ငယ်ချစ်…….
ကျွန်တော် ဦးကျောက်ရဲ့ဘဝက ခွင့်ရလို့အိမ်ပြန်၊ ဇိမ်နဲ့နှပ်နေဖို့ ကြံပေမယ့် ဇာတာ မပါဘူးခင်ဗျ။ အိမ်မှာ ဖခင်ကြီးကွယ်လွန်ပြီးထဲက မိန်းမသားတွေချည်းပဲဆိုတော့၊ ပြန်ရောက်တာနဲ့ကျိုးတာတွေ ဆက်၊ ပျက်တာတွေပြင်၊ လက်သမားဆရာ အလုပ်၊ မီးပြင်ဆရာ အလုပ်၊ တန်းစီပြီး လုပ်ရတာပေါ့ခင်ဗျာ။ သိတော်မူကြတဲ့အတိုင်း နိုင်ငံတော်အစိုးရမင်းများက စေတနာကြီးကြီးထားပြီး နိုင်ငံရေးသမားတွေကို ထောင်ထဲမှာ အနားယူစေ၊ ဒုစရိုက်သမားများ ထမင်း အလကား မကျွေးနိုင်၊ ကိုယ့်ဟာကိုယ် ရှာစားဆိုပြီး လွတ်ငြိမ်းမိန့်တွေနဲ့ လွှတ်လိုက်တော့၊ ကြောက်အားပိုတဲ့ အိမ်ကလေဒီများ ပျက်နေတာတွေကို လူခေါ်မပြင်ဘဲ နဂိုရည်အတိုင်း ထားထားကြတာမို့ပါ။
ဒီနေ့လည်း ပျက်သမျှတွေကို ပြင်ဖို့ အပိုပစ္စည်းဝယ်ရအောင် လူထူထူ၊ နေပူကျဲကျဲ ရန်ကုန်မြို့ထဲက လျှပ်စစ်ပစ္စည်းတန်းကို ရောက်ခဲ့ရပြန်တာပေါ့ခင်ဗျာ။ ဟိုဆိုင်ငေး၊ သည်ဆိုင်ငေးနဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာတော့ ဦးကျောက်ရဲ့ခြေလှမ်းတစ်စုံ ရပ်တန့်လို့သွားပါတယ်။ ဟုတ်ပါတယ်…..ဆိုင်ထဲက ငွေသိမ်းစားပွဲမှာ ထိုင်နေတာ “ငယ်ချစ်”ပါ။ အသက်အရွယ်ရလာလို့ ဆူဆူဖြိုးဖြိုးဖြစ်နေပေမယ့် ဘယ်မေ့နိုင်ပါ့၊ သူမှသူ အစစ်ပါ။ အို…. ဖြစ်ချင်ရာဖြစ် အရဲစွန့်လို့ ဆိုင်ထဲကို လှမ်းလိုက်တယ်ဆိုရင်ပဲ
“ဦးလေး…. ဘာအလိုရှိပါသလဲရှင့်” ဆိုတဲ့ အပျိုဖြန်း သမီးငယ်ရဲ့အသံနဲ့အတူ ရုတ်ချည်း အေးစက်မာကျောသွားတဲ့ “ငယ်ချစ်” ရဲ့ မျက်ဝန်းအစုံကို ရင်ဆိုင်လိုက်ရပါတယ်။
ဦးကျောက်လည်း ပါလာတဲ့ပစ္စည်းစာရင်း သမီးငယ်ရဲ့လက်ထဲ ကမ်းလိုက်တော့…
“လိုင်လိုင်း….. ဘာမှမရောင်းဘူးလို့ပြောလိုက်” ဆိုတဲ့ ဒေါသသံနဲ့ ငယ်ချစ်ရဲ့ အမုန်းကို
“ခင်ဗျားဗျာ…. အသက်တွေလဲ လေးဆယ်ကျော်နေပြီ၊ ဟိုး….လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အမုန်းတွေ ခုချိန်အထိ ရင်ထဲသိမ်းထားတုန်းပဲလား” လို့ တောင်းပန်သံ လေအေးအေးနဲ့ ခွန်းတုံ့ပြန်လိုက်တယ်ဆိုရင်ပဲ
“ဟမ်…… မာမားနဲ့ ဒီဦးလေးနဲ့က သိလို့လား၊ ဘာဖြစ်ထားကြတာလဲ” လို့ မျက်ဝန်းမှေးမှေးကို အစွမ်းကုန်ဖွင့်ရင်း သမီးငယ် အပျိုဖြန်းလေးက မေးရှာပါတယ်။
ဦးကျောက်လည်း လေပူတစ်ချက်ကို မှုတ်ထုတ်လို့ နီးရာခုံတစ်လုံးမှာ ထိုင်ချလိုက်ရင်း
“သိတာပေါ့… သမီးရယ်၊ တစ်ယောက်ကိုတစ်ယောက်..သိပ်သိကြတဲ့ မိတ်ဟောင်း၊ဆွေဟောင်းတွေပါ” လို့ အစချီရင်း အတိတ်ကို ဆောင်ရပါတယ်။
မောင်ကျောက်ခဲတို့ခေတ် တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ရင်ခုန်စရာအပြည့်နဲ့ပါ။ ဆရာတွေကလည်း စေတနာထားပြီး သင်သလို၊ ကျောင်းတော်သူ၊ ကျောင်းတော်သားများကလည်း တစ်ဦးကိုတစ်ဦး ကျီစယ်ရင်း တက္ကသိုလ်နေ့ရက်တွေကို ဖြတ်သန်းကြပါတယ်။ အဲ….. ဗရုတ်ကျတဲ့ မောင်ကျောက်တို့ကတော့ ခြွင်းချက်ပေါ့ဗျာ။ အတန်းအားတာနဲ့ ကျောင်းထဲမှာမွှေ၊ တွေ့သမျှ မိန်းကလေးတွေကို စ၊ အထူးသဖြင့် မဒီကညာ ပေါတဲ့ အီကိုတို့၊ မြန်မာစာတို့၊ ရူပဗေဒတို့ ဆို အတန်းဝသွားပြီး ငမ်းရ၊ မျက်နှာပြောင်ရတာ နေ့စဉ် တာဝန်လို ဖြစ်နေတာခင်ဗျ။ အဟဲ….. စာသင်နေတဲ့ဆရာ စိတ်ဆိုးပြီး ထွက်လိုက်လို့ပြေးရတဲ့ အကြိမ်ပေါင်းကလည်း မနည်းခဲ့ပါဘူး။
“မင်းတို့တွေ ဒီလောက်သင်လာတာ ခုထိ မြီစား.. မြီရှင် မခွဲတတ်သေးဘူး။ ငါ… သေချင်တယ်” ဆရာက အဲဒီလိုအညည်း၊ မောင်ကျောက် လွယ်အိတ်ထဲက ကြေးစည်ကို ကောက်တီးလိုက်တော့ အီကိုသူလေးတွေက အုံးကနဲရယ်၊ ဆရာလည်း ဒေါကန်ပြီး ထွက်လိုက်ဖမ်းတာပေါ့ဗျာ။ ဘယ်ရမလဲ.. ဒီကလည်း ပြေးပြီးသား။ နောက်ပြီး စာသင်ရင် “ဆရာ ဆိုချင်တာက …..” နဲ့ အမြဲအစချီလေ့ရှိတဲ့ ရူပဗေဒဋ္ဌာနက ဆရာတစ်ဦး ရှိပါသေးတယ်။ သူ့စာသင်ချိန် အတန်းနောက်ကနေ သူ့ရဲ့မူပိုင် “ဆရာဆိုချင်တာက…” ဆိုတဲ့ နိဒါန်းအဆုံး “ကာရာအိုကေ” လို့ အော်ပြီး ပြေးတာပေါ့ဗျာ။ တပည့်များက ပတ်တုတ်လို့မရအောင် ရယ်၊ ဆရာလည်း မဟာအရှက်တော် ကွဲပြီး စာဆက်သင်လို့ မရတော့ ဘူမိဗေဒဋ္ဌာနမှူး ဆရာဦးကျော်ထင်ကို တိုင်တာပေါ့ဗျာ။ မတစ်ထောင်သား ဘယ်ကောင်လုပ်သွားမှန်း သိတာမှတ်လို့။
အဟဲ…. အဆိုးဆုံးခံရသူက ဝက်သားတုတ်ထိုးရောင်းတဲ့ ဦးလေးပါ။ ဒီလိုပါ….. နှုတ်ခမ်းနီထွေးနဲ့ ချစ်စရာမဒီလေးများရဲ့ ခံတွင်းဟာ အတော်ကြောက်ဖို့ကောင်းပါတယ်။ ချဉ်ချဉ်စပ်စပ် အသုပ်စုံဆိုလဲ ဗျင်းတာပဲ၊ ပူစပ်ပူလောင် အာပူလျှာပူ ရခိုင်မုန့်တီဆိုလဲ သူတို့ချည်းဘဲ၊ ဝက်သားတုတ်ထိုးဆိုရင်လည်း ဟိုးခေါင်းကနေ အမြီးအထိ၊ ခြေထောက်ပါမကျန် ဝါးတာခင်ဗျ။ အဟီး…. အဆိုးဆုံးက ဝက်ဟိုသင်းကို ရှယ်မှာပြီး တီးတာခင်ဗျ။ ဘာတဲ့….သူတို့အခေါ် “အကြော” ဆိုလား၊ “ဆရာကြီး” ဆိုလား။ အဲဒီ့အကြောင်းသိထားတဲ့ မောင်ကျောက်တို့တစ်အုပ်က တုတ်ထိုးစားနေတဲ့ ကျောင်းသူများကိုတွေ့ရင်….
“ဟမ့်….. ရုပ်ကလေးကြည့်တော့ လှတပတ၊ စားနေတာကဖြင့် ဝက်ဗိုက်ထဲက ကလီစာတွေနဲ့ ဟိုသင်းကြီး၊ သူတို့မို့ မရွံမရှာ”
အဲသည်တော့ ကောင်မလေးတွေလည်း အရှက်ကွဲလို့ မောင်ကျောက်တို့ကို ဆဲ၊ စားနေရင်း မောင်ကျောက်တို့လာတာမြင်ရင် ချက်ချင်းပိုက်ဆံရှင်းပြီး ပြေးကြတယ်ဆိုတော့ ဆိုင်ရှင်ဦးလေးက တောင်းပန်စကားဆိုပါတယ်။
“ငါ့တူတို့ရယ်… ဦးလေးမှာ မိသားစုနဲ့ ကြည့်မြင်တိုင် တဖက်ကမ်း အေးရွာကနေ လာရောင်းရတာပါ။ ကလေးမတွေ မင်းတို့ရန်ကြောက်လို့ လာမစားကြရင် အရင်းပြုတ်ပြီး ဦးလေးမိသားစု ထမင်းငတ်ပါလိမ့်မယ်။ ငါ့တူတို့ စားချင်ရင် တဝစားသွားကြပါ၊ ဦးလေးမိသားစုကို ငဲ့ညှာတဲ့အနေနဲ့ ဆိုင်မှာစားနေတဲ့ ကလေးမတွေကို မနောက်ပါနဲ့ကွယ်”
အနှီ တုတ်ထိုးသည် ဦးလေးကိုသနားလို့ မနောက်မပြောင်တော့ပေမယ့် စားနေတာတွေ့ရင် ပြုံးစိစိတော့ ကြည့်မိသား……
ပြန်စဉ်းစားတိုင်း လွမ်းရတဲ့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ကျောင်းထိပ် ရေကန်ဘေးက ဆိုင်လေးမှာ တုတ်ထိုးချစ်သူ မိစွာတေး ငယ်ချစ်နဲ့ ဆုံခဲ့တာပါ။ သူ့ကို စရင် ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်သူလေးဆိုတော့ အနောက်အပြောင်သန်တဲ့ မောင်ကျောက်အကြိုက်ပေါ့ ခင်ဗျာ။ ဂီတကို ဝါသနာပါတဲ့ ဂန္ဓာလရစ်သွေးပါလေသူ ငယ်ချစ်၊ သူတို့မေဂျာက မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ စင်ပေါ်တက်ပြီး ဟေမာနေဝင်းရဲ့ “ရှင်းရှင်းပြောပါလား” ဆိုတဲ့ သီချင်းကို ဟဲမယ်ဆိုတဲ့သတင်း မောင်ကျောက် ကြားလိုက် ရလေတော့၊ အချီကြီး “ကြပ်” ဖို့ပြင်တာပေါ့ဗျာ၊ ဟိ….. ဒါမျိုးစောင့်နေတာ ကြာပေါ့။
အဲသည့်တုန်းက ခေတ်စားတဲ့ ပုခုံးမှာ ဖော့ဒေါက်နဲ့ ကိုရီးယားအင်္ကျီ အဝါနုရောင်ရယ်၊ “ဘီဘဲလ်” လုံချည် လိမ္မောရောင်ရယ်ကို ဆင်မြန်းလို့ စင်ပေါ်မှာ ဟေမာနေဝင်းစတိုင် အပြတ်ဟဲနေတဲ့ ငယ်ချစ်ကို ကြည့်ပြီး မောင်ကျောက် ပြုံးမိလေရဲ့။ ဟမ့်…. ဂလိုဆိုတော့လဲ အဟုတ်သား။ ဒါပေမယ့် သီချင်းသံကို သေသေချာချာ နားထောင်မိမှ အသံထွက်အောင် ရယ်မိသွားပါတယ်။ “ရှင်း” နဲ့ “စင်း” ကို အသံမကွဲလို့ “စင်းစင်းပြောပါလား” တဲ့လေ….
သူကလေး စင်ပေါ်ကဆင်းလာတော့ မောင်ကျောက်လည်း ဂုဏ်ပြုစကားဆိုရတာပေါ့…..
“သီချင်းဆိုတာ ကောင်းလိုက်တာဗျာ…. ဟေမာနေဝင်း အမေကြီးကားကနေ ပြန်လာပြီး ဆိုနေတဲ့ အတိုင်းပဲ။ ဟောသည်မှာ ပန်းစည်း။ ဒီမှာက အော်ရှည်… ရေးပေးပါ…. စင်းစင်း ရယ်” လို့ ဆိုလိုက်ရင်ပဲ ဘေးက ကျောင်းသားများကလည်း ရယ်၊ သူကလေးကလည်း ပန်းစည်းကို ပုတ်ချလိုက်ပြီး မီးဝင်းဝင်းတောက် မျက်လုံးတစ်စုံနဲ့ လက်ဝါးကို ရွယ်ရင်း
“ရုတ်ရုတ် ရုတ်ရုတ် လာမလုပ်နဲ့…. ပါးကျိုးသွားမယ်” တဲ့လေ။
“ဟာဗျာ….နမ်းချင်ရင်လည်း သက်သက်သာသာလုပ်ပါ။ ပါးကျိုးအောင်အထိတော့ မကြမ်းနဲ့ဗျာ”
ဘယ်ရမလဲ… ဟဲ ဟဲ…အဲ့သည်လို ပြောပြီး ပြေးတာပေါ့ဗျာ။ မောင်ကျောက် ပေးတဲ့ ပန်းစည်းဆိုတာ အထင်မကြီးပါနဲ့၊ ကောက်ရတဲ့ ပလတ်စတစ်ပန်းကို မြက်တွေနဲ့ရောချည်ထားတာပါ။ အော်ရှည် ဆိုတာကလည်း အော်တို မဟုတ်တဲ့ ကျောက်သင်ပုန်း နဲ့ ကျောက်တံဆိုတော့ သူကလေးလည်း တင်းတာပေါ့။
သူကလေးလည်း အဲသည့်ပွဲအပြီးမှာ “စင်းစင်း” ရယ်လို့ ကျောင်းတော်ထဲမှာ နာမည်ကြီးသွားပါတယ်။ ကြီးမှာပေါ့…. မောင်ကျောက်က တွေ့တိုင်း “စင်းစင်း” လို့ လိုက်အော်တာကိုး။ တစ်နေ့သား ကျောင်းရှေ့က ဘတ်စ်ကားဂိတ်မှာ သူလေး ကားစောင့်နေတုန်း ခပ်လှမ်းလှမ်းကနေ
“ဟေ့….. စင်းစင်း၊ ဇီးသီး မထုတ်သေးဘူးလား။ ပလိုဂျူဆာ ရှာပေးမယ်” လို့ မောင်ကျောက် လှမ်းအော်လိုက်ရင်ပဲ အနားက ကျောင်းသားများလည်း ဝါးကနဲ ပွဲကျ။ သူကလေးလည်း စိတ်ဆိုးလှတာမို့ စီးလာတဲ့ဖိနပ်နဲ့ လှမ်းပစ်လိုက်ပါတယ်။ ညင်း….. ညင်း၊ မျောက်မင်းသား ဝူခုန်း လို အသာလေးရှောင်၊ သူကလေး စွန့်ကြဲလိုက်တဲ့ ဖိနပ်တစ်ဖက်ကို ကောက်မပြီး ကန်ပေါင်ဘက် သုတ်ကနဲပြေးတာပေါ့ဗျာ။
နောက်တစ်နေ့ ဆရာမလာသေးခင် စာသင်ခန်းနောက်မှာ ပိုက်ဆံပွတ်လို့ကောင်းနေတုန်း အတန်းဝမှာ ဆူဆူညံညံကြားလို့ လှည့်ကြည့်မိတော့၊ အနှီ “စင်းစင်း” ကလေးက တုတ်ကြီးနဲ့ခင်ဗျ။ သူ့ ဘော်ဒါများက ဝိုင်းဆွဲနေတဲ့ကြားက…
“ဟဲ့ကောင်…. နင် ယောက်ျားမဟုတ်ဘူးလား…အခုထွက်လာခဲ့၊ နင့် ခေါင်းကို မခွဲရရင် ငါ မပြန်ဘူး”
“စင်းစင်းကလဲကွာ….. ပြေပြေလည်လည် လုပ်ပါ။ မသိရင် ငါ အချစ်သစ် ထားမိလို့ အချစ်ဟောင်းက လာကွိုင်တယ်လို့ သူများတွေ အထင်မှားပါ့မယ်”
“ဟင်…. တေချင်းဆိုး၊ နင်ဟာ ပြောလေ…ကဲလေ၊ ခု ထွက်လာခဲ့”
မောင်ကျောက်တို့ရဲ့ အတန်းတွင်းနဲ့အတန်းပြင် အဓိကရုဏ်းဟာ ဆရာဦးကျော်ထင် ရောက်လာမှ ပွဲပြီးသလို၊ ဟောသည့်ကျောက်လည်း အတော် အဆူအဆဲ ခံလိုက်ရပါတယ်။ နောက်ပိုင်း သတင်းကြားတာတော့ သူကလေးက မောင်ကျောက်ကို ပစ်ဖို့ လွယ်အိတ်ထဲမှာ လေးခွနဲ့လောက်စာလုံး ဆောင်ထားပါသတဲ့။ မောင်ကျောက်က ဆရာ့ကြောက်လို့သာ မစတော့တာ။ လမ်းမှာတွေ့ရင် မျက်စိမှိတ်ပြ၊ လျှာထုတ်ပြနဲ့၊ မျက်နှာတော့ မပျက်မကွက် ပြောင်ပြတုန်း။ ဝါသနာဘာဂီ သူကလေးကို နောက်မိပေမယ့် ကိုယ့်အပျော် တစ်ခုအတွက် မိန်းကလေးတစ်ဦးရဲ့ အရှက်သိက္ခာကို စော်ကားသလိုဖြစ်နေမှန်း သိသွားတာမို့ နောက်ပိုင်း ဣန္ဒြေပျက်လောက်အောင် ဘယ်သူ့ကိုမှ မစတော့ပါဘူး။
“အဲ… ဦးလေး မစတော့တဲ့ အကြောင်းထဲမှာ သမီး မာမားရဲ့ လေးခွရန်ကို ကြောက်တာလဲ ပါသပေါ့လေ။ မတော်… မျက်လုံးတွေဘာတွေ ထွက်ကုန်မှ”
ဦးကျောက်ရဲ့စကားအဆုံး သမီးကလေးလည်း တခွီးခွီးနဲ့ မျက်လုံးပိတ်အောင် ရယ်သလို ဒေါသကုမ္မာရီ ငယ်ချစ်ကြီးလည်း တဟီးဟီးနဲ့ ရယ်ပါတယ်။ သည်လိုနဲ့ ကျောင်းတော်က ရန်ကြွေး ပြေလည်လို့ အလာပသလာပ ပြောအပြီး လိုချင်တဲ့ ပစ္စည်းများလည်းရပြီမို့ ပြန်ဖို့ပြင် နှုတ်ဆက်စကား ဆိုအပြီး
“အေးဗျာ…. အရွယ်ရှိတုန်း ဇီးသီးထုတ်ပါလား မစင်းစင်း”
“ဟမ်…. နင်ဟာလေ ခုထိ…၊ ငါ ကတ်ကြေးနဲ့ ကောက်ထိုးလိုက်ရ”
အဟီး…. သူ့စကား မဆုံးခင် ဦးကျောက် ဆိုင်ပြင် ရောက်နေပြီလေ။ ဟိ…. ဒီမဒီကြီးက စိတ်ချရတာမဟုတ်၊ တော်ကြာ တကယ်လုပ်လိုက်မှ….. ဟင့်။ ပြီးတော့ ဆိုင်ပြင်ကနေ အစဉ်အလာ မပျက်ရအောင်
မျက်စိမှိတ်ပြ လျှာထုတ်ပြပြီး လစ်တာပေါ့ဗျား……
62 comments
kyeemite
January 15, 2013 at 8:17 am
သဂျီး(သို့) မော့ တစ်ယောက်ယောက် ကူပြီး
စာပိုဒ်တွေပြင်ပေးကြပါအုံးဗျို့..ဖတ်ရတာအဆင်မပြေလို့ပါ…
ဦးကျောက်ခဲရေ…နောက်မှလာမန့်မယ်ဗျို့…
ဦး ကျောက်ခဲ
January 15, 2013 at 8:25 am
ဟုတ်ပါ့ အကိုကြီးမိုက်ရေ၊
ကျွန်တော်လဲပြင်နေတာ ၁ဝကြိမ်လောက်ရှိပြီ။ ခုတော့ ဘယ်လိုပြင်ပြင်မရတာမို့… လက်လျှော့ပြီဗျာ 🙁
မောင့်ကျက်သရေ ဂီ့
January 15, 2013 at 8:25 am
အင်း … ရွာထဲ တရုတ် မ ကြိုက်သူ အပေါင်း တစ် ပေါ့ဗျာ…
အားပေးသွားပါရဲ့ အန်ကယ် စတုံးရေ.။..
ခင်တဲ့
:harr:
ဦး ကျောက်ခဲ
January 15, 2013 at 9:15 am
ကိုဂီရေ
ကျေးဇူးပါဗျာ….
ဟီ ဟိ ကျုပ်မှာ စိနပြည်မှာသာနေတာ သင်းတို့ကိုကြောက်လို့ အပေါင်း တစ် တော့ မလုပ်လိုက်ပါနဲ့….
:harr:
Foreign Resident
January 15, 2013 at 9:00 am
” “ဦးလေး…. ဘာအလိုရှိပါသလဲရှင့်” ဆိုတဲ့ အပျိုဖြန်း သမီးငယ်ရဲ့အသံနဲ့အတူ
ရုတ်ချည်း အေးစက်မာကျောသွားတဲ့ ”ငယ်ချစ်” ရဲ့ မျက်ဝန်းအစုံကို ရင်ဆိုင်လိုက်ရပါတယ် ”
” ရုတ်ချည်း ” ၊ ဦးကျောက် ၊ ချက်ချင်း မှတ်မိတယ် တွေ့လား ။
အဲဒီတုန်းကသာ နဲနဲ ထပ် ကြိုးစားလိုက်ရင် အဆင်ပြေနိုင်တယ် ဗျ ။
ဦး ကျောက်ခဲ
January 15, 2013 at 9:09 am
ဟီး ဟီး…. မလုပ်ပါနဲ့ အဘဖောရယ်
မောင်ကျောက်ကငမဲ ဟိုကတရုတ်မလေး…
ရီးစားစကားပြောမိရင် တကယ်ပါးကျိုးမှာ ခင်ဗျ….
ကျေးဇူးပါ အဘဖော…
:harr:
surmi
January 15, 2013 at 9:09 am
အလုပ်ထဲမှာဆိုတော ကျိတ်ပြီး ရယ်နေရတယ် ဦးကျောက်ရေ
အဲဒီခေတ်အခါရဲ ့ ကျောင်းသားဘဝဟာ တကယ်ပဲ ပျော်ဖို ့ကောင်းပါတယ် ။
ဦးကျောက် က လွန်ခဲ ့တဲ ့ အနှစ် အစိတ်ကျော်ကို ပြန်ခေါ်သွားတာပဲ။
ပြန်မရနိုင်တော ့တဲ ့ ငယ်ဘဝဆိုတာ ဒီလိုပဲ တွေးရင်း စဉ်းစားရင်း
လွမ်းရတာပေါ ့ဗျာ ။ကျနော်လည်း ငယ်ငယ်ကဦးကျောက်လိုပဲဗျို ့
နောက်မှ အထုတ်ဖြေတော ့မယ် 🙂
လောလောဆယ်ဆယ်တော ့ အစ်ကိုပို ့လိုက်တဲ ့ ကျောင်းသားဘဝတွေဆီကို
စီးမျောလိုက်ဦးမယ်ဗျို ့ ……..
:harr:
ဦး ကျောက်ခဲ
January 15, 2013 at 9:24 am
ကိုရင်ဆာမိ
အမှန်က မောင်ကျောက် အနောက်အပြောင်သန်တဲ့အကြောင်း…
ငယ်ဘဝကိုလှစ်ဟရင်း ရွာသူရွာသားများကို ကြို “ကန်” ထားတာ ခင်ဗျ….
ဟုတ်ပါ့ဗျာ…. ပြန်မရတော့တဲ့ ငယ်ဘဝကို လွမ်းလိုက်တာ….
:byae:
ကြည်ဆောင်း
January 15, 2013 at 9:25 am
အခုပြန်တွေး အခုပြန်လွမ်းချင်စရာကောင်းတဲ့ ပျော်စရာကျောင်းသားဘဝ အကြောင်းတွေကို သဘောတကျဖတ်သွားပါရဲ့ ..
ကျောင်းတက်တုန်းက ဗရုက်ကျခဲ့တာလေးတွေကိုလဲ သတိတရလွမ်းရင်းနဲ့ပေါ့..
စာအရေးအသားကတော့ ဖလန်းဖလန်းထနေတာဘဲ..ရေးတတ်ပါပေ့..
ဦး ကျောက်ခဲ
January 15, 2013 at 9:42 am
မကြည်ဆောင်း ရေ
ဒီဘက်ခေတ် ဓာတ်ရှင်တွေကြည့်မိ ဝထ္ထုတွေဖတ်မိလို့ ကျောင်းသားများ ဗရုက်ကျတဲ့အကြောင်းပါလာရင်….
လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က မောင်ကျောက်ရဲ့အကွက်တွေကို ဘယ်လိုသိပါလိမ့်လို့ စဉ်းစားမိတဲ့အထိပါ…
:harr:
ဗုံဗုံ
January 15, 2013 at 9:30 am
ဦးကျောက် သူက ကလေးအမေဖြစ်နေပြီ စိတ်လျှော့လိုက်တော့ ဟိုမှာ မိစံလေးသနားပါတယ် ဦးကျောက်ကိုစောင့်နေရှာတယ် :harr:
ဦး ကျောက်ခဲ
January 15, 2013 at 9:45 am
မိဗုံဗုံ
ဦးကျောက်က စိတ်လျှော့လိုက်တာကြာပါပြီ၊ အဲ…. မိစံလေးကတော့ ဘကြီးပု အတွက်ကွယ့်…. အားဟိ
:harr:
mamanoyar
January 15, 2013 at 9:46 am
ဦးကျောက်နော် ပစ္စည်းဝယ်သွားရင်း
ငယ်ချစ်ကိုတွေ့တော့ စိတ်ကပြန်လည်နေသေးတယ်
ဦးကျောက်ရဲ့ဇနီး အန်တီစိတ်မကောင်းဖြစ်တော့မှာပဲ
ဦး ကျောက်ခဲ
January 15, 2013 at 9:50 am
အောင်မလေးဗျာ…
ဟောသည်က လူပြိုကြီးကို…. အရပ်ကတို့ရဲ့ ကြားလို့မှကောင်းကြသေးရဲ့လား…
“ဦးကျောက်ရဲ့ဇနီး အန်တီစိတ်မကောင်းဖြစ်တော့မှာပဲ” တဲ့….
:byae:
mamanoyar
January 15, 2013 at 10:44 am
ဪ ဦးကျောက်က လူပြိုကြီးလား
မတိလို့နော်
ဆောတီးဆောတီးပါ
ဘဲဥ
January 15, 2013 at 9:47 am
အဟီး……….. သများဒို့ ဘူမိဒွေဂ ဘယ်မှာဖစ်ဖစ် မျက်နှာပြောင်တာပါ့လား
သများဒို့တုံးဂလည်း ကိုယ့်မေဂျာထဲတင် အခွက် ပြောင်တာအားမရလို့
မေဂျာပေါင်းစုံလိုက်ပြောင်တာ ပါချုပ်ရုံးခန်းတွေရော ၊ မော်ကွန်းထိန်းရုံးခန်းတွေရော သွားပီးဒေါ့ မိတ်ဆက်လိုက်ရဒယ်
ဦး ကျောက်ခဲ
January 15, 2013 at 9:56 am
ကိုဘဲဥ
ဟုတ်ပါ့ဗျာ….. ဘူမိရောက်မှ ရှက်ကြောပြတ်သွားတာ ခုထိပဲ….
အဲ…. မော်ကွန်းထိန်းရုံးခန်းဆိုတာ အိပ်ရာလိပ်ချထားရလောက်အောင် အခွက်ပြောင်ခဲ့တာဗျ…
:kwi:
zarlay
January 15, 2013 at 12:15 pm
ရှက်ကြောပြတ်နေရင် လူရွှင်တော်ဝင်လုပ်ပါလားရှင့်
ဦး ကျောက်ခဲ
January 15, 2013 at 12:22 pm
ကြာသလားလို့…
ဇာလေးက အငြိမ့်ထောင် မင်းသမီးလုပ်…
ဦးကျောက်က လူရွှင်တော်လုပ်မယ်….
အဟဲ… လစာကိုတော့ အခုရနေတာထက် မနဲစေနဲ့ပေါ့…
:kwi:
Mon Kit
January 15, 2013 at 10:00 am
နောက်တခါ လာပြန်ပီ တမျိုး… ဟေ. ဟေ. ဝါးးးးးးးးးးးးးးးး….. (မေဆွိ လို ဆိုရန်) :kwi:
ဦးကျောက်ရေ.. ဇာတ်လမ်းထဲ တကယ်ကို စီးမျော သွားရပါတယ်..
ဦးကျောက် က တော်တော် အစ အနောက် သန်ဒယ်နော်..
ငယ်ချစ်ဟောင်းအကြောင်း အောင်းမေ့ဘွယ်လေး ထပ်တူ ပျော်ရွှင် ခံစားသွားပါတယ်ရှင်..
:harr:
ဦး ကျောက်ခဲ
January 15, 2013 at 10:13 am
တူမ မွန်ကစ်ရေ
ဦးကျောက်က အစအနောက်သန်တာမို့ ကြိုပြောထားတာ….
ချိတ်မဆိုးကြေး….. ဟီ ဟိ…
:harr:
Mon Kit
January 15, 2013 at 1:17 pm
အံမရေးးးး…….. ကြောက်ထှာနော်……. :kwi:
ဦးကြောင်ကြီး
January 15, 2013 at 10:09 am
တရုတ်မ
ဗရုတ်ကျ
နှစ်ပုဒ်က
ခလုပ်ပြ
အဟုတ်လှ
မလှုပ်ရ
နဂုတ်ထ
ငရုတ်ပွ..
ခြစ်သောကြေးမုံဂျီးအား တမ်းတလျက်…..
ဦး ကျောက်ခဲ
January 15, 2013 at 10:17 am
ဦးကြောင်
ဒူးထောင်
ဘူးကောင်
ဖူးယောင်
ခြစ်ချင်ရင် ကြေးမုံဂျီးကိုဘဲ အားရပါးရ ခြစ်ပါလေ….
:harr:
မင်းနန္ဓာ
January 15, 2013 at 12:33 pm
တရုတ်မ ခြစ်သူတွေ
အပေးအယူ မျှနေလိုက်ကြတာ..
စာချိုးကိုယ်စီနဲ့..
:kwi:
ငယ်ချစ်ကြီးရှေ့ထားပြီး သူ့သမီးကို နောက်ကြောင်းပြန်ပြနေတာ.. အားပေးသွားပါ၏
ဦး ကျောက်ခဲ
January 15, 2013 at 1:11 pm
ကိုမင်းနန္ဓာ
ခြစ်ချင်နေတာ ခြစ်ခွင့်ရယ်မသာလို့ပါဗျာ….
တကယ်က သူ့သမီးကို ပြောမပြခင် သူ့အမေ “ငယ်ချစ်” ပေါက်ဖော်မကို အရင် တောင်းပန်ခဲ့ရတာ ခင်ဗျ….
:kwi:
Novy
January 15, 2013 at 10:45 am
စင်းစင်းအကြောင်းကို ဖတ်ပြီး
ကိုယ်ရဲ့ငယ်ဘဝလေးတောင် သတိရသွားပါတယ် ဦးကျောက်ရေ.
နိုဗွီလည်းငယ်စဉ်တုံးက လက်သံတယ်ပြောင်သကိုး :harr:
ဦး ကျောက်ခဲ
January 15, 2013 at 11:21 am
မနိုဗွီ
ဟီ ဟိ…. မနိုဗွီလဲ “စင်းစင်း” ပဲ လား…..
လက်သံပြောင်ရင် မောင်ကျောက်အရွယ်တုံးကတော့ အပြေးမြန်တယ်…
:harr:
ခင်ခ
January 15, 2013 at 11:46 am
အစဉ်အလာ မပျက်ရအောင် မျက်စိမှိတ်ပြ လျှာထုတ်ပြပြီး လစ်တာတွေ အခုကော အစဉ်အလာမပျက်
လုပ်နေတုန်းပဲလား ဆရာကျောက်ရေ။
ဦး ကျောက်ခဲ
January 15, 2013 at 11:58 am
ဦးခ ရေ
ရွာပြန်ရောက်ရင် အစဉ်အလာမပျက်ပေမယ့်…..
ဒီမှာကတော့ အလုပ်ထဲ မျက်နှာကိုတည်နိုင်သမျှ တည်နေရတယ် ခင်ဗျ…..
တစ်နေ့တနေ့ ငြင်းရ စကားများရနဲ့ စိတ်ကျဉ်းကျပ်လို့….
ငယ်ဘဝကို လွမ်းလိုက်တယ်ဗျာ…..
:kwi:
kyeemite
January 15, 2013 at 11:55 am
ပြန်စဉ်းစားတိုင်း လွမ်းရတဲ့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ဆိုတာ
ကျနော်တို့ လက်ထက်ကတော့ အာစီတူးပေါ့ဗျာ…ဒေသကောလိပ်တွေထဲ
အစည်ကားဆုံးကျောင်းတော်ကြီးပေါ့…စာသင်ခန်းက သီအေတာပုံစံတွေဆိုတော့
စာသင်တဲ့ဆရာဆရာမက ဟိုးရှေ့အောက်ဆုံးမှာ…နောက်ပေါက်က ဝင်ပြီး
နောက်ပြောင်သူတွေကို ဘယါလိုက်နိုင်ပါ့မလဲ…စာသင်ချိန်ပြီးပြီဆိုလည်း
သန့်ရှင်းရေးဝန်ထမ်းခမျာ မသက်သာ…အဓိကစာသင်ခန်းကထွက်တဲ့အမှိုက်က
စက္ကူအဲရိုး လေးတွေပဲ…ကိုကျောက်စာလေးဖတ်ပြီး…လွမ်းဆွေးခံစားသွားပါဂျောင်းးးးး
:kwi: :hee: :harr:
ဦး ကျောက်ခဲ
January 15, 2013 at 12:10 pm
အကိုကြီးမိုက်
စာသင်ခုံပေါ်မှာ လက်ဆော့ထားကြတဲ့ ပေါက်ကရ စာတွေကိုရော မလွမ်းဘူးလား….
ဘာတဲ့….
“ချစ်သူက ပစ်ခွါသွားတော့၊ ဆီးစပ်ကို မီးဟပ်သလို ခံစားရတယ် အချစ်ရယ်” တဲ့….
ခုံပေါ်က ကဗျာလှလှလေးတွေကိုရော ညစ်တီးညစ်စုတ်စာတွေကိုရော…
လွမ်းလိုက်တာ အကိုကြီးရာ…..
:byae:
kai
January 15, 2013 at 1:01 pm
မတော်… အင်း..
တော်ချင်လည်းတော်နေမပေါ့..
“ငယ်ချစ်”က.. ဒီထဲက..ရွာသူတယောက်ဖြစ်နေမှဖြစ်…
အင်း..
စာချိုးထွက်နေဦးမယ်..။
မှတ်ချက်။ ။ကြိုးစားပမ်းစားပြင်ထားကြည့်ကြောင်း…။ စာတွေ..စာတွေ.. :kwi:
ဦး ကျောက်ခဲ
January 15, 2013 at 1:24 pm
သူကြီး
ပြင်ပေးတာ ကျေးဇူးပါ ခင်ဗျ….
ဒါပေသည့်…. ရွာသူတွေကို ကတ်ကြေးဆောင်လာဖို့ သတိပေးတာတော့ မကောင်းဘူးဗျာ….
မောင်ကျောက်ဗိုက်ပွင့်ရင် သူကြီး စံနက်ပဲ…. ဟီး ဟီး….
:harr:
မှတ်ချက်။ ။ ဘော်ဘော်များက လက်ဆော့တဲ့ မောင်ကျောက်ကို ဒဲ့မဆော်ဖို့ တောင်းပန်ကြသဗျ၊ သူရို့ရဲ့ ကတော်များက ရွာထဲမှာစာလာဖတ်ကြလို့ပါတဲ့….
:kwi:
MS Word ထဲကနေ တိုက်ရိုက် Copy/Paste လုပ်လို့မရတာ… ခုမှသိလို့ ပြန်ပြင်လိုက်တယ် ခင်ဗျ
TheWinner
January 15, 2013 at 1:10 pm
လေးကျောက်ရယ်-
မနက်ကတည်းက အင်တာနက်နဲ့ ရန်ဖြစ်ပြီး စိတ်တွေ တိုနေတာ အခုမှပဲ ပြုံးရတော့တယ်။
အစပိုင်းဖတ်ပြီး လေးလေးကျောက် အဆင်ပြေတော့မယ်ထင်နေတာ အင် ကတ်ကြေးစာမိတော့မလို့ပဲ-
ဒါနဲ့ – လေးလေးကျောက် အမြင်မှန်ရပြီးနောက် ဘာဆက်ဖြစ်သွားသေးလဲဟင်?
ဦး ကျောက်ခဲ
January 15, 2013 at 1:35 pm
မလှိုင်ရေ
စိတ်တိုနေတာ စာဖတ်ပြီး ပြုံးရတယ်ဆိုလို့ ဝမ်းသာပါ၏…..
အ ဟဲ….. ဒီကအသမဲဦးကျောက်နဲ့ ပေါက်ဖော်မလေး… ဘယ်ဇတ်လမ်းဖြစ်ပါလိမ့်…
ကျီးကန်းနဲ့ ဗျိုင်း…. ရီးစားမဖြစ်သလိုပေါ့….
:harr:
Wow
January 15, 2013 at 1:27 pm
အမြင်မှန်ရပြီး လူဗြိုဂျီးဖစ် သွားဒါပေါ့ကွယ်… :kwi:
ဦး ကျောက်ခဲ
January 15, 2013 at 1:46 pm
လူဗြိုဂျီးဖစ်တာ အပူမရှာချင်လို့ပါကွယ်….. အားဟိ လူရှိန်အောင်လို့ :harr:
Tin Tin
January 15, 2013 at 1:52 pm
ကိုကျောက်ရဲ့ ကျောင်းသားဘဝတုန်းက တော်တော်အစအနောက်သန်ခဲ့တာတွေကို ဖတ်ပြီးရယ်နေရပါတယ်..
ကျောင်းတော်ကဇာတ်လမ်းတွေ အများကြီးရှိအုံးမှာနော်…ဆက်ရေးပါအုံးနော်..
ဦး ကျောက်ခဲ
January 15, 2013 at 2:22 pm
မငယ်ရေ
ရေးရရင်ဖြင့် ကုန်နိုင်ဘွယ် ဆိုတော့….
ဖတ်ရပါမည်…… မျှော်…..
:kwi:
သကြားလုုံးကြော်
January 15, 2013 at 2:56 pm
ဦးကျောက်လဲ ..အဲအဲ ဦးကျောက်ခဲတိုု့ရဲ့ ပျော်စရာကျောင်းသားဘဝကိုုအားကျလိုုက်တာ။ ကျမကတော့ တက္ကသိုုလ်မရောက်လိုုက်တော့ ဒါမျိုးတွေတသက်လုုံးလွတ်သွားရော။ ဒါကြောင့် ဟိုုးအရင်က တက္ကသိုုလ်ဝတ္ထုတွေဆိုု မရိုုးနိုုင်အောင် ဖတ်ရတယ်။ တကယ်ပြောတာ၊ ဦးကျောက် စာအုုပ်ထုုတ်သင့်ပြီ။
ဦး ကျောက်ခဲ
January 15, 2013 at 3:13 pm
တူမချိုချဉ်ကြော် (ဟိ… သကြားလုံးကို ဦးတို့ငယ်ငယ်က ချိုချဉ်လို့ခေါ်တယ်)
တူမရေးမှ “ဦးကျောက်လဲ” လည်းဖြစ် ” ရွေးကျန်ကြီး” လည်းဖြစ်….ဟီ ဟိ……
မြှောက်မပေးပါနဲ့ တူမရယ်၊ အဲသည့် “ပိုး” က သတ်ရခက်သကွယ့်…..
:kwi:
မဟာရာဇာ အံစာတုံး
January 15, 2013 at 3:47 pm
ခုမှ သိဒေါ့ဒယ် ..
ဥကျောက်ဂ တဂယ့်ဇိုးဂျီးဘဲ …
အဲ့ဒီတုန်းက ဥကျောက် နံမယ်ကို မသိတူလည်း မချိလောက်ဘူးး
ဟိုးး ဟိုးး ကျော်နေလောက်ဒယ် ..
ဒါနဲ့များ .. အဟမ်းး
ခုထိ မစွံဒါ .. ဘာရို့ဘာလိမ့်နော် .. 🙄
ရီရင်း မောရင်း ဖတ်ရှု အားပေးသွားပါတယ်ဗျို့ …
ဦး ကျောက်ခဲ
January 16, 2013 at 9:16 am
ကိုအံစာ
ကျုပ်ဇိုးတာ… ခင်ဗျား အခုအထုတ်ဖြည်မှသိ….
ဘာလို့မစွံလဲဆိုတော့…. ကျောင်းတုံးက ဗရုတ်ကျလို့ ကောင်မလေးတွေ ကျုပ်ကိုမြင်တာနဲ့…
ဝေါင်ဝေါင်ရှေး….. ဝေးဝေးရှောင်ကြသဗျ…
:harr:
water fish
January 15, 2013 at 4:21 pm
အူးကျောက်လဲ ဇနဲ့ပဲနော်….
ငယ်ချစ်ရှိတာတော့ဟုတ်ပါပီ….အလစ်ဂျစ်ကော အကြီးဂျစ်ကောချိတေးလား….
ရှ်ိရင်လဲရေးပါအုံး…….အားပေးရအောင်ပေါ့…ခိခိခိခိ
ဦး ကျောက်ခဲ
January 16, 2013 at 9:08 am
Water Fish ရေငါးလေးရေ…
ဪ…. ဘူမိကျောင်းတော်သားပါဆိုမှ “ဇ” ရှိတာပေါ့ဗျ….
အလစ်ဂျစ်တွေ….. အကြီးဂျစ်တွေက…. လာမယ်လေ ဆရာရဲ့….
:kwi:
အရီး လေး
January 15, 2013 at 5:42 pm
ဦးကျောက် ရေးထားတာဖတ်ပြီး ရယ်တာ အသံထွက်သွားလို့
ဘေးက လူတွေက ဘာတွေသဘောကျ နေလဲလို့မေးနေပြီ
R C (2) မှာ ဦးကျောက်ပြောတဲ့ တုတ်ထိုး ဆိုင်လေး က
အရီးလေး တို့လည်းအားပေး ခဲ့ပါတယ်
ဦးကျောက်ပြောတဲ့ဟာတော့ကြိုက်ဘူး……:SMILE:LOL
ဦး ကျောက်ခဲ
January 16, 2013 at 9:03 am
အရီးလေး
R C (2) ကအဲသည့် တုတ်ထိုးဆိုင်လေးကို သိတယ်ဆိုရင်ဖြင့် အသက်သိပ်ကွာမယ်မထင်….
ဟမ်း…. မတော် မောင်ကျောက် ကြပ်ခဲ့တဲ့သူတွေထဲက ဆိုရင်တော့….
ပြေးမှ….. ဟီ ဟိ
:harr:
Foreign Resident
January 16, 2013 at 10:03 am
ဦးကျောက် ။
ကျနော် သိသလောက်တော့ ၊
အဲဒီ အရီးလေးဆိုတာ ဦးကျောက် က ၊
ဂဇက် ဆုပေးပွဲ နှင့် မန်ဘာ တွေ့ဆုံပွဲ တက်မယ် ဆိုပြီးမှ ၊
စ ဝင်လာတဲ့ ရွာသူနော် ၊ Comment တောင် ၄ ခုပဲရှိသေးတယ် ။
အဲဒီတော့ကာ ၊
ဦးကျောက် ကိုယ့် အခြေအနေ ကိုယ် ဆင်ခြင်ပေါ့လေ ။
ဦးကျောက် လုံခြုံရေး လိုမယ်ဆိုရင်လဲ ကြိုပြောနော် ။
ကျနော်တို့ ကြို စီစဉ်ပေးရအောင် ။
ဟီ ဟိ ၊ နောက်ထှာ ။
Green Rose
January 15, 2013 at 6:05 pm
` နိုင်ငံရေးသမားတွေကို ထောင်ထဲမှာ အနားယူစေ၊ ဒုစရိုက်သမားများ ထမင်း အလကား မကျွေးနိုင်၊ ကိုယ့်ဟာကိုယ် ရှာစားဆိုပြီး လွတ်ငြိမ်းမိန့်တွေနဲ့ လွှတ်လိုက်တော့၊ ´ မှတ်သားသွားပါတယ်ရှင့်..
ဦးကျောက်ခဲရေ.. ငယ်ချစ်ကို အားရပါးရ ရယ်မောပြီး ဖတ်သွားပါတယ်။
:harr:
လေးစားလျှက်
(Green Rose)
ဦး ကျောက်ခဲ
January 16, 2013 at 8:57 am
Green Rose ရေ
မှတ်ရတယ် ရယ်မောရတယ်ဆိုတော့ ဦးကျောက် ရေးရကျိုးနပ်တာပေါ့….
:kwi:
aye.kk
January 15, 2013 at 6:32 pm
ငယ်ချစ်ကိုဖတ်ပြီး
သဘောကျသွားပါတယ်။
သတိရမိတာလေးပြောပြချင်သပနော်။
အထက်တန်းကျောင်းသူဘဝက၊အစခံရတော့
လက်ထဲမှာကိုင်ပြီးဆောင်းထားတဲ့ထီးကိုပိတ်ပြီး
ထီးနဲ ့ကောက်ပေါက်လိုက်တာ၊ထီးရိုးပါကျိုးသွားခဲ့တာ။(အဖြစ်မှန်လေးပါ)
ဦး ကျောက်ခဲ
January 16, 2013 at 8:54 am
အဟဲ…. အန်တီအေး
ကံကောင်းတယ်မှတ်….
မောင်ကျောက်ဆိုရင် အဲသည့်ထီးကို ကောက်ပြီး ပြေးလို့ အန်တီအေး ထီးဆုံးမှာ…
:harr:
Mr. MarGa
January 15, 2013 at 7:00 pm
ငယ်ကချစ်တော့ အနှစ်တစ်ရာ မမေ့သာ တဲ့
ဦးကျောက်ကတော့ မမေ့သာရုံမက မမေ့နိုင်အောင်ပါ လုပ်ထားသူဆိုတော့
အင်းးးးးးးးးးးးးးးးးးးးး
ဦးကျောက်ကို မှတ်မိနေဦးမှာရယ်
နောက်ထပ် ငယ်ချစ်တွေ ဘယ်လောက် ထွက်လာဦးမယ်မသိ
ဦးကျောက်ရေ
ဆက်ရေးပါဦးဗျို့
:hee:
ဦး ကျောက်ခဲ
January 16, 2013 at 8:49 am
နောက်ဇတ်လမ်းတွေလာအုံးမှာ ဘိုးသိကြားရေ…
ရယ်ဖို့လည်းပြင်…. ဝမ်းနည်းဖို့လည်းပြင်…
ရေးရမှာတွေ တပုံကြီးကျန်သေးဒယ်…..
:kwi:
မောင်ပေ
January 15, 2013 at 9:33 pm
ငယ်ချစ်
ရှယ်ယစ်
တွယ်လစ်
ဆယ်နှစ်
ကယ်ပစ်
သယ်သစ်
နယ်စစ်
မယ်ကစ်
( ရန်ကုန်လာခါနီး ရင်ခုန်သံအဟောင်းတွေအကြောင်း ပြန်တွေးမိနေတယ် ထင်ပ )
ဦး ကျောက်ခဲ
January 16, 2013 at 8:43 am
ဟုတ်ပါ့ ကိုပေ
ရွာပြန်ခါနီး ငယ်ငယ်ကအကြောင်းတွေ စဉ်းစားမိလို့….
:kwi:
အရီးခင်လတ်
January 15, 2013 at 9:46 pm
ဒီလောက် ဗရုတ်ကျသူ ကို မတွေ့လိုက်ရတာနာတာဘဲ။
ကျောင်းတုန်းက ကျွန်မတို့ အဖွဲ့ကို တော့ (ဒသ အဖွဲ့တဲ့ မိန်းကလေး ၁ဝယောက်တွဲကြီး) ဘယ်သကောင့်သားမှ ရင်မဆိုင်ရဲခဲ့ဘူး။
လူမြင်တာတောင် မဟုတ်။
အသံကြားရုံနဲ့ ပြေးကြတာဘဲ။
ဥပမာ – ကျွန်မတို့ ကို “ပုံစံတွေက ဒုံပြန် နေတာဘဲ” လို့ ဆိုလိုက်တာနဲ့ “ရုပ်ကလာပ် က စုတ်ပြတ်နေတာဘဲ” လို့ ချက်ချင်း ပြန်ပက်ဖို့ အရည်အသွေး ပြည့်ကြပါတယ်။
တစ်ခါတည်း ပါးစပ်ပိတ်သွားရော။
ဒါကြောင့်မို့လဲ အဖွဲ့သူများ တဝက်မက တစ်ကိုယ်တည်း ပျော်ပျော်ကြီး ခရီးနှင် နေကြဆဲ။
:harr:
မဟာရာဇာ အံစာတုံး
January 15, 2013 at 9:53 pm
ကျုပ်တို့ ရွာက …
ယောင်္ကျားလေး အဖွဲ့နဲ့ မိန်းကလေး အဖွဲ့
စကားနာ ထိုးကြသလို …
ဥကျောက် အဖွဲ့နဲ့ အရီးတို့ အဖွဲ့
စကားနာ ထိုးကြရင် … ဘူနိုင်မဲ သိဝူးးးး 🙄
ခု .. ကြုံတုံးလေး …
ဥကျောက်နဲ့ အရီး ဖိုက်ကျည့်ဘာလားဟင်င် … 🙄
ဦး ကျောက်ခဲ
January 16, 2013 at 8:39 am
ဟမ်မလေး အရီးရယ်
ဒါမျိုးများ ဆုံချင်စမ်းပါဘိ….
ကျောင်းတုံးက ကောင်မလေးတွေ အုပ်လိုက်လာရင် မောင်ကျောက် မသိချင်ယောင်ဆောင်ပြီး တည့်တည့်တိုးတာ….
ယောက်ျားလေးနဲ့ မိန်းခလေးဆိုတော့ သူတို့ လူစုကွဲလို့ ရှောင်ပေးရတာပေါ့…. အဲသည်တော့မှ အသံကျယ်ကျယ်နဲ့…
“ကောင်မလေးတွေ ငါလုပ်လိုက်တာ ကွဲ သွားဘီ” လို့…..
အနားက ကျောင်းသားတွေကရယ်…. ကောင်မလေးတွေက ဆဲ…. ဟီး ဟီး….
:harr:
koyinmaung
January 16, 2013 at 3:26 am
ကိုကျောက် ပို့စ်ဖတ်မိတော့ ငယ်ငယ်က
နောက်ပြောင်မိတာလေးတွေ မှတ်မိပါရဲ့..
ကျနော်တို့နဲ့အတန်းကြီး အမကြီးတွေကို
လမ်းမှာတွေ့ယင် အမကြီးကျောင်းကပြန်ပြီလားလို့နှုတ်ဆက်ယင်..
သူတို့ကပြုံးပြီးပြန်နှုတ်ဆက်နေကြ…
ကြာလာတော့ အထာ ပေါက်လာတယ် (သဘောပေါက်လာပြီး)
အမကြီးပြန်လာပြီလားလို့နှုတ်ဆက်တာနဲ့….
အေးပြန်လာပြီ..အထီးလေးတွေရေတဲ့….လေ…..
ရှိသေးတယ် သူ့နာမည်က ခင်မာဝေ ..
ခတ်ဝဝအမကြီးကို..ခင်မာခြောက်ဆယ် လို့သွားနောက်မိတာ
ဆရာ့သွားတိုင်လို့အဆူခံရဘူးတယ်….
ပြန်မရနိုင်တော့တဲ့ငယ်ဘဝလေးတွေပါ..ကိုကျောက်ရေ…..
ဦး ကျောက်ခဲ
January 16, 2013 at 9:24 am
ကိုရင်မောင်ရေ…
ကျောင်းတော်သားဘဝတုံးက မစမနောက်ရရင် နေမထိထိုင်မသာကိုဖြစ်နေတာ ခင်ဗျ….
ငယ်ဘဝကို လွမ်းတယ်ဗျာ……
:byae: