Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက် ” HACKING “

Wai Yan LattJanuary 9, 20132min5357
ကျွန်တော် မောင်အောင်ခမ်းက ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်နိုင်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို လည်းကောင်း သိစေလို လို့ ဖြစ်ပါတယ်။ အများသူငှာ ထိခိုက်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ဒီတော့ ဆောင်းပါးကို အောက်မှာစတင်ပါပြီ။
တကယ် လက်တစ်လုံးကြားကနေ လုပ်သွားတာ ဖြစ်ပါတယ်။ တကယ်လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီတော့ အကောင့်ခိုးနည်းနဲ့ အကောင့် အခိုးခံရခြင်းမှ ကာကွယ်ကွယ်နည်းဆိုပြီး နှစ်ပိုင်းတင်ပေးပါမယ်။ တစ်ပိုင်း တင်ရင်လည်း တကယ် ကွိုင်တက်မယ့် အခြေအနေဖြစ်ပါတယ်။ မိမိအကောင့်များ အခိုးမခံရအောင် ဖတ်ရှုစေလိုပါတယ်။
Facebook အကောင့် ခိုးခြင်း
အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တောင် ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။
၁။ Facebook – Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်။
၂။ ဘာမှ မလုပ်ပဲ လျှို ့ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။
၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလားဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။
၄။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ ့ ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။
၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။
၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။
၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address  ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။
အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။
၈။ နောက်ထပ် ကျလာတဲ့ Page ကတော့  Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံးမယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။
၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။
၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖု့ိပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။
၁၁။ ကျွန်တော့သူငယ်ချင်းခံထားတဲ့ Security Question ကအရမ်းလွယ်ပါတယ်။ အမေမွေးတဲ့ နေရပ်ဇာတိတဲ့လေ။ သူ မုံရွာသားမှန်းလည်းသိနေတာပဲ။ မုံရွာကို အင်္ဂလိပ်လို ပေါင်းတာမှားမှာစိုးလို့ သူ့ Wall ကနေ ဝင်ပြီး Copy လုပ်- ပြီးတော့ ကွက်လပ်လေးမှာ paste လုပ်ပေးလိုက်တာ Enter ခေါက်လိုက်တာနဲ့ အကောင့်က ကျွန်တော်ပိုင် ဖြစ်သွားပါလေရော။
၁၂။ အဲဒီမှာ လျှို ့ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို ့ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။
၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။
ဒုတိယ နည်းလမ်း
နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံအကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလိုပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်းက ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်လည်း  ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထားဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။
ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။ code ကို မူရင်းအကောင့်ပိုင်ရှင်ရဲ ့ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော်လွားနိုင်ပါတယ်။
ကာကွယ်နည်း
ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ ့အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။
ဒီတော့ ကာကွယ်ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။
၁။ မိမိရဲ ့ Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။
၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။
Security Question က ပိုအရေးကြီးပါတယ်။ အချို ့က ပြီးပြီးရောဆိုပြီး  မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်းပါတယ်။ ပြီးတော့ ကိုယ့် အီးမေလ်ကို လျှို ့ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။
Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လို့ အပြောခံရပြီးနောက်ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။ အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့်ခံသင့်သေးတယ်လို့ အကြံပေးသူများ ရှိလာပါတယ်။
ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ဟက်မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်းလို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။
အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။
—-
((မှတ်ချက် – ကိုအောင်ခမ်းရေးသားထားခြင်းဖြစ်ပါတယ်))

7 comments

  • etone

    January 9, 2013 at 4:43 pm

    မင်္ဂလာပါ ကိုဝေယံလတ်ရေ
    နည်းပညာဆိုင်ရာ ပို့စ်လေးကိုဗဟုသုတအနေနဲ့ဖတ်သွားပါတယ် ။
    ဒါပေမယ့်လည်း သူများအကောင့်ကို ဟက်တာကတော့ ပရိုက်ဗိတ်ဆီ ချိုးဖောက်မှုလို့မြင်တာကြောင့် မလုပ်သင့်မလုပ်အပ်တဲ့ အပြုမူလို့ထင်ပါကြောင်း … ။

  • aanyar thar

    January 9, 2013 at 5:13 pm

    ထင်သလောက်မလွယ်ကူပါ…….သူငယ်ချင်းအကောင့် ဖြစ်နေသောကြောင့်သာ….ဟုဆိုပါလျှင်…အမောင်နှင့် မောင်အောင်ခန့်…လက်ခံပါ၏လော……

  • Mလုလင်

    January 9, 2013 at 5:33 pm

    Hack တယ် ဆိုလို့လာကြည့်တာ .. တစ်နေရာရာ မှာတော့ ခန့်မှန်း ရတဲ့ အဆင့် လေးပါနေသေးတာ ပါပဲ …။

    အဲ့ အဆင့် တစ်ဆင့် နဲ့ တင် ၁ ရက် ကနေ ၁ နှစ် စသည်စသည် ဖြင့် အလုပ်မဖြစ်ပါကြောင်း . . . .။

  • Yawna Tham

    January 9, 2013 at 8:51 pm

    အကောင့်ကာကွယ်လို့ရနိုင်တဲ့နည်းလမ်းလေး
    တစ်ခုအဖြစ်သတ်မှတ်သွားပါတယ်………။

  • Mr. MarGa

    January 9, 2013 at 9:11 pm

    အပြုသဘောဘက်ကနေ ဖတ်သွားပါတယ်

  • ညလေး

    January 10, 2013 at 10:04 am

    သိသင့်တဲ့ အချက်အလက်လေးတွေ တင်ပြပေးသွားတာကျေးဇူးတင်ပါတယ်ရှင်….
    လမ်းလွဲသုံးချင်သူတွေ အတွက် မီးမှောင်း ထိုးပြသလိုများ ဖြစ်သွားသလားလို….။

  • Thu Wai

    January 10, 2013 at 12:37 pm

    မသိသေးတာတွေသိရလို့ကျေးဇူးပါ

Leave a Reply