ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၅)
ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၄)
ပြာ
စတူဒီ ယိုခန်း တစ်ခုထဲမှာ ဖြစ်၏ ။
သိပ္ပံ ပညာရှင် က “ပြာ” ပု လင်းကလေးပေါင်း များစွာကို “စင်” အဆင့်အဆင့် ဖြင့် ခွဲခြားထားရှိ၏။
အောက်ဆုံး အဆင့် မှပြာပုလင်းလေးက ကျန်သော ပြာပု လင်း များကို မေး၏ ။
“ကျွန်တော် က ဘာလို ့ အောက်ဆုံး မှာ နေရတာလဲ”
ကျန်သော ပြာပု လင်း များက ပြန်ဖြေ၏ ။
“မင်းက ဘာထူးခြားလို့လဲ၊ ကောက်ရိုးပြာပဲ ဟာ”
“ဒါဖြင့်ထိပ်ဆုံး က ရင်ကော့ ထားတဲ ့ ပု လင်း က ဘာပြာလဲ”
“ဪ…သူ က ဟီရိုရှီးမားက ပြာလေ”
တာရာမင်းဝေ
#############################################################
ပြာ ဝတ္ထုတိုကလေးထဲက သိပ္ပံပညာရှင်ရဲ ့ အဆင်းအတန်း ခွဲခြားဆက်ဆံ ထားရှိမှု နဲ ့..
သူ ့နေရာနဲ ့သူ…သူ ့မာန နဲ ့သူ… ရင်ကော့တတ်မှုတွေကို… ခံစားပြီးတဲ ့နောက်မှာတော့……
ပြာနဲ ့ ပက်သက်ပြီး..
ကျွန်တော်.. ဆက်တွေးမိတာတွေကတော့…….
############################
လူနဲ ့ပြာ
အခုနောက်ပိုင်း မြိုပြတွေမှာ… လူသေတွေအတွက်…မြေနေရာမပေးနိုင်တော့ဘူး..ဆိုပဲ .။
ဒီတော့… ကျွန်တော်တို့လို ..မြို ့ပြနေ လူတွေ သေရင်.. ပြာ..ဖြစ်သွားဖို ့က သေချာနေပါပြီ ။
အလင်းဆက် ပဲ…ဖြစ်ဖြစ်…
မိုးမင်းသားပဲ.ဖြစ်ဖြစ်..
အံစာတုံးပဲဖြစ်ဖြစ်..
အူးမာဂ ပဲဖြစ်ဖြစ်…
ဟို..မိုဘိုင်းဆိုတဲ ့လူပဲဖြစ်ဖြစ်
ဂီဂီပဲ..ဖြစ်ဖြစ်..
အူးကြောင်ကြိီးပဲဖြစ်ဖြစ်…
ဖရွဲသီးပဲဖြစ်ြုဖစ်…
မိဗုံပဲ.ဖြစ်ဖြစ်…
အို..ဘယ်သူပဲဖြစ်ဖြစ်…..
ပြာ..ဖြစ်သွားကြမှာပဲ..နော် ။
( နာမည်ကလေးတွေ ယူသုံးလိုက်လို ့ စိတ်မဆိုးကြနဲ ့နော် ။ စာပေသဘောနဲ ့ရေးရုံပါ )
:kwi:
####################################
သက်ရှင်နေထိုင် စဉ်မှာ….
တစ်ယောက်နဲ ့တစ်ယောက်…..
ဘာတွေ.ဘယ်လောက် ကွဲပြားခြားနားနေပါစေ..
ဘယ်သူက ဘယ်လောက် မြင့်မားထည်ဝါနေပါစေ…..
ပြာဘဝ ရောက်သွားတဲ ့အခါ..မှာ….. အတူတူ ။
မှုန့်ညက် လွင့်ပါး……..သွား..ရမှာကတော့….. အတုူတူပါလားနော် ။
ရပ်ကွက်ထဲက…လူတွေပြောတဲ ့စကားကို နည်းနည်း ပြင် ပြောရရင်..တော့…
“ ပြာဖြစ်သွားမယ့်နေ ့ကို ထမင်းစားပြီး စောင့်နေရတာ ” ပေါ့ဗျာ ။
:kwi:
######################################################3
ဒါပေမယ့်….
ကျွန်တော် ထမင်းစားတာ… အသက်ရှင် ဖို ့..စားတာ ပါ ။
ကျွန်တော်.. အသက်ရှင်နေတာကတော့…
ထမင်းစားဖို့လောက်အတွက်… မဟုတ်ခဲ့ချင်ဘူး ။
ပြာ ဖြစ်သွားမယ့်နေ့ မရောက်ခင်….
ကျွန်တော့်မှာ.. လုပ်ခဲ့စရာတွေ က အများကြီး….
လျှောက်ရမယ့်..လမ်းတွေက အများကြီး…..
သွား ရဦးမယ့်… ခရီးစဉ်တွေက အများကြီး……
ပြီးတော့….
သင်ယူရမယ့်…. သင်ခန်းစာတွေက ..အများကြီး……..
အင်းးးးးး
အများကြီး…..။
###########################################################
ပြည်တွင်း စစ်နဲ ့ပြာ
ကောင်းကင်ယံ မှ Little Boy ဟုအမည်ပေးထားသည့် လေးတန်လေးသော သေမင်းတမန်
အနုမြူဗုံးကြီး ကျလာ ချိန်တွင် အထူးအဆန်း ကြည့်ကောင်းကောင်းနှင့် ကြည့်နေ မိသော သူများ အများ ကြီး များကာ
တိုက်ရိုက်သေဆုံးသူ များ အထူး များပြား ခဲ့ခြင်းပင် ။ တိုက်ရိုက်သေဆုံးသူပေါင်း ၈၀၀၀ဝ ခန့်အထိရှိကာ မြို့ ၏ ၈၀%
ခန့် မှာ ပြားပြားဝတ် ပျက်ဆီးခဲ့ရလေသည်။အနုမြူဗုံးကျရာနေရာမှ ကီလိုမီတာ ၂၅ဝ ဝေးသောနေရာတစ်ခုမှ ငလျင်ဒါဏ်ခံအောင် ဆောက်ထားသော ဘဏ်
တစ်ခုအတွင်းရောက်နေ၍ အသက်ဘေးလွတ်မြောက်လာရသူ တစ်ဦး က ဤသို့ဆိုပါသည်။“သေမင်းတမာန်မြို့တော် ဆိုတဲ့စကားလုံးက မတွေးပဲရောက်လာတယ်။ဘယ် နေရာရာ ကြည့်ကြည့် လူသေ
တွေချည့်ပဲ။ လှုပ်ရမ်းနေတာတောင် မရှိဘူး။ ကိုယ့် ကို ကိုယ် အသက်ရှင်နေတဲ့ ဝိဉာဉ်တွေလားလို့ အထင်
မှားလာမိတယ်။သူတို့ ဟာ မီးလောင်ကျွမ်းခံရပြီး ချက်ခြင်းသေသွားကြတယ်။ အဝတ်တွေ မီးလောင်
ကုန်လို့ အားလုံး ဟာ ဝလစ်စလစ် နဲ့”အားလုံးဟာမီးလောင်တိုက်အသွင်းခံလိုက်ရသလိုပဲ၊ဘယ်နေရာသွား သွား အပူရှိန်ကမြင့်နေတော့ အသက်ရှင်
ကျန်ရစ်တဲ့ လူတွေ နဲ့ လှုပ်ရှားနိုင်သေးတဲ့ လူတိုင်းကရေရှိတဲ့နေရာကိုပြေးကြရတယ်။ကံကောင်း၍ အသက်
ရှင်ကျန်ရစ်သူ သူနာပြုဆရာမကလေး Kinuko က “လူတွေ အားလုံးရေကန်၊ရေတွင်း၊မြစ် တွေရှိရာကိုပြေးကြ တာလေ၊ကျွန်မ ရေကန်ဘေးကို ရောက်တော့ ရေထဲ ခေါင်းစိုက်ပြီးသေနေကြတာ အထပ်လိုက်၊ အထပ်လိုက်
၊အဲဒီ မြင်ကွင်းကို ကျွန်မ တစ်သက် မေ့လို့ရမှာ မဟုတ်ဘူး။အခုထိ အဲဒီမြင်ကွင်း ကို အိမ်မက်ဆိုးတွေ
မက်နေမိသေးတယ်”
ီဟီရိုရှီးမားနဲ ့ အဏုမြူ လက်နက် ဖြစ်ရပ်ဆိုးကြီးကိုတော့….
အားလုံး.သိပြီးသားမို ့…ထွေထွေထူးထူးပြောမနေတော့ပါဘူး ။
စစ်ပွဲတွေနဲ ့ ပြာဖြစ်သွားတဲ ့….
လူသားတွေ….
အိုးအိမ်တွေ…
ဖန်တီးတည်ဆောက်ထားတဲ ့… အရာတွေ…
ဥစ္စာပစ္စည်းတွေ အကြောင်း……. ပြောရတာဟာ….
ရင်ထဲမှာ.. ဆို ့နင့်ကြေကွဲ ရပါတယ် ။
တကယ်ဆို……..
စစ်ပွဲတွေ../ ပြာမှုန့်တွေကို…. ဘယ်သူမှ ….. မမြင်လို / မကြားလို ့…လှပါဘူး ။
ကျွန်တော်တို ့….. မမြင် / မကြားချင်ပေမယ့်လည်း…….
နှစ်ပေါင်းများစွာ…… ပြာမှုန်တွေ ကို…မြင်နေရ….
စစ် လက်နက် အသံကြီးတွေကို..ကြားနေခဲ့ရပါတယ် ။
အားလုံးသိတဲ ့အတို်င်းပါပဲ…။
ကိုယ့်တိုင်းပြည်နဲ ့….. အခြားတပါး တိုင်းပြည်တွေ… စစ်ခင်းတဲ ့အဖြစ်ထက် ..
ပိုပြီး ရင်နာစရာကောင်းတဲ ့…..
ပြည်တွင်းစစ် ဆိုတာကြီးကို အသည်းနာနာနဲ ့…
ကြားနေ / မြင်နေရတာ… စိတ်မချမ်းသာစရာပါပဲ ။
စစ်ကြောင့်…… အသက်တွေ….
အိုးအိမ် ဥစ္စာတွေ….
အနာဂတ်မျှော်လင့်ချက်တွေ… မီး ဟုန်းဟုန်းတောက်ခဲ့တယ် ။
ပြာမှုန်တွေ….ပြာမှုန်တွေက… ညှို ့ညှို ့မှိုင်းမှိုင်း……။
မတရားသော…သခါ င်္ရ က…..
မရောက်သင့်တဲ ့ အချိန်အခါမှာ….. ရောက်နေခဲ့တယ် ။
###########################################
ပြာတွေ…
ပြာတွေ…..
ဟော..ဟိုမှာ…….
ဟောဒီ ..ကျွန်တော်တို့တိုင်းပြည်ထဲမှာ….
အဲဒီ..ပြည်တွင်းစစ်ပွဲတွေ..မှာ….ပေါ့ ။
သိပ်မကြည်တော့တဲ ့ ကျွန်တော်တို ့ရဲ ့ကောင်းကင်တခွင်မှာ…. မှိုင်းမှိုင်းဝေသီ…….။
ပြာတွေ…လွင့်……..။
ပြာနဲ ့အတူ……..
ကလေးတွေရဲ ့ ငိ်ုကြွေးသံတွေ…
လင်သေ…မိန်းမတွေရဲ ့..ငိုကြွေးသံတွေ….
လူငယ်တွေရဲ ့…အနာဂတ်ပျောက်ဆုံးမှုတွေ…..
နာကျင်စွာ..အော်ညည်းသံတွေ……
နာကျည်းစွာ….. ကြိမ်းဝါး…တောက်ခေါက်သံတွေ……
………………………………….
………………………………….
…………………………………..
………………………………….
ပြာတွေ နဲ ့အတူ လွင့်………….မျော………..
###########################################
ကျွန်တော်တို ့ရဲ ့ကောင်းကင်မှာ… မည်းမှောင်နေခဲ့တယ် ။
###########################################
ကျွန်တော်…… ပြည်တွင်းစစ်တွေဆီက…. ပြာမှုန်တွေကို…. မမြင်ရက်ဘူး ။
အင်းလေ…..
ဘယ်လို..ကြင်နာတတ်တဲ ့လူတွေကများ…..
ပြည်တွင်းစစ်ဆီက လွင့်တဲ့ပြာတွေကို…နှစ်သက်ကျေနပ်နေမှာလဲ…။
#########################################
လေးစားစွာဖြင့်….
အလင်းဆက်
4 comments
ခိုင်ဇာ
March 16, 2013 at 5:39 am
“သင် နဲ့ နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်” တဲ့။
သူ့ ခေါင်းစဉ်တစ်ခု စိတ်ထဲရောက်လာတယ်။
“ငြိမ်းချမ်းရေး” ဆိုတာလေး နံနက်ခင်းတိုင်းနဲ့ တူတူရောက်လာနိုင်တဲ့ တစ်ချိန်မှာတော့…
မတရားသော…သခါ င်္ရ က…..
မရောက်သင့်တဲ ့ အချိန်အခါမှာ….. ရောက်မလာတော့ဘူး လို့ မျှော်လင့်ရတာပဲ။
အရာရာ ငြိမ်းချမ်းနိုင်ပါစေ။
MaMa
March 16, 2013 at 7:34 am
ဖတ်ပြီး အတော်လေး ခံစားလိုက်ရတယ်။
လူတစ်ယောက်သေဖို့အတွက် ထုတ်လုပ်ရတဲ့ ကျည်ဆံတစ်တောင့်ရဲ့ ကုန်ကျစရိတ်ကို
ကလေးတစ်ယောက်ဘဝအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာများ အသုံးချလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။
အဘဖောပြောခဲ့တဲ့ လူသားချစ်စိတ်ဆိုတဲ့ မေတ္တာတရားနဲ့ လူသားချင်းစာနာစိတ်တွေ ရှင်သန်ထွန်းကားစေချင်ပါတယ်။
ဗုံဗုံ
March 16, 2013 at 3:48 pm
ဖတ်ပြီးတော့ စိတ်မကောင်းဘူး ဦးလေးဆက်ရယ် ရင်ထဲကို တော်တော်ထိသွားတယ် ဘာပြောရမှန်းမသိတော့ဘူးးး
အလင်းဆက်
March 16, 2013 at 9:39 pm
မမခိုင်ဇာရေ..
“ငြိမ်းချမ်းရေး” ဆိုတာလေး နံနက်ခင်းတိုင်းနဲ့ တူတူရောက်လာနိုင်တဲ့ တစ်ချိန်မှာတော့…
မတရားသော…သခါ င်္ရ က…..
မရောက်သင့်တဲ ့ အချိန်အခါမှာ….. ရောက်မလာတော့ဘူး လို့ မျှော်လင့်ရတာပဲ။
ကောင်းလိုက်တဲ ့ ဝါကျလေး..။
🙂
အဲဒီလိုလေး..မျှော်လင့်လျက်ပါပဲဗျာ..။
———————————-
အန်တီမမရေ..
လူတစ်ယောက်သေဖို့အတွက် ထုတ်လုပ်ရတဲ့ ကျည်ဆံတစ်တောင့်ရဲ့ ကုန်ကျစရိတ်ကို
ကလေးတစ်ယောက်ဘဝအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာများ အသုံးချလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။
ဟုတ်လိုက်လေ…ဟုတ်လိုက် ..ဟုတ်လိုက်လေ…..
🙂
———————————–
ဗုံလေးရေ…
ကျွုန်ပ်လည်း..ရေးပြီးတော့..ရင်ထဲမှာ..မကောင်းပါဘူး ။
ဒါ မရေးခင်…. ဟီရိုရှီးမား ဖြစ်ရပ်ကို အစကနေ..အဆုံးထိ… ပြန်ဖတ်ခဲ့မိတော့…
ဒါ မရေးခင်..ပြည်တွင်းက စစ်ပွဲ သတင်းတွေ …
စစ်ပြေးဒုက္ခသည်တွေရဲ ့ ဘဝတွေကို
ရတတ်သလောက် လျှောက်ကြည့်မိတော့…
မရေးခင်လည်း..မောရ…
ရေးနေတုန်းလည်း..မောရ…
ရေးပြီး.ပြန်ဖတ်တော့လည်း..မောရ..
ဟော အခု… မိဗုံတို့လည်း..မောရပြီ…။
ရင်မောခြင်း..ကင်းချင်ပါပြီကွယ်.. ။
🙂