ကျုပ်ကို ……….
+++++++++++++++++++++++++++++++
ကျုပ်ကို …
တချို့က ပြောကြတယ် …..
မျက်နှာထား ခပ်တည်တည်နဲ့
မာနကြီး တစ်ခွဲသားနဲ့ကောင် … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ရွှတ်နောက်နောက် ပုံစံနဲ့
အတော် ရီရတဲ့ ကောင် … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဘာဆို ဘာမှ မသိ၊ မတတ်တဲ့
ခပ်ချာချာ၊ ခပ်တုံးတုံး ကောင်ပဲ … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဒီကောင်က
ခပ်အေးအေးလေး နေတတ်တယ် … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဒီကောင်က ကြည့်တော့တာ
မခုတ်တတ်တဲ့ ကြောင်လိုပဲ
အမှန်က ကုပ်ကမြင်း … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့
ဘာကိုမှ ရေရေရာရာ
မနှံ့စပ်တဲ့ ခပ်ညံ့ညံ့ကောင်ပါ … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဆံပင်က ဖြစ်သလိုထား
အဝတ်ကလည်း မသားနား
ဖိနပ် ၁၅၀ဝ တန်များနဲ့
ဖွတ်ကျား … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဒီကောင်က အလကားကောင် …
ဒီကောင်က အစုတ်ပလုတ်ကောင် …
ဒီကောင်က ငကြောင် …
ဒီကောင်က ယောင်တောင်တောင် … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
အွန်လိုင်းပေါ်က ဖွန်ဘဲဂျီး …
အွန်လိုင်းပေါ်က ကိုလှိုင်းနီး …
အွန်လိုင်းပေါ်က ငဂေါက်တီး … တဲ့ …။
ကျုပ်ကို …
တချို့က ပြောကြတယ် …..
………………………
………………………………
……………………………………
……………………………………….
……………………………………………….. ။ ။ ။ ။ ။ ။
By – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++++++
30 comments
မောင်ပေ
January 1, 2013 at 9:27 pm
ဂေဇက်ရဲ ့ဆယ်အိမ်မှူး လို ့ ကျုပ်က သူ ့ကို ပြောမယ်
ဟုတ်တယ်လေ
ကျုပ်တို ့သွင်းသမျှ ( သဂျီးဆိုက်ထဲကို ပို ့စ်တွေ) သူက လက်ခံမှတ်ပေးတာကိုး
နော
အဲဒါ အဲဒါ
မဟာရာဇာ အံစာတုံး
January 1, 2013 at 9:58 pm
တော်ပါသေးရဲ့ …..
နောက်က ကွင်းစကွင်းပိတ်လေး ပါနေလို့ …
ဟေ့လူဂျီးး
ပထမဆုံး လာအားပေးသွားလို့ ကျေးဇူးပဲ …။
koaung
January 1, 2013 at 10:17 pm
နှစ်ခါမမှားနိုင်တဲ့ အညာသားလေးပါခင်ဗျ ဂေါင်းလုဎ်ကာဆယ်အိမ်ကိုင်ဒါမို့ ရေးသမျှ သူမှတ်ထားတယ် ကျေးဇူးတင်ကြောင်း
မင်းနန္ဓာ
January 1, 2013 at 10:22 pm
အွန်လိုင်းပေါ်က ကိုလှိုင်းနီး …
အဲဒါလေး ဘယ်လိုမှ အဓိပ်ယ်ဖော်မရဘူး
ဘာပေါတာပါလိမ့်
🙄
မဟာရာဇာ အံစာတုံး
January 1, 2013 at 10:27 pm
@KoAung
ခုလို လာရောက် အားပေးတဲ့အတွက်
ကျုပ် ရွှေညာသားမှ ဦးအောင်ကို ကျေးဇူးတင်ကြောင်းရယ်ပါ ….။
+++++++++++++
@ကိုရွာစား
ကိုလှိုင်းနီးးးး ဆိုတော့ အဲ့လိုဘဲ မှတ်လိုက်ပေါ့ဗျာ …
အဟဲ ……
စုံးအား … စားအုံး .. ဆိုတော့ကာ လှိုင်းနီးး ဆိုတော့ ..
အင်း … အဲ့လိုပေါ့ ….
ကျေးဇူးပါ ကိုရွာစားရေ …….။
+++++++++++++++++++
မှောင်ကြီး
January 2, 2013 at 3:38 am
ဘူဒွေ ပြောတာရဲ ပေါက်ကရတွေ
အမှန်တစ်ကယ်ဦးအန်ဇာတုန်းက မျက်နှာများတဲ့သူကြီး
ဘဲဥ
January 2, 2013 at 9:27 am
တိုတို အံချာဒုံး ၄ချားဒယ်ဂျာ
ကိုယ့်အကြောင်းကို မရှက်မကြောက်တင်ရဲလို့
မဟာရာဇာ အံစာတုံး
January 2, 2013 at 11:09 am
နင်ပြောမှ ဟိုအကြောင်းကိုတောင် သတိရလိုက်မိသေးးး
ရွာမှာ အရပ်သားပြဇာတ် ကတော့ …
ရွာထဲက လူငယ်တစ်အုပ်က တက်ပြီး ကကြတယ်ဆိုပဲ …
အဲ့ဒီ ပြဇာတ်လည်း ပြီးရော လူငယ်တွေက သူတို့ ကတာ ဘယ်လို အနေအထား ဆိုတာကို လူကြီး တစ်ယောက်ကို သွားမေးတာပေါ့ …
အဲဒီမှာ လူကြီးက ဘယ်လို ပြောလိုက်တုန်းဆိုတော့ …
“အေးးး နင်တို့ အတော် သတ္တိကောင်းကြတာပဲ …။ မကတတ်မှန်း လူသိအောင် မရှက်မကြောက် ဇာတ်ခုံပေါ် တက်ပြရဲလို့” … တဲ့ ….။
mamanoyar
January 2, 2013 at 9:40 am
အို သူတို့ပြောတာ အမှန်တွေပဲလား
ဦးကြောင်ကြီး
January 2, 2013 at 9:40 am
ကျုပ်ကို
ဖြုတ်လို
တုတ်ဆို
ပြုတ်မှို
အုတ်ပို
ငုတ်တို
မှုတ်ချို
သုတ်ယို..။
ကြည်ဆောင်း
January 2, 2013 at 9:44 am
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ရေးလက်စ ပိုစ့်များ
တစ်ဝက်တစ်ပျက်နဲ့ထားသွား
ဒီလိုရောမပြောကြဘူးလား..
:kwvi:
မဟာရာဇာ အံစာတုံး
January 2, 2013 at 11:12 am
ဟုတ်တယ် .. အဟဲ ..
အဲ့ဒါလေးပါ ထည့်ရေးလိုက်ရမှာ ..
ဒါပေမယ့် အဲ့ဒီလို မထည့်တော့လည်း မသိတဲ့လူတွေကို
ခပ်တည်တည်နဲ့ ထပ်ဖိန့်လို့ရတာပေါ့လို့ .. အဟိ …
ခင်ခ
January 2, 2013 at 9:46 am
ကျုပ်ကို …………။
ဆိုသော ဂုဏ်ပုဒ်ကြီးတွေ အများဆုံပိုင်ဆိုင်နေသူပါတကား။
ဒါတောင်
ကျုပ်ကို …
တချို့က ပြောကြတယ် …..
………………………
………………………………
……………………………………
……………………………………….
……………………………………………….. ။ ။ ။ ။ ။ ။
ဆိုပြီး ဆက်မရေးလို့၊ ဆက်သာရေးရင် အပိုင်းဆက်အရှည်ကြီး ဖတ်ရမယ်ထင်တယ်နော်။
Mon Kit
January 2, 2013 at 11:42 am
အင်.. ကျုပ်ကိုxxxxxxx အဲရာ ၁ဝမျိုးဘဲရှိသေးတယ်..
ဆယ့်နှစ်မျိုးဖစ်တွားအောင် ဖြည့်လိုက်အုံး…
ဆယ့်နှစ်မျိုး ဟင်းချို လုပ်သောက်လို့ ရတာပေါ့……. :kwi:
P chogyi
January 2, 2013 at 12:16 pm
အမှန်တွေပြောရင်
စိတ်မဆိုးနဲ့ပေါ့
မဟုတ်တာပြောရင်တော့
တုတ်သာဆွဲပေတော့
(ပြေးရိုက်ဖို့ပြောတာပါ)
Mr. MarGa
January 2, 2013 at 12:26 pm
ခင်ဗျားကို ကျုပ်ကပြောမယ်
လူ့ပြည်က ဗြဟ္မာလို့ ပြောနေသူ လို့
ခင်ဗျားကို ကျုပ်ကပြောမယ်
သိကြားမင်းနဲ့ စစ်ခင်းချင်သူ လို့
ခင်ဗျားကို ကျုပ်ကပြောမယ်
ကလေးယောင်ဆောင် နေတဲ့ လူကြီး လို့
:hee:
:kwi:
မဟာရာဇာ အံစာတုံး
January 2, 2013 at 6:06 pm
ဟေ့လူဂျီး ဦးမာဃ …
ကျုပ်က ဘာဖြစ်လို့ ကလေးယောင် ဆောင်ရမှာတုံးးး
ကျုပ်က လူဂျိုလေးကိုးးဂျ …
(ဆိုင်လားဒေါ့သိဝူးး ဟီဟိ)
+++++++++++
@ယောက်ခမဂျီးး
ယောက်ခမဂျီးနော် … ဟွန်းးး
သူညားကို ပိန်ပိန်ပြားပြား အွန်လိုင်းကပ်ပါး .. ဒဲ့ …
Mr. MarGa
January 2, 2013 at 9:04 pm
အသက်က လူပြိုဖြစ်နေပြီ
အခုထိ စကားက မပီချင်သေးဘူး
ကလေးမဟုတ် သူငယ်မဟုတ် နဲ့
ဟိုလိုလို ဒီလိုလို ဆိုတာ နင့်ကိုပြောတာ ထင်ပါ့
အာဟိ
:harr:
မဟာရာဇာ အံစာတုံး
January 2, 2013 at 10:33 pm
ဟေ့လူဂျီးနော် …..
ကျုပ် ရန်မဖြစ်ချင်ဘူးးးး
အရင်စိတ်နဲ့ဆို ခညားဒေါ့လား .. ငွင်းး ငွင်းး
Mr. MarGa
January 4, 2013 at 10:08 am
အရင်စိတ်နဲ့လဲ ဘယ်တုန်းကမှ မနိုင်ခဲ့
အခု စိတ်နဲ့လဲ နိုင်တာမဟုတ်
ပြောနေတာမှ လေကုန်သေး
နင် ဘယ်တုန်းက ငါ့ နိုင်ဖူးတာကျနေတာပဲ
မဟာရာဇာ အံစာတုံး
January 4, 2013 at 10:24 am
ခညား ….
ကျုပ်လာရင် ထွက်ထွက်ပြေးတာတွေရော
ထည့်မပေါဒေ့ါဘူးလား .. ငွင်းး ငွင်းး
:kwi:
•*¨နန်းတော်ရာသူ •*¨
January 2, 2013 at 1:23 pm
ကျုပ်ကို တစ်ချို့ကမပြောဘူးလား
ပိန်ပိန်ပြားပြား အွန်လိုင်းကပ်ပါး…..လို့လေ :kwi:
MaMa
January 2, 2013 at 2:07 pm
ကျုပ်ကို..
တချို့က ခြောက်မျက်နှာလို့ ပြောကြတယ်။
ကျုပ်ကို..
တချို့က မဟာအာပလာလို့ ပြောကြတယ်။ :harr:
အရီးခင်လတ်
January 2, 2013 at 5:11 pm
“ကျုပ်ကို” တစ်ချို့က “ဂျိုကုပ်” လို့လို့ ပြောကြတယ်။
အရီး တူလေးကို အဲလိုပြောတာ ဘူသူလဲ။
ဟင်းးးးးးးးးးး
😆
ရွှေ ကြည်
January 2, 2013 at 5:38 pm
ငါ့မောင်ကိုဘယ်သူတွေပြောတာတုန်းဟေ မိုက်ရင်ထွက်ခဲ့ ဆနွင်းမကင်းတဲ့နော် ဟွင်း ဟွင်း
ငါ့မောင် ဘာမှစိတ်ထဲထားမနေနဲ့ကြားလားမိုက်တဲ့သူတွေထွက်လာရင်မင်းရှင်းလိုက် မမဂျီးကအော်ပေးရုံပဲ ပြေးပြီ
အမှန်ကမောင်အံစာဆိုတာ နှုတ်ရေးထက် လက်ရေးကြွယ်တဲ့သူ (လက်နဲ့ရေးပြောတာကိုး)
တတ်သည့်ပညာမနေသာပဲ ကူညီတတ်တဲ့သူ အဲလိုလေးပါ ဟုတ်တယ်ဟုတ်။
မဟာရာဇာ အံစာတုံး
January 2, 2013 at 6:11 pm
@အန်တီမမ
အန်တီ မမလုပ်မှ …
သားသားလည်း မဟာအာပလာ ဖစ်တွားပီ …
ဟုတ်ဒယ် ….
မဟာ .. အကြီးကြီး ၊၊၊ အာပလာ … ဘာမှမဟုတ်တဲ့တောင်
တော်တော်ဂျီးကို ဘာမှ မဟုတ်တဲ့တောင် …
အိုက်ဒါ နာတဲ့တွ .. ဟီဟိ ..
+++++++++++++++++++++
@အရီး
အရီး ….
သားသားကို ပြောတာလေ .. အရီးး
အရီးးး သားသားကို ပြောတာလေ ….
+++++++++++++++++++++
@မမဂျီး
မမဂျီးဂလည်းးး
သားသားဂ ဝမ်းသာမို့ ချိဒေးဒယ် …
သူဂ ပြေးမယ်တဲ့ … အဟင့် ….
+++++++++++++++++++++
====================
အားပေး ဖတ်ရှုသွားကြသူ အပေါင်းကို
ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ……..
ချစ်ခြင်းများနဲ့ ….
မောင်အံစာ
ခပ်မိုက်မိုက် ကောင်မလေး
January 2, 2013 at 9:06 pm
ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဒီကောင်က ကြည့်တော့တာ
မခုတ်တတ်တဲ့ ကြောင်လိုပဲ
အမှန်က ကုပ်ကမြင်း … တဲ့ …။
ချစ်လို့.စ.တာ.စိတ်ဆိုးရဝူးနော်………။
လုံမလေးမွန်မွန်
January 2, 2013 at 10:41 pm
ဟို..ဟို..
လှိုင်းနီးက ဘူပြောဒါလဲဟင်….
တစ်ချို့ကပြောတယ်..
အံစာတုံးက ရွာထဲမှာသွက်သလောက်
အပြင်မှာ တယ်အေးတယ် ဆိုပဲ…
ဟုတ်လားဟင်… :kwi:
မဟာရာဇာ အံစာတုံး
January 2, 2013 at 10:55 pm
မသိပါဘူးဗျာ ….
အပေါ်က စကားကို …….။
အပြင်မှာ အေးတာ မအေးတာတော့ မသိဘူး
အောင်ပန်းကို ရောက်တုန်းကတော့
ပါးစပ်ထဲက အငွေ့ထွက်လောက်အောင်ကို အေးခဲ့တာ …။
အားပေးသွားလို့ ကျေးကျေးဘာ …။
+++++++++++
အပေါ်က …
ခပ်မိုက်မိုက် ကောင်မလေးရေ …
ချစ်လို့ စတာ ဆိုတာ ဘာပြောတာတုံးဟင်င်င် …
နောက်တာပါနော့ ….
အားပေးသွားတဲ့အတွက် ကျေးကျေးဘာ ……။
++++++++++++
ချစ်ခြင်းများနဲ့ ….
မောင်အံစာ
အလင်းဆက်
January 3, 2013 at 8:51 pm
ဟေ့ လူကြီး ။
အဲဒါ..ကျုပ်အကြောင်း ကြီးဗျ ။
ကျုပ်ကို စောင်း ရေး ထားတာလား..ထင်ရလောက်အောင်..ပါပဲ ။
အဟိ ။ အဖြစ်ရယ်..တူပုံပြောပါဒယ် ။
:kwi: