Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ ဘယ်အရွယ်ဝန်းကျင်မို့ ´´

ခင္ခFebruary 5, 20131min79322

“ ဘယ်အရွယ်ဝန်းကျင်မို့ ´´

 

တစ်ခါတုန်းက ချစ်သူနှစ်ဦး ရှိခဲ့တယ်တဲ့။

အဲဒီ ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး နေ့တိုင်း အင်ယားမှာ ညနေဆိုတွေ့ဆုံ ဖြစ်ကြတယ်တဲ့။

ချစ်သူရည်စားသက်တမ်း ၈ လ အကြာမှာတော့ အဲဒီချစ်သူ နှစ်ဦး နှစ်ဖက်မိဘစုံညီရှေ့မှာ လက်ထပ်လိုက်ကြ တယ်တဲ့။

အိမ်ထောင်သက် ၈ လ အကြာမှာတော့ အဲဒီဇနီးမောင်နှံအတွက် သားသမီးရတနာကိုယ်ဝန်ရခဲ့တယ်တဲ့။

သားလေးအသက် ၈ နှစ် ပြည့်တဲ့နှစ်မှာဘဲ အမျိုးသားဟာ မမျှော်လင့်သော ကံကြမ္မာတစ်ခုကြောင့် ထောင်ကျ ခြဲ့ပီး ဇနီးသည်အမျိုးသမီးကလည်း နောက်ကိုယ်ဝန်ရခါစဖြင့် ငိုကာကျန်ခဲ့ ရရှာတယ်တဲ့။

အမျိုးသားဟာ ၈ နှစ်ပြည့်ခါနီးထိ ထောင်ထဲမှာနေရပြီး  လွတ်လာခဲ့လို့ မိသားစု ၄ ယောက်ပြန်ဆုံတွေ့ကြတဲ့ အခါ အရမ်းကို ဝမ်းသာကြပြီး တစ်ယောက်ကို တစ်ယောက်ဖက်ကာ ဝမ်းသာလွန်းလို့ မျက်ရည်တောင် လည် ကြတယ်တဲ့။

ဖခင်ဟာ သူထောင်ထဲမှာရှိတုန်းမွေးဖွားခဲ့တဲ့ သမီးလေးကို “ဒီအရွယ်တောင် ရောက်နေပြီလား သမီးရယ်´´ ဆိုပြီး သမီးလေးရှေ့ ဒူးထောက်ကာ သမီးကိုကိုင်ပြီး တွေတွေလေးကြည့်ကာ မျက်ရည်ဝဲခဲ့တယ်တဲ့။

စာဖတ်ပရိတ်သတ်ကြီးခင်ဗျ အဲဒီသမီးလေးက ဘယ်အရွယ်ဝန်းကျင်မို့ “ဒီအရွယ်တောင် ရောက်နေပြီလား သမီးရယ်´´ လို့ ဖခင်ဖြစ်သူက ပြောရတာလဲလို့ သိကြရင်ဖြေပေးပါလားဗျာ။

( အပျင်းပြေ ရေးမိရေးရာ ရေးလိုက်တာပါ )

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

22 comments

  • မောင်ပေ

    February 5, 2013 at 12:31 pm

    “ သားလေးအသက် ၈ နှစ် ပြည့်တဲ့နှစ်မှာဘဲ အမျိုးသားဟာ မမျှော်လင့်သော ကံကြမ္မာတစ်ခုကြောင့် ထောင်ကျ ခြဲ့ပီး ဇနီးသည်အမျိုးသမီးကလည်း နောက်ကိုယ်ဝန်ရခါစဖြင့် ငိုကာကျန်ခဲ့ ရရှာတယ်တဲ့။ ”
    “ဖခင်ဟာ သူထောင်ထဲမှာရှိတုန်းမွေးဖွားခဲ့တဲ့ သမီးလေးကို “ဒီအရွယ်တောင် ရောက်နေပြီလား သမီးရယ်´´ ဆိုပြီး သမီးလေးရှေ့ ဒူးထောက်ကာ သမီးကိုကိုင်ပြီး တွေတွေလေးကြည့်ကာ မျက်ရည်ဝဲခဲ့တယ်တဲ့။”
    လေးခရေ
    အုန်းစားတာလားဗျ

    • မောင်ပေ

      February 5, 2013 at 12:34 pm

      ဆောတီးဗျို ့
      ကျန်သွားတယ်
      မိန်းမဖြစ်သူက ဗိုက်နဲ ့ကျန်ခဲ့တယ်ဆိုတာ
      အဲဒီတော့
      သမီးလေး အသက်က ရနှစ်စွန်းစွန်းပဲ ဖြစ်ရမယ်
      ဟုတ်သလားဗျ
      မှန်ရင် ဒက်ဗယ်ဗလက်နော

  • ခင်ခ

    February 5, 2013 at 12:40 pm

    ဦးဆုံးမန့်လာသူ ဆရာပေရေ ကျေးဇူးပါ။
    အဖြေမှန် မမှန် ဆိုတာကိုတော့ နောက်နေ့ ဒီလိုချိန်မှာ ပြောနိုင်မယ်ဗျာ။
    အနီးစပ်ဆုံးမှန်အောင် တွက်ချက်ပြကာ ဖြေနိုင်သူကို ခင်ခ က အမှတ်တရလက်ဆောင်ကို အလျဉ်းသင့်တဲ့ အခါပို့ပေးမယ်ဗျာ။
    ဆရာပေမှန်ရင်တော့ ဒက်ဗယ်ဗလက်နော ဆိုတဲ့အတိုင်းပေါ့။
    အဲ အဖြေမှန်သူများရင်တော့ မဲစနစ်နဲ့ တစ်ယောက်ရွေးမယ်ပေါ့။

  • ဟာဂျာ …
    ဒါလေးများ ဗမာဆေးစား ပျောက်ဘာဒယ် .. ဟဲဟဲ …

    ဟိုလူဂ ထောင်ထဲမှာ ရှစ်နှစ် ပြည့်ခါနီး အထိ နေခဲ့ဒယ် …
    ထောင်ဝင်စက မိန်းမက ကိုယ်ဝန် ရခါစ …
    ကိုးလလွယ် ဆယ်လဖွား .. ဆိုဒေါ့ …

    ဟိုလူက ထောင်ထဲမှာ … ၈ နှစ်ပဲထား ….။
    သူ့သမီးက ထောင်ဝင်ပီး ဆယ်လ အကြာမှာ မွေးဒယ်ထား …။
    သူ ပြန်လွတ်လာဒေါ့ .. သူ့သမီးဂ ရ နှစ် ၂ လ ဖြစ်မလား …။
    သိဒေါ့ဝူးးးဂျာ …

  • ခင်ခ

    February 5, 2013 at 1:30 pm

    ကိုအံစာတုံးက တွက်တတ်တယ်နော့။
    ပုံမှန်အားဖြင့် မိန်းခလေးဆို ဘယ်နှစ်လကိုယ်ဝန်ဆောင် ဘယ်လမွေး၊ ယောက်ျားလေးဆို ဘယ်နှစ်လကိုယ်ဝန်ဆောင် ဘယ်လမွေး အဲလိုလေးရှိတယ်ဗျ။ ဒါကြောင့်မို့ အဖြေက …………..။

  • ဗုံဗုံ

    February 5, 2013 at 4:53 pm

    ကလေးလေးရဲ့ အသက်က ရ နှစ်နဲ့ လေးလ ဖြစ်မယ်လို့ ငြင်းခုန်ရန်ဖြစ်ရင်း အဖြေထွက် လာပါတယ်ရှင်
    မိန်းကလေးတွေ တော်တော်များများက ရှစ်လနဲ့ မွေးတတ်ကြလို့ပါတဲ့
    အဲ့ဒီတော့ လက်ဆောင်လေးသာ ဘယ်ကိုလာယူရမယ်ဆိုတာလေး (ဒီနှစ်နွေတော့ ကြိုက်သလောက်ပူစမ်းပါ မကြောက်တော့ဘူး :mrgreen: )

  • ခင်ခ

    February 5, 2013 at 5:42 pm

    မိဗုံရယ် ခင်ခက လွယ်လွယ်မေးပါ့မလား။
    ကျန်းမာရေးဆိုင်ရာ အသိပညာလေးထဲ့မေးထားတာပေါ့။
    အဖြေမှန်က ဒီလိုကွယ့် …….။

    • ဗုံဗုံ

      February 6, 2013 at 10:15 am

      ကိုယ့်ဟာကိုဘဲ ထန်းရွက် ယပ်တောင်လေးနဲ့ နေပါတော့မယ် သိတတ်တော့ဘူး :byae:

  • Mobile

    February 5, 2013 at 7:18 pm

    ကျား ဆိုရင် ကိုးလလွယ်ဆယ်လဖွား။
    မ ဆိုရင် ခုနှစ်လလောက်နဲ့လည်းဖွားတယ်လို့ ကြားဖူးနားဝရှိတယ်။
    သားလေးရှစ်နှစ်မှာ ထောင်ကျတယ် နောက်ကိုယ်ဝန်က ရခါစဆိုတော့
    တွက်တတ်တော့ဘူးဗျာ။
    မိန်းမတစ်ယောက်ယူမယ် သားလေးတစ်ယောက်ရအောင်လုပ်မယ်။
    သားလေးရှစ်နှစ်ပြည့်ရင် မိန်းမကို သမီးလေးတစ်ယောက် ကိုယ်ဝန်ထပ်ရအောင်လုပ်ထားမယ်
    ထောင်ထဲတော့မဝင်ဘူး အခြားတစ်နေရာကို ရှစ်နှစ်နီးပါးသွားနေလိုက်မယ်။
    ပြန်လာတဲ့အခါ သမီးလေးကိုကြည့်ပြီး အထက်ပါလူလို ဒီအရွယ်ရောက်ပြီလားသမီးလေးရယ်ဆိုပြီး
    အတိအကျသိနိုင်မယ်။။။။။။။။။။။။
    ဒီဇာပ်ကို ကိုခင်ခက စလိုက်တာဆိုတော့ ကျနော်အတွက် စမ်းသပ်ဖို့ မိန်းကလေးတစ်ယောက်ကို
    ကိုခင်ခကပဲ တာဝန်ယူပြီးရှာပေးရမယ်။(စမ်းသပ်ပြီးပါက အတိအကျ ပြန်ဖြေပေးပါမည်၊)

  • ခင်ခ

    February 5, 2013 at 7:34 pm

    ကိုမိုဘိုင်းရေ ဒါဆိုကျွန်တော်က ကိုမိုဘိုင်းအဖြေကို နောက်ရှစ်နှစ်ထိ စောင့်ရမှပေါ့နော်။
    အတော်လည်းလုပ်ပါဆရာရယ်။

  • အလင်းဆက်

    February 5, 2013 at 8:40 pm

    နည်းနည်း..မူးတွားလို ့…အမြည်းသွားရှာလိုက်အုံးမယ်
    🙂

  • Mr. MarGa

    February 5, 2013 at 9:04 pm

    ဒီလိုလေးရော ဖြစ်နိုင်ဘူးလား
    သားတော်မောင်က ၁၆ နှစ်အရွယ်ဆိုတော့
    မိန်းမရပြီး ချွေးမလေးကို လာပြတာ ဆိုရင်ကော :mrgreen:
    ဦးမာဃ အထင်
    သမီးက ၆နှစ်ခွဲ ဝန်းကျင်ပေါ့ဗျာ

  • P chogyi

    February 6, 2013 at 9:53 am

    မရှင်းတာက ကိုယ်ဝန်ဘယ်အရွယ်(ဘယ်နှစ်လ)မှာ ထောင်ကျတယ်ဆိုတာပါ
    မွေးကာနီးကိုယ်ဝန်ဆိုရင်ကော
    ဒါမှမဟုတ် ဒီနေ့ထောင်ထဲရောက် နောက်တနေ့မွေးရင်ကော့။
    နောက်တစ်မျိုး ရှင်သီဝလိလို ခုနစ်နှစ်ကျော် ကိုယ်ဝန်ဖြစ်နေရင်ကော။
    ရှုပ်ပါတယ်သူဖြေတာပဲ ကြည့်တော့မယ်။

    • ခင်ခ

      February 6, 2013 at 10:21 am

      ( သားလေးအသက် ၈ နှစ် ပြည့်တဲ့နှစ်မှာဘဲ အမျိုးသားဟာ မမျှော်လင့်သော ကံကြမ္မာတစ်ခုကြောင့် ထောင်ကျ ခြဲ့ပီး ဇနီးသည်အမျိုးသမီးကလည်း နောက်ကိုယ်ဝန်ရခါစဖြင့် ငိုကာကျန်ခဲ့ ရရှာတယ်တဲ့။ )
      နောက်ကိုယ်ဝန်ရခါစ…. ဟု ညွှန်းကာ ထဲ့ရေးထားပါတယ် P chogyi ရယ်။ ကိုယ်ဝန်ဘယ်နှစ်လမှာ
      ထောင်ကျတယ်ရေးပေးမှတော့ မေးမနေတော့ဘူးဗျ။ ကျန်းမာရေး ဗဟုသုတလေးနဲ့ ကိုယ်ဝန်ဘယ်နှစ် လလောက်မှာ ထောင်ကျတာဖွက်မေးပါတယ်ဆိုမှဗျာ။

  • ခင်ခ

    February 6, 2013 at 10:50 am

    သမီးလေးရဲ့ အသက်က ရ နှစ် နဲ့ ၅ လ ဝန်းကျင်ပါ။

    • myanmarcitizen

      February 6, 2013 at 2:12 pm

      ဒီကလဲ အဲ့လိုဖြေမလို့ ရိုက်နေတာ 🙂

  • ခင်ခ

    February 6, 2013 at 11:12 am

    ဒီလိုပါခင်ဗျ။
    အမျိုးသမီး တစ်ယောက်တွင် ကိုယ်ဝန်စတင်ရှိပြီလို့ ဘယ်အချိန်မှာ သိနိုင်ပါသလဲကို လေ့လာကြည့်ပါ။
    အိမ်ထောင်သည်မိန်းခလေး၊ လိင်ဆက်ခဲ့သည့်မိန်းခလေး တွေဟာ ထိုလ လစဉ်ပုံမှန် အမျိုးသမီး သဘာဝ ဓမ္မတာ လာခြင်း ရပ်သည့်အခါ စဉ်းစားစရာဖြစ်လာပါတယ်၊ ဒါပေမယ့် လစဉ်ပုံမှန် ဓမ္မတာ မလာဘဲရပ်ခြင်းသည် အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ထိုလ ကတော့ ဇဝေဇဝါ ဖြစ်မှာပါ။ ဓမ္မတာနောက်ကျတာလား ထိန်တာလား အဲလိုပေါ့။ ဒါပေမယ့် နောက်တစ်လဆက်ပြီး လစဉ်ဓမ္မတာ မလာခြင်းဖြစ်မယ် အဲဒီကာလ ဝန်းကျင်မှာလည်း ပျို့အန်တာတို့ အစာ မဝင်တာ အနံ မခံနိုင်တာ အဲလို လက္ခဏာတွေလည်း ဖြစ်တော့မှ ဆေးခန်းပြတဲ့အခါ ကိုယ်ဝန်စတင်ရှိကြောင်း ယေဘူယျအားဖြင့်သိကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ဟာ ၂ လ ဝန်းကျင်ရှိ နေတတ်တာများပါတယ်။ ကိုယ်ဝန်ဟာ သားယောက်ျားလေးဘဲဖြစ်ဖြစ် သမီးမိန်းခလေးဘဲ ဖြစ်ဖြစ် ၉ လလွယ် ရတာများပါတယ်။ အဲဒီမှာ မွေးဖွားရက် တွက်ချက် ( Due Date )
    ပုံက သန္ဓေမတည်မှီ အမျိုးသမီး နောက်ဆုံးပုံမှန်ဓမ္မတာ လာသည့်နေ့ကို ၉ လ နှင့် ရ ရက် ပေါင်းပြီး ဘယ်နေ့ဝန်းကျင်မွေးမယ်ဆိုပြီး ခန့်မှန်းသတ်မှတ်တာပါ။ အဲဒီခန့်မှန်း သတ်မှတ်တဲ့ ရက်၏ ရှေ့စောလျှင် ၂ ပတ် နောက်ကျလျှင် ၂ ပတ်အတွင်း မွေးကြတာများတာပါဘဲဗျာ။
    အဲဒီတော့ ပိုစ့်ပါ အမျိုးသားထောင်ကျချိန်မှာ ဇနီးသည်အမျိုးသမီးက နောက်ကိုယ်ဝန်ရခါစလို့ ညွှန်းလို့ ကိုယ်ဝန် ၂ လ လို့ အကြမ်းဖျဉ်းမှတ်လို့ရပါတယ်။ ပုံမှန်အားဖြင့် ၉ လလွယ် ၁ဝ လဖွားမို့ ထောင်ကျချိန်ပြီး နောက် ရ လကြာမှာ သမီးလေးကိုမွေးပြီး ထောင်က ၈ နှစ်နီးပါးမှာ ထွက်လာတာမို့ သမီးလေးအသက်ဟာ ရ နှစ် နဲ့ ၅ လ ပါဟု အကြမ်းဖျဉ်းအနီးဆုံး ဆိုချင်တာပါဗျ။
    ( ဒီပိုစ့်က မိန်းခလေးတွေ ကိုယ်ဝန် Due Date လေးတွက်ပုံ ဗဟုသုတအဖြစ် မျှဝေချင်လို့ပါ။)

  • ခင်ခ

    February 6, 2013 at 11:51 am

    ကို အံစာတုံး နဲ့ မိဗုံ နှစ်ယောက်ကိုတော့ အလျဉ်းသင့်တဲ့အချိန် ကျွန်တော် အမှတ်တရ လက်ဆောင်ပေးချင်ပါတယ်။ နှစ်ကာလ အပြင် လတွေပါ ခန့်မှန်း မန့်ပေးကြလို့ပါ။
    မိဗုံကတော့ မန်းမှာမို့ ဆက်သွယ်ပြီးပေးလိုက်လို့ လွယ်ပါတယ်။ ကျွန်တော်ကလည်း မန်းမှာနေသူမို့လေ။
    ကိုအံစာတုံးက ဘယ်မြို့ကလည်း ဒါမှမဟုတ် ပြည်ပ မှာလား? လိပ်စာလေးသိချင်မိပါ၏။
    ကျွန်တော် ဂျီမေး သို့ ဖုန်း သို့ Messaging နဲ့ ပို့ပေးရင်ရပါတယ်။
    khinkha39@gmail နဲ့ 0991039176 ပါ။

    • ဟီဟိ ..
      လက်ချောင် ပေးမယ် ဆိုဘာလား ..
      ကျုပ်များ ပြည်ပကလားဒဲ့ … :mrgreen:
      မသိရင် ဖေပေါက်ဂျီး မေးကျိဘော့လို့ …
      လက်နှစ်လုံး လောက်တော့ ချိမယ် ..

  • P chogyi

    February 6, 2013 at 12:03 pm

    အံစာတုံးဆိုမှတော့ အံစာခွက်ထဲမှာပဲနေမှာပေါ့။

Leave a Reply