“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်´´
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်´´
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´
ကလင် ……. ကလင် ……. ကလင်….
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´
ကလင် ……. ကလင် ……. ကလင်….
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´
လမ်းပေါ်ကနေ စက်ဘီးလေးနင်းရင်း မုန်သည်အော်သည့်အသံ ခင်ခ အိမ်နားကို တဖြေးဖြေးနီးလာတယ်ဆိုရင် ဘဲ ဖတ်လက်စ သတင်းစာလေးဘေးကိုချ တပ်ထားတဲ့ စာကြည့်မျက်မှန်လေးချွတ်ပြီး ခုနသတင်းစာပေါ်တင် ကာ အိမ်ရှေ့ခြံဝထွက်ရင်း
“မြေပဲပြုတ်သည် လာပါအုံး´´
လို့ အော်ကာခေါ်တော့ ဈေးသည်လေး နင်းလာတဲ့ စက်ဘီးလေးကို အရှိန်လျော့ ခြံဝတည့်တည့်ရပ်လိုက်ပြီး စက်ဘီးပေါ်ကဆင်းကာ စက်ဘီးကို ဒေါက်ထောက်ရပ် လိုက်ပြီးတာနဲ့
“ ဘာဝယ်မလဲ အကို၊ မြေပဲပြုတ်လား၊ မုန့်ဖက်ထုပ်လား၊ ပြောင်းဖူးပြုပ်လား.. အကုန်လုံး ပူပူနွေးနွေးလေး တွေဘဲ အကို´´
ဆိုပြီး ဈေးသည်လေးရဲ့ လောကွတ်စကား အပြီးမှာတော့ ခင်ခ က….
“ မုန့်ဖက်ထုပ်က ဘယ်လိုရောင်းတာလဲ´´
“ မုန့်ဖက်ထုပ်က တစ်ထုပ် ၃၀ဝ ၊ နှစ်ထုပ်ကို ၅၀ဝ ပါ ပြောင်းဖူးလည်း တစ်ဖူး ၃၀ဝ နှစ်ဖူး ၅၀ဝ ပါ အကို´´
“ နှစ်ထုပ်ကို ၅၀ဝ ဆိုမှ တစ်ထုပ်ကို ၂၅ဝ မဟုတ်ဘူးလား´´
“ အကိုပြောသလို နှစ်ထုပ်ကို ၅၀ဝ မို့ တစ်ထုပ်ကို ၂၅ဝ ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် တစ်ထုပ်ထဲယူရင် ၂၅ဝ ဆို ၅ဝ အကြွေအမ်းဖို့က အခက်တွေ့လို တစ်ထုပ်ထဲဆို ၃၀ဝ ဆိုပြီးရောင်းတာပါ´´
“ ဘာဘဲဖြစ်ဖြစ် တစ်ထုပ်ကို ၂၅ဝ ဘဲထားကွာ´´
“ကဲ ယူပါအကိုရယ်၊ အကို မုန့်ဖက်ထုပ် တစ်ထုပ် အပြင်နောက်ဘာယူအုံးမလဲဟင်´´
“မဟုတ်ဘူး မုန့်ဖက်ထုပ်က နှစ်ထုပ်ပေး´´
“ဟာ အကိုကလည်း နောက်တတ်တယ် နှစ်ထုပ်ယူမှာဘဲ တစ်ထုပ်ကို ၂၅ဝ ဆိုပြီး အတင်းဆစ်နေတယ်´´
“မဟုတ်ဘူး ငါ့ညီရ အဲဒီမုန့်ဖက်ထုပ်က အကို သားနှစ်ယောက် တစ်ယောက်တစ်ထုပ်စီပေးရမှာ အကယ်လို့ တစ်ထုပ်ကို ၃၀ဝ – နှစ်ထုပ်ယူတော့ ၅၀ဝ ဆို မုန့်ဖက်ထုပ် နှစ်ထုပ်ရဲ့တန်ဖိုးက မတူတော့ သူ့ကျတော့ ၃၀ဝ တန် စားရတယ် ငါ့ ကျတော့ နှစ်ထုပ်ယူလို့ ဈေးလျော့တဲ့ ၂၀ဝ တန်စားရတယ်နဲ့ စကားများကြမှာစိုးလို့ နှစ်ထုပ်ယူ ပေမယ့် ဈေးတူအောင်ညှိရတာလေ´´
“ဪ အဲလိုလား၊ ဒီမှာအကို နှစ်ထုပ်၊ နောက်ကော ဘာ ယူအုံးမလဲ အကို ဒါဘဲလား´´
“ပြောင်းဖူးပြုတ်လည်း တစ်ဖူး ၃၀၀၊ နှစ်ဖူး ၅၀ဝ မလား´´
အဲဒီမှာ ဈေးသည်လေးက နည်းနည်းစဉ်းစားသလို ငြိမ်ပြီးမှ
“ရတယ်အကို ပြောင်းဖူးလည်း တစ်ဖူး ၂၅ဝ နဲ့ နှစ်ဖူး ၅၀ဝ ပေးပါတယ်´´
“ဟေ ငါ့ညီ စောစောကပြောတော့ မုန့်ဖက်ထုပ်က တစ်ထုပ် ၃၀ဝ ၊ နှစ်ထုပ်ကို ၅၀ဝ ပါ ပြောင်းဖူးလည်း တစ်ဖူး ၃၀ဝ နှစ်ဖူး ၅၀ဝ ပါ အကိုဆို ဘာလို့ အခုပြောင်းသွားတာလဲ´´
“ဟဲ ဟဲ အဲဒါလည်း အကို သားတွေ မုန့်ဖက်ထုပ်လို အဝေမတည့်မှာစိုးလို့ ပြောင်းပေးလိုက်တာ´´
“ဟေ အဲလိုပြောင်းလို့ မရဘူးလေ၊ အရင် တစ်ဖူး ၃၀ဝ နှစ်ဖူး ၅၀ဝ နဲ့ မရဘူးလား´´
“ခင်ဗျာ ပြောင်းလို့မရဘူးလား ပြောင်းဖူးရော နှစ်ဖူးဘဲလား အကို´´
“အေး နှစ်ဖူး ယူမှာပါ၊ ဒါပေမယ့်ဈေးက တစ်ဖူး ၃၀ဝ နှစ်ဖူးယူရင် ၅၀ဝ နဲ့ ဟုတ်တယ်မလား´´
“ဟုတ် ဟုတ် ဟုတ်ပါတယ် အိတ်ထဲထဲ့လိုက်မယ်နော်´´
“အေး အဲဒီဈေးဆို ထဲ့လိုက်´´
ဒါနဲ့ မတင်မကျ ကြောင်တောင်တောင်နဲ့ဘဲ ဈေးသည် လေး ပြောင်းဖူးတွေကို အိတ်ထဲထဲ့နေတာပေါ့ ပြီးမှ
“ဒီမှာနှစ်ဖူးအကို´´
ဈေးသည်လေးထံကပြောင်းဖူး နှစ်ဖူးထဲ့ထားသော အိတ်ကိုလှမ်းအယူ ဈေးသည်လေးက
“အကို တစ်ခုလောက်မေးချင်လို့´´
“မေးလေ ဘာမေးချင်တာလဲ´´
“အကို ပထမပြောတော့ ဈေးချင်းမတူရင် ကလေးနှစ်ယောက် စကားများမှာ စိုးလို့ ဆိုပြီး မုန့်ဖက်ထုပ်ကို ဈေးတူအောင် အတင်းဆစ်တယ်၊ အဲဒါကြောင့် အမြန်ရောင်းရအောင် ကျွန်တော်က ပြောင်းဖူးကျတော့ ဈေးတူ နဲ့ပြင်ပြောတော့ အကိုက မဟုတ်ပြန်ဘူး အဲဒါ မရှင်းလို့လေ ပြောင်းဖူးဈေးမတူတာတော့ အကို သားနှစ် ယောက်က ရတယ်ပေါ့´´
“ဪ ဒါလား၊ မုန့်ဖက်ထုပ်က အကိုသားနှစ်ယောက်အတွက်မို့ ဈေးတူမှဖြစ်မှာလေ၊ အခုပြောင်းဖူးက အကို သားနှစ်ယောက်အတွက်မဟုတ်ဘူး အကိုနဲ့ အကိုဇနီးအတွက်လေ´´
“ဒါများအကိုရယ် ကလေးတွေမှမဟုတ်တာ ဈေးတူ တူ၊ မတူ တူ အရေးလားလို့´´
“ငါ့ညီရာ တစ်ခါတလေ အရေးလားဆိုတာလေးတွေကလည်း အရေးဗျ၊ မိန်းမဆိုတာမျိုးက ကိုယ့်အမျိုးသား က ဂရုစိုက်တာ ပါစားပေးတာကို ခံချင်ကြတာလေ အခုလိုဈေးမတူတော့ မင်းစားတဲ့ပြောင်းဖူးက ပိုတန်ဖိုးရှိ တာပါကွာလို့ဆိုရင် သိသိကြီးနဲ့ ကျေနပ်ကြတာမျိုးလေးကွယ်၊ ငါ့ညီ အိမ်ထောင်မရှိသေးဘူးနဲ့တူတယ်နော်´´
“မရှိသေးဘူးအကိုရေ၊ ယူလည်းမယူနိုင်သေးပါဘူးဗျာ တစ်ယောက်ထဲတောင် မနည်းရုန်းနေရတာလေ၊ ဒါနဲ့ မြေပဲပြုတ်လေးကော အားမပေးတော့ဘူးလားဗျ ပူပူလေး ချိုလည်းချို စိမ့်လည်းစိမ့်တယ်လေ´´
“မြေပဲပြုတ်က ဘယ်လိုရောင်းတာလဲ´´
“မြေပဲပြုတ်ကတော့ တစ်ဗူး ၂၀ဝ ပါဗျ´´
“ဒါဆို နှစ်ဗူးပေးကွာ၊ ဒါပေမယ့် တစ်ဗူး တစ်ထုပ်စီ ထဲ့ပေးနော် အကို ယောက္ခထီး နဲ့ ယောက္ခမ တစ်ယောက် တစ်ထုပ်စီပေါ့´´
“ဟုတ်ကဲ့ အကို တစ်ထုပ်တစ်ဗူးစီ နှစ်ထုပ်ထဲ့လိုက်မယ်´´
ဆိုပြီး ဈေးသည်လေးက သူ့တောင်းထဲက မြေပဲပြုတ်ကို နို့ဆီခွက်ကလေးနဲ့ ချင့်ကာအထုပ်ထဲ ထဲ့နေတုန်း
“အားလုံး စုစုပေါင်း ၁၄၀ဝ ပေါ့ ဟုတ်တယ်မလား´´
ခင်ခက အိတ်ကပ်ထဲက ၅၀ဝ တန် သုံးရွက် ထုတ်ပေးရင်းမေးတော့ ဈေးသည်လေးက
“ဟုတ်တယ်အကို ၁၄၀ဝ ပါ၊ မြေပဲပြုတ် ၁၀ဝ ဖိုး နှစ်အိတ်ထဲကို မျှပြီး ထပ်ထဲ့လိုက်မယ်လေ ၁၅၀ဝ အတိဖြစ် သွားတာပေါအကိုရယ် ၁၀ဝ ဖိုးထပ် ထဲ့လိုက်မယ်နော်´´
“အေး အဲဒါလည်းကောင်းတာဘဲ ၁၅၀ဝ ကွက်တိပေါ့၊ ဒါနဲ့ နှစ်ထုပ်ကို အဲဒီတစ်ရာဖိုး မျှ မထဲ့နဲ့ တစ်ထုပ်ထဲဘဲ ထဲ့လိုက်ရတယ်´´
“အဲဒါဆို အကိုယောက္ခမ နှစ်ယောက်အဝေမတည့်ဘူးဖြစ်နေမှာပေါ့´´
“အဲဒါကြောင့် မင်းအိမ်ထောင်မကျသေးတာပေါ့ ယောက္ခထီးဆိုတာ ယောက်ျားသားမို့ ပစိပစမ် မများဘူး၊ ဘာမှသိပ်မပြောဘူးလေကွာ၊ ယောက္ခမက မိန်းမဆိုတော့ ဟိုဟာဆရာလုပ် ဒီဟာ ပွစိပွစီပြော တစ်ခါတလေ သူ့သမီးကို လှည့်ချွန်ချင်ချွန် သေးတာ အဲဒီတော့ အမေမြေပဲပြုတ် ကြိုက်လို့ အမေအတွက် အဖေထက် ပို ဝယ်လာတာလို့ဆိုပြီး ဖားထား ရတာပေါ့ကွာ သိပြီလား ငါ့ညီရာ´´ လို့ ပြောတော့ ဈေးသည်လေးလည်း သူ့ ဈေးတောင်းကို နေရာပြန်ချရင်း ကျွန်တော့်မျက်နှာကို ခဏမျှငေးကြည့်နေလို့
“ငါ့ညီ ဘာစိုက်ကြည့်နေတာလဲကွ´´
“ဘာမှမဟုတ်ပါဘူးဗျာ ဒါနဲ့ အကိုနံမည်လေးများကျွန်တော် သိခွင့်ရမလားဟင်´´
“ခင်ခ ပါ၊ ဦးခင်ခ ပေါ့´´
အဲဒီချိန်မှာဘဲ အိမ်ဝမှာ ရပ်ကာမုန့်စောင့်နေတဲ့ သားတော်မောင်ဆီက
“ဖေကြီး မုန့်ဝယ်တာမပြီးသေးဘူးလားဗျ´´ လို့လှမ်းအော်တာနဲ့ဘဲ
“ဪ ပြီးပါပြီသားရေ ပြီးပါပြီ၊ အဖေလာပြီသားတို့´´ ဆိုပြီး အပြေးလေး ကျွန်တော်ခြံထဲဝင်ပြေးတော့ ဈေးသည်လေးလည်း သူ့စက်ဘီးပေါ်ပြန်တက်ကာ
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´
ကလင် ……. ကလင် ……. ကလင်….
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်…. မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်….´´
ကလင် ……. ကလင် ……. ကလင်….
ဆိုပြီး ဈေးရောင်း ဆက်လက်ထွက်ခွါသွားလေတော့သတည်း။
ဖတ်ရှု့သူများကျေးဇူးပါ။
ခင်ခ။
45 comments
Myo Thant
February 7, 2013 at 2:50 pm
ကျနော့်သားကတော့ ပိုက်ဆံပဲယူတာများတယ်
သူကြိုက်တာ သူ ဝယ်စားရမှ
ကိုခင်ခကြီး မိသားစု စုံလင်စွာနဲ့ မုန့်ဖက်ထုတ်တွေ စားနိူင်ပါစေဗျာ 🙂
•*¨နန်းတော်ရာသူ •*¨
February 7, 2013 at 3:08 pm
“မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်´´သည်အော်တာကို ပို့စ်ဖြစ်အောင်ရေးတတ်ပါပေတယ်။
ခင်ခ
February 7, 2013 at 3:09 pm
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာလို့ ပြောရင်း ကနဦးဆုံးကွန့်သူအဖြစ် ကျေးဇူးပါဗျို့။
တစ်ခါတလေတော့လည်း မိဘက တယုတယ ဝယ်ပေးတဲ့မုန့်ကို သားသမီးများ တောင်းတတတ် ကြပါတယ်လေ၊ အလျဉ်းသင့်ရင် ဝယ်ကျွေးကြည့်ပါလား ကိုမျိုးသန့်သားကို လေ။
နန်းတော်ရာသူရေ ကြားရင်ကြားတယ်မှတ် မြင်ရင်မြင်တယ်မှတ် ဆိုပြီး ခင်ခ တစ်ယောက်မှတ်တာက တရားကျင့်တာတော့ဟုတ်ဘူး၊ ပိုစ့်လေးရေးဖို့ ကုန်ကြမ်းစုကာ အတွေးနယ်ချဲ့ ရေးတယ်ကွယ့်ပေါ့ဗျာ။
ကိုပေါက်(မန္တလေး)
February 7, 2013 at 4:01 pm
ဟုတ်ပ ကုန်ကြမ်းတွေ ကို လူတိုင်း တွေ့နေပေမယ့် ရေးဘို့စိတ်ကူးရတာကတော့
အရည်အချင်းတစ်ရပ်လို့ ယူဆပါကြောင်း။
ခင်ခ
February 7, 2013 at 4:06 pm
တစ်ခါတလေ ဖြေးဖြေးတွေးတော့ ရေးရေးပေါ်
ပေါ်တဲ့အကြံ ပိုစ့်ရေးရန် ဖြစ်လာတဲ့အခါ ရေးဖြစ်ပြန်ရောပေါ့ ကိုပေါက်ရေ။
ဒါတောင် ဟိုတလောက ရွာနဲ့စိတ်နဲ့ မကပ်လို့ ပိုစ့်မတင်နိုင်တာကြာပေါ့ဗျာ။
Shwe Ei
February 7, 2013 at 4:25 pm
ခိခိ ဈေးသည်လေးကတော့ ဆရာခ(မင်းသိင်္ခ) နဲ့ ဘာတော်လဲတွေးလောက်တယ်။
မိသားစု အေးချမ်းသာယာရေးနဲ့ ပတ်သတ်တဲ့ ဂန်ဘီရ အစီအရင်တွေထဲက
တခုလို့ ထင်သွားရင်တော့ အန်ကယ်ခ နံမယ်ကျော်ဘီ။
ခင်ခ
February 7, 2013 at 4:40 pm
နံမည်ကျော်ရင် မိန်းခလေးတွေ ဝိုင်းနေတတ်တယ်…….ဆိုတဲ့ သီချင်းလေး သတိရမိသွားတယ်။
အခုတော့ ခင်ခ ဘေး ကလေးတွေဘဲ ဝိုင်းနေတတ်သမို့ နံမည်မကျော်ပေါင် မရွှေအိရေ။
Novy
February 7, 2013 at 4:49 pm
ကိုခ မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်´
ဝယ်လိုက်တာ
မျက်စိကိုလည်ပြီး နားကိုရှင်သွားတာပဲ :harr:
တစ်ခါတစ်လေမှာ အဲ့ဒီလို အလှည့်အပတ်လေးတွေကိုလဲ လုပ်ရတာပေါ့လေ
ခင်ခ
February 7, 2013 at 7:12 pm
မနိုဗွီရေ မိသားစု အဆင်ပြေ ပျော်ရွှင်စေချင်လို့ပါဗျာ။
P chogyi
February 7, 2013 at 6:27 pm
အလှည့်အပတ်များတဲ့ အဲဒီလူကြီးကို မယုံတော့ဘူး
ခင်ခ
February 7, 2013 at 7:17 pm
မယုံလည်းနေပေါ့
ဒို့ကတော့ အလှည့်အပြောင်း
အနွဲ့အနှောင်းတော့ လျော့နိုင်ပေါင်
P Chogyi ရေ။
အရီးခင်လတ်
February 7, 2013 at 7:34 pm
ထုံးစံအတိုင်း အရေးကောင်း အတွေးကောင်း စာကောင်း လေး တစ်ပုဒ်ပါဘဲ ကိုခင်ခ ရှင့်။ 🙂
မောင်ပေ
February 7, 2013 at 7:35 pm
အဲဒီမြေပဲပြုတ်သည်က အွန်လိုင်းဘလော့ဂါတွေကို လိုက်မှတ်တမ်းတင်နေတဲ့ အက်စ်ဘီ ကတဲ့ဗျာ
လေးခကတော့ ကျန်းမာရေးပို ့စ်ပဲ ရေးတော့ ကိတ်စနမရှိပါဘူး
ဟီဟိ
Hnin Hnin
February 7, 2013 at 9:16 pm
အတွေးကောင်းတဲ့လူကြီး နဲ့ အတွေးပွားလိုက်ရမယ့် ပြောင်းဖူးပြုတ်သည် အလုပ်ဖြစ်သွားကြသည်။
သားနှစ်ယောက်တော့ စိတ်ဝင်စားတယ်….ဥထားတာ ခုမှထုတ်ပြသလားလို့ပါ….
pooch
February 7, 2013 at 10:48 pm
သားအချစ် မယားအချစ် ယောက္ခမ အချစ်ကို မုန့်ထုပ်တွေနဲ့ စာစီသွားတာပေါ့လေ
်ရေးလည်းရေးတတ်တယ်
ခင်ခ
February 8, 2013 at 9:23 am
အားပေးတဲ့အတွက် ကျေးဇူးပါ အရီးရေ။
ဟုတ်လားဆရာပေရေ ဒါပေမယ့် အဲဒီမြေပဲပြုတ်သည်လည်း နောက်လာတော့မယ်မထင်းဘူးဗျ အတော်မူးသွားလို့လေ ခင်ခ ဝယ်လိုက်တာနဲ့။
မနှင်းနှင်း မတွေ့တာကြာသမို့ သတိရနေပါ၏။ သားနှစ်ယောက်ဆိုတာနဲ့ အပြေးကိုရောက်လာတာထင်ပ။
မယ်ပုရေ ဒီလိုဘာဘဲ တွေးမိတာလေးတွေရေးမိတာပါ အကောင်းကြီးဟုတ်ပါဘူးဗျ။
Hnin Hnin
February 8, 2013 at 10:40 am
ပြောင်းဖူးပြုတ်ဆိုတာနဲ့ ဝင်ငမ်းရင်း သားနှစ်ယောက်ပါ အဆစ်ပါသွားတာပါ။ :kwi:
ခင်ခ
February 8, 2013 at 10:51 am
ဪအဲလိုလား နှင်းနှင်းရေ။ နောက်များဆုံကြရင် ပြောင်းဖူးပြုတ် အဝကျွေးမယ်နော်။
panpan
February 7, 2013 at 11:37 pm
လေးလေးခင်ခရေ
မှတ်ထားစရာလေးပဲနော်
သားသမီးတွေအပေါ်တန်းတူညီမျှထားရမယ်
ကိုယ့်အိမ်ထောင်ဖက်ကို ဦးစားပေးရမယ်
ယောက္ခမတွေကိုလည်း သင့်တင့်သလို စောင့်ရှောက်တတ်ရမယ်
လေးခင်ခရေးထားတာလေး အရမ်းကြိုက်မိပါတယ်ရှင် :hee:
ခင်ခ
February 8, 2013 at 12:54 am
ပန်ပန်ရေ
ပိုစ့်ရည်ရွယ်ချက်ကလေးကို အကျဉ်းချုံး မန့်ခဲ့လို BC ပေးတာ လက်ခံပါနော် သမီးရေ။
panpan
February 8, 2013 at 10:29 pm
ကျေးဇူးတင်ပါတယ်လေးခင်ခရေ
လေးလေးပြောချင်တာ အဲ့လိုထင်လို့ပါရှင့် :hee:
ခိုင်ဇာ
February 7, 2013 at 11:51 pm
ကျန်း!!! ကျန်း!!!
ကိုခတို့ လူလည်ကျတယ်ကွယ်။
:harr: :harr: :harr:
ဦးဦးပါလေရာ
February 8, 2013 at 1:15 am
တော်လိုက်တဲ့ကိုခင်ခပါပဲကလား…
အိမ်ထောင်တခု မိသားစုတခု သာယာချမ်းမြေ့ဘို့မှာ
တခြားအရာတွေအပြင် – အခုလို သံရေးတမန်ရေးတွေလဲ ကျွမ်းကျင်ဘို့လိုပါတယ်..။
နမူနာယူချင်ပေမယ့် တော်တော်နောက်ကျသွားပါပြီ..။
kai
February 8, 2013 at 8:15 am
ခေါင်းကိုမူးသွားတာပဲ..
ဂဏန်းတွေထဲ.. ညှပ်နိုင်တာများပါမလားလိုက်ဖတ်ပြီး.. အူကြောင်ကျားဖြစ်သွားတယ်..
ဆိုတော့…
ပြောင်းဖူးပြုတ်အခွံနွှာ.. မြေပဲပြုတ်ထုပြီး.. ရော…
မုန့်ဖက်ထုပ်ထဲထည့်လိုက်ကြောင်း..
အဲဒီမုန့်ဖက်ထုပ်ကိုမှ.. တထုပ် ၂၅ဝနဲ့ ပြန်ရောင်း..
ရတဲ့ငွေနဲ့.. မြေပဲပြုတ်ပြန်ဝယ်..
ဘုရားစင်ပေါ်တင်..
ပုဂံထဲထည့်စားလိုက်ပါသည်ခင်ဗျား.. :kwi:
ခင်ခ
February 8, 2013 at 9:28 am
မဟုတ်ရပါဘူး မခိုင်ဇာရယ်။ လူလည်ကျတာမဟုတ်ဘူး ဝယ်ရင်းနဲ့ လည်နေတာပါ။
ဦးပါရယ် မကျေနပ်ဖူးအချစ်ရယ် တစ်ကပြန်စမယ် လုပ်လိုက်လေ။ ရနိုင်ပါသေးတယ်ဗျ။
သူကြီးရဲ့ မုန့်ဖက်ထုပ်နည်းကိုတော့ မှတ်ထားလိုက်မယ်၊ နောက် သားတော်မောင်တွေဆာလို့ မုန့်ဖက်ထုပ်သည်မလာရင် လုပ်ကျွေးရအောင်လို့လေ။
ဗုံဗုံ
February 8, 2013 at 10:07 am
အင်း မိဗုံလည်း အမေ့ကို မျက်နှာလိုအားရ ဝယ်ကျွေးဖူးပါရဲ့ ဈေးကြီးရင် ကောင်းတာပဲဆိုပြီး ဝယ်သွားတာ အိမ်ရောက်တော့ ” ဟဲ့ ဒီဟာက ဒီလောက်ဘဲတန်တာကို ဒီလောက်ကြီးပေးပြီး ဝယ်ခဲ့ရသလား ဒီလောက် အ ရသလား မိဗုံတို့များ ရောင်းတဲ့သူရှိရင်ဝယ်ပြီးတော့ကို အ အုံးမှာ ” စသည်ဖြင့်…… ဆူတော့တာ အဲဒီအချိန်တည်းက အခုချိန်ထိ မိဗုံတို့ အမေကျွေးတာဘဲ ဒို်င်ခံစားတော့တာ ယောက်ခမတို့ အိမ်ထောင်ဘက်တို့ တွေ ့ရင်လည်း အဲ့လိုဘဲ စားတော့မှာ စိတ်ကကြီးတယ်လေ
ခင်ခ
February 8, 2013 at 10:48 am
မိဗုံလည်း သဘောကောင်းပြီး အလိုလိုက်တတ်တဲ့ ယောက္ခမကောင်းကောင်းနဲ့ တွေ့ပါစေဗျာ။
အမေက မကုန်သင့်တာ မကုန်အောင်ပြောတာနေမှာပါနေမှာပါကွယ်။
ဦးကြောင်ကြီး
February 8, 2013 at 10:48 am
ခယ်မလေးဆိုရင် ဘယ်လိုပေးရမလဲဗျ… လုပ်ပါအုံး… :kwi:
kai
February 8, 2013 at 11:03 am
ဟောဒီမှာ.. ကိုရင်ကြောင်ကြီး.. ကြောင်တောင်တောင်နဲ့.. စားနေကျကြောင်ပါးအကွက်နင်းပြီး.. ကြောင်မလေးပူစီ.. ဇနီးမယားရဲ့ညီမ.. ခယ်မလေးကို ကြောင်အတွေးနဲ့ ကြွက်ခုတ်.. တောကြောင်သူပုန်လုပ်နေပါသဗျို့..
ဆိုတော့..
ဇနီးရှိတယ်ပေါ့…။ :kwi:
ခင်ခ
February 8, 2013 at 11:06 am
အဲဒါတော့သိဘူးဗျ ဦးကြောင်ကြီးရဲ့ အနော်က ခယ်မ မရှိတော့ အခက်သားနော့။
moonpoem
February 8, 2013 at 10:57 am
နေ့တိုင်း မြင်နေကြားနေရပေမယ့် ပိုစ့်တစ်ခုရေးတတ်အောင်တော့ ကိုခင်ခလို မကျွမ်းကျင်သေးတာ အမှန်ပါ။အားပေးနေတယ်ဗျို ့။
ခင်ခ
February 8, 2013 at 11:41 am
မရေးတတ်တာမဟုတ်လောက်ပါဘူး၊ မရေးဖြစ်တာ ဖြစ်မယ်ထင်ပါတယ် moonpoem ရယ်။
moonpoem လည်း အတွေးကောင်း အရေးကောင်း တစ်ယောက်ပါနော်။
kyeemite
February 8, 2013 at 3:48 pm
ကိုခင်ခရေ.“.ငေးကြည့်နေမိတယ် တခဏ။” ပို့စ်မှာ ကွန်မန့်အော့ဖြစ်နေလို့
ပြန်ကြည်ပေးပါအုံး…
ခင်ခ
February 8, 2013 at 4:49 pm
ကျေးဇူးပါ ကိုကြီးမိုက်ရေ update လုပ်လိုက်ပါပြီဗျ။
kokothandar
February 8, 2013 at 5:02 pm
ဪ တစ်ကယ်တော့ ဦးခင်ခကြီးက မယားရော ယောက္ခမရော ကြောက်တဲ့သူဖြစ်နေတာကိုး သွားတွေမကျိုးလောက်သေးပါဘူးနော် အလေးနီပြုလိုက်ပါတယ် ကိုယ်မိဘကိုတော့ ဘာကျွေးမလဲ မသိ
ခင်ခ
February 8, 2013 at 6:44 pm
ခင်ခ တို့က မိန်းမရော မိန်းမအမျိုးတွေရော ကြောက်လိုက်တာမှ တုန်နေတာပါဘဲဗျာ။u
Mr. MarGa
February 8, 2013 at 9:26 pm
ဖတ်ရင်းဖတ်ရင်း လည်လိုက်လာတာ
နောက်ဆုံးမှ ပေးချင်တဲ့ အချက်ကို ရသွားတယ်
ပညာသားပါလှချေလားဗျာ
လေးခရေ
အဲဒီလို သမက်၊ဖခင်၊ခင်ပွန်း တစ်ဦးဖြစ်အောင် ကြိုးစားကြည့်ဦးမယ်ဗျာ
MaMa
February 9, 2013 at 7:02 am
ဒီနေရာမှာ တစ်ဖက် လေးငါးရာ ရှိတဲ့ သိကြားမင်းအတွက်တော့ ……….. :harr: :harr: :harr:
ခင်ခ
February 9, 2013 at 9:21 am
ဦးမာဃတို့ကတော့ တောင်းလိုက်ဝယ်တောင် မလောက်လို့ အော်ဒါပါ မှာရလောက်တယ်
အမ မမ ရေ။
Mr. MarGa
February 9, 2013 at 5:33 pm
တွေးတတ်လိုက်ကြပါပေ့ဗျာ
သိကြားက ရပါတယ်
တစ်နေ့ နှစ်ယောက် အလှည့်ကျဆိုတော့
အော်ဒါတော့ မမှာရပါဘူူးဗျာ
နေ့စဉ်ပဲ ဝယ်ရတာ
padonmar
February 8, 2013 at 9:46 pm
ကိုခင်ခ၏
ဆွေမျိုးများတွင်း စီမံခန့်ခွဲမှုသင်တန်း ဆိုပြီး သင်တန်းဖွင့်ဖို့ ကောင်းနေပြီ
မဟာရာဇာ အံစာတုံး
February 8, 2013 at 11:03 pm
ဟိုက်စ် …….
ဦးခင်ခကြီး ဈေးဝယ်ပုံ မိုက်ဒလယ် …
ချယ်ဘဲ ……
ကျုပ်လည်း စွံခဲ့တီ ချိသော် ……
ဦးခင်ခကြီး နည်းကို ကော်ပီ ယူမယ်ဂျာ ..
အိုက်ဒါကို ခုတည်းထဲ ခွင့်ပုပေးဘာ … အဟီးးး
ခင်ခ
February 9, 2013 at 9:27 am
အမ ပဒုမ္မာရယ် အဲ လိုသင်တန်းဖွင့်ရင် အပ်သူမရှိ တက်သူမရှိ စုံစမ်းသူနတ္ထိ ဖြစ်မှာပေါ့ဗျ။
ယူပါဗျာ ကိုအံစာတုံးရေ အသုံးတည့်မယ်ဆိုလည်းသုံးပေါ့။ ဒါပေသည့် ယိုဒယားသင်္ဘောသီးထောင်းသည် ထံမှ ဈေးဝယ်ရင် အဲလိုနည်းသုံးလို့ကတော့ ထောင်းတဲ့ ကျည်ပွေ့တော့ သတိထားတော့ဗျို့။
မဟာရာဇာ အံစာတုံး
March 15, 2013 at 10:38 am
ဗျို့ …. ဦးခင်ခကြီး ….
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
လက်မှတ်လေး လာပေးတာပါဗျို့ ….
တကယ်ပေးရမယ့် လူဂျီးက လက်ဝှေ့ တက်ထိုးနေလို့မို့
သူ့အစား ကျုပ်လာပေးတာပါ …
ကြွရောက် အားပေးပါဦးလို့ …….။
လောလောဆယ် ကျုပ်ကို ရှက်ကီချဖို့ ပိုက်ဆံပေးလိုက်အုံး … ဒါဗျဲ …
ဒု – အတွင်းရေးမှူး
မဟာအံ
ခင်ခ
March 15, 2013 at 11:14 am
ကြားလူပါရင် ကြေးမြင့်တယ်လို့ ပွဲစားတွေပြောတဲ့စကားများ မှန်လေရော့လားဗျာ။
ပေးရမှာပေါ့ မဟာအံ လို အတွင်းရေးမှုးကြီး ကိုယ်တိုင်လာပေးမှတော့ ပေးရမှာပေါ့လေ။
ဒါပေမယ့် ကျွန်ုပ်လည်းလိုက်သောက်ပါ့မယ် အတွင်းရေးမှုးကြီး တစ်ယောက်ထဲပျင်နေမှာစိုးလို့ပါ။
အဲ စားသောက်စရိတ်လေးတော့ မဟာအံကြီးဘဲ တာဝန်ယူရှင်းပေါ့ဗျာ မိတ်ဖြစ်ဆွေဖြစ်ပေါ့
ဟုတ်ဘူးလား။