Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ

Mr. MarGaFebruary 14, 20133min75820

အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ

 

သစ်ခွပန်း အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မယ်

ဦးမာဃလဲ အတော်များများကို တွေ့ဖူးပါတယ်။

အားလုံးနီးပါးဟာ သစ်ပင်တစ်ပင်ပင် ဒါမှမဟုတ် လေထဲမှာ တွဲလောင်းဆွဲပြီး ပွင့်ကြတာပါ။

သစ်ခွပန်း ဆိုတာနဲ့ သစ်ပင်ပေါ်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ခွပန်းကိုပဲ ပြေးမြင်တတ်ကြတာပါ။

ဒါပေမယ့် ရှားရှားပါးပါး အမြင့်ကိုမတက်ပဲနဲ့ မြေမှာကပ်ပြီး ပွင့်တဲ့ သစ်ခွပန်းတစ်မျိုး ရှိသဗျ

ဟိုတစ်ရက်ကမှ စာအုပ်ပုံ မွှေရင်းနဲ့ Readers Digest က ထုတ်တဲ့ Facts and Fallacies – Stories of the Strange and Unusual ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ်

ဒါနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း ဒီပန်းကို သွားတွေ့တာပါ။

မြေကပ်သစ်ခွ
မြေကပ်သစ်ခွ

စိတ်ဝင်စားတာနဲ့ပဲ google မှာ မွှေလိုက်တော့ သူ့အကြောင်း နည်းနည်း ထွက်လာတယ်။

အခု ပို့စ်မှာက သူ့အကြောင်းကို ပြောမှာပါ။

သူများတွေတော့ ဘယ်လိုခေါ်တယ်မသိ ဦးမာဃကတော့ မြေကပ်သစ်ခွလို့ နာမည်ပေးလိုက်တယ်။

သိပ္ပံအမည်က Rhizanthella gardneri  ပါတဲ့

ဒါပေမယ့် Rhizanthella slateri  လို့လဲ တွေ့ရပါတယ်။ ၁၉၂၈ ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။

အများခေါ်ကြတာကတော့ Eastern Underground Orchid လို့ ခေါ်ပါတယ်တဲ့

 

သစ်ခွတော့ သစ်ခွပါပဲဗျာ
သစ်ခွတော့ သစ်ခွပါပဲဗျာ

ပေါက်ရောက်ရာဒေသ

သူ့ကို ကမ္ဘာပေါ်မှာ များများစားစား မတွေ့ရပါဘူး

ဩစတေးလျ တစ်နိုင်ငံထဲမှာပဲ တွေ့ရပါတယ်။ (အဘဖောတို့ သိမလားတော့ မပြောတတ်)

အဲဒီနိုင်ငံရဲ့ အနောက်ပိုင်းမှာပဲ တွေ့ရှိရတာပါ။

နေရာဒေသ အတိအကျကို တော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး

ဘာလို့လဲဆိုတော့ ဒီပန်းဟာ အခုအချိန်အထိ အပွင့်ငါးရာပြည့်အောင် မတွေ့သေးပါဘူး

ဒါကြောင့် သူ့ကို မျိုးသုန်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိတဲ့ အမျိုးအစားမှာ ထည့်သွင်းထားပါတယ်။

ဒီပန်းဟာ မပွင့်မီ ကာလတစ်လျှောက်လုံးမှာ မြေအောက်မှာပဲ သူ့ရဲ့ ဘဝသက်တမ်းကို ကုန်ဆုံးတာဖြစ်လို့ ရှာဖွေရ ခက်ခဲပါတယ်။

ဒါလေးကလဲ တစ်မျိုး လှတာပဲဗျ
ဒါလေးကလဲ တစ်မျိုး လှတာပဲဗျ

 

ပုံပန်းသဏ္ဏာန်

ပင်စည်ဟာ များသောအားဖြင့်အဖြူရောင်ရှိပြီးတော့ အရွက်တွေ မပါရှိပါဘူး။

မြေအောက်ပင်စည်ဟာ အများအားဖြင့် ၁၅စင်တီမီတာခန့် ရှည်ပြီးတော့ အချင်းက ၁၅ စင်တီမီတာခန့်ရှိပါတယ်။ သူ့ရဲ့ ပွင့်ခံရွက်(bracts) တွေကပဲ ဒီပင်စည်ကို ဖြစ်ပေါ်စေပါတယ်။

အပွင့်ဟာ တစ်ချိန်လုံး မြေအောက်မှာပဲ ကြီးထွားပြီးတော့ ပွင့်တဲအချိန်ကိုရောက်မှ မြေပေါ်ကို တိုးထွက်လာတာဖြစ်ပါတယ်။ သူ့မှာ အမြစ်ရှိပါဘူး အမြစ်ယောင်(rhizome) သာ ရှိပါတယ်။

အပွင့်ရဲ့ အထဲမှာ ခရမ်းရောင် ပန်းပွင့်လေးတွေ ၂၅ ပွင့်ကနေ ၃၅ ပွင့်ခန့်အထိ ပါရှိတတ်ပါတယ်။

အတွင်းက ပန်းပွင့်ငယ်လေးတွေ
အတွင်းက ပန်းပွင့်ငယ်လေးတွေ

 

ပန်းပွင့်ကာလ

ဒီအပင်တွေဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ပန်းပွင့်တတ်ပါတယ်။ (wiki ကတော့ မေနဲ့ဇွန် လတွေမှာပွင့်တယ်လို့ ရေးထားတယ်)

ပန်းပွင့်မှသာ မြေပေါ်ကို တိုးထွက်လာတာမို့ ကျန်တဲ့အချိန်တွေမှာ ရှာရခက်တာပါ။

နောက်ပြီးတော့ ပန်းပွင့်စ အဖူးဘဝမှာလဲ မြေပေါ်ကို မထွက်သေးဘဲနဲ့ မြေသားကသာ အပေါ်ကို အနည်းငယ် တိုးထွက်လာတာပါ။

ပန်းပွင့်ချိန်မှာသာ မြေပေါ်ကို တိုးထွက်လာတာပါ
ပန်းပွင့်ချိန်မှာသာ မြေပေါ်ကို တိုးထွက်လာတာပါ

ဒါကြောင့်မို့ မြေအောက်မှာ ဒီပန်းပွင့် ရှိနေသလား မရှိဘူးလားဆိုတာကို ရှာဖို့ခက်ခဲသလို ရှိနေမှန်းမသိဘဲနဲ့ နင်းခြေခံရပြီး ပျက်စီးသွားကြတတ်ပါသေးတယ်။

ဒီအချက်တွေကပဲ ဒီပန်းကို ရှားပါးစာရင်းကို ပို့ပေးလိုက်တာပါ။

အပင် အတော်များများက ‘အလင်းမှီစု အစာဖွဲ့စည်းခြင်း’ (photosynthesis) နဲ့ အစာချက်ကြပေမယ့် ဒီအပင်ကတော့ မှို(fungi) တစ်မျိုးနဲ့ ပေါင်းပြီးတော့ ‘သမမျှတ ဆက်နွယ်မှု’ (mutualistic relationship) နဲ့ အစာချက်လုပ်ပါတယ်။

(မှို က သစ်ခွပင် အစာချက်ဖို့ လိုတဲ့ အာဟာရတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2 ) ကိုှပေးပါတယ်။ သစ်ခွပင်ကတော့ မှိုအတွက်လိုအပ်တဲ့ အစာအာဟာရတွေကို ချက်လုပ်ပေးပြီးတော့ ပြန်ပေးပါတယ်။ အဲဒါ ‘သမမျှတ ဆက်နွယ်မှု’ လို့ ခေါ်တယ်။)

ဒါကလဲ ဒီပန်းရဲ့ ထူးခြားချက်ပေါ့လေ။

ဒီလောက်ဆိုရင် ဒီပန်းအကြောင်းကို နည်းနည်းတော့ သိသွားကြပြီလို့ထင်ပါတယ်။

ဒီထက်မက အသေးစိတ် ပြောပြချင်ပေမယ့် ဦးမာဃ ရဲ့ တတ်သမျှ မှတ်သမျှ ဘာသာပြန်စွမ်းရည် ကုန်သွားတာမို့ ဖတ်ဖို့ ဝက်ဘ်ဆိုက်တွေကိုပဲ ညွှန်းပေးလိုက်ပါမယ်။

ဒီပို့စ်ရေးဖို့ အချက်အလက်တွေ ပုံတွေကို ဒီဝက်ဘ်ဆိုက်တွေကနေ ယူပါတယ်။

 

http://www.environment.gov.au/cgi-bin/sprat/public/publicspecies.pl?taxon_id=11768

http://earthsky.org/earth/the-odd-life-of-an-underground-orchid

http://en.wikipedia.org/wiki/Rhizanthella_gardneri

 

ဖတ်ပေးသူအားလုံးကို ကျေးဇူးပါ။

P.S  ဒီနေ့က ဟို မားကတ်တင်းဆရာတွေ သတ်မှတ်ထားတဲ့ ချစ်သူများနေ့ဆိုတော့ကာ

ဦးမာဃလဲ ရွာသူားတွေအတွက် ချော့ကလက်မှာထားပါတယ်။

အားရပါးရ စားကြပါဗျာ ရော့

အဝေမတည့်ကြရင်လဲ ကောက်သာ ထုကြပေတော့ဗျာ

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

 

20 comments

  • MaMa

    February 14, 2013 at 6:05 am

    ထူးခြားဆန်းပြားလှပေသည်တကား။
    အော်- နတ်မျက်စိနဲ့မို့ မြင်ရသိရတာဖြစ်မယ်။
    ပြန်မျှဝေပေးတဲ့ သဂျားမင်းလည်း သကာရည်ဘဝမှ ချက်သကြား (အဆင့်နိမ့်) မဖြစ်ပဲ ပေါင်းသကြား (အဆင့်မြင့်) ဖြစ်ပါစေ။ :kwi:

    • Mr. MarGa

      February 14, 2013 at 1:56 pm

      မမ ပေးသောဆုနဲ့
      ပြည့်ပါစေလို့ ဆုတောင်းချင်ပေမယ့်
      နတ်တို့သနင်း သိကြားမင်းသာဖြစ်ပြီး
      ပေါင်းသကြားတွေ ချက်သကြားတွေ မဟုတ်လို့
      ဆုမတောင်းတော့ဘူးနော် :hee:

  • ခိုင်ဇာ

    February 14, 2013 at 8:40 am

    ဟယ်။
    ဒီပန်းကို ခုမှ မြင်ဖူးတယ်တော့။ တာဝလိန်တာမှာ ရှိရင် တစ်ပင်လောက် လက်ဆောင်ပေးပါ။
    လက်ဆောင်ရတဲ့နေ့ကစ လိမ်လိမ်မာမာ နေပါ့မယ်။
    :mrgreen:
    အနံ့ကရော မွှေးသတဲ့လား။

    သကြား ရဲ့ ချောကလက်ကလည်း စားချင်စရာမကောင်းချက်အေ။ :harr:

    • Mr. MarGa

      February 14, 2013 at 1:59 pm

      ခိုင်ဇာရေ
      တာဝတိံသာမှာတော့ မရှိဘူး
      ဩဇီမှာတော့ ရှိတယ်
      လိုချင်ရင် ဘဖောဆီသွားတောင်း :mrgreen:

  • ဗုံဗုံ

    February 14, 2013 at 9:23 am

    ချစ်တူများနေ့မှာ ငါဂဒေါ့ ကိုယ့်ဟာကို ထန်းလျက်ခဲ သုံးလုံးဝယ်စားပြီး နှင်းဆီပန်းတစ်ပွင့် ဝယ်ပြီးပန်လိုက်တယ် ကိုင်းးးးးး ဘယ်ဒူ ဘာပြောချင်သေးလဲ :mrgreen:

    • Mr. MarGa

      February 14, 2013 at 2:00 pm

      ဘာမှ မပြောတော့ပါဘူးဗျာ
      မြန်မာဆန်ဆန် အဲလိုလေးလဲ ဆိုးပါဘူး လို့

  • ဦးကြောင်ကြီး

    February 14, 2013 at 11:21 am

    သစ်ခွပန်း
    အနှစ်ထလန်း
    ချစ်ဝမခမ်း
    လစ်ကြစတမ်း… (ဗယ်လင်တိုင်းဒေးမှာ တည်းခိုခန်း ဃို…..)

    • Mr. MarGa

      February 14, 2013 at 2:06 pm

      ဦးကြောင်
      တည်းခိုခန်းက ဈေးကြီးတယ်ဗျ
      စရိတ်သက်သာအောင်လို့ …………………..ကိုပဲ ဒိုးကြတယ်ဗျ
      အဟိ

        • Mr. MarGa

          February 14, 2013 at 9:24 pm

          တွေးချင်တာသာ ထည့်တွေးလိုက်ပါဗျာ

  • ရွှေ ကြည်

    February 14, 2013 at 11:58 am

    အယ် ထူးဆန်းလှပါတကား သစ်ခွကတမျိုးပါလား သစ်ခွဆိုတာသစ်ပင်ခွမှာပေါက်လို့ခေါ်တာဆိုတော့ ဒီပန်းကမြေပေါက်ပန်းပဲဖြစ်ရမယ် သစ်ခွမျိုးနွယ်ဖြစ်နိုင်ပါ့မလားမသိ :mrgreen:
    ကြည့်ရတာတော့ တို့စားရတဲ့အပွင့်တမျိုးနဲ့မျိုးနွယ်တူမလားပဲ ထင်တာ 😆

    • Mr. MarGa

      February 14, 2013 at 2:09 pm

      သစ်ခွမျိုးနွယ် ဖြစ်တာတော့ သေချာမှာပါ
      ပြောကတည်းက Eastern Underground Orchid လို့ ပြောထားတာလေ
      မဟုတ်တော့လဲ မဟုတ်ဘူးပေါ့ :mrgreen:
      စားရတဲ့ အပွင့်ဆိုတော့ ဘယ်အပွင့်လဲဟင်

  • ဆူး

    February 14, 2013 at 12:17 pm

    အဝေ မတည့်ရင် ကောက်ထု ဖို့ ပေးထားတာ ရွာသားတွေ အတွက် ထိခိုက် မှုတွေ ရှိနိုင်လို့ အကုန်သိမ်းသွားလိုက်ပါ့မယ်။
    နောက်မှ အချိန်နဲ့ သွားရောင်းလိုက်မယ်.. ဟဲဟဲ 😛

    • Mr. MarGa

      February 14, 2013 at 2:13 pm

      ဆူးရေ
      အချိန်နဲ့ သွားရောင်းရင် ရှုံးနိုင်တယ်နော်
      ကြည့်တော့သာ ထုနဲ့ထည်နဲ့
      တကယ်တမ်းကျ ပေါ့ပေါ့လေးရယ်

  • Wow

    February 14, 2013 at 2:13 pm

    သစ်ခွဆိုတာ သစ်ပင်ကိုခွထားမှ ခေါ်တာမဟုတ်ဘူးလား…
    သူက မြေကြီးကိုခွထားတာဆိုတော့ မြေခွ… :mrgreen:

    • Mr. MarGa

      February 14, 2013 at 2:15 pm

      အင်
      မြေကို ဘယ်လိုခွတာလဲဟင်
      မသိလို့ နမူနာ ခွပြပါလား လို့
      (နောက်တာနော် အတည်)

      • Wow

        February 14, 2013 at 2:17 pm

        နေဦး … အင်အင်း.. အရောင်လှအောင် ဥရှစ်သီးစားလိုက်ဦးမယ် :harr:

        • Mr. MarGa

          February 14, 2013 at 2:19 pm

          အဲဒါကတော့ သစ်ခွ ဖြစ်လောက်ဘူးနော်
          အပေါ်က ပုံနဲ့ တူအောင်လုပ်
          ဒါဆို လက်ခံမယ် :mrgreen:

  • kyeemite

    February 15, 2013 at 4:20 pm

    ကိုမာဃ ပုံလေးတွေနဲ့တင်ပြမှပဲ တွေ့ဖူးတာဗျို့
    ဟုတ်ပဗျာ..တော်တော်ထူးတဲ့ပန်းပေပဲ..
    သင့်ခရုပါဗျာ..:mrgreen:

    • Mr. MarGa

      February 15, 2013 at 7:53 pm

      လေးမိုက်ရေ
      ကျွန်တော်လဲ ဟိုနေ့ကမှ ဟိုလှန်ဒီလှန်လုပ်ရင်း တွေ့တာပါဗျာ

Leave a Reply