ဂေဇက်ဂျိုကာ မောင်အံစာအတွက် အမှတ်တရ
ဂေဇက်ဂျိုကာမောင်အံစာဆိုရင် တစ်ရွာလုံး မသိသူမရှိပါဘူး။
ဂေဇက်နဲ့ပတ်သတ်သမျှရွာသူားတွေထဲ ကျွန်မနဲ့အရင်းနှီးဆုံး ဝါသနာတူ ပြောမနာဆိုမနာ မောင်လေး
မောင်အံစာအတွက် မွေးနေ့လက်ဆောင်လေးကို အကြောင်းကြောင်းကြောင့် လိုင်းမကောင်းတဲ့အခက်အခဲကြားက ကျွန်မကိုယ်တိုင် တင်ဖြစ်လိုက်ပါတယ်။
မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်။
မွေးနေ့မှသည်
နောင်နှစ်များဆီဝယ်
ပျော်စရာအတိ
အောင်မြင်မှုပီတိတွေနဲ့
မျှော်မှန်းသမျှ
လိုတရပါစေသား
17 comments
ရွှေ ကြည်
February 17, 2013 at 6:57 pm
မနန်းရေ လှလိုက်တာနော် လုပ်တတ်လိုက်တာ ကြိုးစားပမ်းစားတင်ပေးလို့ မောင်အံတော့အရမ်းကျေနပ်နေမှာဗျ။
😆
padonmar
February 17, 2013 at 7:02 pm
အများအကျိုး ရွက်သယ်ပိုးတဲ့ မောင်အံ
ကိုယ့် အကျိုးတွေလည်း အောင်ပါစေ။
နန်းတော်ရာသူ လက်ရာလေး လှလိုက်တာ.
မောင်ပေ
February 17, 2013 at 7:59 pm
ဂေဇက်ဂျိုကာ
အပြတ်အိုရှာ
မနက်ဆိုလာ
တစ်ရက်ကြိုမှာ
ဟက်ပီဘက်ဒေးပါ
garuda
February 17, 2013 at 8:13 pm
အော်..အံဇာတုံး..ဆိုလို့..၀ဝပုပု ချစ်ရှာလေးလားလို့ အောင့်မေ့တယ်..လက်စသတ်တော့ ပိန်ပိန်ပါးပါး..မော်ဒယ် ဗွိုင်း ၄ ၉….။
thaung htutsoe
February 17, 2013 at 9:10 pm
Happy Birthday ပါ ကိုအံစာရေ
ဂဇက်အကျိုးဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ။
နန်းတော်ရာသူရေ ဖယောင်းတိုင်က ၄ တိုင်ဆိုတော့
ကိုအံစာ အသက်က ၄ နှစ်ထင်တယ်။
surmi
February 17, 2013 at 9:39 pm
လိုသမျှရ
တ သမျှရ
ပျော်စရာဘဝလေးပိုင်ဆိုင်နိုင်ပါစေ ။
မဟာရာဇာ အံစာတုံး
February 17, 2013 at 10:01 pm
ဂွတ်ထ (ခွက်ဒစ်တူ … စိန်ဗိုက်)
ဂွတ်ထ ယောက်ခမ ….
ရှဲရှဲ သန်းကျူးဘာ ယောက်ခမ …
အပေါ်ဂ မွေးနေ့ ဆုတောင်းပေးသွားဂျဒဲ့ …
မမရွှေကြည်၊ တီတီ ပဒုမ္မာ၊ ရောင်းရင်းကြီး၊ garuda၊ thaung htutsoe၊ ဦးဆာမိ …
တို့ကိုလည်း ကျေးဇူး အထူးပါ ခင်ဗျာ …
ဒါ့ထက် …
အိုက်ဒီထဲက ပုံကတော့ …
ဟိုးးး ဟိုးး ကဘေ့ကဘာက ရိုက်ထားတဲ့ ပုံသာ ဖြစ်ပါဂျောင်းးးး
ခု အံစာတုံး ကို တွေ့လိုပါက …
တန်းစီ ရမည် ထင်ဘာဂျောင်းးး ငွင်းး ငွင်းးး
aye.kk
February 17, 2013 at 10:12 pm
“အံစာအတွက်..
အန်တီအေး၏ဆုမွန်”
မွေးနေ ့မှသည်
ပျော်ရွှင်ပီတိ
ဂွမ်းဆီထိသို ့
စိတ်၏နှလုံး
ရွှင်ပြုံးချမ်းမြေ့
ဘဝင်မွေ ့ပျော်
ဂေဇက်ပေါ်တွင်
နှစ်လျှင်တစ်ရာတိုင်စေသော်။။
မဟာရာဇာ အံစာတုံး
February 17, 2013 at 10:25 pm
အန်တီအေး ခင်ဗျာ …
မွေးနေ့ဆုမွန် ကဗျာလေးအတွက်
ကျေးဇူး အထူးပါ ခင်ဗျာ ….
ဂဇက်ပေါ် နှစ်တစ်ရာ တိုင်ဖို့အရေးး
ဘဂျီးဆီ လျှောက်လွှာ တင်လိုက်အုံးမယ် …
တော်ကြာနေ သူဂ ကန်လွှတ်မှ ဒုတ်ခွ …
ဟဲဟဲ .. နောက်ဒါဘာ ခညာ …
လုံမလေးမွန်မွန်
February 17, 2013 at 10:26 pm
ယောက်ခမလက်ရာကို ဝင်ရောက်ချီးကျူးခြင်းဖြစ်ပါသည်…. Good.. Good.. Good.. Mom-in-law…
မွေးနေ့ဆုတောင်းကတော့ အကြိမ်တစ်ရာလောက် တောင်းပြီးဖြစ်လို့ ဒီပို့စ်ထဲမှာ မသိချင်ယောင်ဆောင်သွားပါသည်…
Mobile
February 18, 2013 at 3:31 am
ဪဒီဂနေ့ ကိုအံစာတုံးမွေးနေ့ကိုဗျ………………….
ကိုအံစာတုံး အသက် ၆၅ နှစ်ပြည့်မွေးနေ့မှာ ဆော်ချောချောလေးရပါစေ………
kyeemite
February 18, 2013 at 9:18 am
မဟာရာဇာမောင်အံဇာ
ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို
စိတ်လိုအင်ဆန္ဒများပြည့်ဝလျှက် ဖြတ်သန်းကျော်ဖြတ်သွားနိုင်ပါစေလို့..
ချစ်အကိုကြီး။။။
awra-cho
February 18, 2013 at 12:12 pm
သူတို့လိုပဲ ဗျို့ ဟီး အချောင်ခိုတာပါ၊ ဒါနဲ့ အံဇာဆိုလို့ လေးထောင့်ကြီးမှတ်နေတာ
မိုချို
February 18, 2013 at 1:14 pm
မောင်အံဇာ တစ်ယောက် အခု မွေးနေ့ မှသည် မကြာသော ကာလ အတွင်း အမြန် ဆုံး အို နိုင်ပါစေ ။
ကျုပ်ပြောတဲ့ ”အို ” က အိုမင်း မစွမ်း တာ ကို ပြောတာ မှုတ်ဘူးနော်။ သဘောပေါက်။
ညီမ နန်း ရေ ပုံလေးတွေ လုပ်ရတာကော ၊ တင် ရတာကော တော် တော် စိတ်ရှည် ရမယ် ထင်တယ်။ ချီးကျူး မိတယ်။ အမ ဆို အဲလောက် စိတ် ရှည်မှာ မဟုတ်ဘူး။
nozomi
February 18, 2013 at 2:23 pm
ကိုအံဇာကြီး ဒီထက် မျက်နှာ များနိုင်ပါစေ လိုချင်တာတွေ မတောင်းပဲ ပြည့်ပါစေ
kai
February 18, 2013 at 3:46 pm
ကလောက်..ကလောက်..
အံစာခေါက်…
ဟောကြည့်…
အနီတစက် ၁တဲ့..။
ထိပ်ရောက်စေသတည်း.. :harr:
Mr. MarGa
February 18, 2013 at 5:31 pm
အန်စရာအတုံးးးးးးးးးးးအန်စရာအတုံးးးးးးးးးးးးး
လူလဲ အန်စာတုံးလို လည်လည်ဝယ်ဝယ်နဲ့
ဘဝခရီးကို ပယ်ပယ်နယ်နယ် ဖြတ်သန်းနိုင်ပါစေကွယ်