“ချစ်စရာ လွမ်းစရာ ကြည်နူးစရာ မန္တလေး”
“ချစ်စရာ လွမ်းစရာ ကြည်နူးစရာ မန္တလေး”
အောင်ကျော်ချမ်းအေး မန္တလေး။
အုတ်ကျစ်ကျော်အေး မန္တလေး။
ရတနာပုံ ဆိုတဲ့ ရွှေမန္တလေး ။
အသက်ကလေးရယ်ရှည်စေဘို့
တောင်ရိပ်ခိုတဲ့ မန္တလေး။
ရှမ်းရိုးမနဲ့ မဝ်းဝံ
အတွင်းကိုဝင်နေတဲ့မန္တလေး၊
အလျံဝင်းပြောင်ရန်ကင်းတောင်
အောင်ပင်လယ်ရဲ့မန္တလေး။
မဟာမုနိရုပ်ရှင်တော်
ကိန်းစက်ပျော်တဲ့မန္တလေး။
ဧရာမြစ်မင်းရင်ခွင်တွင်း
သက်ဆင်းနေတဲ့မန္တလေး။
မင်းတုန်းအစ သီပေါအဆုံး
အုံးအုံးကြွက်ကြွက်
ပြည်ပျက်ခဲ့တဲ့မန္တလေး။
၁၃၀ဝမှာအာဇာနည်တွေပေါ်လာခဲ့တဲ့မန္တလေး။
အိမ်တော်ရာဘုရားဈေးနဲ့ အင်္ဂလိပ်ကိုအာခံခဲ့တဲ့မန္တလေး။
စိန်ဗေဒါ နေခဲ့တဲ့ မန္တလေး။
မမြရင်နေခဲ့တဲ့မန္တလေး
ဆရာတင် နေခဲ့တဲ့ မန္တလေး
မြမျိုးလွင် နေခဲ့တဲ့ မန္တလေး
မြို့မညိမ်း နေခဲ့တဲ့ မန္တလေး
ရွှေမန်းတင်မောင် နေခဲ့တဲ့ မန္တလေး
အမေမာ နေခဲ့တဲ့ မန္တလေး။
သေချာတာနှစ်တစ်ရာ့ငါးဆယ်ပြည့်ခဲ့တဲ့မန္တလေး။
ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးခြေရာတွေကျန်ခဲ့တဲ့မန္တလေး။
တစိမ်းတွေကြားမှာ အဆင်ပြေအောင်နေ နေရတဲ့မန္တလေး။
အတိတ်ခြေရာတွေကြောင့်လွမ်းစရာကောင်းနေတဲ့မန္တလေး။
အဝေးရောက်နေသူတွှေအတွက် တသသလွမ်းစရာမန္တလေး။
မီးရေရှား ခြင်များကိုက်ဖုံထူ နေကလဲပူတဲ့မန္တလေး။
သို့ပေသိ မွေးဇာတိမို့ ချစ်မဝတဲ့မန္တလေး။
ကြည်နူးစရာကောင်းလိုက်ပါတဲ့မန္တလေး။
ကျုံးရေပြင်စိမ်းမှောင်
နန်းမြို့ရိုးနီညိုရောင်
အိုုအိုဟောင်း
အတိတ်ကိုလွမ်းသယောင်ယောင်။
အော် …………………
မန္တလေး မန္တလေး မန္တလေး
မန္တလေး မန္တလေး
မန္တလေး
မ
န္တ
လေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။
(3-3-2013)
26 comments
MaMa
March 3, 2013 at 9:46 am
ကြိုကြိုကြားကြား ပုံကို အကြိုက်ဆုံးပဲ။
(မီးရေရှား ခြင်များကိုက်ဖုံထူ နေကလဲပူတဲ့မန္တလေး။
သို့ပေသိ မွေးဇာတိမို့ ချစ်မဝတဲ့မန္တလေး။)
ဆိုတာကို ထောက်ခံပါတယ်။ :hee:
ကိုပေါက်(မန္တလေး)
March 3, 2013 at 1:40 pm
မီးရေရှားတာကို ထောက်ခံတာလား
မွေးဇာတိမို့ချစ်တယ်ဆိုတာကိုထောက်ခံတာလား ကွဲပြားအောင်ဖြေဆိုပါ။
ခိုင်ဇာ
March 3, 2013 at 9:50 am
:byae:
:byae:
နေဝန်းနီ
March 3, 2013 at 12:43 pm
ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးခြေရာတွေကျန်ခဲ့တဲ့မန္တလေး။
တစိမ်းတွေကြားမှာ အဆင်ပြေအောင်နေ နေရတဲ့မန္တလေး။
ဆိုတော့ကာ သိပ်ပြီးသိပ်ငယ်နေပြီလားမန္တလေးရယ် မရောက်တာလဲ ကြာေ ပါ့
ကိုပေါက်(မန္တလေး)
March 3, 2013 at 1:43 pm
သိမ်ငယ်တယ်လို့တော့ မဆိုနိုင် အရင်လို ကိုယ်မပိုင်တော့တာတစ်ခုပါဘဲ။
ရွှေ ကြည်
March 3, 2013 at 12:47 pm
မန်း ဆိုတာ မြန်မာပြည်သားတွေ အလေးထားရတဲ့ ဒေသတခုပါ အခုတော့ မန်းခမျာ သူစိမ်းတွေကြားမှာအဆင်ပြေအောင်နေ နေ ရရှာပြီပေါ့။ နိုးထကြလော့ တို့မြန်မာတွေ ဒေါသ မောဟ တွေကြားတွေဝေမနေပဲ ရိုးသားကြိုးစားကြပါစို့။
ဒါ့ပုံတွေအရမ်းကြိုက်တယ် စိန်ပန်းတွေဝေနေပြီပေါ့..။
ကိုပေါက်(မန္တလေး)
March 3, 2013 at 1:45 pm
မယ်ရွှေကြည်ရေ
စိန်ပန်းပွင့်သေးဘူး။
အခုပွင့်နေတာက လက်ပန်
ရွှေ ကြည်
March 3, 2013 at 6:27 pm
သိဘူးလေ လေးလေးကစိန်ပန်းရေးထားလို့ ရွှေကြည်တောင်သေချာကြည့်မိသေး မျက်စိမှားတယ်ထင်နေတာ :harr:
ကိုပေါက်(မန္တလေး)
March 3, 2013 at 9:48 pm
အေးဟ ငါမှားတာ လက်ပံရေးတာ ဘယ်နှယ်စိန်ပန်းဖြစ်သွားတယ်မသိ။
တော်ပြိ ပြင်တော့ဘူးအေ့
lele
March 3, 2013 at 5:00 pm
မန ္တလေး က ချစ်စရာကောင်းပြီး ရာဇဝင်များနဲ ့ဂုဏ်ယူစရာမြို ့တော်ပါ..ရွှေကျောင်းနဲ ့ဗားကရာကျောင်း ကြီးကိုကြိုက်တယ်. ဒီနှစ် နားရက်မှာ မန ္တလေး ကိုသွားလည်ခဲ ့တယ်. ပထမ ဆုံး မန ္တလေး ရောက်ဖူး ခြင်းပဲ.
Mr. MarGa
March 3, 2013 at 5:18 pm
မန္တလေး
ဂုဏ်ပုဒ်တွေ အမျိုးမျိုးနဲ့ မန္တလေး
ဘယ်တော့တွေးတွေး မရိုးတဲ့ မန္တလေး
ဘယ်အချိန်ကြည့်ကြည့် ဆန်းသစ်မြဲ မန္တလေး
ဘယ်လိုဖြစ်ဖြစ် ချစ်နေဆဲ မန္တလေး
:hee:
မောင် ပေ
March 3, 2013 at 8:36 pm
သားစိုး ကတော့
မန်းတလေးက အလွမ်းတေးတွေ ကျွန်တော်မကြားခဲ့ပါ… တဲ့
မန်းတလေးက လမ်းမပေါ်မှာ မှာစူပါကပ်စီး … တဲ့
မဟာရာဇာ အံစာတုံး
March 3, 2013 at 8:46 pm
ငါ လာချင်တဲ့ မန္တလေး ….
ငါ ရောက်ချင်တဲ့ မန္တလေး ….
ငါ သွားချင်တဲ့ မန္တလေး ….
အခွင့်မကြုံသေးတဲ့ မန္တလေး ….
ဘော်ဘော်တွေ အားဂျီးရှိတဲ့ မန္တလေး ….
ငါ လာရင် ရှောင်လို့ပြေးမှာ တွေးပူမိတဲ့ မန္တလေး ….
မန္တလေး သူလေး တစ်ယောက်လောက် ရှာပေး .. ဝေးးး ဟေးး ဟေးး
ဖေပေါက်ဂျီး ….
ပုံတွေနဲ့ အတွေးကဗျာနဲ့ လိုက်ဖက်ပါပေ့ဗျာ …
ရှယ်ပဲဗျို့ …..
ကိုပေါက်(မန္တလေး)
March 3, 2013 at 9:56 pm
လာခဲ့ပါမန္တလေး
ချောင်မခို ပေါင်တိုတို နဲ့ မန္တလေး
မဟာရာဇာ အံစာတုံး
March 3, 2013 at 10:12 pm
ပေါင်တိုဒါဂျီးဒေါ့ ကျိုက်ဝူးးး
ခပ်ချောချောလေး အိမ်မှု နိုင်သူလေးမှ ကျိုက်မှာ ..
ချာထားပေးဘာ ဖေပေါက်ဂျီးရာ .. နော့ဂျ ..
ကိုပေါက်(မန္တလေး)
March 3, 2013 at 10:30 pm
ရှာထားပါဒယ်ဆိုမှအေ့
လာသာလာခဲ့
အဆင်သင့်ဖြစ်စေရမယ်
khin Theingi Tun
March 3, 2013 at 10:33 pm
Thank ko Pauk.
uncle gyi
March 3, 2013 at 11:20 pm
မန်းလေးသားပြီသပါပေ့ဗျာ
မန်းလေးသားဆိုတာဒါပဲ
ကိုယ့်ဒေသဘယ်လောက်မကောင်းမကောင်းဘယ်သူပြောပြောမကြိုက်
မရှိရှိတာကြံဖန်အမွန်းတင်တတ်တဲ့မန်းလေးသူမန်းလေးသားတွေ
အခုတော့လည်းပြိုင်ငြင်းနိင်သူအတော်တောင်နည်းသွားပါ့
ကိုပေါက်(မန္တလေး)
March 4, 2013 at 3:51 pm
မှန်ပါ့ အန်ကယ်ဂျီးရေ
မန်းလေးသူမန်းလေးသားတိုင်းလောက်က ဇာတိမြေကိုချစ်တာ သေချာပါတယ်။
ကိုယ်အိမ်ကိုယ်ချစ်တတ်မှသာ
ကိုယ့်ရပ်ကွက်
ကိုယ်မြို့ကိုယ့်ရွာ ကိုယ်နိုင်ငံ ချစ်တဲ့စိတ်အလိုလိုကိန်းအောင်းလာမှာအသေအချာပါဘဲ။
padonmar
March 3, 2013 at 11:51 pm
မွေးဇာတိ မဟုတ်ပေမယ့် ချစ်ခင်ရသူတွေ အများကြီးရှိတဲ့ မန်းလေးကို ချစ်ပါတယ်။
ကိုပေါက်(မန္တလေး)
March 4, 2013 at 3:54 pm
မန်းလေးသည်ချစ်စရာကောင်းသော မြို့တစ်မြို့လို့ ပြော၍ ကျေးဇူးတင်ပါ၏။
တစ်ဆက်ထဲပြောရရင် ဒီပိုစ်လေး ရေးဖြစ်အောင် အစဖော်သော
ဇွဲမာန်(အင်းဝ)ကိုလည်းကျေးဇူးတင်ပါ၏။
aye.kk
March 4, 2013 at 7:41 am
ကိုယ့်ထီးကိုယ့်ကြငှန်းနဲ ့စံမြန်းပျော်ခဲ့ဘူးတဲ့…မန္တလေး။
ရောက်ဖူးချင်သည့်….မန္တလေး။
တစ်ခါတစ်ခေါက်တော့အရောက်လာမယ်လေး။။
aye.kk
March 4, 2013 at 7:48 am
ကိုပေါက်ရေ
လက်ရာတွေလှလှ၊စာသားတွေကြွကြွရွရွ
အရောက်သာပြေးလို ့လာခဲ့ချင်ပါတယ်မန္တလေးကို။။
we R one
March 4, 2013 at 11:32 am
မန်းလေး ကို ဘုရားစူးရောက် ဖူးတယ်..။ ပြင်ဦးလွင်က နေ မနက်ဆင်းလာတယ်..။ မေလ ကြီးဆိုတော့ နေပူလွန်းလို့ အိမ်ထဲက အိမ်ပြင်မထွက်ရဘူး..။ ညနေ ရ နာရီလောက် ကားဂိတ်လာပြီး ကားစီး ပြီးရန်ကုန်ပြန်လာတယ်..။ ဟီး… တကယ်ရောက်ဖူးတာ ပါ.. မန်းလေးကို….။ 😛
အခုလည်း ကိုပေါက် ဒါ့ပုံတွေ ကြီး ပြီး.. သွားချင်လိုက်တာ……။
Anonymous
March 5, 2013 at 8:34 am
ကိုပေါက်။
ဓါတ်ပုံတွေကြည့်ပြီးမန္တလေးလာချင်မိတယ်။။
ကိုပေါက်(မန္တလေး)
March 5, 2013 at 11:06 pm
လာပါဗျ ဒါပေမယ့ ် အခုချိန်တော့ စ ပူနေပြီ