ရော်ရမ်းကာ မှန်းမျှော်ပေမယ့်………
ရော်ရမ်းကာ မှန်းမျှော်ပေမယ့်………
တိမ်တွေက လွင့်ပါး
အချိန်တွေက ပစ်သွား
နေခဲ့ရတာ အချစ်လား။
တစ်ခါတုန်းဆီက အချစ်များ
အလှဆုံးထင်ကြ သူများ
အခုများတော့ အိုဇာသွား။
သွေးတစ်စက်ထွက် မကြည့်ရက်
ဟိုတုန်းဆီက သူ့ပြောချက်
အခုမှာတော့ အသက်ထွက်
သူကတော့ အပြုံးမပျက်။
ရှိုက်ငိုမိတာ အခါခါ
အရင်တုန်းဆီက ချော့ခဲ့တာ
ပြောင်းလဲသွားတဲ့ သူ့စိတ်ဟာ
ဂရုစိုက်ဖို့ ဝေးလှစွာ။
ဒါတွေသိလည်း ငေးခဲ့နော်
သူလှမ်းလာ လမ်းကိုမျှော်
ရော်ရမ်းက မှန်းဆပျော်
ဒါပေမယ့်…..
ဝန်းကျင်ကြည့်တော့ တစ်ယောက်ထဲပါနော်။
ဪ…….
“အချစ်ဆိုတာ ပျော်ရွှင်စရာ များနဲ့အတူတူ
ပူဆွေးမှု့များလည်း သူခေါ်ခဲ့တယ်´´ တဲ့
ကြားခဲ့ဖူးတဲ့ သီချင်းသာ ငြီးလိုက်ချင်ပါရဲ့တော်။
ဖတ်ရှု့ခံစားပေးသူများကျေးဇူးပါ။
ခင်ခ။
18 comments
Myo Thant
February 5, 2013 at 3:41 pm
ဪ…….
“အချစ်ဆိုတာ ပျော်ရွှင်စရာ များနဲ့အတူတူ
ပူဆွေးမှု့များလည်း သူခေါ်ခဲ့တယ်´´ တဲ့
ကြားခဲ့ဖူးတဲ့ သီချင်းသာ ငြီးလိုက်ချင်ပါရဲ့တော်။
မိုက်လိုက်တဲ့ စာသား
မှန်လိုက်တဲ့ အတွေးအခေါ်
ချီးကျူးလိုက်ပါသနော်
ခင်ခ
February 5, 2013 at 3:48 pm
ကနဦး ခံစားကွန့်ပေးလို့ ကျေးဇူးပါ ကိုမျိုးသန့်ရေ။
တစ်ခါတလေ စိတ်ဒါဏ်ရာ ဒါဏ်ချက်တွေကလည်း
ပူဆွေးသောက ကိုဖြစ်စေတာကိုးဗျ။
Myo Thant
February 5, 2013 at 4:00 pm
လှည်းတန်းမှာနေခဲ့သူ နေနေသူတွေဟာ ဝေဒနာလူသားတွေထင်ပါရဲ့ဗျာ ၊
ခင်ခ
February 5, 2013 at 4:09 pm
ကိုမျိုးသန့်က လှည်းတန်းမှာနေတာလား ကျွန်တော်ရန်ကုန်ရောက်တိုင်းလှည်းတန်းကို ရောက်ကိုရောက်ပြီး တစ်ဆိုင်ဆိုင်တော့ ထိုင်ဖြစ်တယ်ဗျ။ နောက်တစ်ခါ ရန်ကုန်လာဖြစ်ရင် အလျဉ်းသင့်မယ်ဆို တွေ့ချင်ပါရဲ့ဗျာ။
ဗုံဗုံ
February 5, 2013 at 4:36 pm
အော် အပေါ်က လူကြီးနှစ်ယောက်ကလည်း ဝေဒနာသည်တွေ ပါလားနော်
ရော်ရမ်းကာ မှန်းမျှော်ပေမယ့်
ဆုံစည်းစရာ အချိန်တွေက
ဝေးခဲ့ပြီမို့
ဒီတစ်သက်တော့ မမှန်းတော့ပါဘူး
လူမသိအောင် ရှိုက်ခါငိုရင်း
ရင်ဘတ်ထဲကဘဲ လွမ်းတော့မယ်ကွယ်
အောင်မာ တယ်ဟုတ်တယ် ငါပါလား လေးခခြေရာ နင်းနိုင်တယ်ကွ :harr:
ခင်ခ
February 5, 2013 at 4:50 pm
ဗုံလေး ကဗျာဖတ်ကာပြီး
ခံစားနေတဲ့ ဝေဒနာအနှီး
မကြေငြာဘဲ ပြေးပါကာဝှီး။
Myo Thant
February 5, 2013 at 4:16 pm
အရင်က လှည်းတန်း ပေ၅ဝလမ်း ၅ လမ်းထိပ်မှာနေခဲ့ပါတယ် ၊
အခုက နာနတ်တောလမ်း ပြည်ရိပ်မွန်အိမ်ရာ မှာပါ ၊
ရန်ကုန်ရောက်ရင် ဝ၉ – ၅၁၅၁၀၂ဝ ကိုခေါ်လိုက်ပါဗျာ ၊
ကိုခင်ခက ကျွန်တော့်အတွက် ပထမဆုံး တွေ့ရမယ့် ရွာသားကြီးဖြစ်လာမယ်ထင်ပါရဲ့ ၊
🙂
ခင်ခ
February 5, 2013 at 4:23 pm
ဟုတ်ကဲ့ မှတ်ထားလိုက်ပါပြီ၊ မတ်လထဲ လာဖြစ်ရင် ဖုန်းဆက်လိုက်ပါ့မယ်ဗျ။
ကိုပေါက်(မန္တလေး)
February 5, 2013 at 5:11 pm
ကုန်လွန်ခဲ့တဲ့ ပျော်စရာ အချိန်လေးတွေကို
ရမ်းယော် တမ်းတသော် လွမ်းသနော်
Myo Thant
February 6, 2013 at 9:01 am
ဓါတ်ပုံဆရာကြီး ကိုပေါက်ရေ
ဖုန်းနံပါတ်ပေးတဲ့အတွက် ကျေးဇူးပါ
မန္တလေးရောက်လျင် နှိပ်စက်ရန် ခေါ်လိုက်ပါမည်
စ တာနော့ ဆရာ 🙂
Mobile
February 5, 2013 at 7:00 pm
ဟစ်ဟော့ သီးချင်း ဆိုသလိုမျိုးလေး ဖတ်လိုက်တယ်
ဂွတ်နေတာပဲ။ ကိုခင်ခကိုနဲ့ပေါင်းပြီး ဟစ်ဟော့သီချင်းတစ်ပုဒ်လောက်ရေးမယ်ဆိုရင်
အဆင်ပြေလောက်တယ်။ ရက်စာသားကို ကိုခင်ခ ပိုင်မယ့်ပုံပဲ။
အခုတစ်လော ရွာထဲမှာ လူကြီးပိုင်းတွေက တယ်ဟုက်နေကြပါလား။
အလင်းဆက်
February 5, 2013 at 8:47 pm
ရလဲ့
လေးလေးခ တို့က…
ကဂျာလည်း.ဖြစ်တာပဲ…
ဘာတဲ ့……
ဪ…….
“အချစ်ဆိုတာ ပျော်ရွှင်စရာ များနဲ့အတူတူ
ပူဆွေးမှု့များလည်း သူခေါ်ခဲ့တယ်´´ တဲ့
ကြားခဲ့ဖူးတဲ့ သီချင်းသာ ငြီးလိုက်ချင်ပါရဲ့တော်။
ဆိုပဲ…
အဟိ ။
စာသားအလန်းတွေ…မို ့ရင်ခုန်သွားပါကြောင်း
🙂
Mr. MarGa
February 5, 2013 at 8:50 pm
အားပါး
စာသားတွေကတော့ တကယ်ကို မိပါပေ့
လေးခရေ
ပျော်ရွှင်ချိန်မှာရော ဝမ်းနည်းချိန်မှာရော
ရန်ဖြစ်ချိန်မှာရော ပြန်ချစ်ချိန်မှာရော
ဘေးမှာကတော့ သူပဲရှိတယ်ဗျာ
(တွေးချင်သလို တွေးကာ ရေးချင်သလို ရေးသွားပါသည်)
kai
February 6, 2013 at 7:12 am
အချစ်သီချင်း
စာသား – ဆဲလ်
သံစဉ် – ဂျေမောင်မောင်
ဆို – ခိုင်ထူး
အချစ်ရနံ့တွေ မွှေးပျံ့ ထုံအီနေတုန်းက… အချစ်ငှက်ကလေး ဂစ်တာမှာ လာနားရင်း…
သံယောဇဉ် သီချင်းလေးတွေ ကျူးရင့်လို့ ဆိုနေခဲ့တယ်…
ကိုယ့်ချစ်သူ ဆည်းလည်းလေးလို ရီသံချိုတဲ့အခါ… မွန်းတဲ့ချိန်နေလည်း ပူတယ် မထင်ခဲ့မိပါ…
အင်အားမဟာ အချစ်အတွက် ရူးသွပ်ခြင်းလို့ ခေါ်ချင်ခေါ်တော့ကွယ်…
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ…
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ…
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်…
မုန်တိုင်းထဲမှာ ပွင့်တဲ့ပန်းလို ကြေမွသွားခဲ့စဉ်… အချစ်မျက်နှာလေး ယောင်ကာ အိပ်မက် မက်တယ်…
ပတ်ဝန်းကျင်လှည့်ကြည်မိတော့ တမ်းတတဲ့သူ ကိုယ် တယောက်ထဲကွယ်…
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ…
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ…
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်…
မဟာရာဇာ အံစာတုံး
February 6, 2013 at 7:23 am
ရို့ … ရို့ …
သူမ က ပစ်ခါသွား
ချစ်မိခဲ့တာ အပြစ်လား …
ရို့ … ရို့ …
မင်းလေးက မသနား …
ငါကိုယ်က နွား၊ ဖြစ်ကာသွား …
ရို့ … ရို့ ….
အဟီးးး ဦးခင်ခကြီး ..
ကျုပ်လည်း ဘာရယ်မဟုတ် …
မုဝင်တွားပီး ဟစ်လိုက်ဒယ်ဂျာ …
kyeemite
February 6, 2013 at 1:33 pm
:harr:
ရော်ရမ်းကာ မှန်းမျှော်ပေမယ့်…
ဆော်ငမ်းတာ ကြမ်းပါပေသကွဲ့
အပျော်တမ်းသာ စမ်းကာနေတဲ့
မတော် နမ်းတာ အလှမ်းကွာနေမဟဲ့
တော်စမ်းပါ မှန်းကာမနေနဲ့
အပေါ်လမ်းသာမြန်းပါလေကွဲ့…ကိုကိုခင်ခငဲ့..
ကဗျာလေးဖတ်ပြီး ပျော်သွားလို့နော…
ခင်တဲ့.. :kwi:
pooch
February 6, 2013 at 4:59 pm
အရင်က ဇာတ်လမ်းတေ မေ့ပြစ်လိုက်တဲ့ ဦးခ
မောင်ပေ
February 6, 2013 at 9:05 pm
ရော်ရမ်းကာ
ကျော်ဆန်းနာ
မော်သမ်းလာ
လော်စမ်းပါ
ပျော်ရမ်းကြာ