Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုရင်ဝလုံးရဲ့အတွေးစပွားများ (၁) ..

koyin sithuMarch 6, 20131min56114

ကိုရင်ဝလုံးတို့ ဂေဇက်ရွာကြီးဟာ ဝေဖန်ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ အလှူအတန်းတွေပေးကြ၊ တွေ့ဆုံပွဲတွေ ပြုလုပ်ရင်း စည်းစည်းလုံးလုံးကြိုးစားနေတာမြင်တော့ အင်တာနက်ရတဲ့အချိန် ဝင်ကြည့်ရင်းနဲ့ ကျွန်တော် ဝမ်းသာ ပီတိဖြစ်မိတာအမှန်ပဲ။ ရွာသူား ကိုကြောင်ဝတုတ်တို့ အုပ်စု စုစည်းတည်ထောင်ပြီး ဒါဇင်ပလပ်အဖွဲ့ရဲ့ စုပေါင်း အလှူအတန်းတွေကို မြင်ရတော့ ကြိတ်ပြီး သာဓုခေါ်မိပါရဲ့။ သူ့နည်းသူ့ဟန်နဲ့ ချီတက်နေတဲ့ သူတို့အစား ဂုဏ်ယူမဆုံးပါရဲ့ဗျာ။

သူတို့ သွားလှူတဲ့ မိဘမဲ့ကလေးငယ်တွေကိုကြည့်ရင်း ကိုရင်တို့ မြန်မာလူမျိုးတွေ တော်တော် ဆင်းရဲမွဲတေ နေတာတွေ ပိုပိုပြီး သတိထားမိလာတယ်။ မိမိနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ ပညာရေး မတတ်နိုင်မှုနှင့် ကျန်းမာရေး လိုအပ်ချက်တွေကြောင့် စေတနာမှန်တဲ့ ပရဟိတအဖွဲ့တွေလည်း တော်တော်များပေါ်ပေါက်လာတာတွေက အားရစရာ ကောင်းပါတယ်ဗျာ…။

တခါက ကိုရင်ဝလုံး မြဝတီဘက်ခရီးသွားရင် မဲဆောက်ကို လေ့လာခဲ့တယ်… အထူးသဖြင့် မြန်မာအများစု နေထိုင်ကြတဲ့ အထည်ချုပ်စက်ရုံတွေကို ကြည့်မိတယ်။ ၁ဝပေပတ်လည်တောင် မကျယ်တဲ့ အခန်းသေးသေးလေးထဲ မြန်မာအလုပ်သမား မိသားစု ၆ယောက်လောက်ထားပြီး နေစရာပေးထားတယ်။ အခန်းတိုင်း အဲ့လိုပုံစံတွေနဲ့ ကျဉ်းကျဉ်းကျပ်ကျပ်လေးနဲ့ ထမင်းစားလဲဒီနေရာ၊ အိပ်လဲဒီနေရာ၊ ထိုင်းစက်ရုံပိုင်ရှင်ပေးသမျှနဲ့ ကျေနပ်နေတဲ့ပုံပဲ။ နေထိုင်ခွင့်ပါမစ် မရှိသူတွေ များသမို့ အပြင်လည်းမထွက်ရဲ အပြင်ထွက်လဲ ထိုင်း တောမောင်းနဲ့ ပုလိပ်ဖမ်းမှာစိုးတယ်ထင်ပါ့။ သူတို့တွေ မျက်လုံးထဲက ကြောက်စိတ်တွေ ပြည့်နေတာကို သေချာမြင်တွေ့မိရဲ့။ ရွာမှာ ဝမ်းရေးခက်လို့ မြန်မာငွေတစ်သိန်းနှစ်သိန်းအတွက်နဲ့ စီးပွားရှာရင်း မြန်မာလူမျိုးရဲ့ သိက္ခာတရားနဲ့ လူအခွင့်အရေးတွေ ဆုံးရှူံးနေပါလားဆိုတောင် သူတို့ သိချင်မှသိမပေါ့။

တော်တော်ကြာပြီ… နာဂစ်မုန်တိုင်းပြီးနောက် အလှူအတန်းပေးဖို့ ဆန်၊ဆီ၊ ပဲ၊ အဝတ်အစားတွေစုပြီး ကားစီးလုံးငှားပြီး ကိုရင်ဝလုံးတို့ သူငယ်ချင်းတစ်စု ဒေးဒရဲဘက်ကို ခရီးဆက်တာ ကော့မှူးမဝင်ခင်ပဲ ရဲတွေက သူခိုးတွေ စစ်သလိုစစ် ခွေးလို အော်ထုတ်ပြီး ၊ ပါလာတဲ့ ပစ္စည်းတွေကို ခိုးရာပါပစ္စည်းတွေလို စစ်သမို့… အဲ့အချိန်ကတည်းကစပြီး apathetic ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ လိုအပ်တဲ့နေရာတွေကို အလှူအတန်းပေးဖို့ တော်တော်လေး လက်တွန့်သွားခဲ့တယ်။

လွှတ်တော်တွေမှာ လူတွေတဖွဲဖွဲနဲ့ ဆွေးနွေးနေလိုက်ကြတာ ဂက်စ်တွေ၊တောင်တွေ၊ သစ်တွေ၊ ပြည်သူလူထု နေထိုင်တဲ့ မြေတွေထဲက ဖြိုပြီး ရလာသမျှ ဘတ်ဂျက်ကျတော့ ဆင်ရဲသားတွေ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ လယ်မြေပိုင်ဆိုင်ရေးအတွက် ဝေစုကနည်းနည်း၊ အချင်းချင်းပြန်ဆော်ဖို့ ဝေစုကများများ ပွင့်လင်းထင်သာ မြင်သာအောင် ဘယ်လိုမျှော်ရပါ့မလဲ။ ဒီလိုတွေ မပြည့်စုံမှုတွေကြောင့် ဘာသာခြားတွေရဲ့ ပေးကျွေးရင်းက မဲဆွယ်ရင်းကနေ မြန်မာ အမျိုးသမီး၊သား တွေ ဘယ်နှစ်ယောက် ဘာသာခြားတွေ ဖြစ်ကုန်ပြီလဲ။ စဉ်းစားမိသမျှပြောရင် မကုန်တော့ဘူး။ အရင်အစိုးရနဲ့ လက်ကျန်အစိုးရကို အရမ်းစိတ်နာတယ်။ ကိုရင်တို့လိုတို့လို လူငယ်တွေကို ပညာရေးကာလတစ်လျှောက် မျက်လုံးပိတ်ပြီး စိတ်ဓါတ်တွေကို မှိုင်းတိုက်ခဲ့တယ်။ အဲ့စိတ်ဓါတ်တွေ အမြစ်က လှန်ဖို့ ကြိုးစားနေရတုန်းပဲ။

မြန်မာပြည်က ခရိုနီဆိုတဲ့ သူငှေးကြီးတွေကလည်း မယားငယ်၊ ကီပင်တွေထားပြီး ဒေါ်လာတွေပေး၊ ရှော့ပင်ထွက်ဖို့ သိန်းထောင်ချီပေးနေတာတွေ သိရတော့ ဘူးတာလဲ ဘူးကြပါဗျာ။ ဆင်ရဲသားတွေ ခမျာ တစ်နေ့ကို တစ်ထောင်နှစ်ထောင်လေးမြတ်ဖို့ အသက်နဲ့ရင်းပြီး ရှာရတာ ကိုယ်ချင်းမစာကျတာတွေ ရင်နာလို့မဆုံး။

ဒါကြောင့် ကိုရင်ဝလုံး မရမ်းတလင်းခြံမှာ ဗေဒင်သွားသင်တုန်းက အဘမင်းသိင်္ခက ပြောတယ်။ “မင်းတို့ကောင်တွေ ဗေဒင်ဆိုတာ လွယ်လွယ်လေးပါကွာ။ တစ်ပတ်ဆယ်ရက် သေချာလေ့ကျင့်လိုက်ရင် ကောင်းကောင်းတွက်တွက် သွားပါလိ့မ်မယ်။ တကယ်ခက်တာက မင်းတို့ရှင်သန်နေတဲ့ လူ့ဘောင်အကျိုးကို ဘယ်လောက် အကျိုးပြုတဲ့ ဖြူစင်တဲ့ စေတနာစိတ်သာ မွေးဖို့ခက်တာကွ”  လို့ ဆုံးမဖူးတာလေး အမှတ်ရမိတယ်။

ပြီးတော့ ကိုရင်ဝလုံးတို့လို သင်္ဘောသားတွေ… ကမာ္ဘဘယ်လောက်ပတ်လာလာ ရန်ကုန် D.M.A ရုံးရောက်ရင် ကိုယ့်စာရွက်စာတမ်း ကိစ္စတွေ အိလေးအလေး ဆွဲနေမှာစိုးလို့ မျက်နှာချိုသွေးပြီး အောက်တန်း စာရေးမတောင် ပြန်ကြောက်နေရတဲ့ ရေကြောင်း အရာရှိလောင်းတွေပါ။။ ကိုရင်ဝလုံးတို့ သင်္ဘောသားတွေလည်း လူမှုဝန်ထမ်းစိတ် အပြည့်ရှိကြပါတယ်။ မျိုးချစ်စိတ်ဆို ပိုတောင် ရှိသေးတယ်။ ကိုရင်ဝလုံးတို့က သင်္ဘောသားတွေဆိုပေမဲ့ အလုပ်ကို အလုပ်နဲ့ တူအောင် တာဝန်သိစိတ်နဲ့ လုပ်နိုင်လို့ အသက်ရှင်နေရတဲ့ လူတွေပါ။ သင်္ဘောသား စဖြစ်ကတည်းက ဘယ်နိုင်ငံသွားသွား မြန်မာဆို အနှိမ်ခံရတာ ကိုယ့်မျိုးဆက် မကုန်ခင်လေးတော့ အားလုံးကို ရုန်းထွက်စေချင်တယ်ဗျာ…

ကိုရင်ဝလုံး… (6/3/13) 03.00pm

14 comments

  • ဦး ကျောက်ခဲ

    March 7, 2013 at 8:08 am

    ကိုရင်ဝလုံးရေးမှ ဦးကျောက်ငယ်ငယ်က အမေနဲ့အတူ ဗိုလ်အောင်ကျော်လမ်း သင်္ဘောသားရုံးမှာ အဖေ့လစာကို နေကုန်ပြသတ် စောင့်ခဲ့ရတာ သွားသတိရမိတယ်။ ရွှေပြည်ကြီးမှာ နင်းပြားတွေမွဲချက်က ကြည့်ရက်စရာမရှိသလို… ဟို ခရိုနီများ ထောချက်က တောက်မြင်ကက်လောက်အောင်ကို ထောတာ။ လူတွေကလည်း အူမ မတောင့်တော့ သီလ မစောင့်နိုင်ကြတော့ဘူး…. ဟင်း… ပြောရရင်တော့ ဆုံးမှာမဟုတ်..
    :eee:

  • ဦးကြောင်ကြီး

    March 7, 2013 at 8:50 am

    ကိုရင်ဝလုံး
    လိုချင်မျှသုံး
    ဆိုလျင်ငါ့မုန်း
    ပျိုအင်ရွတုံး
    ထိုစဉ်ကြွဟုန်း
    ဖိုဝင်လှပြုံး
    ချိုချဉ်ညငုံး
    ဗိုလ်လင်ခွအုံး..။

  • ခိုင်ဇာ

    March 7, 2013 at 8:58 am

    ဪ။ ကိုရင် ဝလုံးက ဗေဒင်တတ်သကိုး။

    ကျန်တဲ့ အတွေးတွေတော့ ဘာမှပြောချင်တော့ပါဘူး။
    သူများတွေပြောကြ/ ဆွေးနွေးကြလိမ့်မယ်.. :mrgreen:

    လက္ခဏာရော ကြည့်တတ်လားရယ်။
    မေးချင်လို့ပါ။ :mrgreen:

    • Foreign Resident

      March 7, 2013 at 10:47 am

      သေချာမှတ်ထား ။
      ရွာ့ရဲ့ အကျော်အမေါ် ဗေဒင် လက္ခဏာ ဆရာ ၂ ယောက်ရှိတယ် ။
      ၁ ။ မ aye.kk ။
      ၂ ။ ကိုရင် စည်သူ ။

      ကိုရင် စည်သူ က ချမ်းသာမယ် လို့ ၊
      အဘ ကို ဟောပေးထားလို့ ၊
      အဘ လည်း ဝမ်းသာပြီး စောင့်နေတာ ။

      ဘယ်တော့လည်းတော့ သိဘူးရယ် ။

      • ခိုင်ဇာ

        March 7, 2013 at 11:14 am

        အယ်။
        ဘဖော ကျနော့ ဝေးချက်ကတော့ အဲဒါကို သိဘူးတော့၊.
        တီအေး တတ်တာသိတယ်။ ကရင်စည် တတ်တာမသိ။
        :hee:

        • ကိုရင်စည်သူ

          March 7, 2013 at 12:01 pm

          အဘဖောရယ်.. အခုလည်း ချမ်းသားနေဒါပဲဟာ..
          ကိုရင်ပြောတာ စိတ်ကော လူကော အပြည့်ချမ်းသာမယ်
          ပြောဒါဘာ… :mrgreen:
          တမီးလေးခိုင်ဇာ.. ဘဘတို့ကို လေးလေးချားချားချက်ချံဘာ…
          တိုတိုလေးနဲ့ တစ်ကွက်ထိ အချက်မိတဲ့ ပွဲတွေ့ယတြာတွေ
          ဘဘမှာ ချိဒယ်..။ ဘဘက မြားနတ်မောင်ယတြာဘက်မှာ
          ပိုစွမ်းဒယ်… ညားပြီး ချစ်ပြီး သိပ်မကြာဘူး ကွဲကြဒါဘာဘဲကွယ်.. 😳 🙄

  • Foreign Resident

    March 7, 2013 at 11:06 am

    ” မြန်မာပြည်က ခရိုနီဆိုတဲ့ သူဋ္ဌေးကြီးတွေ —
    ကိုယ်ချင်းမစာကျတာတွေ ၊ ရင်နာလို့မဆုံး ”

    ကိုရင် စည်သူ ရဲ့ ၊
    အဘ ၊ တခြား တစ်ဖက်ကနေ ၊ ပြောကြည့် မြင်ကြည့်မယ်နော် ။
    အဘ ဂဇက်ရွာ ကိစ္စတွေသာမက ၊ တခြား ဘာသာရေး လူမှုရေး သင့်သလို ၊
    ( မ နည်းလှ အောင် ) လှူဒါန်းလေ့ ရှိသူပါ ။

    အဲဒီမှာ ၊ တစ်ခု သတိထားမိလာတာက ၊
    ၁ ။ လှူ မ နိုင်လောက်အောင် လှူရမယ့် နေရာ / လူ တွေများပြားတာရယ် ။
    ၂ ။ တချို့ အလှူခံ ပုဂ္ဂိုလ် ရဲ့ ညံ့ဖျင်းမှုကြောင့် အလဟဿတွေ ဖြစ်နေရတယ် ။

    ထားပါတော့ ။
    အဲဒီ နေရာမှာ ၊ အဘ အမြင် ကတော့ ။
    ခရိုနီဆိုတဲ့ သူဋ္ဌေးကြီးတွေ လှူကြတာကို တွေ့ရပါတယ် ။
    နာမည်ဆိုးနေတဲ့ ဇေကမာ္ဘကြီးတောင် လှူထားတာ မနဲ ရှာပါဘူး ။

    အဓိက ပြောချင်တာက ၊
    ခရိုနီဆိုတဲ့ သူဋ္ဌေးကြီးတွေ မလှူကြရင်တောင်မှ သူတို့ အပြစ် မဟုတ်ပါဘူး ။

    ပိုက်ဆံကို ဥပဒေနှင့် အညီ ရှာဖွေ ၊
    တိုင်းပြည်ကို မှန်ကန်စွာ အခွန်ဆောင်ပြီးရင် ၊
    ကျန်တဲ့ သူတို့ ပိုက်ဆံကို သူတို့ ဘယ်လို သုံးသုံး ၊
    သူတို့ အပြစ် မဟုတ်ဘူးကွယ့် ။

    မှန်တာပြောရရင် ၊
    တိုင်းသူ ပြည်သားတွေ ဆင်းရဲ ရင် ၊ အဓိက အပြစ်က ၊
    ၁ ။ အစိုးရ အုပ်ချုပ်ပုံ မှားယွင်းလို့ ။
    ၂ ။ ပြည်သူတွေ ပျင်းလို့ ။
    ဖြစ်တာ များတယ်ကွယ့် ။

    • Foreign Resident

      March 7, 2013 at 11:36 am

      ခရိုနီဆိုတဲ့ သူဋ္ဌေးကြီးတွေ ၊
      ပြည်သူလူထုကို မတရား ခေါင်းပုံ ဖြတ်လို့ မရအောင်တော့ ၊
      အစိုးရက ဥပဒေ တွေ နှင့် ကာကွယ်ပေးရတယ်ကွယ့် ။

      • ကိုရင်စည်သူ

        March 7, 2013 at 11:57 am

        အဘရေ.. အခုလို ဝင်ရောက်ဆွေးနွေးပေးလို့ ကျေးဇူးပါ.. ခေါ့ခွန်းခ…
        ““မှန်တာပြောရရင် ၊
        တိုင်းသူ ပြည်သားတွေ ဆင်းရဲ ရင် ၊ အဓိက အပြစ်က ၊
        ၁ ။ အစိုးရ အုပ်ချုပ်ပုံ မှားယွင်းလို့ ။
        ၂ ။ ပြည်သူတွေ ပျင်းလို့ ။
        ဖြစ်တာ များတယ်ကွယ့် ။””
        အုပ်ချုပ်ပုံ မှားယွင်းတဲ့ အစိုးရကြောင့် လူတွေရဲ့ စိတ်ဓါတ်တွေ
        ပျင်းယုံမက ဖျင်းတဲ့ အဆင့်ထိပါ ဆိုးရွားလာကြတယ်။ အဆိုးရွားဆုံးက
        လူငယ်တွေ စိတ်ဓါတ်တွေ ဖျင်းကုန်တာပါ။
        ပြောကြေး ဥပမာဆို ကိုရင် ထိုင်းမကြာခဏ သွားဖူးတော့
        ထိုင်းက ယောက်ျားတွေလည်း ပျင်းတာပဲ တော်တော်များများ
        အလုပ်အကိုင် အရမ်းမကြိုးစားဘူး အစိုးရကောင်းတော့
        ကြော့ကြော့လေး နေနိုင်ကြတာမြင်ရတယ်…
        ခရိုနီတွေလှူတာတွေက တော်တော်များပါတယ်… ဒါပေမဲ့..
        လှူတဲ့အားထက် လိုအပ်နေတဲ့ အားက မျှချေမဖြစ်တော့…
        ဆင်ရဲသားတွေ ဝမ်းခဏစိုတာကလွဲပြီး မျှော်လင့်ချက်မဲ့နေဆဲ
        လို့ မြင်မိတယ်.. အဘ..ရေ…
        အီကြာကွေး ဥပဒေတွေ အာခြောက်အောင် ဆွေးနွေးတာတွေ ရှိနေသရွေ့တော့..
        သဂျီးပြောသလို့.. နှစ်တထောင်ကျိန်စာ မိနေတော့မှာပဲ… 😥
        ရင်လေးတယ်…
        ခရိုနီသမီးလေးတွေပဲ ယူတော့မယ်… အဟီးးး 😳 :kwi:

  • ဦးဖွတ်ကျား

    March 7, 2013 at 12:11 pm

    အိသဒ္ဒါမိုးကိုယူဖို့ ငွေစုရင် စုနေတယ်ပေါ့ဗျာ
    ဘာညည်းနေတာတုန်း…။
    ပြီးတော့လည်း ပြီးတာပဲ မဟုတ်လား ကိုရင်ရဲ့…

    :harr:

    • ကိုရင်စည်သူ

      March 7, 2013 at 12:22 pm

      အဲ့လိုလည်း မဟုတ်ရပါဘူး.. အူးလေးဖွတ်ရယ်..
      ကိုရင်ဘဝနဲ့ အချစ်ဆိုတာ တုံးခုပြီးတော့ မလှမ်းနိုင်ရဲဒဲ့
      ဘဝလေးရယ်ဘာဗျာ.. 😳
      ပခုံးပေါ် အမြီးလေးတင်ဖို့တောင်…
      စက်ဆီလေးတွေ လိုက်သုတ်နေရတဲ့..
      ဆက်ဆီကိုရင်ပါဂျာ… 🙄

  • kyeemite

    March 7, 2013 at 4:27 pm

    ကိုရင်စည်ရေ..ပါးစပ်အဟောင်းသားနဲ့ ဖတ်သွားပါတယ်.. 🙄
    အားလုံးမှန်နေလို့….ဒီနေရာမှာတစ်ခုပဲထပ်ထောက်ခံချင်တယ်…
    ကိုဖေါပြောတဲ့….
    “တိုင်းသူ ပြည်သားတွေ ဆင်းရဲ ရင် ၊ အဓိက အပြစ်က ၊
    ၁ ။ အစိုးရ အုပ်ချုပ်ပုံ မှားယွင်းလို့ ။
    ၂ ။ ပြည်သူတွေ ပျင်းလို့ ။
    ဖြစ်တာ များတယ်ကွယ့် ။”
    အဲဒီထဲမှာမှ “ပျင်းတာ”ကပိုလိမ့်မယ်ဗျို့ 😳

    • amatmin

      March 7, 2013 at 5:22 pm

      ကျနော်တို့များ မပျင်းပါဘူး အူးမိုက်ရာ..
      ဘယ်ချိန်ဖုန်းဆက်မလည်းပဲ စောင့်နေတာ ရယ်.. 🙂
      အဲ့ဒါမျိုး သောက်စားပျော်ပါးမက်နေတာတွေလည်း
      စာရင်းထဲပါတယ် ဆိုတာပြောချင်လို့ ..
      (ချမ်းသာရင်တော့ ဘာအရေးတုန်း နော့)

      ကိုရင်ရေ..
      ရင်နာနာနဲ့ ပြောတယ် ဆိုတာဖတ်ရင်းခံစားမိပါတယ်ဗျာ..
      ဆက်ဆီကျရင်းရေးတဲ့ အပိုင်း ၂ ကိုလည်းမျှော်နေပါ့မယ် .. 🙂

Leave a Reply