Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စာရေးကောင်းတဲ့ ‘ဆု’ (သို့) ဦးကျောက်ခဲရဲ့ ချစ်ပုံပြင်….

 

 

 

 

 

 

 

 

 

 

 

 

ဂဇက်ရွာစုံညီပွဲမှာ အပျော်ဆုံးက ဦးကျောက်ဖြစ်မယ်ထင်ပါရဲ့ဗျာ… ပျော်တာမှ တအားပျော်။ ရေးဖော်ရေးဖက် မိတ်ဟောင်းဆွေဟောင်းများနဲ့လည်းတွေ့ရ၊ မမြင်ဖူးသေးတဲ့ ရွာသူရွာသားများနဲ့လည်းဆုံရတာမို့ ဦးကျောက်ရင်ထဲမှာ လေယာဉ်လက်မှတ်ဖိုးကို နည်းနည်းမှ စိတ်မငြိုငြင်ပါဘူး၊ အချိန်ပါးရှားလွန်းတာကိုသာ စိတ်ထဲ မချင့်မရဲဖြစ်မိတာပါ။ ဘဝပေးအခြေအနေက ဘဏ်သူဋ္ဌေးလည်းမဟုတ်၊ အရောင်းဈေးသည်လည်းမဟုတ်၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ နိစ္စဓူဝ အလုပ်ထဲမှာ မျက်နှာထားတင်းတင်းနဲ့ လူတကာကိုကြပ်၊ အစည်းအဝေးတက်ရင် သတိကြီးကြီးထားရတဲ့ အနေအထားမှာ ရွာပွဲမှာ မိုက်ခဲလို့ စိတ်လွတ်လက်လွတ် ပျော်လိုက်မိတာ ခွင့်လွှတ်ကြပါလို့ပဲ တောင်းပန်ပါရစေဗျာ။ ဒီကြားထဲ အစ်ကိုကြီးမိုက်နဲ့ “မြန်မာ” အိပ်မက် မက်လိုက်သေးတာမို့ တံတွေးမျိုရတဲ့ ရွာသားများကိုတော့ နှစ်ထပ်ကွမ်းပေါ့ခင်ဗျာ။

 

ဦးကျောက်ကို စာရေးကောင်းလို့ အကြိုက်ဆုံးဆု ပေးတယ်ဆိုတော့ မှန်တာပြောရရင် မအံ့ဩမိပါဘူး။ ဟုတ်ပါတယ်…. ဦးကျောက်ရဲ့ ငယ်နုစဉ်ဘဝက စာစီစာကုံးလက်ရာတွေ ဆရာကြီးဦးသိန်းနိုင်ရဲ့ “ဂုဏ်ထူးမြန်မာစာ” မှာ အများကြီးရှိခဲ့ဖူးသလို၊ ဦးကျောက်ကိုယ်တိုင် မဆလခေတ်က လူရည်ချွန်လေးကြိမ် ဖြေဖူးသူပါ။ ကိုယ်က မျက်နှာကြီးသားသမီးလည်းမဟုတ်၊ ထင်ထင်ရှားရှား ထူးချွန်လွန်းသူလည်း မဟုတ်တာမို့ တစ်ခါမှတော့ အရွေးမခံရဖူးပါဘူး… တိုင်းအဆင့်ရောက်ရင် ပြုတ်တာပါပဲ။ အဲ… ဒါပေမယ့် ကျောင်းသူများကြားမှာ မျက်နှာပွင့်ခဲ့ဖူးတာကတော့ ဝန်ခံပါရစေ။ မစားခဲ့ရတဲ့ စပျစ်သီး  ချဉ်တယ် မဆိုချင်ပေမယ့် ကျောင်းသူကျောင်းသားချင်း အဆင့်အတန်းခွဲတဲ့ လူရည်ချွန်စနစ်ကို သဘောမတွေ့မိတာ အမှန်ပါ။ ဘယ့်နဲ့ဗျာ… လူမှန်ရင် ကျရာဘဝမှာ လောကကို ပေးဆပ်ရတာချင်းအတူတူ ဘာလို့များ အများထက် ခေါင်းတစ်လုံးမြင့်ပါတယ်ဆိုပြီး ရေပေါ်ဆီစိတ်ဓာတ် မွေးပေးချင်ရတာလိမ့်ဗျာ။

 

ရှိပါစေဗျာ… ဒါတွေပြောတော့ ဒေါတွေပါ… နိုင်ငံရေး… ကိုယ်ပွားတိုင်း ဖြစ်မလာတာမို့ ရှိပါစေတော့။ ဇာတ်ရင်းဆိုဖက် စာရေးကောင်းလို့ ဘဝပျက်ခဲ့ဖူးတဲ့ ဦးလေးကျောက်ရဲ့ “ပုံပြင်”ကိုပဲ ပြန်ပြောင်းလို့ လှစ်ဟပါရစေခင်ဗျား။ အတိတ်ကိုဆောင်လို့ ငယ်ဘဝကို ပြန်သွားရရင် မောင်ကျောက်ခေါ်မည် ဤသူငယ်သည်ကား နှမများကြားမှာ ကြီးပြင်း၊ ငယ်ဖော်ဆိုးဖက် သူငယ်ချင်းမဒီနှစ်ပါးကို ဟိုဖက်သည်ဖက် အလှည့်ပြောင်းတွဲလို့ အရွယ်တော်ရောက်ခဲ့ရသူပါ။ ကျောင်းဆရာမဟောင်း အမေရဲ့ တစ်သွေးတစ်သံအမိန့်အောက်မှာ ကြက်ခြံထဲက ကြက်ကလေးလို ဘာမှမသိခဲ့ရိုး အမှန်ပါ။ ကျောင်းမှန်မှန်တက် စာမခက်၊ နှုတ်နည်းရိုးအ အဲသည်ဘဝမှာ ကျောင်းဝတ်စုံ သုံးစုံကလွဲရင် အပြင်သွားရင်ဝတ်ဖို့ ရခိုင်ပုဆိုး သုံးထည်၊ လည်ကတုံးနှစ်ထည်နဲ့ စပို့ရှပ် နှစ်ထည်ပဲ ရှိပါတယ်။

 

မောင်ကျောက်မိခင်က စာဖတ်တာကို အားပေးပေမယ့် အဝတ်အစားနဲ့အပျော်အပါးကို လုံးဝအားမပေး၊ ဗိုင်းကောင်းကျောက်ဖိ မွေးလာတာဆိုတော့ ကျောင်းနေဖက်ကလွဲရင် အရပ်ထဲမှာ သူငယ်ချင်းမရှိခဲ့ပါဘူး။ အဲသည်တော့ ပြင်ပလောကကြီးအကြောင်းကို နကန်းတစ်လုံးမှ မသိဘူးပေါ့ဗျာ။ သည်လိုနဲ့….. ကျောင်းစာ၊ အပြင်စာ၊ စာမျိုးစုံကိုဖတ် စာဂျပိုးဘဝနဲ့ အိမ်တွင်းပုန်းနေခဲ့ရတာ ၈တန်းစာမေးပွဲ ဖြေအပြီး “ဂုဏ်ထူး မြန်မာစာ” နွေကျောင်းပိတ်ရက်သင်တန်းကို တက်ရမှ အပြင်လောကကို စခြေချဖူးတာပါ။ မောင်ကျောက်ရဲ့  မြန်မာစာမျိုးစေ့က အဲသည်မှာ အညှောက်ပေါက်၊ စာစီစာကုံးကို ၂ဝမှတ်တန်ရယ်လို့ အားခဲပြီး အရေးကျင့်တော့တာပဲဗျာ။ ဖတ်လိုက်ရတဲ့ စာစီစာကုံး လက်ရွေးစင်တွေကလည်း မနည်းခဲ့ပါဘူး။ နွေပိတ်ရက်သင်တန်းဆိုတော့ ရည်မှန်းချက်ကြီးတဲ့ သူငယ်ချင်းအသစ်တွေလည်း တိုးခဲ့တာပေါ့။ အဲ… အများနဲ့မတူ တစ်မူထူးခြားတဲ့ “သူမ” နဲ့လည်း အဲသည်မှာ ဆုံခဲ့ရတာပါဗျာ။

 

မဲမဲသဲသဲ မောင်ကျောက်ခဲက ကလေးစိတ် မကုန့်တကုန်၊ မိန်းကလေးတစ်ယောက်ကို ဘယ်လိုမှ မပြစ်မှားတတ်သေးပေမယ့် ကျောင်းသားတိုင်း စိတ်ဝင်စား၊ အတန်းကြီးအစ်ကိုတော်များကတောင် လာငမ်းရတဲ့ ရွှေရင်သိမ်းသစ် ဂေါရီအရွယ် လှသွေးတွေကြွယ်နေတဲ့ “သူမ” ကိုတော့ သတိထားမိပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။ ဘဝရည်မှန်းချက်ကြီးကြီးထားပြီး အမေဖြစ်စေချင်တဲ့ “ဆရာဝန်ကြီး” ဖြစ်အောင် ကြိုးစားမယ်လို့ သံနိ္နဋ္ဌာန်ချထားသူမို့ ယောင်လို့တောင် လှည့်မကြည့်ခဲ့ပါဘူး။ အခြေကြီးတဲ့ ရွှေမင်းသမီး “သူမ” ကလည်း၊ ဆရာကြီးက မောင်ကျောက်ရဲ့ စာစီစာကုံးတွေကို ဖတ်ပြရင် လှမ်းကြည့်တတ်ပေမယ့် သူနဲ့ကိုယ်နဲ့က “ပြဒါး တစ်လမ်း၊ သံ တစ်လမ်း” ဆိုတော့ နွေသင်တန်းပြီးတော့လည်း  မေ့သွားတာပေါ့ဗျာ။

 

သည်လိုနဲ့ ၁ဝတန်းကိုရောက်ပြန်တော့ “အထူးဝိုင်းသင်တန်း” ဆိုတာကြီးကိုတက်ရမယ်လို့ အဒေါ်တစ်ယောက်က စီစဉ်ပေးချိန်မှာ စာသင်ခန်းထဲ မထင်မှတ်ပဲ “သူမ” နဲ့ ပြန်ဆုံရခဲ့တာပါပဲခင်ဗျာ။ “သူမ” က စာတော်တဲ့ မောင်ကျောက်ကို အထင်တကြီး ရွှန်းရွှန်းစားစားကြည့်တတ်ပေမယ့်၊ သည်သူငယ်က အနေအထိုင် အေးဆေးလေတော့ နောက်ဆုံး “သူမ” ကပဲ စကားစလို့ ဖုန်းနံပါတ် တောင်းရှာပါတယ်၊ “စာနားမလည်ရင် မေးချင်လို့ပါ” တဲ့။ မှန်ရာကို သစ္စာဆိုရရင်ဖြင့် ဖုန်းခဏခဏခေါ်ရင် စာဖတ်ချိန် လျော့မှာမို့ အဲသည့်အချိန်တုံးက မောင်ကျောက် စိတ်ညစ်မိပါတယ်။ ထင်ထားတဲ့အတိုင်းပါပဲ…. ပထမတော့ ငါးမိနစ်လောက် စာမေးရာကနေ နောင်တော့ အရမ်းရင်းနှီးသွားပြီး လူလစ်ရင် ဖုန်းခိုးပြောတဲ့အဆင့်ကို ရောက်ကုန်ကြတာပေါ့ဗျာ။ ဟုတ်ကဲ့… တစ်ဦးတည်းသောသမီး “သူမ” က မဂိုနဲ့ကွေ့ရှမ်း(ဗန်းမော်နယ်ဖက်က) သွေးနှောသူပါ။ ဥစ္စာဓန အတော်ချမ်းသာပေမယ့် “သူမ” ငယ်စဉ်မှာ မိဘနှစ်ပါး အိမ်ထောင်ကွဲပြီး မွေးချင်းမရှိ၊ အထီးကျန် မေတ္တာငတ်မွတ်သူမို့ မောင်ကျောက်ကို အတော်ခင်ရှာပါတယ်။

 

ပြန်ပြောရတာ စိတ်မကောင်းလှပေမယ့် တစ်နေ့သားမှာတော့ ဖုန်းဆက်လို့ စကားဆန်း ဆိုလာပါတယ်။ သူ့ကို မောင်ကျောက်ကနေ ရည်းစားစာ ရေးပြီး ပေးပါတဲ့လေ။ 

“ဟဲ့…နင်နဲ့ ငါနဲ့က သူငယ်ချင်းတွေ.. ပြီးတော့ နင်က…တစ်နေ့ကို ရည်းစားစာ ဆယ်စောင်အထက်မှာ အပေးခံနေရတာ… အလုပ်ရှုပ်တယ်” လို့ ခပ်ဆတ်ဆတ် ဆိုမိတော့၊ ဝမ်းနည်းသံနဲ့

“အေးပါဟယ်… နင်က စာရေးကောင်းတော့ အရမ်းဖတ်လို့ ကောင်းမှာဟ…. နင်… အားမှပါဟာ” တဲ့။

 

မောင်ကျောက်လည်း အဲသည်ရည်းစားစာကိစ္စ မေ့မေ့ပျောက်ပျောက်ထားလိုက်တာ တညမှာတော့ ခေါင်းထဲပေါ်လာလို့ ရေးပေးလိုက်ပါမယ်လေဆိုပြီး စာကြည့်စားပွဲမှာထိုင်၊ မောင်သာရရဲ့ “မျိုးမမ ပကာသနီ” ပြန်ဖတ်ရင်း “သူမ” ကိုမြင်ယောင်ပြီး ဈာန်သွင်းလိုက်တာ…

အဟုတ်ဗျာ… တစ်ဆယ့်ငါးနှစ်သား မောင်ကျောက်ရဲ့ ဘယ်ဖက်ရင်အုံမှာ လှိုက်ကနဲဖို၊ နေလို့လည်းမရ၊ “သူမ” ရဲ့အလှက ကြီးစိုးလွန်းတာမို့ ဗလာစာရွက်တစ်ခုမှာ ရင်တွင်းဖြစ် ကဗျာတစ်ပုဒ်ပါတဲ့ ပထမဦးဆုံး ရည်းစားစာကို ရေးချလိုက်မိပါတယ်ခင်ဗျာ။ နောက်တစ်နေ့ ကျူရှင်အပြီးမှာ မောင်ကျောက်လည်း ရေးပြီးကြောင်း ပြောလိုက်ရင်း တုန်တုန်ယင်ယင်နဲ့ စာကို ကမ်းလိုက်တော့၊ “သူမ”က ချက်ချင်းဖတ်တယ်လေ…။ စာဖတ်အပြီး မော့ကြည့်လိုက်တဲ့ “သူမ” ရဲ့ အညိုရောင်မျက်ဝန်းတစ်စုံမှာ အရောင်တွေလက် ပါးမို့လေးမှာပန်းဆီရောင်ပြေးနဲ့… 

“နင်… ငါ့ကို တကယ်ပေးတာဆိုရင် ဘယ်လောက်ကောင်းမလဲ” လို့ ဆိုအပြီး၊ အိကနဲ ငိုအချမှာ… ဟောသည့် မောင်ကျောက် ရူးလိုက်မိတာ လွန်သလားဗျာ….

 

အဲသည်နေ့ကစလို့ မဲမဲသဲသဲ မောင်ကျောက်ခဲလည်း ယမင်းရုပ်ကလေး ကောက်ရပေမယ့် ဘဝရည်မှန်းချက် မပျက်ခဲ့ပါဘူး။ စာကြိုးစားပြီး ဆေးကျောင်းအတူတက်ကြမယ်ပေါ့။ ပျော်လိုက်တာဗျာ… မောင်ကျောက်တို့က အနေအထိုင် ပိရိတော့  ကျူရှင်တက်ဖော် သူငယ်ချင်းများလည်းမသိ၊နှစ်ဖက်မိခင်များကလည်း မရိပ်မိ၊ စိတ်ချလက်ချ ယုံကြည်ထားတာပေါ့။ လူလစ်ရင် ဖုန်းပြောတယ်၊….. စီးပွားရေးကိုပဲ သဲကြီးမဲကြီးရှာနေတဲ့ “သူမ” ရဲ့ အမေ ခရီးသွားရင် အိမ်မှာချိန်းတွေ့တယ်၊ ပြီးတော့  ချစ်သူနဲ့စာအတူကျက်လို့ စိတ်ကူးယဉ်နန်းတော်ကြီး ဆောက်မိတာပေါ့။  

 

ဒါပေမယ့် ကံကြမ္မာက ရက်စက်လွန်းအားကြီးတယ်ဗျာ…. အဲသည်နှစ်က တန်ဆောင်တိုင်ပွဲ ပျက်အောင် အငြိုးနဲ့ရွာတဲ့မိုး၊ မောင်ကျောက်တို့နှစ်ယောက်ရဲ့ဘဝကိုလည်း တစ်စစီပျက်အောင် ဖျက်ဆီးသွားခဲ့တာ ရင်ထဲမှာ သေရွာပါဝေဒနာတွေနဲ့ပါ။ “သူမ” အမေ မန္တလေးကို အလုပ်ကိစ္စနဲ့ နေ့လယ်ထဲက တက်သွားတယ်ဆိုလို့ မိုးလေးစိမ့်စိမ့်ညနေခင်းမှာ မောင်ကျောက်လည်း စာအတူကျက်ဖို့ ထွက်ခဲ့တာပေါ့။ အိမ်စာတွေပြီးတဲ့  ည ၁၁နာရီလောက်မှာတော့ မိုးခြိမ်းသံမာန်ပြင်းပြင်းနဲ့ လျှပ်ပန်းလျှပ်နွယ်ဆင်လို့ အချိန်အခါမဟုတ် သဲကြီးမဲကြီး မိုးကရွာ၊ “သူမ” ရဲ့ အထိန်းတော်ကြီးကလည်း ကောက်ခါငင်ခါ ဖျားနေရှာလို့ ကြောက်နေတဲ့ “သူမ”ကို အဖော်ပြုရင်း မောင်ကျောက်လည်း “သူမ” အိမ်မှာ ညအိပ်မိတာပေါ့ဗျာ။

 

မိုးအေးအေးနဲ့ “ခိုင်ထူး”ရဲ့ သီချင်းတွေဆိုပြီး ကွေးလိုက်ကြတာ မနက် ၂နာရီကျော်လောက်မှာတော့ အိပ်ခန်းမီး ရုတ်တရက်လင်းသွားပြီး “သူမ” အမေရဲ့ စူးစူးဝါးဝါးအော်သံနဲ့အတူ မောင်ကျောက်တို့နှစ်ယောက်လည်း လန့်နိုးလာပါတယ်။ “ဘိုင်းဒါး” (ပဲခူး နဲ့ ညောင်လေးပင်ကြား) မှာ ကားလမ်းပေါ် ရေကျော်၊ ခရီးဆက်မရလို့ပြန်လာတာ… “သူမ” နဲ့မောင်ကျောက်ကို  အိပ်ရာပေါ်မှာ တွေ့လိုက်ရတော့ ကမ္ဘာပျက်တာပေါ့။ ပေးချင်တဲ့သစ္စာ ပေးပါဗျာ…. မောင်ကျောက်တို့နှစ်ယောက် လွန်လွန်ကျူးကျူး ဘာမှမဖြစ်ခဲ့ကြပါဘူး။ ဒီခေတ်သားသမီးများလိုလည်း နားမလည်၊ နှမများကြားမှာ နေလာရတာမို့ ဘာမှ ဗဟုသုတမရှိ၊ ဓာတ်ရှင်ထဲမှာ တစ်ခါလေးမှားမိပါတယ် ဖျက်မရဆိုတော့ အရမ်းကြောက်လို့ စောင့်ထိန်းခဲ့ကြပါတယ်ဆိုတာ နှစ်ဦးစလုံးအသိဆိုပေမယ့် “သူမ” အမေကတော့ ဘယ်လိုမှ လက်မခံပါဘူး။

 

အဲသည်မိုးညရဲ့ အဆုံးသတ်ကတော့… နှစ်ဖက်အမေတွေ ပြဿနာအကြီးအကျယ်တက်ပြီး မောင်ကျောက်တို့နှစ်ယောက်လည်း အခွဲခံရတာပေါ့။ “သူမ” ကိုလည်း ငယ်ငယ်ရွယ်ရွယ် ၁ဝတန်းတောင် ပေးမဖြေစေတော့ပဲ တိုင်းတပါးကို အပို့ခံလိုက်ရလို့ အသည်းတွေကွဲသလို မောင်ကျောက်လည်း ချစ်ဆိပ်တက်လို့ စာမေးပွဲကျ၊ ဆေးစွဲ ဘဝပျက်ပါတယ်။ တစ်သက်လုံး ရိုးရိုးအေးအေးနေခဲ့တဲ့ သားလိမ္မာမောင်ကျောက်၊ ကိုယ်ဖြစ်ချင်တာမဖြစ်လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လောကကြီးကို အရွဲ့တိုက်လိုက်တာ ရိုက်ပွဲဆိုလည်း မောင်ကျောက်၊ ဆေးကွဲပြီး ကားပြိုင်မောင်းကြတယ်ဆိုလည်း မောင်ကျောက်၊ အရပ်ကတို့က လက်လန်… နောက်ဆုံး အိမ်ကအမွေပြတ်စွန့်ရလောက်အောင် ဆိုးခဲ့ပေခဲ့သူပေါ့ဗျာ။ အင်း… ငယ်သူငယ်ချင်းမဒီနှစ်ယောက်ရဲ့ ကောင်းမှုနဲ့ တစ်ချက်လေး အသိစိတ်ဝင်ခဲ့မိလို့သာ တိုက်ကြိုတိုက်ကြား အပ်တန်းလန်းနဲ့ သေကံမရောက် အသက်မပျောက်ခဲ့တာပါ။   

 

အဲဒီလို စိတ်နာစရာ အတိတ်ရှိလို့ ၁ဝတန်းအောင်တဲ့နှစ်မှာတောင် မြန်မာစာကို စာစီစာကုံး လုံးဝမရေးခဲ့သလို၊ စကားပြေ မရေးတာလည်း နှစ်အစိတ်ကျော်ခဲ့ပြီးမှ အခုတော့ အထီးကျန်လှတာမို့ ဂဇက်ရွာမှာ စာပြန်ရေးလို့ လက်ပြန်သွေးမိတာပါ။ တက္ကသိုလ်တက်တုန်းကတော့ ပိုက်ဆံမရှိတဲ့အချိန် သူငယ်ချင်းများက ရည်းစားစာရေးပေးဖို့ အကူအညီတောင်းရင် ရင်နာနာနဲ့ အရက်သောက်ပြီး ရေးပေးဖူးပါရဲ့ဗျာ။ အချစ်ကဗျာကတော့ အခုချိန်အထိ စိတ်ထဲမှာ မရေးချင်မိပါဘူး။ ကျိန်စာမိနေတယ်ထင်ပါရဲ့ဗျာ… ခုလည်း ဦးကျောက်အသည်းလေး မခိုင့်တခိုင် စွဲကိုင်မယ့် ဘဝကြင်ဖော်တွေ့ပါမှ ဘဝချင်းက အလှမ်းကွာဝေး၊ ချစ်ရသူလေးရဲ့ ဖခင်ကြီးက “မီးမြင့်”နေမှန်း အခုမှသိရတာမို့ အွန်လိုင်းမှာ မတွေ့ရတော့ရင်ဖြင့်…

မေ….. အကျွန်ုပ် ကံမွဲ ဦးကျောက်ခဲသည်

ဘဂ္ဂ ဟဒယ….. အသည်းကွဲရှာပြန်လေပြီဟု

တွံ….. အသင် စာရှုသူတို့သည်

ဂဏာဟိ….. မှတ်ယူကြကုန်ရာ၏….

 

 

 

 

 

 

 

138 comments

  • ခိုင်ဇာ

    March 6, 2013 at 9:43 am

    ဟယ်။
    တနားလိုက်တာ ဦးကျောက်ကို။
    :byae:

    အဲ့ချိန်က အချစ်နဲ့ ရင်ခုန်မှုက နောက်ဘယ်တော့မှ ပြန်မရတော့ဘူးကွဲ့။
    ပါပီ လပ်(ဗ) ရယ်။ :mrgreen:

    အဟမ်း။
    သင်္ချာသင်ခန်းစာမှာ ဘေ့(စ) တူမှ ပါဝါခြင်းပေါင်း လို့ စိုင်း ဆိုခဲ့ပေမဲ့လည်း…….
    .

    “””အချစ် သာ စစ်မှန်လို့ကတော့ ၊
    ဘယ်လို အခက်အခဲ ခယောင်းလမ်းမဆို ၊
    ဖြတ်ကျော်နိုင်ပါတယ် ။

    Fighting !!!”””
    (ခရက်ဒစ်တူ ဘဖော)
    .

    ခု အလှမ်းဝေးတဲ့ အချစ် အတွက်တော့ ကံကောင်းပါစေ လို့သာ။
    :hee:

    • Foreign Resident

      March 6, 2013 at 10:51 am

      ဦးကျောက် ။
      မ ခိုင်ဇာ ကို ပြောခဲ့ / အားပေးခဲ့တဲ့ ၊
      စကားလေးကိုပဲ ပြန်ပြောပါရစေ ။

      ” ( နှစ်ဦး နှစ်ဖက် ရဲ့ ) အချစ် သာ စစ်မှန်လို့ကတော့ ၊
      ဘယ်လို အခက်အခဲ ခယောင်းလမ်း မဆို ၊
      ဖြတ်ကျော်နိုင်ပါတယ် ”

      ” ချစ်ရသူလေးရဲ့ ဖခင်ကြီးက “ မီးမြင့် ”နေမှန်း အခုမှသိရတာမို့ ”

      ” မီး ” ဆိုတာကလည်း အမြဲတမ်း ” မြင့် ” နေတာ မဟုတ်ပါဘူးဗျာ ။
      ကိုယ်တွေကလည်း ၊ စာရိတ္တပျက်နေ ၊ လမ်းဘေးရောက်နေ သူတွေမှ မဟုတ်တာ ။

      နှစ်ဦး နှစ်ဖက် ရဲ့ အချစ် သာ စစ်မှန် / ရေရှည်ခံ / ခိုင်မြဲ လို့ကတော့ ၊
      အချိန်တန်ရင် ၊ ချစ်ရသူလေးရဲ့ ဖခင်ကြီးက လက်ခံလာမှာပါ ။

      ဒီကြားထဲမှာ နှစ်ဦး နှစ်ဖက် စလုံးက သစ္စာ မပျက်ဖို့တော့ လိုတာပေါ့ဗျာ ။

      သူမ ကိုလည်း ပြောပြပေါ့ဗျာ ။
      ကိုယ်တစ်ကယ် ချစ်နှစ်သက်သူ နှင့် ပေါင်းရတာဟာ ၊
      ဘယ်လောက် ချိုမြိန်တယ် ဆိုတဲ့အကြောင်းကို ။

      မယုံရင် ၊ ရှေ့က မန့်သွားတဲ့ ၊ မ ခိုင်ဇာ ကိုပါ မေးကြည့်ပါလား ။
      သူ ” တစ်စုံတစ်ယောက် ” ဆိုတဲ့ စာကြောင်းလေးကို ရေးပြီးတိုင်း ရေးပြီးတိုင်း ၊
      ဘယ်လောက် ကြည်နူး ရတယ်ဆိုတာ ။

      အင် ၊ အဘ လည်း ရေးရင်း ၊ ရေးရင်း နှင့် အရမ်း နု သွားပြီး ။
      ( ကိုယ့် သက်ကြားအို အရွယ်ကြီးမှ အားမနာ )
      Personal တွေပါသွားရင် ၊ ခွင့်လွှတ်ပါ မ ခိုင်ဇာ ရေ ။

      • ခိုင်ဇာ

        March 6, 2013 at 11:11 am

        စိတ်ဆိုးပါဘူး။

        အဲဒီ ခံစားချက်က အဟုတ်ပဲလို့။
        :hee:

        ကျန်း::
        ဘဖောတို့ သိပ် သိချက်ကတော့။ :mrgreen:

        ဒါကို တစ်စုံတစ်ယောက် မြင်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ :mrgreen:

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:11 am

      ဇာဂျီး နဲ့ အဘဖောရေ

      “အချစ်ရဲ့အစ ဘဝက လူရည်မလည်… ရိုးသားတဲ့ အသက်အရွယ်…”
      တကယ်ပါဗျာ… အရွယ်နဲ့ မမျှအောင် ခံစားခဲ့ရတာပါ…
      နှစ်တွေကြာခဲ့ပေမယ့်… ပြန်စဉ်းစားမိတိုင်း ရင်ထဲမှာမကောင်းဘူးဗျာ…
      ခုလည်း ဘာမှမဆိုင်… ကျွန်တော်လည်းဘာမှ လုပ်လို့မရတဲ့ကိစ္စ…
      သူ့အဖေဘယ်သူမှန်းသိခဲ့ရင်လည်း ကျွန်တော်ရှောင်မှာပါ…
      သံယောဇဉ်ကြိုး ရစ်ပတ်တိုးခဲ့ပြိမို့သူ့ကိုတော့ အရမ်းသနားတာပဲ၊ ပြီးတော့…
      ကံမကောင်းရင်ဖြင့်…
      :byae:

      • ခိုင်ဇာ

        March 6, 2013 at 11:23 am

        အကောင်းဘက်က စဉ်းစားပါ ဦးကျောက်ရယ်။
        အားမလျှော့ပါနဲ့။
        :hee:
        နောက်တစ်ခုရှိတာက၊

        “” တကယ်တမ်းတော့ ပျော်ရွှင်မှုမှာ နှစ်ဦးအသားကျနေရင်
        ဝေးနေလည်း အိုကေကြတယ်””

        (ခရက်ဒစ်တူ ကိုဂျီး မတ်)
        .

        ဆိုတော့ ဘဝမှာ နှလုံးသားခံစားချက်ခြင်းအရမ်းနီးတဲ့သူရှိနေရင် ကျန်တာသိပ်မလိုအပ် လို့ ကျုပ်တော့ ထင်တာပါပဲတော်။

        :harr:

        • amatmin

          March 6, 2013 at 11:42 am

          အဟမ်း…အဟမ်း
          ကြိုက်တာတွေ သိပ်တူနေရင်ဒေါ့..
          မဟုတ်တော့ဘူးနော် ဒေါ်ဆွိ.. 🙂
          အူးကျောက်ရေ..
          အပေါ်ကဒေါ်ဆွိပြောသလိုပါပဲ.
          မဖြစ်မနေ ခွဲကြပီဆိုခဲ့တောင်..သူ့ဘက်ကိုယ်ဘက်
          ချစ်နေခြင်းဆိုတဲ့ သစ္စာလေး မပျက်သေးရင်.
          ဘဝက ဖြေသာမယ်ထင့် :harr:

        • ဦး ကျောက်ခဲ

          March 6, 2013 at 11:52 am

          ဇာဂျီးရေ
          အကောင်းဘက်လည်း နည်းလမ်းရှာနေသလို…
          အဆိုးကိုရင်ဆိုင်ဖို့ ကြို ပြင်ရတာပေါ့…
          ဘယ်သူ အသီးကွဲချင်ပါ့…

          ကမတ်
          နိမိတ်မရှိ နမာမရှိ… ဖွဟဲ့..
          :kwi:

        • ခိုင်ဇာ

          March 6, 2013 at 11:55 am

          ဟမ်။
          တော်တယ်နော်။
          မနေ့က သင်ခန်းစာ ဒီနေ့ ချက်ချင်း အပလိုင်းလုပ်နိုင်တယ်ရယ်။
          :mrgreen:

          ဘာတဲ့။

          “”ချစ်နေခြင်းဆိုတဲ့ သစ္စာ””

          ဒီ အသုံးကို ကြိုက်သဟဲ့။

          ဆရာ့ထက် တပည့် တစ်လ ပိုကြီးတာတော့ မဖြစ်ချေဘူး။

          အကုန်မသင်ပဲ ဆရာစားချန်မှရယ်။
          :harr:

        • amatmin

          March 6, 2013 at 12:19 pm

          သင်ထားသမျှ အကုန်ရွတ်ပြနေလို့တော့..
          ဖြစ်သေးဘူး.ရယ်
          တော်ကြာ ဒေါ်ဆွိ ဆီမှာ..
          အူးကျောက်ကြီးပါ လာတပည့်ခံနေမှ. အခက်.
          သူက ပြေးပေါက်မှားဖို့ သေချာပီးသားလူကြီး 🙂
          အူးကျောက်ကြီး ဂယ်အဆင်ပါစေဗျာ.
          မဖြစ်နိုင်မှန်းသိရက် အဲ့လို မထှာ :harr:

        • အောင်မာ .. အောင်မာ …
          ဘာတဲ့ …
          မဖြစ်နိုင်မှန်းသိရက် အဲ့လို မထှာ .. ဆိုဘဲ …
          ဒီလူဂျီး မှန်မကျိဘူး ထင်ဒယ် … :mrgreen:

          ကျုပ် ဥလေးကျောက် ကို ဂလို လာမပေါဘာနဲ့ …
          ကျုပ် ဥလေးထိ ဒါးကျိဘဲ … ငွင်းး ငွင်းး …
          (ခုတည်းက ဖားထားမှ)
          :mrgreen: :mrgreen:

    • မောင်ဘလိူင်

      March 8, 2013 at 3:44 pm

      Puppy Love
      by Paul Anka
      Oh, I guess they’ll never know
      How a young heart really feels
      And why I love her so

      And they called it puppy love
      Just because we’re in our teens
      Tell them all it isn’t fair
      To take away my only dream

      I cry each night my tears for you
      My tears are all in vain
      I’ll hope and I’ll pray that maybe someday
      You’ll be back in my arms once again

      Someone, help me, help me, help me please
      Is the answer up above
      How can I, how can I tell them
      This is not a puppy love

    • မောင်ဘလိူင်

      March 8, 2013 at 3:45 pm

      Puppy Love
      by Paul Anka
      And they called it puppy love
      Oh, I guess they’ll never know
      How a young heart really feels
      And why I love her so

      And they called it puppy love
      Just because we’re in our teens
      Tell them all it isn’t fair
      To take away my only dream

      I cry each night my tears for you
      My tears are all in vain
      I’ll hope and I’ll pray that maybe someday
      You’ll be back in my arms once again

      Someone, help me, help me, help me please
      Is the answer up above
      How can I, how can I tell them
      This is not a puppy love

      • ဦး ကျောက်ခဲ

        March 8, 2013 at 3:54 pm

        ကိုဘလှိုင်ရေ…
        ငွေရတုကျော်ခဲ့ပြီမို့… puppy love မဟုတ်မှန်း ကောင်းကောင်းသိတာပေါ့ဗျာ…
        Paul Anka ရဲ့ မရိုးနိုင်တဲ့ သီချင်းဟောင်းလေးကို ရှယ်ပေးတာ ကျေးဇူးပါခင်ဗျာ…

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:18 am

      အသည်းမကွဲသေးရင်တော့ ရေးဖြစ်ဦးမှာပါ အကိုပေါက်ရေ…
      ခုတော့ လှုပ်စိလှုပ်စိဖြစ်နေလို့…
      ဘိုထီးရဲ့ “မတည်ငြိမ်နိုင်သေးတဲ့နှလုံးကိုတော့…တတ်နိုင်အောင်ထိန်းမယ်…”

        • ဦး ကျောက်ခဲ

          March 6, 2013 at 6:54 pm

          အား..ဟိ အကိုပေါက်…
          ဟိုဇာတ်ဝင်ခန်းက တကယ်ပါဗျာ…
          ဒါပေမယ့် “သူမ” အမေလည်း အကိုပေါက်လိုပဲ မယုံဘူးတဲ့…
          “ရှင်းပြရခက်တယ်” ဆိုတဲ့ ပုံပြင်လို ဖြစ်နေပြီ…
          ဒီတစ်ခါ ဖူးစာရေးနတ်မင်းကို လက်တည့်အောင် ဆုတောင်းပေးပါဗျာ…
          “မေတ္တာဖြင့် လက်ဖွဲ့ချင်းသီးခံပါ” လို့…
          ခပ်ကြွားကြွားကို ဖိတ်စာထဲထည့်မှာ…
          :harr:

  • ညလေး

    March 6, 2013 at 10:13 am

    အွန်းးးးးဝမ်းနည်းစရာ အူးကျောက်ရဲ့ ချစ်ဇာတ်လမ်းလေး…
    ဖတ်ရှု.သွားပါတယ်အူးကျောက်ရယ်….
    အဆက်လေးဘာလေးများရှိမယ်ထင့် ….

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:21 am

      ညလေးရေ… ဖတ်ရှုခံစားပေးတာကျေးဇူးပါ..
      ရှေ့ဆက်ရရင်တော့… ရှိသေးတာပေါ့…
      အငိုနဲ့ ဆုံးခဲ့ရတဲ့ အဖြစ်မို့ပါ…

  • ဦးဖွတ်ကျား

    March 6, 2013 at 10:24 am

    ♫♪♫ ..အတွေးလေးထဲ ပြန်စဉ်းစားလိုက်တော့ ဒီဆေးပျက်ပန်းချီကားလေးဟာ
    အသစ်ဖြစ်ခဲ့ ..အရောင်တွေလင်းပြီးတော့လက်လာ ..ငါမရခဲ့တဲ့ အတိတ်ရဲ့
    နှလုံးသားပန်းချီ ဇွတ်ရင်ကိုဝင်လာ ..ကြေကွဲအောင် ထားခဲ့သလား … ♫♪♫

    :byae:

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:23 am

      “ငယ်ရွယ်စဉ်မှာ အချစ်ကအိပ်မက်လို..ဝိုဟိုအို့…
      ငယ်ရွယ်စဉ်မှာ အချစ်က တိမ်တိုက်ကြီးတစ်ခုလို…”
      ဆက်မဆိုချင်တော့ဘူးဗျာ…
      :byae:

  • ဦးကြောင်ကြီး

    March 6, 2013 at 10:27 am

    ဦးကျောက်ခဲလို အဖိုးတန် မျိုးမှန် ဂျိုးသန်ကို လက်မခံတဲ့ လူဂျီးတွေ ရှိသေးသတဲ့လား…. တောက်စ်…. လူ့ဘောင်သစ်ပါတီ အမာခံတွေကွ၊ မရလဲ ကိစ္စမရှိဘူး (ဟီဟိ သူမရမှ ငါဆက်ကြံလို့ရမှာ) ကောင်မလေးကို ရာဇသံပေးလိုက်ဗျာ… နင်ငါ့ကို မယူရင် ကြောင်ကြီးကို ယူရမယ်လို့…။ တောက်စ်… မစားဘူး မျိုချပစ်မယ်… :kwi:

    • surmi

      March 6, 2013 at 10:54 am

      ဟာ …ဦးကြောင်တို ့ကတော ့ ဘယ်ကတည်းကချောင်းနေလည်းမသိဘူး
      အတင်းကိုလုပ်ကြံတော ့တာပဲ
      လူ ့ဘောင်သစ်ဆိုတာကြီး မေ ့ထားပါဗျာ
      အဲ ့ဒါပါမှပိုရှုပ်သွားဦးမယ်
      ဒီမှာ ဦးကျောက်
      ယောက္ခမဆိုတာ တစ်ခါတုန်းက ချာတိတ်ပါပဲ
      ကိုယ်ချင်းစာပါဗျ လို ့ပြောလိုက်
      သေရင်ကိုယ် ့နောက်ဘာမှမပါဘူး အကုန်ထားခဲ ့ရတာ လို ့
      ဒီတော ့ ပေးစရာရှိတာ လတ်ဆပ်တုန်းပေး ။ ဒါမှကုသိုလ်ရတာ လို ့

    • Foreign Resident

      March 6, 2013 at 10:58 am

      ” အဖိုးတန် မျိုးမှန် ဂျိုးသန် ”

      အဖိုးတန် မျိုးမှန် အထိက ဟုတ်ပါသေးတယ် ။
      နောက်ကဟာကြီးက ဘယ်လိုတုန်း ။
      😛

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:34 am

      ဒီကြောင်တော့ ဂိုဏ်းတူချင်းလာရန်စနေပြန်ပြီ…
      ဟိုကလည်း ခင်ဗျားကိုကြောက်လွန်းလို့ပါတဲ့…
      ဆိုတော့ကာ… ဘယ်ရမလဲ… ကျုပ်ဟာကျုပ် ရအောင်ယူမှာပေါ့ဗျ…
      ဟေ့လူ… အဘ မေးနေတယ်၊ ခင်ဗျားဘယ်လိုသိလဲတဲ့…
      :kwi:

      ကိုရင်ဆာနဲ့ အဘဖောရေ…
      ပွဲမကြမ်းရဲဘူး… မတော် ဘိုးတော်ကြီးက ကောင်မလေးကို အတင်းအိမ်ထောင်ချပေးလိုက်မှ…
      မောင်ကျောက် ငုတ်တုပ်မေ့မှာ…
      :harr:

    • Char Too Lan

      March 8, 2013 at 1:05 pm

      ဟဟား… ဖျာခင်းရုံတင်မကဝူး ခေါင်းအုံးတွေ စောင်တွေ
      ခြင်ထောင်တွေပါ တစ်ခါတည်း ပြင်ပလိုက်တာ အေးရော…
      ဟီးဟီးး ကျူးကျော်ကျောင်ကျီး 😛 😛

  • ခင်ခ

    March 6, 2013 at 10:29 am

    ကိုကြီးကျောက်ရယ်… အဟင့် ……. အဟင့် …… အဟင့် …… လို့ ဘဲ မန့်တော့မယ်ဗျာ။
    အရေးကောင်းလွန်း လွန် လွန့် လို့ ပါ။

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:37 am

      ဆရာခရယ်… အချွန်နဲ့ မ မပါနဲ့ဗျာ အဟင့် ……. အဟင့် …… အဟင့် …… လို့ ဘဲ

  • P chogyi

    March 6, 2013 at 10:35 am

    ဦးကျောက် အမြန်စွံရန် ယတြာပေးလိုက်မယ်။
    ရှေ့ကကားကို ကုန်းဆင်းမှာတွန်းချလိုက်ပါ။
    ရှေ့ကားပိတ်နေလို့ ဖြစ်မယ်။ ရှေ့ကားမြန်မြန်ထွက်အောင်လုပ်လိုက်။

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:39 am

      အကိုချိုရေ…

      ရှေ့ကားလည်းမရှိ နောက်ကားလည်းမရှိ…
      ကုန်းတက်ကြီးမှာ နောက်ပြန်မလိမ့်အောင် ထိန်းနေရတာ ခင်ဗျ…
      :kwi:

      • P chogyi

        March 6, 2013 at 12:00 pm

        အစ်မအစ်ပျိုကြီး ရှိတယ်ဆို (အာဝေနိကမှာ ဖတ်ထားတာ)
        ဦးကြောင်ကိုပေးလိုက်

  • Wow

    March 6, 2013 at 11:25 am

    အူးကျောက်အသီးမှာ ဒဏ်ရာဒွေနဲ့ဂိုး… :mrgreen:
    အားမငယ်ပါနဲ့ အူးကျောက်ရယ်.. ငယ်ချစ်ဟောင်းကို ရအောင် ပြန်ပိုးပေါ့လို့…

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:42 am

      ဟမ်မလေး မိရွှေ Wow ရဲ့

      ငယ်ချစ်ဟောင်းရဲ့ နောက်ဆုံးဇာတ်သိမ်းကို ညည်းမသိသေးလို့ပါ…
      :byae:

      • Wow

        March 6, 2013 at 11:52 am

        ဟမ်… တူညားနဲ့ရတွားဘီလား… :bar:
        နောက်ဆုံးဇတ်သိမ်းဆိုတော့… :mrgreen:
        သားလေး မွေးရင် ကျောက်နာမယ်ပေးဘာာာာာ

        • etone

          March 6, 2013 at 3:49 pm

          ပေးထားတယ်လေ .. တိဝူးယားးးးးးးးးးး … ကျောက်ပေါက်တဲ့ …. ခွစ်ခွစ်ခွစ် :kwi:

          အဲ့လူဂျီးကလေ နယ်ချစ်ဟောင်းဂို တံယောဇဉ်မကုန်တေးယို့ .. တွားပိုးတေးတယ် တိယား … ဟိုက နဂါးညက်စောင်းကျွေးလိုက်မှ ပျံလာဒါ …

          (တစုံတယောက် ဖတ်မိပါစေတော် … ခိခိ :harr: )

  • Mon Kit

    March 6, 2013 at 11:38 am

    ဦးကျောက်ခဲ ရဲ့ အသည်း မကွဲ တကွဲ ဇာတ်လမ်းလေး အရမ်းဖတ်လို့ ကောင်းသတော်..
    ဦးကျောက် ကလဲ စစ်မရောက်ခင် မြှား မကုန်နဲ့အုံးလေ..
    ဖခင်ကြီးက မီးမြင့်နေပေမင့် ကာယကံရှင် သူမလေးက အဓိက မို့လားလို့..
    ဖိုက်တင်း!!!
    ရေကုန် ရေခမ်း ကြိုးစားပါလို့ တိုက်တွန်းပါရစေ….
    :hee:

    • ဦး ကျောက်ခဲ

      March 6, 2013 at 11:45 am

      တူမ Mon Kit ရေ

      ဦးလေးမှာက မြှားပဲရှိတာ… ဟိုကစက်သေနပ်ကြီးနဲ့…
      :eee:

      • Mon Kit

        March 7, 2013 at 9:59 am

        ဟယ်.. ဒါဆို ဦးကျောက် တစ်ယောက် ချစ်မိနေတာ သဂျီးရဲ့ သမော်ဒီး. သမီးဒေါ်ဂလေးများလားကွယ်… :kwi:

  • Ma Ei

    March 6, 2013 at 11:59 am

    ဦးကျောက်ခဲရဲ့ ချစ်ပုံပြင် မှာ
    မင်းသား၊မင်းသမီး ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့
    ဇာတ်သိမ်းလေး ဆက်ဖတ်ချင်ပါတယ်….

    • ဦး ကျောက်ခဲ

      March 6, 2013 at 12:06 pm

      မအိရေ
      ကျေးဇူးပါဗျာ… မင်းသားကြီးနဲ့ မင်းသမီးလေးပေါင်းဖက်ရရင်တော့…
      ဂဇက်တစ်ရွာလုံးကို ဖိတ်မှာဗျ…
      :harr:

      • အေးပါ မာကလာဆောင်ရင် လက်ဖွဲ့ချင်းသည်းခံပါ ရေးရင်ရေး မရေးလို့ကတော့
        ကိုယ့်ကတိနဲ့ကိုယ်နော်

  • ဦးလေး ဥကျောက်ဂျီးရယ်ဂ ….
    ဒဏ်ရာ အဟောင်းတွေကို လှစ်ဟာပြ … ချစ်ခဲ့တာ ဒီလိုကွ …
    ကံကြမ္မာ မိုးမှောင်ကျ … ဆိုးခဲ့တာလည်း ဒီလိုကွ …
    လောကကြီးကို အရွှဲ့တိုက်ရင်း ကြက်တိုက်၊ ဖဲရိုက်၊ ဘိန်းရှူ (အကျင့် မပျောက်လို့ ခွေးလွှတ်ဘာ :mrgreen: )
    ရင်မှာ သိမ်းထားခဲ့တာ သူမ … နှလုံးသားရဲ့ တစ်ထောင့်တစ်ကဏ္ဍ …
    ခု ဟန်ပဟ လို့ ဝမ်းသာရကာမှ …..
    ဒက်ဒီ ဖားတား ဝါးတားတား ကြီးနဲ့ တွေ့လာရ …
    ငါကွ လို့ အားခဲခဲ့သမျှ ခုများဖြင့် ဘယ်လို လုပ်ရပါ့ …. အာဟ .. အာဟ …
    ငါ ပျောက်သွားပါက … ကြောင်ကြီး ကောက်ကာ စားဖို့ပြင်နေဒါမို့ ….
    အရင်ဆုံး ဘာမှ မလုပ်နဲ့လို့ တူတော်မောင် ငအံစာ က အကျံဒွေ ပေးကာလာ …
    ကြောင်ကြီး ကို အရင် ရှင်းပလိုက်ဂျာ ….
    ပီးဒေါ့ … ချစ်ကံခေလေ သမျှ ယတြာ ချေတဲ့ အနေနဲ့ တူတော်မောင် ကို x x x x x အအူ အအူ … :mrgreen:

    • ဦး ကျောက်ခဲ

      March 6, 2013 at 12:38 pm

      ဟိုက်ရှားဘား…

      ဘိုအံရဲ့ ဟစ်ဟော့က လန်ထွက်နေတာပဲ…မိုက်တယ်ဗျာ…
      ကြောင်ကြီးရန် အပြတ်ရှင်းဖို့အထိပါတော့ ခိုက်သွားပြီ…
      ဟီး ဟီး… ကျုပ်လည်း အဆင်ပြေ…
      ခီညားလည်း ပြေပါစေ… x x x x x အအူ အအူ …
      :harr:

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 6, 2013 at 12:15 pm

    အားရအောင်ငိုပါရစေဦး
    နောက်မှ မန်းမယ်

    • ဦး ကျောက်ခဲ

      March 6, 2013 at 3:03 pm

      ငိုဗျာ……..အားရအောင်ငိုပြီးရင် မန်းပေး….
      ဆီမန်းပဲဖြစ်ဖြစ်…. ရေမန်းပဲဖြစ်ဖြစ်….
      :harr:

  • Novy

    March 6, 2013 at 12:48 pm

    ဦးကျောက်ရဲ့ ငယ်ချစ်အကြောင်းကို ဖတ်ပြီး
    မျက်ရည်တွေဘူးသီးလုံးလောက်ကျလာတော့
    ဂုံနီအိတ်လေးပြေးယူးရတာပေါ့တော့

    ps.
    &Sifusrudkarhvdkufygaemf :harr:

    • ဦး ကျောက်ခဲ

      March 6, 2013 at 3:07 pm

      မနို… မျက်ရည် ဘူးသီးလုံးလောက်ကျလို့…
      ဂုံနီအိတ်ဆောင်ရတာတောင် သွားကျိုးကြီးနဲ့ရယ်ပြတယ်…
      :byae:
      မနို…လူဇိုး… အခုမှအောက်က စာတန်းကိုဖတ်လို့ရတယ်
      မမေ့နိုင်သေးပါဘူးဗျာ

  • Mr. MarGa

    March 6, 2013 at 2:53 pm

    ဪ ဦးကျောက် ဦးကျောက်
    စာမရေးဖြစ်တာ ဒါကြောင့်ကိုး
    ပြတ်နေတဲ့ ကွင်းဆက် သေးသေးလေး အခုမှ ဆက်မိသွားတယ်
    နောက်ထပ် ကွင်းဆက် သေးသေးလေးတွေ ရှိဦးမယ်ထင်တယ်။
    အငိုနဲ့ အဆုံးသတ်ခဲ့ပါတယ် ဆိုပေမင့်
    ဦးကျောက်ကို မျက်ရည်သုတ်ပေးမယ့်သူ ရှိပါလိမ့်ဦးမယ်
    ဒီဘွမှာ မျက်ရည်သုတ်ပေးမယ့်သူ ပေါ်မလာရင်
    နတ်ပြည်ကိုသာ တက်ခဲ့ပါလေ
    ဦးမာဃ တစ်ဖက်ငါးရာ စွန့်ကျဲလို့ ပြုစုပါမယ်ဗျို့
    :hee: :hee: :hee:

    • ဦး ကျောက်ခဲ

      March 6, 2013 at 3:12 pm

      မရဘူး ဦးမာဃ…
      ဒီဘွမှာ မျက်ရည်သုတ်ပေးမယ့် ချစ်သူလေးကို လက်ဝယ်မပိုင်ရရင်တော့…
      ကျုပ်သေသွားနိုင်ဒယ်…..
      နတ်သမီး ငါးရာမလိုဘူး…. သူ့တစ်ယောက်တည်းပါ
      :byae:

      • Mr. MarGa

        March 6, 2013 at 3:18 pm

        ဟုတ်ပါပြီ ဦးကျောက်ရယ်
        အိုက်ဒါဆိုလဲ သူ့တစ်ယောက်ကိုပဲ အသေအချာ နတ်ပြည်ကိုခေါ်ပေးပါမယ်
        နတ်ပြည်ကိုသာ တက်ခဲ့ပါကွယ် :mrgreen:

        • MaMa

          March 6, 2013 at 5:16 pm

          သကြားမင်းကတော့ အချွန်နဲ့ မ နေပြီ။
          မဟုတ်မှလွဲရော….
          သဂျားမင်းရဲ့ ဘော်ဘော်လို့ ပြောပြီး နတ်ပြည်ကို ဘဝမကူးပဲတက်လို့ ရတယ်ထင်တယ်။ :harr:
          အဲလိုမရပဲ ခေါ်နေလို့ကတော့ သကြားကို ရေလုံပြုတ်သောက်ပစ်လိုက် ဗိုကျောက် ရေ။ :kwi:

        • ဦး ကျောက်ခဲ

          March 6, 2013 at 6:02 pm

          သကြားမင်း… ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်…
          သူ့တစ်ယောက်ကိုပဲ ကွက် ခေါ်ရင်တော့…
          ကော်ဖီမှုန့် နဲ့ရောပြီး ဘလက်ကော်ဖီ ဖျော်သောက်ပလိုက်မယ်…
          ဘာမှတ်လဲ… ဦးကျောက် တဲ့…
          :om:

        • Mr. MarGa

          March 6, 2013 at 6:35 pm

          အင်
          သူ့ကို ကွက်ခေါ်ပြန်တော့လဲမဟုတ်
          ငါးရာစီ ပေးတာလဲ မယူ
          တို့ ဦးကျောက်ကတော့လေ
          ဦးကျောက်သာ တက်ခဲ့ပါ
          ခေါ်ပေးထားပါ့မယ်ဗျာ
          ရက်လွန်ရင်တော့ တာဝန်မယူဘူးနော် :mrgreen:

  • နွေဦး

    March 6, 2013 at 2:57 pm

    ငယ်ချစ်တွေနဲ့ မပေါင်းခဲ့ရတဲ့သူတွေ သတိထားဖို့တော့လိုတယ်ဗျို့..
    အသက်ကြီးလို့ သတိမကောင်းတော့ရင်
    အိမ်ကမိန်းမနံမယ်မေ့ပြီး ရည်းစားဟောင်းတွေရဲ့နံမယ် မှားခေါ်မှာစိုးရတယ်…
    ဒီလိုမမှားအောင် ဦးကျောက် မိန်းမ မယူနဲ့တော့ဗျို့…

    • ဦး ကျောက်ခဲ

      March 6, 2013 at 3:18 pm

      အကိုနွေဦးရေ….
      ဟီး ဟီး… မောင်ကျောက်မှာ မှားလောက်စရာ အများကြီးမရှိပါဘူးဗျာ…
      ဆေးပေးမီးယူ အိမ်ပြန်ရောက်ရင် မီးခလုပ် မစမ်းပါရစေနဲ့…
      အိမ်ထောင်လေးတော့ ပြုပါရစေ….
      :harr:

      • နွေဦး

        March 6, 2013 at 4:27 pm

        အတွေးမမှားနဲ့နော်..ဦးကျောက်….
        မိန်းမယူတယ်ဆိုတာ မော်တော်ကားဝယ်စီးသလိုမဟုတ်ဘူးနော်…
        မော်ဒယ်ဟောင်းသွားရင် ပြန်ရောင်းပြီး အသစ်လဲလို့ မလွယ်ဘူးနော်..
        ရောင်းမရလို့ အလိုက်ပေးလဲမယ်ဆိုလဲ မလွယ်လှဘူး
        ဘယ်သူမှ စလစ် မရနိုင်တဲ့ အရည်ကြိုကားကို ယူမှာမဟုတ်ဘူးနော်…..
        ပြောရရင် Taxi သာငှားစီးပါဗျာ..။မြို့ထဲ ကားရပ်စရာနေရာလည်း စိတ်မပူရဘူး..။
        ကားဟောင်းကြီးမို့ ခဏခဏ ရေဆေးစရာလည်းမလိုဘူးလေ….ဟားဟား..။

  • kyeemite

    March 6, 2013 at 3:48 pm

    အော်..ဖြစ်ရလေ ဦးကျောက်ရယ်..အရင်ဇတ်လမ်းဟောင်းလေးအတွက်စတ်မကောင်းပါဘူး… :byae:
    ဇတ်လမ်း အသစ်စက်စက်အတွက်တော့ အားမလျှော့ပါနဲ့ဗျာ…
    ကိုကြောင်ဂျီးပြောသလို…ဦးကျောက်ခဲလို အဖိုးတန် မျိုးမှန် ဂျိုးသန်ကို လက်မခံတဲ့
    “မီးမြင့်”တဲ့ ယောက္ခမ မျိုး ရှိသေးတာအံ့ဩပါရဲ့… :buu:
    အဓိကကတော့ အသက် နဲ့တူတယ်…
    ဒါလည်းပြသနာမဟုတ်ပါဘူးဗျာ…
    “ယောက်ကျားပဇင်း မိန်းမ ပုခက်တွင်း” ဆို ရှိသမို့လား…:kwi:
    ကျုပ်အတတ်ဟောရဲတယ်..ဒီနှစ်ဝါမဝင်ခင်ကို အဆင်ပြေသွားလိမ့်မယ်..
    ကျုပ်က နှုတ်စီးတယ်နော… :hee:

    • ဦး ကျောက်ခဲ

      March 6, 2013 at 5:22 pm

      အကိုကြီးမိုက်ရေ…
      လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ငယ်ချစ်ဦးဇာတ်လမ်းကတော့…
      “ကုသိုလ်ကြမ္မာ မမှီပါခဲ့” လို့ ဖြေသိမ့် လိုက်ရပေမယ့်…
      ခုလက်ရှိဇာတ်လမ်းက တကယ့်ခပ်ဆန်းဆန်းမို့…
      အလွမ်းနဲ့ သိမ်းရမယ်ဆိုရင်… မောင်ကျောက် ဝဋ်ပါတယ်လို့ပဲ….
      :byae: လကုန် ခွင့်ပြန်လာရင်… တိုင်ပင်မယ် အကိုမိုက်….

  • ဗုံဗုံ

    March 6, 2013 at 3:50 pm

    ဦးကျောက် မိစံအပေါ်မှာ မကြင်နာခဲ့လို့ ဝဋ်ပြန်လည်တာလေ မိုးတွေရွာတဲ့ နေ့တုန်းက ဦးကျောက်က မိစံဆီသွားလိုက်ရမှာ အဲ့လိုဆို ဦးကျောက် ဒီလိုခံစားရမှာမဟုတ်ဘူး :mrgreen:

    • ဦး ကျောက်ခဲ

      March 6, 2013 at 5:25 pm

      သာမီးဗုံဗုံရယ်
      အဲသည်တုံးက အသက် ၁၆နှစ် မိစံနဲ့ မတွေ့သေးဘူးကွဲ့…
      တွေ့ခဲ့လို့ကတော့… ဟမ် ဒါလည်းမဖြစ်… လုံးဝမဖြစ်…
      :kwi:

  • etone

    March 6, 2013 at 4:02 pm

    အူးကျောက်ကလည်းလေ …. ဆယ်ကျော်သက်ကတည်းက အတော် နုံဒယ်နော် … ညို့ ထဲ တွားရင် ရဲဖမ်းလိမ့်မယ် တိလား .. ။ ဘယ် အမေက တူ့တမီးနား ဂလို ကုလားသေ ကုလားမော အိပ်နေတာမြင်လျှင် ဒေါမကွီးပဲ နေမတုံး ။
    စာကျက်လျှင်လည်း ကျက်ပေါ့ ။ အချိန်တန် အိမ်ပြန်ပေါ့အေ ။ဟီးရိုး အလုပ်ကောင်းတာ အချုပ်တွေ ဘာတွေ မရောက်တာ ကံကောင်းတယ်မှတ် …. :kwi:

    • amatmin

      March 6, 2013 at 4:28 pm

      ဘာ..မအိတုန်
      ကုလားသေ ကုလားမော ဟုတ်လားး
      အဲ့ဇဂါးကို အူးကျောက်အမုန်းဆုံးပဲ ဆိုတာ သိရက်နဲ့ကွယ်.. :harr:

    • ဦး ကျောက်ခဲ

      March 6, 2013 at 5:34 pm

      တူမကြီး အီးတုန်း
      ညည်းကလေ ကိုမတ်ပြောသလိုပဲ ဦးလေးအရှိုက်ကို ဒူးနဲ့လာတိုက်တယ်… ဟင့်
      ဟဲ့… ဦးလေးငယ်ငယ်က တကယ့်ကို ငနုံ ငတုံးပါဆို…
      အဲသည်ည ရွာတဲ့မိုးက ကမ႓ာဖျက်မိုး…
      ကြောက်နေတဲ့ ချစ်သူကို မထားခဲ့ရက်လို့…
      အချုပ်ထဲမရောက်ခဲ့ပေမယ့် ဘဝပျက်အောင် ဖြစ်ခဲ့တာလေ…
      :byae:

      • etone

        March 7, 2013 at 11:59 am

        ဦးကျောက် နဲ့ တကွ .. သူမဧ။် ..အ ဲ .. သူဧ။် … သက်ဆိုင်သူရေ …..
        ဘာတဲ့ .. ငယ်ကချစ် အနှစ်တရာ … အချစ်ဦးဆိုလျှင် မြေးဦးရတဲ့ အထိ မမေ့ဘူးဆိုလား ဘာလား .. ကြားဖူးတာလေး ရွတ်ကြည့်တာပါ …… ခိခိ :kwi:

        • ဦး ကျောက်ခဲ

          March 7, 2013 at 12:11 pm

          မိတုံ…
          လူရင်းတွေကြပ်တာ နာဒယ်…
          ဒီအရေးတွေကြိုမြင်လို့…
          ရှင်းပြီးသားဘာ…
          :harr:

  • ရွှေတိုက်စိုး

    March 6, 2013 at 4:16 pm

    ဟာဂျာ ဦးကျောက်ရာ အတူတူ အိပ်တာမိတာတောင် မိန်းမမရလိုက်ဘူးလား……….
    ကံမလိုက်တာနေမှာဗျ….
    ဘယ်နှယ့်ဗျာ ကံကြမ္မာဂ မျက်နှာသာမပေးဘူးပေါ့နော်…
    ဘယ်လိုပဲပြောပြော အခုဒေါ့ စော်ကြည်နေပီမို.လား…… အဲဒီ သူမ ဆိုတဲ့သူကို လိုက်မရှာဘူးလား…

    • ဦး ကျောက်ခဲ

      March 6, 2013 at 5:42 pm

      ကိုရွှေတိုက်ရဲ့…
      ကျွန်တော်ငယ်ငယ်က ယောက်ျားတို့ သိအပ်သောကို ဘာမှမသိဘူးဗျ…
      မြန်မာ ဓာတ်ရှင်တွေနှိပ်စက်တာလေ… ထိမိရင် မီးပွင့်တတ်တယ်ဆိုလို့ပါဗျာ…
      အင်း… “သူမ” နဲ့ နောက်ပိုင်း ဇာတ်လမ်းကတော့….
      ပို့စ်တစ်ပုဒ် ရေးရင်တောင် ဆုံးပါ့မလား…
      :buu:

  • kai

    March 6, 2013 at 5:05 pm

    မိုးသည်းညမှာ.. ည၁၁နာရီကနေ.. မနက်၂နာရီအထိ… သူတို့၂ယောက်ဘယ်လိုအိပ်နေလိုက်ကြမှန်း… စဉ်းစားလို့ကိုမရဘူး..
    အိပ်လို့ရတယ်ဆိုတာလည်း.. အင်း..
    အင်း..
    အင်း.. :harr:

    • ဦး ကျောက်ခဲ

      March 6, 2013 at 5:55 pm

      သဂျီးရယ်…
      ဘုရားပေးပေး ကျမ်းပေးပေး “Twilight” ထဲကလို ရိုးရိုးသားသားအိပ်ခဲ့တာပါ…
      မောင်ကျောက်တို့မှာ “အဖော်” ဆိုတာကြီးကို ကြားတောင် မကြားဖူးခဲ့ပါဘူး…
      နယ်ကျွံဖို့ဆိုတာကလည်းနှစ်ယောက်စလုံးက ကြောက်ကြတာမို့ပါ…
      ခုခေတ်ကလေးတွေလို ဗဟုသုတရှိခဲ့ရင်တော့…
      “ကလင် ကလင်” … “ဟောသည်က ပဲပြုတ်”
      :harr:

      • မိုက်ကယ်ဂျော်နီအောင်ပု

        March 6, 2013 at 6:17 pm

        ခုရောဘယ့်နှယ့်နေသေးလဲ ဦးကျောက်
        အလေ့အကျင့်လေး သဘောတရားလေးရှိလာဘီလား
        မတော်နေ ချာတိတ်လေးကို
        ရေတွင်းပျက်ကြီးမှတ်ပြီး ပတ်ပြေးနေရင်ဒုက္ခ
        ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ

        • ဦး ကျောက်ခဲ

          March 6, 2013 at 6:34 pm

          ကအောင်ပု… ခင်ဗျားနဲ့ဦးကြောင်ကို
          နှစ်ယောက်ပေါင်းပြီး လှော်ပြစ်မှအေးမယ်…
          တောက်စ် ဘာရေတွင်းပျက်တုံး…
          အမှန်အကန် ရွာဦးကရေကန်ဗျ…
          အယ်… သွားပါပြီ…
          :harr:

        • surmi

          March 6, 2013 at 11:19 pm

          ဘယ်ကလာဦးကျောက်ကပြေး.ရမတုန်း ကိုပုရဲ့ ့
          ကောင်မလေးက ကြောက်ကြောက်နဲ့ ကုတင်ပတ်ပြေးနေမှ
          အင်းးးး …. ကိုကျောက်အတွက် တစ်ခုခုတော့ ကြိုတင်စီစဉ်ပေးထားဦးမှ….
          သူက အတွေ့အကြုံ နဲတယ် တဲ့ (ယုံကြလား.. 🙂 )

        • Moe Z

          March 7, 2013 at 12:00 pm

          ယုံဘူးးးး :mrgreen:
          ဟီးးး အရဂါးစဒါ အူးကျောက်
          ဒီတစ်ခါတော့ အဆင်ပြေပါစေ (အတည်)ဆုတောင်းပေးပါတယ်
          အားငယ်ပါနဲ့ဗျာ ၄ဝ မှဘဝစတာဆိုတော့ အချိန်ရှိပါသေးတယ်
          ဟိုသီချင်းလေး သတိရသွားတယ်
          …..သူဘယ်မှာလဲ ..သတိရနေတယ်.. တစ်ခါတစ်လေတော့လည်း ..လွမ်းမိပါတယ် …ဘလာ ဘလာ ဘလာ…

        • ဦး ကျောက်ခဲ

          March 7, 2013 at 12:20 pm

          သူဘယ်မှာလဲ… ဆိုတာလည်းသိပါတယ်…
          တစ်ခါတစ်လေတော့လည်း ..လွမ်းမိပါတယ် ဆိုတာလည်း..
          မငြင်းပါဘူး…
          လက်ရှိ… သူလေးက ဘယ်သူဆိုတာတော့….
          ဒန်..တဲန်း..ဒန်… ဟိ
          :harr:

      • kai

        March 7, 2013 at 12:52 am

        နောက်တာပါဗျာ..
        အဲဒီအချိန်က “အဖြူရောင်”အဖြစ်ကလေးပြန်တွေးတိုင်း.. ကြည်နူးတယ်မဟုတ်လား..။
        ၁ဝမိနစ်နှစ်သိမ့်မှုနဲ့.. တဘဝကြည်နူးမှု လဲလိုက်ရတာပေါ့..။ တန်ပါတယ်..။

        အဲဒါ… အဲဒါ.. ဘဝသံသရာ..
        အဲယောင်လို့..
        အဖြူရောင်အမှတ်တရ လို့ခေါ်မယ်..။ :kwi:

  • koyinmaung

    March 6, 2013 at 6:02 pm

    လကုန် ခွင့်ပြန်လာရင်… တိုင်ပင်မယ် အကိုမိုက်…တဲ့လား
    အားမငယ်ပါနဲ့ ကိုကျောက်ရယ်…
    မန်းလေးဂဇက်ရွာသားတွေ ဘယ်လောက်စည်းလုံးတယ်ဆိုတာ…
    အလှူအတန်းတွေ မှာတောင် စည်းစည်းလုံးလုံးနဲ့အောင်မြင်ခဲ့တာမို့လား…
    ခု ကိုကျောက်ရဲ့အချစ်ရေးလဲ အောင်မြင်သွားအောင်
    ရွာထဲမှာအဖွဲ့တခုလောက်ဖွဲ့လိုက်လေး…ဟဲဟဲ…
    ကောင်မလေးကသာ လက်ခံလို့ကတော့
    သူအဖေ ဘာဖြစ်နေပါစေ..
    ခိုးပြေး လက်မှတ်ထိုး…
    မန်းလေးဂဇက်ထဲကနေကြေငြာလိုက်…
    ပြီးတော့လဲ ပြီးသွားမှာပါဗျာ…ဟဲဟဲ
    မန်းလေးဂဇက်ထဲလဲ အမှတ်တရဖစ်သွားတာပေါ့ နော်………….

    • ဦး ကျောက်ခဲ

      March 6, 2013 at 6:21 pm

      ဟီ ဟိ အကို ကိုရင်မောင်ပြောမှ…
      မိန်းမခိုးဖို့ မျက်လုံးထဲမြင်ယောင်လာတာ ရှင်လောင်းလှည့်သလိုကြီး…
      အကျိုးအကြောင်း အဆိုးအကောင်း အသိပေးပါ့မယ်ဗျာ…
      ခိုးပြေးဖို့ကတော့ တစ်ရွာလုံး “ကွိ” မှာမို့… နောက်ဆုံးမှ ရွေးပါရစေ…
      :harr:

  • ရဲစည်

    March 6, 2013 at 6:54 pm

    ရူးဖို့မလွယ်ဘူး သေဖို့လွယ်တယ်တဲ့ အင်းလိပ်ဇဂါးကြားဖူးတာ..
    ဆိုတော့ ရွာထဲမှာ လဗျိုကြီးချင်းတူရင်တောင် ရှေးအကြောင်း နောက်အကြောင်းကင်းတဲ့ လဗျိုသန့်သန့်က အလွန်ရှားတဲ့ခေတ် ဘွပေးကုသိုလ်ကံ မကောင်းလို့ အကြောင်းမသင့်ခဲ့တာကို ညန်တယားနဲ့ မဆင်ခြင်ဘဲ အကုသိုလ်အတုံးအခဲနောက်ကို ခပ်မိုက်မိုက် ထပ်လိုက်ချင်တဲ့ ….. ဒဂါကျောက် သင်မမှတ်ရော့လေလား… အပ်ထကထာမှာ နောက်တကြိမ်ထပ်အသဲကွဲရင် ဘယ်လိုဘချမ်းသာ ပြန်လုပ်ရတယ်လို့ မပါပေဘူး 。。。။ ဒီတော့ကာ ခွင့်သာခိုက်မှ မလိုက်ချင်လို့ နေခဲ့မယ်ဆိုရင်တော့ ထပ်ကမ်းလိမ့်မယ် မမှတ်နဲ့ သူမိုက်တို့ သွားရာလမ်းကို မြန်းချင်တဲ့ တဂါကျောက် နေရစ်တော့。。。 လဟယ် :kwi:
    ပုံ
    ရှင်အာဝေနီက (ဦးဘဇင်းမတ်) မာတုဂါမကင်းဝေးရာ တောရ

    • ဦး ကျောက်ခဲ

      March 6, 2013 at 7:10 pm

      “တဂါကျောက် နေရစ်တော့。。。 လဟယ်” ဆိုရင်တော့…
      နေခဲ့မှာပဲ အူးဇင်း…
      ဘွပေးကုသိုလ်က လေးဆယ်ကျော်မှကံပေါ်…
      အကုသိုလ်အတုံးအခဲ ဒီတစ်ခါ မာတုဂါမလေးက အတော်ဖြူးတယ်ဖျာ့…
      တပဲ့တော်တော့ လဗျိုသန့်သန့်ဘွကို အခြေအနေပေးရင်စွန့်လို့…
      တောမထွက်ပဲ… မြို့တက်တော့မယ် ကိုယ်တော်…

      ပုံ
      တဂါကျောက်
      ခတ္တ စိနမြိုင်ရပ်
      :harr:

    • amatmin

      March 6, 2013 at 9:00 pm

      ကိုယ့်ဆြာ ရယ်.
      မိန်းမမရလို့ ဘုန်းကြီးဝတ်ချင် ကိုယ့်ဘာသာ.
      တကိုယ်တည်းတောထွက်ပါလား..
      ဘောက်မဲ့ကြောင့် ဒီ.မတ်.ကပါလာပြန်သတုန်း 🙁
      ဒါနဲ့ သူ့သွားမပြောနဲ့အုန်း မဆူးက အူးကျောက်အရေးကြိုတွေးပီး..
      သင်္ကန်းနှစ်စုံ နေ့ည ခြုံဖို့ လှူမယ်ကြံနေတယ် ဆိုလားပဲ 🙂

    • ဦး ကျောက်ခဲ

      March 7, 2013 at 7:42 am

      ကောင်ကလေး အလင်းဆက်…
      မောင်ရင်တို့ ခေတ်လိုမဟုတ်ဘူးကွဲ့… ဦးလေးတို့က အဖြူရောင်ချစ်သူတွေပါ…
      :kwi:

  • လေးကျောက်ရယ်….
    အစမကောင်းတော့..အနှောင်းလည်း မသေချာဖြစ်တာပေါ့…
    ဘူနဲ့ စထွက်ခဲ့တာကိုး.. (ဟိ..)

    အချစ်စစ်ဟာ…ကြိုခင်းထားတဲ့ ပန်းခင်းမဟုတ်ဘူးလေ… (အလဲ့..)
    အားမလျှော့ပါနဲ့ လေးကျောက်…
    အချစ်မှာ မမြင်နိုင်တဲ့ စွမ်းအားတွေရှိတယ်… (မိုက်ဒယ်ကွာ..)
    ကံကောင်းမှာပါ လေးကျောက်ရယ်… Fighting!!!

    • ဦး ကျောက်ခဲ

      March 7, 2013 at 7:45 am

      တူမလေးမွန်မွန်
      ဦးလေးက ချစ်ကံခေတတ်သူမို့…
      အားပေးစကားပြောတာ…
      ကျေးဇူးပါကွယ်…
      :kwi:

  • aye.kk

    March 7, 2013 at 7:25 am

    “အန်တီအေး၏ဆုတောင်း”
    နဖူးစာရွာ..
    ထူးလာရှာတွေ ့..
    မေ့ကိုတဲ့လေ..
    မတွေဝေနှင့်..
    မီးမြင့်ပါလဲ..
    ရဲရဲဖြတ်ကျော်..
    ရွှင်လန်းပျော်လို ့..
    နှစ်ဖော်တူစုံ..
    ဝသုန်ဤမြေ..
    သက်သေတည်ပြု..နွှဲနိုင်စေ။။

    • ဦး ကျောက်ခဲ

      March 7, 2013 at 7:49 am

      အန်တီအေးရေ
      ကဗျာလေးနဲ့ ဆုတောင်းပေးတဲ့အတွက်…
      အထူးပဲ ကျေးဇူးတင်ပါတယ်…
      သူကလေးကိုလည်း ဖတ်ခိုင်းလိုက်ဦးမယ်… ဟီ ဟိ
      :harr:

  • ကြည်ဆောင်း

    March 7, 2013 at 12:16 pm

    စိုးလွင်လွင်ဆိုထားတဲ့ မိုးတွေရွာတိုင်း မျက်ရည်လည်ဝိုင်း လွမ်းစရာတွေအခါခါဖြစ်ခဲ့ပြီ သီချင်းဆိုရင်း ဖီလင်တက်နေတဲ့ အကိုကြီးတစ်ယောက်ကို မေးမိဖူးတယ်..
    အကိုကမိုးမရွာရင်တော့သတိမရဖူးပေါ့ ….ဆိုတော့
    မျက်ထောင့်နီကြီးနဲ့ကြည့်တာခံလိုက်ရဖူးတယ်..
    ဦးကျောက်လဲ မိုးရွာမှသတိရတာလားလို့ မမေးတော့ဖူးနော်..
    နောက်တစ်ယောက်ကတော့ ” မီးမြင့်” တယ်ဆိုရင် ဦးကျောက်ကရေလျှံအောင်လုပ်လိုက်ပေါ့..
    မီးဆိုတာ ခေတ်အဆက်ဆက် ရေနဲ့ငြှိမ်းရတာဘဲလေ..
    မီးသတ်ဆေးဗူးဆိုတာ နောက်မှပေါက်တဲ့ရွှေကြာပင်ပါ..
    :harr:

    • ဦး ကျောက်ခဲ

      March 7, 2013 at 12:32 pm

      မကြည်ဆောင်း ရယ်..
      စက္ကန့်တိုင်းလည်းမဟုတ်… နေ့တိုင်းလည်းမဟုတ်ပေမယ့်…
      တိုက်ဆိုင်တိုင်းတော့ အမှတ်တရ သတိရမိပါတယ်…
      ရေကတော့ ဦးကျောက်လည်း လခစားကွဲ့….
      :byae:

  • shwe pont

    March 7, 2013 at 12:55 pm

    စာရေးကောင်းတဲ့ ဦးကျောက်
    ရည်းစားစာအရေးကောင်းတဲ့ဦးကျောက်
    သူတပါးကို အစအနောက်တွေနဲ ့ပျော်စေတတ်တဲ့ဦးကျောက်

    မန်းဂေဇက်မှာစာရေးကောင်းတဲ့ လူဗျိုကြီးတစ်ယောက် နှလုံးသားအသစ်လေးပြန်မွေးဖွားချိန်မှာ
    အချစ်ကံတွေ ကောင်းပါစေ။
    ဦးကျောက်ရဲ ့စာဖတ်ပရိတ်သတ် 🙂

    • ဦး ကျောက်ခဲ

      March 7, 2013 at 1:17 pm

      ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝကြီး ပြည့်ပါရစေ… မရွှေပုံ့ ရေ
      ဦးကျောက်ရဲ့စာတွေကို ဖတ်ပေးတာလည်း…
      ကျေးဇူး အထူးတင်ပါတယ်ဗျာ…
      :kwi:

  • ရာမည

    March 7, 2013 at 1:03 pm

    ဦးလေးဦးကျောက်ခဲခင်ဗျာ
    ဆက်ရန်လေးများမျှော်နေပါသည် ။ ကွန်မန် ့များအရမည်သူဖြစ်နိုင်သလဲဟုလည်းကောင်း
    မည်သည် ့ပုံသဏ္ဍန်ဖြစ်မည်ဟုလည်းကောင်းကောက်ချက်ဆွဲ
    တွေးနေပါသည် ။
    ကြိုက်မကြိုက်မသိသဖြင် ့မရေးလိုက်ခြင်ဖြစ်ပါသည် ။
    ခွင် ့ပြုပါက ………

    • ဦး ကျောက်ခဲ

      March 7, 2013 at 1:25 pm

      ကိုရင်ရာမညရယ်…
      ဇာတ်လမ်းဟောင်းရဲ့ဆက်ရန်က ရေးရမယ်ဆိုရင်…
      ဝမ်းနည်းစရာ ဇာတ်ရှည်ကြီးပါ…
      အ ဟဲ… လက်ရှိဇာတ်လမ်းရဲ့ မင်းသမီးက…
      မှန်းကြသူများအားလုံး ၁၀၀% မှားကြပါလိမ့်မယ်…လို့
      :harr:

  • Foreign Resident

    March 7, 2013 at 1:21 pm

    ဦးကျောက်ရေ ။

    တော်လောက်ပြီနော် ။ တဖြည်းဖြည်း ပွ လာပြီ ။
    တော်ကြာ ၊ ကောင်မလေး စိတ်ဆိုး လိမ့်မယ် ။
    စေတနာ နှင့် ပြောတာ ။

    • ဦး ကျောက်ခဲ

      March 7, 2013 at 1:32 pm

      ဟုတ်ကဲ့…အဘ
      သတိပေးတာ ကျေးဇူးပါ…
      နဲ..နဲ ပျော်နေလို့…
      :harr:

  • Nyo Win

    March 7, 2013 at 1:38 pm

    ချစ်ကံခေတယ်ဆိုတာ လူတစ်ယောက် အဖို့တစ်သက်လုံး အတွက်တော့ မဖြစ်နိင် ပါ ဘူး ဦးကျောက် ရယ်
    ပြီးခဲ့တဲ့ ဇာတ်လမ်းကလည်း အချိန်အခါ အခြေအနေ နဲ့ နေရာဒေသ တိုက်ဆိုင်လွန်းလို့ နေမှာ ပါ။
    ဘာပဲ ပြော ပြော ဒီတစ်ကြိမ်တော့ ကံကောင်းမှာပါ လို့ ဦးကျောက် ရဲ့ စာဖတ် ပိတ်သတ် အနေ နဲ့ အတည်
    ပြော ချင် ပါတယ်။
    ဦးကျောက်ရဲ့ နောက် ပိုစ့် များကို မျှော် နေ တဲ့………..

    • ဦး ကျောက်ခဲ

      March 7, 2013 at 1:59 pm

      ကိုညိုဝင်းရေ…
      ကျွန်တော့မှာ ချစ်လိုက်မိတိုင်း အမြဲလွဲတတ်တာမို့…
      ကိုယ့်ကိုယ်ကိုတောင် ယုံကြည်စိတ် လျော့မိတယ်ခင်ဗျ…
      တကူးတက ရှားရှားပါးပါး ကွန်မန့်ပေးတာကျေးဇူးပါပဲဗျာ…
      :kwi:

  • ခင်ခ

    March 7, 2013 at 2:54 pm

    မနေ့က ဇတ်လမ်းလေးဖတ်ပြီး စိတ်မကောင်းစွာ ခံစားရလို့ အဟင့် ဘဲ မန့်နိုင်ခဲ့တာမို့ အခု ပြန်လာရတာဗျ
    ( မင်္ဂလာဆောင်မယ် မင်္ဂလာဆောင်မယ် ဒီတစ်မိုးကုန်ရင်ကွယ်
    လူကြီးတွေလည်း ဖိတ်ကြားမယ် ကလေးတွေလည်း ဖိတ်ကြားမယ်
    မောင် နဲ့ မ နဲ့ မင်္ဂလာဆောင်ရင် တစ်ရွာလုံးဖိတ်ကြားမယ် …….. )
    ဒီမနက် မင်္ဂလာဆောင်ခန်းမတစ်ခု အဖြတ် ကြားခဲ့ရပြီး ကိုကျောက်ပိုစ့်ကို သတိရသွားတယ်လေ၊
    အဲလို တစ်ရွာလုံး ဖိတ်မလား ဆရာ ဆရာ ကျောက် ရေ။

    • ဦး ကျောက်ခဲ

      March 7, 2013 at 3:28 pm

      ဆရာခရယ်… အဲသည်လိုဖိတ်လိုက်ချင်တာ….
      အခြေအနေက စိတ်သေလက်ချ…ပြောမရသေးလို့ပါခင်ဗျာ..
      :harr:

  • jacky tun

    March 7, 2013 at 9:56 pm

    ဦးကျောက် ဒီတစ်ခါတော့ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

    • ဦး ကျောက်ခဲ

      March 8, 2013 at 7:40 am

      ကျေးဇူးတင်ပါတယ် jacky tun ရယ်…
      ဒီတစ်ခါ ကံကောင်းဖို့ ဦးကျောက်လည်း မဝံ့မရဲ မျှော်လင့်မိပါတယ်…
      :kwi:

  • Crystalline

    March 7, 2013 at 10:43 pm

    ဦးကျောက် စာရေးကောင်းလိုက်တာ.. ကွန်မင့်တွေကလည်း တကယ့်အပို့ကောင်းတွေပဲ.. ငယ်ချစ်ပုံပြင်လေးကတော့ ပြန်တွေးရင်ကြည်နူးစရာဖြစ်မယ်ထင်တယ်.. လက်ရှိကိုတော့ အတွေးပွားသွားပါတယ်.. မင်းသမီးကိုလိုက်ဆက်စပ်တော့လည်း လက်ရှောင်နေသူတွေများတော့ မတွေးတတ်ဖြစ်ရပါတယ်…. All the best…

    • ဦး ကျောက်ခဲ

      March 8, 2013 at 7:48 am

      ငယ်ချစ်ဦး ပုံပြင်က ပြန်စဉ်းစားမိရင် အစပိုင်းမှာ ကြည်နူးစရာ…
      အဆုံးသတ်မှာ ကြေကွဲစရာပါ Crystalline ရယ်…
      လက်ရှိ မင်းသမီးကိုတော့ သိပ်ပြီးဦးနှောက်မစားပါနဲ့…
      ရွာထဲမှာ ဖိတ်စာပို့လိုက်ရင် ဟာ… ကနဲ ဖြစ်သွားကြပါလိမ့်မယ်…
      :harr:

  • padonmar

    March 8, 2013 at 12:59 am

    လူစီ ဦးကျောက်ဖြစ်နေပါလား။
    ၉၆ တောင်ရောက်နေပြီ၊
    တော်ကြာ ဝိုင်းစုကို ကျော်တက်သွားတော့မယ်။
    ကွန်မန့်နည်းနည်းပဲပေးတတ်တဲ့ ပိတ်သတ်တွေတောင် ဆုတောင်းပေးနေကြပြီနော။
    ရွာထဲက အပိုဂျီးတွေ အပိုလေးတွေရေ၊
    လက်ရှောင်နေရင် မင်းသမီး ထင်ခံနေရမယ်။
    မြန်မြန်လာ ကိုယ်ထင်ပြကြ။
    ဒါမှ ဦးကျောက်ရဲ့သူကလေးကို မြန်မြန်သိပြီး တွန်းပို့ပေးနိုင်မှာ။
    ဦးကျောက်….လူဆိုးတွေနဲ့ မောင်တိုင်ပင်မလား။(နယ်စည်းမခြားတွေက ရွနေတယ်)
    လူကြီးစုံရာနဲ့ ငွေဖလားပိုက်သွားမလား (ရွာလူကြီးတွေလည်း ရွနေတယ်)
    ရွေးတော့။

    • Foreign Resident

      March 8, 2013 at 4:13 am

      ” ရွာထဲက အပိုဂျီးတွေ အပိုလေးတွေရေ ၊
      လက်ရှောင်နေရင် မင်းသမီး ထင်ခံနေရမယ် ။
      မြန်မြန်လာ ကိုယ်ထင်ပြကြ ”

      ဟဲ ဟဲ ၊ ဟုတ်ပါ့ ။
      နို့မို့ဆို ၊ သူလိုလို ၊ ငါလိုလို နှင့် ။
      တစ်ချို့ကတော့ ၊ အထင်ခံရ နဲလား ဆိုပြီး ၊
      တမင် အသံတိတ်နေတာလည်း ၊ ပါမပေါ့ ။
      ဟီ ဟိ ၊ နောက်ထှာ ။

      ” ပိတ်သတ်တွေတောင် ဆုတောင်းပေးနေကြပြီ နော ”

      အဘတို့ အားလုံးက ဆုတောင်းပေးနေကြပါတယ်ကွယ် ။

      ” ဦးကျောက်….လူဆိုးတွေနဲ့ မောင် တိုင်ပင်မလား ။
      ( နယ်စည်း မခြားတွေက ရွနေတယ် )
      လူကြီး စုံရာနဲ့ ငွေဖလားပိုက် သွားမလား ။
      ( ရွာလူကြီးတွေ လည်း ရွနေတယ် )
      ရွေးတော့ ”

      အင် ၊ အဲဒီလောက်တော့ မလွယ်ဘူး မ ပဒုမ္မာ ရဲ့ ။

    • ဦး ကျောက်ခဲ

      March 8, 2013 at 7:59 am

      အန်တီ ပဒုမ္မာ ရေ…
      အဘဖော ပြောတဲ့အတိုင်း အဲဒီလောက် မလွယ်ပါဘူး ခင်ဗျာ…
      မောင်ကျောက် အကြောင်းတစ်စုံတစ်ရာကြောင့်…
      မင်းသမီးကို ဖွင့်မပြောနိုင်တာ ခွင့်လွှတ်ကြပါ ခင်ဗျာ…
      ကံမပေးလို့ ဝေးကြရင် သူလေးနစ်နာမှာစိုးတာလည်း ပါတာပေါ့ခင်ဗျာ…
      :byae:

      • Mon Kit

        March 8, 2013 at 11:28 am

        ဘူလေးလဲ ဟေ့ xxxx အဲဒါ ဘူလေးလဲ xxxxx
        ဦးကျောက်ရေ… သိချင်စိတ်တွေ များနေပီနော်…..
        :kwi:

  • awra-cho

    March 8, 2013 at 10:53 am

    “““စာဖတ်အပြီး မော့ကြည့်လိုက်တဲ့ “သူမ” ရဲ့ အညိုရောင်မျက်ဝန်းတစ်စုံမှာ အရောင်တွေလက် ပါးမို့လေးမှာပန်းဆီရောင်ပြေးနဲ့…

    “နင်… ငါ့ကို တကယ်ပေးတာဆိုရင် ဘယ်လောက်ကောင်းမလဲ” လို့ ဆိုအပြီး၊ အိကနဲ ငိုအချမှာ… ဟောသည့် မောင်ကျောက် ရူးလိုက်မိတာ လွန်သလားဗျာ….”””
    ရေးတာက မိတယ်ဗျာ၊ အဲဒါတွေဖတ်ပြီး စာမရေးရဲ တော့ဘူး၊ နောက်ဆက်တွဲ လေးဘာလေး လုပ်ပါအုံး

    • ဦး ကျောက်ခဲ

      March 8, 2013 at 2:04 pm

      မမြှောက်ပါနဲ့ ကို awra-cho ရယ်…
      ဦးကျောက်… ရေးတတ်သလိုရေးတာပါ…
      အများတောင်းဆိုကြရင်တော့ မလှတဲ့ဇာတ်သိမ်း ရေးပေးပါ့မယ်…
      :byae:

  • pooch

    March 8, 2013 at 12:16 pm

    အမလေး ဦးကျောက်ရယ် တွင်းနက်ကြီးထဲ ခုန်ချဖို့အရေး သူ့မှာ ဖြစ်ပျက်နေလိုက်တာ မပြောချင်ဘူး

    ကျမကတော့ တွင်းနက်ထဲ မထင်မှတ်ပဲ ပြုတ်ကျသွားတာ ခုလာမဲ့ မတ်လ ၁၂ ရက်နေ့မှာ တလ တင်းတင်း ပြည့်ပါ့မယ်။

    တကယ်တမ်းကျ ဘဝကြီး အဆုံးသတ်သွားတာပါ ဦးကျောက်ရယ် အပျော်ဆိုတာ ခဏပါ

    ကိုယ်တောင် မလွန်ဆန်ဝံ့လို့ နားအေး ပြီးရော ခုန်ချလိုက်ရတာပါ။ ကိုယ့်အလိုသာဆို ငှက်ပျောတုံးဖက်ပြီး သေဖို့ စဉ်းစားထားပြီးသားပါ။

    ကြွားကောင်းတဲ့ အကြောင်းလည်း မဟုတ်တော့ ဒီလိုပဲ ရောယောင်ပြီး တိုးတိုးတိတ်တိတ်နေမို့ဟာ ဒီရွာက တဆိတ်ရှိ single တွေကိုပဲ ခလုတ်တိုက်ပြီး ထင်တလုံးနဲ့ လျှောက်ပြောကြလွန်းလို့ ခုတော့ ဖွင့်ပြောလိုက်ပါပြီ။

    လက်ဖွဲ့လည်း လက်မခံ မင်္ဂလာလည်း မဆောင် နားအေး ပါးအေး လက်မှတ်ထိုးခဲ့တာမို့ အရင်းနှီးဆုံးတွေလောက်ပဲ သိလိုက်တယ်။

    တီချယ့်ကိုတောင် ရေကန်တော့သွားမှ အကျိုးကြောင်းဖွင့်ပြောမလို့ စဉ်းစားထားတာ ဘယ်က စပြောရမှန်းမသိလို့ ရုတ်တရက်ကြိးဆိုတော့လေ။

    ရှေ့လျှောက် မတော်သိသွားရင် အမှုကြီးနေမှာစိုးလို့ ဖွင့်ပြောလိုက်ပါပြီ ရှင်
    ကျမက ပါစင်နယ်ကို လူသိတာ သိပ်မကြိုက်တာမို့ပါ နားအေး ပါးအေး နေချင်တာလည်း ပါတယ်။

    ထပ်မေးရင်လည်းဖြေတော့မှာ မဟုတ်ပါဘူး ။ ဘဝပြောင်းသွားတာကို အသိပေးရုံလောက်ပါပဲ ။ :mrgreen:

    • Moe Z

      March 8, 2013 at 12:27 pm

      ဝေးးးး ဟေးးး ဟေးးးး
      Big big congratulations!!! မမပူးချ်
      သမိုင်းပေးတာဝန်ကျေသွားပြီ :mrgreen:

      • ဦးဖွတ်ကျား

        March 8, 2013 at 12:33 pm

        သူပေါတဲ့တိုင်း ကွန်ဂရက်ကျူလေးရှင်းအေ…။
        မမယ်ပု တို့များ ပိရိချက်။ ငှက်ပျောပင်ခုတ် ချောက်ထဲခုန်ချလိုက်တဲ့ကိစ္စ သိတောင် မသိလိုက်ရ

        @မိုးဇိ
        ဒမယ် ဂျေပီဂျီးရဲ့ …သမိုင်းပေးတာဝန်က မကျေသေးပါဘူး..
        ခုမှ တာဝန်စ ထမ်းဆောင်ဖို့ ..ရီဂျစ်စတာလုပ်တဲ့အဆင့် ရှိသေးတာ..။
        သမိုင်းပေးတာဝန်ကျေဖို့ ဆို အဆိပ်မိဖို့ ဖျဉ်းစွဲဖို့ အဆင့်တွေ ဖြတ်သန်းရဦးမယ်မဟုတ်လား..

        @မမပု
        မီးပုံးပျံ မမယ်ပု ဖြစ်မယ့် သဒင်းကောင်းလေး စောင့်မျှော်နေပါတယ်…။
        ကိုရင်တိုက်ကတော့ ဂျီတော့ စတေးတပ်စ်မှာ ဟဲဟဲ ..ငါကွ တဲ့ …
        (အားကျမခံ ကြိုးစားစေသဒီး)

        သခင်မျိုးဟေ့ ဒို့ ဘားမန်..
        (ဘာမှလည်းဆိုင်ဝူး)

        :kwi:

        • Moe Z

          March 8, 2013 at 1:04 pm

          ဘာဖြစ်ဖြစ် ရီဂျစ်စတာလုပ်တယ်ဆိုကတည်းက ရာခိုင်နှုန်းအတော်များများသေချာနေပြီပဲကို ..
          သူကျတော့ သူများလို ငါကွ!! အော်ဖို့နေနေသာသာ
          အာဝူးးးးး တဲ့ .. ခွိခွိ :mrgreen:

    • ဦး ကျောက်ခဲ

      March 8, 2013 at 2:10 pm

      မယ် pooch ရေ ကွန်ဂရက်ကျူလေးရှင်း အကြီးကြီးပါ…
      မန်းကိုလာဖို့ အစီအစဉ်ရှိလို့ လက်ဖွဲ့ကတော့ လက်မခံရင် ကိုပေါက်ဆီမှာ ထားခဲ့မှာ…
      သေသေချာချာ ပြန်စဉ်းစားမိတော့… တောက်စ် ဦးကျောက်ကို ကြောသွားတာ…
      ဂုဏ်ယူပါတယ်အေ… မောင်ဂီပြောသလိုလေး… မြန်မြန်ဗျို့…
      :harr:

    • kai

      March 8, 2013 at 2:38 pm

      ဟောဒီမှာဗျို့..
      ကြွက်မိနေ.. အဲ.. ယောင်လို့.. လူမိနေပါတယ်ဗျို့…
      ဦးကျောက်တို့.. တော်ချက်.. တခါတည်း.. မီးပြတိုက်လုပ်ပေးလိုက်တယ်..။… :kwi:

      ဆိုတော့…
      ပုရှ်မမကို.. သမိုင်းပေးတာဝန်ကျေသူအဖြစ်.. အသိအမှတ်ပြုပါကြောင်း..။
      ချောက်ထဲက.. ပြန်မတက်ပဲ.. အောက်ကစမ်းချောင်းလေးမှာ.. ဖားငါးရှာစားစေလိုကြောင်း..။
      နောင်တခေတ်ရဲ့.. သမ္မတတွေ..မြန်မြန်မွေးပေးစေလိုကြောင်း…။

    • ကထူးဆန်း

      March 8, 2013 at 4:57 pm

      ကြွက်ထောင်ကြောင်မိ လို့ဘဲ ကြားဖူးပါတယ် ။။
      ခုတော့ ကျောက်ထောင်တာ ပုချ် မိသွားပါရောလား ….
      ဦးကြောင် စာရင်းထဲ တစ်ယောက်တော့ ခရောစ်ဖြစ်သွားဘီပေါ့ .. :kwi:

      စကား အတင်းစပ် .. ဦးကျောက် လူယောင်ပြထားတာ ရာထူး မတိုးပေးသေးဘူးလား သူကြီး..
      မီးမြင့်တဲ့ ယောက္ခမလောင်းကြီး ကျသွားအောင် .. အဟိ.
      စာပေဆုပေးပွဲမှာ ကိုယ်ယောင်ပြထားပြီး ရာထူး မတိုးသေးတဲ့ သူတွေ သူကြီးကို စန်ဒ ပြခိုင်းမှနဲ့ တူတယ် ..ခွိခွိ

      • ဦး ကျောက်ခဲ

        March 8, 2013 at 5:58 pm

        CJကြီး ကထူးဆန်းရေ…
        မယ်ပုချ်က စိတ်မြန်လက်မြန် မခံချင်စိတ်နဲ့ ထုတ်ပြောသွားတာဖြစ်မယ်… မရည်ရွယ်ပါဘူးဗျာ… ယုံထောင် မယ်ပုချ်မိ… ဟီ ဟိ…
        မနက်ဖြန်တော့ လက်ဖွဲ့သွားဝယ်မယ်…
        အ ဟမ်း… လူလုံးပြရင် ရာထူးတိုးပေးမယ်ဆိုလို့ လေယာဉ်လက်မှတ်ခံပြီးပြန်လာတာ… အခုတော့ အားလုံးဖရီးတောင်လုပ်လိုက်လို့ ဟိုရက်က ရွာထဲမှာ မီးကင်းသံချောင်းခေါက်လိုက်ရသေးတယ်…
        တော်ဘီ တဂျီး… ပြန်လျော်ပေး…
        :harr:

      • ကထူးဆန်း

        March 8, 2013 at 6:18 pm

        တော်ပါသေးရဲ့ .. ရွာထဲ ကြွက် မရှိလို့ .. ရီချင်ပြီး ရေးလိုက်တာ ..စိတ်ထဲ က ယုန် က ကြွက်ဆိုပြီး ရိုက်လိုက်မိတယ် ..
        အမှန်တော့ နန်းမတော်လည်း ဘယ်လို ကြေညာရပါ့ မလဲ အကွက်ချောင်းနေတာ နေမှာ .. အခုမှ ဦးကျောက်ကျေးဇူးနဲ့ အခွင့် ရသွားတာ နေမှာ … :hee:
        Congratulation ပါ pooch ရေ ..
        ဆိုတော့ မှတ်မိသလောက် မှတ်တမ်းတင်ရရင် ဒီဝါကျွတ်မှာ ရွာသူားတွေထဲ က
        မဆူး
        ရွှေတိုက်နဲ့ အုပ်ထိန်းသူ
        Pooch
        ကိုထွန်းဝင်းလတ်

        တို့ တော့ တွင်းနက်ကြီး ထဲ ခုန်ချပြီးသွားကြောင်းနဲ့
        သတင်းမပို့ ရသေးသူများ ဦးကျောက်တို့ အမတ်မင်းတို့ သားရည်ကျအောင် သတင်း အမြန်ပို့ကြပါ ။ ကိုရှုံးတစ်ယောက်လဲ ချိန်တော့ချိန် နေတာဘဲ .. အခုတော့ သတင်း မကြားပြန်ပါဘူး … အဟဲ .. :kwi:

        • ဦးဖွတ်ကျား

          March 8, 2013 at 6:27 pm

          သဂျီးသာမီး ချာတူးလန် ကျန်သေးကြောင်း ထပ်ဖြည့်ခဲ့ပါသဗျို့.

          :harr:

          သီဟပူရ က ဟိုတယောက်ကလည်း. ကျော်တို့၂ယောက်ကို အဖေအရွယ် သားအရွယ်ဆိုပြီး.
          တောင်တရုတ်ပင်လယ်ထဲကကျွန်းနဲ့ အရှေ့ကျွန်းကို ငြင်းပယ်ပြီးသကာလ
          သီဟဒီပမှာပဲ အခြေချတော့မှာရယ်လို့ ကြားရပါဂျောင်းးး

          :byae:

        • ဦး ကျောက်ခဲ

          March 8, 2013 at 7:15 pm

          ပြောလိုက်စမ်းပါ မောင်ဂီရာ…
          ရှေ့လဆန်း ရွာမှာကျုပ်တို့ ဆုံကြရင်ဖြင့် သီဟပူရကျွန်းသူဂျီးကို တမ်းလို့…
          ကျုပ်တို့ ကျွန်းသားနှစ်ယောက်က လွမ်းလွမ်းနဲ့ ကွဲကြမယ်ဆိုတဲ့အကြောင်း…
          :harr:

        • ခိုင်ဇာ

          March 8, 2013 at 9:32 pm

          အသာလုပ်ကြပါဗျာ။ ဖေကျောက်နဲ့သားဂီရယ်။
          ဖြေးဖြေးကွဲကြပါ။
          လူစုံတဲ့နေ့ပြောပါ။ ဖုန်းဆက်လိုက်ပါ့မယ်၊

          :harr:

    • Crystalline

      March 8, 2013 at 7:23 pm

      Ma Ma Pooch,
      Congratulations!
      Wishing you all the best….

    • amatmin

      March 8, 2013 at 10:26 pm

      မပုချ်ရေ.. ဂုဏ်ပြုပါတယ်..
      ချောက်ထဲဆင်းတာကို မဟုတ်ပါဘူး..
      ပြောသင့်တာတွေ ပြောပြလိုက်လို့ပါ.. 🙂

  • မောင် ပေ

    March 8, 2013 at 12:47 pm

    ဟိုဘက်က ဥကြောင်ကြီး ပို ့စ်နဲ ့ပေါင်းဖတ်မှပဲ
    ကောင်းကောင်းကြီး ရယ်ရတော့တယ်ဗျား

    • ဦး ကျောက်ခဲ

      March 8, 2013 at 2:14 pm

      အတော်ဆိုးတဲ့ကြောင်… သူ့စိတ်နဲ့နှိုင်းပြီး… ကျုပ်ကို လွတ်လွတ်ကြီး ဆော်သွားတယ်…
      :harr:

  • ကိုကိုကျောက် က ကြောက်
    သတို့သမီးကိုဖျောက်
    ဟိုတစ်ယောက်က စိတ်ဆိုးရင်တော့
    ခေါင်းနောက်နေအောင်ချော့နေရမယ်နော်

    • ဦး ကျောက်ခဲ

      March 8, 2013 at 2:16 pm

      ချော့ကာမှချော့ရရော… ထုတ်ပြောဖို့ မဖြစ်သေးလို့ပါ အကိုပေါက်ရယ်…
      :harr:

  • koyinmaung

    March 8, 2013 at 5:03 pm

    ရွာသူ pooch လေးရေ….
    ခုလို ကြားရတာ ဝမ်းသာပါတယ်…
    ရာသက်ပန် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင် ပေါင်းသင်းနိုင်ကြပါစေကြောင်း
    ဆုတောင်းပေးလိုက်ပါတယ်….
    ကိုကျောက်ရေ ကားလေးတွေကျော်တက်ကုန်ပြီ…
    မြန်မြန်မောင်းပေတော့….ဗျို့…

  • padonmar

    March 8, 2013 at 9:21 pm

    အို့အိုးးးး
    မယ်ပုတစ်ယောက်တော့ အော်မေ့ဂိုဏ်းကို သစ္စာဖောက်သွားပါပကောလား။
    အဲဒါပြောတာပေါ့။
    ကြံတိုင်းလည်းမဖြစ်ရာ၊
    မကြံသော်လည်းဖြစ်ရာ၏..တဲ့

Leave a Reply