သံသရာ တဖက်ကမ်းကိုလ

ဦးေက်ာက္ခဲJanuary 8, 20131min30336

“ကဲ………. ဟေ့ကောင်တွေ ၊….. အားလုံး တန်းစီကြ”

မနက်လင်းလို့ ထမင်းလှော်နဲ့ကော်ဖီလွေးပြီး ကွင်းမဆင်းခင် ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ မောင်ကျောက်တို့တစ်အုပ်ကို ဆရာဝင်း ဓမ္မာရုံအဝကနေ လှမ်းအော်လိုက်ပါတယ် ။ မောင်ကျောက်တို့လည်း အပျင်းကြောဆွဲ ၊ ဇက်ချိုး ခါးချိုး ၊ လေးလေးပင်ပင်နဲ့ ဘုန်းကြီးကျောင်းဘေးကကွက်လပ်မှာ တဝါးဝါးသမ်းရင်း တန်းစီရတာပေါ့ဗျာ ၊ ဘယ်တတ်နိုင်ပါ့…… ပင်ပန်းမယ့်ဇာတာပါလာတာကိုး ။

 

“ဒီနေ့ဈေးနေ့၊ ညနေ အသားဟင်းကျွေးမယ် ၊ ဝက်သားစားမယ့်သူစာရင်း ၊ အမဲသားစားမယ့်သူစာရင်းပေး ။ ပြီးတော့ ဘိုကစ်(ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဓာတ်ခွဲခန်းလုပ်သား ဦးကစ္စနား) နဲ့ ဈေးလိုက်သွားပြီး ထမင်း ၊ ဟင်း ကူချက်မယ့်ကောင် ရှေ့ထွက် ။ ဟိုနားက….. ဒို့မြန်မာမူဆလင်ငါးယောက်….. ၊ မင်းတို့အထဲကရော….. ဘယ်ကောင် ချက်မှာလဲ”

 

အဟီး….. “ကျောက်ငပျင်းများ” အသားဟင်းတော့ စားလိုလှပေမယ့် ဘယ်ကောင်မှ တုပ်တုပ်မလှုပ်ကြပါဘူး ။ ဘယ်လှုပ်ပါ့မလဲ ၊ ဈေးက တောလမ်းအတိုင်း ငါးမိုင်လောက်ဝေးတာ ခင်ဗျ ။ အသွားခြေလျှင် အပြန်နွားလှည်းဆိုတော့ ၊ ခြေလည်းတို ဖင်လည်းနာမယ့်အရေး ပြေးမြင်ကြတာပေါ့ဗျာ ။ ပြီးတော့ မီးခိုးတလုံးလုံးနဲ့ ချွေးပြိုက်ပြိုက်ကယ်ကျ ၊ မီးဖိုထဲ ခုတ်ထစ်ချက်ပြုတ်ရမှာဆိုတော့ “ဒို့မြန်မာမူဆလင်ငါးယောက်” ကတောင်….

“ဆရာ….. အဆင်ပြေသလို ချက်ပါဆရာ ၊ ကျွန်တော်တို့စားပါတယ် ။ ဈေးကိုတော့ လိုက်လို့မရဘူးဆရာ ၊ ဝက်သားကိုင်မိရင် အပြစ် (ဟရမ်း) ဖြစ်လို့ပါဆရာ ။ နောက်ပြီး ကျနော်တို့ မြေပုံထုတ်တာလည်း မပြီးသေးလို့ကွင်းဘဲဆင်းပါရစေ”

 

ဆရာဝင်းလည်း ဒေါကန်ပြီး … “မင်းတို့ကောင်တွေ ငါ့ကို ထမင်းချက်မှတ်နေလားကွ” ဆိုပြီး “ကျောက်ငပျင်း” တစ်အုပ်ကို အားရပါးရ ဆဲပါတယ် ။ အဟဲ…… ဆရာဆဲတာလောက်တော့ မောင်ကျောက်တို့က အပြုံးတောင်မပျက်ဘူး ၊ ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ ၊ လူတော့သက်သာမှန်း ဟောသည့် “လူပါး”တွေက သင်စရာမလို အလိုလိုသိပြီးသား ။ ဆရာဝင်းလည်း ဆဲရတာမောလာလို့ တန်းဖြုတ်ပေးလိုက်တာနဲ့ မောင်ကျောက်တို့ “လူပါးတစ်သိုက်”လည်း ကိုယ့်အထုပ်ကိုယ်ဆွဲ တောထဲကို ခြေကုန်သုတ်ကြတာပေါ့ ၊ မတော် စိတ်ပြောင်းလို့ နာမည်တပ်ပြီးခိုင်းရင် ကော်နီရဲ့ “အတွင်းကြေ” သီချင်းကို အော်ဆိုရကိန်းဆိုက်သွားမယ်လေ ။

 

အဲသည့်နေ့ ညနေစောင်း တည်းခိုရာဓမ္မာရုံကို အလျှိုလျှိုပြန်ရောက်တော့ ၊ မီးဖိုဆောင်ဖက်ကလွင့်လာတဲ့ အသားဟင်းနံ့သင်းပျံ့ပျံ့ ၊ မောင်ကျောက်တို့အစာအိမ်တွေကို နှိပ်စက်တာပေါ့ဗျာ ။ အဟဲ….. ဆရာဝင်းက ဆဲသာဆဲတာ တပည့်တွေကိုတော့ကြင်နာသား ။ ထမင်းစားကြဖို့ ဟင်းခွက်တွေတန်းစီတဲ့ အချိန်မှာလည်းပြုံး ၊ အားရပါးရစားနေကြတော့လည်း ပြုံးပြုံးလေးကြည့်နေတာပဲခင်ဗျ ။

“ဆရာဝင်း အမဲသားဟင်းချက်တာ သိပ်ကောင်းတာပဲ… ” ဆိုပြီး “ဒို့မြန်မာမူဆလင်ငါးယောက်” ခေါင်းမဖော်တန်းစားကြသလို ၊ ကျန်တဲ့ “ကျောက်ငပျင်း” တစ်အုပ်ကလည်း “ဝက်သားလေးက အိနေတာပဲ…” ဆိုပြီး စားလိုက်ကြတာ ထမင်းတောင် မလောက်ပါဘူး။

 

မောင်ကျောက်ကတော့ ဝက်သားတစ်ကိုက် ၊ အမဲသားတစ်ကိုက် စားလိုက်မိချိန်မှာ ဆရာဝင်းရဲ့အပြုံးကို သဘောပေါက်လိုက်ပါတယ် ၊ တပည့် “လူပါးလေးတွေ”ကို ခေတ်စကားနဲ့ပြောရရင် ၊ သူ “ဂျင်းထည့်” လိုက်ပါပြီ ။ “ပုလင်းကွဲရှ” မှန်းမသိတဲ့ “လူပါးလေးတွေ” စားနေကြတဲ့ဟင်းက ၊ အမဲသားကိုပြုတ်ပြီး နဲနဲနူးသွားမှ ဝက်သားနဲ့ရောချက်ထားတဲ့ဟင်းပါ ။ တိုးတိုးတိတ်တိတ် ဘိုကစ်ကို သေခြာအောင် မေးကြည့်တော့…

“ဟ….ကောင်လေးရ…. နင်တို့ကလည်း ဝိုင်းမကူ ၊ ဒယ်အိုးကလည်း တစ်လုံးထဲရှိတော့ ၊ ဆရာဝင်းနဲ့ ငါ… အလုပ်ရှုပ်လို့ ရောချက်ပစ်လိုက်တယ်” အဟိ…..ကောင်းရော။

 

အနှီလို လည်သူစား ၊ ဦးရာလူကတွယ်တဲ့ခေတ်ကြီးထဲမှာ ဆရာကလဲ တပည့်ငပျင်းတွေကို အမြင်ကပ်ရင် “ဂျင်းထည့်”တတ် သလို ၊ တပည့်တွေက ဆရာအစွန်းရောက်ကြီးကို “ဂျင်းထည့်”လိုက်တဲ့ အဖြစ်လည်း မောင်ကျောက်ရဲ့ နောင်တော်ကြီးများခေတ်က ရှိခဲ့ဖူးပါတယ်…….. အဲသည့်ဇာတ်လမ်းက သည်လိုပါခင်ဗျာ ။ မောင်ကျောက်တို့ ဘူမိဗေဒဋ္ဌာနမှာ အစွန်းရောက်တဲ့ မူဆလင်ဆရာကြီးတစ်ယောက် ရှိပါတယ် ။ ဆရာကြီးက စာသင်ကောင်းပေမယ့် ကွင်းဆင်းရပြီဆိုရင် “ဟာလာ”လုပ်တဲ့ အသားကိုမှစားတဲ့အတွက် တပည့်များ အားကြီးစိတ်ညစ်ရတယ် ခင်ဗျ ။

 

သိတော်မူကြတဲ့အတိုင်း ကွင်းဆင်းတယ်ဆိုတာ တောကြိုအုံကြားဆိုတော့ ဘယ်လိုလုပ် “ဟာလာသား” ဝယ်လို့ ရနိုင်ပါ့မလဲခင်ဗျာ ၊ အသားအားလုံးက ထိပ်ထုသားချည်းပါပဲ ။ အဲသည်ဆရာကြီးက ဆိတ်တွေ ၊ ကြက်တွေ အရှင်ဝယ်ပြီး တပည့် မူဆလင်ကျောင်းသားတွေကို “ဟာလာ” လုပ်ခိုင်းပြီးမှ စားတာဆိုတော့ ၊ စခန်းရိက္ခာရံပုံငွေလည်း ၁၅-ရက်လောက်အကြာမှာ တက်တက်ပြောင်တာမို့ တပည့်များလည်း ဆရာကြီးကို “ဖု” ကြပါသတဲ့ ။ အဲသည့်အချိန်ကစလို့ နောင်တော်ကြီးများလည်း နေ့တိုင်းအသီးအရွက်နဲ့ အိမ်ကပါလာတဲ့ အခြောက်အခြမ်းတွေကိုချည်းပဲ မှီဝဲကြရတယ်ဆိုတော့ ရက်ကြာလာတော့ အသားဟင်းငတ်လာကြပါသတဲ့ ။

 

ဤအရေးအခင်းကို ဖြေရှင်းပေးလိုက်တာက ကိုမာမူနဲ့ ကိုဖထီးပါ ။ တစ်ညနေသားမှာ ဆိတ်တစ်ခြမ်းကို နှစ်ယောက်သား ဘယ်တစ်ဖက် ညာတစ်ဖက်ဆွဲပြီး သူတို့စခန်းကိုဝင်လာပါသတဲ့ ။ ဆရာကြီးလည်း ပြုံးပြုံးရွှင်ရွှင်နဲ့…..

“ဟေ့ မာမူ…. ဘယ်ကရလာတာလဲကွ ၊ ငါတို့စားလို့ ဖြစ်ရဲ့လား”

“ရွာထဲမှာဆိတ်ပေါ်မလို့လုပ်နေတုန်း ၊ ကျွန်တော် ဟာလာ ဝင်လုပ်ပေးပြီး တောင်းလာတာဆရာ ၊ စားလို့ဖြစ်ပါတယ်”

ဆရာကြီးနဲ့ ကျောင်းသားများလည်း ချက်ပြုတ်အပြီးမှာ အားရပါးရ “ဆွဲ” ကြပါသတဲ့ ။ ကျောင်းသားများက ဘာသားလဲဆိုတာသိကြပေမယ့် ဆရာကြီးကတော့ ၅-ရက်လောက်အကြာ ရွာထဲဆင်းမှ “ခွေးသား” ဖြစ်မှန်းသိရလို့ ကိုမာမူကို မျက်နှာမြင်တိုင်း လှိမ့်ချည်းဆဲပါသတဲ့ ။

 

ယခုလို ဗရုပ်အလွန်ကျတဲ့ ကိုမာမူနဲ့ ကိုဖထီးဟာ တစ်မြို့တစ်ရွာစီကဆိုပေမယ့် ဘူမိဗေဒမှာဆုံ ၊ ဒဂုံဆောင်မှာ တစ်ခန်းထဲနေကြတဲ့ ဝါသနာတူ စရိုက်တူ အလွန်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ ။ ကျောင်းပြီးလို့ သူတို့မြို့မှာ အိမ်ထောင်အသီးသီးကျတာတောင်မှ မယားတွေကိုထားခဲ့ပြီး ရန်ကုန်မှာပျော်ပါးနေကြတဲ့ “လူဆိုးကြီး” တွေပေါ့ ။ သူတို့ငှါးနေတဲ့တိုက်ခန်းမှာ အမြဲတန်း အရက်ဝိုင်း ၊ ဖဲဝိုင်းရှိတဲ့အပြင် နှစ်ယောက်ပေါင်းပြီး ချဲဒိုင်ကိုင်လိုက်ပါသေးတယ် ။ ဒုစရိုက်မှု အကုသိုလ်နဲ့ အကျိုးပေးကြသူတွေမို့ လက်ဖျားမှာငွေသီးလို့ ညတိုင်း စားသောက်ဆိုင်ပေါင်းစုံလှည့်ပြီး သုံးဖြုန်းနေကြသူတွေပါ ။

 

သူတို့နှစ်ဦးနဲ့ ကျောင်းတော်မှာ မဆုံခဲ့ဘဲ အပြင်လောကရောက်မှ ဆုံရပေမယ့် ညီငယ်မောင်ကျောက်ကိုတော့ ဘူမိဗေဒသံယောဇဉ်နဲ့ အတော်ချစ်ကြပါတယ် ။ ကျောင်းပြီးစ ရန်ကုန်က နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တော့ စီးတော်ယာဉ်ရှိတဲ့ မောင်ကျောက်ကို ညနေစောင်းတာနဲ့  “ပွေး”ကြဖို့ အမြဲဖုန်းဆက်ခေါ်သလို ၊ ဟောသည့် ငမိုက်သားကလည်း အသင့်ပါ။

 

စားသောက်ဆိုင်ရောက်ကြရင်ဖြင့် ချစ်ကိုကြီးကိုမာမူက မောင်ကျောက်ကို အမြဲမေးနေကြမေးခွန်းတွေ မေးပါတော့တယ် ။

“ညီလေးမောင်ကျောက်….. ဟောဒါတွေကဘာတွေလဲ ၊ ကိုကြီးစားလို့ရရဲ့လား” လို့ ဝီစကီခွက်ကိုကောက်မော့လိုက်ပြီး တူတစ်စုံနဲ့ အမြည်းခွက်နှိုက်ဖို့အမေး…

“ချစ်ကိုကြီး…..ဟောသည်ဘက်ပန်းကန်က အမဲအူသုတ် ၊ ဒါလေးက ဆိတ်နံရိုးကင် ၊ ဟိုဘက်က ဆိတ်သားလုံးကြော်ခင်ဗျ ။ အကုန်လုံး ချစ်ကိုကြီး ဝါးလို့ရတယ်”

ကိုမာမူလဲ အမြည်းတွေကို ပါးစပ်ထဲကောက်ထည့်ရင်း “ကောင်းတယ်ကွာ ….. ငါ့ညီလေး အမြည်းမှာတာတော်တယ်”

မောင်ကျောက်နဲ့ကိုမာမူ အဲသည်လို အချီအချ အမေးအဖြေခန်းအပြီးမှာ ကိုဖထီးက ကွမ်းသွေးပြစ်ကနဲထွေးလိုက်ပြီး တဟီးဟီးနဲ့ရယ်ပါတယ်။

“ဘုန်းကြီးရူးနဲ့လှေလူး ၊ ဆရာတပည့် လိုက်လည်းလိုက်ပါ့ ။ ဟေ့ကောင် မာမူ…..မင်းနေ့တိုင်းမြို  နေ့တိုင်းမေး ၊ အဲဒါအားလုံး ဝက်သားချည်းဘဲကွ၊ အာပတ်လွတ်အောင် လျှောက်မေးနေတယ်”

“မအေပေး ဖထီး….. စားရတာအာရုံနောက်အောင် လာပြောနေပြန်ပြီ ၊ ငါ တူနဲ့ကောက်ထိုးလိုက်ရ”

 

သူတို့နှစ်ဦး စကားစစ်ထိုးနေတာကြည့်ပြီး မောင်ကျောက်လည်း အူတက်မတတ် ရယ်မိတာပေါ့ဗျာ ။ ကိုဖထီးက အလွန်အစသန်ပြီး ပေါက်ကရလေးဆယ် တစ်ချိန်လုံးပြောတတ်သလို ကိုမာမူက ဝက်သားလည်းကြိုက် ဝီစကီလည်းကြိုက် အမြဲပြောပေါက်ဆိုပေါက်ဖြစ်အောင်လည်း နေတတ်ပေမယ့် ၊ သူများနဲ့ စားသောက်ဆိုင်မှာ “ငြိ” ကြပြီဆိုရင် အလွန်ဘက်ညီကြပါတယ် ။ သူတို့ မျက်ရိပ်မျက်ချေပြလိုက်ရင် မောင်ကျောက်လည်း မယောင်မလည်နဲ့ ဆိုင်ပြင်ထွက် ကားစက်နှိုးပြီးအသင့်စောင့် ၊ “ဆော်ကြနှက်ကြ” အပြီး အပြေးလေးထွက်လာတဲ့ အစ်ကိုနှစ်ယောက်ကိုကားပေါ်တင် ၊ ဘေးလွတ်ရာကို မောင်းပြေးရတာပေါ့ခင်ဗျာ ။

 

“တွေ့ ကြုံ ဆုံ ကွဲ” ဆိုတဲ့ လောကရဲ့ဓမ္မတာအတိုင်း အချိန်တန်တော့ မောင်ကျောက်လဲ ဆိုးဆိုးမိုက်မိုက် ချစ်ကိုကြီးနှစ်ယောက်ကိုခွဲလို့ ပြည်ပကို ဘဝခရီးဆက်ဖို့ထွက်ခဲ့ပါတယ် ။ ပြည်ပရောက်လို့ သိပ်မကြာခင်မှာဘဲ လည်လွန်းတဲ့ဘီးချေးသင့်ရှာတဲ့ အစ်ကိုနှစ်ယောက်ရဲ့ သတင်းဆိုးကိုကြားရပါတော့တယ် ၊ ချဲမှုနဲ့ ထောင်နန်းစံသွားကြတာပါ ။ မောင်ကျောက် စိတ်မကောင်းလှပေမယ့် “ရွှေသမင် မင်းကြီးတာက ထွက်တာမို့” ဘာမှမတတ်နိုင်ခဲ့ပါဘူး ။

 

ရက်ကိုလစား လကိုနှစ်စားလို့ မောင်ကျောက်ရဲ့ တစ်ကျော့ပြန်ကျောင်းသားဘဝမှာ ၊ အစ်ကိုနှစ်ယောက် ထောင်ကလွတ်ပြီး ရန်ကုန်မှာ ယောင်လည်လည်နဲ့ ဘဝပျက်နေတဲ့သတင်းကိုကြားရလို့ ကူညီချင်ပေမယ့် ကိုယ်တိုင်တောင် ဝင်ငွေမရှိတဲ့ကျောင်းသားဘဝမို့ ခပ်မဆိတ် နေလိုက်ရတာပေါ့ဗျာ ။ နောက်ပိုင်းတော့ ဘာသာရေးဇောက်ချလုပ်နေတဲ့ ဆရာတစ်ယောက်ရဲ့ သွန်သင်ဆုံးမှမှုနဲ့ ကိုဖထီးက သားမယားကိုသူ့မိဘထံအပ်ပြီး သာသနာ့ဘောင် အပြီးတိုင်ဝင်ရောက်သွားသလို ၊ ဘက်ပဲ့သွားတဲ့ကိုမာမူလဲ သူ့မြို့သူ့ရွာပြန်သွားပြီး သတင်း စုပ်စမြုတ်စပျောက်သွားပါတယ် ။

 

ဘုန်းကြီးကိုကန်တော့ရမှာ ဝန်လေးပြီး၊ ဘာသာရေးနဲ့ အလှမ်းဝေးတဲ့မောင်ကျောက် ၊ တမြန်နှစ်က ညီမငယ်မင်္ဂလာဆောင်အတွက် ပြည်တော်ပြန်ခရီးမှာ ဘူမိဗေဒအကိုတစ်ယောက်ရဲ့ ဘုန်းကြီးဆွမ်းကြွေး မျက်နှာနာလို့သွားမိပါတယ်….. ကြွလာတဲ့ကိုယ်တော်ကိုမြင်တော့မှ ဟိုက်ကနဲဖြစ်သွားတာပဲ ။ ဟုတ်ပါတယ်ခင်ဗျာ……. တရံရောအခါက မောင်ကျောက်ရဲ့ချစ်ကိုကြီး ကိုဖထီး တဖြစ်လဲ ဤဦးဇင်းကြီးကို သူသီတင်းသုံးရာ နယ်မြို့လေးတစ်မြို့ကနေ အိမ်ရှင်အကိုက ပင့်လာတာပါ ။ “မိုက်ဆရာ” ဦးဇင်းကြီးကိုဖထီးကို မျက်လွှာအစုံချလို့ သိက္ခာအပြည့်နဲ့မြင်လိုက်ရတော့ စိတ်ထဲမှာ ရယ်ချင်ပက်ကျိဖြစ်မိသား ။

 

စ ကြွလာထဲက ဘယ်သူ့ကိုမှ နှုတ်မဆက် ၊ ပဋိသန္ဓာရစကားမဆို ၊ အပိုမပြောတဲ့ ဦးဇင်းကြီးကိုဖထီးရဲ့ “ဖြစ်ပျက် တရား” နာကြားမိတဲ့အချိန်မှာတော့ ရဟန်းစင်စစ်ဖြစ်ကြောင်းသိလိုက်ရတာမို့ ပစ်မှားမိတဲ့ အကုသိုလ်စိတ်အတွက် နောင်တရလိုက်မိပါတော့တယ် ။ တရားဆုံးလို့ ရေစက်ချဖို့ပြင်နေတုံး ရုတ်တရက် အိမ်ဝမှာ အထုပ်တစ်ထုပ်လက်ကဆွဲပြီး သံပရာခွံဦးထုတ်ဆောင်းထားတဲ့ မုတ်ဆိတ်မွေးတဖားဖားနဲ့ မူဆလင်ကုလားကြီးတစ်ယောက် လာရပ်ပါတယ် ။ ဘယ်သူပါလိမ့်လို့ သေသေချာချာကြည့်လိုက်မိတော့မှ အံ့ဩလွန်းလို့ “အောင်မလေးဗျ” လို့ အသံထွက်သွားမိတဲ့အထိပါ ။

 

“သူငယ်ချင်း…. သီးစုံသားသက်လွတ် ဒံပေါက်ထမင်း ၊ ငါ့ကိုယ်စား ဘုန်းကြီးကိုကပ်ပေးပါ” လို့ အိမ်ရှင်အကို ကို အထုပ်အပ်ပြီး ပရိသတ်ဘေးမှာထိုင်ချလိုက်သူ အနှီမူဆလင်ကြီးဟာ ကိုမာမူ ပါခင်ဗျာ ။ လောကကြီးကို မျက်စေ့လည် ဘာတွေဖြစ်ကုန်ပါလိမ့်လို့ နုလှတဲ့ မောင်ကျောက် ၊ အတွေးမဆုံးခင် ရဟန်းကြီးက ဆွမ်းစားဖို့အထ ၊ မုတ်ဆိတ်ဖားဖားနဲ့ ကိုမာမူက လက်မြန်ခြေမြန် “အနေကထိုင်” လှမ်းယူပြီး ဆွမ်းစားမယ့်နေရာ ခင်းပေးလိုက်တဲ့ခဏမှာ ချုံးပွဲချငိုမိသွားပါတယ် ။ ဆိုးဖော်မိုက်ဖက် ချစ်သူငယ်ချင်း ကိုမာမူကိုတောင်မှ မော့လို့လဲမကြည့် ၊ ပြုံးလို့လဲမပြ ၊ သံသရာကိုစိတ်ပြတ်လှတဲ့ ရဟန်းကြီးက ခံစားချက်ကင်းလှပေမယ့် ၊ ကိုမာမူရဲ့မျက်ရည်တစ်စက်ကတော့ ကြမ်းပေါ်ကိုပေါက်ကနဲကျသွားတာ အားလုံး အမြင်ပါ ။

 

ဆွမ်းစားအပြီး ပြန်ကြွမယ့် ရဟန်းကြီးရဲ့ခြေတော်ရင်းမှာ မောင်ကျောက်လည်းဝပ်စင်းပြီး ပစ်မှားမိတာတွေအတွက် ထိချင်းငါးပါးနဲ့ ရှိခိုးတောင်းပန်တော့…..

“ရဟန်း သံသရာကြွေးဘယ်သူ့ကိုမှမထား ၊ ခွင့်လွှတ်ပါတယ် ။ ဒကာလေးလည်း အသေမဦးခင် သတိပဋ္ဌာန်တရား ပွါးများနိုင်ပါစေ” လို့ တိုတိုပြတ်ပြတ် ဆုပေးပြီး ပြန်ကြွသွားသလို…

“ညီလေး….. အကိုအခု ဘာသာရေးပဲ ဇောက်ချလုပ်နေတယ် ၊ ငြိမ်းချမ်းတယ်ကွာ ။ ငါ့ညီလည်း ပေါ့ပေါ့နေပေါ့ပေါ့စား မလုပ်နဲ့ ၊ ဘာသာရေးလုပ်ကွ ။ အကို ဝတ်ပြုချိန်နီးလို့ သွားတော့မယ်” ဆိုပြီး ကားမောင်းထွက်သွားတဲ့ ကိုမာမူ ကို လှမ်းမျှော်လိုက်ရင်း အမျိုးအမည်မသိတဲ့ဝေဒနာက ရင်ဘတ်ထဲမှာ လှိုက်ကနဲတက်လာတာမို့………

 

 

36 comments

  • မောင့်ကျက်သရေ ဂီ့

    January 8, 2013 at 12:47 pm

    ကျက်သရေမင်္ဂလာ ရှိပါပေ့ ဦးကျောက်ရေ…
    သံဝေဂ ရသ ပိုစ့်ကောင်းလေး တစ်ပုဒ်မို့ နက်နက်နဲနဲ ဖတ်ရှုဆင်ခြင်သွားပါတယ်ဗျာ…
    (ညနေကျမှ လုပ်ချင်ရာလုပ်တာ…ဟီးးး)

    :harr:

  • ဘဲဥ

    January 8, 2013 at 1:06 pm

    ကျောင်းတော်ကြီးက ဇာတ်လမ်းလေးဒွေဂို ပြန်သတိရသွားဒယ် အူးကျောက်ရေ့
    ဝမ်းနည်းစရာတွေရော ဝမ်းသာစရာ ပျော်စရာတွေရောအားလုံးပဲ
    ကွင်းဆင်းတုံးက…………………………..

  • ဦးလေးကျောက်ရေ ..
    ဘယ်လို ပြောရမလဲ …
    ဘယ်လိုမှ မပြောတတ်ဘူးဗျာ ..
    ဒီတော့ ဒီလိုပဲ ပြောတော့မယ် ..
    “လောကတွင် တစ်ချို့သော အဖြစ်အပျက်တို့သည် ဤသို့ဤနှယ် ဖြစ်တတ်လေ၏”

  • Foreign Resident

    January 8, 2013 at 1:57 pm

    ဦးကျောက် ရေ ၊ တကယ့် ရှယ်ပါပဲကွယ် ။
    နောက်တစ်ခါ ဆုထပ်ရရင်တော့ ၊
    တခြားရွာသူားတွေက ပြောတော့မှာပဲ ။

  • Shwe Ei

    January 8, 2013 at 2:13 pm

    တရားနဲ့သာဖြေပါတော့ အူးလေးရယ် 🙁

    • ဦး ကျောက်ခဲ

      January 9, 2013 at 8:02 am

      ရွာသူရွာသား စာရှုသူများ မင်္ဂလာပါ ခင်ဗျား……

      ကိုဂီ ရေ
      ဦးကျောက်လဲ ထိုနည်းလည်းကောင်း ညနေစောင်းရင်ဖြင့် သံဝေဂတွေ မေ့မေ့သွားတယ်….
      :harr:

      ကိုဘဲဥ
      ဟုတ်ပါ့ဗျာ…. ပြန်စဉ်းစားမိရင် ကျောင်းတော်ကဇတ်လမ်းတွေ ကုန် မကုန်နိုင်ဘူး…

      ကိုအံစာ
      အမှန်ပြောရရင် ပြောင်းလဲခြင်းနိယာမကို ဉာဏ်လိုက်လို့ မမှီနိုင်ဘူး….

      အဘဖော ရေ
      မလုပ်ပါနဲ့ဗျာ၊ မောင်ကျောက်က စိတ်ပြေလက်ပျောက် စာရေးသူပါ….

      တူမ မရွှေအိ
      ဦးလေးလဲ တစ်ရာနဲ့ဖြေချင်တာ၊ ခုပေး ဒေါ်လှတစ်ရာ….
      :harr:

  • Mon Kit

    January 8, 2013 at 2:37 pm

    ဦးကျောက်ရေ.. တစ်မျိုးပီး တစ်မျိုး တကယ်ကို မရိုးရလားကွယ်..
    အဲဒါ မိတ်ဆွေကောင်းတို့ရဲ့လုပ်ရပ်တွေလို့ မြင်မိပါတယ်..
    ကိုယ်ငြိမ်းချမ်းသလို မိတ်ဆွေအပေါင်းသင်းကိုလည်း ငြိမ်းချမ်းစေချင်တဲ့ စေတနာကြောင့် တိုတိုပြတ်ပြတ်ဘဲ ဆုံးမသွားတယ်နော်…ကောင်းလိုက်တာ…

  • Mr. MarGa

    January 8, 2013 at 8:57 pm

    ဦးကျောက်ရေ
    တကယ်ပြောတာဗျ
    ဦးကျောက် စာရေးဆရာ လုပ်သင့်နေပြီ
    ပေးချင်တဲ့ အချက်ကိုလဲ ရောက်အောင် ရေးနိုင်တယ်
    အရေးအသားကလဲ အသောလေးနဲ့ ဖတ်တဲ့သူ အဆင်ပြေတယ်
    ကျန်တာတော့ ပြောနေစရာတောင် မလိုတော့ဘူး

  • မောင်ထက်ကြီး(မုံရွာ)

    January 8, 2013 at 11:37 pm

    သံသရာတစ်ဖက်ကမ်းမှာဘာရှိသလဲးတော. မသိဘူး ဦးကျောက်ရေ..
    သံဝေဂရစရာပါဘဲ..

  • surmi

    January 9, 2013 at 12:16 am

    ရီအောင်လည်း ရေးတယ် …….
    လွမ်းအောင်လည်းရေးတယ် ……..
    တရားလည်း ဟောသေးတယ် …….
    ကဲ ….. ကျောင်းဒကာရေ ….
    သံသရာဆိုတာကြောက်စရာကြီး … အဖေါ်မပါပဲမသွားနဲ့ …
    ကူဖေါ် ၊ လောင်ဖက်လေး ခေါ်သွားဦး …..
    :harr:

  • pooch

    January 9, 2013 at 1:13 am

    အရှိန်လေးကုန်သွားတဲ့ အခါကြပြန်တော့လည်း သူ့အလိုလို အသိတရားရသွားတယ်။ သူတို့ အရှိန်ကောင်းနေရင်တော့ ဘယ်သူတားတား တားမရပြန်ဘူး။

    သူငယ်ချင်းထဲ တော့ ပြောပလောက်အောင် ဆိုးတဲ့သူ မတွေ့မိဘူး။ မိန်းကလေးတွေ ချည်းများနေလို့ထင်ရဲ့ ။ ဒါပေမဲ့ ရွယ်တူထဲ ရောဂါတခုနဲ့ ဆုံးသွားတုန်းကတော့ စိတ်ထဲ တော်တော်ကြာနေလို့ ထိုင်လို့ မကောင်းခဲ့ဘူး။ သံဝေဂ ရသလိုလို သေခြင်းတရားက အရွယ်မရွေးပါလား ဆိုပြီး ။

    နောက်တော့လည်း ဒုံရင်း စိတ်ကို ပြန်ရောက်သွားပြန်တယ်။ 🙁
    ဒီမစင်တွင်းက မလွတ်နိုင်သေးပြန်ဘူး။

  • kai

    January 9, 2013 at 5:00 am

    ဆိုတော့…
    မြန်မာပြည်ကို.. .. ဆွဲချသွားတဲ့.. လူမှုရေးနိုင်ငံရေး.. ကျိန်စာကို အကွင်းအကွင်း မုန့်တီဟင်း သဖွယ်.. မြင်လိုက်ရသလိုပါပဲ..။
    အနိစ္စ…။ :buu:

    • ဦး ကျောက်ခဲ

      January 9, 2013 at 8:23 am

      ရွာသူရွာသား စာရှုသူများ မင်္ဂလာပါ ခင်ဗျား……

      တူမ မွန်ကစ်
      သူရို့ကတော့ ငြိမ်းချမ်းစေချင်ပေမယ့် ဦးကျောက်ရင်ထဲ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူး……

      ဦးမာဃ
      မလုပ်ပါနဲ့ သိကြားရယ်၊ မတော်… မောင်ကျောက် ထမင်းငတ်နေပါ့မယ်….
      :harr:

      မောင်ထက်ကြီး(မုံရွာ)
      ဟုတ်ပါ့ဗျာ… ယူတတ်ရင် သံဝေဂကတော့ နေ့တိုင်းရနေတာပါဘဲ…

      ကိုရင်ဆာမိ
      ကျောင်းဒကာက အတင်းအဖော်ရှာခိုင်းနေတော့တာဘဲ….
      ဟောသည့်မောင်ကျောက်ကလဲ အသဲလေးမခိုင့်တခိုင်နဲ့ဆိုတော့….
      :harr:

      မယ် pooch
      ဒါကတော့ ဦးကျောက်တို့က ပုထုဇဉ်ကိုး၊ အချိန်တန်တော့လဲ ဒုံရင်း…..

      သူကြီး ရေ
      ကျိန်စာတဲ့လား….. ခေတ်ကြောင့်မဟုတ်၊ စနစ်ကြောင့်မဟုတ်….
      အနိစ္စ… အနိပ်ကလေးတွေကစလို့ ပါသွားတဲ့ မောင်ကျောက်ဘော်ဘော် လူပြန်တော်အကြောင်း ရေးဦးမှာ…
      :harr:

  • ကြည်ဆောင်း

    January 9, 2013 at 8:54 am

    အရေးအသားကလဲ လန်းပါပေ့
    ကွင်းဆင်းတဲ့အကြောင်းဖတ်ချိန်မှာ ပြုံးရယ်မိသလို …
    ဦးပဇင်းဖထီး နဲ့ ကိုမာမူ အကြောင်းဖတ်မိတော့ ငိုချင်မိတယ် …
    ပြုံးသူမှာ မျက်ရည်စတွေနဲ့ဆိုတာ ဦးကျောက်ရေးတဲ့စာကိုဖတ်မှကွက်တိဘဲ..

  • nozomi

    January 9, 2013 at 10:01 am

    ရသစုံတဲ့ ဦးကျောက်ပို့စ်တွေ ဖတ်ဖြစ်ပါတယ်
    အချိန်မရလို့ အပြေးအလွှားဖတ်ရတာမို့ မမန့်ဖြစ်တာ ခွေးလွှတ်ပါနော
    အဘိုးအဖွားအကြောင်း ရေးတဲ့ ပို့စ်ကလဲကောင်း ဆုရတဲ့ ပို့စ်လေးက ကောင်း
    အခုပို့စ် ကလဲ ကောင်း အကုန်ကောင်းနေတာမို့ ဦးကျောက်(အကုန်ကောင်း) လို့ တောင် ကလောင်အမည် ပြောင်းသင့်နေပြီ

    အပေါ်မှာ “ဟုတ်ပါ့ဗျာ…. ပြန်စဉ်းမိရင် ကျောင်းတော်ကဇတ်လမ်းတွေ ကုန် မကုန်နိုင်ဘူး…”လို့
    ရေးထားတာ တွေ့လိုက်မိတယ်
    ဖတ်မဲ့ သူတွေကလဲ များများဖတ်ချင်တာမို့ အခုထက် များများလေး ပိုရေးဘို့ (ဖြစ်နိုင်ရင်) တောင်းဆိုချင်ပါတယ် ခင်ဗျာ

  • ခင်ခ

    January 9, 2013 at 10:15 am

    ( အမျိုးအမည်မသိတဲ့ဝေဒနာက ရင်ဘတ်ထဲမှာ လှိုက်ကနဲတက်လာတာမို့………)
    ဝေဒနာ နာမ မကြေညာပေမယ့် ဖတ်တဲ့သူရင်ထဲလည်း အမျိုးအမည်မသိတဲ့ ဝေဒနာ တစ်ခုတော့ ရခဲ့သလိုလို ပါဘဲဗျာ။

  • Nyo Win

    January 9, 2013 at 12:43 pm

    တခြားတော့..မမန့်တော့ပါဘူး
    ဦးကျောက် ပို ့စ် တွေကို..ဖတ်ဖို့..အမြဲမျှော်နေပါတယ်..ဆိုတဲ့အကြောင်း
    အဲဒါ…အဲဒါ…

    • ဦး ကျောက်ခဲ

      January 10, 2013 at 9:44 am

      ရွာသူရွာသား စာရှုသူများ မင်္ဂလာပါ ခင်ဗျား……

      မကြည်ဆောင်း
      ဦးကျောက်ကတော့ ဆိုခဲ့တဲ့အတိုင်း ချုံးပွဲချ ငိုမိတာ၊ ဒီပို ့စ်ကိုရေးရင်းတောင် မျက်ရည်လည်မိသေးတယ်….

      ကို nozomi
      ကိုယ်မကောင်းတာ ကိုယ်သာသိတာမို့ ဦးကျောက်(အကုန်ကောင်း) တော့ မလုပ်လိုက်ပါနဲ့….
      အလုပ်အားတိုင်း ရေးပါ့မယ် ခင်ဗျာ…..

      ဦးခ ရေ
      ဝေဒနာပေးမိရင် မောင်ကျောက်ကို ခွင့်လွှတ်ပါဗျာ….

      ကို Nyo Win
      ကျေးဇူးတင်ပါတယ်……ဆိုတဲ့အကြောင်း…
      အဲဒါ…အဲဒါ…

  • ဦးကြောင်ကြီး

    January 10, 2013 at 9:58 am

    သံသရာ
    တလံကွာ
    မခံသာ
    ပုဂံမြှာ
    အသံစွာ
    ဆလံပါ
    ဂျပန်မှာ
    နဘန်နွှာ..။

  • kyeemite

    February 11, 2013 at 9:52 am

    ကိုကျောက်ခဲရေ..ဗဲဒီး ဗဲဒီးဆောဒီးပါဗျာ..
    ဇန္နဝါရီတစ်လလုံး အရှုပ်တွေလုပ်နေတာနဲ့
    ကိုကျောက်စာလေးကိုအခုမှတ်ဖတ်ဖြစ်တယ်
    ခွေးလွှတ်ပါဗျာ..သောင်ပြင်ကို..ဟီး
    ကိုကျောက်လက်ရာထုံးစံအတိုင်းရသစုံခံစားရပါသဗျာ..

    • ဦး ကျောက်ခဲ

      February 11, 2013 at 4:35 pm

      အာ… အကိုမိုက်

      ပြောရမည့်သူတွေလားဗျာ…
      ဖတ်ပေး မန့်ပေးတာ…
      ကျွန်တော်ကတောင် ပြန်ကျေးဇူးတင်နေရတာ ခင်ဗျ…

  • Wow

    February 11, 2013 at 3:25 pm

    အူးရေးကျောက်ဒီလောက်စာရေးကောင်းတာတောင်.. ဟီး.. ပြောလော့ပါဝူး :kwi:
    Happy Valentine နိုင်ဘာဇေ… :mrgreen:

    • ဦး ကျောက်ခဲ

      February 11, 2013 at 4:38 pm

      တော်ပါတော့ ဂျီးတော်ဝေါင်းရယ်

      အဲသည့် Valentine ဆိုတာဂျီးကို….
      စိတ်နာ လွန်းလို့ဘာ…

      • Wow

        January 27, 2015 at 10:35 am

        ခုတော့ ဘယ်လင်တိုင်းရုံသာမက လူအူးရေပါတိုးတော့မဲ့ကျောက်စ် အတွက် ဂုဏ်ယူဝမ်းမြောက်ပါသီ 🙂

        • ဦးကျောက်ခဲ

          January 28, 2015 at 1:38 pm

          တွေ့တယ် မဟုတ်လား… ဂျီးဒေါ်ဝေါင်း…
          ၂-နှစ်အတွင်း တိုးတက်သွားတာ… အာဟိ
          :k:

  • ဦးကျောက်ခဲ

    January 26, 2015 at 5:47 pm

    ဒီပို့စ်လေး ရေးခဲ့တာ အကြောင်းရှိပါတယ်…
    အကြိမ်ကြိမ် ပြန်ဖတ်မိတိုင်း ရင်ထဲမှာ ဝေဒနာတွေလည်း တိုးရပါတယ်…
    ချစ်သော အစ်ကိုကြီးများ သံသရာက လွတ်မြောက်ကြပါစေ….

    • Mike

      January 27, 2015 at 9:25 am

      .အူးကျောက်စ်ရေ..ခုပြန်ဖတ်ရတော့ ဆရာတော့်ပုံပါမျက်စေ့ထဲမြင်လာသမို့ ပိုအရသာရှိသွားပါကြောင်း…
      .အူးကျောက်လည်းဆရာတော်အတွက်ပိုညပီးဂုဏ်ယူနိုင်တာပေါ့နော…အော်..ရေစက်ဆိုတာဒါပါလား
      .လို့တွေးလိုက်မိပါတယ်

      • ဦးကျောက်ခဲ

        January 28, 2015 at 1:40 pm

        လောကကြီးရဲ့ ဆန်းကျယ်ပုံကတော့ မျက်မြင်ပဲ ဆြာမိုက်ရေ…
        🙂

  • Ma Ma

    January 26, 2015 at 6:43 pm

    ဒိပိုစ့်ကို ဖတ်ဖူးတယ်။
    ကွန်မကောင်းလို့ မမန့်လိုက်မိတာဖြစ်မယ်။

    အသားအရောင် လူမျိုးဘာသာ ကွဲပြာပေမယ့် ချစ်ခင်ရင်းနှီးနိုင်ကြတယ်ဆိုတာ သိကြစေချင်တယ်။ 🙂

    ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က အမှတ်တရ ရေးပေးဖူးတယ်။
    အသားအရောင်မခွဲခြားပဲ ဆက်ဆံလို့ ဝမ်းသာတယ်….တဲ့။ 🙂

    • ဦးကျောက်ခဲ

      January 28, 2015 at 1:42 pm

      ပြောင်းပြန်ပြောရရင် မိတ်ဆွေရင်း မိတ်ဆွေစစ်တွေကြားမှာ…
      လူမျိုးစွဲ ဘာသာစွဲ အသားအရောင်ခွဲတာတွေ မရှိတော့ဘူး အန်တီမမရဲ့…
      🙂

  • ခင်ဇော်

    April 13, 2015 at 4:09 pm

    သများမှာတော့ အသားရောင် ခွဲခြားပြီးတွေးတဲ့ အချိန် ရှိတယ်။
    ဘယ်အချိန်တုန်းဆို လက်ဆောင်ပစ္စည်းဝယ်တဲ့အချိန်။
    ဟိ

    :k:

    • ဦးကျောက်ခဲ

      April 14, 2015 at 8:46 am

      မြန်မာတွေ အသားအရောင် အတော်ခွဲခြားတတ်တယ်…
      ပြီးခဲ့တဲ့ သင်္ကြန်အဖိတ်နေ့ ဆရာဝန်အသင်းက စတုဒီသာစားပြီးအပြန်…
      ကလေးလွယ်ပြီး Taxi Stand ကို အသွား ၊ မြန်မာကောင်မလေး တစ်အုပ်က…
      “ဟဲ့ ဟဲ့… ဟိုလူမဲကြီး မိန်းမက ချောချောလေးနော်” တဲ့…
      ကျောက်စ်ကတော့ နားထင်သွေးတက်… မိနှင်းနှင်းက သဘောတွေကျပြီး…
      “ကျေးဇူးပါ ညီမလေးတို့” ဆိုတော့…
      “ဘုရားရေ… မြန်မာတွေဟ” ဆိုပြီး တောင်းပန်ပါတယ်…
      တောက်စ်… ခံပြင်းချက်… မိုက်ခဲကြက်ဆင်လို အရောင်ချွတ်လိုက်ရ…
      :k:

  • ကြည်ဆောင်း

    April 14, 2015 at 11:15 am

    အသားမဲတော့ ပတ္တမြားခဲ တဲ့
    စာဆိုတောင်ရှိသား ဦးကျောက်ရေ . . .
    အားမငယ်နဲ့

    • ဦးကျောက်ခဲ

      April 14, 2015 at 11:19 am

      အားပါးပါး … ပျောက်ချက်သားကောင်းနေလိုက်တာ တမေ့တမောပဲ…
      မကြည်ဆောင်းတို့များ အခုမှပဲ ပေါ်တော်မူရှာတယ်…
      မြန်မှာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျား…
      :k:

  • ကြည်ဆောင်း

    April 14, 2015 at 11:24 am

    ဦးကျောက်တို့ မိသားစုလဲ ထပ်တူထပ်မျှ ရွှင်လန်းချမ်းမြေ့ ပါစေ ရှင်

Leave a Reply