Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၁) မေတ္တာဇာတ်လမ်း တစ်ပုဒ်

                                                          မေတ္တာဇာတ်လမ်း တစ်ပုဒ်

အစာ…ဟုတ်တယ်…လူသူတွေနဲ့ ရှုပ်ထွေးဆူညံနေတဲ့ ဟောဒီ ဘူတာရုံထဲမှာ လွန်ခဲ့တဲ့ နှစ်နာရီကတည်းက

မတ်တတ်ရပ်ရင်း မြင်မိ၊တွေးမိ၊ ကြားမိ၊ အနံ့ခံနေမိတာ အစားအသောက်အကြောင်းပါပဲ။ တကယ်လို့ ခင်ဗျားတို့

အစာ မစားတာ နည်းနည်းကြာသွားပြီ ဆိုရင် ဆာလွန်းလို့ အူလိမ်ပြီး တော်တော် ခံရခက်မယ်။ နောက် ခဏ ကြာ

ရင် အဲဒီဝေဒနာ ပျောက်သွားနိုင်တယ်။ ဒါပေမဲ့ အစာမစားရတာ တော်တော်ကြာသွားပြီ ဆိုရင်တော့..ဥပမာ

ကျွန်တော့်လိုဗျာ..မနေ့ နေ့လည်လောက်ကတည်းက အစာပြေလေး တစ်ခုပဲ စားခဲ့ရတာမျိုး။ အဲဒါဆို ဦးနှောက်က

သွပ်ချောင်ချောင် ဖြစ်လာတတ်တာရောဗျ။ ကိုယ့်ပတ်လည် လိုက်ကြည့်ရင် စား သောက် နေတာတွေပဲ မြင်နေမိ

တယ်။ အရိုးကို အနံ့ခံတဲ့ ခွေးလိုအစားအသောက်အနံ့ပဲ လိုက် အာရုံခံနေမိတာ..။ လတ်လတ်ဆတ်ဆတ် လုပ်

ထားတဲ့ ဂျလေဘီ တို့ ပူရီတို့ ကတ်ချိုရီတို့ က ပျံ့လာတဲ့ အနံ့တွေက ကျွန်တော့်ကို ရူးသွပ်မတတ်ဖြစ်စေတော့

တာပဲ။ (ကတ်ချိုရီ ဆိုတာကတော့ ဂျုံလုံးထဲမှာ မတ်ပဲ နဲ့ ငရုတ်ကောင်း၊ ချင်း စတာတွေ ရောထည့်

ပြီး ကြော်တာမျိုးပါပဲ..ထုံးစံအတိုင်း တစ်နယ်တစ်မျိုး မူကွဲတွေတော့ ရှိသပေါ့ဗျာ..) နောက်ဆုံးဗျာ..ကျွန်တော်

လုံးဝ မကြိုက်တဲ့ ကြက်ဥပြုတ်တောင် သွားရည်ကျ မိတော့တာ။ အိပ်ထဲ နှိုက်ကြည့်လိုက်တော့ တစ်ရူးပီး တန်

အကြွေစေ့ကလေး တစ်စေ့ပဲထွက်လာတယ်။ မနေ့ညက ကျွန်တော့်ရှိသမျှ ရူးပီးငါးသောင်းစလုံး ဓားပြလက်

ထဲ ပါသွားပါပကော။ ကံကောင်းတယ်ဆိုတဲ့ ဒီအကြွေစေ့လေးလည်း ကံကုန်ရှာပြီထင်ပါရဲ့။ လျှာနဲ့ နှုတ်ခမ်း

ကို သပ်ပြီး အဆာပြေအောင် ဘာလုပ်ရပါ့ ဆိုပြီးတွေးနေမိတော့တယ်။

ကျွန်တော့် ကက်စီယို နာရီ အတုလေးကို ပူရီတစ်ပွဲနဲ့ လဲ စားဖို့ လုပ်နေတုန်း သံလမ်းဘေးက

စားသောက်ဆိုင်တန်းနားမှာ ရှိတဲ့ကြော်ညာဆိုင်းဘုဒ်ကြီး ဆီ မျက်လုံးကရောက်သွားတယ်။ ဆိုင်းဘုတ်က

ခပ်ရှင်းရှင်းပဲ။ “အမ် – တစ်ကီလိုမီတာသာဝေးသည်” တဲ့။ ဟား..ဖရီး ကြိတ်ဖို့ အကြံ ချက်ချင်းရမိတယ်။ နာရီလေး

ပြန်ပတ်ပြီး ဘူတာထဲက ထွက်လာတာပေါ့။

ဟိုလျှောက် သည်လျှောက်နဲ့ အနီရောင် အမ် ဆိုတဲ့ ဆိုင်းဘုဒ်ပါတဲ့ ဆိုင်ကို ရှာတာ လမ်းတွေ ဘာတွေ

တစ်ခါ နှစ်ခါလောက်မှားပြီးဟိုဟိုဒီဒီ နှစ်ကြိမ် သုံးကြိမ်လောက် မေးမြန်းမိတဲ့ အခါမှာ အဲဒီအပျံစား ပြင်ဆင်

ထားတဲ့ဆိုင်ကို ဈေးလည်မှာ တွေ့လိုက်ရတာ။ စမတ်ကျကျဆင်ထားတဲ့ မက်ဒေါ်နယ်ဆိုင် ဝိတ်တာ က

ကျွန်တော့်ကို သံသယမကင်းတဲ့ မျက်လုံးနဲ့ ကြည့်နေပေမယ်လို့ မောင်းတော့မထုတ်ပါဘူး။လီဗိုက်စ် ဂျင်း

ဝတ်ထားတဲ့သူကို ဘယ်မောင်းထုတ်မှာလဲဗျ..။ ဘယ်လောက်ပဲ ဖရိုဖရဲ ဖြစ်နေပါစေလေ။ ခပ်တည်တည်

ဝင်သွားပြီး သစ်သားအမှိုက်ပုံး ရှိတဲ့အနား အသာလေး ကပ်လိုက်တယ်။ တောင်ကြည့် မြောက်ကြည့်

ကြည့်ပြီး လူလစ်တော့မှ အမှိုက်ပုံးထဲ လက်လျှိုပြီး အိတ်အညိုတွေ နိုင်သလောက်ဆွဲထုတ်လိုက်တယ်။

ပြီးတော့ သန့်စင်ခန်းထဲဝင်ပြီး မျက်နှာလေး ဘာလေးသစ်လို့ သန့်ရှင်းရေးလုပ်။

အိတ်ကလေးတွေဆွဲပြီး ဆိုင်ပြင်ကို အေးဆေးထွက် ၊သစ်သားခုံတန်းကလေးတစ်ခုမှာ ထိုင်ပြီး

အထုတ်ကလေးတွေ ဖွင့်ကြည့်မိတယ်။ တစ်ဝက်တစ်ပျက်စားထားတဲ့ အသီးအရွက် ဘာဂါတစ်လုံး၊

ကြက်သားကြော်အပိုင်းအစလေးတွေ၊ အာလူးကြော် နှစ်ထုပ်..အပြည့်နီးပါးပဲဗျ..၊ ဆဲဗင်းအပ် ဗူးတစ်ဝက်

စာလောက်။ အမှိုက်ကောက်တဲ့ အလုပ်တော့ အောင်မြင်ပြီ။ ဒီလို အစားအသောက်အကြွင်းအကျန်လေး

တွေ ရှာဖွေစားသောက်ရတာ လမ်းပေါ်က ကလေးတွေအတွက် ဘဝရှင်သန်ရေးမှာ အဓိကကျတဲ့ အစိတ်

အပိုင်းတစ်ရပ်လို့ပဲ ဆိုနိုင်တယ်။

ဆိုင်ကြီး ကနားကြီးတွေနောက်ဖေးလမ်းမှာ အသာစောင့်လို့ စားကြွင်းစားကျန်လေးတွေ ရှာဖွေစားကြ

တာကို ကျွန်တော် မကြာခဏမြင်ဖူးတယ်။ တစ်ချို့ဆို ပီဇာဟတ် က ပီဇာမှ ဆိုတာမျိုး။ အမြဲလိုလို ပီဇာ

အစိတ်သန့်သန့်လေးတွေ ရတတ်ကြတယ်။

အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းကတော့ မင်္ဂလာဆောင်တွေမှာ ဝင်တီးတာပါပဲ။ ဆလင်းက အဲဒီနေရာ

မှာ ဆရာ ဗျ။ ဘာမှမလိုဘူး။ အဝတ်အစား ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ်လေး ဝတ်သွား။ အစား

အသောက်တွေ ခင်းထားတဲ့နေရာမှာ မှင်သေသေနဲ့ သွားတန်းစီ။ ပြီးရင် စားချင်တာစား၊ သောက်ချင်တာသောက်။

သာသာယာယာပဲ။ သတို့သားဘက်ကလည်း သူ့ကို သတို့သမီးဘက်ကလို့ထင်။သတို့သမီးဘက်ကလည်း

သတို့သားဘက်ကလို့ထင်။ကံလိုက်ရင် အကောင်းစား ဇွန်း ခက်ရင်းတွေတောင် သုတ်လာလို့ရမှာ။ ဆလင်းဆို

သူလစ်လာတာ ဒင်နာ တစ်ဆက်စာလောက် ရှိတာ။ အဲ..ခုတော့ သူ အဲဒါတွေ စွန့်လွှတ်လိုက်ပါပြီ။ နရီမန်ပွိုင့်

မှာလုပ်တဲ့ မင်္ဂလာဆောင်ဟာ နောက်ဆုံးတစ်ခေါက်ပေါ့။ ငတိလေးက ခပ်တည်တည်နဲ့ မင်္ဂလာဆောင်ရောက်

လာတဲ့အချိန်၊ ဟိုမှာ နှစ်ဘက်မိသားစုက ရန်ပွဲဆင်နေတာနဲ့ ကွက်တိ။ မင်္ဂလာပွဲကနေ ရန်ပွဲ ဖြစ်သွားတာ

မသိလိုက်တဲ့ မောင်ဆလင်းလေး ခမျာ..နှစ်ဘက်လုံးကဝိုင်းသမတာ ခံလိုက်ရရှာတယ်လေ။

 

**********************

 

ဗိုက်ဝသွားတော့ မြို့ထဲ လျှောက်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ လမ်းသွယ်၊ လမ်းငယ်တွေ

ထဲမှာလည်း လူသူတွေ တော်တော်ရှုပ်သားဗျ။ ဆိုက်ကားတွေ၊ လန်ချားတွေ၊ ခြေလျင် လျှောက်သူတွေ၊

နွားတွေ၊ ဆိတ်တွေ နဲ့ ပြည့်လို့ပဲ။ လမ်းဘေးက ဆိုင်ခန်းလေးတွေ၊ လူနေအခန်းလေးတွေက ရှေးဆန်ပေမဲ့

လက်ရာအနုစိတ်ကျတာကတော့ လေးစားစရာဗျ။ လမ်းဘေး ဆိုင်ကလေးတွေက မုန့်ပဲ သွားရည်စာ နံ့လေးတွေ

သင်းပျံ့လာတတ်သလို နှာခေါင်းရှုံ့ချင်စရာ အနံဆိုးတွေထွက်နေတဲ့ ရေမြောင်းတွေ ၊သားရည်နယ်ဆိုင်တွေ

လည်း ရှိပါရဲ့။ ဆိုင်းဘုဒ်တွေဆိုတာလည်း နေရာမလပ်ပဲ။အိုမင်းရွတ်တွနေတဲ့ အဘိုးအို တစ်ယောက်က

စုတ်ပြတ်နေတဲ့ ဆိုင်ကလေးထဲမှာ စကျင်ကျောက်ကို ဘာတွေ အနုစိတ်ပုံဖော်နေသလဲ မသိပါဘူး။ ခပ်ငယ်ငယ်

အရောင်းစာရေးလေး တစ်ယောက်ကလည်း ဆဲလ်ဖုန်းတွေ အဲကွန်းတွေ ရောင်းဖို့ ပါးစပ်က တရစပ်အော်လို့

ဈေးခေါ်နေရှာတယ်။

ကျွန်တော်တွေ့သလောက်တော့ ဒေလီ နဲ့ အက်ဂရာ ဘာမှ သိပ်မထူးသလိုပဲ။ ချမ်းသာတဲ့သူများကျတော့

အိမ်ကြီးအိမ်ကောင်းတွေမှာ အစောင့်တွေဘာတွေနဲ့တောင် နေ။ ဆင်းရဲသားတွေကတော့ ကျူးကျော်ရပ်ကွက်

အစုတ်အပြတ်တွေမှာ အိမ်လည်းမမြည် တဲမပီတဲ့ဟာတွေနဲ့နေပေါ့။ ကိုယ်လုံးတီးနဲ့ ဗိုက်ပူနံကား ကလေးတွေက

ရွှံ့တွေ ဗွက်တွေထဲမှာ တိရစာ္ဆန်တွေနဲ့ လုံးထွေးဆော့။ သူတို့ အမေတွေကတော့ ရေဆိုးမြောင်းမှာ အိုးခွက်ပန်းကန်

တွေ ဆေးကြောနေ။ ဘာမှထူးဘူး..ဒေလီ နဲ့ အက်ဂရာ မှာ။ ဒီပုံစံချည်းပဲ။

ဖုန်ထူထူ လမ်းအတိုင်းလျှောက်လာရင်း မြစ်တစ်စင်းကို တွေ့လိုက်ရသဗျ။ (နောက်မှ သိတာ အဲဒါ ယမုန်နာမြစ်)

မြစ်ရေကတော့ စိမ်းဝါဝါအရောင်ပဲ။ မိုးဦးတောင် မကျသေးဘူးဆိုတော့ ရေသိပ်မရှိဘူး။ အမှိုက်သရိုက်တွေ၊ သစ်တို

သစ်စ တွေ ရေစီးထဲမှာ ဝဲလည်မျောနေတာပဲ။ တောင်ကြည့်မြောက်ကြည့်နဲ့ မြစ်ကမ်းပါးတစ်လျှောက် လမ်းလျှောက်

လာရင်း လူသေကောင်တွေ ဘာတွေများ မျောလာတာ ဖျတ်ခနဲ မြင်မိမလား ကြည့်မိသေးတယ်။ ဒါပေမဲ့ ဒီမှာတော့

မတွေ့မိသေးဘူး။ အဲဒီအချိန်မှာ တစ်ဖက်ကမ်းက အရာတစ်ခုကြောင့် ကျွန်တော် မင်သက်သွားမိလို့ပဲ။

အဖြူရောင်ဖျော့ဖျော့တောက်နေတဲ့ အဲဒီအဆောက်အအုံက လေးထောင့်ပုံစံထုထည်ပေါ်မှာ ခပ်လုံးလုံး

သဏ္ဍာန်ရှိပြီးတော့ အမိုးခုံးခုံးနဲ့တစ်ဖက်ပွင့် အပေါက်တွေလည်း ပါသေးတယ်။ ဝင်းထောင့် လေးထောင့်မှာလည်း

ဗလီမျှော်စင်လေးခုက လှံသွားတွေထောင်ထားသလိုမျိုး။ စိမ်းပြာပြာမိုးကောင်းကင်နောက်ခံမှာ ဆင်စွယ်နှစ်ရောင်

ပေါက်နေတဲ့ အဲဒီအဆောက်အအုံက နေရောင်နဲ့ တဖိတ်ဖိတ်တောက်နေတာ ကျွန်တော်ဖြင့် ငေးလို့မဝဘူးဗျာ..။

တကယ်လှတာ..။

ကျွန်တော်ငေးနေတုန်း လူလတ်ပိုင်း ယောက်ျားတစ်ယောက် ထမင်းဘူးလေးတွေ သယ်လာတာတွေ့တာနဲ့

အဲဒီအဆောက်အအုံအကြောင်းမေးကြည့်ရတယ်။

“ဒီမယ် ခင်ဗျာ…ဟိုဘက်ကမ်းက အဆောက်အအုံက ဘာအဆောက်အအုံလဲ ခင်ဗျ…”

အဲဒီလူက ကျွန်တော့်ကို ငကြောင်လားဟ ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်ပြီး –

“သောက်ကျိုးနည်း.. ဒါတောင်မသိဘူးလား.. အက်ဂရာကို ဘာလာလုပ်တာတုန်း..အဲဒါ တပ်ဂျ်မဟာ

အဆောက်အအုံကွ..ငတုံးလေး..”

တပ်ဂျ်မဟာ…ရှစ်ခုမြောက် ကမာ္ဘ့အံဖွယ်တစ်ပါး။ ဟား…ကြားတော့ ကြားဖူးသား။ ကျွန်တော်ဖြင့် ဓာတ်ပုံကို မမြင်ဘူးခဲ့တာ

တကယ်ဗျာ..။ကျွန်တော်တစ်ခါ ထပ်ငေးမိပြန်တာပဲ။ ကောင်းကင်မှာ မျောလွင့်နေတဲ့ တိမ်သားတွေရဲ့ အရိပ်က သူ့ရဲ့ လုံး

ဝန်းတဲ့ အမိုးခုံးခုံးပေါ် ဖြတ်သွားတဲ့ အချိန်မှာ နို့နှစ်ရောင်ကနေ မြေဝါရောင်ပြောင်းသွား..တိမ်ရိပ်လွတ်တော့ မူလ

စကျင်ကျောက်သား ဖွေးဖွေးက ပြန်တောက်လာ။ ဒီ အထိမ်းအမှတ်အဆောက်အအုံကြီးကြောင့်မှင်သက်နေမိတဲ့ အချိန်မှာ

ကျွန်တော်ဆုံးရှုံးသွားတဲ့ ရူးပီးငါးသောင်း..၊ဘယ်မှာ အိပ်လို့ ဘယ်လိုစားရမယ် ဆိုတဲ့ သောကတွေရယ်..ရဲလာ

ဖမ်းတာခံရမလား ဆိုပြီး ကြောက်ရွံ့နေတာတွေက ကျွန်တော့် အာရုံထဲမှာ မှိန်ဖျော့သွားတယ်။ သူ့ရဲ့ ပြိုင်စံရှား ခမ်းနားတဲ့

လှပသန့်စင်မှု တစ်ခုပဲ ကျွန်တော့် စိတ်ကို ဖမ်းစားလွှမ်းမိုးထားတော့တာဗျာ..။ အဲဒီတော့ ဒီအဆောက်အအုံကြီးထဲ ပိတ်တဲ့

အထိ အခုသွားကို ကြည့်ရမယ် လို့ ဆုံးဖြတ်လိုက်တယ်။

နာရီဝက်လောက် ခပ်သွက်သွက်လေး လျှောက်လိုက်တော့ ဧရာမ အနီရောင် သဲကျောက်တုံးကြီးတွေနဲ့ လုပ်ထား

တဲ့ ဂိတ်ပေါက်ကို ရောက်ပါရော။ အဖြူရောင် ကြော်ညာဘုတ်မှာ “တပ်ဂျ်မဟာ ဝင်ကြေး – အိန္ဒိယနိုင်ငံသား ရူးပီး ၂၀၊

နိုင်ငံခြားသား ဒေါ်လာ ၂၀၊ တနင်္လာနေ့ ပိတ်သည်၊ သောကြာနေ့ အခမဲ့” တဲ့..။ ကျွန်တော့် ကတ်စီယိုနာရီ အတုလေး

ကြည့်မိတော့ ဂျွန်လ ဆယ့်နှစ်ရက်၊ သောကြာနေ့ဆိုပဲ။ ကိုင်း..ကံကောင်းပဟ။

သတ္တုထောက်လှမ်းတဲ့ တံခါးကို ဖြတ်ပြီး အနီရောင်သဲကျောက်နဲ့ ဆောက်ထားတဲ့ မုခ်ပေါက်ကြီးကို ကျော်လိုက်

တဲ့အခါ တပ်ဂျ်မဟာ အဆောက်အအုံကြီးက နေ့လည် နေရောင်အောက်မှာ ထည်ဝါခံညားပြီး တောက်ပနေပုံများ

ကျွန်တော့်မျက်လုံးတွေတောင် ကျိန်းစပ်သွားတာပဲ။တပ်ဂျ်မဟာဆီ ဦးတည်သွားတဲ့ ရေကန်ရှည်ဘေးက ဥယျာဉ်

လမ်းအတိုင်း ကျွန်တော်လျှောက်လာတော့ လှုပ်ခပ်နေတဲ့ ရေထဲမှာ တပ်ဂျ်မဟာက ကခုန်နေသယောင်ယောင်။

ဟား..လူတွေမှ အုံခဲလို့ပါလားဗျာ..။ ကမာ္ဘလှည့်ခရီးသွားတွေလည်း နည်းမှ မနည်းဘဲ။ လူတွေက အလွှာစုံ၊ အရွယ်စုံ။

ကင်မရာမီးတွေက တဖျပ်ဖျပ်..လူတွေစကားသံတွေကလည်း ကျွက်ကျွက်ကို ညံလို့။ တုတ်တိုလေးတွေနဲ့ မျက်နှာမာမာ

ရဲတွေကလည်း ဘာတွေ အော်ဟစ်နေမှန်းကို မသိဘူး။

နာရီဝက်လောက် ဦးတည်ရာမဲ့ လျှောက်ကြည့်ပြီးတော့ ပင်မ အမိုးခုံးကြီးအောက်မှာ ပိုက်ဆံရှိပုံရမယ့်

အနောက်တိုင်း ကမာ္ဘလှည့် ခရီးသွား အုပ်စုကို သတိပြုမိလိုက်တယ်။ သူတို့လက်ထဲမှာ ဗီဒီယို ကင်မရာတွေ၊

မှန်ပြောင်းတွေနဲ့ဗျ။ ဧည့်လမ်းညွှန်ခေါင်းဆောင်ပြောတာကို စိတ်ဝင်တစားနားထောင်နေကြတယ်။ ကျွန်တော်လည်း

မယောင်မလည်နဲ့ သူတို့နားသွားရပ်ပြီး နားထောင်တာပေါ့။ ဧည့်လမ်းညွှန်က နားကလောစရာ အသံနဲ့ ရှင်းပြနေ

တာ။သူပြောတာ နားထောင်လိုက်..သူလက်ညှိုးထိုးရာ လိုက်ကြည့်လိုက်ပေါ့ဗျာ။

“ကျွန်တော်တို့ ဖြတ်လာတဲ့ အမိုးခုံး မုခ်ပေါက်ကြီး အကြောင်းတော့ ရှင်းပြခဲ့ပြီးပြီ..ခု တပ်ဂျ်မဟာ အကြောင်း

ရာဇဝင်နည်းနည်းခင်း ပြမယ်..ဒီလိုဗျ..၁၆၀ရ ခုနှစ်ရဲ့ နေ့တစ်နေ့မှာပေါ့ဗျာ..မဂိုအင်ပါယာရဲ့ တော်ဝင်မင်းသား

ခူရမ် ဟာ ဒေလီက မီးနာ ဈေးထဲမှာ ပိုးထည် တွေ၊ ဖန်ပုတီးတွေရောင်းတဲ့ ကောင်မလေးတစ်ယောက်ကို

အမှတ်မထင်တွေ့မိပါရော.. အဲဒီခဏမှာပဲ..မင်းသားဟာ ကောင်မလေး အလှမှာ မျောပြီး ချစ်မိသွားရောတဲ့…

နောက် ငါးနှစ်လောက်ကြာတဲ့ အခါမှာ သူတို့ ထိမ်းမြားလိုက်ကြတယ်..။ကောင်မလေးရဲ့နာ မည်က အာဂျုမန်

ဘာနုဘီဂမ် တဲ့ဗျ..နောက်တော့ မင်းသားက သူ့ကို မွမ်းတက်ဇ် မဟယ် ဆိုပြီး အမည်မှည့်ခေါ်စေတယ်..သူတို့

ထိမ်းမြားတော့ ကောင်မလေးက ဆယ့်ကိုးနှစ်၊ မင်းသားက နှစ်ဆယ်ရှိပြီ။ ကောင်မလေးက အင်ပါယာပြည့်ရှင်

ဂျဟန်ဂါ ရဲ့ဧကရီ မိဖုရားကြီး နူးဂျဟန် ရဲ့တူမတော်တယ်..မိဖုရားကြီး နူးဂျဟန်ကလည်း အက္ကဘာ ဘုရင်ကြီးရဲ့

ဧကရီ ဘီဂလစ် ဘီဂမ် ရဲ့ တူမ တော်သေးတာ..မွမ်းတက်ဇ် နဲ့ မင်းသားခူရမ် တို့ ထိမ်းမြားတာ ၁၆၁၂ ခုနှစ်ပေါ့.

.နောက်ဆယ့်ရှစ်နှစ်လောက်ကြာတော့ သူတို့

ကနေ ကလေး ဆယ့်လေးယောက်ဖွားမြင်တယ်..သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး အမြဲမခွဲ တတွဲတွဲပေါ့ဗျာ…မင်းသား

သွားတဲ့နေရာမှန်သမျှ မွမ်းတက်ဇ် ကလိုက်တာပဲ…မင်းသားအတွက်တော့ မွမ်းတက်ဇ်က ရဲဘော်ရဲဘက်ဆိုလည်း ဟုတ်၊

တိုင်ပင်ဖော် တိုင်ပင်ဖက် ဆိုလည်းဟုတ်တဲ့အပြင် မရှိဆင်းရဲသားများအပေါ်မှာလည်း စေတနာ သဒ္ဓါတရားထားပြီး ပေး

ကမ်းစွန့်ကြဲဖို့လည်း အားပေးတိုက်တွန်းခဲ့သေးတာ..အဲ..အဲဒီလိုနဲ့ ၁၆၃ဝ ဂျွန်လ ခုနစ်ရက်နေ့ရောက်တော့ ဘာဟန်ပူရ

မြို့မှာ ကလေးမီးဖွားရင်း မွမ်းတက်ဇ် ကွယ်လွန်ခဲ့ရှာတယ်..အဲဒီအချိန်က မင်းသား ခူရမ်ဟာ မဂိုထီးနန်းကို အင်ပါယာ

ပြည့်ရှင် ရှားဂျဟန် ဘွဲ့ခံလို့ စိုးစံတော်မူတာ သုံးနှစ်မြောက်ပေါ့..မွမ်းတက်ဇ်ဟာ သေခါနီးဆဲဆဲမှာ ဧကရာဇ် ရှားဂျဟန်ကို

ကတိစကား လေးခု တောင်းသတဲ့..အဲဒါတွေက တစ် – သူသေဆုံးတဲ့အခါ သူ့အလှနဲ့ လိုက်ဖက်မည့် အထိမ်းအမှတ်

အဆောက်အအုံ တစ်ခုဆောက်ပေးရမယ်..၊နှစ် – သူသေဆုံးတဲ့အခါ ဧကရာဇ်အနေနဲ့ မည်သူနှင့်မျှ လက်မဆက်ရ၊ သုံး-

သားသမီးများကို ကြင်နာရမယ်..၊လေး- သူသေဆုံးတဲ့ နှစ်ပတ်လည်နေ့ရောက်တိုင်း သူ့သင်္ချိုင်းရာကို လာကြည့်ရမယ်တဲ့။

မွမ်းတက်ဇ် ကွယ်လွန်တော့ ဧကရာဇ် ရှားဂျဟန်ဟာ အလွန်ကိုဝမ်းနည်းကြေကွဲပြီး အဲဒီညလွန်တော့ သူ့ဆံပင်တွေဟာ

တစ်ခေါင်းလုံး မီးခိုးရောင်ပြောင်းသွားသတဲ့..။ အဲဒီလိုနဲ့ ဧကရာဇ်ကြီးဟာ သူ့မိဖုရားကြီး အတွက် ကမာ္ဘပေါ်မှာ အလှဆုံး

အထိမ်းအမှတ်အဆောက်အအုံကို ဆောက်ပြီး သူ့အချစ်ကို သက်သေတည်ဖို့ လုပ်သတဲ့…။တပ်ဂျ်ကို စဆောက်တာတော့

၁၆၃၁ ခုနှစ်ပေါ့။ ပြီးဖို့ကတော့ နှစ်ဆယ်နဲ့ နှစ်နှစ်တောင် ကြာတာ..။ ပါရှားပြည်က ပန်းပု၊ ပန်းရံ စတဲ့ အနုပညာရှင်အတတ်

ပညာရှင်ပေါင်း နှစ်သောင်းလောက် နဲ့ တည်ဆောက်ခဲ့တာ..ဥရောပကတောင်ပါသေးသတဲ့…ဆောက်ပြီးတဲ့အခါကျတော့

အခု ခင်ဗျားတို့ မြင်ရတဲ့ အတိုင်းပါပဲ…..ကဗျာဆရာကြီး ရာဘင်ဒြာ နတ်သ် တဂိုး ကတောင် ဒီတပ်ဂျ်မဟာကို အခုလိုတင်

စားခဲ့သေးတာ…ပါးပြင်ထက်က မျက်ရည်စက် တဲ့ ဗျာ..။

 

ဘောင်ဘီရှည် အလန်းနဲ့ ကောင်မလေး တစ်ယောက်က လှမ်းမေးတယ်။

“ဟိုလေ..တဂိုးဆိုတာ ဘယ်သူလဲရှင့်”

“နိုဘယ်ဆုတောင် ရတဲ့ အိန္ဒိယ စာဆိုတော်ကြီး ပေါ့ ခင်ဗျာ..အဲ…အနောက်တိုင်းကဆို သူနဲ့ ယှဉ်ပြောဖို့ရာက ..အင်း

ဝီလျှံ ဝဒ်စ်ဝက်သ် လိုမျိုး အင်မတန်ကျော်ကြားတာကလား ခင်ဗျ..”

 

“ဝီလျှံ ..ဘယ်သူ”

 

“ထားလိုက်ပါ..အဲဒါ..ခု တပ်ဂျ်မဟာ ရဲ့ ဗိသုကာ ဆိုင်ရာ ဆက်စပ်တည်ဆောက်ပုံလေး နည်းနည်း ပြောပြဦးမယ်…

တပ်ဂျ်မဟာ မှာ အဓိက အစိတ်အပိုင်း ၅ခု ပါတယ်ခင်ဗျ.. ပင်မမုခ်ပေါက်ကြီး ဖြစ်တဲ့ ဒါဝဇာရယ်၊ ဘဂီးချာ လို့ခေါ်တဲ့

ဥယျာဉ်ရယ်..မက်စ်ဂျစ် လို့ခေါ်တဲ့ ဗလီရယ်..နက်ကာ ခါဏ လို့ခေါ်တဲ့ ဧည့်ခန်းဆောင်ကြီးရယ်..ပြီးတော့ ရာအူဇာ

လို့ခေါ်တဲ့ ပင်မ ဂူဗိမာန်တော်ရယ်…ငါးခု ရှိတယ်။ တကယ့် သချင်္ု ိင်းဂူကတော့ တပ်ဂျ်ထဲမှာ..တော်ကြာ ခင်ဗျားတို့

တွေ့ရပါလိမ့်မယ်..အဲဒီဂူမှာ ..အဲ..မွမ်းတက်ဇ် မဟယ်ရဲ့ဂူမှာ အလ္လာအရှင်မြတ်ရဲ့ နာမတော် ကိုးဆယ့်ကိုးခုကိုရှိတာ

ပြရဦးမယ်..ပြီးတော့ ခေါင်းတလား ရယ်ပေါ့..ဧကရာဇ် ရှားဂျဟန် ရဲ့တလား နဲ့တော့ ကွဲပြားတယ်…မဂို ရိုးရာအစဉ်

အလာအရ တကယ့် ခေါင်းတလားတွေကို မြေအောက်ခန်းမှာ မြှုပ်ထားတာပေါ့..ဧကရာဇ် နဲ့ မွမ်းတက်ဇ် ခေါင်းတ

လား နှစ်ခုကို ဘေးချင်း ယှဉ်ရက် ပဲထားတာ..တလားတင်ထားတဲ့ အောက်ခြေခုံကတော့ ဧကရာဇ်ဟာက ပိုမြင့်တယ်။

ဂူဗိမာန်အတွင်းက ၅ရ မီတာ စကွဲယား ရှိသဗျ..ဗဟို အမိုးခုံးကြီးကတော့ ၂၄ မီတာ မြင့်ပြီး အချင်း ၁၇.ရ မီတာရှိတယ်။

အဲဒါကို ထပ်ဆင့် အုပ်ထားတဲ့ အပြင်ခွံက ၆၁ မီတာမြင့်တယ်..မျှော်စင်လေးခုက မီတာ ၄ဝစီမြင့်တယ်..ဘယ်လောက်

တောင် အနုစိတ် ခြယ်မှုန်း ဆင်ယင်ခဲ့သလဲဆိုတာ ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်ဗျာ..အလှဆင်ပစ္စည်းမှန်သမျှ..ကြည့်လိုက်

၃ စင်တီမီတာတိုင်းမှာ ရတနာပစ္စည်း ၅ဝ လောက် မြှုပ်နှံစီချယ်ထားတာ..ဝင်ပေါက်ကြီးတွေမှာလည်း ကိုရမ် ကျမ်းက

ကျမ်းစာအပိုဒ်တွေ ရေးထားတာတွေ့ရလိမ့်မယ်..”

 

“ခိုင်မြဲတဲ့ အချစ်ကို  ကိုယ်စားပြုတဲ့ ဟောဒီ ဗိမာန်တော်ကြီးက အလှအပကို မြတ်နိုးတန်ဖိုးထားသူတွေအတွက် သူ့ရဲ့ သိမ်

မွေ့နက်နဲမှုကို ထုတ်ဖော်ပြသနေတာ သတိပြုမိကြလိမ့်မယ်ဗျ..ဒီမယ် ..တပ်ဂျ်က အောက်ခြေလေးထောင့်ပုံစံနော်..မိန်းမလှ

တစ်ယောက်ကို အဖက်ဖက်က မြင်ရသလိုမျိုး လှည့်ပတ်ကြည့်ရင် တွေ့ရပါလိမ့်မဗျာ…ဟော..ပင်မ မုခ်ပေါက်ကြီးဟာ ဆိုရင်

မိန်းမသားတစ်ဦးရဲ့ မျက်နှာပေါ်က ဇာပုဝါလေးလိုပေါ့..မင်္ဂလာဦးညမှာ ညင်ညင်သာသာလေး လှစ်ဟကြည့်ရမှာမျိုးလေ..။

အဲ..လသာသာ ညမျိုးကျတော့ တပ်ဂျ် က ရတနာတစ်ပါးလို လရောင်အောက်မှာ တဖျပ်ဖျပ်တောက်နေမှာ..ဘာလို့လဲဆိုတော့

စကျင်ကျောက်ဖြူတွေကြားထဲမှာ ကျောက်မျက်တွေ စီခြယ်မြှုပ်နှံထားလို့ပဲ..မနက်ခင်းစောစောမှာ ဆိုရင်တော့ ပန်းနုရောင်

ပြေပြေလေး..နေ့လည်လောက်ကျတော့ နို့နှစ်ရောင် ခင်ဗျ..နောက်..ညနေခင်းလည်းရောက်ရော..ရွှေရောင်သန်းလာလိမ့်မယ်။

အဲဒီလို ပြောင်းလဲနေတာကိုက မိန်းမသားတစ်ဦးရဲ့ စိတ်နေခံစားချက်ကို ဖော်ကျူးနေသလိုမျိုး ဖြစ်နေတာကလား..။ကဲ..ကျွန်

တော်တို့ ဗိမာန်တော်အတွင်းထဲ ဝင်ကြမယ်..အပြင်မှာ ဖိနပ်တွေ ချွတ်ထားခဲ့ကြနော်..ဒီမှာထား..”

 

ကမာ္ဘလှည့်ခရီးသွားအဖွဲ့က ဖိနပ်တွေ ချွတ်ပြီး ဗိမာန်တော်ထဲ ဝင်သွားကြတယ်။ ကျွန်တော်ကတော့ အပြင်မှာ ကျန်ရစ်ခဲ့ပြီး

လမ်းညွှန်ပြောသွားတဲ့အတိုင်း တပ်ဂျ်က အရောင်ပြောင်းလဲတာက ကျွန်တော်မြင်ခဲ့ဖူးတဲ့ နီးလိမာ ကုမ္မာရီရဲ့ ခံစားချက်တွေ

နဲ့များ တူလေမလားလို့ စဉ်းစားရင်း ငေးမောနေမိတာ။

တစ်စုံတစ်ယောက်က နောက်ကနေ့ ကျွန်တော့် ပုခုံးကို ခပ်သာသာပုတ်လိုက်လို့ လှည့်ကြည့်မိတယ်။မျက်မှန်တပ်

ထားတဲ့ နိုင်ငံခြားသားတစ်ယောက်ဗျ..။ သူ့ဇနီး ဖြစ်နိုင်သူနဲ့ ကလေးနှစ်ယောက်လည်း ပါသေးတယ်။ အဲဒီလူ တစ်ကိုယ်လုံး

လဲ ကိရိယာ တန်ဆာပလာတွေ ပြည့်လို့ဗျ..။

ကင်မရာတို့ ၊မှန်ပြောင်းတို့၊ သီချင်းဖွင့်စက်တို့ အစရှိသည်ဖြင့်ပေါဗျာ။ သူက အင်္ဂလိပ်စကားပြောတတ်သလားလို့ ကျွန်တော့်

ကိုမေးတယ်။

ရက်စ် လို့ ကျွန်တော်ပြန်ဖြေတော့ –

“ဒါဆိုရင်..တို့ကို ဒီ တပ်ဂျ်မဟာ အကြောင်းနည်းနည်းလောက်ပြောပြနိုင်မလား…ငါတို့မိသားစုက ဂျပန်ကလာတာ..

ဒီနေ့ပဲရောက်တာဆိုတော့ ဒီမြို့က အစိမ်းသက်သက်ပဲလေ…”

ကျွန်တော်လည်း ဒီမြို့ကို ခုမှရောက်လို့ အစိမ်းသက်သက်ပါပဲဗျာလို့ ပြန်ပြောချင်ပေမယ့် သူ့မျက်နှာက သိချင်စိတ်ပြင်းပြနေပုံ

ရတော့ စောစောကဧည့်လမ်းညွှန်ရဲ့လေသံကို ကျွန်တော် အတုခိုးပြီး မှတ်မိသမျှ ခပ်တည်တည်နဲ့ ရွှီးဖို့ စဉ်းစားလိုက်တယ်။

 

“အဟမ်း..အဟင်း..ဒီလိုဗျ..ဒီ တပ်ဂျ်မဟာ ဗိမာန်ကြီးဟာ..ဧကရာဇ် ခူရမ်က သူ့ဇနီး နူးဂျဟန်..အင်း..မွမ်းတက်ဇ် ဘီဂမ်လို့လည်း

ခေါ်တယ်..အဲ..သူ့အတွက်ဆောက်ခဲ့တာဗျ..၁၅၃၁ ခုနှစ်မှာ သူ ပန်းခြံထဲမှာ လက်ကောက်ကလေးတွေ ချရောင်းနေတုန်း ဧကရာဇ်

ခူရမ်က တွေ့သွားပြီး ကြိုက်သွားတာ..ဒါပေမဲ့ နောက် ဆယ့်ကိုးနှစ်ကြာမှ သူတို့လက်ထပ်ကြသတဲ့…သူက ဧကရာဇ်နဲ့အတူ စစ်ပွဲ

တွေတောင် လိုက်တိုက်သေးတာဗျ..ပြီးတော့..ဆယ့်လေးနှစ်အတွင်း ကလေး ဆယ့်ရှစ်ယောက်တောင် မွေးပေးခဲ့တာ…”

 

ဂျပန်တွေက ဖြတ်မေးတယ်။

“ဟယ်..ဆယ့်လေးနှစ်အတွင်းမှာ ကလေး ဆယ့်ရှစ်ယောက်တောင်..ဟုတ်ပါ့မလား..”

 

ကျွန်တော်လည်း ခပ်မာမာပဲ။

 

“ဟုတ်ပါ့..အမွှာတွေ ဘာတွေပါတာကိုးဗျ..အဲ..နောက်တော့ ဆယ့်ကိုးယောက်မြောက်ကလေးကို မွေးပြီး  စူလတန်ပူရမှာ

မွမ်းတက်ဇ် သေပါလေရော..ဂျွန်လ ဆယ့်ခြောက်ရက်နေ့ပေါ့..အမယ်..သူမသေခင်မှာ ဧကရာဇ်ကို အခွင့်အရေး လေးခု

တောင်းဆိုခဲ့တယ်..တစ် – တပ်ဂျ်မဟာကို ဆောက်ပါတဲ့..နှစ် – ကလေးတွေကို မရိုက်ပါနဲ့တဲ့..သုံး -ဧကရာဇ် ဆံပင်ကို မီး

ခိုးရောင်ဆိုးပါတဲ့..လေး – အင်း..အဲ..မှတ်မိတော့ဘူး..အဲဒါအရေးမကြီးပါဘူး..ခု..မြင်တဲ့အတိုင်း တပ်ဂျ်မှာ မုခ်ပေါက်ရယ်..

ဥယျာဉ်ရယ်..ဧည့်ဂေဟာရယ်..ဂူသင်္ချု ိင်းရာ ရယ်..ရှိတယ်..”

 

ဂျပန်တွေ ခေါင်းညိတ်ပြီး –

 

“အင်း..အင်း…ကျန်တာတွေတော့ တွေ့ရပါပြီ..ဧည့်ဂေဟာ ဆိုတာ ဘယ်နားတုန်း..”

 

ကျွန်တော်လည်း မျက်မှောင်ကြုတ်ပြီး လေသံပြတ်ပြတ်နဲ့ –

“ကျွန်တော် မပြောခဲ့ဘူးလားဗျ..တကယ့် ဂူသင်္ချု ိင်း အစစ်က မြေအောက်ခန်းထဲမှာလို့..အဲဒီတော့ မြေပေါ်ကနေရာ အကုန်လုံးက

ဧည့်ရိပ်သာ ဖြစ်တော့ မပေါ့..ခင်ဗျားတို့ ဂူဗိမာန်ထဲ ဝင်သွားရင် ဧကရာဇ်နဲ့ မွမ်းတက်ဇ်တို့ ခေါင်းတလားတွေ တွေ့ရပါလိမ့်မယ်..အဲ

..ကျောက်မျက်ရတနာ ကိုးဆယ့်ကိုးမျိုး အဲဒီ တလားပေါ်မှာ စီခြယ်ထားတာကြည့်ဖို့ မမေ့နဲ့နော်..ပြီးတော့ သုံးစင်တီမီတာတိုင်းမှာ

ထာဝရဘုရားရဲ့ နာမတော် အမျိုးငါးဆယ် ထွင်းထားတာလည်း တွေ့ရဦးမှာ..နံရံတွေပေါ်မှာ ရေးထားတဲ့ ကျမ်းစာအပိုဒ်တွေက အ

အရေးအသားသာကွဲမယ် အဓိပ္ပါယ် အတူတူပဲ..အံ့ဩစရာမကောင်းဘူးလား..ပြီးတော့မှတ်ထားဦး..ပင်မ အမိုးခုံးကြီးက မီတာ ၁၆၀

မြင့်ပြီး မျှော်စင်လေးခုကတော့ ၁ရ မီတာစီမြင့်တာ..နောက်တစ်ခုက တပ်ဂျ်မဟာကို ခင်ဗျား ဘက်စုံထောင်စုံက ကြည့်ရင်..မိန်းမ

တစ်ယောက်ရဲ့ မင်္ဂလာဦးညမှာ ခြုံထားတဲ့ ဇာပုဝါအမျိုးမျိုးကို မြင်ရသလို ခံစားရလိမ့်မယ်..သွားကြည့်ကြည့်ပါလား..အဲ..ကျွန်တော်

မမေ့ခင် တစ်ခုပြောရဦးမယ်…ကျွန်တော်တို့ ရဲ့ နိုင်ငံကျော် ကဗျာဆရာကြီး တဂိုး တောင် ဒီ တပ်ဂျ်မဟာအကြောင်း ဖွဲ့ဆိုထားတဲ့

ကဗျာနဲ့ နိုဘယ် ဆုဆိုလား ရခဲ့တာတဲ့ဗျ..ကဗျာက..အင်း..“ဝီလျှံ ဝဒ်စ်ဝက်သ် ရဲ့ ပါးပြင်ပေါ်က လက်ဝါးရာ” ဆိုလားပဲ..”

 

“ဟား..တကယ်..တော်တော် စိတ်ဝင်စားစရာ ကောင်းတာပါလား..လမ်းညွှန်စာအုပ်မှာတောင် အဲဒါ မပါဘူး..”

 

ဂျပန်ကြီး သူ့အမျိုးသမီးဖက်လှည့်ပြီး ဂျပန်လို တတွတ်တွတ်နဲ့ ဘာတွေပြောမှန်းတော့မသိဘူး။ ပြီးတော့ ကျွန်တော့်ဖက်

ပြန်လှည့်ပြီးဘာသာပြန်ပြတယ်။

“ငါက ငါ့မိန်းမကို တို့ ဈေးကြီးပေးရတဲ့ တရားဝင်ဧည့်လမ်းညွှန်မခေါ်မိတာ ဟန်သွားတယ်ဟေ့လို့..ခု မင်းက

တို့ကို အကုန်သေချာ ပြောပြတယ်လေ..တို့ ကျေးဇူးတင်တယ်ကွာ..နော်..အာရိဂတ်တိုး..”

သူက ကျွန်တော့်ကို ဦးညွှတ်ပြီး လက်ထဲကို တစ်ခုခု ထည့်ပေးလိုက်တယ်။ ကျွန်တော်လည်း ပြန်ဦးညွှတ်ပြီး သူတို့ထွက်

သွားတော့ လက်ထဲကဟာဖြန့်ကြည့်မိတယ်။ သေချာခေါက်ထားတဲ့ ရူးပီးငါးဆယ်တန် အသစ်ကျပ်ချွတ်ကလေးဗျို့..။

ငါးမိနစ် အတွင်း ရူးပီး ငါးဆယ်တောင်နော်..။

 

ကျွန်တော် ခု သိလိုက်တာ နှစ်ခု ရှိတယ်။ ဒီတပ်ဂျ်မဟာကြီး ရှိတဲ့ ဟောဒီမြို့မှာ ကျွန်တော်နေချင်တယ်..ပြီးတော့ ဧည့်

လမ်းညွှန်တစ်ယောက်လည်းဖြစ်ချင်တယ်..အဲဒါ။

17 comments

  • Mobile

    January 30, 2013 at 7:00 pm

    မောင်ဘလှိုင်ရေကူးယူထားလိုက်ပါတယ်ခင်ဗျ။
    အရင်ကရေးထားတဲ့ အဆက်များကိုလည်း ရှာဖွေအားပေးနေပါကြောင်းးးးးးးးးးးးးးးးး

    • မောင်ဘလိူင်

      January 31, 2013 at 11:21 am

      ကျေးဇူးပါ ကိုမိုဘိုင်း ရေ..ကျွန်တော်ရေးသမျှ မှတ်ထားချင်ရင်

      “http://myanmargazette.net/author/mgbahlaing” ဆိုတဲ့လင့်ကနေသွားကြည့်ပါဗျာ..။

      • Mobile

        February 2, 2013 at 8:02 pm

        ဟုက်ကဲ့ခင်ဗျ အခုလိုလမ်းညွှန်ပေးတဲ့အတွက် ပြန်လည်လို့ ကျေးဇူးတင်ပါတယ်ခင်ဗျ
        ကျနော်က မောင်ဘလှိုင် ဆိုတာကို ကလစ်ပြီး မောင်ဘလှိုင်ရဲ့ ပို့တွေထဲကနေ
        လိုက်ကူးနေတာပါခင်ဗျ။

  • မောင်ပေ

    January 30, 2013 at 9:24 pm

    ဟားးး
    မင်္ဂလာဆောင်မှာ ဖရီးလိုက်ကြိတ်တာရယ် ၊ ပါးပြင်ပေါ်က လက်ဝါးရာ ဆိုတာရယ်ကို ဖတ်ရတော့
    တော်တော်ရယ်မိတယ်ဗျို ့

  • padonmar

    January 30, 2013 at 10:55 pm

    မောင်ဘလှိုင်စာနဲ့အတူ တပ်ဂျမဟာကို အလည်ရောက်မိသွားပါတယ်။
    ………
    နီလိမာအကြောင်းဖြေမိလို့ ဆုကြေးငွေတွေရပြီး ကြားမဖတ်မိလို့ ဇာတ်လမ်းပြတ်သွားတာ မျက်စိလည်သွားပါတယ်။

    • မောင်ဘလိူင်

      January 31, 2013 at 11:42 am

      အန်တီ ပဒုမ္မာရေ..သူ့ဇာတ်လမ်းကိုက အဲဒီလိုပါ ခင်ဗျာ…
      Time line က သူ့ဘဝအတိုင်း အစီအစဉ်တကျ မဟုတ်ဘဲနဲ့
      မေးခွန်းတွေအတိုင်း စီထားလို့ပါ။ ဒီအခန်းဆိုရင် ဇာတ်လိုက်ကလေး
      အမြန်ရထားပေါ်မှာ ဓားပြကို သေနတ်နဲ့ ပစ်မိလို့ ထွက်ပြေးရင်း
      အက်ဂရာ မြို့ကို ရောက်သွားတာပါ..။ အဲဒါ အမြန်ရထားပေါ်က
      လူသတ်မှု ဆိုပြီး အပိုင်း ၄၈ မှာ ကျွန်တော် ရေးခဲ့ပါတယ်။
      “http://myanmargazette.net/70008/entertainment”

      • MaMa

        February 1, 2013 at 8:37 am

        သန်းကြွယ်သူဌေး မောင်ဘလှိုင်ရေ ပြောပြမှပဲ။
        ကြားထဲမှာ အဆက်ပြတ်ကျန်ခဲ့တယ် ထင်လို့ အရင်အပိုင်းတွေ ပြန်ရှာဖတ်တော့မလို့။
        သဂျီးရဲ့ အားဖြည့်ချက်ကလည်း မိုက်တယ်။ :hee:

  • pooch

    January 31, 2013 at 2:02 am

    အဲ့ဒီနေရာမှာ ဂိုက်လုပ်ရင်း လစ်ရင် လစ်သလို ဧည့်သည်တွေရဲ့ ဖိနပ်က်ု အလစ်သုတ်သေးတာမလား အဲ့ဒီဇာတ်ဝင်ခန်းလေးမှတ်မိတယ်
    တပ်ဂျမဟာကို ခုမှအသေးစိတ်သိရတယ်

    • မောင်ဘလိူင်

      January 31, 2013 at 11:44 am

      ရုပ်ရှင်ထဲမှာတော့ သုတ် တယ်..ဝတ္ထုထဲတော့ မသုတ်ပါဘူး အန်တီ ပုချ် ခင်ဗျ။

  • kai

    January 31, 2013 at 4:45 am

    ညက်နေတာပဲ..ဆွဲခေါ်သွားတာ..
    ဆိုတော့..
    အရှိန်တက်သွားအောင်.. တပ်ဂျ်မဟာပုံလေး..တင်ပေးလိုက်ကြောင်း..။

    Taj Mahal
    The Taj Mahal is a white marble mausoleum located in Agra, Uttar Pradesh, India. It was built by Mughal emperor Shah Jahan in memory of his third wife, Mumtaz Mahal. Wikipedia
    Height: 561′ (171 m)
    Opened: 1648
    Address: Taj Mahal, Agra, Uttar Pradesh 282001, India
    Architectural style: Mughal architecture
    Phone: 00562 222 6431
    Architect: Ustad Ahmad Lahouri

    ဧကရာဇ်နဲ့..သူ့မိဘုရားပုံလည်း..ရှာတင်ပေးလိုက်ကြောင်း..။

    • မောင်ဘလိူင်

      January 31, 2013 at 11:52 am

      သဂျီးရေး ..ကျွန်တော်လည်း အင်တာနက်ထဲ နည်းနည်းတော့မွှေရသေးတယ်ခင်ဗျ..
      အဲဒါမှ ကိုယ်တိုင် မြင်ပြီး ဘာသာပြန်နိုင်တာပါ။

      • Mobile

        February 2, 2013 at 8:07 pm

        တပ်ဂျ်မဟာ အကြောင်းကို ပရီဆင်ဘရိတ်ခ် ဇာပ်လမ်းထဲမှာတော့
        အရိပ်အမြွတ်ကြားဖူးတယ်ဗျ ပုံကိုအခုလိုကျကျ နနတော့ အခုမှပဲမြင်ဖူးတယ်ဗျာ။

  • ဝင့်ပြုံးမြင့်

    January 31, 2013 at 10:39 pm

    ဆရာဘလှိုင်ရေ – ဆံပင်တွေ grey ဖြစ်သွားတယ်ဆိုရင် အဲဒါ ဖြူသွားတာလို့ပြောတာနော။ မီးခိုးရောင် မဟုတ်ဘူးထင်တာပါပဲ။

    • မောင်ဘလိူင်

      February 1, 2013 at 10:38 am

      ဪ..ဟုတ်ကဲ့..ဆရာမ…ဖြူသွားတာပါ…ကျေးဇူးပါ ဆရာမရေ..
      ကျွန်တော်လည်း တစ်ခါတလေ စိတ်ထဲ ထင်တာရေးမိတယ်..။
      ဘာသာပြန်ရင်းနဲ့ တစ်ညတည်းနဲ့တော့ ချက်ချင်းကြီး မဖြူလောက်
      ပါဘူး..ဘာညာနဲ့ လျှောက်တွေးမိပြီး မူရင်း အာဘော်တွေပျောက်
      ကုန်တော့တာပဲ။

  • kai

    January 31, 2013 at 11:44 pm

    အိုဘားမား.. အိမ်ဖြူရောက်တော့.. အိုပြီး.. ဆံပင်တွေဖြူကုန်သတဲ့..။ဟုတ်ပါတယ်..Grey ဆိုတာ.. ဆံပင်ဖြူတာကို.. လှလှလေးပြောတာပါ..။

    First Lady Says Obama’s Gray Hair ‘Proof’ He Deserves Second …
    abcnews.go.com › ABC News Blogs › Politics › Political Punch
    Aug 4, 2011 – Obama Bars Human Rights Violators From Entering US. Next ….. does all the grey hair my kids have given me mean i “deserve” three more of …

  • ကိုသင်း

    February 2, 2013 at 5:53 am

    ကိုဘလှိူင်ကျေးဇူးကြောင့် တပ်ဂျ်မဟာ ရောက်ဖူးပြိ ကျေးဇူးတင်တယ်ဗျာ

Leave a Reply