လူစွန့်စားမြင့်ကျော်နှင့် အော်သံ၏နောက်ကွယ် (စ/ဆုံး)
ပူအိုက်သော နွေဥတု၏တနေ ့သ၌ ……
ကျွန်ုပ် နှင် ့မိတ်ဆွေကြီးဖြစ်သူ ကိုမြင် ့ကျော်တို ့မှာ ကျွန်ုပ်၏ရုံးခန်းထဲတွင် လက်ဘက်ရည်သောက်ရင်း
ရှေးဟောင်း နှောင်းဖြစ်များကို ပြောဆိုနေခိုက် တပည် ့လေးတစ်ဦးမှ ဧည် ့သည်ရောက်နေကြောင်း
ပြောသဖြင် ့ အခန်းထဲသို ့လွှတ်လိုက်ရန်ပြောရလေသည် ။
များမကြာမှီ အခန်းဝ၌ အသက်အစိတ်ခန် ့ အမျိုးသမီးတစ်ဦး ဝင်လာသဖြင် ့ နေရာပေးပြီးလျှင်
လာရင်းကိစ္စကိုမေးရလေတော ့၏ ။
“ဆရာ ကျမ အမှုတိုင်ချင်လို ့ပါ… ”
“ရပါတယ် ပြောပါ .. လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ် …. ”
အမျိုးသမီးမှာ ကိုမြင့်ကျော်ကို တစ်ချက်ဝေ ့ကြည် ့ပြီး …
“ဒီလိုပါဆရာ ….. လွန်ခဲ ့တဲနှစ်ကဆုံးပါးသွားတဲ ့ ကျမ အစ်ကိုနဲ ့ ကျမအမေတို့သေခဲ ့ရတာ
သွေးရိုးသားရိုးမဟုတ်ဖူးလို ့ထင်လို ့ပါ … ပြီးတော ့အဲဒီအမှုကိုပြန်လိုက်စေချင်လို ့ ပါ ”
ကျွန်ုပ်မှာ မသက်မသာ ခေါင်းယမ်းမိရင်း
“မိန်းကလေးရဲ ့ အမှုက ဆရာဝန်စစ်ဆေးချက်နဲ ့ နှလုံးရောဂါကြောင် ့သေဆုံးတာဖြစ်လို ့
မီးသင်္ဂြို ခွင် ့ပြုပြီးမှပဲကွယ် …. အလောင်းတွေမှမရှိတော့ပဲ ဘယ်လိုပြန်လိုက်ရမှာလဲကွယ်”
“ကျမ ကတော ့စဉ်းစားပြီး မသင်္ကာဖြစ်နေတာ …အတိအကျမပြောတတ်ပေမဲ ့ တစ်ခုခုတော ့
တစ်ခုခုပဲဆရာ …..မကြာခင် ကျမတောင်အန္တရယ်ဖြစ်လေမလားမသိဘူး ”
“ဒါဆိုလဲ မိန်းကလေးအနေနဲ ့ ထင်မြင်တာကိုပြောကြည် ့ပါလား ကျုပ်တို ့လည်း တတ်နိုင်သမျှ
ကူညီပါ ့မယ် ”
ကိုမြင် ့ကျော်မှ ငြိမ်နေရာမှ ဝင်ရောက်ပြောဆိုသဖြင် ့ မိန်းကလေးမှ ကျွန်ုပ်ကိုလှန်းကြည် ့သဖြင် ့
“ဒီက တူမကြီးကို မိတ်ဆက်ပေးရဦးမယ် … အဲဒီဦးလေးနာမည်က ဦးမြင် ့ကျော် တဲ ့…
ဦးရဲ ့ မိတ်ဆွေပါဘဲ ပြီးတော ့ဦးတို ့ရဲ လုပ်ငန်းကို တစ်ဘက်တလမ်းက အကူအညီပေးနေတာပါ
တူမကြီးရဲ ့ ကိစ္စကို သူပဲကူညီလို ့ရမှာပါ …. ဘာဖြစ်လို ့လဲဆိုတော ့ အဲဒီအမှုက ပိတ်ပြီးသွားပြီဆိုတော ့
အလွတ်သဘော စုံစမ်းတာပဲ ကောင်းပါတယ် …ဦးမြင် ့ကျော်ကူညီပါလိမ် ့မယ် တူမကြီး ”
“ကျေးဇူးပါဘဲရှင် …. ဒါဆို ကျမ အစကနေပြန်ပြောပါ ့မယ် …. ဒီလိုပါ ………….
……… ကျမ အမေက လေဖြတ်ပြီး အောက်ပိုင်းသေနေတာပါ အဖေကတော ့ ကျမငယ်ငယ် ကတည်းက
ဆုံးသွားခဲ ့ပါတယ် …… ကျမအထက်က အစ်ကိုကတော ့ အသိညဏ်ဖွံ့ဖြိုးတာမပြည် ့စုံတဲ ့ စံလွဲ နေသူပါ
ကျမ ဖေဖေရှာခဲ ့တဲ ့ ဥစ္စာပစ္စည်းနဲနဲပါးပါးကို မကုန်အောင်ထိမ်းသိမ်းရင်း ကျမတို ့ ချွေတာပြီး နေခ ဲ ့ပါတယ်
ကျမကတော ့ အရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ် …… .. ဒီလိုနဲ ့ နေလာကြတာ တစ်နေ ့မှာတော ့….
အမေရဲ ့ မောင်ဖြစ်တဲ ့ကျမဦးလေးဟာ အိမ်ကိုပြန်ရောက်လာခဲ ့ပါတယ်….ကျမတို ့လည်း ပျော်တာပေါ ့ ရှင် …..
ဦးလေးနဲ ့ မတွေ ့ကြတာ ကျမငယ်ငယ် ကတည်းကဆိုပါတော ့ …. ဦးလေးက မြန်မာပြည်ပတ်ပြီး အလုပ်လုပ်
နေတယ်လို ့ ပြောတာပဲ ….အခုလို အဖေလည်းမရှိ အစ်ကိုကလည်း အားကိုးမရတဲ ့အချိန်မှာ ကျမတု ိ့အတွက်
အားရှိစရာပေါ ့ရှင် …. ဒီလိုနေလာရင်းနဲ ့ ပြီးခဲ ့တဲ ့နှစ် ခရစ်စမတ်ညမှာ …….. ”
မိန်းကလေးမှာ ဆက်တိုက်ပြောလိုက်ရသဖြင် ့ မောသွားဟန်ဖြင် ့ စကားခဏဖြတ်ရင်း ရှေ ့နားရှိရေခွက်ကို
ကောက်ယူမော ့လိုက်လေသည် ။ ပြီးနောက်…..
“အဲဒီညမှာ ကျမသူငယ်ချင်းရဲ ့ ခရစ်စမတ် ညစာစားပွဲကိုသွားတာပေါ ့ရှင် ….ကျမပြန်တော ့သူငယ်ချင်းက
စိတ်မချလို ့ လိုက်ပို ့ရှာပါတယ် …. ကျမတို ့ အတူတူလျောက်လာရင်းနဲ့ ့အိမ်နားလည်းရောက်ရော စူးစူးဝါးဝါး
အော်သံကြီး ကြားရတာပါပဲရှင် ….”
မိန်းကလေးမှာ စိတ်ထိခိုက်ဟန်ဖြင် ့ တစ်ချက်ရှိုက်ရင်း ….
“ကျမတို ့လည်း ကသောကမျော အိမ်ထဲပြေးဝင်တာပေါ ့ …..အိမ်ထဲရောက်တော ့ ကျမအမေဟာ ကုလားထိုင်
ပေါ်မှာ အရမ်းကိုထိတ်လန် ့ကြောက်ရွံ ့ခဲ့ပုံမျိုးနဲ ့ မျက်လုံးကြီးပြူးလို ့ သေဆုံးနေပါပြီ ….
ကျန်တာကတော ့ ဆရာသိတဲ ့အတိုင်းပါပဲ ….ရဲစခန်းအကြောင်းကြား … မှုခင်းဆရာဝန်နဲ ့စစ်ဆေး …ပြီးတော့
နှလုံးရောဂါကြောင် ့ သေဆုံးရတယ်ဆိုပြီး အမှုက ပြီးသွားတာပဲလေ …. ဖြစ်ချင်တော ့ ကျမဦးလေးကလည်း
အဲဒီနေ ့မနက်ကမှ ခရီးထွက်သွားတာ ဆိုတော ့ ကျမမှာ မိခင်သေလို ့ သောကရောက်ရတာတမျိုး ………
အခင်းဖြစ်ပွားလို ့ အမေးခံရတာတစ်ဘက်မို ့ တစ်ကယ်ကို စိတ်ညစ်ရတာပါပဲရှင် …”
ကျွန်ပ်လည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီးလျှင်
“မှန်ပါတယ် ကလေးမ အဲဒီအချိန်က မိန်းကလေးကတိုင်ချက် မဖွင့်တော ့ ကျုပ်တို ့အနေနဲ ့ ပုံမှန်စစ်ဆေးမှုသာ
လုပ်နိုင်ခဲ ့ပါတယ်လေ …”
ကိုမြင် ့ကျော်မှ စိတ်ဝင်စားလှသဖြင် ့ မျက်မှောင်ကုတ်ပြီး…
“ဆက်ပါဦး မိန်းကလေး …. မင်း အစ်ကိုကရော ဘယ်လိုသေခဲ ့ရတာလဲ ..”
“အစ်ကိုသေ ခဲ ့ရတာကလည်း သူ ့အိပ်ခန်းထဲမှာပါ … မနက်က အိပ်ရာထနောက်ကျလို ့ အခန်းထဲဝင်ကြည် ့
တော ့ အိပ်လျက် သေဆုံးနေတာတွေ ့ရပါတယ် ….ဒီတစ်ခါတော ့ သေမှုသေခင်းနဲ ့မဆိုင်လှဘူးထင်ပြီး
ကျမလည်း ခတ်ပေါ ့ပေါ ့တွေးပြီး နေခဲ ့ပါတယ် … အခုတော ့…..”
မိန်းကလေးမှာ ပြောရင်းဖြင် ့ထိတ်လန် ့လာဟန်ဖြင် ့ ဖြူဖတ်ဖြူရော်ပင်ဖြစ်လာသည် ။
“အခု ဘာဖြစ်နေလို ့လည်း မိန်းကလေး …” ဟု ကျွန်ုပ် က စကားထောက်ပေးလိုက်လေရာ …
“တစ်ခုခု တော ့ တစ်ခုခုပဲရှင် … ကျမလည်းမပြောတတ်ပါဘူး … တစ်ခါတလေ ညဘက်တရေးနိုးတဲ ့အခါမျိုးမှာ
တရွှီးရွှီး အသံလေးတွေတော ့ ခတ်တိုးတိုး ကြားမိတယ်ရှင် ့”
“ဖြေးဖြေးနဲ ့ စိတ်ဝင်စားဖို ့ကောင်းလာပြီဘဲ …ဆက်ပါဦးကလေးမ”
မိတ်ဆွေကြီး ကိုမြင် ့ကျော်မှစိတ်ဝင်စားစွာနားထောင်ရင်း စကားထောက်ပေးလိုက်သည် ။
” ကျမလည်း ဒီအကြောင်းတွေကို ကျမချစ်သူကိုပြောပြတော ့ သူက အမြန်ဆုံးလက်ထပ်ဖို ့
ပြောပါတယ်ရှင် …. ဒါနဲ ့ လက်ထပ်ဖို ့ကိစ္စကို မနေ ့ကပဲ ဦးလေးကိုဖွင် ့ပြောလိုက်တာပေါ ့”
ကျွန်ုပ်က “ဦးလေးကဘာပြောလဲမိန်းကလေး”
“ဦးလေးက ဝမ်းသာအားရသဘောတူပါတယ် တဲ ့ ကျမကိုတစ်ယောက်တည်းစိတ်မချဖြစ်နေတာ
ဆိုတော ့ သူစိတ်အေးရတာပေါ ့ တဲ ့”
ကိုမြင့်ကျော်မှလေးလေးနက်နက်စဉ်းစားရင် း …
“ဒါနဲ ့ ကျုပ်တို ့နှစ်ယောက် မိန်းကလေးရဲ ့အိမ်ကိုလိုက်ကြည် ့ချင်တယ် .. အဲဒါ ….”
” ရပါတယ်ရှင် … စိတ်ကြိုက် ကြည် ့နို်င်ပါတယ် … ”
မိန်းကလေးမှ လိုလိုလားလားပင်ဖိတ်ခေါ်သဖြင် ့ ကျွန်ုပ်နှင် ့ကိုမြင် ့ကျော်တို ့မှာ မိန်းကလေး၏ အိမ်သို ့
ထွက်ခဲ ့လေတော ့သည် ။ မိန်းကလေး၏ အမည်မှာ ယမုံ ဟုသိရလေ၏ ။
မိန်းကလေး နေထိုင်ရာ တောင်သူကုန်းရပ်ရှိ နေအိမ်သို့ ရောက်သော် ကိုမြင့်ကျော်မှာ ခြံဝန်းတစ်ခုလုံးအား
လှည် ့ပတ်ကြည်ပြီးမှ အိ်မ်ပေါ်သို့ ထက်လေတော့သည် ။ အိမ်မှာ တိုက်ခံနံကပ် အမျိုးအစားဖြစ်ပြီး
မိန်းကလေးမှာ အပေါ်ထပ်တွင်အိပ်လေသည် ။ အောက်ထပ်တွင်မူ အမေ၏ မောင်ဖြစ်သူ ဦးလေးနေသည် ဟု
သိရလေသည် . …။ ၎င်း ဦးလေးမှာ မနေ ့က ညနေတွင် ခရီးထွက်သွားသဖြင့် အောက်ထပ်ရှိ သူ၏ အခန်းမှာ
ပိတ်ထားလေ၏ ။
ကျွန်ုပ်မှာ ဒီကိစ္စအတွက် ကိုမြင် ့ကျော်ကိုအားနာသဖြင် ့ လိုက်ခဲ့ရသော်လည်း စိတ်မဝင်စားလှသဖြင့်
အပေါ်ထပ်တွင် ဟိုကြည့် ဒီကြည့်ဖြင် ့သာ ယောင်ချာချာ ဖြစ်နေလေတော့သည် ။ ထို့နောက် ထိုင်ခုံတစ်လုံး
တွင်ထိုင်၍ မဂ္ဂဇင်းဟောင်းတစ်အုပ်အား ဖတ်ခြင်းဖြင် ့ အချိန်ကုန်စေရလေ၏ ။
ကိုမြင့်ကျော်မှာ မိန်းကလေးကို သိခြင်သည့် အကြောင်းအရာများ မေးမြန်းခြင်း ၊ အောက်ထပ်သို့ ဖွင် ့ခိုင်း၍
ဝင်ကြည့်ခြင်း ၊ မိန်းကလေး၏ အိပ်ခန်းနှင် ့တစ်ကွ သူ၏မိခင်သေဆုံးခဲ့သည်ဆိုသော အခန်းများကိုကြည့်ရှုခြင်း
တို့အား အကျအနပင် အသေးစိတ် လေ့လာနေပေတော့သည် ။
အတော်ကြီးကျေနပ်အောင် ကြည့်ရှုပြီးနောက် …..
“ ကဲ အိုင်အိုကြီး … သွားကြစို့ဗျာ … … မိန်းကလေး မယမုံလည်း ကျုပ်ပြောတဲ့ အတိုင်းလုပ် ပေးပါနော်
အရေးကြီးမယ်ထင်လို့ပါ ..”
“ ကျမကို နည်းနည်းလောက် ကြိုမပြောနိုင်ဘူးလားရှင် …”
“အင်း….. ပြောချင်ပေမဲ့ သေချာဖို့ နဲနဲ လိုသေးလို့ပါ … ကျုပ်ကိုယုံပါ မိန်းကလေး ”
“ ယုံပါသော်ကောရှင် …. ကျမမှာလည်း မကြံတတ် ၊ မစည်တတ်နဲ့ဆိုတော့ ဦးလေးတို့ပဲ အားကိုးရတာပါ ”
“ကောင်းပြီလေ …. ဒါဆို ညကျမှပဲ အစီအစဉ်အတိုင်းလုပ်ကြတာပေါ ့ ”
ကျွန်ုပ်မှာ သူတို့ ဘာတွေပြောနေသလဲ ဟု စဉ်းစားရင်း မတွေးတတ်အောင် ရှိချေတော့သည် ။
အတွေ့အကြုံအရ အချိန်တန်ရင် မိတ်ဆွေကြီးကိုမြင့်ကျော်မှ ဖွင့်ပြောမည်ကိုကား သိပြီးဖြစ်လေ၏ …။
သို့နှင် ့ ….. မိန်းကလေးအိမ်မှ နှစ်ယောက်သား ပြန်ခဲ့လေတော့သည် ။
*****************************************************************
ဇတ်သိမ်းပိုင်း
ကျွန်ုပ်တို့နှစ်ယောက်သား မိန်းကလေး အိမ်မှထွက်လာပြီးနောက် ကိုမြင့်ကျော်မှာ လမ်းခွဲသွားလေ၏ ။
ထုံးစံအတိုင်း …ဘယ်ကိုသွားမည်ကိုမပြောဘဲ ညမှ ပြန်ဆုံကြရန်ချိန်းဆိုပြီးနောက် ကျွန်ုပ်လည်း စခန်းသို့
ပြန်ခဲ့ရလေသည် ။
ည(၇) နာရီ ခန့်တွင် ကိုမြင့်ကျော် ရောက်လာပြီး …..
“ ကဲ …. အဆင်သင့် ပဲလား အိုင်အိုကြီး …. သွားကြမယ် ….ခင်ဗျားဆွပ်နေကျ အနံ့ပြင်းပြင်း ရေမွှေးလည်း ယူခဲ့ပါဦးဗျ … ”
“ သွားတာတော့ ဟုတ်ပါပြီ … ကျုပ်လည်း နဲနဲတော့ ကြိုပြောပါဦး …”
“ ပြီးရင် ပြောပါ ့မယ်ဗျ … ခုတော့ ကျုပ်ပြောတဲ့အတိုင်း လုပ်ပေးပါဦး …. ဒါနဲ့ သေနတ်လည်းယူခဲ့ဦးနော်
လိုရမယ်ရပေါ့ဗျာ … ”
ကိုမြင့်ကျော်မှာ ပြောပြောဆိုဆိုဖြင့် တရားခံများအား ရိုက်လေ့ရှိသော တစ်လံလောက်ရှိသည့် ကြိမ်လုံးကြီးကို
ယူရင်း အပြင်သို့ ထွက်သွားလေ၏။
ကျွန်ုပ်မှာ သူ ့အကြောင်းသိပြီး ဖြစ်သဖြင့် အထွေအထူးမေးမနေတော့ပဲ တောင်သူကုန်းရှိ မယမုံ၏အိမ်သို့
ရှေးရှုပြီး ထွက်လာရလေသည် ။ လမ်းတွင် စကားတစ်ခွန်းမှ မပြောသဖြင့် ကျွန်ုပ်မှာ နေရခက်နေ
သေးတော့သည် ။
မိန်းကလေး ယမုံနေထိုင်သော လမ်းမရောက်မှီ တစ်လမ်းကျော်တွင် ကားကို ထားခဲ့ပြီး မိန်းကလေးအိမ်သို့
ခြံနောက်ဘက်မှ ပတ်ဝင်ခဲ့လေရာ မိန်းကလေးမှ အိမ်တံခါးကို အဆင်သင့် ဖွင့်ထားပေးလေသည် ။
မီးများကိုလည်း အမှောင်ချထားသဖြင့် ကျွန်ုပ်တို့ နှစ်ယောက် အိမ်ထဲဝင်ခဲ့သည်ကို မည်သူမျှမြင်မည်မဟုတ်ပေ။
ကျွန်ုပ်တို့လည်း မိန်းကလေး၏ အိပ်ခန်း ရှိရာသို့ လာခဲ့ပြီးလျှင် … ကိုမြင့်ကျော်မှ စီစဉ်လေတော့သည် ။
“ မိန်းကလေး ….ဟိုးအခန်းထောင့်ကစားပွဲပေါ်မှာ ုငြိမ်ငြိမ်လေးသာ ထို်င်နေပေတော့ … ဘာဖြစ်ဖြစ်
ဆင်းမလာခဲ့နဲ့ နော် …. ပြီးတော့ ဒီရေ မွှေးကိုလည်း တစ်ကိုယ်လုံးဆွပ် ထားလိုက် …ကဲ အိုင်အိုနဲ့
ကျုပ်နဲ့က ကုတင်ခြေရင်းက လိုက်ကာနောက်မှာ ငြိမ်နေကြစို့ …”
“ ဘယ်လောက်အထိလည်း ကိုမြင့်ကျော် ”
“ မပြောတတ်သေးဘူးဗျ …. ညသန်းကောင် လောက်ဆို ထူးခြားလာမယ်ထင်တာဘဲဗျာ …”
ကိုမြင့်ကျော်မှာ ကျွန်ုပ်အား လိုက်ကာကြားတွင်နေခိုင်းပြီးလျှင် မိန်းကလေးကုတင်ပေါ်၌ လူအိပ်နေသော
အသွင်ပြုလုပ်၍ စောင်တစ်ထည်အား လွှမ်းခြုံပေးလိုက်လေတော့သည် ။
တစ်စက္ကန် ့ …….
နှစ်စက္ကန် ့ …… သုံးစက္ကန် ့ ……..
ကျွန်ုပ်မှာ စက္ကန် ့များကို ရေတွက်ရင်း ကုန်နိုင် ခဲလှသော စောင့်စားချိန်တို့ကို စိတ်မရှည်စွာ ဖြတ်ကျော်
နေရသော်လည်း ကိုမြင့်ကျော်မှာကား … ကုတင်ထက်သို့သာ စူးစူးစိုက်စိုက်ကြည့်ရင်း အသင့်အနေအထား
ဖြစ်နေသည်ကို အံ့ဩစွာ တွေ့မြင်ရလေသည် ။ ကျွန်ုပ်လည်း ဂျိန်းစ်ဘွန်း စတိုင်ဖြင့်ချိုင်းအောက်တွင်
လွယ်ထားသော သေနတ်ကို မကြာခဏ စမ်းကြည့်ရင်း …သေနတ်ပစ်ညံ့လှသော ကိုယ့်အဖြစ်ကို
အားမလို အားမရပင်ဖြစ်နေမိသေးသည် …။
အတော်လေးပင် စောင့်လိုက်ရပြီးနောက် သန်းကောင်ချိန်သို့ရောက်လာလေပြီ …။
မကြာပါ …အိမ်အပြင်ဘက်ဆီမှ..… ရွှီး..ရွှီး …ဟူသော တိုးညှင်းသည့် အသံလေး ဆက်တိုက် ထွက်ပေါ်
လာတော့၏ ။ ကိုမြင့်ကျော်မှာ ကျွန်ုပ်အား လက်ကုတ်၍ အချက်ပြလေသဖြင့် သေနတ်ကို အသင့်ဆွဲထုတ်ရင်း
နေရယူလိုက်ရလေသည် ။ တစ်မိနစ်ခန် ့ မရှိတရှိ တွင်မူ နောက်ထပ် ..ရွှီ ကနဲ အသံကြားပြီးသည့်နောက်
မိန်းကလေး၏ ကုတင်ထက်ဆီမှ ….ဘုတ်…..ဘုတ်..ဟု အသံနှစ်ချက် ထွက်ပေါ်လာလေရာ ကိုမြင့်ကျော်မှာ
မီးခလုတ်ကိုဖွင့်၍ ကုတင်ပေါ်မှ သတ္တဝါနှစ်ကောင်အား ကြိမ်လုံးဖြင် ့ မရပ်မနား ရိုက်နှက်လေ၏ ။
ကျွန်ုပ်လည်း သေနတ်ကိုင်၍ နေရာယူရင်း ကြည့်လိုက်လေရာ အလွန်အဆိပ်ပြင်းလှသော …
တောကြီးမြွေဟောက်နှစ်ကာင်ဖြစ်နေသည်ကို ထိတ်လန့်ဖွယ် မြင်ရလေတော့သည် …။ထိုအခိုက် ……
အိမ်အောက်ဘက် မှောင်ရိပ်ဆီမှ လူရိပ်သဏ္ဍန်တစ်ခု သည် ခြံပြင်သို့ ပြေးထွက်သွားလေရာ ….
“ အိုင်အိုရေ …မြန်မြန်လိုက်ဗျို့ ့ ….. အဲ့ဒါ တရားခံပဲ ……”
ကျွန်ုပ်မှာ မီးမှောင်မှောင်တွင် ကမန်းကတမ်း ပြေးထွက်၍ ..
“ ဟေ့ ….. မပြေးနဲ့ ..ရပ် …”
မည်မျှလျှင်မြန်စွာ လိုက်စေကာမူ ကျွန်ုပ်မှာ နေရာဒေသမကျွမ်းခြင်း ….၊ မီးမှောင်မှောင်နှင့် မြင်ကွင်းမရှင်းခြင်း
အပေါ်ထပ်မှ စမ်းတဝါးဝါး ဆင်းရခြင်း တို့ကြောင့် ရှက်ရှက်နှင် ့ ဝန်ခံရပါမူ ထိုလူရိပ်မှာ လွတ်မြောက်သွား
ခဲ့ရပါသည် …။
“ဟေးး ..လူ …ရပ်စမ်း …..ပစ်လိုက်မယ် …”
ကျွန်ုပ်လည်း ပါးစပ်မှအော်ရင်း ထိုလူရိပ်ပြေးရာ လမ်းထိပ်သို့ အပြေးတပိုင်းလိုက်ခဲ့လေသည် ။
ကျွန်ပ်ကံကောင်း သည်လားမဆိုနိုင် ….. တရားခံ ဟုယူဆရသူမှာ လမ်းထိပ်တွင် ဆိုက်ကားသမားများ
ဝိုင်းဝန်းဖမ်းဆီးထားသဖြင့် ကျွန်ုပ် လက်ထိတ်ခတ်နိုင်ခဲ့ပါသည် ။ နောင်တွင်သိရသည်မှာ ထိုဆိုက်ကားသမားများ
သည် ကိုမြင့်ကျော်မှ ကြိုတင်စီစဉ်ခဲ့သူများဖြစ်နေခဲ့သည် .. ဟု……။
ကျွန်ုပ်တို့လည်း သက်ဆိုင်ရာ ရပ်ကွက်လူကြီးများနှင့် အတူ နယ်မြေခံရဲ၏အကူအညီဖြင့် တရားခံဟု
ယူဆရသော မယမုံ၏ ဦးလေး ဦးကျော်တင့် အားစခန်းသို့ ခေါ်ဆောင်လာခဲ့၏ ။ စခန်းရောက်သော်
ထွက်ဆိုချက်ယူရန် ပြင်ဆင်ခြင်း ၊ သက်သေခံပစ္စည်းများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခြင်း စသော
ဝတ္တရားများ ဆောင်ရွက်ရလေသည် ။ ကျွန်ုပ်လည်း ဖြောင့်ချက် ယူရန် ဂတ်စာရေးကြီးကိုမှာကြား၍
နာရီကြည့်သောအခါ နံနက် (၃)နာရီ ပင်ရှိနေလေတော့သည် ။
ဗိုက်လည်း အတော်ဆာနေပြီဖြစ်သလို အဆိုပါ အမှုအား ကိုမြင့်ကျော်တစ်ယောက် မည်သို့ ကောက်ချက်
ဆွဲခဲ့သည်ကို သိချင်လွန်းသဖြင် ့ နှစ်ဦးသား မြေနီကုန်းရှိ လောကနတ် လက်ဘက်ရည်ဆိုင်သို့ ထွက်ခဲ့
သည် ။ ဆိုင်သို့ရောက်၍ စားသောက် ဖွယ်ရာများမှာကြားပြီးနောက် …….
“ ကဲ …. ကိုမြင့်ကျော် …. ခင်ဗျားကျုပ်ကို ထပ်မနှိတ်စက်နဲ့တော့ဗျာ … ဒီအမှုကို ဘယ်လိုကောက်ချက်ဆွဲခဲ့
တယ်ဆိုတာ ကျုပ်နားလည်အောင်ရှင်းပြစမ်းပါဦး … ကျုပ်မှာ ခင်ဗျားခိုင်းတဲ့အတိုင်း ဘုမသိဘမသိ
လုပ်နေရတာ…”
“ ရှင်းပြပါ့မယ် အိုင်အိုရယ် …. ကျုပ်မှာ ဒီတစ်ပွဲတော့ လွဲခဲ့ရင် အတော်ကြီးကို မျက်နှာပျက်ရမှာ……
ဒါကြောင့် ရှင်းပြချိန် မရဘဲ အချိန်လုပြီးလုပ်ခဲ့ရတာဗျို ့ ….”
ဟု ကိုမြင့်ကျော် မှပြောရင်း ဆေးလိပ်မီးခိုးများ မှုတ်ထုတ်လိုက် လေသည် ။
“ဒီလိုဗျ ….. ကောင်မလေးပြောတဲ့ထဲမှာ နှစ်ခုထူးခြားနေတာလေးကို စသတိထားမိတာ … ပထမအချက်က
တိုက်ဆိုင်မှုဖြစ်နိုင်တယ်ဆိုပေမဲ့ သူ့ဦးလေးဟာ အိမ်သားတွေသေတိုင်း ခရီးသွားနေတာ ဖြစ်နေတယ် …
ဒုတိယအချက်က ….. ညသန်းကောင်ကျော်တွေမှာ ရွှီး ရွှီး ဆိုပြီး အသံတိုးတိုးကြားတယ်လို့ ဆိုပြန်တယ် ..
အဲဒီမှာပဲ ကျုပ်လည်း သူ့အိမ်ကိုလိုက်ကြည့်ချင်စိတ်ပေါက်သွားတာပဲဗျ …။”
“အင်း….ဆက်ပါဦး…. အသံကိစ္စကိုတော့ကျူပ်က ကယောင်ကတန်း ကြားတယ်ဘဲထင်တာ …”ဟု
ကျွန်ုပ်ကပြောလျှင်
“ အဲဒါက အဓိကအချက် ဖြစ်သွားတာဗျို ့ … ကျုပ်တို့ အိမ်လည်းရောက်ရော ဒီအမှု ဖေါ်နိုင်ဖို့ ၈၀%
သေချာသွားတော့တာပဲ … အဲ …. ပိုသေချာသွားအောင်တော့ တစ်ချို ့ လူတွေနဲ့ သွားတွေ့ရတာပေါ ့
ကဲ .. ခင်ဗျားကိုရှင်းအောင်ပြောရရင် .. သူ့ဦးလေးဆိုသူကစရမှာပဲ .။ ဦးလေးဟာ နယ်လှည် ့ အလုပ်
လုပ်သူလို့ ပြောထားတယ်မဟုတ်လား … ကျုပ် သူအခန်းလည်းရောက်ရော သူ့အလုပ်အကိုင်ကို
မှန်းမိတာဘဲ ။ အခန်းထောင့်က ချောင်ထဲမှာ ဘာသွားတွေ့လည်းဆိုတော့ ကျုပ်တို့ဗမာပြည်က
မြေဝိုင်းမျက်လှည် ့ဆရာတွေသုံးလေ့ရှိတဲ့ ဆေးကြိမ်လုံး အဟောင်းတစ်ခု တွေ့လိုက်ရတယ် …
ပြီးတော့ … ကုတင်အောက်မှာ သစ်သားသေတ္တာလေးနှစ်လုံးကိုလည်း တွေ့ရပြန်တယ် …ပြီးတော့…”
ကိုမြင့်ကျော်မှာ စကားခဏဖြတ်ပြီး ရေနွေးကြမ်း တစ်ခွက်အား မော့လိုက်လေသည် …။
“ပြီးတော့ …ဘာဆက်တွေ့ သေးလဲဗျ …”ကျွန်ုပ်က စိတ်ဝင်စားစွာ မေးလိုက်လျှင် .. ….
“ နောက်တစ်ခုတွေ့တာကတော့ တစ်တောင့်ထွာပတ်လည်လောက်ရှိတဲ့ သင်္ကန်း အပိုင်းခတ်ဟောင်းဟောင်း
တစ်ထည်ပဲ …. အဲဒီမှာ ကျုပ်က သူ့ကို နယ်လှည့်မြေဝိုင်းမျက်လှည့်ဆရာလို့ တန်းသိလိုက်တာဗျို ့ …”
“ နေပါဦးဗျ ….. မျက်လှည့်ကြိမ်လုံးတော့ ဟုတ်ပါပြီ … ဒါပေမဲ့ သေတ္တာရယ် ..သင်္ကန်းစုတ်တစ်ထည်
တွေ့တာနဲ့ မျက်လှည့်ဆရာလို့ ကောက်ချက်ချရတာလဲဗျ …”
“ဒီလိုဗျ အိုင်အိုကြီးရ …. နိုင်ငံခြားက မျက်လှည့်ဆရာတွေက အဝတ်စသုံးစရာရှိရင် အဖြူရောင်ကိုသုံးလေ့
ရှိကြတယ် .. ကျုပ်တို့ လူမျိုးမျက်လှည့်ဆရာတွေကတော့ ဘယ်ဘုန်းကြီးရဲ့ ့သင်္ကန်း ..ဘယ်ဆရာရဲ့ ့
သားတပည့်မို့ စသည်ဖြင့်ပေါ့ဗျာ …. လူရှိန်အောင် သင်္ကန်းစနဲ့ ဟန်ရေးပြတာပေါ ့ …. အဲ သေတ္တာကတော့
ဗမာမျက်လှည့် ဆရာအားလုံးနီးပါးက မြွေလမ္မယ် ပါတတ်တယ်လေဗျာ …မြွေသေတ္တာပေါ ့ …. ”
“ခင်ဗျား စဉ်းစားတော့လည်းဟုတ်နေတာပဲ ….. ကျုပ်တို ့ကတော့ မတွေးတတ်ပေါင်ဗျာ …. ကဲ ဆက်ပါဦး ”
“ ဒီအချက်တွေ တွေ့တော ့ ကျုပ်အဖို့မှာ စဉ်းစားရလွယ်သွားပြီဗျ …။ ကျုပ်တွေးလုံးမှန်မမှန် သူ့အမေရဲ့ ့အခန်း
ကိုသွားပြီး ထုတ်တန်းတွေပေါ်ကိုတက် ၊ ….ဆယ်ဆချဲ့ ့မှန်ဘီလူးနဲ့ ကြည့်တော့ မြွေတစ်ကောင်
တွားသွားထားတဲ့ အရာမျိုးတွေ့ရတယ် … ရှင်းပါတယ် …. အဖွားကြီးကို မြွေနဲ့ တိုက်သတ်ဖို့ လုပ်ရာမှာ..
နဂိုကတည်းက သွေးတိုး နှလုံးရောဂါတွေကြောင့် လေဖြတ်နေသူဆိုတော့ လန့်ပြီး အသက်ထွက်သွား
ပုံရပါတယ်….. သူ့ရည်ရွယ်ချက်က အားလုံးကိုသတ်ဖို့ ကြိုးစားမှာလေ ..ဒါမှ ဆွေမျိုး ရင်းချာမရှိတဲ့ အတွက်
အိမ်နဲ့ တကွ အားလုံးသူရမှာပေါ ့ …. ”
“အိမ်က ဘယ်လောက်များတန်လို့လဲဗျာ… ဒီလောက် လူတွေသတ်ဖို့ ကြိုးစားနေတာ ”
ကျွန်ုပ်က စိတ်ပျက်စွာ ညည်းမိသည် ။
“ဟို တုန်းကတော့ ဘယ်တန်မလဲဗျာ ..ခုတော့ ကျုပ်စိတ်ထင် သိန်း (၅၀၀) နဲ့ (၁၀၀၀) ကြားလောက်တော့
တန်မယ်ဗျ … သူလို နယ်လှည် ့ မျက်လှည့်ဆရာအတွက် ဒီလောက်ငွေကြေးဟာ အတော်ကြီးများတာပေါ ့
အဲဒီမှာပဲ နောက်တစ်ယောက်ကို ထပ်သတ်တယ်ပေါ့ … ဦးနှောက်ညဏ်မပြည့်ဝသူဖြစ်တဲ့ ကောင်မလေးရဲ့ ့
အစ်ကို ကတော့ သူ့အဖို့ သတ်လို့ အလွယ်ဆုံးပေါ ့ဗျာ …. သာမန် သေဆုံးတာပဲဆိုပြီး မီးသင်းဂြိုလိုက်တော့
ဘာမှ စစ်ဆေးမှုမလုပ်ဖြစ်ဖူးလေဗျာ.… ကျုပ်ကတော့ ဖြေးဖြေးခြင်း သေနိုင်တဲ့ အဆိပ်တစ်မျိုးမျိုး ကျွေးထားတယ်
လို့ ထင်တာပဲ …. ခုနောက်ဆုံး ကောင်မလေးအလှည့်ကို စောင့်နေတာ …. … ကောင်မလေးက လက်ထပ်
တော့မယ်လည်းဆိုရော အမြန်သတ်ဖို့ ကြိုးစားတော့တာပေါ ့ဗျာ ”
“’ဒါနဲ့ …ကောင်မလေးကို ဘာလို့ အရင်မသတ်လဲဗျ ”
“ ကောင်မလေးက သူ့အတွက် အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ သက်သေပဲလေ … သူခရီးထွက်တာကို
သိထားတဲ့ ကောင်မလေးက အလီဘိုင်ပေးမှာပေါ ့ … ဒါကြောင့်နောက်ဆုံးမှ သတ်ရတာ ….. ”
“’ကျုပ်လည်း သူဘာလုပ်တော့မယ်ဆိုတာ မှန်းဆရင်း သေချာအောင် လူတစ်ယောက်ဆီမှာ သွားစုံစမ်း
ခဲ့သေးတာပေါ့ …အဲ့ဒီလူက အရင်တုန်းက ဆူးလေအဝိုင်းနားမှာ မျက်လှည့်ပြတဲ့ ကုလားအဖိုးကြီးဘဲ …
ဒီအဖိုးကြီး မြောက်ဒဂုံမှာနေတာသိထားတော့ သူ့အိမ်လိုက်ပြီး မြွေတွေအကြောင်းမေးတာပေါ ့ဗျာ …။
ကံကောင်းချင်တော့ …. ကောင်မလေးရဲ့ ့ဦးလေးဟာ သူ့ဆီမှာ မြွေတွေကိုထိန်းကျောင်းစေခိုင်းတဲ့ပညာ
သင်သွားဖူးတယ် တဲ့ဗျ …အိန္ဒိယ တိုင်းသားများဟာ တရိစ္ဆာန်ကို လေ့ကျင့်ပေးတဲ့နေရာမှာ သိပ်ပိုင်တာပေါ့ …
အဲ ့ဒီမှာ ဘာသိလာရသလဲဆိုတော ့ ကျုပ်တွေးထင်မိတဲ ့အတိုင်းမြွေကို အသံနဲ ့ထိန်းချုပ်စေခိုင်းတာပဲ… ဒါကြောင့်
ညသန်းကောင်ချိန်မှာ ရွှီး ရွှီး ဆိုတဲ ့အသံခတ်တိုးတိုးကြားရတာပေါ့ဗျာ .. ”
ကျွန်ုပ်က အံ့ဩစွာဖြင် ့…..
” ပလွေ သံနဲ့မြွေခေါ်တယ်ဆိုတာတကယ်ဘဲကိုး ဗျ ”
“ပလွေ နဲ ့မဟုတ်ဖူး အိုင်အိုရဲ ့ ….. ကျုပ်လည်း အစကပလွေလို ့ဘဲထင်ထားတာ ကုလားအဖိုးကြီးဆီရောက်မှ
ကြေးပိုက်သေးသေးလေးနဲ ့လို ့သိရတာ …”
” ဘယ်လိုများလဲဗျ ကိုမြင် ့ကျော်”
“ဒီလို အိုင်အိုရဲ ့… လက်နှစ်ဆစ်လောက်ရှိတဲ ့ ကြေးပိုက်လေး သုံးချောင်းကို မတူတဲ ့အသံ သုံးမျိုး ထွက်စေပြီး
မြွေ တွေကိုလေ ့ကျင့်ပေးထားတာဗျို ့ ။အသံတစ်မျိုးကတော ့နောက်ဆုံး ပစ်မှတ်ကို ကိုက်စေတာပေါ့ဗျာ…”
“မြွေတွေက ပစ်မှတ်ကိုဘယ်လိုလုပ်ပြီး သိသလဲဗျ ” ကျွန်ုပ်မှာ နားမလည်စွာ မေးမိသည် ။
ကိုမြင် ့ကျော်မှာ ပိုင်နိုင်သော အပြုံးဖြင် ့….
“ဟဲဟဲ မေးမှမေးပါ ့မလားလို ့ အိုင်အိုရယ် ….. ကိုယ်နံ ့ပေါ ့ဗျာ ကိုယ်နံ့ …. သူ ့ဦးလေး ဦးကျော်တင့်ရဲ ့ အခန်းထဲမှာ
လွန်ခဲ ့တဲ ့နှစ်လလောက်က ပျောက်သွားတဲ ့ မျက်နှာသုပ်ပဝါ အဟောင်းတစ်ထည်ကို ပြန်တွေ ့ရသဗျာ ….
အဲဒါတွေအားလုံးပေါင်းစပ်စဉ်းစားကြည် ့တော ့ ဦးကျော်တင့်ဟာ ကောင်မလေးကိုယ်နံ ့ပါတဲ ့မျက်နှာသုပ်ပဝါ
နဲ ့ မြွေတွေကို မှတ်သားစေပြီး တိုက်ခိုက်တတ်အောင် အသံပေးပြီးလေ ့ကျင် ့စေမယ်ပြီးတော ့ သတ်မယ့်
နေ ့မတိုင်မီ ထုတ်တန်းတစ်နေရာရာမှာ မြွေတွေကိုထားပြီး ညသန်းကောင် အိပ်မောကျတဲ့အချိန်မှ ကြေးပိုက်
မှုတ်ပြီး အခန်းဆီကို လာစေမယ် …. ကောင်မလေးရဲ ့ အခန်းပေါ်က ထုတ်တန်းကိုရောက်တဲ ့အခါမှာတော ့
နောက်ဆုံး တိုက်ခိုက်ဖို ့ အချက်ပေးလိုက်တာနဲ ့ ကောင်မလေးရဲ ့ ကိုယ်ပေါ်ကို ပြုတ်ကျစေပြီး လေ ့ကျင် ့ထား
တဲ ့အတိုင်း ကိုက်မယ်ပေါ ့ …. ဒါကြောင် ့ ကျုပ်က ကိုယ်နံ ့ရစေမယ် ့စောင်ကို လွှားတင်ပြီး ကောင်မလေးကို
သူ ့ကိုယ်နံ့မထွက်အောင် အနံ ့ပြင်းပြင်းရေမွှေးတစ်ခု ဆွပ်ခိုင်းထားရတာပေါ ့ဗျာ ….ကျန်တာကတော ့အိုင်အို
တွေ့တဲ့အတိုင်းပဲ …ရှင်းလောက်ပါပြီနော် ”
“ရှင်းပါပြီဗျာ ….. ဒါကြောင့်ကျုပ်ဆီက အမျိုးသားသုံးရေမွှေး ယူခဲ ့ခိုင်းတာကိုး
အင်း ….. ဟိုတစ်လောက လိုက်ခဲ ့တဲ ့ အနူတောက ကိုလူချော အမှု ကရှုပ်လှပြီ လို ့ထင်တာ
ဒီအမှုက ပိုဆိုးနေသေးဗျာ …. ”
ကိုမြင် ့ကျော်မှာ ခတ်ပြုံးပြုံးဖြင့် လက်ဘက်ရည် တစ်ခွက်အား အရသာခံသောက်ရင်း ဆေးလိပ်မီးခိုးများအား
ခတ်မျှင်းမျှင်းလေး မှုတ်ထုတ်လိုက်လေတော ့သည် ။
ကြိုးစားပါဦးမည်
ရာမည
16 comments
ရာမည
March 4, 2013 at 12:26 am
ကျွန်တော် အပြီးမသတ်ခင် တင်ခဲ့မိတာကို ခွင့်လွှတ်ရင်း ဖတ်ရှုအားပေးနိုင်ပါစေဗျာ ….။
နောင်များ ပြီးမှသာ တင်တော့မည်ဖြစ်ပါသည် ခင်ဗျာ …။
padonmar
March 4, 2013 at 12:45 am
မြွေတွေကို ခွေးရှူးတိုက်သလို တိုက်သတ်ခိုင်းတာပေါ့နော်။
ဒါဆို ဒီမြွေတွေ တော်တော် တော်တာပဲ။ကျမဖတ်ဖူးတာတော့ မြွေတွေက နားမကြားဖူးတဲ့။
မြွေအလမ္ပါယ်ဆရာက ပြွေမှုတ်ရင်း ယိမ်းထိုးပြတာကို မျက်စိနဲ့ ကြည့်ပြီး လိုက်ယိမ်းတာကို ကတယ်လို့ပြောကြပါသတဲ့။
ရာမည
March 4, 2013 at 12:59 am
ပထမဆုံး အိပ်ရေးပျက်ခံပြီးဖတ်ရှုအားပေးသွားတာ
အထူးဆကျးဇူးတင်ပါတယ် အန်တီလေးပဒုမ္မာခင်ဗျာ
ကျွန်တော်တွေ ့ခဲ ့ဖူးတဲ ့ မြွေဆရာ မျက်လှည် ့သမားတစ်ယောက်ကတော ့
စည်းဝိုင်းကို မြွေနဲ ့ပတ်ပြီး ဝိုင်းတာပါ ။
နားကြားမကြား သေချာမသိပေမဲ ့ အာရုံခံစွမ်းရည်တော ့မြင် ့ပါတယ် ။
ကောင်းကောင်းသင်တတ်ရင် ရတယ်လို ့လည်း သိရပါတယ် ။
အဲ ့ ဖြစ်ရပ်ပေါ်အခြေပြုပြီး ဇတ်အိမ်တည်ကြည့်တာပါခင်ဗျာ ။
မှုခင်း ဖြစ်သည် ့အားလျော်စွာ အတိအကျ ရုတ္တိ ရှိအောင်ရေး၍မဖြစ်ပါခင်ဗျာ ။
သုခိုးလမ်းပြဖြစ်ရပ် ဖြစ်မှာစိုးလို ့ပါခင်ဗျာ
ကျေးဇူးပါခင်ဗျ
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 4, 2013 at 1:02 am
ကိုရာမညရေ..
ဇာပ်သိမ်းခန်းလေးဂို အားပေးသွားပါ၏……….
ကျုပ်လည်းတစ်ခါက စုံထောက်ဝတ်ထုရေးဖူးတယ်ဗျ……..
ပီးခါနီးမှဗျာ သဲလွန်စမချန်ခဲ့မိလို့ ကျုပ်ရေးတဲ့ ဝတ်ထုဇာပ်ကောင် ငံပြာရည်ပုလင်းမိုဘိုင်း
တရာခံလိုက်လို့ မရဘူးဖြစ်နေပီး ရေးထားသမျှလွှင့်ပစ်လိုက်ရတယ်…………….
ဦးကြောင်ကြီး
March 4, 2013 at 9:21 am
အဲဒီညမှာ မိန်းခေးကို သတ်မယ်လို့ ဘိုလုပ်သိဒုံးဗြ… ကောင်မယေး ရုပ်ရူပကာ ကိုယ်လုံးအတိုင်းအထွာ မြင်သာအောင် ရေးပြပါအုံး…။ အိပ်နေတဲ့အချိန် ဂီတာရှိတ်… ရေချိုးနေစဉ်မှာ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီး စသဖြင့်ပေါ့ဗျာ… ဂလုစ်…။
ရာမည
March 4, 2013 at 10:11 am
ဘယ်လိုသိလဲဆိုတော ့ ရှေ ့ပိုင်းမှာပြောထားသလို ခရီးထွက်တိုင်း
လူသေတယ်ဆိုတဲ ့ တိုက်ဆိုင်မှုလေးနဲ ့ မှန်းကြည် ့တာထင်တယ် ။
ကောင်မလေးက လက်ထပ်တော ့မှာဆိုတော ့ မြန်မြန်သတ်မှရတော ့မှာကိုး
အဲဒီအချက်တွေပေါင်းပြီး ရမ်းသမ်းပြီးတွေးတာဖြစ်မှာပါ
ကောင်မလေးပုံစံကတော ့ ဦးကြောင်ကြီးဘဲ ရေးပါတော ့ဗျာ
ဦး ကျောက်ခဲ
March 4, 2013 at 11:55 am
ဘေးချော်ပြီး တွေးခေါ်ရရင်ဖြင့်…
ကျုပ်မြွေတွေလွတ်သွားပါတယ်ဆိုရင်…တရားစွဲလို့ ရ မရ?
အ ဟီး… သေချာတာကတော့ ကိုရွှေဆားပုလင်းများက…
အသေဗျင်းပြီး ဖြောင့်ချက်ယူကြပါလိမ့်မယ်… ဟီ ဟိ
:harr:
ခိုင်ဇာ
March 4, 2013 at 12:22 pm
ဟိ။
ဘာတဲ့။
တရားခံက ဝန်ခံပြီးလို့ ဆေးရုံပို့လိုက်ပါပြီ ဆိုလား။
:kwi:
etone
March 4, 2013 at 3:55 pm
ဟိုးအပေါ်က အဖွားကြီး ကြောက်လန့် ပြီး သေနေတာရယ် ၊ တရွှီးရွှီးအသံကြားတာရယ် ဖတ်ရကတည်းက မြွေတွေနဲ့တော့ ပတ်သတ်နေမလားလို့ တွေးမိလိုက်ပါသေးတယ် …. ။
ထင်ထားတဲ့အတိုင်း တကယ်လည်း မြွေနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပေမယ့် …. ရေမွှေးဆွတ်ခိုင်းထားတာလိုမျိုး…. တကွက်ချင်းစီပြန်ရှင်းထားတာလေး သဘောကျပါတယ် …..
အိပ်လျှက်သေဆုံးနေတဲ့ အစ်ကို ကျတော့ …. မြွေကိုက်ခံရတာလား …. ကြောက်လန့်သေတာလားဆိုတာလည်း မြှုပ်ထားခဲ့တာလည်း တွေ့ ရပါတယ် … ။ နောက်တပုဒ်တင်လျှင်လည်း လာဖတ်ပါဦးမယ် ။
kyeemite
March 4, 2013 at 4:00 pm
ကြိုက်တယ်ဗျို့…ကွင်းဆက်လည်းမိပါပေတယ်…
ရေးရင်ဆက်ဖတ်ပါ့မယ်…:hee:
ခင်တဲ့..
ကြီးမိုက်။
Wow
March 4, 2013 at 5:03 pm
နောက်တစ်ပုဒ်က အနူတောကလူချော လား…
မိုက်ကယ်ဂျော်နီအောင်ပု
March 4, 2013 at 6:40 pm
အါပါ …. ပါးပါး
ဆုံဒေါက်ကြီးတို့ လူသတ်သမားဖမ်းသွားလိုက်တာ တိကျပုံ ဇာတ်လမ်းထဲကအတိုင်း ကွက်တိဘဲ
ကျုပ်သာဆို
ဆိုက်ကားဂိတ်လောက်နဲ့အဆုံးမသတ်ဘူး
လူသတ်သမားကို နည်းနည်းပါဝါတွေထည့်ထားပေး ဆုံဒေါက်ကြီး က ဆိုက်ကားဂိတ်မှာ မှာထားခဲ့မိပေမယ့်
လူသတ်သမားက အသစ်လာတိုင်းသွားနေကျဘိကို အမြဲစီးတဲ့ဆိုက်ကားသမားက သိပြီး သတင်းရ
ဒီတော့လူသတ်သမားက မလာတော့ဘဲ အိမ်ကိုအာပီဂျီနဲ့လှမ်းဆော်
ဆုံဒေါက်ကြီး က ဇာတ်လိုက်ဆိုတော့ ကောင်မလေးကို ဖက်ပြီး ရေတွင်းထဲခုန်ချ
( သူတို့ရွာက ရေတွင်းကတိမ်တယ်လေ )
စာရေးသူကတော့ ဆန်အိုးထဲကမန်းကတန်းခုန်ဝင် အိုးကြီးကလိ်မ့်သွားလိုက်တာ
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဒေါပုံချောင်းနားရောက်
ဆုံဒေါက်ကြီး ကရေတွင်းထဲကအပေါ်တွယ်တက်
အမှန်က ကောင်မလေးရောဆုံဒေါက်ကြီး ရော ရေတွေစိုကုန်တာပေါ့ဗျာ
ရေစိုနေတဲ့ကောင်မလေးကို ဆုံဒေါက်ကြီး က အောက်ကနေပင့်ပေး
မလေးလေး ရင်ခုန်ဇရာဂျီး
အပေါ်ရောက် ဆုံဒေါက်ကြီး ဂ ရေစိုနေတဲ့ကောင်မလေးကို သေသေခြာခြာကြည့် ပြီး
ညီမလေးဒီမှာနေနေခဲ့ပြောပြီး ခြာကနဲ့ထွက်သွား ကောင်မလေးက ဆုံဒေါက်ကြီး ရဲ့ကျောဂုဏ်းကိုကြည့်နေ
ဆုံဒေါက်ကြီး ဂ ရုပ်ခြည်ရပ်လိုက်ပြီး ကောင်မလေးစီပြန်လာ
ကောင်မလေးက မျက်လုံးစိမ်းကြီးနဲ့ ဘာကိတ်ပါလိမ့်ပေါ့
ဆုံဒေါက်ကြီး က ကောင်မလေးကို
မြွေသတိထား
Mr. MarGa
March 4, 2013 at 7:11 pm
နောက်တစ်ပုဒ်ကို စောင့်နေပဗျို့
မောင် ပေ
March 4, 2013 at 8:39 pm
ဖတ်လို ့ကောင်းချက်ကတော့ဗျာ
ရွှေဥဒေါင်း ဘာသာပြန်ခဲ့တဲ့ ရှားလော့ဟုမ်း ၊ ဒီမှာတော့ စုံထောက်ကြီး ဦးစံရှား ပေါ့ ၊ သူ ့ရဲ ့ ပထွေးနဲ ့ မယားပါ သမီး၂ယောက် အမှုနဲ ့ နဲနဲလေးမှကို မဆင်ဘူးနော်
ဗုံဗုံ
March 5, 2013 at 11:32 am
ရင်တထိတ်ထိတ်နဲ့ ဖတ်လိုက်ရတာ ကောင်းတယ် အူးလေး နောက်တစ်ပုဒ် မြန်မြန်ရေးတော့ အမှုမရှိလည်း ကိုယ်တိုင် အမှုဖြစ်အောင်လုပ်ပြီးတော့ရေး သိလား :harr:
ရာမည
March 7, 2013 at 1:17 pm
လာရောက်ဖတ်ရှုအားပေးသော
အန်တီပဒုမ္မာ ကိုမိုဘိုင်း ဦးကြောင်ကြီး ဦးကျောက်ခဲ ဦးမိုက်ကယ်ဂျော်နီအောင်ပု
ဦးကြီးမိုက် မခိုင်ဇာ မetone ဦးမာဃ ဦးမောင်ပေ မဗုံဗုံ မWow တို့နှင်းစာဖတ်သူများကို
အလွန်ကျေးဇူးတင်ပါတယ် ။ မအားလပ်သဖြင် ့ အချိန်နဲ ့တပြေးညီမပြန်ကြားနိုင်ခဲ ့တာ
ခွင်လွှတ်စေချင်ပါတယ် ။
နောင်များလည်းရေးဖို ့ကြိုးစားပါဦးမယ်
ရာမည