Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှတ်မှတ်ရရ တိုးရစ်ဂိုက် ဘဝ

moonpoemJanuary 22, 20131min129723

ကျွန်မတိ်ုးရစ်ဂိုက် စလုပ်တာ ၂၀၀၈ခုနှစ်မှာဖြစ်သည်။ နာဂစ်ဖြစ်ပြီးခါစ ဘယ်ဧည့်သည် ဘာလူမျိုးမှ သိပ်မလာကြ။ တစ်လနေလို ့
၃ခေါက် ခရီးသွားရလျှင်ပင် ကံထူးသူဖြစ်ပေဧ။် ။ စကားပြောရခြင်း၊ခရီးထွက်ရခြင်းကို နှစ်သက်ပြီး တိုးရစ်ဂိုက်ဘဝကို ရွေးချယ်မိခဲ့သော ကျွန်မသည်
ထို အချိန်က စကားလည်း သိပ်မပြောရသလို ခရီးလည်း သိပ်မထွက်ခဲ့ရပါ။ ယခုလို တိုးတွေပေါပေါများများ
မရှိသဖြင့် ခရီးသွားကုမ်မဏီများကလည်း တိုက်ပိုင် ဧည့်လမ်းညွှန်တွေကိုသာ အသုံးများပြီး ဖရီးလန် ့စ် လိုက်သော ကျွန်မတို ့လို ဂိုက်တွေကို သိပ်လည်း မသုံးကြသေးပါ။ ကုမ်မဏီတွေက စမ်းပြီး ဂိုက်မထည့်ကျတော့ အတွေ ့အကြုံက မရ၊ အတွေ ့အကြုံက မရှိတော့ တခြား ကုမ်မဏီတွေကလည်း
မသုံးချင်နှင့် သံသရာလည်ကာ အိပဲ့အိပဲ့နှင့် ဘဝကို ဖြတ်သန်းခဲ့ပါဧ။် ။

တစ်လလုံးမှာ ငွေရသောင်းလောက်ဝင်လျှင်ပင် ကံထူးရှင်တစ်ယောက်ပမာ ပျော်နေတတ်သည်က ကျွန်မပါ။ ထိုအချိန်တွင် တိုးကုမ်မဏီတစ်ခုကို
ဖရီးလန် ့စ် တစ်ယောက်အနေဖြင့် ကျွန်မ အလုပ်သွားလျှောက်သည် ။
ထိုကုမ်မဏီက ပိုင်ရှင်အစ်မက သဘောကောင်းစွာဖြင့် ယခုလို အချိန်မှာ ဖရီးလန့်စ်ဂိုက်ကိုတော့ သုံးရမှာ
အဆင်မပြေသေးကြောင်း သို ့သော် စိတ်ဝင်စားလျှင်တော့ တိုက်ပိုင်တိုးရစ်ဂိုက်အနေဖြင့် ထားချင်ကြောင်း
အတွေ ့အကြုံမရှိသေးသည့် အတွက် အတွေ ့အကြုံများလာအောင် ဂျူနီယာတစ်ယောက်အနေဖြင့်
အတွေ ့အကြုံများပြီ ဖြစ်သည့် စီနီယာ တိုးလိုက်သူများနှင့် ထည့်ပေးမည် ဖြစ်ကြောင်းကမ်းလှမ်းလာသည်။

ပိုင်ရှင်အစ်မပြောတာ သဘာဝကျပါသည်။ကျွန်မသည် ဘာသာ စကားတစ်ခုပြောတတ်တာ ၊ ခရီးများကို
ကိုယ်တိုင်သွားကြည့်ထားတာ စသည်ကလွဲပြီး ဧည့်သည်ကို ဝန်ဆောင်မှုပေးတာ၊ ခရီးစဉ်တစ်လျှောက်
ဘယ်အချိန်မှာ ဘယ်လို ရှင်းလင်းသည့်တာ စသည့် အချက်အလက်တို ့နှင့် ပတ်သတ်ရျ်တော့ ဝါနုသေးသည့် အတွက်သူ ့အနေနဲ ့ စိတ်မချနိုင်ခြင်းဖြစ်ပါသည်။

တိုးဂိုက်ဘဝတွင် တစ်မုန်းစား တစ်မိုးနား ဆိုသည့် စကားပုံတစ်ခုရှိပါသည်။ သဘောကတော့ ဧည့်သည်အလာများသည့် ဆောင်းရာသီတွင် တိုးအဝင်များပြီး ခရီးများများသွားရသဖြင့် ရေလျှံပါသည်။ သို ့သော်မိုးတွင်းကာလတွင် ဧည့်သည်ပါးသွားသည့် အတွက်နားရခြင်းကို ဆိုလိုရင်းဖြစ်ဧ။် ။
ဆောင်းရာသီတွင် ဝင်ငွေများသဖြင့် သုံးခြင်းတိုင်းတော့သုံးလို ့မရပါ။ မိုးတွင်းတွင် ဘယ်လိုဘဝရောက်မယ်မှန်းမသိသဖြင့် မိုးတွင်းအတွက်ပါ ကြိုတင်စုဆောင်းထားရပါသည်။သို ့သော်ထိုစဉ်က ကျွန်မဘဝကတော့ တစ်မုန်းလည်း မစားရသလို ၁မိုးလုံးလည်း ငတ်ခဲ့သည့်ဘဝပါ။

သည်တော့ တိုက်ပိုင်တိုးရစ်ဂိုက်အနေဖြင့် ထိုကုမ်မဏီကို ဝင်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ တိုက်ပိုင်ဂိုက်ဖြစ်သည့် အားလျော်စွာ
ကုမ်မဏီသည် ၁၅ရက်ကျော်တဲ့အထိတော့ တိုးပေးမည် မဟုတ်။
ရုံးမှာလည်း ဝင်ရောက်ကူညီရပေမည်။ သို ့သော် လစာလေးက ရ၊ အဆင်သင့်လို ့ခရီးသွားရလျှင်လည်း
အပိုဝင်ငွေရမည်ဆိုလျှင်ဖြင့် အဆင်ပြေနိုင်သဖြင့် ရွေးချယ်လိုက်ရခြင်းဖြစ်ပါသည်။

ဒီလိုနှင့် အလုပ်ဝင်ပြီး ၁လအကြာ ပထမဆုံး စီနီယာ တိုးရစ်ဂိုက်အစ်မတစ်ယောက်နှင့် ဂိုက်အသင်လိုက်ရသည်။ ခရီးကတော့ ရန်ကုန်မြို ့တွင်း
ခရီးစဉ်ဖြစ်ပါဧ။် ။ ထို စီနီယာ အစ်မသည် ကျွန်မပါနေသည့် အတွက် ဧည့်သည်ကို ပုံမှန်စကားများသာ ပြောပြီး ရန်ကုန်မြို ့နှင့် ပတ်သတ်သည်များ၊
တခြားသော ရာဇဝင်များကို မရှင်းလင်းပါ။ ကျွန်မလည်း ဘယ်တော့များ ပြောမလဲ ရှင်းမလဲဟု စောင့်ဆိုင်းနေသော်လည်း မထူးခြားပါ။

အင်းစိန်ကျောက်တော်ကြီး၊ ဆင်ဖြူတော်၊ဗို်လ်ချုပ်ဈေးအစ ရှိသည်တို ့တွင် သာမန် လမ်းလျှောက်ပြီး
စကားပြောခြင်းကိုသာ ပြုဧ။် ။ ဗိုလ်တထောင်ဘုရားကို ရောက်သော အခါ ဘာပဲပြောပြော ဗိုလ်တထောင်ဘုရားသည် ကန်တော့ပွဲ၊
မြနန်းနွယ်၊ ဗိုလ်တထောင်ဘိုးဘိုးကြီး အစရှိသည့် စိတ်ဝင်စားဖွယ်ရာများ ရှိသောကြောင့် ဒီတစ်ခါတော့ ရှင်းပြတော့မည် ဟု မှတ်ယူလိုက်သည်။
သု ိ ့သော် စီနီယာ အစ်မကြီးသည် ကျွန်မကို ဧည့်သည်ဧ။် ဘွတ်ဖိနပ်မှာ တန်ဘိုးကြီးလှကြောင်း၊
ဖိနပ်ကောင်တာတွင် အပ်ခဲ့လျှင် ရသော်လည်း ပျောက်ရင် အဆင်မပြေနိုင်ကြောင်းပြောပြီး
ကျွန်မကို ဧည့်သည်နှင့် သူဧ။် ဖိနပ်၂ရံကို စောင့်ဆိုင်းရန် တာဝန်ပေးခဲ့ဧ။် ။

ဒီတစ်ခါတော့ ဂိုက်အစ်မကြီး တကယ်ရှင်းပြပုံရသည်။ ဘုရားတွင် ၄၅မိနစ်ခန် ့ကြာသည်။ သို ့သော်
ကျွန်မဘာမှ ပညာမရလိုက်ပါ။ ဖိနပ်စောင့် တာဝန်အနေဖြင့်သာ ဂိုက်ပညာကို သင်ယူခဲ့ပါဧ။်။
ကျွန်မကို ပညာပြလိုက်မှန်း ကျွန်မသိပါသည်။

ကျွန်မတို ့တွေ ဆရာစာရှင်းတာကို လက်ချာလိုက်သည့်အခါ တစ်ချိန်တည်းမှာ ဆရာက လူအယောက်၁၀ဝကို တစ်ပြေးညီ သင်သော်လည်း လူအယောက်၁၀ဝလုံးဧ။် မှတ်သားတာ၊ နားလည်သဘောပေါက်တာသည် မတူညီပါ။စာသင်ပြီးချိန်တွင် ၁၀ဝရာခိုင်နှုန်း နားလည်သည် ဆိုသည်မှာ ရှားပါဧ။် ၊၊ သို ့သော် ထိုအရာမျိုးကို
စီနီယာတိုးဂိုက်အစ်မ မသိလို ့လား၊ သူ ့ထက် သာမှာ စိုးရိမ်သည်လား၊ သက်သက်မဲ့ပညာပြတာလား
ကျွန်မမသိပါ။ ပင်လယ်ရေသည် သောက်လို ့မကုန်ပါ။ ဖယောင်းတိုင်သည်လည်း တစ်တိုင်ဆီမီး တစ်တိုင်ညှိက
လင်းလက်တောက်ပမည်ကား အမှန်။

ကျွန်မကတော့ တိုးဂိုက်ပညာကို ထိုနေ ့က မရရှိလိုက်သော်လည်း တစ်ချိန်ချိန် ကျွန်မဝါရင့်ဂိုက်တစ်ယောက်ဖြစ်လာသည့်အခါ
ကိုယ့်ဆီက ပညာသင်ယူသူ ရှိမည်ဆိုလျှင် တိုးရစ်ဂိုက်ဘဝကို စိတ်ပါလာစေရန်၊ပညာတွေ ကျွန်မထက်ပိုပြီး တက်မြောက်နိုင်ရန် ဧည့်သည်ကို ရှင်းလင်း
တင်ပြလိုက်မည်ဟုသာ။

23 comments

  • မောင့်ကျက်သရေ ဂီ့

    January 22, 2013 at 12:42 pm

    တိုးကန်ပနီတွေ ဧည့်သည်ကျဲပါးတဲ့ ရာသီတွေ (မိုးတွင်းတွေ)မှာ ဘာတွေ လုပ်ကြသလဲ သိချင်သားဗျာ..
    ဂလိုပဲ ဝန်ထမ်းတွေကို နားခိုင်းထားတာလားဟင်င်င်င်

    • moonpoem

      January 22, 2013 at 5:19 pm

      မိုးတွင်းမှာ ဧည့်သည်နည်းပေမယ့် လုံးဝမလာတာတော့ မရှိပါဘူး။ ခရီးစဉ်တစ်ခုလုံး အစအဆုံး မဝယ်ဖြစ်ရင်တောင် လေယာဉ်လက်မှတ် ဝယ်ပေးတာမျိုး၊ ဟိုတယ်စီစဉ်ပေးတာမျိုးတွေတော့ ရှိပါတယ်။ ဆောင်းရာသီ ခရီးသွားကာလမှာ နေ ့မအားညမနား အလုပ်လုပ်ရတဲ့ အတွက် မိုးတွင်းမှာ နားရတာလည်း အပန်းပြေပါတယ်။

      • မောင့်ကျက်သရေ ဂီ့

        January 23, 2013 at 7:23 am

        ပြောချင်တာ ဂလိုဗျ…
        အင်္ဂလိပ်စာ ကတော့ ထား ..
        ကျန်တဲ့ ဘာသာတွေနဲ့ မြန်မာပြည်အကြောင်း
        မြန်မာပြည် ထင်ရှားတဲ့နေရာတွေ … မြန်မာဟေ့လို့
        ပြောလိုက်ရင် သွားသင့်တဲ့နေရာတွေ သမိုင်းကြောင်းတွေ
        အချက်အလက်တွေ ဆိုင်ရာ ဘာသာရပ်တွေနဲ့ ရေးထားတဲ့စာအုပ်စာတမ်းတွေ
        အလွန်အင်မတန် နည်းပါးနေသေးတယ်ဗျ…။
        အချက်အလက်အရပြောရရင်လည်း ..ဖူဂျီတောင် ၃၆၆ရမီတာမြင့်တာ ဂငယ်မှာ ကလေးကစလို့
        လူတိုင်းသိပေမယ့် ရွှေတိဂုံဘုရား ဌာဏ်တော် ဘယ်လောက်ဆိုတာ ဂိုက်တိုင်းတောင် အလွတ်မရဘူးမလား…။
        ပြင်ကြရဖို့ပါနော..။

        လွန်ခဲ့တဲ့ ၃နှစ်က မိတ်ဆွေ ဂငယ်တယောက် မြန်မာပြည်သွားချင်တော့
        ကျနော့်ကိုလာမေးရင်း ရှာဖွေပေးရင်း ရန်ကုန်ရုံးနဲ့ ချိတ်ဆက်ပေးရင်း နဲ့ သိခဲ့ရတာလေးပါ။
        မြန်မာပြည် ခရီးသွား Guide Book အနေနဲ့ ဈေးကွက်မှာ ၁အုပ်သာ ရှာတွေ့ချိန်မှာ
        ထိုင်း tour guide book က ရာဂဏန်း ထွက်ကျလာသဗျ…

        ဆိုလိုချင်တာက အနှီ tour company တွေအနေနဲ့ ဧည့်ပါးတဲ့ကာလတွေမှာ
        အဆိုပါ guide book တွေ ပြုစု ရေးသားထုတ်ဝေ ကြဖို့ တိုက်တွန်းချင်တာပါပဲ…
        ဒါဟာ ဟိုတယ်ခရီးရဲ့ တာဝန် သက်သက်မဟုတ်သလို …နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ တာဝန်လည်း
        မဟုတ်ပြန်ပါဘူး …

        စာအုပ်ပုံစံ ရောင်းတမ်းမဟုတ်ရင်တောင် ကိုယ့် ကန်ပနီ ကိုယ့် ဆားဗစ် အနေနဲ့ ကိုယ်ပိုင်သုံးအနေနဲ့သုံးရင်
        သူများထက် သေသေချာချာ ကျကျနန ဝန်ဆောင်မှုပေးနိုင်လို့ သူများထက်သာမယ့် သူများထက် ကောင်းမယ့်
        မှန်မှန်ကန်ကန် အောင်မြင်မယ့် အရာဖြစ်လို့ တိုးကန်ပနီတွေ အားလပ်ချိန်တွေမှာ … ဘာသာရပ်
        ကျွမ်းကျင်သူ (ဂိုက်တွေပေါ့လေ) ၊ သမိုင်းကျွမ်းကျင်သူ ၊ ဒေသခံ စတာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး
        အဲ့ဒါတွေ လုပ်ကြည့်စေချင်ပါကြောင်း ….။
        (အတွေးသက်သက်များ …- ဆေးလှုပ်သောက်ဦးမှ)

        တော်သေးဘီ
        ခင်တဲ့
        ဂီ

  • Mon Kit

    January 22, 2013 at 12:48 pm

    ညီမလေးရေ…
    အဲဒါလေးက လည်း ပညာရပ်တစ်ခုဘဲမို့လား။။
    ဒါပေမဲ့ လိုက်နာအပ်တဲ့ ပညာရပ်တော့ မဟုတ်ဘူးပေါ့…
    :hee:

  • ဆူး

    January 22, 2013 at 1:06 pm

    ဘဝ နဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်တဲ့ အတွက် ဖတ်ရတာ အလွန်ကောင်းပါတယ်။
    ဆက်လက်ရေးဖို့ ရှိရင် ရေးပါအုန်း။ စိတ်ဝင်တစား ဖတ်နေပါတယ်။

  • mamanoyar

    January 22, 2013 at 1:28 pm

    ဖတ်ရတာ အရမ်းစိတ်ဝင်စားမိပါတယ်
    အစ်မဘဝကိုလဲ ကိုယ်ချင်းစာမိပါတယ်
    အစ်မအောင်မြင်တဲ့ tourist guide တစ်ယောက်ဖြစ်ပါစေလို့
    ဆုတောင်းပေးပါတယ်ရှင်

  • ခင်ခ

    January 22, 2013 at 1:41 pm

    ဖတ်ရတာလေးက ကိုယ်တွေ့လေးမို့ ကောင်းတယ်ဗျာ။
    ဒီလိုပါဘဲ ပေးဝေမျှတတ်သူ နဲ့ ရယူလိုသူ နှစ်မျိုး ဘယ်အလုပ်ထဲဖြစ်ဖြစ်တွေ့တတ်ပါတယ်။
    တကယ်တော့ ပေးဝေမျှကြည့်ပါ အခြံအရံပေါများခြင်း ချစ်ခင်သူများခြင်း တွေဖြစ်လာတယ်ဆိုတာ မသိကြလို့ပါ။ ဥပမာ- တကယ့်စေတနာနဲ့ သင်ကြားတဲ့ ဆရာ၊ ဆရာမ တွေမှာ ဘာလို့ ချစ်ခင်တဲ့ တပည့်တွေများ လည်း သူကပေးဝေမျှတတ်သူမို့လေ။ သူတစ်ပါးကို ကိုယ်သိတာလေး ပြောလိုက်ရလို့ ကိုယ့်ထဲက အသိတွေ ပညာတွေက အဲဒီ ပြောပေးလိုက်တဲ့သူဆီ ပြောင်းရွှေ့ရောက်သွားတာမဟုတ်ပါဘူး၊ သူရော ကိုယ်ရော သိသွားကြတာပါ။ ပြန်လှန်မေးတတ်တဲ့သူမျိုးကိုပြောမိရင် ကိုယ်တောင်ပညာထပ်တိုးအုံး မှာလေ။

  • Thu Wai

    January 22, 2013 at 1:49 pm

    ဪ …. ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ထဲက လိုပဲ မိုးတွင်းစာ စုထားရတာကိုး။
    ငါးစာပေးပြီး ကွန်ချက်မပြတဲ့ အဲဒီလို စီနီယာတွေရှိနေလို့ နောက်လူတွေအတက်နှေးတာ။

  • မင်းနန္ဓာ

    January 22, 2013 at 3:26 pm

    မန်းလေးမှာ ကျောင်းတတ်နေတုန်းက တိုးဂိုက်ဘဝကို တကယ်ပဲ နှစ်သက်ခဲ့ပါတယ်
    အင်္ဂလိပ်စာ၊ ဂျပန်စာ သင်တန်းတွေတက်ပြီး ညနေဘက် မန်းတောင်ပေါ်သွား
    ဂိုက်မပါတဲ့ တိုးရစ်တွေ့ရင် ဗလား ဗလား တစ်ခွန်းစ သွားပြော လုပ်ခဲ့သေးတယ်..

  • Ma Ei

    January 22, 2013 at 4:32 pm

    စီနီယာ တိုးဂိုက်ပညာပေးလို့
    အသိကောင်းလေးနဲ့ တိုးတက်လိုစိတ်ရှိသွားခဲ့ရတယ်လေ…
    ဒီလိုပညာတွေလဲ ရှိတာသိခဲ့ရတာမို့ ကြံဖန် ကျေးဇူးတင်လိုက်နော်…
    :hee:

  • ကိုရင်စည်သူ

    January 22, 2013 at 4:54 pm

    ပိုအမ်လေး.. အူးစည်ပြန်လာရင် တိုးရွစ်ဂိုက်စ်အနေနဲ့
    ရွှေတိဂုံဘုရားကို.. ပြပေးလို့ရမလားဟင်.. ခုထိ
    မုခ်တွေ သေချာ မသိသေးလို့ဘာ…။ ဉာဏ်ပူဇော်ခ..
    ယွမ် ၁၅၀ဝဆိုရလားဟင်. :mrgreen:

  • MaMa

    January 22, 2013 at 4:58 pm

    ဝါသနာတွေထဲမှာ အစားစားရတာအပြင် :kwi: ခရီးသွားရတာကိုလည်း ကြိုက်တယ်။
    ကိုယ့်အတွေ့အကြုံကို သင်ခန်းစာယူပြီး ကောင်းတဲ့စိတ်ကို မွေးနိုင်လိုက်တာမို့ အမြတ်ထွက်တယ် ပြောရမှာပေ့ါ။
    ပညာပြလိုက်တဲ့ စီနီယာအမ အတွက်တော့ အရှုံးချည်းပဲပေ့ါ။ :hee:

    အားပေးပါတယ် လကဗျာလေး ရေ။

    နောက်လာမယ့် တိုးဂိုက်အတွေ့အကြုံများကို စောင့်မျှော်နေပါတယ်။
    လူချင်းဆုံတွေ့ခွင့်ရခဲ့လို့လည်း ဝမ်းသာပါတယ်။

  • Tin Tin

    January 22, 2013 at 5:56 pm

    ညီမလေး moonpoem ရေ…. ဒီလိုပါဘဲ လူအမျိုးမျိုရှိတတ်ပါတယ်… ကိုယ့်ကို စေတနာထားပြီးတွဲခေါ်တယ့်လူ ရှိသလို… သူတို့ထက်သာသွားမှာ၊ သိသွားမှာကိုမနာလိုတယ့်သူတွေလည်းအများကြီးပါ…

    (ကိုယ့်ဆီက ပညာသင်ယူသူ ရှိမည်ဆိုလျှင် တိုးရစ်ဂိုက်ဘဝကို စိတ်ပါလာစေရန်၊ပညာတွေ ကျွန်မထက်ပိုပြီး တက်မြောက်နိုင်ရန် ဧည့်သည်ကို ရှင်းလင်းတင်ပြလိုက်မည်)
    ညီမရဲ့စေတနာထားတယ့် စိတ်ကူးလေးကိုလည်း သဘောကျကျေနပ်မိပါတယ်…ညီမလေး အောင်မြင်သော ဂိုက်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်….
    နောက်ထပ်ကိုယ်တွေ့လေးတွေကိုလည်း ရေးပေးပါအုန်းနော်.. စောင့်မျှော်အားပေးနေပါတယ်လို့….

  • PEACEMAKER

    January 22, 2013 at 7:59 pm

    “ဒီလိုနှင့်….စီနီယာ တိုးရစ်ဂိုက်အစ်မတစ်ယောက်နှင့်…ထို စီနီယာ အစ်မသည် ကျွန်မပါနေသည့် အတွက် ဧည့်သည်ကို ပုံမှန်စကားများသာပြောပြီး….ကျွန်မဘာမှ ပညာမရလိုက်ပါ။ ဖိနပ်စောင့် တာဝန်အနေဖြင့်သာ ဂိုက်ပညာကို သင်ယူခဲ့ပါဧ။်……………..ကျွန်မကို ပညာပြလိုက်မှန်း ကျွန်မသိပါသည်”

    ညီမလေးရေ
    ကိုယ်ကလိုချင်တဲ့သူဖြစ်တယ်ဆိုတာ မမေ့ပါနဲ့လေ။ ကိုယ်ကလိုချင်တဲ့သူဖြစ်လို့ သူ့ဘက်ကကိုယ့်ကို လိုလိုချင်ချင် ပညာမျှပေးချင်စိတ်ဖြစ်အောင် ကိုယ့်ဘက်ကလုပ်ယူရမှာပါ။ သူမပေးရကောင်းလားဆိုပြီး သူ့ကိုအဲ့လိုမြင်လို့မရပါ…judgeလုပ်လို့မရပါ။ သူကညီမလေးအကူအညီလိုနေတဲ့သူမဟုတ်ဘူးလေ။

  • surmi

    January 22, 2013 at 8:43 pm

    အတွေ ့အကြုံ လေးများ ဆက်ရေးပါဦး ……
    ဒါမျိုးတွေ က သိရ ခဲပါတယ် …..

  • mgwalone

    January 22, 2013 at 10:33 pm

    ခရီးသွားလုပ်ငန်းနဲ့ ဧည့်လမ်းညွှန်လုပ်ငန်းဆိုတာမျိုးက ဘယ်တော့မှ သင်ယူလို့ မကုန်နိုင်တဲ့ ပညာရပ်တွေ ပါ။ တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတာကို အတတ်နိုင်ဆုံး လိုက်သင်နေ ရတာပါပဲ။ ဘယ်သူမှလဲ ငါအကုန်တတ်တယ်၊ ငါလောက်သိတာ မရှိဆိုတာမျိုး မရှိပါဘူး။
    ဒါကို ကိုယ့်ကိုယ်ကို သိတတ်သလိုထင်ပြီး မျှဝေရကောင်းမှန်း၊ လက်တွဲခေါ်ရကောင်းမှန်း မသိတာကတော့ အတော်ကို သေးသိမ်တယ်လို့ပဲ မြင်မိပါတယ်။ ဒီလိုလူတွေ ခရီးသွားလုပ်ငန်းတဲမှာ ယနေ့အထိ ရှိနေတုန်းပါပဲ။ ဒီလုပ်ငန်းက ဘာကိုမှ ကိုယ်တစ်ယောက်တဲ သိတာ၊ ငါသူများကို မပြောဘူးလို့ ထားလို့ရတာ မျိုးမှ မဟုတ်ပဲ။
    ငါ့လောက်တတ်သူမရှိ။ ငါအချိန်ကုန်ခံ၊ အပင်ပန်းခံပြီး လေ့လာထားတာတွေကို သူများကို မပြောဘူး ဆိုတဲ့ စိတ်ဓတ်မျိုးနဲ့ ခရီးသွားလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းနဲ့ မအပ်စပ်ပါဘူးဗျာ။
    moonpoem စိတ်ထားကောင်းတဲ့သူတွေ အောင်မြင်မှာပါ။ ဒီလုပ်ငန်းက life long learning လို့ ပြောရမှာပါ။ ဆက်ကြိုးစားပါလို့လဲ တို်က်တွန်းပါရစေ။

  • Mလုလင်

    January 23, 2013 at 12:52 am

    လမ်းမလျှောက် နိုင်ခင် ဝမ်းလျှားထိုး လေး သွားပြီး . ….. တစ်နေ့နေ့ မှာ ပြေး နေနိုင်ပါစေဗျို ့ …။

  • padonmar

    January 23, 2013 at 1:28 am

    လကဗျာလေးရေ
    ယောက္ခမနိုင်တာခံရတဲ့ ချွေးမဟာ ယောက္ခမဘဝရောက်တဲ့အခါ သူ့ချွေးမကိုလည်းနိုင်ဖို့ကြိုးစားတတ်ပါသတဲ့။
    အဲဒါ လူသာမာန်တွေရဲ့ သဘာဝပေါ့။
    စိတ်ထားမြင့်မြင့်ထားတဲ့သူကတော့ ငါခံရသလို သူများမခံရပါစေနဲ့လို့ စိတ်ကိုထားကြပါတယ်။
    လကဗျာလေးလည်း ကိုယ်စီနီယာဖြစ်ရင် ဂျူနီယာလေးတွေကို သင်ပေးလိုက်မယ်ဆိုတာ သိပ်ကိုကောင်းပါတယ်။
    မြင့်သထက်မြင့်သော စိတ်ထားများမွေးနိုင်ပါစေ.

  • အရီးခင်လတ်

    January 23, 2013 at 2:57 am

    အားပေးသွားပါတယ် လကဗျာ ရေ့။
    အစ်မပဒုမ္မာ ပြောတာ ကို ထောက်ခံရင်း အစ်မပဒုမ္မာရဲ့ နောက်လိုက် မှတ်ချက်လုပ်ပါတယ်။

  • Foreign Resident

    January 23, 2013 at 6:57 am

    Moon Poem ကရော ၊
    ကျမကို ပညာသင်ပေးပါ ဆိုပြီး ရိုရိုကျိုးကျိုး တောင်းဆိုခဲ့ရဲ့လား ။
    မတောင်းဆိုခဲ့မိဘူး ဆိုရင် အဲဒီ Guide အမကြီး ဘာမှ မမှားပါဘူး ။

    အဘ အနေနှင့် ၊ ကိုယ့်ဆီက ပညာကို ၊
    ပွင့်ပွင့်လင်းလင်း လိုလိုချင်ချင် တောင်းယူလျှင်တော့ ၊
    ပညာကို မျှဝေ မပေးနိုင်စရာ အကြောင်း မရှိပါဘူး ။

    ဒါပေမယ့် ၊ မသိမသာ ပညာခိုးယူပြီး ၊
    ဆရာလို့လည်း အသိအမှတ် မပြု ၊
    အခွင့်သာရင် ကျေးဇူးပါ ကန်းသွားတတ်လို့ ။

    အကြမ်းဖျင်းအားဖြင့် ၊ ပညာ အလကား မပေးပါ ။
    ပညာ ဟာ တန်ဖိုးရှိပါတယ် ၊
    ရိုကျိုးမှု / ငွေကြေး တစ်ခုခုရမှသာ ပေးနိုင်ပါတယ် ။

    ကျောင်းမှာ စာပြတဲ့ ဆရာတွေကလည်း ပိုက်ဆံရလို့ စာသင်နေတာပါ ။
    နောက်ပြီး Tour Guide ပညာဟာ Professional ပညာပါ ။ ကွန်ချက်တွေပါ ။
    ငွေကြေးအရကြည့်ရင် ကျောင်းမှာ ပြနေတဲ့ စာတွေထက်သာပါတယ် ။

    • moonpoem

      January 23, 2013 at 8:45 am

      ကွန်မန် ့တွေ ဖတ်ရတာ ဝမ်းသာစရာပါ။ အားလုံးက ကျွန်မကို ဖြစ်စေချင်တဲ့ စိတ်နဲ ့၊ ဝိုင်းဝန်း အားပေး သွန်သင်ဆုံးမကြတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ နောက်လည်း ဂိုက်ဘဝမှာ ကြုံရတာလေးတွေကို ဆက်ပြီး ရေးသားပါဦးမယ်။

  • မောင်ပေ

    January 24, 2013 at 8:56 pm

    ပညာပြန်ဖြန် ့ဝေပေးမယ်ဆိုတဲ့ လလေးရဲ ့သဘောထားကို လေးစားမိတယ်ကွဲ ့
    ကုသိုလ်တွေအများကြီးရမှာပါကွယ်

Leave a Reply