Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကယ်၍ …….. သိခဲ ့ပါလျှင်

ေမာင္ရိုးFebruary 17, 20131min83741

ဒုတိယမြောက်ဖုန်းမြည်သံ အပြီးတွင် ပါဝါမပိတ်ဘဲ ဘက်ထရီကိုဆွဲဖြုတ်လိုက်သည် ။တစ်ဖက်တွင်တော ့
အလိုအလျောက်ဖြေကြားစက်မှ ဧရိယာပြင်ပရောက်နေကြောင်း ဖြေနေမည်ထင်၏ ။ မေ တစ်ယောက်တော ့
စိတ်ကောက်နေလောက်ပြီ ဟုမသက်မသာတွေးရင်း ခေါင်းတစ်ချက်ရမ်းမိသည် ။
ဖုန်း ကိုင်၍မဖြစ်သေး …. လောလောဆယ်ဆယ် လုပ်စရာတွေ များလွန်းနေ၍ တစ်ဘက်မှချစ်သူ မေ ၏
စကားနာထိုးခြင်းကို ရှောင်ရလိမ် ့ဦးမည် ။
လွန်ခဲ ့တဲ ့ တစ်ရက်ကျော်ကလည်း သူ နှင် ့မေ အကြား အလွဲလွဲ အချော်ချော် …
” ကို …. မနက်ဖြန် ဘာနေ ့လဲ သိလား ”
” ကြာသာပတေးနေ ့လေ ”
“အာာ …. ကိုကလည်း ဒီမှာ အကောင်းမေးနေတာ ”
သူ လက်ပတ်နာရီကိုကြည် ့ရင်း အိပ်ထဲမှ အိပ်ဆောင်ပြက္ခဒိန်လေးကိုဖွင့်လိုက်သည် …
“ဟုတ်တယ်လေ မေရဲ ့ ကြာသာပတေးနေ ့ပါ ”
“ကို ကလည်းကွာ…. ချစ်သူများနေ ့လေ …မသိတော ့ဘူးလား”
မေ့ကိုကြည် ့ရတာ စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည် ။
ဟုတ်သည် ။ဒီလိုနေ ့မျိုးသူ စိတ်မဝင်စား …..
ဒီရက်ပိုင်းအတွင်း နယ် သို ့ခရီးထွက်ရမည်ဖြစ်သဖြင် ့ လိုအပ်သည့် စာရွက်စာတမ်းများ ရှာဖွေစုဆောင်း
ခြင်းနှင် ့အလုပ်ကိစ္စများသာ ခေါင်းထဲရောက်နေသည် ။

“ဆောရီးပါ မေရယ် …..ကို ခုရက်ပိုင်း နယ်ထွက်ရမှာမို ့ အလုပ်အကြောင်းဘဲ တွေးနေ
မိလို ့ပါ”
“ကို ့ဘေးနားမှာ ချစ်သူတစ်ယောက်လုံး ရှိနေတာသတိလည်းရပါဦး ကိုရယ်”
“ကဲ …ဒါဆို မနက်ဖန်ညနေ ရုံးဆင်းရင်ကို လာခေါ်မယ်နော် ”
မေကျေနပ်အောင်တောင်းပန်ရင် ပြေလည်စေခဲ ့သော်လည်း ဒီ ချစ်သူများနေ ့ရောက်တိုင်း တစ်ခုမဟုတ်တစ်ခု
ပြဿနာဖြစ်ရသည် ။i
မနှစ်က ချောကလက်နှင် ့ပန်းစည်းများအစား အသုံးဝင်မည် ့အိမ်ထောင်ပရိဘောဂများဝယ်ရန်
ပြောမိသော သူ ့ကိုု ရေခဲခေတ်လက်ကျန် သတ္တဝါစ်ကောင်လိုပြူးကြည် ့နေခဲ ့သည် ။
အချစ်သည် လက်ဆောင်ပေးခြင်းနှင် ့မဆိုင်သလို ရင်ခုန်ခြင်းနှင့်ရောဆိုင်လို ့လား ဟု တွေးမိ
သေးသည်ပဲလေ ..

မေ ကတာ ့သူ ့အတွေးကိုမသိခဲ ့ပါ ။ သူလက်ခံသောအချစ်သည် နားလည်မှုတို ့နှင် ့ထုံမွှန်းသော
တည်ငြိမ်သည် ့အချစ်လားမဆိုနိုင် ….
ထိလွယ် ရှလွယ်သော ခံစားမှုကိုရှေ ့တန်းတင်သည် ့အချစ်ကို သူ နားမလည် ။ ဒါကြောင် ့
သူငယ်ချင်းတွေကပြောသည် …. အချစ်နဲ ့ အလုပ်နဲ ့နေရာလွဲနေသူ တဲ ့
ဘယ်လိုပြောပြော မေ ့ကိုသူချစ်တာ သူပဲအသိဆုံးပါလေ ။

========================================

“ကို ရေ နိုးပြီလား….”
မနက် မိုးလင်းလင်းခြင်း မေ ကဖုန်းဆက်သည် ။ဒီနေ ့ ချစ်သူများနေ ့ဖြစ်ကြောင်း သတိပေးသည် ထင်၏
” နိုးနေပါပြီမေ ရယ် …. ဘာလဲ ဒီနေ ့ဘာနေ ့လည်းလို ့မေးဦးမလို ့လား ”
” မဟုတ်ဘူး ကိုရဲ ့ ……. မေ မနေ ့က ဝတ်တဲ ့အကျင်္ီ ကဘာအရောင်လဲ လို ့ ”
သူအပြေးအလွှားစဉ်းစား နေမိသည် ။ဘာဝတ်ထားသည်ကို သတိမထားမိလိုက် ။
“အင်း ….. ဘယ်လိုပြောရမလဲ … ကို လေ … ဟို ဟို ….”
အဲဒါပဲ ကို ….. မေ ့ကို ဂရုစိုက်တယ်ဆိုတာ ဘာလဲ ဟင် … တော်ပြီ ညနေလာမခေါ်နဲ ့တော ့ ”
ရုတ်တရက် ဖုန်းချသွားသောမေ ့ကို ဘာမှပြန်မပြောမိ ။ကိုယ် ချစ်တာ ကရုစိုက်တာ မေ မှနားမလည်ပဲလေ
တကယ်ဆို သူ ့အတွေးထဲမှာ မေနဲ ့ မြန်မြန်နီးဖို ့ ရည်ရွယ်ပြီး ကြိုးစားနေခြင်းပင် ။
စိတ်ကူးယဉ်သော အတွေးတို ့ကို မောင်းထုတ်ခဲ ့သည်မှာကြာပြီပေါ ့

******************************************

ခံစားမှုတို ့မေ ့ပျောက်စေရန် အလုပ်ထဲ စိတ်ကိုနှစ်ထားမိသည် ။
ထို နေ ့မှစ၍ရေတွက်သော် …. ယနေ ့သည် သုံးနှစ်မြောက်ခဲ ့လေပြီ …
ထို ့အတူ ….. ချစ်လှစွာသောမေ တစ်ယောက် လူ ့ေ လာကထဲက ထွက်ခွါသွားသည်မှာလည်း
သုံးနှစ်မြောက်ခဲ ့ပါပြီ ……….
ထိုနေ ့နံနက်က မြေနီကုန်းတွင် ကားသုံးစီးဆင် ့၍ ယဉ်တိုက်မှုဖြစ်ခဲ ့ရာတွင်
ချစ်သူမေ မှာ မြေစာပင်ဖြစ်ခဲ ့ရလေသည် ။
သေအံ ့မူးမူး နောက်ဆုံးသတိလေးနှင် ့ သ ူ ့ထံသို ့ ဖုန်းခေါ် ခဲ ့ ဟန်တူသည်……
သူ က မေ တစ်ယောက် စိတ်ကောက်ပြီး စကားနာထိုးတော ့မည်ထင်၍ ဖုန်းမကိုင်ပဲ
ဧရိယာပြင်ပ ရောက်နေသယောင် လုပ်မိသည်ပဲလေ……..
အကယ်၍………………..သိခဲ ့ပါလျှင်…………

လေးစားလျက်
မောင်ဆာမိ

41 comments

  • surmi

    February 17, 2013 at 2:07 pm

    အခုရက်ပိုင်း မနိုဗွီနဲ ့ Wow တို ့ရဲ ့ ပို ့စ်တွေဖတ်မိရာက …………
    ဟိုတွေး ဒီတွေးနဲ ့ ………….

  • ခိုင်ဇာ

    February 17, 2013 at 2:10 pm

    :byae:

    :byae:

    :byae:

    ဦးဆာ က လက်လာတို့သကိုး။

    • surmi

      February 17, 2013 at 2:56 pm

      @မခိုင်ဇာ
      ငိုချင်ရက်လက်တို ့ဖြစ်သွားရင်ဆောရီးပါဗျ
      မရည်ရွယ်ပါဘူးခင်ဗျ …ဟဲ ဟဲ

      @သဂျားမင်း
      မချဲ ့ပါရစေနဲ ့ ကွယ် ။ ပုတ်သင်ဥတွေပေါ်ကုန်ပါ ့မယ်
      ဖုန်းနဲ ့ ရေးတင်တာဆိုတော ့ စိတ်သွားတိုင်းကိုယ်မပါဘူးလေ
      စာရိုက်မကောင်းဘူး သဂျားမင်းရေ ……

      • Mr. MarGa

        February 18, 2013 at 5:26 pm

        အွမ် ဖုန်းနဲ့လား
        အင်းးးးးးးးးးးးးးးး
        ဦးဆာမိကိုပြောပါတယ် သင်တန်းဖွင့်သင့်ပြီလို့
        မြန်မာပြည်မှာ အဲ့သင်တန်း ရှိသေးဘူးဗျ :kwi:

  • Mr. MarGa

    February 17, 2013 at 2:42 pm

    ဦးဆာမိ
    လက်တွေ လျှိုထားတယ်
    ဒီဇာတ်လမ်းက ချဲ့မယ်ဆို ချဲ့လို့ရသေးတယ်ဗျ
    ချစ်သူများနေ့လွန် အမှတ်တရအဖြစ် ဖတ်သွားပါတယ်ဗျာ

    • surmi

      February 17, 2013 at 9:56 pm

      @နန်းတော်ရာသူ
      အသေမစောပါဘူး ဓာတုကလျာရေ ……
      ဇတါသဘောအရ ဖြစ်သွားတာပါ :kwi:

      @နောင်တော်ကြီး garuda
      အဲဒီသီချင်းကို တစ်ပုဒ်လုံးရနေတယ်ဆိုတော ့
      တော်ရုံ ကြိုက်တာတော ့မဟုတ်လောက်ဘူး
      မေ ဆိုတာတိုက်ဆိုင်သွားပြီလားအသိ ဟဲဟဲ

      @ကိုရင်မိုဘိုင်း
      တစ်ချို ့ယောက်ကျားတွေဟာ အဓိက ပန်းတိုင်ရောက်ဖို ့ပဲ
      အာရုံထားကြတယ် ။ နှစ်ကိုယ်တူနီးနိုင်ဖို ့ကြိုးစားနေစဉ်မှာ
      ဘာအင်းကျီအရောင်ဝတ်တယ်ဆိုတာ အရေးမကြီး
      ပါဘူး ။ နှစ်ဦးနှစ်ဘက်နားလည်နိုင်တဲ ့အချစ်ကမှ
      ခိုင်မြဲတာပါ

  • garuda

    February 17, 2013 at 3:41 pm

    မိုးတိမ်တွေ မည်းနက်ရိပ်နဲ့ အာကာပြင်မှာထင်ခြယ်
    လျှပ်နွယ်လျှပ်ပန်း ငှက်များရဲ့
    အော်မြည်သံတို့ ကြောက်စဖွယ်
    မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့ ဒဏ္ဍာရီလေးရှိတယ်
    မိုးခြိမ်းရင် မေ့ရဲ့ရင်မှာကြော်စိတ်တွေဝင်မိတယ်
    ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့
    ရင်မှာပူပင်လာတယ်
    အခုဆိုရင် မင်းလေးတယောက်ကြောက်နေရှာရတော့မယ်
    ထိုစဉ်မှာ မင်းပုန်းစရာ မောင့်ရင်ခွင်လေးနွေးသလို
    ချစ်သူဆီ ထီးကိုယူလို့ပြေးလာနေမိတော့တယ်။
    မေအိပ်တဲ့ အုတ်ဂူလေးထက်မှာ
    မောင်ထီးကလေးမိုးကာပေးပါ့မယ်
    ဒီမိုးကလေးတိတ်ကာမသွားထိအောင်
    စောင့်ကာနေပါမယ်။
    မေအိပ်တဲ့ အုတ်ဂူလေးနွေးအောင်
    လက်ကလေးနဲ့ ထွေးကာပွေ့ထားမယ်
    ရေစက်လေးများ ရွဲစိုကာချမ်းလွန်းပါစေ
    မပြန်သေးပါကွယ်။
    မိုးရွာတာရပ်လိုက်ပေးပါ့ ဒေဝါအမ္ဗုန်ရှင်ရယ်
    တောင်းပန်တယ် ကျွန်တော့်ရဲ့အချစ်
    ချမ်းနေရှာရော့တော့မယ်။
    ပျော်ရွှင်စွာ သူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ
    မှေးပျော်ကာ အိပ်နေတာလေး မနိုးပါစေနဲ့မိုးရယ်။
    (မနိုးပါစေနဲ့မိုးရယ်-ကိုင်ဇာ)

    မာာား ဒါါါါါ ရှီးးးး ရင်င်င်င် တောင်းးးပန်န်န်ပါါါါါဒယ်ယ်ယ်ယ
    ရမ်းဝန်းနည်းဒါဗဲ…ဆက်မရေးနဲ့နော် ကိုကြီးမိ…ဒီကငိုလိုက်မှာာာ။

  • Traditional Medicine

    February 17, 2013 at 3:50 pm

    ကိုယ့် ကိုဂရု မစိုက် ကိုယ်နဲ့ ပတ်သက်သမျှ အလေးနက်မထားတဲ့ သူက ကိုယ့်ကိုတကယ် ချစ်တာပါ လို့ပြောတာ ဘယ်လိုယုံကြည် ပေးရမှာလဲနော်…..

    • surmi

      February 18, 2013 at 12:31 am

      ပထမဆုံး လူမှားပြီး Reply လုပ်မိတာတောင်းပန်ပါတယ်နော ….
      ကျုပ်ကဘမျက်စိမွဲပြီဆိုတော ့ နာမည်ခဏခဏပြောင်းတဲ့မိုဘိုင်းနဲ ့
      မှားသွားတာ ။ဖုန်းနဲ ့ဖတ်တော ့ ခတ်ဝါးဝါးဖြစ်နေတယ်လေ ။
      ကဲ ကဲ လိုရင်းကိုဆွေးနွေးရရင် တစ်ချို ့မိန်းကလေးတွေက သူတို ့ကို အသေးစိတ်ကအစ
      ဂရုစိုက်စေချင်ကြပါတယ် ။ သို ့သော်လည်း တစ်ချို ့ယောက်ကျားတွေက
      အဓိကကျတဲ ့ ဦးတည်ချက်လမ်းကြောင်းကိုဘဲ အလေးထားတတ်တယ် ။
      အဲဒီနှစ်ယောက်ဆုံ ကြတော ့ ပွဲကလှသွားတာပေါ ့ ။
      အပြောကောင်းသူထက် အလုပ်သက်သေပြနိုင်သူသာ ရေရှည် ခိုင်မြဲမည်ထင်ပါကြေင်း……………..

  • etone

    February 17, 2013 at 4:04 pm

    မေတဲ့လားဟင် ….. တချိန်က နားငြီးလောက်အောင် အဲ့လိုခေါ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းကို ပြန်သတိရသွားပြီ :byae:

    ခိခိနောက်တာပါ ယောက္ခမက ဂလိုလေးတွေလည်းရတာပဲကိုး
    တထုတော့ကျေနပ်ဘူး ဖုန်းမပိတ်ပဲဘထရီဖြုတ်ထားရင် ဆက်သွယ်မှု့ဧရိယာပြင်ပရောက်မှန်း လူတိတွားဘီ ဟွင့် :harr:

    • surmi

      February 17, 2013 at 11:21 pm

      ဒေါ်အိတုန်
      ပျောက်နေရာကနေ ဒီပို ့စ်လေးမှာ ဝင်ရောက်အားပေးသွားတာအထူးကျေးဇူးပါဗျ ။
      ကျနော်လည်း ဘာရယ်မဟုတ် ….ဟိုနေ ့ကပို့စ်လေးတွေဖတ်မိရင်း
      မတူတဲ ့ရှုထောင် ့တစ်ခုကနေ ရေးကြည် ့တာ ဟဲ ဟဲ
      ဖုန်းကိစ္စကတော ့ ဇတ်လမ်းရဲ ့အသက်ဖြစ်သွားလို ့ ဆောဆောရီးပါဗျို ့…..။

    • ရဲစည်

      February 19, 2013 at 2:18 am

      ပြီးခဲ့တာတွေဂို အတိတ်မှာဘဲ ထားခဲ့လိုက်ပါတော့ကွီ …
      :harr:
      ရေလည် စားတယ်ကွာ ၂ပုံ .. အဟိ

      • surmi

        February 19, 2013 at 3:58 pm

        ကောက်ညှင်းပေါင်းတစ်ပုံ
        မုန် ့စိမ်းပေါင်းတစ်ပုံ
        ပဲပြုတ်လေးပါရောလိုက် ဂွတ်ထ :harr:

  • ဦး ကျောက်ခဲ

    February 17, 2013 at 6:22 pm

    အဟဲ့ ကိုရင်ဆာ

    ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့သာ မှတ်မိတဲ့ မောင်ကျောက်အဖို့…
    အဲသည် ဗာလင်တိုင်းက အတော့ကိုခါးသဗျ….
    မိန်းမများရဲ့အလိုက်ကိုမသိတဲ့ ယောက်ျားများ အဂါ်ဂြိုလ်ပေါ်ကလာတယ်ဆိုရင်…
    မောင်ကျောက်တော့ အဲသည်က ကာလသားခေါင်းဖြစ်မယ်ထင်ရဲ့….

    စာကြွင်း။…။ ဇတ်လမ်းထဲက ကောင်မလေးတွေကို ခဏခဏ မသေခိုင်းနဲ့ဗျာ….
    အတော်ရက်စက်တဲ့ ကဆာမိ၊ ရေနစ်သေခိုင်းလိုက် ကားတိုက်သေခိုင်းလိုက်…
    ဒီလူကြီး… ပေါက်ကရတွေ စိတ်မကူးပါနဲ့လေ.. (အဟမ့်… မဒမ်ဆာကို သတိပေးထားမှ)
    :harr:

    • garuda

      February 17, 2013 at 6:47 pm

      ဟုတ်သား..အကုန်သေကုန်ရင်..တိုတိုကျောက်..အတွက်..ဗယ်ကျန်မာဒုံး.. :byae: :byae:

    • surmi

      February 17, 2013 at 11:44 pm

      @ဦးကျောက်
      အလိုက်မသိတဲ ့ဂိုဏ်းဖွဲ ့မယ်ဆိုရင် ကျနော်လည်းပါမယ်ဗျာ 🙂
      တစ်ခါတလေ နားမလည်နိုင်တဲ ့ သဘောလေးကိုသရုပ်ဖေါ်ရင်း
      ဦးစားပေးပုံခြင်းမတူတဲ ့ အက်ကြောင်းတစ်ခုရဲ ့ အသွင်အပြင်ကို ပြချင်လို ့ရေးရင်းနဲ ့
      သတ်လိုက်ရတာဗျို ့ ဟဲဟဲ ။ စိတ်နာနေလို ့ဟုတ်ဖူးနော် ။
      နောက်တစ်ခါဆိုမသတ်တော ့ဘူး ရှင်ကွဲပဲ ကွဲခိုင်းလိုက်တော ့မယ်။
      :hee:

      @ကိုပေ
      မြှားဆိုရင်တော်သေးတာပေါ ့ ဘပေရယ်
      လောက်စာလုံးဆိုရင်တော ့……?

      @မောင်ရင်အံစာ
      ဒီပို ့စ်ဖြစ်လာရတာလည်း ဖုန်းခေါ်မရတဲ ့ အကြောင်း နဲ ့လည်းဆိုင်သကွဲ ့ ။
      နောင်မှတ်ထားပေါ ့ကွယ် ဟဲဟဲ ။
      ကျုပ်လည်း ဖုန်းပိတ်မိလို ့ တစ်ခါက ပြဿနာ ရှင်းရဖူးသေးတယ် ။

  • မောင်ပေ

    February 17, 2013 at 7:03 pm

    :byae: ကျအု ကျအု
    မေရယ်… ကိုယ်သာ မြှားတစ်စင်းဆိုရင်… ပစ်လွှတ်လိုက်မယ့် လေးညှို ့ရှင်ဟာ မင်းပဲ…
    အဟင့်အဟင့်အဟီး

  • မဟာရာဇာ အံစာတုံး

    February 17, 2013 at 10:06 pm

    ဦးဆာမိဂျီးးး

    ဖတ်ပီးသွားဒါ ကြာပေါ့ …
    ခုမှ မန့်ဒေါ့မယ် .. ဟဲဟဲ …

    ကျုပ်တွက်မတော့ ….
    အကယ်၍သာ .. သိခဲ့ပါလျှင် …
    ဖုန်း ဆင်းကဒ် ဖြုတ်ထားဘာဘူး …
    ခုဒေါ့ .. ဒီလို မဟုတ်ဘာဘဲ ..
    တွေ့ချိန်လေးတွေ လျော့သွားရတာ နှမြောစရာ … :byae:

  • padonmar

    February 17, 2013 at 10:31 pm

    ကိုဆာမိ
    သေအံ့မူးမူးမှာ ဖုန်းခေါ်နိုင်ပါအုံးမလားဟင်၊
    ဖုန်းနှိပ်ရင်း ခေါ်မရလို့ ဗျာများပြီး လမ်းဖြတ်အကူးများ ကားတိုက်ခံရလေသလား။

    လူတွေကို သူနဲ့ ငါတွေ့တာ ဒါနောက်ဆုံးများဖြစ်နေမလားလို့ တွေးမိရင် ဘာပဲဖြစ်ဖြစ် လိုက်လျောပေးမိကြမယ်ထင်ပါတယ်။(မရဏာနုဿတိ ပဲပေါ့)

    • surmi

      February 18, 2013 at 12:12 am

      အစ်မပဒုမ္မာရေ …..
      အစ်မတွေးသလို ပရိတ်သပ်က သို ့လော သို ့လော တွေးနိုင်တဲ ့အခြေအနေလေးကို
      လုပ်ကြည် ့တာ ။ စာဖတ်သူကိုလွတ်လပ်စွာထင်ချင်ရာ ထင်ခွင် ့ပေးတဲ ့သဘောပေါ ့ ။
      ဒါကြောင် ့ ဖုန်းသံမြည်တာရယ် ဖုန်းမလိုက်လိုက်ဘူးဆိုတာရယ်
      အဲဒီဖုန်းသံနောက်ဆုံးဖြစ်တယ်ဆိုတာရယ်ပဲ ပြလိုက်တာ ။
      သေပြီးမှ တစ်ယောက်ယောက်က ဖုန်းမှတ်တမ်းထဲကနံပါတ်ကို ဆက်တာလည်း
      ဖြစ်နိုင်တယ်ပေါ ့ ။အဲ့လို ပေါင်းစုံတွေးလို ့ရအောင် အဖြေမထုတ်ခဲ ့ဘူး
      အစ်မတွေးတာ ကျနော် တွေးစေချင်တဲ ့ ပုံမျိုးပါ ။
      ဟုတ်ပါတယ် …..ဒါနောက်ဆုံးလို ့သိရင် ကျနော်တို ့ ဘာဆက်လုပ်မလဲပေါ ့ ။
      ကျနော်က ကောင်းကောင်းမရေးတတ်လို ့ဗျ ။ကျနော်ကြိုက်တာကလည်း
      စာဖတ်သူက ဇတ်ကိုသိမ်းချင်သလိုသိမ်းပေးနိုင်တဲ ့ပုံမျိုးရေးတာကိုပါ ။
      မြန်မာဝတ္ထုတွေမှာ တွေ ့ရနည်းပြီး ဘာသာပြန်တွေမှာပဲ တွေ ့ရတတ်တာပါ ။ တွေးပြီး ဇတ်သိမ်းပေးလို ့ကျေးကျေးပါနော ့
      မရဏာ နုဿတိလည်း ယူချင်ယူလို ့ရတယ်လို ့ သတိပေးတဲ ့အတွက်လည်း
      နှစ်ထပ်ကျေးကျေးဗျို ့ ….

      @လုံမလေးမွန်မွန်
      ဒီလိုယောက်ကျားမျိုးတွေအများကြီးရှိတယ်နော
      ဂရုစိုက်ချင်ယောင်ဆောင်ပြီး အလွတ်ကျက်ထားတာတွေရွတ်ပြတဲ ့သူတွေနဲ ့စာရင်
      အဓိကနဲ ့ သာမညကို ခွဲမြင်တတ်တဲ ့ သူက ပိုပြီး အလုပ်ဖြစ်မယ်ထင်တယ် ။
      သိပ်ဂရုစိုက်စေချင်တဲ ့မိန်းကလေးတွေလည်း ရှိတတ်ကြပါတယ် ။
      တကယ်တော ့ …. အရာခတ်သိမ်း နားလည်မှုနဲ ့တည်ဆောက်ယူရမှာပါ ။
      ထစ်ကနဲဆိ ု စိတ်ကောက်မယ် Lesson ပေးလိုက်မယ်ဆိုရင်
      တိုတောင်းလှတဲ ့ဘဝမှာ အချိန်တွေကိုဖြုန်းတီးလိုက်သလိုပါပဲ။
      ခံသားမှုဆိုတာ တစ်ယောက်နဲ ့တစ်ယောက် ဖွင် ့ဟပုံမတူသမို ့
      နားလည်မှုသာလျှင်အဓိကပါ …….လို ့
      :hee:

  • လုံမလေးမွန်မွန်

    February 17, 2013 at 10:34 pm

    အူးလေးဆာမိ..
    ဒါဖုန်းနဲ့တင်တဲ့ပို့စ်တဲ့လား..
    ကွန်ပူတာနဲ့သာတင်ရင်..သေချာတယ်… အော်ငိုနေမိမှာ…

    မိန်းကလေးဆိုတာ ဂရုစိုက်ခံချင်ကြတာပါပဲ… အမြဲတစေကြီးမဟုတ်တောင်. အမှတ်တရနေ့လေးတွေကို သတိရစေချင်ကြတာပါ… ဒါမယ့် အားအားနေ ကောက်နေတဲ့မိန်းကလေးတွေဆိုရင်လည်း ကြည့်မရဘူး.. ဘာဝတ်လာတာလဲကို ပြန်မေးတာကတော့ လွန်ပါတယ်… (တကယ်တော့ သမီးလည်း သူများတွေဘာဝတ်ထားလည်း သိပ်မမှတ်ထားတတ်ဘူး.. :mrgreen: )

  • Mobile

    February 18, 2013 at 4:12 am

    အခုလိုဇာတ်အိမ်လေးတွေကို ကြိုတ်လွန်းလှဒယ်ဗျို့…….
    ကိုဆာမိကြီးက ကိုယ့်ဖာသာ မက်ချိမှုံတာဂို ကျုပ်နာမည်ခဏဏပြောင်းတာဆွဲးထည့်သွားတယ်နော…
    ဒီပို့စ်ထဲကလို ဖုန်းခေါ်တာမကိုင်လိုက်လို့ ဇာတ်ရှိန်တက်သွားတဲ့ ပရီစင်ဘရိတ် ဇာတ်လမ်းကို
    အမှတ်ရမိသဗျာ………

  • kokothandar

    February 18, 2013 at 7:48 am

    စိတ်ကောက်ရင်ချော့တဲ့နည်း ပါမလားလို့ ဖတ်မိတာ စိတ်ကောက်နေတဲ့ ဇတ်ကောင်ကိုအသေသတ်လိုက်တာကိုး တကယ်ဆို -ကို – အတွေးနယ်ကျယ်နေတုံး ကားတိုက်။ သေအံ့မူးမူမှာ
    ရည်မှန်းချော့တာမျိုးဖြစ်ရမှာ တော်တော်ရက်စက်တဲ့ စာရေးဆရာ

    • surmi

      February 18, 2013 at 9:16 am

      ဟား ဟား ဟား အတော်သဘောကျသွားပြီဗျို ့ kokothandarရေ ့
      နောက်တခါရေးရင် နောင်ကြီးကို အကူအညီတောင်းတော ့မယ် ။
      မချော ့တတ်ဘူးဗျ ။အဲဒါခက်နေတာ :kwi:

      @ကိုရင်မိုဘိုင်း
      အားပေးသွားတာကျေးဇူးဗျို ့ ။ မမန် ့ခင်က ကြိုပြီး Reply လုပ်မိပြီလေ
      ကျုပ်မျက်စိတွေလည်းမကောင်းတော ့ပါဘူး ။ ကိုရင်များနာမည်ပြောင်းသလားလို ့

  • kyeemite

    February 18, 2013 at 9:43 am

    ကိုရင်ဆာမိ တို့ ကိုကျောက်တို့ အလိုက်မသိတဲ ့ဂိုဏ်းဖွဲ့ရင်
    ကျနော် ဥက္ကဋ္ဌလုပ်ရလိမ့်မယ်နဲ့တူရဲ့…မဒမ့် မွေးနေ့တောင်
    မေ့မေ့နေလို့ သားတို့ သမီးတို့က တဖက်လှည့်နဲ့သတိပေးရတယ်..:harr:

    • surmi

      February 18, 2013 at 10:09 am

      @ဦးမိုက်
      ဟားးးးးး အခုမှ ရွာထဲမှာဓတ်တူနံတူတွေ လာစုမိသကိုး
      ကောင်းပါလေ ့ဗျာ ရွာထဲမှာ ဂိုဏ်းတစ်ခုတိုးတာပေါ ့နော
      ကဲ စလိုက်ကြစို ့ ……. ခုချက်ချင်း 🙂
      ဂိုဏ်းဝင်ချင်သောသူများလည်း ကြိုဆိုပါတယ် ။ သဂျီးကတော ့ ဒီဂိုဏ်းကမဟုတ်လောက်ဘူး
      :kwi:

      @အစ်ကို ခ
      မြန်မြန်သိမ်းမှရတော ့မယ် အစ်ကိုရေ
      မဟုတ်ရင် အာလူးတွေထွက်လာလိမ် ့မယ် 🙂
      ဇတ်လမ်းသဘောအရ ချော ့ရတော ့မယ်ဆိုတော ့ ကိုယ်မကျွမ်းတဲ ့တောမို ့
      အမဲပစ်မထွက်ရဲဘူးဗျို ့ . ဟဲ ဟဲ ….ဒါနဲ ့ဘဲ လုပ်မိလုပ်ရာ
      :harr:

  • ခင်ခ

    February 18, 2013 at 9:48 am

    ကိုဆာမိရယ်
    (ခံစားမှုတို ့မေ ့ပျောက်စေရန် အလုပ်ထဲ စိတ်ကိုနှစ်ထားမိသည် ။
    ထို နေ ့မှစ၍ရေတွက်သော် …. ယနေ ့သည် သုံးနှစ်မြောက်ခဲ ့လေပြီ …) ဆိုပြီး အရှိန်သတ်လိုက်ပုံက အရေးပေါ်ဘရိတ်နင်းလို့ ကားလေးဆောင့်ကာရပ်လိုက်သလိုဘဲဗျာ။ အဲလိုတော့မကောင်းဘူးနော်။

  • ဗုံဗုံ

    February 18, 2013 at 11:21 am

    သနားလိုက်ပါဘိတော့ မေရယ် အဲ့လိုမျိုး ကိုယ့်ကိုဂရုမစိုက်တဲ့ လူကြီးကိုမှ ဘာဖြစ်လို့ သွားချစ်ရတာလဲ ဦးဦးဆာမိ မိဗုံသာဆို သရဲဖြစ်တောင် ခွင့်မလွှတ်ဘူး ဂုတ်ချိုးပစ်လိုက်မှာ :mrgreen:

    • surmi

      February 18, 2013 at 11:52 am

      စိတ်လိုက်မာန်ပါမလုပ်ပါနဲ ့ကွယ်
      စိတ်လျော ့ စိတ်လျော ့
      ဒီရွာထဲမှာတင် အဲ ့လိုလူတွေ အမျာကြီးရှိတယ်နော
      ဂိုဏ်းတောင် ဖွဲ ့တော ့မှာ :hee: :hee:

  • မိုချို

    February 18, 2013 at 11:58 am

    ကျမ ကတော့ လက်တွေ့ ပဲ ဆန်လွန်း နေသလား ၊ မိန်း မ ပဲ မဆန်တာလား မသိ ဘူး ရည်းစား ဘွ ထဲ က ချစ်သူများနေ့၊ ချစ်သူ နှစ်ပတ်လည်နေ့ ၊ မွေးနေ့ ၊ ဘာနေ့ ညာနေ့ တွေ ဘာမှ စိတ် မဝင်စား ပဲ အဲလူရီး အလုပ်တွေ ကုန်း ရုံး လုပ် လေလေ ၊ ကျေ နပ် လေလေ ပဲ။ သူ လုပ်သမျှ ကိုယ့် အအတွက် ပဲဟာ နော် ။
    ရဲစား စ ဖြစ် ကတည်း က မှာ ထား တယ် ၊ ပန်း စည်း တို့ ၊ အရုပ်တို့ ၊ ဖန်စီ တို့ လုံးဝ မပေးနဲ့ လို့ ၊ ဘဏ်စာအုပ်ပဲ ပေး ထား လို့ …..ဟိဟိ။

    • surmi

      February 18, 2013 at 1:40 pm

      @မမိုချို
      အဓိက က အဓိကဆိုတော ့ ပန်းစည်းထက် ဘဏ်စာအုပ်က ပိုအသုံးတည် ့ပါတယ်
      ကမ္ဘာအရပ်ရပ် လူမျိုးအသီးသီးမှာ အချစ်ကို အဓိပ္ပါယ်အမျိုးမျိုးနဲ ့ ဖွင် ့ဆိုကြလေတော ့
      မှားတယ် မှန်တယ်မရှိပါဘူး ။ စိတ်သဘောထားတိုက်ဆိုင်ဖို ့သာလိုမယ်ထင်ပါကြောင်း …

      @ကိုလူကလေး
      တစ်ချို ့ကအဲဒီလို မထုံတက်တေးနဲ ့ဗျ ။သို ့ပေမဲ ့ တစ်သက်လုံး မမေ ့ဘူးဆိုပဲ ဟဲဟဲ
      ( ရှေ ့နေလိုက်တာ )
      ဘာပဲဖြစ်ဖြစ် လာရောက်ဖတ်ရှုပေးသွားတာကျေးကျေး နော

      @ကိုအောင်
      လွမ်းစရာရှိခဲ ့ဖူးတယ်ထင်တယ်နော 🙂
      သို ့သော်လည်း ဒီကိုပြန်လာဖြစ်ရင်ဖြင် ့ အစ်ကိုလွမ်းတဲ ့ စားစရာတွေ အဝ လိုက်ကျွေးမယ်ဗျို ့ …
      ဖုန်သာဆက်လိုက် ဟဲဟဲ …

  • လူကလေး

    February 18, 2013 at 12:23 pm

    ဦးဆာမိ .. ဒါမျိုးတွေလည်း ရသလားဗျ..

    ဟိုကောင့်ကို တော့ သိပ်အားမရဘူးပေါ့ဗျာ.. သေတော့မှ .. “သိခဲ့ပါလျှင် ” တွေ .. ဘာတွေ လုပ်နေ..
    မသေခင်ကတော့ ပစ်ထားပြီး.. ခုမှ သနားစရာ ဖားသတ္တဝါလေးကို ဖြစ်လို့ ..

    ဒါပေမယ့် .. ဦးဆာမိ ကြီး ဝတ္ထုလေးက ဖတ်လို့သိပ်ကောင်း..

  • koaung

    February 18, 2013 at 12:32 pm

    ကိုရင်ဆာမိလွမ်း’စရာတွေသိပ်မလုဎ်နဲ့ဗျာ လောလောဆယ်တကယ်လွမ်းနေတာ ကြက်သားနဲ့ပလာတာ :mrgreen:

  • Moe Z

    February 18, 2013 at 1:21 pm

    ဦးဦးဆာမိ နောက်တစ်ခါ ဟက်ပီးအန်းဒင်းန်ရေးဗျာ 😥

    လေပါတယ် … မနေ့ကဝတ်တဲ့အကျင်္ီအရောင်ပြန်ပြောနိုင်တော့ ဘာလုပ်မှာတုန်း အဲလိုမိန်းကလေးတွေဘယ်လောက်များတယ်မသိ 🙁

    • surmi

      February 18, 2013 at 1:50 pm

      ဟုတ်တယ်ဗျ
      အဲဒီလိုမိန်းကလေးတွေတကယ်ရှိတာတွေ ့ဖူးတယ် ။
      တစ်ခါက အင်းယားမှာ မိသားစုနဲ့ထိုင်နေတုန်း ဘေးနားက စားပွဲက ကောင်မလေးက
      သူ ့ဘဲဘဲ ကိုရစ်နေတာ တွေ ့ဖူးသဗျ ။ ဘဲဘဲ ခမျာရွာတွေလည်လို ့ ။
      အင်းးးးး အဆွေးဇတ်မှ ရေးမိသလိုဖြစ်နေတယ် မမိုးစက်ရေ ….
      ကျနော်ကိုယ်တိုင်ကလည်း ……….?

  • nozomi

    February 18, 2013 at 2:56 pm

    ဖတ်ရင်း တကယ် စိ်တ်မကောင်းဖြစ်ပြီး ခံစားသွားရတယ်

    နောက်မှ တကယ့် အဖြစ်အပျက်တော့ မဟုတ်လောက်ပါဘူး လို့ ဖြေတွေးရတယ်
    ကျွန်တော်တို့က ခံစားတတ်တဲ့သူတွေဆိုတော့ ဒါမျိုးတွေ မခံစားနိုင်ဘူး
    အထူး သဖြင့် ကောင်မလေးတွေကို ပိုသနားတယ်

    • surmi

      February 19, 2013 at 4:12 pm

      @ဦးနို
      တကယ် ့ အဖြစ်အပျက်မဟုတ်ပါဘူးဗျာ ဒါပေမဲ ့ သူ ့တို့ ့လိုလူတွေတော ့တွေ ့ဖူးတယ် ။
      ကျနော်လည်းဦးကျောက်ပြောသလို ကောင်မလေးတွေကိုချည်း သတ်မိနေပြီ
      :kwi:
      နောက်တခါတော ့ ပျော်စရာလေးကြံဖန်ပါ ့မယ်နော 🙂

      @ဦးကြောင်
      ပရီပိတ်စနစ် အပြောင်းမှာ စာရင်းရှင်းပြီးပါကြောင်းးးးးးး
      :harr:

  • ဦးကြောင်ကြီး

    February 19, 2013 at 11:43 am

    အမ်ပီတီက အဲဒီဖုန်းခလေး ပေးသွားပါအုံးတယ်။ အဲတုံးက ဘယ်သူဆီက တောင်းရမှန်း မသိလို့ ကြွေးကျန်စာရင်းဖွင့်ထားတာ အခုမှ ဆက်သွယ်ရမယ့်လူတွေ့တယ်တဲ့… ပေးလိုက်ပါဗျာ မေ့ကို တဂယ်ခြစ်ရင်….

  • kai

    February 19, 2013 at 4:17 pm

    တိုတိုလေးပေမယ့်.. အဖွဲ့တော်တော်ကောင်းတယ်..
    ဇတ်လမ်းတိုလေးရိုက်လိုက်ရင်တော့.. ဒန်တန်တန်ဖြစ်သွားမှာ… :harr:

    • surmi

      February 19, 2013 at 7:28 pm

      မင်းသားကတော ့ ဦးကျောက်ကိုတင်လို ့ရပြီဆိုပေမဲ ့
      အင်းးးးး မင်းသမီးကတော ့ သေရမှာမို ့ ငြင်းမြယ်ထင်တယ်
      :kwi:

Leave a Reply