012 at 10:06 am
ဦးဆာမိရေ..လုံမလည်း ဆဲတတ်တယ်.. “နင့်မေကြီးတော်” တဲ့..
အိုက်ဒါ ဘာရသမြောက်လဲဟင်… 🙂
Shwe Tike Soe
December 31, 2012 at 10:10 am
ဟုတ်ပကိုဆာမိရေ.. ဆဲတာတောင် ချစ်စနိုးနဲ. ဆဲတာလဲရှိသကိုးဗျ..
တစ်ခါတလေ ကောင်မလေး တစ်ယောက် အရမ်းကို ချစ်စရာကောင်းလို. ရှေ.ကဖြတ်သွားရင် ကိုယ်နဲ.လဲ ရည်းစားမဟုတ် တပ်မက်မှုကလဲ ဖြစ် အားမလိုအားမရနဲ. မသာမလေး ချောတာကွာ ဆိုပြီး ဆဲမိတာလဲ ရှိသကိုးဗျ.. ဟိဟိဟိ..
ဘောလုံးပွဲလဲ ကြည့်အုံး အရင်တုံးက မန်ယူက နစ္စတယ်လ်တွိုင်းကို အရမ်းအပြေးမြန်တော့ ဟာကွာ ငါ့ကောင် ကောင်းတာကွာ မြင်းနဲ့စပ်ကျသလား တောင်ထင်ရတယ်.. ငါ့xxxx… ဆိုပြီး ဆဲမိတာလဲ ရှိသကိုးဗျ…
အော် ဆဲဆိုခြင်း အနူပညာ ပေါ့နော်…… ကြိုက်သဗျာ..
ဗုံဗုံ
December 31, 2012 at 10:12 am
ဦးဦးဆာမိပြန်လာပြီလား မုန့်တွေမှာလိုက်တာနော် ပါခဲ့လား ဦးလေးဆာမိက ရွာထဲကို ဆဲပြီးမှဝင်လာတယ်တော့ :harr:
surmi
December 31, 2012 at 10:36 pm
@ကိုရွှေတိုက် ရေ ….
ယောက်ကျားအများစုဖွဲ ့နေတဲ့နေရာမှာ ရှောင်မရဘူးဗျို့ ့ …
ကျုပ်လည်း ယောက်ကျားတွေချည်းသာ ရှိတဲ့နေရာကိုရောက်သွားတုန်းက (ထောင်မဟုတ်ပါ) 🙂
ဟိုတွေးဒီတွေးနဲ့ ပေါ ့ ။ မိုးလင်းတာနဲ့ ဆဲသံ စ ကြားနေရတာလေ ။
ဒီတော့ စိတ်ညစ်ညစ်နဲ့ ခံစားမှုပြောင်းကြည် ့ တဲ့သဘောပါ …
ဘောပွဲတွေမှာတော့ လူအများနဲ့ ကြည် ့ရင် သိတဲ့အတိုင်းပဲလေ ….ဟဲ ဟဲ
@မဗုံဗုံရေ
မှာလိုက်တာလည်းသိပါရဲ့ ့ …
သတိလည်းရပါရဲ ့ …
သွားရတဲ့နေရာက မြို ့မဟုတ်တော့ … 🙂
အကြွေးမှတ်ဗျာ ……
@မမွန်ကစ်
ဂျလေဘီ ရောင်းမကောင်းရင် မဆဲဘူးဗျ …
ကျုပ်က အကုန်လုံး စားပစ်လိုက်တာပဲ …..
:harr:
Mon Kit
December 31, 2012 at 10:55 am
ဦးဆာမိ.. ဂျလေဘီ မရောင်းရလို့ စိတ်တိုရင် ဘိုဆဲရဲဟင်??? :kwi:
San Hla Gyi
December 31, 2012 at 1:14 pm
ကိုဆာမိရေ
ဒါက ဒီလိုရှိတယ်ဗျ။ ကြုံတုန်း ဝင်ပွားလိုက်အုံးမယ်။ ကိုဆာမိ ပြောသလို တချို့က အကျင့်ပါနေလို့ ဆဲတာလည်း ရှိတယ်။ ကြွားတာကို အကျင့်ပါနေလို့ ကြွားနေရတာလည်း ရှိတယ်။ မကောင်းတဲ့အကျင့် အကြာကြီး စွဲစွဲမြဲမြဲ လုပ်ခဲ့တော့ ဖျောက်ဖို့ခက်သားလားဗျာ။ ကျနော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာအရ မကောင်းတဲ့အကျင့်ကို ဝါဿနာနဲ့တကွပယ်နိုင်တာ မြတ်စွာဘုရားရှင်ပဲ ရှိတယ်။ ရဟန္တာမထေရ်ကြီး တွေတောင် ကိလေသာတွေ မရှိတော့ပေမယ့် သူများကို မထိခိုက်နိုင်တဲ့ အသေးအဖွဲ အကျင့်လေးတွေ ကျန်နေတတ်သေးတာကိုး။
မြတ်စွာဘုရားရှင် လက်ထက်တုန်းကလည်း ပိလိန္တဝစ္ဆဆိုတဲ့ မထေရ်ကြီးတပါးဟာ ရဟန္တာကြီးပဲတဲ့။ တန်ခိုးလည်း အရမ်းကြီးတယ်။ ဒါပေမယ့် ခုနပြောသလို ဆဲတာ ဆိုပါတော့ဗျာ။ တကယ်က ဆဲတာတော့ မဟုတ်ပါဘူး။ မထေရ်မြတ်ဟာ ရှေးဘဝတွေတုန်းက ဘဝပေါင်းများစွာ အထက်တန်းကျတဲ့ ပုဏ္ဏားမျိုးမှာ ဖြစ်လာခဲ့သတဲ့။ ဒီတော့ သူများတွေကို သူ့လောက် မမြတ်ဘူး ဆိုတဲ့ အနေနဲ့ “သူယုတ်” “သူယုတ်” ဆိုတဲ့ အနေနဲ့ နှိမ့်ချဆဲရေးခဲ့ဖူးသတဲ့။ ရှေးဘဝတွေနဲ့ ရဟန္တာမဖြစ်ခင်က ဆိုပါတော့။ ရဟန္တာဖြစ်ပြီးတော့ အဲဒီလို နှိမ့်ချချင်တဲ့ စေတနာ မရှိတော့ပေမဲ့ တခါတရံ ပါးစပ်က ယောင်ပြီး ထွက်တတ်သတဲ့။ အဲဒါကြောင့် လူတွေနဲ့ နီးတဲ့နေရာမှာ မနေပဲ တောကျောင်းကလေးတခုမှာ သွားသီတင်းသုံးရှာတယ်။
အဲဒါ တနေ့တော့ ဆွမ်းခံကြွလာတုန်း ပိတ်ချင်းသီး ကုန်သည်တယောက်က သူရောင်းဖို့ ပိတ်ချင်းသီးတွေကို လှည့်နဲ့ အပြည့်တိုက်လာတုန်း မထေရ်က ယောင်ပြီး ဟဲ သူယုတ် လှည်းပေါ်က ဘာတွေတုန်းလို့ မေးလိုက်မိသတဲ့။ အဲဒါ ဒကာက စိတ်ဆိုးပြီး ကြွက်ချေးတွေဘုရား ကြွက်ချေးတွေလို့ ပြောလိုက်တာနဲ့ လှည်းပေါ်ကကုန်တွေ အားလုံး ကြွက်ချေးတွေ ဖြစ်ကုန်ရောတဲ့။ နောက်တော့မှ သူ့ကို လူတွေက ဝိုင်းပြောတာနဲ့ လာတောင်းပန်ပြီး လှည်းပေါ်ကဟာတွေက ပိတ်ချင်းသီးတွေပါ ဘုရားလို့ လျှောက်လိုက်မှ အကုန်နဂိုအတိုင်း ပြန်ဖြစ်ကုန်တယ်တဲ့။
ကဲ ဒီတော့ ဆဲတဲ့ ဝါဿနာလေးတွေ မစွဲမြဲသွားခင် အကျင့်ဆိုတာ လူက လုပ်တာမို့ ကြိုးစားပြီး ပြင်ကြည့်ကြရအောင်။ မလွယ်တော့ မလွယ်ပါဘူး ကိုဆာမိရေ။
surmi
December 31, 2012 at 11:00 pm
@ကိုစံလှကြီး ခင်ဗျာ …
အစ်ကိုရှင်းပြတာ တကယ်ဗဟုသုတရပါတယ် ဗျာ …
ဘယ်လိုဆဲဆဲ မကောင်းတာသိပေမဲ့ တစ်ချို့ ့ နေရာတွေမှာ ၊ တစ်ချို ့အသိုင်းအဝိုင်းမှာ
ရှောင်မရပါဘူး ….. ဝါသနာအစွဲလေးတွေပေါ ့နော ….
ကျနော်လည်း အကြောင်းကြောင်းကြောင် ့ အလုပ်သဘောအရ အပြင်မှာ သတိထားပါလျှက်
ဆဲမိပေမဲ့ …. ရွာထဲမှာတော့ မဆဲ ဖူးပါဘူး ….
အားပေးတာ ကျေးဇူးနော …..
@ကိုအောင်ရေ ….
အစ်ကိုပြောသလိုပဲ ဘာသာစကားတွေသင်ရင် မကောင်းတာအရင်တတ်သဗျ
ကျနော်လည်း ကရင်မိတ်ဆွေတွေနဲ ့ နေတုန်းက ကောင်းတာတွေ မတတ်ပဲ
အဆဲ ကိုသာ တတ်လိုက်တာဗျို ့ …. အဲ ….
ရိုး ရာတာလဘော ဟင်းချက်နည်းလေးတော့ မှတ်မိနေသေးတယ်
တစ်နေ ့ကျရင် တော့ ရေးဦးမယ် ။ ကိုထူးဆန်းကိုလည်း အကြွေးဆပ်ရင်းပေါ ့ …
koaung
December 31, 2012 at 2:16 pm
ဘယ်ကမှန်း ဘယ်သူမှန်း မသိကြဘဲ မမြင်ကွယ်ရာဆိုပြီး ဆဲကြပြောကြငြင်းကြတာကလည်း မြန်မာနိုင်ငံတခုထဲမဟုတ်တာအမှန် ဆိုတော့ကာ အပြင်မှာသာတွေ့ကြည့် မတွေးရဲစရာဘဲ အလယ်အလတ်လမ်းဘဲ လျောတ်စေချင်တယ်
koaung
December 31, 2012 at 2:24 pm
တခုတော့ဝန်ခံပါရစေ ဘာသာစကား အသစ်တခုကိုလေ့လာတိုင်း ဆဲတာကစသင်ရပါတယ် စတတ်ပါတယ်
koaung
January 1, 2013 at 7:33 am
စိတ်ထင်သလိုု ပြောကြငြင်းကြလိုု ့ ကိုုယ့်ကွန်မင့်တောင် ကိုုယ်မပြင်နိုုင်တော့ဘူး ငါးခုုံးမတကောင်ကြောင့်
တလှေလုုံး မပုုတ်ပါစေနဲ ့ ဗျိုုး
Mobile
December 31, 2012 at 2:55 pm
(—————) ကိုဆာမိကြီးရေ ဝင်ဆဲသွားပါကြောင်း အဲမှားလို့
ဝင်ရောက် အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
:harr:
surmi
December 31, 2012 at 11:06 pm
ညီလေးမိုဘိုင်းရေ ….
နုတ်ဆက်တာ တွေ ့တယ်ကွာ
ကျုပ်ပြန်ရောက် ….မောင်ရင်အထွက် …
တစ်နေ ့ပြန်ဆုံဦးမှာပါ ….
@ကိုရင် ဖောဂိုင်း ရေ ….
ရွာထဲမှာ ဖွင် ့စရာမလိုဘူးဗျို ့ … မိချောင်းမင်း ရေခင်းပြသလို ဖြစ်လို့ ကျုပ်ပြေးနေရပါဦးမယ်
:hee:
Fall Guy
December 31, 2012 at 3:13 pm
ဆဲဆိုခြင်းကလဲပညာရပ်တစ်ခုပါဘဲလား……။
အနုပညာမြောက်အောင်ဆဲနည်းသင်တန်း ရွာထဲမှာဖွင့်လိုက်ပါလား ကိုဆာမိရေ…….
Shwe Ei
December 31, 2012 at 3:48 pm
အန်ကယ်ဆာရေ သများတို့တော့ သယ်ရင်းချင်းချင်း
သောက်ရမ်း ရင်းနှီးလာရင် သောက် တလုံးတွင်တွင်သုံးပီး ဆဲကြတော့တာဘဲ။
ဒေါသထွက်လဲ ဆဲ၊ ချစ်လဲ ဆဲ နဲ့အကျင့်ကြီးကိုပါလို့။
နယ်မှာဆိုပိုဆိုးသေး။ အိမ်ကညီအကိုမောင်နှမအရင်းတွေရော ဝမ်းကွဲတွေရော
စုမိရင် ဟက်ကောင်မ ညဉ်းတော့လား ငါတော့လား နဲ့အားပါးတရပြောကြတာ ခိခိ။
လုပ်ငန်းခွင် မှာတော့ ဘာဘဲပြောပြော အိန်ဒရေရသယောင် ယဉ်ကျးသယောင်
နေရတာပေါ့လေ။ အပေါ်ယံ ယဉ်ကျေးပြပြီး အတွင်းထဲမှာ ကျိတ်ပြိုင် ကျိတ်ပုပ်နေကျတဲ့
လူတွေကို တွေ့ရဖန်များလာတော့ ကိုယ်လဲ ယဉ်ကျေးချင်ယောင်ဆောင်တတ်နေဘာဘီ ဟိ။
မယုံရင် လုံးဝမရင်းနှီးသေးခင်မှာ ဒေါ်ရွှေအိနဲ့ စကားပြောကြည့်၊ မဆဲတတ်ချင်ယောင်ဆောင်ပြမယ်။ :harr:
surmi
December 31, 2012 at 11:19 pm
ဒေါ်ရွှေအိ ခင်ဗျ
ယုံပါတယ်ခင်ဗျ …. 🙂
တစ်ခါတစ်လေ ကျုပ်လည်း ယဉ်ကျေးချင်ယောင်ဆောင်နေတဲ့ လောကကို သရော်ချင်ပါတယ်
တစ်ချို ့လူတွေကလည်း ပွင် ့လင်းတာနဲ ့ ယဉ်ကျေးတာကို ရောထွေးချင်ကြတယ်လေ
ဟန်ဆောင်တာတွေကို စိတ်ကုန်လို့ အလုပ်တောင် လုပ်မစားချင်အောင်ပါပဲ
ခက်တာက ….လူ ့သဘောကို က ……
@အစ်ကိုကြီးပေါက်ရေ ….
အစ်ကိုပြောတာကို လက်ခံပါ ့ဗျာ ….။
ကျနော်လည်း ဆဲသံတွေ ကြားထဲရောက်နေတုန်းကအာရုံပြောင်းခံစားကြည် ့တာပေါ ့နော်
အခြေအနေ ၊ ဟန်ပန်အမူအရာတွေက အဓိပ္ပါယ်ကို အလေးအနက်ပြုတာပေါ ့နော
ရွာသားထဲမှာ အစ်ကိုပြောသလို ရေးဖူးသူကတော့ တစ်ယောက်မကဘူးထင်တယ် ….
ကျနော်တောင်မှ လွတ်ပါ ့မလားမသိ ….ဟဲ ဟဲ
အခန် ့မသင် ့ရင် ကျနာ်လည်း အဆဲ ခံထိမှာ …..
ကိုပေါက်(မန္တလေး)
December 31, 2012 at 4:04 pm
ကျနော်အမြင်က ဆဲတယ်ဆိုတဲ့ စကားလုံးက သတ်မှတ်ချက်လို့ဘဲမြင်မိပါတယ်။
ကောင်းသောလား ဆုးိသောလား ခွဲခြားနိုင်တာက ထွက်လာတဲ့လေသံကိုဘဲမူတည်ပြီး ဆုံးဖြတ်ရမယ်ထင်ပါတယ်။
ဒါပေမယ့် သူငယ်ချင်းချင်း စကားပြောရင်း ဆဲကြဆိုကြတာကတော့ ဆဲပြီးရင်လေးထဲပျောက်သွားတော့
ပြဿနာမရှိပါ။
စာထက်အက္ခရာတင်ရင်တော့ အမြဲတင်ကျန်နေမှာဖြစ်တဲ့အတွက် ဘယ်လိုလေသံနဲ့ဆဲဆဲ
မဆဲသင့်ဘူးလို့ထင်ပါတယ်။
ဒါပေမယ့် ရွာသားထဲမှာ အဆဲခံချင်လို့ ရေးတာဆိုပြီး ရေးခဲ့ဘူးသူရှိတယ်နော်။
•*¨နန်းတော်ရာသူ •*¨
December 31, 2012 at 7:12 pm
ကိုဆာမိရဲ့အနုပညာအမြင်လေးကိုအားပေးခဲ့ပါတယ်ရှင်။
ကျွန်မကတော့ဒီလိုထင်တယ် ယောက်ျားလေးတွေနဲ့မိန်းကလေးတွေ နားခံစားချက်ပဲမတူလို့လားမသိဘူး။
ကျွန်မရှေ့မှာဆဲတာဆိုတာကြားရင် အလိုလိုရှက်လာမိတယ်။
ဟန်ဆောင်ပြီးမကြိုက်တာမျိုးမရှိဘူးနော်။
ဘယ်လောက်ချစ်ခင်ရင်းနှီးတဲ့ပုံစံနဲ့ပဲဖြစ်ဖြစ် တခြားနည်းနဲ့ဖော်ပြတာပဲကြိုက်တာ
ပစ္စည်းတွေထည့်ခိုင်းနှိုင်းတာတို့ဘာတို့ဆို ပြောတဲ့လူအစား မျက်နှာတွေအန်းလာတယ်။
ကျွန်မအမြင်လေးကိုဆာမိကိုပြောပြတာပါရှင်။
ဘယ်သူ့အမြင်ကိုမှမဝေဖန်ပါ။
surmi
December 31, 2012 at 11:32 pm
ဓာတုကလျာရေ ့ ….
ကျုပ်နာလည်ပါတယ်ဗျာ ….
မိန်ကလေး အများစုက ဒီလိုပါပဲ …
အိမ်က ဇနီးဆိုရင် အဲသလို ဆဲ တာမကြိုက်လို့ သူနဲ့ရပြီးကတဲက အကျင့် လေးတွေ မှိန်သွားတာလေ
သူတို့ နန်းတော်ရာသူတို့ က အဓိပ္ပါယ်ကို ဖွင် ့ဆိုခံစားပစ်တယ်ထင်တယ် …
ဒါကြောင် ့ ဒီအသံကြားရင် အလာဂျီ ဖြစ်ချင်တာပေါ ့ … :harr:
@ဗျို့ ့ ကိုရွာစား မင်းနန်
ရှင်မွေ ့လွန်း ကိုချော ့လိုက်ပေါ ့ဗျာ …
ဘယ် ့နယ် အနုပညာမြောက် ဆဲရမှာတုန်း …
ကျုပ်မြှောက်ပေးလို့ ဖြစ်နေပါဦးမယ် …. 🙂
မင်းနန္ဓာ
December 31, 2012 at 7:27 pm
ခုတလော အိမ်ကဟာကြီးနဲ့ သိပ်အဆင်မပြေဘူး
ပြောရဆိုရတာများလာတော့ အဆဲလေးတွေ ပါနေကာမှ
ကိုဆာမိက အနုပညာမြောက်ဆဲရမတဲ့
ဘယ်လို ဆဲရမတုန်းဗျာ..
..ဟူး တွေးရတာ ရှုပ်ပါတယ်
ဖေ့စ်ဘုတ်က အနုပညာမြောက်သူလေးတွေ သွား ဂလုတာပဲကောင်းတယ်..
သွားဖွမနေနဲ့အုံးနော်.
တော်ကြာ ကျုပ်နဲ့ သောက်စကားများနေရအုံးမယ်…
(ဝင်နောက်သွားပါတယ်.. :harr: )
မောင်ပေ
December 31, 2012 at 9:17 pm
ကရင်ဆာရေ
ကရင်ဆာ က ကျုပ်ကိုဆဲရင်တော့ ဘော်ဘော်ချင်း ပေါ့
တစ်စိမ်းတစ်ယောက်က လာဆဲရင်တော့ လက်သီးပေါ့
အဲဒါအဲဒါ
မောင်ပေ့ချွိုက်စ်ပါ
surmi
December 31, 2012 at 11:40 pm
ကိုပေ …
အိုစကေဗျ …
ကိုရင် ့ကိုတော့ ဆဲ မလားဗျာ ….
ကျုပ်ကို တွဲခေါ်ခဲ့တဲ ့ သူတွေထဲကတစ်ယောက်ပဲ ..
အဲဒီ အမှတ်တရလေးတွေလည်း ပြန်ပြောချင်သေးဗျာ …..
@အံစာကြီး
ကျေးဇူးကြီးကြီးတင်ပ
ဆဲတိုင်းတော့ ကျုပ်ကိုသတိယနော
အစ်ကိုကြီးပီသတဲ့ မောင်ရင် ့ကို လည်း လေးစားပါ ့ဗျာ ……
ဒါပေမဲ့ တတ်နိုင်သရွေ ့တော့ သတိထားသင် ့တာပါပဲ
ယဉ်ကျေးချင်ယောင်ဆောင်ရတဲ့ အသိုင်းအဝိုင်းတွေမှာ အယောင်ဆောင်ရဦးမယ်လေ ….
မဟာရာဇာ အံစာတုံး
January 1, 2013 at 11:16 pm
ကျုပ် ဆဲတိုင်းသာ …
ခညားကို သတိရရမယ်ဆိုရင် ….
အင်း …
တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက်များ ရှိမတုံး မသိဘူးရယ် ..
မဟာရာဇာ အံစာတုံး
December 31, 2012 at 9:30 pm
ကျုပ်ဘဂျီးကတော့ “ငြင်းခုန်ခြင်း အနုပညာ” … ဒဲ့ …။
အခု ဥဆာမိ က “ဆဲဆိုခြင်း အနုပညာ” …. ဒဲ့ …။
နောက်ခါ သူညားဒွေဂို ဆဲရင် ဆင်ခြေပေးလို့ ရတွားပီ .. ဟီဟိ …
ကျုပ်လည်း ကျုပ် ညီတွေကို ဆဲတတ်တယ်ဗျ ….။
ချစ်လို့ ဆဲတာပေါ့ဗျာ …။
ဒီကောင်တွေနဲ့ စကားပြောရင် အဆဲလေးနဲ့ စတတ်တယ် …။
ဘိုဘဲ ပြောပြောပေါ့ ဥဆာမိရေ …
ဆဲရေးတိုင်းထွာ ဖရုသဝါစာ ပေါ့ဗျာ ….။
သို့ပေသိ … မုသာဝါဒ လောက်တော့ မဆိုးရွားလောက်ပါဘူး …
ဘာဖြစ်လို့လဲဆိုတော့ …. ဘုရားက ဟောခဲ့တယ်လေ ….
“မုသားစကားဆိုရင် ရီရွှင်ဖွယ် အဖြစ်တောင် မပြောနဲ့” …. တဲ့ ….။
နို့ ကျုပ်ကတော့ ပြောတတ်တယ်နော် … ပုထုဇဉ်မို့ …..
အရီးခင်လတ်
December 31, 2012 at 10:42 pm
ကဆာမိရေ
နှစ်သစ်မတိုင်ခင် အသံပေးပြန်ရောက်လာလို့ ဝမ်းမြောက်လှပါတယ်။
ဘယ်လိုပြောပြော စေတနာ ပေါ်မူတည်ပြီး ခန့်မှန်းလို့ရပါတယ်။
ဆဲပြောလဲ ပန်းနဲ့ပေါက်သလို ဆိုတာတွေ အများကြီးပါ။
နှစ်သစ်မှာ ရွှင်လန်းပါစေရှင်။ :hee:
surmi
December 31, 2012 at 10:51 pm
အရီးရေ …..
ကွန်မကောင်လို့ ကျနော်ဝင်မရတာဗျ
ကွန်မိတိုင်း ရွာပြင်က ပတ်ကြည် ့ပါတယ် ….
တစ်ချို ့ပို ့စ်တွေကို မန် ့ချင် လိုက်တာ …. ခက်တာက ဝင်လို့ရအောင် မကောင်းပြန်ဘူး
တောကို ရောက်သွားတာလေ ….။
ရွာကိုအမြဲ သတိယပါတယ်
ရွာသူားတစ်ချို ့နဲ့လည်းး အဆက်အသွယ် မပြတ်ပါဘူး ….
နှစ်သစ်မှာပျော်ရွှင်စေကြောင်း ဆုတောင်းပါတယ်နော ….
ဘာရယ်မဟုတ်ပါဘူးဗျာ …အထက်မှာပြောခဲ့သလိုပါပဲ …. ဟိုတွေးဒီတွေး ဟိုရေး ဒီရေးပါ ..။
အလင်းဆက်
December 31, 2012 at 10:52 pm
ဒီလိုဆိုတော့လည်း..
ဆဲဆိုခြင်းက..
အနုပညာ ရသ တွေနဲ ့….
ဟုတ်လို ့ပါလား ..။
surmi
December 31, 2012 at 11:02 pm
ဆက်ဆက် ရေ ….
မောင်ရင် ့ကိုသတိယလို့ …. 🙂
အလကားနောက်တာပါ …
သွားတဲ့နေရာမှာ ဆဲဆိုသံတွေချည်း ကြားနေရလို့ အာရုံပြောင်းကြည် ့တာ
MaMa
January 1, 2013 at 8:13 am
ဆဲဆိုခြင်းအနုပညာဆိုရင်တော့ ဒို့ဘကြီးပုကို ခရက်ဒစ်ပေးရမယ်။
သူ့လောက် အနုပညာမြောက်အောင် ဆဲတတ်တဲ့သူ ဒီရွာထဲမှာ မရှိသေးဘူးထင်တယ်။ :harr:
surmi
January 1, 2013 at 11:08 pm
အန်တီမမ
သဘောတူပါ၏ဗျာ
ခရက်ဒစ်ပေးပါ၏ဗျာ … 🙂
@မငြိမ်းငြိမ်းရေ
အတော်များများ မိန်းကလေးများမကြိုက်လောက်ပါ ဘူး …
စိတ်ညစ်ညစ်နဲ့ ဖတ်သွားရတာကိုအားနာရင်း ကျေးဇူးတင်ပါတယ်ဗျာ ….။
Nyein Nyein
January 1, 2013 at 1:42 pm
ဆဲတယ်ဆိုတာကို မကောင်းဘူးလို့ပဲ စိတ်ထဲမှာ စွဲမှတ်ထားတာ။ ကိုဆာမိပြောသလိုဆိုတော့လည်း သူ့နေရာနဲ့သူတော့ ရှိတာပေါ့နော်။ ဆဲသံကြားရင် စိတ်ညစ်တတ်တာကိုတော့ မပြင်နိုင်သေးပါ။ ဒါပေမယ့် အနုပညာမြောက်အောင် ဆဲကြရင်တော့ နည်းနည်းခံသာလေမလားဘဲ…..
kai
January 1, 2013 at 3:04 pm
ရေးခဲ့ဖူးတာလေး.. အောက်ဆုံးမှာ..ပြန်တင်ပေးလိုက်တယ်…။” အောက်တန်းစား ဋီကာ” တဲ့..
“ ဆဲဆိုခြင်း အနုပညာ” နဲ့….ဆက်လိုက်လို့ရတာပဲ..
အမှန်တော့.. “ဆဲဆိုခြင်း ဝိပညာ”လို့တောင်သုံးချင်မိတယ်.
“အနု”ဆိုတာ.. အသေးစိတ်အနုစိတ်လေ..
“ဝိ”ဆိုတာ.. အထူးပြု..
ဆိုတော့..
“ဆဲဆိုခြင်းအထူးပြုပညာ”ပေါ့.. :harr:
http://myanmargazette.net/6943/creative-writing
surmi
January 1, 2013 at 11:12 pm
သဂျီးသဘောပါခင်ဗျ …. 🙂
ခေါင်းစဉ်ကို ကြည် ့ပြီး ဘယ် တက္ကသိုလ်မှာသင်တာလဲဆိုရင်တော့
သဂျီးပဲ ရှင်းပြပေတော ့ နော ….
:harr:
ဦးကြောင်ကြီး
January 2, 2013 at 9:29 am
ဂျလေဘီ
ကပေမြည်
တစေ ္ဆညီ
ဂလေဟီ
ရှကေနီ
ငရွှေပြည်
ထရည်ဆီ
အသေချည်..။
surmi
January 2, 2013 at 8:45 pm
@ဦးကြောင်
နေရီရီညနေခင်းမှာ
ဂျလေဘီ အိမ်ပြန်ခဲ ့ပြီပေါ ့
တေးသီကာ လွမ်းမိပါရဲ ့
ဖြန်းလေကတသုန်သုန် …………
@ခရစ်စတယ်လိုင်း
လဒ ( ဠင်းတ) လောက်တော ့ ငှက်တိုင်းလှတယ်လို ့
ခိုင်းနှိုင်းပြီးပြောတတ်ကြပါတယ် ။
ဆိုတော ့ကာ ………..
လင်းဒ လို ့ပြောတာဟာ ဆိုးဆိုးဝါးဝါး ဆဲတာမမည်ပါဘူး
:hee:
Crystalline
January 2, 2013 at 10:43 am
ဦးဆာမိရေ..ကျမကတော့စိတ်တိုရင်…ကိုယ့်ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့သူဆို..”လင်းတ” လို့အမြဲဆဲလေ့ရှိတာ..အဲဒါဆဲတာလားတော့မသိဘူး..ကျမကတော့ကိုယ့်ဖာသာဆဲတာလို့ယူဆထားတာ.. အခုတလော လင်းတ နဲ့ပတ်သက်တဲ့အဓိပါယ်ဖွင့်ဆိုချက်အသစ်တွေထွက်လာလို့.. ဘယ်လိုပြောင်းဆဲရကောင်းမလဲ စဉ်းစားနေတာ.. :harr:
Mr. MarGa
January 2, 2013 at 1:56 pm
ဝင်ပြီးဖတ်တာက တင်တဲ့နေ့ကတည်းက
မန့်မယ်လုပ်တာက အတော်ကြာပေါ့
အခုမှ အသေအချာ မန့်မယ်
ဆဲတယ် ဆိုတာက ခင်မင်ရင်းနှီးမှုကိုလဲ ပြသရာရောက်သဗျ
ဦးမာဃတော့ လဒ ဆိုတဲ့ စကားကို သုံးတတ်တယ်
အဲ
ဆဲတာနဲ့ ပတ်သက်လို့
အရှင်နန္ဒမာလာဘိဝံသ ဟောခဲ့ဖူးတယ်
ငတုံး လို့ ခေါ်တာကလဲ ဆဲတာပါပဲ တဲ့
ဦးမာဃ မှတ်ဉာဏ်က အဲဒီတစ်လုံးပဲ မှတ်မိတယ်
ကျန်တာတော့ ပြန်ရှာသာ ကြည့်လိုက်တော့ :kwi;
မဟာရာဇာ အံစာတုံး
January 2, 2013 at 2:18 pm
ဒီလူ့နှယ် …
မှတ်ဉာဏ် အတော်နည်းတာ ကလား … ငွင်းး ငွင်းး
ကျုပ် မှတ်မိသေးတာ ချိဒယ် …
ဘာတဲ့ ..
ဥမာဃ လို့ ခေါ်တာလဲ ဆဲတာပဲ .. ဒဲ့ …
ပိုသေးလား .. မှတ်ထား …
Mr. MarGa
January 2, 2013 at 2:38 pm
ဟုတ်ကဲ့
မှတ်ထားပါ့မယ်ဗျာ
(စိတ်ကောင်းဝင်နေလို့ ကောင်းကောင်းပြောတာနော်)
surmi
January 2, 2013 at 8:52 pm
လဒ ပဲဖြစ်ဖြစ်
ငတုံး ဘဲဖြစ်ဖြစ်
ခိုင်းနှိုင်းတာမို ့ သိပ်မဆိုးလှပါဘူး
နတ်တွေ သဂျား တွေ ဆဲနည်းလေးတော ့သိချင်သား …….
ဒီမှာဗျို ့……….
အန်စာတုံး ဆဲနေပါတယ်ဗျို ့ ….. 🙂
Mr. MarGa
January 2, 2013 at 9:07 pm
ဥစာမိ မေးလို့ ပြန်ဖြေမယ်
နတ်တွေ သဂျားတွေက ဆဲဘူးဗျ
သူတို့မှာ ဆဲရလောက်တဲ့ အကြောင်းအချက် မရှိဘူး
လူတွေသာ
လောဘ၊ဒေါသ၊ မောဟ၊ စတာတွေအပြင် အခြားအခြားသော အကြောင်းတွေကြောင့်ဆဲတာ
မောင်အံကတော့
ဗြဟ္မာ့ပြည်ကနေ အော့်ကြောလန်လို့ အဝီစိကို ပြည်နှင်ဒဏ် ပေးထားတာပဲဗျာ
တု မပြောတော့ပါဘူး
အဟီး
:hee:
ဦး ကျောက်ခဲ
January 2, 2013 at 3:22 pm
ကိုရင်ဆာမိရေ နောက်ကျသွားတယ်
မောင်ကျောက် နဲ့ အပေါင်းအဖော်များကတော့ တစ်ဦးနဲ့တစ်ဦး အဆဲလေးမပါရင် အစာမကျေသလိုဘဲ….
surmi
January 2, 2013 at 9:01 pm
ဦးကျောက်ရေ
နောက်မကျပါဘူးဗျာ ….
ကျနော်လည်း ခရီးထွက်ရင်း ဟိုတွေးဒီတွေး ရေးမိရေးရာပေါ ့ဗျာ
မြှောက်ပေးတဲ ့သူန ဲ ့ ဖြစမြောက်ရေးကူညီပေးသူနဲ ့ဆိုတော ့
ကြုံ နေကြအကြောင်းလေးတွေ ရေးမိတာပါ ။
ဘော်ဒါတွေနဲ ့ဆိုရင်တော ့ ဦးကျောက်ပြောသလိုပဲ ဗျို ့
surmi
December 21, 2013 at 11:51 am
ရွာထဲမှာ အနုပညာတွေ အရမ်းမြောက်နေတယ်ထင်လို့ 🙂
မဟာရာဇာ အံစာတုံး
December 21, 2013 at 11:54 am
ဟုတ်ပါ့ ဥဆာရာ …
သဂျီး က အစ
အချုပ်တန်းကိုင်ပီး ဆဲနေတော့တာပဲ ..
ဒီပို့စ်နဲ့တော့ ကွက်စ် မှ ကွက်စ်တိ ပဲ ဗျို့ …….
ကျုပ်တောင် ဆဲချင်တာ အာယား .. အဲ .. လက်ယား လာဘီ .. ခွိခွိ
sorrow weaver
December 21, 2013 at 12:28 pm
ဆောရိုးဆဲနည်း 7 နည်း..
1) ဥ
2) ပဲပင်ပေါက်
3) မုန့်လက်ဆောင်းဖတ်
4) မြေပဲစေ့
5)ပိုးလောက်လန်း
6)ပေါက်ဖတ်
7)မုန့်ကြာစေ့
ယောက်ျားလေးအချင်းချင်းဆဲတာ …တွေးတွေးပြီး သိမ်ငယ်နေပစေ…အာဟိ ….
alinsett
December 21, 2013 at 1:17 pm
ပဲမြစ် ကျန်သေးတယ် ဦးဆောရ
:kwi:
လုံမလေးမွန်မွန်
December 21, 2013 at 1:03 pm
သယ်ရင်းတစ်ယောက်ဆဲတာ အမှတ်တရပဲ… ဘာတဲ့.. တာမ တဲ့.. ဖက်လုံးမ တဲ့.. ဟိဟိ..
စကားအတင်းစပ်.. ၂၀၁၃ ထဲမှာ နင့်မေကြီးတော် ထက် ပိုဆဲတတ်ခဲ့ပါကြောင်း..
•*¨နန်းတော်ရာသူ •*¨
December 21, 2013 at 1:44 pm
ညီမတစ်ဝမ်းကွဲလေးကျတော့ ငယ်ငယ်က ABCမ၊ ABCမ နဲ့ဆဲလေ့ရှိတယ်
🙂
ကိုယ်တွေကတော့ နင့်မေဂျီးဒေါ်လောက်ပဲ။
Paing Lay
December 21, 2013 at 7:09 pm
“နင့်မေကလွား” နဲ့ “နင့်မေဘိုးအေ” ဆိုတဲ့ အသုံးအနှုန်းဆိုရင်ကော ကိုရင်ဆာမိ……ကရုဏာ ရသ မြောက်ပါတယ်နော် :mrgreenn: