ဖိုးကြား၊ မိုမို နှင့် ဆြာအုပ်
–
–
–
–
–
–
–
–
–
–
–
–
–
ဖိုးကြား ဆင်စခန်း
(19.310302,96.25216) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)
၁၉ ရက် မေလ၊ ၂၀၁၂ ။ ရန်ကုန်က မနက် ၅ နာရီလောက်ထွက်ကြတယ်. ၁၁၅ မိုင်ကို ၉ နာရီလောက်ရောက် ပြီး မနက်စာစား၊ ဆက်ထွက်ပြီးမနက် ၁၁ နာရီလောက်မှာ ရောက်တယ်… ဖိုးကြား ဆင်စခန်းဟာ ရန်ကုန်၊ မန္တလေး အဝေးပြေးလမ်းမဘေး မိုင်တိုင် ၂၀၄ နား မှာ ရှိပါတယ်.. ဆွာ၊ ပြီးရင် သာဂရ ကျော်ရင် အဝေးပြေးလမ်းပေါ်ကနေ ဘယ်ဖက်ကို ချိုးပြီး ပဲခူးရိုးမထဲကို ဝင်ရပါတယ်။ အရမ်းမဝေးပဲ ၁ဝ မိုင်လောက်မောင်းလိုက်ရင် တော့ ဖိုးကြားဆင်စခန်းကို ရောက်ပါတယ်.. အဲဒီမှာ ရှိတာက Asia Green Travels and Tours ကဖိုးကျား ဆင်စခန်းမှာ ဘန်ဂလိုလေးတွေ ဖွင့်ထားပါတယ်။ အဲဒီမှာ နားကြပါတယ်.. ဆင်တွေက တောထဲ လွှတ်လိုက်ပြီတဲ့.. ရောက်တဲ့ အချိန်က နေ့လည်ကြီး ဖြစ်နေတာကိုး .. တကယ်ဆို ရန်ကုန်က ညထွက် ဟိုကို မနက်ရောက်ဆို အိုကေတယ် .. ခုတော့ ဆင်တွေလဲမရှိ မောမောပန်းပန်းနဲ့ အိတ်ထဲမှာ ဘာတွေများပါမလဲလို့ ကြည့်လိုက်မိတော့ – – – – – – –
ဟိုက်ရှားဘား ဘယ်ကဘယ်လိုပါလာမှန်း မသိတာတွေပါလားး ကောင်းလေစွ ကောင်းလေစွ.. အမှန်တော့ ညကတည်းက ထည့်လာတာလေ.. တညလုံး ဖရီဇာထဲ ထည့်ထားတော့ အခဲတောင် မပျော်သေးဘူး .. တော်သေးတာပေါ့ အဲဒီမှာ သောက်စရာက ဘီယာချမ်း ကြီးပဲရှိတာ ကလား..
အမောပြေလေး သောက်ပြီးသကာလ ဆင်တွေကို တောနင်းရှာကြတာပေါ့.. ဘန်ဂလိုလေးတွေရဲ့ နောက်မှာ သဲချောင်းလေးရှိပါတယ်.. သဲချောင်းကို ဖြတ်ပြီး တောင်ပေါ်တက်ကြပါတယ်.. လွှတ်ထားတဲ့ ဆင်တွေရဲ့ ခလောက်သံ ကိုနားစွင့်ရင်းလိုက်ကြတယ်.. တောဆိုတာက သစ်ပင်ကြီးတွေနဲ့ မဟုတ်ဘဲ ချုံနွယ်ပိတ်ပေါင်း တွေနဲ့ တောသာဖြစ်ပါတယ်.. သစ်ပင်ကြီးကြီးဆိုလို့သိပ်မတွေ့ရဘူး အထဲသိပ်မရောက်လို့လဲ ဖြစ်ပါလိမ့်မယ်. ဆင်တွေကလဲ ကျူပ်တို့ တစ်တွေ အသံကြားတာနဲ့ လှစ်ခနဲ ပျောက်ပျောက် သွားကြတာ အရိပ်တောင် မမြင်ရပါဘူး.. နေ့လည်မှာ ဆင်တွေ တောထဲ လွှတ်ထားကြပြီး ညနေမှ ပြန်ရှာ ကြတယ် ပြောပါတယ်.. ကျုပ်တို့လဲ တောနက်ထဲက ဆင်တွေကို ၁၅ မိနစ်ကျော်ကျော်လောက် ဇွဲကောင်းကောင်းနဲ့ ရှာကြပေမယ့် ဘယ်လိုမှ မတွေ့ နိုင်တာနဲ့ လက်မှိုင်ချပြီး တပ်ပြန်ခေါက်လိုက်ပါတယ်.. လာလမ်းအတိုင်းပြန်ဆင်း သဲချောင်းလေး ကို ပြန်ရောက်တော့ ချောင်းရိုးလေးအတိုင်း ဆုန်ဆင်းကြပါတယ်.. ချောင်းက မိုးတွင်းဆိုရင် ရေရှိပေမယ့် အဲဒီအချိန်ကတော့ ခြေမျက်စိမြုပ်ရုံလောက်လေးပဲ ရှိပါတယ်..
သုံးရေကိုတော့ ချောင်းထဲကရေက တိုက်ရိုက်ခပ်ယူတာမဟုတ်ပဲ လက်ယက်တွင်းလေးလုပ်ပြီး ရယူသုံးဆွဲကြပါတယ်.. ချောင်းထဲက သောင်ပေါ်မှာ လက်နဲ့ယက်လိုက် တာနဲ့ ရေကစိမ့်ဝင်လာပါတယ်။ ဝင်လာတဲ့ ရေကို ချက်ချင်းမခပ်သးပဲ ခဏလောက်ထားလိုက် ပါတယ်.. သဲကနေစိမ့်ဝင်လာတဲ့ ရေဖြစ်တာကြောင့် ရေစစ်ပြီး သားဖြစ်တာကြောင့် ပိုပြီးကြည်လင် နေပါတယ်.. ရေချိုးတာကိုတော့ ချောင်းထဲမှာ ပဲချိုးကြပါတယ်
ခဏလောက်ဆင်း အပြီးမတော့ ချောင်းလေးကို ဟိုဘက်ဒီဘက် ထိုးထားတဲ့ ကြိုးတံတားကို တွေ့ပါတယ်.. ကြိုးတံတားကနေ တောင်တက် လမ်းလေးအတိုင်း တက် ကြပြီး ခရီးဆက်ကြပါတယ်..
၅ မိနစ်လောက် လျှောက် အပြီးမှာတော့ အိမ်တန်းလေး တစ်တမ်းကို တွေ့ရပါတယ်.. သစ်လုပ်သား ဆင်ထိမ်းတွေရဲ့ အိမ်လေးတွေ ဖြစ်ပါတယ်.. ရွာလို့ပြောရအောင်လဲ အိမ်က ၁၅ လုံးလောက်ပဲရှိတဲ့ ရွာအသေးလေးဖြစ်ပါတယ်.. ကလေးတွေအုပ်စုကတော့ ကျုပ်တို့နောက်လိုက်ပြီး ပျော်နေကြလေရဲ့..
နောက်ဆက်သွားရင် ရွာလေးတွေ ရှိသေးတယ် လို့လဲပြောပါတယ်. ဒါပေမယ့် ဆက်မသွား ချင်တော့တာကြောင့် ပြန်လှည့်လာခဲ့ကြပါတယ်..
နောက်ပြန်လှည့်လာကြပြီး ဆင်စခန်းကို ပြန်ရောက်လာကြပြီး စခန်း အနောက်ဖက်ကို ခရီးဆက်ကြပြန်ပါတယ်.. ၂ နာရီလောက် ရောက်လာတာနဲ့ မုန့်ဆိုင်လေး တစ်ဆိုင်မှာ ထိုင်ကြရင်း ထမင်းရှိတယ် ဆိုတာကြောင့် ရှိတာစားပြီး ဗိုက်ဖြည့် လိုက်ကြပါတယ်.. ထမင်းဆိုင် လက်ဘက်ရည်ဆိုင် မယ်မယ်ရရ မရှိပေမယ့် ဘီယာတော့ရပါတယ်.. ဒါပေမယ့် ဘီယာ ချန်း ကြီးဖြစ်နေတာကြောင့် မသောက်ခဲ့ပါဘူး.. ကိုယ့်ရိက္ခာ နဲ့ကိုယ် ပါလာတာကိုး.. စားနေကြရင်းနဲ့ ဟင်းရွက်ခူးထွက်ကြမယ် ဆိုတဲ့ အသံကြားတာနဲ့ ဟင်းရွက်ခူး ထွက်ကြတဲ့ ကလေးတစ်စုနဲ့ လိုက်သွားလိုက်ကြပါတယ်..
အလေ့ကျပေါက်တဲ့ ဇရစ်ဖူး၊ ဟင်းနုနယ် စတာလေးတွေကို ဟင်းစား အဖြစ်ခူးကြတယ်ပြောပါတယ် ဈေးရယ်လို့မရှိပဲ ဒီလိုပဲ တောထဲက အလေ့ကျပေါက်တာတွေကို ခူးစွတ်ကြတယ်လို့ သိရပါတယ်.. ဟင်းရွက် စိုက်ခင်းလဲရှိတယ်လို့သိရပါတယ်.. မြို့ပြနဲ့ အလှမ်းဝေးပြီး ဘာမှပကာသနမရှိ ရိုးရှင်းတဲ့ ဘဝလေးတွေကို ဒီလို နေရာလေးတွေမှာ တွေ့ရပါတယ်.
အဲဒီကနေ သဲချောင်းတစ်လျှောက် နာရီဝက်လောက် ပြန်ဆန်တက်လာကြပါတယ်. ချောင်းထဲမှာ ရေစပ်စပ်လေးနဲ့ သဲသောင်လေးတွေပေါ်မှာ လျှောက်ရတာ ဟာ တော်တော်လေးပျော် စရာကောင်းပါတယ်.. ရွံ့မရှိလို့ ဘာမှလဲမပေပါဘူး.. . အောက်ကအမာပေါ်မှာ လျှောက်ရတာ မဟုတ်တော့ ဖိနပ်ကို ခြေက ကုပ်ပြီးလျှှောက်နေရ တာ အစပိုင်းတော့ လျှောက်ကောင်းပေမယ်. နဲနဲကြာလာတဲ့ အခါမှာတော့ ခြေဖမိုးအောင့်လာပါတယ်. နောက်မလျှောက်နိုင်တော့ တာတဲ့ ဖိနပ် ချွတ်လိုက်ရပါတယ်..
ဆင်စခန်းကို ပြန်ရောက်တဲ့ အခါမှာတော့ ၄ နာရီလောက်ရှိပါပြီး.. နေ့လည်က လွှတ်ထားတဲ့ ဆင်တွေလည်း ပြန်ရောက်နေကြပါပြီ.. အရင်ကတော့ ဆင် ၁၅ ကောင်လောက်ရှိတယ် ဆိုပေမယ့် ခုတော့ ၅ ကောင်ပဲ တွေ့ရပါတယ်.. ခဏနေရင် ရေချိုးဆင်းကြမယ်ပြောပါတယ်.. ဆင်ပေါက်ကလေး တစ်ကောင်လဲတွေ့ရပါတယ်.. ဆင်ပေါက်ဆိုပေမယ့် ၃ နှစ်သားရှိပါပြီ..
၄ နာရီ ခွဲ လောက်မှာ တော့ ဆင်ထိမ်းတွေနဲ့ ရေချိုးဆင်းကြပါတယ်.. ဒါဟာ သူတို့ရဲ့သရုပ်ပြကွက်တွေလို့သိရပါတယ်.. ဆင်တွေရဲ့ ဘဝကို လေ့လာဖို့ တိုးရစ် တွေလာခဲ့ရင် ပြသကြတာ ဖြစ်ပါတယ်.. တကယ်ဆိုရင် မနက် ပိုင်းမှာ ဆင်တွေ နဲ့ တောထဲထိ စီးသွားြ့ပီး သစ်ဆွဲတာတွေ ကို လေ့လာနိုင်ပါတယ်.. ကျုပ်တို့က ရောက်တော့ဆင်တွေကို လွှတ်လိုက် ပြီးပြီ ဖြစ်တာကြောင့် ဘာမှ မတွေ့ခဲ့ရသေးတာ ဖြစ်ပါတယ်.
ရေချိုးဆင်းလာတဲ့ (အမှန်တော့ သရုပ်ပြလာတဲ့) ဆင်တွေကို ကြိုးတံတားလေးပေါ်က အပြေးလွှား ဓာတ်ပုံရိုက်ကြပါတယ်..
ရေချိုုးပြီး နောက်ပြကွက်ကတော့ သစ်ဆွဲတဲ့ ပြကွက် ဖြစ်တာကြောင့် သစ်ဆွဲမယ့်နေရာကို သွားကြပါတယ်.. မြေကွက်လပ်လုပ်ထားပေးပြီး သစ်လုံးတွေပုံထားပါတယ်.. ရေချိုးပြီးသွားတဲ့ ဆင်တွေထဲက ၂ ကောင် ရာက်လာပါတယ်.. ကျန်တဲ့ ဆင်တွေကတော့ ပြန်သွားကြပါတယ်..
အဲဒီထဲက ၂ကောင် ထဲက စွယ်စုံဆင်ကြီး က ပုံထားတဲ့သစ်လုံးတွေကို သယ်ပြပါတယ်.. နှာမောင်းနဲ့စွေ့ကနဲ ကောက်ယူပြီး အစွယ်ပေါ်ကို တင် နောက် ပါ့ပေါ့ပါးပါးလေး လိုပဲ သယ်သွားပါတယ်. သစ်လုံးသယ်ပြအပြီးမှာတော့ သူ့အခန်းပြီးသွားတာကြောင့် စွယ်စုံဆင်ကြီး ပြန်သွားပါတယ်..
နောက်ပြကွက်ကတော့ ဆင်ကလေးရဲ့ ဒုံးယိမ်းအက ဖြစ်ပါတယ်.. မြေကွက်လပ်မှာ သစ်တုံးလေးတွေ ထောင်ထားပြီး ဆင်ကလေးက အဲဒီ သစ်တုံး လေးတွေပေါ်မှာ တက်လိုက် ဆင်းလိုက်နဲ့ ၊ မတ်တပ်လဲရပ်ပြပါတယ်. ထိုင်လဲထိုင်ပြတယ်. ခြေလက် လေးတွေကို ဘယ်ညာ ယိမ်းပြီး ကပြ ပါတယ်။.
ညနေ ၅ နာရီလောက်မှာ တော့ ဆင်လေးတွေ အစွမ်းပြခန်းပြီးဆုံးပါတယ်။ ဒီနောက်မှာတော့ ကျုပ်တို့ အပြန်ကို သူတို့တွေနှုတ်ဆက်ကြပါတယ်.
. ကျုပ်တို့ကလဲ သူတို့ ကို အစာပြန်ပြီး ဝယ်ကျွေးကြပါတယ်.. ဆင်အစာဆိုတာ အဲဒီမှာ ကျုပ်တို့ သိထားတဲ့ ကြံမဟုတ်ပါဘူး.. မန်ကျီးသီးကို သကြားနဲ့ လုံးထားတဲ့ လက်သီး တစ်ဆုပ်စာ မန်ကျီးလုံး မိန်းကလေးတွေစားစားနေတဲ့ ဆေးမန်ကျီးလိုပေါ့ှဗျာ.. အဲဒါကို ၅၀ဝ ဖိုး ၂ လုံးရောင်းပါတယ်.. ဪ မန်ကျီးသီး လက် ၂ ဆုပ်စာကို ၅၀ဝ တဲ့.. ဆင်ကလေးတွေကတော့ ဒီမန်ကျီးသီးလုံးကို တော်တော် ကြိုက်ပုံရပါတယ်.. ကြံကို သူတို့ စားဖူးကြပါရဲ့လားလို့ တွေးမိပါတယ်..
ဆင်ကလေးတွေကို အစာကြွေး နှုတ်ဆက်နဲ့ ၅ နာရီ ခွဲလောက်မှာတော့ ဖိုးကြားဆင်စခန်းက ပြန်လာခဲ့ ကြပါတယ်..
ပုံပြင်လေးကတော့ ဒီလောက်ပါပဲကွယ် မောင်ညီမလေးတို့ တတွေလည်း လမ်းကြုံရင် ဆင်ကလေးတွေရှိတဲ့ ဖိုးကြားဆင်စခန်းကို အလည်သွား ကြပါလို့ တိုက်တွန်းလိုက်ပါတယ်ကွယ်..
နောက်လာမည့် post ကတော့ တလောက အပိတ်ခံလိုက်ရတဲ့ ညှို့မဂ္ဂဇင်းကို ဘော်ဘော်တယောက်ဆီ က ရထားတာကြောင့် ကြည့်ချင်ကြတယ် ဆိုရင်ဖြင့် ပြန်ပြီး မျှပေးမှာ ဖြစ်ပါတယ်ကွယ်.. အားလုံးပဲ ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာ ကြပါစေကွယ်..
30 comments
mobile(သူကြီးသမက်)
February 18, 2013 at 10:23 pm
ကိုစာအုပ်ရေ ပုံလေးတွေကိုကြိုက်လှပါ၏….
စာကိုဒေါ့ဖြင့် ဖတ်ရမှာပျင်းလို့ ကူးယူထားလိုက်ပါ၏…….
မဟာရာဇာ အံစာတုံး
February 18, 2013 at 10:56 pm
ချာအုပ်ရဲ့ ရိုက်ချက်တွေကတော့ဗျာ …
လန်ထွက်နေတာပဲ …
ယူသွားတဲ့ ရိက္ခာကလည်း စုံပါပေ့ … ဟေဟေ့ …
ဒါ့ထက် …
အစ ပထမ အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်တာ …
ဟိုတံတားပေါ်က လျောက်လာတာက …
မိုမို ဆိုတာကြီးများလားလို့ …
သေချာကြည့်မှ ဟုတ်မှ ဟုတ်ဘဲနဲ့ကိုးးး ဟဲဟဲ …
padonmar
February 18, 2013 at 11:29 pm
ရောက်ဖူးချင်တဲ့ နေရာကို စာအုပ် အစွမ်းနဲ့ ရောက်သွားပါတယ်။
padonmar
February 18, 2013 at 11:33 pm
ကြိုးတံတားပေါ်က အလန်ကွာတာမိန်းပေါ့
ရွာစားကျော် မင်းနန္ဓာ
February 19, 2013 at 12:06 am
ဆြာအုပ် ကင်မလာထဲ ထည့်တဲ့ ဖလင်လိပ်ကြီးတွေက ကြီးလှချည်လား
ပြီးတော့ အမည်းရောင်လည်းမဟုတ် စိမ်းစိမ်းကြီးတွေ ..
င်္FuJi Color Film ဆိုတာမဟုတ် Myanmar လို့လည်းပါသေး ဟီးးး
ရဲစည်
February 19, 2013 at 2:16 am
အနော် ပြန်သွားချင်တဲ့ နေရာလေးပါဗျာ ..
ဘဝအခြေနေမပေးလို့ ထပ်မရောက်ဖြစ်တော့တာ ..
တချိန်က ကြာခဲ့ပါပီ …
အဲ့ ဆင်စခန်းကနေ နောက်ထပ် ၁၄မိုင်လောက် ထပ်ဝင်သွားတဲ့ နေရာမှာပေါ့ …
………
………
………
………
………
………
……….
ဇာတ်လမ်းကတော့ဗျာ ..
……… ? ? ?
ဦး ကျောက်ခဲ
February 19, 2013 at 9:10 am
အဟဲ… ဆြာအုပ် သိသလောက်လေး ပွါးခွင့်ပြုပါဗျာ…
တကယ့်လက်တွေ့ဘဝမှာတော့ သစ်ကွင်းထဲမှာ ဆင်ကြွေးဖို့ မကျည်းမှည့်ဝေရင် ဆင်ဦးစီးရှေ့မှာ သေးပန်းပြီးမှဝေပါသတဲ့…
အဲလိုမှမလုပ်ရင် ဆင်ဦးစီးက ဆင်ကိုမကြွေးပဲ စားပြစ်လိုက်လို့ပါတဲ့…
တနေကုန်ဘယ်လိုပင်ပန်းပင်ပန်း ဆင်များရေချိုးတဲ့အချိန်ကတော့ ဇိမ်ပေါ့ဗျာ…
ချေးအတွန်းကောင်းတဲ့ ဦးစီးဆိုရင် ဆင်တွေကကြွေပါသတဲ့… ဆင်မာဆတ်ပေါ့ဗျာ…
အဲ… ဆင်တွေက အကောင်သာကြီးတာ ဆေးထိုးခံရတော့မယ်ဆို အသားဆတ်ဆတ်တုံနေတာပဲ…
ဆင်ဆရာဝန်ရဲ့ မော်တော်ဆိုင်ကယ်သံကြားရင်ကို သူတို့မှာဟိုပုန်းသည်ပုန်း… သွေးတွေကိုပျက်လို့…
အ ဟိ… ဆင်ထီးများကတော့ သူရို့အကြောလျှော့ရမယ့်ရက်ဆို အူမြူးနေတာခင်ဗျ…
ဘယ်လိုလျှော့သလဲတော့ မပြောတော့ဘူး…. ဟီ ဟိ
:harr:
ဂန္ဓာရီ ဆြာအုပ်
February 19, 2013 at 9:06 pm
အမရေး တော်သေးတာပေါ့ မစားမိလို့
လာရောင်းတဲ့သူတွေကတော့မိန်းကလေးတွေ
သူရို့ပန်းထားလားမသိဘူး..သေးစော်တော့မရဘူးဗျ.. ဟိဟိ
ဆင်အကြောက ဘယ်လိုလျှော့လဲဗျ လူလိုပဲလား 😛
Foreign Resident
February 19, 2013 at 10:06 am
” တလောက အပိတ်ခံလိုက်ရတဲ့ ညှို့မဂ္ဂဇင်းကို
ဘော်ဘော်တယောက်ဆီ က ရထားတာကြောင့် ”
ဒုတိယ အုပ်လားဟင် ။
ဖိုးကြား ဆင်စခန်း ကို အဖေါ်ကောင်းရင်တော့ ၊
တစ်ခါလောက် သွားဦးမှပဲ ။
ဂန္ဓာရီ ဆြာအုပ်
February 19, 2013 at 9:08 pm
အဘဖေါရေ
ပထမဘုတ်အုပ်ပါ
ဒုတိယ ဘုတ်အုပ်က မာယာတဲ့
kyeemite
February 19, 2013 at 11:00 am
ဆြာအုပ်ရဲ့ ပုံလေးတွေ ပြည့်စုံတော့
ကိုယ်တိုင်ရောက်သွားသလိုခံစားရပါတယ်ဗျာ…
သင့်ခရုပါဆြာအုပ်။
ကြောင်ဝတုတ်
February 19, 2013 at 1:09 pm
ဆင်ရေချိုးတာမြင်တော့ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က အကြောင်းလေး ခေါင်းထဲပြန်ဝင်လာတယ်…
ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မယ်ဆိုင် (မြန်မာနိုင်ငံနယ်စပ်)ကြားထဲမှာ မဲဆဆိုတဲ့သဘာဝဥယာဉ်လေးရှိတယ်…
အဲဒီမှာ ဆင်တွေရေချိုးတာကို ဝင်ကြေးပေးကြည့်ရတယ်…
အဲဒီမရောက်ခင်ညပိုင်းမှာလဲ ကလပ်တစ်ခုမှာ ဝင်ကြေးပေးပြီး ရေချိုးတာဝင်ကြည့်ခဲ့တာကိုး…
အဲဒီရက်ပိုင်း ရေချိုးတာတွေချည်းပဲကြည့်နေရတယ်လို့ နောက်ပြီးပြောခဲ့ဖူးတာလေး သတိရသွားလို့ပါ…
အခုလဲ ရေချိုးတာပြန်ကြည့်ရပြန်ပြီ… ဆင်လေးတွေရေချိုးနေကြတယ်… ခိခိ
ခင်မင်လျက်-
ဖက်ဖက်ကက်
ဂန္ဓာရီ ဆြာအုပ်
February 19, 2013 at 9:16 pm
တားတားရေချိူးတာကြည့်ချင်လဲ လာကြည့်လို့ရတယ်နော်
ဝင်ကြေးလုံးဝပေးစရာမလို
ရွှေတိုက်စိုး
February 19, 2013 at 1:14 pm
ကြိုက်တယ်ဗျာ……
ပုံတွေရော…အပေါ်က ကင်မလာအိတ်လေးရော……ခိခိခိ
awra-cho
February 19, 2013 at 1:15 pm
ဆင်ကြည့် ကြည့်တာမြင်ခဲ့လားဗျိူ့၊ ဆင်မယဉ်သာ လမ်းလျှောက်တာကော လှရဲ့လား၊ ဒါနဲ့ နှစ်ဘူးထဲတော့ လောက်ဘူးဗျ၊
မောင်ပေ
February 19, 2013 at 1:44 pm
ရိုက်ချက်တွေကတော့ တစ်ကယ်ကို စပါရှယ်ဝမ်းတွေပါကလား
ပုံအားလုံး ကို ကြိုက်တယ်ဗျို ့
နောက်တင်မယ် ဆိုတဲ့ ပို ့စ်ကို လဲ အမြန်ဆုံး ကြည့်ချင် ဖတ်ချင်လှပါပြီ ဆိုတာလေး
အဲဒါ အဲဒါ
mamanoyar
February 19, 2013 at 2:53 pm
ဆင်လေးတွေအရမ်းလိမ္မာတာပဲနော်
မိုက်တယ်
ကိုပေါက်(မန္တလေး)
February 19, 2013 at 3:18 pm
ဒီတစ်ခါတော့ ရွှေတိုက်စိုးအကို ဘိုအုပ်က မင်းသားကြီးပေါ့
မိုက်တယ်ပုံလေးတွေ ဒါမျိုးမရိုက်တတ်သေးဘူးဗျာ
ရွှေတိုက်စိုး
February 19, 2013 at 4:14 pm
ညီကိုဟုတ်ပါဘူး တရပ်ထဲသားတွေပါ ဂျာ လေးပေါက်ကလဲ……… အဟီးးးးးးးးးးးး
ဂန္ဓာရီ ဆြာအုပ်
February 19, 2013 at 9:19 pm
ဂလောက်ပြောနေကြရင်လည်း သွေးသောက်ညီအကို ဖွဲ့လို်က်တာပေါ့ဂျာ
ခိုင်ဇာ
February 19, 2013 at 5:05 pm
ဟယ်။
ဒုတိယပုံကြည့်ပြီး သတိရသွားတယ်။
အဖေလည်း Myanmar
အမေလည်း Myanmar
ကျနော်လည်း Myanmar ပဲ…… (ကြိုက်တယ်လို့)
surmi
February 19, 2013 at 10:22 pm
ကျေးဇူးပဲဆရာအုပ်
ကျုပ်က အဲဒီဆင်စခန်းကိုစိတ်ဝင်စားနေတာ
ခုကြည် ့တော ့ ခရီးသွားလုပ်ငန်းအနေနဲ ့ဖွင် ့ဖြိုးဖို ့ဆို အတော်လေးလိုသေတာပဲနော
လွန်ခဲ ့တဲ ့ဆယ်နှစ်နီးပါးကမိတ်ဆွေတစ်ယောက်ပြောပုံနဲ ့ယှဉ်ရင် တောပြုန်း သွားသလို
စခန်းကလည်း မတိုးတက်လာဘူးပဲ
အုပ်တွင်းနားက စိမ်ရေအပန်းဖြေစခန်း ရှိတယ် ။ရောက်ဖူးလားတော ့မသိ ။
ကျုပ်လည်း ဒီလိုမျိုးတွေသွားချင်တယ်ဗျ ။ စိတ်သွားတိုင်းကိုယ်မပါလို ့ ။
ဓတ်ပုံတွေကတော ့ အထူးပြောစရာကိုမရှိအောင်ကောင်းတယ်ဗျာ
အဲ ့ပုံလေးတွေ တွေ ့လိုက်ရလို ့လဲ ဒီပို ့စ်ကိုတောင်းဆိုမိတာ ။
ကျေးကျေး
ဂန္ဓာရီ ဆြာအုပ်
February 20, 2013 at 8:34 pm
ဟုတ်တယ် ဥစာမိ
တောကလဲ တော်တော်သဘောကောင်းတယ်
အမြဲကို ပြုံးနေတာပဲ ဟိ
စိမ်ရေ တော့မသိဘူး ရေတော့ ဆင်တွေနဲ့ ရောစိမ်လာခဲ့တယ်
ဪ ဥစာမိ က စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးကိုး ကျွတ်ကျွတ်ကျွတ်
အင်းပေါ့လေး အသက်ကရလာပြီဆိုတော့ ဟိဟိ
Ma Ei
February 20, 2013 at 9:52 am
မုံရွာ အလောင်းတော်ကဿဖ ဘုရားဖူးခရီးမှာ
ဆင်စီးရမှာကြောက်လို့ လမ်းလျောက်ခဲ့တယ်…
ဒါပေမဲ့ လမ်းမှာ ဆင်လာလို့ရှိရင် တောင်ရှိတဲ့ဘက်ခြမ်းကို
ကပ်နေပေးပြီးရှောင်ရတာမို့ သူဖြတ်သွားလို့ပြီးမှ အသက်ရှုနိုင်တော့တယ်…
Shwe Ei
February 20, 2013 at 5:29 pm
ဆင်လေးသနားစရာအေ။ အားမနာလျှာမကျိုး တက်စီးတဲ့လူကရှိသေး :harr:
Ghi Ghi ThE KiD
February 20, 2013 at 7:19 pm
ဟင်းရွက်ခူး ဆိုတဲ့ပုံလေးကို ထူးထူးခြားခြားကြိုက်မိပါကြောင်း.
ခင်တဲ့
ဂီ
မောင် ပေ
February 20, 2013 at 8:41 pm
ကြိုးတံတားပေါ်မှာ ရိုက်ထားတဲ့ ပုံကို ကြိုက်တယ်ဗျာ
ဒီရက်ပိုင်းတွင်း သဂျီးဆာဗာ ဘာဖြစ်နေလဲ မသိဘူး
ကွန်မင့်ရေးပြီးသားကို ပြန်မတွေ ့ရဘူး
ညလေး
March 8, 2013 at 5:48 pm
ဟင်းရွက်ခူး နဲ. ဆွဲမလို. ဆိုတဲ့ နှစ်ပုံ ကို …
တော်တော် ကြိုက်တယ် ဆြာအုပ်ရယ် …..
ခရီးဝေးပေမယ့် ပုံကောင်းကောင်းလေးတွေ အများရီး ရထားတော့ ….
မောတော့မောတာပေါ့ ဒါပေမယ့် မမောဝူးးး ဆိုသလို ပဲပေါ့နော်…
နေဝန်းနီ
March 8, 2013 at 9:18 pm
ဘီယာဗူးလေး သစ်ငုတ်ပေါ် ထောင်ပေးထားတော့ လက်တည့်စမ်းချင်တယ် လောက်လေးနဲ့ဖြစ်ဖြစ် လုပ်လိုက်ရ မလား ဆြာအုပ်
မဟာရာဇာ အံစာတုံး
March 15, 2013 at 11:09 am
တိုတိုအုပ် ရေ ….
ဒီနေရာ ရိုက်ပြီးရင်လည်း ကျုပ်နဲ့ လိုက်ခဲ့အုံး …
ဟိုမှာ ရွာ့လူကြီးတွေက ရွာ့ဘုရားပွဲမှာ ခညားကို ဒါ့ပုံရိုက်ဖို့ ခေါ်ခိုင်းလိုက်လို့ …..
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် ပါဗျို့ …
((စတစ်ကီပို့စ်))
ကိုင်း .. ကင်မလာသိမ်းဂျာ ……။
အာလူးကြော်နဲ့ မြန်မာကိုတော့ ကျုပ်ဆီ လှမ်းလိုက် …
ဒု – အတွင်းရေးမှူး
မဟာအံ