Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အံ့ဩဖွယ် အစွမ်းများနဲ့ “Beavers (Castor)”

IrisJanuary 26, 20132min86133

အံ့ဩဖွယ် အစွမ်းများနဲ့ “Beavers (Castor)”

ဒီထူးဆန်းလှတဲ့ Beaver သတ္တဝါလေးတွေအကြောင်းနဲ ့မိတ်ဆက်ပေးခဲ ့တဲ ့သူက ကျမရဲ ့project ”Pipe Laying Vessel “ ရဲ  ့Client Company မှ အမေရိကန် တစ်ယောက် ရယ်ပါ. ကျမ တို ့ရဲ  ့သူငယ်ချင်း ဖြစ်စဉ်က အနည်းငယ်ကမောက်ကမနိင်လွန်းတယ် ထင်ပါတယ်. မြန်မာလူမျိုး ကျမ အလုပ် လုပ်တဲ ့စင်ကာပူ shipyard တစ်ခုမှာ သဘောင်္ အသစ်လာ ဆောက်တဲ ့ အီတလီယန် ကုပ္မဏီရဲ  ့Client အမေရိကန် ကုပ္မဏီရဲ  ့မန်နေဂျာ…အင်း..နဲနဲလေးတော ့ ဟာသမြောက်နေတယ်လို ့ထင်မိတယ်.

ကျမတို ့ရဲ ့project pipe laying vessel ရဲ  ့အမည်က “CastorONE” ရယ်ပါ. ကျမဘဝ မှာအမှတ်တရတွေမြောက်များစွာနဲ ့တော်တော်လေးပင်ပန်းခဲ ့ Project တစ်ခုပေါ ့. ကျမရဲ  ့ အမြင်အချို  ့ကို လည်း ပြောင်းလဲပေးခဲ ့တယ်.  အင်း..အချိန်ရခဲ ့ရင် အဲဒီအတွေ ့အကြုံတွေ ကိုရှယ်ချင်ပါသေးတယ်. အခုတော ့ Beaver အကြောင်းပဲပြောကျစ ို ့…………

ကျမရဲ  ့မိတ်ဆွေ စင်္ကာပူကိုအလုပ်ကိစ္စနဲ ့လာတဲ ့အခါမှာ ကျမကို အီတလီယန် ညစာ ဖိတ်ကြွေး ပြီး ရှေးဟောင်းနှောင်းဖြစ်ကျမတို ့ရဲ  ့Project CastorONE အကြောင်းပြောကြရင်း သူကကျမကိုပြောတယ် Castor ဆိုတာ Beaver တဲ ့. အင်း..ကျမက Beaver ဆိုတာ ဘာကောင်မှန်းလဲမသိ. ဒါပေမဲ ့ဘယ်ရမလဲ  Google မှာရှာပစ်လိုက်တယ်…တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ ့သူတို ့ရဲ  ့ သဘာဝကိုနည်းနည်းလေးသိခွင် ့ရခဲ ့တယ်. သူကြီး တို ့ဦးကြောင် တို ့က Beaver အကြောင်းကိုကောင်းကောင်း သိပါလိမ့် မယ်. US က Beavors တွေကတော်တော်နာမည်ကြီးပါတယ်.

Beaver တွေဟာနိူ ့တိုက် သတ္တဝါမျိုးနွယ်ဝင်တွေပါ. သူတို ့ဟာအသက် ၂၄ နှစ်အထိသက်တမ်းရှိပါတယ်. သူတို ့ဟာ လူတွေပြီးရင် ဒုတိယမြောက် သူတို ့ရဲ  ့ပတ်ဝန်းကျင်ကိုကျွမ်းကျင်စွာပြောင်းလဲ နိူင်သူတွေပါပဲ.အပင်တွေကိုသူတို ့ရဲ  ့သန်မာလှတဲ ့သွားတွေနဲ ့ ကိုက်ဖြတ် ပစ်ပြီး သူတို ့အတွက် နေအိမ်တွေ ရေကာတာတွေကိုကောင်းကေင်း ဆောက်တက်တဲ ့ Landscape Architecter သမားတွေပေါ ့….

beaver_457_600x450

ချစ်စရာကောင်း တဲ ့ Beaver လေးပါ..

beaver-main

Beaver ကိုက်ဖြတ်ထားတဲ ့သစ်ပင်ပေါ ့.သူတို ့ဟာသစ်ခုတ်သမာကောင်းတွေလဲဖြစ်နိူင်ပါတယ်. 🙂

beaver loge

Beaver တွေရဲ  ့အိမ်..

BeaverDam_8409

Beaver တွေဆောက်ထားတဲ ့ Beaver Dam..

သူတို ့ဟာအလုပ်အရမ်းလုပ်တဲ ့ သတ္တဝါလေးတွေပေါ ့….ဒါကြောင်. အင်္ဂလိပ် အသုံးအနှုန်းမှာ-“ to beaver” ကို “to work hard and constantly” လို ့အဓိပ်ပါယ် သတ်မှူတ်ကျပါတယ်….

ဝန်ခံချက်- ကျမ မိတ်ဆွေရဲ  ့ပြေပြချက်များကိုအခြေခံပြီး Wiki ,Google နှုင့် National Geography မှမြီငြမ်းပါတယ်…

ဒီဂဇက်မှာ အခြားတစ်ယောက်တင်ပြီးသွားရင်လဲ ကျေးဇူးပြုပြီး သည်းခံပေးပါ..ကျမရဲ  ့ပထမ ဦးဆုံးသော Post ရယ် ကျမနှစ်သက်မိတဲ ့ အံ့ဩစရာ သူတို ့သဘာဝ တွေကို Share ချင်တာပါ…

Ref :     http://en.wikipedia.org/wiki/Beaver

http://animals.nationalgeographic.com/animals/mammals/beaver/

33 comments

  • ကျုပ်လည်း ခုမှ သိတာဗျ …
    ခုလို ပြောပေးလို့ ကျေးဇူးပါ ….
    ဒါနဲ့ ဒီအကောင် ပုံစံကို မြင်တော့ မြင်ဖူးသလိုလိုပဲ …
    ဘာကောင်နဲ့ တူနေလဲတော့ စဉ်းစား မရဘူး ….

  • Foreign Resident

    January 27, 2013 at 11:31 am

    Le Le ရေ ကြိုဆိုပါတယ်ကွယ် ။

    ” တော်တော်လေးပင်ပန်းခဲ ့ Project တစ်ခုပေါ ့.
    ကျမရဲ ့ အမြင်အချို ့ကို လည်း ပြောင်းလဲပေးခဲ ့တယ်.
    အင်း..အချိန်ရခဲ ့ရင် အဲဒီအတွေ ့အကြုံတွေ ကိုရှယ်ချင်ပါသေးတယ် ”

    လူတစ်ယောက် ရဲ့ အမြင်တွေကို ပြောင်းလဲစေခဲ့တဲ့ ၊
    အတွေ့အကြုံတွေကို စိတ်ဝင်စားပါတယ် ။
    ရေးဖြစ်အောင် ရေးတင်ပါနော် ။

  • lele

    January 27, 2013 at 12:48 pm

    @အံစာတုံးရေ ဟုတ်တယ် ကျမလည်း ဒီလ ၁၈ ရက်နေ ့ကမှသူတို ့အကြောင်းကိုသိရတာ. အရမ်းတော်တဲ ့သတ္တဝါလေးတွေပါပဲ. သူကြီး နဲ ့ဦးကြောင်က detail ပြောပြနိုင်လိမ့်မယ်.. 🙂
    @အဘ FR ရေ…အချိန်ရရင် ကျမ ကြိုးစားပြီးရေးပါမယ်. ကျမရဲ ့ကျဉ်းမြောင်းတဲ ့အမြင်တွေနဲ ့လူမှုဆက်ဆံရေးတွေကို ပြောင်းလဲစေခဲ့တာပါ. တခြားကြီးကြီးမားမား အပြောင်းအလဲတွေ မဟုတ်ပါဘူး

  • MaMa

    January 27, 2013 at 12:56 pm

    ၁-၁-၂၀၁၃ နှစ်သစ်ကူးမှာရိုက်ခဲ့တဲ့ အမှတ်တရ ပုံရိပ်များ ပိုစ့်ကိုဖတ်ပြီး ဘာ့ကြောင့်များ ရေမြောင်းတွေ၊ ကန်တွေကို ရိုက်ပါလိမ့်လို့ တွေးမိပြီး ပထမပိုစ့်ကို ပြန်ဖတ်လိုက်မိတယ်။
    Beavors ပုံကို ကြည့်ပြီး ကြွက်လို့ပဲ ထင်နေတာ။
    သစ်ခုတ်သမားလို အစွမ်းထက်မယ် မထင်လိုက်မိဘူး။ :harr:

    အခုမှ စပြီးပိုစ့်တင်တာဖြစ်ပေမယ့် တစ်နေ့တစ်ပုဒ်တင်နိုင်တဲ့ ရေးအားက မနည်းဘူး။
    ဆက်လက်ပြီး လီလီရဲ့ ပတ်ဝန်းကျင်က အတွေ့အကြုံဗဟုသုတတွေ မျှဝေဖို့ မျှော်လင့်ပါတယ်။ :hee:

    • lele

      January 27, 2013 at 1:22 pm

      ကျေးဇူးပါ အန်တီမမ…ကျမကိုလည်းစာလုံးပေါင်းသတ်ပုံစစ်ပေးနိုင်ပါတယ်..ဟိဟိ..ကျမကဂေဇက်ရဲ ့ပရိတ်သတ် တဦးပါ. အချိန်မရလို ့မန်ဘာဝင်ပြီးစာမရေးဖြစ်တာပါ. Beaver (Castor) ကြောင့်သာမဟုတ်ရင် ရေးဖြစ်အုံးမယ်မထင်ဘူး. ဟုတ်တယ် အန်တီမမ သူတို ့ကကြွက်နဲ ့ ဆင်တယ် ဒါပေမဲ ့အကောင်ပိုကြီးတယ် ရေကုူးကျွမ်းတယ်.. ဖန်တီးနိုင်မှုစွမ်းအားလည်းရှိတယ်. သူတို ့သစ်ခုတ်တာ ကျမလည်း သဘောကျတယ်. သူတို ့အိမ်ကိုရွှံ ့တွေရယ်ခုတ်ထားတဲ ့သစ်တွေရယ်နဲ ့ ဆောက်ထားတာ. ရွှံ ့တွေကကျောက်ခဲတွေလို မာကြောပြီး အလွယ်တကူ သူတို ့ရဲ ့အိမ်ကို မဖျက်ဆီးနိုင်ဘူးတဲ့. ကျမ ကသူတို ့ဘယ်လိုအဲဒီ သစ်ပင်တွေကိုသယ်လဲသိချင်နေတာ.

      • MaMa

        January 27, 2013 at 6:06 pm

        အယ်…. နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့လား။ :kwi:

        • lele

          January 27, 2013 at 6:47 pm

          အန်တီ မမ.. အဲလိုမဟုတ်ပါဘူး. ကောင်းသတင်းမွှေးတာပါ. စကားအတင်းစပ် (Credit to သူကြီး). 🙂 ကျမလည်း ဧရာဝတီတိုင်းကပါ. ကျမတို ့ရွာကသေးသေးလေးရယ်. လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲတယ်. အခုတော့ တိုးတက်လာပြီလားမသိဘူးရယ်.

        • MaMa

          January 28, 2013 at 10:07 pm

          နောက်တာပါ လီလီ ရယ်။
          ဧရာဝတီတိုင်းသားချင်းဆိုတော့ စိတ်ဝင်စားသွားပြီ။
          လီလီ ရဲ့ ရွာသက်ကြည့်ရတာ မနည်းဘူးထင်တယ်။
          ခုလဲ ရွာသူား ဖြစ်သွားပြီမို့ ရင်းရင်းနှီးနှီး ခွင့်ရတာ ဝမ်းသာပါတယ်။ :hee:

        • MaMa

          January 28, 2013 at 10:08 pm

          နောက်တာပါ လီလီ ရယ်။
          ဧရာဝတီတိုင်းသားချင်းဆိုတော့ စိတ်ဝင်စားသွားပြီ။
          လီလီ ရဲ့ ရွာသက်ကြည့်ရတာ မနည်းဘူးထင်တယ်။
          ခုလဲ ရွာသူား ဖြစ်သွားပြီမို့ ရင်းနှီးခင်မင် ခွင့်ရတာ ဝမ်းသာပါတယ်။ :hee:

  • padonmar

    January 27, 2013 at 3:18 pm

    ငယ်ငယ်က စာထဲဖတ်မှတ်ဖူးတာကတော့ ဘီဗာဖျံ လို့ သုံးပါတယ်။
    မြေအောက်ကနေ ကြွက်လို တွင်းတူးသွားပြီး ကိုက်ထားတဲ့သစ်စသစ်နတွေနဲ့ ရေကာတာ(အသိုက်)ဆောက်တယ်လို့ မှတ်ထားမိပါတယ်။
    (ရွှေသွေး၊တေဇရုပ်စုံခေတ်က စာထဲမှာပါတာပါ)
    Castor ကတော့ ကြက်ဆူပင်လို့မှတ်ခဲ့ရတယ်။
    Castor Oil ကြက်ဆူဆီဆိုရင် မီးဖွားခါနီး ဝမ်းနှုတ်ဆေး အဖြစ်သောက်ခိုင်းခဲ့ကြတယ်။
    (ကြိုဆိုပါတယ် Lele လယ်လယ် လို့ခေါ်ရမလား၊လီလီ လို့ ခေါ်ရမလား)

    • lele

      January 27, 2013 at 7:12 pm

      ကျေးဇူးပါ အန်တီ ပဒုမ္မာ အခုလိုဖြည့်စွက်ပေးလို ့
      ကျမ အလုပ်လုပ့်ခဲ့တဲ ့သင်္ဘော ကက်စ်ထရို ဝမ်း က ကြက်ဆူပင် နာမည်ယူထားတာတော့မဖြစ်နိုင်ဘူး. 🙂 သူကပင်လယ်အောက်က Crude Oil တွေအတွက် ပိုက်တွေချပေးမှာ.
      လီလီ လို ့ခေါ်လို ့ရပါတယ်. အခုလိုကြိုဆိုတဲ့အတွက် အရမ်းဝမ်းသာပါတယ်.

    • lele

      January 27, 2013 at 7:20 pm

      မောင်ပေ. မေပေါင် ထိပ်ပြောင်…အလကားနောက်တာ. 😀
      ကျမ သူငယ်ချင်း မန္တလေးသူကို ဂေဇက်မှာ မန်ဘာဝင်ပြီး စာရေးခိုင်းတာ. မောင်ပေ့ကိုကြောက်ပြီးပြေးပြီ.. 🙂

  • မောင်ပေ

    January 27, 2013 at 4:08 pm

    လီလီ့ ရဲ ့ပထမဆုံး ပို ့စ်ဟာ ဗဟုသုတ တိုးစေပါတယ်
    လီလီလေးတင်သမျှ ကို အမြဲတမ်းအားပေးသွားပါမယ်
    စကားမစပ် ဂေဇက်က ဦးကြောင်ကြီးဆိုတာ အသက်၄ဝကျော်ပါဘီကွယ်
    မောင်ပေကတော့ အသက် ၃ဝ မပြည့်သေးဘူး ဆိုတာလေး
    အဲဒါ အဲဒါ

    • Mobile

      January 27, 2013 at 10:13 pm

      ဖတ်ရှု့အားပေးလေ့လာယုံတင်မက လီလီလေးလား(ကြီးလား) တော့မသိ ဦးပေ
      စကာယောင်လိုက်ပြီးပြောရမယ်ဆိုရင်တော့ဖြင့် အဲ့ဒီ မောင်ပေ ဆိုတဲ့လူကြီးက
      အသက် ၃ဝ မပြည့်သေးဘူးဆိုပေမယ့် ၂၉ နှစ်လောက်ရှိနေပြီ လီလီရေ မှတ်ထားနော်
      ပြီးတော့ ဒီရွာထဲမှာက ဖွန်ကြောင်တဲ့လူတွေကများလှတယ်။
      နောက်လာမည့် ပို့စ်များ ပုံများကိုလဲ စောင့်မျှော်အားပေးနေပါမည်။

  • မောင့်ကျက်သရေ ဂီ့

    January 28, 2013 at 6:44 am

    အားပေးသွားပါကြောင်း …
    မိတ်မဆက်ပေမယ့် ကျုပ်ကိုတော့ သိမယ် ထင်ပါကြောင်း..
    တော်သေးဘီ
    အန်တီ လီလီ

    • lele

      January 28, 2013 at 7:54 pm

      ဂီဂီ ကမင်းသားပဲ ဂေဇက်မှာ..ဓာတ်ပုံ ပို ့တွေနဲ ့ စပြီးရင်းနှီးခဲ့တယ်. ဒါပေမဲ့ ကင်မရာကောင်းကောင်း မရှိသေးတော့. Intelligent mode နဲ ့ပဲရိုက်တယ်. 🙂 marketing post တွေတော့နားမလည်ဘူး . ဟီး
      Aladeen ရဲ ့အကြိုက်ဆုံး သရုပ်ဆောင် ကွက်က သေနတ်ကိုင်ပြီး အပြေးပြိုင်တာ…

  • ခိုင်ဇာ

    January 28, 2013 at 8:39 am

    ဒီ စာဖတ်မှ ဒီ အကောင်လေးကို သိတယ်။
    အပြင်မှာ တွေ့ရင် မြေကြွက် အကြီးကြီး မှတ်ပြီး ခဲနဲ့ ပေါက်မိမှာပဲ။
    :kwi:

  • ဦးကြောင်ကြီး

    January 28, 2013 at 9:03 am

    လီလီအတွက် ဦးကြောင် ဗီဗွာလေး ဖြစ်ပါရစေကွယ်.. ကိုက်ခြင်လို့… :kwi:

    • lele

      January 28, 2013 at 8:24 pm

      ဦးကြောင်က ဗီဗွာလေးဆိုရင် ရောင်းစားပစ်လိုက်မှာ. ဗီဗွာမွှေးကဈေကောင်းတယ်.
      တော်သေးတာပေါ့ ကြေးမုံကြီးနဲ ့ညီအမ ဆိုပြီးရန်တွေ ့ခံရပြီထင်နေတာ. ရေကာတာတွေ လာတင်လို ့. 🙂

  • Ma Ei

    January 28, 2013 at 12:04 pm

    ၂ ကိုဖတ်ပြီးမှ ၁ ကိုပြန်ဖတ်လိုက်တာရယ်…
    ဘီဗာတွေရဲ့ တည်ဆောက်မှုအကြောင်းလေးတွေ
    ဖတ်ခဲ့ဖူးပေမယ့် သိပ်မသိတော့ဘူးဖြစ်နေတယ်…
    စိတ်ဝင်စားသွားလို့ စာအုပ်ပြန်ရှာဖတ်ပါဦးမယ်…
    ကြိုဆိုပါတယ်နော်…

    • lele

      January 28, 2013 at 8:44 pm

      ကျေးဇူးပါ မအိ…ကျမကသူတို ့ကိုအားကျတယ်. ကိုယ်ကိုကိုယ် ပင်ပန်းလှပြီထင်နေတာ..သူတို ့ကိုမမှီဘူးရယ်.

  • pazflor

    January 28, 2013 at 12:41 pm

    Castroone ဆိုတော့ Saipem ပိုင် သဘောင်္၊ ….ဆိုတော့ မလီလီက Keppel ကဘဲ။ 😀

    • lele

      January 28, 2013 at 8:46 pm

      ဟုတ်ပါတယ်. pazflor ကလည်း မရိန်းဧရိယာ ကပဲလို ့ထင်ပါတယ်.

  • ဗုံဗုံ

    January 28, 2013 at 4:46 pm

    အဲ့ဒီ အကောင်လေးတွေကို မွေးထားပြီး ကိုယ်နဲ့မတည့်တဲ့သူတွေကို ကိုက်ခိုင်းချင်လိုက်တာ :mrgreen: မမလီလီ ကြိုဆိုပါတယ်ရှင်

  • အရီးခင်လတ်

    January 28, 2013 at 8:17 pm

    အများလိုဘဲ ကြိုဆိုပါတယ် လီလီ ရေ။
    ဗဟုသုတ နဲ့ ရသ စာလေးတွေ ကို အားဖြည့်ပေးမဲ့သူတိုးလာသမို့ ဝမ်းမြောက်လှပါတယ်။
    :hee:

    • lele

      January 28, 2013 at 8:39 pm

      ွှကျမက အရီးလတ်ရဲ ့ ပရိတ်သတ်ပါ. အခုလိုကြိုဆိုတဲ့အတွက် အရမ်းဝမ်းသာပါတယ်. ကျမကစာရေးတာတတ် ဖတ်တာပိုအားသန်တယ်. အခုကြိုးစားပြီး Zawgyi one Keyboard Layout နဲ ့ စာရိုက်နေရတာ..ဟီး 🙂

  • kai

    January 29, 2013 at 12:32 am

    အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အကောင်တွေလားလို့.. ရှာလိုက်ရတာ..
    ရုပ်ဆင်ပေမယ့်.. Lemming ဖြစ်နေတယ်..။

    Lemmings are small rodents, usually found in or near the Arctic, in tundra biomes.They are subniveal animals, and together with voles and muskrats, they make up the subfamily Arvicolinae (also known as Microtinae), which forms part of the largest mammal radiation by far, the superfamily Muroidea, which also includes rats, mice, hamsters, and gerbils.
    =

    Lemming Suicide Myth, Alaska Department of Fish and Game
    http://www.adfg.alaska.gov › … › Alaska Fish and Wildlife News
    When they’ve exhausted the local food supply, they disperse, as do moose, beaver and many other animals. Lemmings can swim and will cross bodies of water ..

    • lele

      January 30, 2013 at 6:40 pm

      ကျေးဇူးပါ သူကြီး အဲဒီအကောင်တော ့သိဘူး.. သူတို ့က Stress တွေသိပ်များလို ့ လားဟင်!. ဟီး. စိတ်ဝင်စားစရာတော့ကောင်းတယ်.

  • ဂန္ဓာရီ ဆြာအုပ်

    January 29, 2013 at 1:58 am

    ဟယ်ချစ်ချာလေးတော့..
    ကင်ပြီး ထန်းရည်နဲ့ မြည်းလို်က်စမ်းချင်တယ်..

  • pooch

    January 29, 2013 at 12:32 pm

    မင်္ဂလာပါ လီလီရေ ကြိုဆိုပါတယ် နော် ( နောက်ကျနေတာ ခွင့်လွှတ်ပါ )
    ဗီဗာလေးတွေက အကောင်သေးသလောက် အစွမ်းမသေးဘူးပဲ

    • lele

      January 30, 2013 at 6:41 pm

      ကျေဇူးအထူးပါ Pooch ရေ.. 🙂

Leave a Reply