Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညှို့မဂ္ဂဇင်း ညစ်ညမ်းစာပေရယ်လို့လည်းအထင်လွဲခံရ

Wai Yan LattJanuary 8, 20131min50135

၂၀၁၂ခု ဒီဇင်ဘာလထဲမှာ တော် တော်လေးလှုပ်ခတ်တဲ့ သတင်းကတော့  မဂ္ဂဇင်းသစ်တစ်စောင်ဖြစ်တဲ့ ညှို့မဂ်္ဂဇင်း  အမှတ်(၁) စတင်ပေါ်ထွန်းလာပါတယ်။   အဲဒီမှာ ဝေဖန်သံတွေ ညံလာပါတယ်။    ညစ်ညမ်းစာပေရယ်လို့ဝေဖန်ကြတာကြောင့် ၎င်းမဂ္ဂဇင်း အယ်ဒီတာချုပ်က ပြဿနာ တော်တော်ရှင်းလိုက်ရတယ်လို့ဆိုပါ တယ်။ ဤတွင် ဖြစ်ပုံတစ်ခုက ဒီလိုပါ။   တစ်ခုသော နံနက်မှာ December  2012  ၂၀၁၂ ထဲမှာထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ ရေးထားတာကတော့ ညှို့မဂ္ဂဇင်း  ပါ အကြောင်းအရာများသည် ညစ်ညမ်း   စာပေဖြစ်၍ ဥပဒေအရ အရေးယူနိုင်ပြီး    ရဲကဝရမ်းမပါဘဲ ဖမ်းနိုင်ခွင့်ရှိတယ်ဆို တဲ့ အကြောင်းရေးတာကိုဖတ်မိတော့ ကျွန်တော် တော်တော်လန့်သွားတယ်။ ၎င်းင်းမဂ္ဂဇင်း၌ ကျွန်တော်ဒေါက်တာထွန်းဝင်း ရေးတဲ့ဆောင်းပါးသုံးပုဒ်ပါဝင်နေပါတယ်။
သို့သော် ၎င်းမဂ္ဂဇင်းတိုက်၌ စာမူခလည်းမထုတ်ရသေး၊မဂ္ဂဇင်းလက်ဆောင် လည်းမရသေးလို့ ဘာတွေဖြစ်ကုန်တာလဲ  မသိပါ။ သို့နှင့်ညှို့မဂ္ဂဇင်းတစ်အုပ်ကို အပြေးအလွှားဖတ်ကြည့်လိုက်ရပါတယ်။ ၎င်းနောက် အတိတ်ဇာတ်ကြောင်းကို  ပြန်ပြောင်းတင်ပြရရင်ဒီလိုပါ။ကျွန်တော်က မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆောင်းပါးအပုဒ်(၄၀)၊(၅၀)ခန့်ရေးဖူးပြီး   ဂျာနယ်မဂ္ဂဇင်းတွေမှာထည့်ပြီးလို့ စာမူခ တစ်ကြိမ်ရပြီး။ ၎င်းနောက် ထိုဆောင်းပါး   များကိုစုစည်း၍ လုံးချင်းစာအုပ်ထုတ်၍ စာမူခ ဒုတိယအကြိမ်ရပါတယ်။ တဖန် ဆောင်းပါးအချို့ကို ထပ်မံဖြည့်စွက်ပြီး   လုံးချင်းတစ်အုပ်ထပ်ထုတ်၍ စာမူခ တတိယအကြိမ်ရပါတယ်။ ၎င်းနောက်  အယ်ဒီတာချုပ်အမျိုးသမီးတစ်ဦးက ဖုန်း ဆက်ခွင့်တောင်းလာပါတယ်။ကျွန်တော် က သူ့ကို စာမူမပေးပါဘူး။ဒါပေမဲ့ စာအုပ်ဆိုင်က ကျွန်တော့်လုံးချင်းဆောင်းပါးများ ကို သူ့ရဲ့ ဂျာနယ်မှာ အပတ်စဉ်ထည့်ပါ ရစေဆိုလို့ သဘောတူလိုက်ရာ စာမူခ   စတုတ္ထအကြိမ်ရပြန်ပါတယ်။
ဤတွင် ညှို့မဂ္ဂဇင်းအယ်ဒီတာချုပ်   ကိုဦးဆွေကဖုန်းဆက်ပြန်ပါပြီ။ ၎င်းဆောင်း ပါးများကိုပဲ သူ့ရဲ့မဂ္ဂဇင်းမှာလစဉ်ဆက် လက်ထည့်ပါရစေဆိုတော့ စာမူခ ပဉ္ဖမ  အကြိမ်ရတော့မှာဖြစ်လို့ထည့်ပါဗျာလို့ ပြောလိုက်ပါတယ်။ညှို့မဂ္ဂဇင်းထွက်လာ တော့ လှုပ်ခတ်မှုတွေရှိလာပါတယ်။ ကျွန်တော့်ရဲ့ဆောင်းပါးတွေကတော့ စာပေစိစစ်ရေးကိုတင်ထုတ် စနစ်ကာလ တုန်းက စာပေစိစစ်ရေးကို စိစစ်ရန်(၄) ကြိမ်ဖြတ်ကျော်ခဲ့ပြီး (၄)ခါပြန်ခွင့်ပြုချက် ရပြီးဖြစ်ပါတယ်။ သို့သော် ဒီလိုရေးပြီး     ကိုယ်လွတ်ရုန်းရင်လုပ်ဖော်ကိုင်ဖက်မပီ သရာရောက်ပါမယ်။ ညှို့မဂ္ဂဇင်းအယ်ဒီ   တာချုပ်နဲ့ကျွန်တော်တို့နာမည်ပျက်စရာ ရှိရင်လည်းအတူတူ၊ချီးကျူးစရာရှိရင်လည်း    အတူတူ၊တစ်လှေတည်းစီး၊တစ်ခရီးတည်းသွား သူချင်းသဘောလိုက်၍ ကျွန်တော့် ဆောင်းပါးများမှာ အားနည်းချက်ရှိရင် လည်း ကျွန်တော်ဝန်ခံရန်နှင့်ကိုဦးဆွေ ရဲ့ အားနည်းချက်ရှိရင်လည်း အပြုသဘောအကြံပေးရန် ရည်ရွယ်ချက်နဲ့ ညှို့မဂ္ဂဇင်း   ကိုသေချာဖတ်ကြည့်ပြီး အကြံပြုစရာများ  ကို ဤဆောင်းပါးကိုတင်ဆက်ရပါတယ်။   အယ်ဒီတာချုပ်ကိုအကြံပြုရန်သာမက  စာဖတ်ပရိသတ်ကိုပါအကြံပြုလိုပါတယ်။
လိင်ပညာပေး (SEX  EDUCATION) စာပေဟာ မြန်မာပြည်မှာရှားပါ တယ်။ တစ်ချိန်တုန်းက ဒေါက်တာမောင်မောင်ညို၊ ဒေါက်တာအောင်ခင်ဆင့်၊ ဆရာဝန်တင်ရွှေ၊ဒေါက်တာထွန်းရွှေစသော  ဆရာဝန်ကြီးများက ရေးသားခဲ့ရာ စာရေး  သူအရေအတွက်ကို လက်ချိုးရေလို့ရပါ တယ်။ လိင်ဆိုတာ ပါဠိစကားပါ။အဓိပ္ပာယ်  ကတော့ သဏ္ဌာန်လို့ခေါ်ပါတယ်။ ရှင် လိင်ပြန်တယ်ဆိုတာ လိင်ကိစ္စမဟုတ်ပါ။   ကိုရင် သဏ္ဍာန်က သင်္ဃန်းချွတ်လိုက်၍ လူ့သဏ္ဌာန်ရောက်သွားတာကို ရှင်လိင်ပြန်    တယ်လို့ ခေါ်ပါတယ်။
လူရယ်လို့ဖြစ်လာရင် ယောက်ျားနဲ့   မိန်းမဟာ မျက်စိ၊ပါးစပ်၊ခြေ၊လက်၊နား စတဲ့အင်္ဂါတွေဟာတူကြပါတယ်။ မတူ တာက မျိုးပွားအင်္ဂါတွေမတူပါ။မျိုးပွား အင်္ဂါကိုမူတည်၍ ယောက်ျားသဏ္ဌာန်လား    မိန်းမသဏ္ဍန်လားခွဲခြားရတာဖြစ်လို့ မျိုး ပွားအင်္ဂါတွေကို လိင်အင်္ဂါရယ်လို့ အသုံး များ လာပါတယ်။ သို့သော် လိင်ရဲ့မူလ  အဓိပ္ပာယ်က မျိုးပွားအင်္ဂါမဟုတ်ဘဲ ရုပ် သဏ္ဍာန်သာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော့ လိင်ဆေးပညာအစားမျိုးဆက်ပွား   ဆေးပညာ (REPRODUCTIVE HEALTH MEDICINE) ရယ်လို့သုံးလာပါ   တယ်။သို့သော် လိင်ဆေးပညာနဲ့မျိုးဆက် ပွားဆေးပညာက ရာနှုန်းပြည့်ထပ်တူညီ  တူညီတာတော့ မဟုတ်ပါ။
လိင်ပညာပေးဆေးပညာဟာ အထိ မခံဘဲ အကဲဆတ်တဲ့ ဘာသာဖြစ်ပါတယ်။  ညစ်ညမ်းစာပေရယ်လို့လည်းအထင်လွဲခံရ နိုင်ပါတယ်။ ဒီတော့ ခွဲခြားတဲ့နည်းက ဒီ လိုပါ။မဂ္ဂဇင်းတွေ၊ဂျာနယ်တွေမှာ လိင်ပညာပေးပါရင် ကဏ္ဍတွေခွဲနိုင်ပါတယ်။    မဂ္ဂဇင်းတစ်ခု၌ မျိုးဆက်ပွားဆေးပညာ ကဏ္ဍ၊ဖက်ရှင်ကဏ္ဍ၊ဗေဒင်ကဏ္ဍ၊အတွေး  အမြင်ကဏ္ဍ၊စသဖြင့် အခန်းကဏ္ဍတွေ ခွဲထားရင် ပိုကောင်းနိုင်ပါတယ်။ ထို့ပြင်လိင်ဆေးပညာနှင့်ညစ်ညမ်းစာပေခွဲခြား  ရန် အယ်ဒီတာတို့၌ ဆေးပညာအကြံပေး    အဖွဲ့ရှိရင် ပိုကောင်းပါမယ်။ဖက်ရှင်ကဏ္ဍ  ၌လည်း ဖက်ရှင်ပညာပေးလား၊ညစ်ညမ်း    ကိစ်္စလားဆိုတာကို ခွဲခြားရန်ဖက်ရှင်ပညာ ရှင်အကြံပေးရှိရင် ပိုကောင်းပါမည်။သို့ သော် မည်သို့ပင် အကြံပေးတွေရှိစေ ကာမူ အကြံပေးတွေ၊အယ်ဒီတာတွေ၊ စာ ရေးဆရာတွေထက်ပိုပြီးအရေးကြီးသူက တော့ စာဖတ်ပရိသတ်ကြီးပဲဖြစ်ပါတယ်။  စာဖတ်သူ လူငယ်တို့ရဲ့ဝေဖန်ပိုင်းခြားနိုင်မှု ကိုယ်ခံစွမ်းအားက သိပ်အရေးကြီးပါ တယ်။ မသိအပ်တဲ့ပညာ၊မဖတ်သင့်တဲ့စာရယ်လို့ မရှိဘူး။မကျင့်အပ်တဲ့တရား  ပဲရှိတယ်လို့ ဆိုရိုးရှိပါတယ်။ မတော်တဆ   ဖြစ်စေ၊အင်တာနက်၌ဖြစ်စေ လူငယ်တွေဟာ ညစ်ညမ်းစာပေဖတ်မိရင် ဒါဟာ   အဆိပ်အတောက်ပဲ၊မစားအပ်ဘူး။ မကျင့် အပ်ဘူးဆိုတဲ့ ကိုယ်ခံစွမ်းအားဟာ အရေး  ကြီးပါတယ်။ ဒီလို ကိုယ်ခံစွမ်းအားရှိဖို့   လူငယ်တွေစာများများဖတ်ရမယ်။အဆိပ်အတောက်ရဲ့သဘာဝကိုနားလည်မှလည်း  အဆိပ်မမိအောင်ရှောင်နိုင်မှာဖြစ်ပါတယ်။
တရားဓမ္မစာပေကို ဖြတ်ပြီးတော့    နတ်ပြည်ရောက်မယ်၊နိဗ္ဗာန်ရောက်မယ် လို့ ရာနှုန်းပြည့်အာမခံရန် မလွယ်ဘူး လို့ထင်ပါတယ်။တရားစာဖတ်ပြီး တရား  မကျင့်ဘဲမဟုတ်တဲ့ အကုသိုလ်လုပ်ရင်  တရားစာပေက မကယ်နိုင်ပါ။အကုသိုလ်   စာပေဖတ်ပြီး အကုသိုလ်ကိုရှောင်ပြီး ကောင်းတာလုပ်ရင် နိဗ်္ဗာန်ရောက်နိုင်ပါ တယ်။ စာအုပ်တစ်အုပ်၏အဆင့်အတန်း    ဆိုရာ၌လည်း ဟိုစာအုပ်က ဟိုအဆင့် အတန်း၊ဒီစာအုပ်က ဒီအဆင့်အတန်းရယ်   လို့ မသတ်မှတ်သင့်ပါ။ အဆင့်အတန်း   ဆိုတဲ့ စကားရပ်အစား သူလည်းသူ့လိုင်း    (အမျိုးအစား)နဲ့သူ၊ ကိုယ်လည်းကိုယ့်လိုင်း (အမျိုးအစား)နဲ့ကိုယ်လို့ပြောရင် ပိုကောင်း  မယ်ထင်ပါတယ်။ ဒါမှမဟုတ် သူလည်း  သူ့အယူအဆနဲ့သူ၊ ကိုယ်လည်းကိုယ့်အယူ အဆနဲ့ကိုယ်လို့ပြောရင် ပိုပြီးခေတ်မီသွား  မယ်ထင်ပါတယ်။ သို့သော် သူလည်းသူ့    ယုံကြည်ချက်နဲ့သူ၊ ကိုယ်လည်းကိုယ့်ယုံ ကြည်ချက်ကိုယ်ရယ်လို့တော့ မသုံးနှုန်း လိုတော့ပါ။ ယုံကြည်ချက်ဆိုတဲ့ စကား  က ကြီးကြီးကျယ်ကျယ်စကားလုံးကြီးဖြစ် သွားလို့ အယ်ဒီတာချုပ်ကိုဦးဆွေကို ယုံ ကြည်ချက် အယ်ဒီတာရယ်လို့တော့ အမွှမ်းမတင်လိုတော့ပါဘူး။ ကျွန်တော် ကတော့ မျိုးဆက်ပွားဆေးပညာ ဖိုမ ဆေးပညာတွေဖွံ့ဖြိုးစေချင်ပါတယ်။ ညစ်ညမ်းစာပေကိုတော့ အားမပေးပါဘူး။ သို့သော် စာဖတ်ပရိသတ်၏ဝေဖန် ပိုင်ခြားမှုစွမ်းအင်၊ကိုယ်ခံစွမ်းအားတွေကို  ဖွံ့ဖြိုးစေချင်ပါတယ်ဟုဆိုလိုက်ချင်ပါ တယ်။

 

 

( မှတ်ချက် – ဒေါက်တာထွန်းဝင်း ဆောင်းပါးကူးယူဖေါ်ပြလိုက်ရပါတယ်။ )

 

5 comments

  • ခင်ခ

    January 8, 2013 at 10:58 pm

    အဲဒီ မဂ္ဂဇင်း က အမည်ပေးတာ လွဲနေသလားလို့ပါ။ ညှို့ ဆိုတော့ဘာလိုလို ထင်စရာရယ် မဝယ်မှီ စာမြည်းလေး ဟိုလှန်ဒီလှန်ဖတ်ဖြစ်သူကလည်း ဖတ်မိလိုက်တာက လိင်ပိုင်းဆိုင်ရာ စာပိုဒ်လေးဆိုတော့ တစ်ချို့လည်း ထင်ကြတာဖြစ်မှာပါ။ ကိုယ်က လိင်ပညာပေးပါ ကျန်းမာရေး မဂ္ဂဇင်း ဆိုလည်း သိသာတဲ့ အမည်သုံးသင့်တယ်လို့ထင်ပါတယ်။ ဥပမာ- ဖိုမ သဘာဝ လို့ ရေးပြီး စာအုပ်ထုတ်တဲ့ စာအုပ်မျိုးတောင် စာဖတ်ပရိတ်သတ်ရှိတယ် ဝယ်ကြတာတွေတွေ့တယ်။ အဲဒီတော့ အမည်က ဘာလိုလိုပေးခဲ့တဲ့အတွက် ဘာလိုလို ထင်ခံရတာလို့ ယူဆတာဘဲဗျာ။ ကျွန်တော်အထင်ပြောတာနော်။

  • ဦးဦးပါလေရာ

    January 8, 2013 at 11:14 pm

    ဒါလောက်တောင်ဖြစ်နေတာ
    အဲဒီစာအုပ်ဝယ်ပြီး တမျက်နှာချင်းသုံးသပ်ပြမှ…ထင်တယ်

  • kai

    January 9, 2013 at 5:27 am

    ကွန်ဆာဗေးတစ်များရဲ့တိုင်းပြည်နဲ့တော့.. လိုဦးမှာပါ…။
    ဆိုတော့..
    “မိမိမှရှက်လိုက်ပါသည်” လုပ်ပြကြ..
    ပြီးတော့.. ခိုးစားကြ… ပေါ့…။ :kwi:

  • marga thagyar

    January 23, 2013 at 10:41 am

    Sex education magazine is good. But pictures are …………like as playboy magazine.

  • မှောင်ကြီး

    February 14, 2013 at 10:35 pm

    ရိုုးသားလိုုက်ခိုုးစားလိုုက်နဲ ့ခိခိ 😀

Leave a Reply