Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၄)

alinsettMarch 12, 20132min3549

ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၃)

4445

အမြင်

“တောထဲမှာ ထင်း ရှာ မတွေ့ခဲ့ဘူ းလား”

“ဟင့်အင်း …ကျွန်တော်တောထဲ မှာ သစ် ပင်တွေ ကို ပဲမြင်ခဲ့ တယ်”

“သစ် ပင်တွေ ဟာ ထင်း မဟုတ်ဘူ းလား”

“မဟုတ်ဘူ း ထင် ပါတယ်၊ သစ်ပင် နဲ့ ထင်း ကြားမှာ …ပုဆိန် တစ်လက် ခြားသေးတယ်လေ”

5556

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

အမြင် ထဲက…..

ထင်းရှာသမား က ထင်းခုတ်သမားနဲ ့…. သဘောနည်းနည်းကွဲလွဲပါတယ် ။

အဲဒီလုူက ထင်းအဖြစ်..ဘယ် သစ်ပင်ကိုမှ မခုတ်ထစ်ချင်သူ.. အဖြစ်.တွေ့ ့ရပါတယ် ။

သူ..ထင်းသွား ရှာတယ် ။ (ပုဆိန်တောင် ပါမသွားဘူး..ထင်တယ် ။ )

ဒါပေမယ့်… သစ်ပင်အိုတွေ ဆီင်္က ခြောက်သွေ ့ဆွေးမြေ ့ ကျိုးကျ လာတဲ ့ သစ်ကိုင်းသစ်ခက် တွေကိုပဲ ထင်းအဖြစ်…သတ်မှတ်တယ် ။

တွေ့ ့သမျှ သစ်ပင်ကို… ထင်းလုပ်ဖို ့ကွ..ဆိုပြီး..ပုဆိန်မိုး..ရွာသွန်းဖြိုးနေတဲ ့ ထင်းခုတ်သမားတော့.. မဟုတ်ပါဘူး ။

အင်းးး မဆိုးပါဘူး ။

သစ်ပင်..( သို့မဟုတ် ) သဘာဝသယံဇာတ ကို..ချစ်ခင်တွယ်တာတတ်တဲ ့ လူတစ်ယောက်မို ့…

ခင်မင်လေးစားစရာပါပဲ ။

888

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ဒီလိုပါပဲ ။

ဟိုဟိုဒီဒီ လျှောက်တွေးမိပြန်ပါတယ် ။

လောကဆိုတော့လည်း..လူအမျိုးမျိုး.. ရှ်ိတာပေါ့နော..။

သဘာဝသယံဖာတတေါကို…. ချစ်ခင်မြတ်နိုး..တန်ဖိုးထားစွာနဲ ့… ထိန်းသိန်းစောင့်ရှောက်တဲ့လူင်္တေလည်း.ရှိတယ် ။

ငါ့ဖို ့..ဆိုတဲ ့အတ္တနဲ ့..ခုတ်ထစ် ဖျက်ဆီးပြီး ကိုယ်ကျိုးရှာနေတဲ ့ လူတွေလည်း.. ရှိတာပေါ့ ။

နိုင်ငံတွေရဲ ့ အုပ်ချုပ်သူတွေ အပိုင်းမှာလည်း….

ရှိပါတယ် ။

ကိုယ့်နိုင်ငံ ရဲ ့ သဘာဝ သယံဇာတ တွေကို… တန်ဖိုးထား.ထိန်းသိမ်းတတ်တဲ ့ အစိုးရတွေလည်း ရှိတယ် ။

ရှိရှိသမျှ သယံဇာတတွေကို လောဘဆိုတဲ ့ ပုဆိန်ကြီးတစ်လက် ဆွဲပြီး..ထင်တိုင်းကြဲနေတဲ ့ အစိုးရလည်း ရှိတယ် ။

တိုင်းပြည် ရဲ ့ သယံဇာတတွေက်ို.. ခုတ်ထစ် ပိုင်းဖြတ်ပြီး …..

သယံဇာတ ဆုံးရှုံးမှု ကြီးမားလာပေမယ့်… အဲဒီတိုင်းပြည်တွင်း ပြည်သူပြည်သာေးတွရဲ ့ လူနေမှု အဆင့်အတန်းတွေ ဖွံ ့ဖြိုး တိုးတက်မလာဘူး.ဆိုရင်…..

အဲဒီ သယံဇာတ ခုတ်ထစ်မှု ဟာ…. ဘာမှ အကျိုး မရှိတဲ ့ လုပ်ရပ်ပေါ့ ။

ကိုယ့်တိုင်းပြည်တွင်းက သယံဇာတတွေလည်း..ကုန်ဆုံးမြဲ ကုန်ဆုူံးနေတယ် ။

တိုင်းပြည်ကလည်း.မွဲမြဲ..မွဲဆဲ…မွဲလတ္တံ ့ ဖြစ်နေတယ် ဆိုရင်…

အဲဒီ သယံဇာတ ဆီက ရတဲ ့ အကျိုးရလဒ်တွေက..

ဘယ်ရောက်သွားသလဲ….

:kwi:

:kwi:

999
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

လောဘ ဆိုတဲ ့ပုဆိန်မိုးကြီး ရွာတာလည်း …ရွာပေါ့ ။

ဒါပေမယ့်..တိုင်းပြည်အတွက်…. အကျိုးရလဒ်ရယ်…

တိုင်းပြည်တွင်းက ပြည်သူပြည်သားတွေရဲ ့ လူနေမှု အဆင့်အတန်း တိုးတက်လာမှု ရယ်…

တိုင်းပြည် ရဲ ့ကုန်ဆုံးသွားတဲ ့ သယံဇာတ ရယ်..

အချိုးကျကျ မျှတနေဖို့တော့… လိုပါတယ် ။

000

######################################

လောဘ ဆိုတဲ ့ ပုဆိန်ကြီးမှာ….

ငါ့ဖို ့..ဆိုတဲ ့…အတ္တ အရောင်တွေ….တလက်လက်တောက်ပပြီး..

မည်းမည်းမြင်ရာ ခုတ်ထစ်..ပိုင်းဖြတ်နေတာတွေ..

မြင်ရရင်….

ကိုယ့်တိုင်းပြည် ရှေ ့ရေးကို တွေးင်္ပြီး……ရင်မောတတ်တဲ ့စိတ်ကလေး….

ရှိနေခဲ့ပြီ…။

******************************************

8888

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

******************************************

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

**********************************************

လေးစားစွာဖြင့်…..

အလင်းဆက်

9 comments

  • koyinmaung

    March 12, 2013 at 10:50 am

    (( ထင်းရှာသမား က ထင်းခုတ်သမားနဲ ့…. သဘောနည်းနည်းကွဲလွဲပါတယ် ။
    အဲဒီလူက ထင်းအဖြစ်..ဘယ် သစ်ပင်ကိုမှ မခုတ်ထစ်ချင်သူ.. အဖြစ်.တွေ့ရပါတယ် ။
    သူ..ထင်းသွား ရှာတယ် ။ (ပုဆိန်တောင် ပါမသွားဘူး..ထင်တယ် ။ )
    ဒါပေမယ့်… သစ်ပင်အိုတွေ ဆီက ခြောက်သွေ ့ဆွေးမြေ ့ ကျိုးကျ လာတဲ ့ သစ်ကိုင်းသစ်ခက် တွေကိုပဲ ထင်းအဖြစ်…သတ်မှတ်တယ် ။
    တွေ့သမျှ သစ်ပင်ကို… ထင်းလုပ်ဖို ့ကွ..ဆိုပြီး..ပုဆိန်မိုး..ရွာသွန်းဖြိုးနေတဲ ့ ထင်းခုတ်သမားတော့.. မဟုတ်ပါဘူး ။ ))
    အင်..ခုတော့ တောင်ကတုံတွေဘဲကျန်တော့တယ်…
    လောဘ လောဘ…

  • ခိုင်ဇာ

    March 12, 2013 at 12:08 pm

    ဟာမိုနီရဲ့ ကာတွန်းတစ်ခုပဲ။
    “””အရိပ် နေနေ၊ အခက်ချိုးချိုး အပြောမခံနိုင်လို့ တစ်ပင်လုံး လှဲပစ်လိုက်တယ်၊ အေးရော”” တဲ့။
    :harr:

    ကျန်တာ ဘာမှ မသိဘူး။
    ကျုပ်ကတော့ တစ်ပင်မလဲခင် နောက်တစ်ပင်ထူမလားလို့။
    ဟိ။
    :kwi:
    ကဘာကြီး စိမ်းလန်းအောင် သစ်ပင်စိုက်မယ်လို့ပြောတာဘာ။

  • kyeemite

    March 12, 2013 at 1:09 pm

    “မဟုတ်ဘူ း ထင် ပါတယ်၊ သစ်ပင် နဲ့ ထင်း ကြားမှာ …ပုဆိန် တစ်လက် ခြားသေးတယ်လေ”

    ဒါလေးတော့ သဘောကျတယ် အလင်းဆက်ရေ…

  • အလင်းဆက်

    March 12, 2013 at 3:29 pm

    ကိုရင်မောင်ရေ..
    ဟုတ်တယ်နော် ။တောင်ကတုံးတွေ မြင်ရရင် ရင်ထဲမှာ.ဆို ့နင့် လာတယ် ။
    :buu:

    ———————–

    မမခိုင်ဇာကြီးကတော့.. လုပ်တော့မယ် ။
    တစ်ပင်တောင်မလဲ..သေးဘူး..။ နောက်တစ်ပင်က ထူချင်နေပြီ ။
    အပင်ဟောင်းကြီးတော့.. အတင်း တွန်းမလှဲဘူးမဟုတ်လား ။
    အဟိ ။
    သစ်ပင်ကိုပြောတာနော် ။
    :kwi:

    ——————–

  • အလင်းဆက်

    March 12, 2013 at 8:55 pm

    ဦးကြီး….မိုက်…
    သဘောကျရမယ်.လေ. ။
    ဒါက… တာရာမင်းဝေ…ကိုး….။

    ဆက်ပါဦးမယ်ဗျို ့…။
    :kwi:

  • ဦးဦးပါလေရာ

    March 13, 2013 at 9:32 am

    သစ်ပင်ဆိုတာကတော့ တကယ်လိုအပ်တဲ့အချိန်မှာ ခုတ်ကိုခုတ်ရပါတယ်။
    မြို့ပြတွေချဲ့ထွင်တာ စိုက်ပျိုးမြေတွေ ချဲ့ထွင်တာ လမ်းပမ်းဆက်သွယ်ရေးတွေ ဖေါက်လုပ်တာ အကျိုးပြုစီမံကိန်းကြီးတွေ ဆောင်ရွက်တာ …. တွေ အတွက်ပေါ့…

    ဒါကြောင့် ရောင်းစားဖို့သက်သက် သစ်ခုတ်ခြင်းကို မပြုလုပ်သင့်ပါဘူး…။
    ပိုဆိုးတာက ရောင်းပြီး တိုင်းပြည်အတွက်ဝေစုနဲနဲ
    ခရိုနီတွေနဲ့ အာဏာပိုင်တွေအတွက်ဝေစုများများ
    ရဖို့တမင်စီမံထားတဲ့ ယနေ့ သစ်လုပ်ကွက်ပေးတဲ့စံနစ်ကို ချက်ချင်းရပ်တံ့သင့်တယ်။

    ဒီရွာထဲမှာ ယနေ့သစ်လုပ်ကွက်ချပေးပုံတွေကို သေသေချာချာသိသူတွေရှိမှန်း ကျုပ်သိပါတယ်။
    အများ ဗဟုသုတရအောင် ပြန်ရေးပြရင် သိပ်ကောင်းမှာ…

  • Shwe Ei

    March 13, 2013 at 11:29 am

    အကျိုးမဲ့ပြုန်းတီးနေသော သစ်တောများ
    ငွေမျက်နှာတခုအတွက် ခုတ်လှဲခံနေရသော သစ်ပင်ကြီးများ
    ဖောက်လွဲဖောက်ပြန်နိုင်လွန်းလှသော ရာသီဥတုကြောင့် ကျန်းမာရေးချူချာလှသော
    ကမ္ဘာမြေကြီးအပါအဝင်….
    မြေဆီလွှာပြုန်းတီးမှုကြောင့် … ထမင်းနပ်မမှန်နိုင်သော တောင်သူလယ်သမားပြည်သူပြည်သားများကိုယ်စား
    ခံစားရေးဖွဲ့ထားတဲ့ ဝတ္တုတိုမို့ အကျိုးရှိလှပါကြောင်းး
    ပြန်လည်တူးဖေါ်သူကိုလဲ ကျေးဇူးတင်ရှိပါကြောင်းး
    ***FB မှာ ရှယ်မယ်နော် :hee:

  • အလင်းဆက်

    March 13, 2013 at 9:17 pm

    ဦးဦးပါလေရာ..ရေ..
    ခံစား..ဆွေးနွေးချက်လေးအတွက်ကျေးဇူးပါနော် ။
    င်္ဒီမှာက ရောင်းစားဖို ့ သက်သက် အပြင်ကို..
    စွမ်းအင် မလုံလောက်လို ့.. ထင်းအဖြစ်.. သုံးလို ့..ကုန်ဆုံးသွားတဲ ့ သစ်တောတွေလည်း..မနည်းဘူး..
    ဆိုတော့…..
    အဲဒီလိုတွေ..ထင်းအဖြစ်ကုန်သွားတဲ ့ သစ်တွေအတွက်…
    ထင်းခုတ်သမားကိုပဲ..အပြစ်ပြောနေလို့မရပြန်ဘူးနော် ။
    ခက်တယ် ။

    ဒါနဲ ့..ဟိုနေ့က ဖေ့ဘုတ်မှာတွေ့လိုက်တယ် ။
    မြန်မာနိုင်ငံက နိုင်ငံတစ်ခုကိုhttp://sphotos-h.ak.fbcdn.net/hphotos-ak-ash3/644563_420282954722421_1803576091_n.jpg
    ကူညီဦးမယ်..ဆိုပဲ ။
    အဟဲ..။
    ဟုတ်တယ်ဆိုရင်တော့ ဝမ်းသာစရာပဲ ။
    သူများနိုင်ငံကိုတောင် ကူညီနိုင်ပြီဆိုရင်..တို ့နိုင်ငံက စွမ်းအင်လိုအပ်ချက်လည်း..ပြည့်ပြီပေါ့ ။
    ဒီတော့.. ထင်းအဖြစ်…ခုတ်လှဲမယ့် သစ်ပင်အရေအတွက်လည်း.လျော့နည်းနိုင်ကောင်းရဲ ့ပေါ့ ။

    မျှော်လင့်ချက်..။
    ဟက်
    ဟက်
    :kwi:

  • အလင်းဆက်

    March 13, 2013 at 9:21 pm

    မမရွှေအိ ..
    ပြန်လည်တူးဖော်တာလေးကို..
    လာရောက် ကြည့်ရှု ခံစား..ပေးလို ့
    ကျွန်တော်ကလည်း..ကျေးဇူးတင်ပါတယ်နော် ။
    နောက်လာမယ့် အပိုင်းအစလေးတွေကိုလည်း….
    အားပေးပါဥိီးဗျ ။ ရေးဖို ့အင်အားလေး ရှ်ိအောင်…။
    🙂

    FB မှာလည်း..ရှယ်ပါနော် ့။
    ကျေးကျေး

Leave a Reply